ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 434 လွတ်လပ်သော တိုက်ပွဲဝင်စနစ်
” အစ်ကိုကြီး ဆမ်းမား .. အစ်ကို ကူညီချင်တာ ကောင်းပါတယ် …။ ဒါပေမယ့် ရန်သူက ဖြေးရှင်းဖို့တော့ ခက်ခဲလွန်းတယ်။ မဟာအရှင်ကို သတ်ဖို့အတွက် ကျွန်မတို့ အခွင့်အရေးတောင် လွဲချော်သွားနိုင်တယ် …။ ဒါက အစ်ကိုကြီးဆမ်းမားရဲ့ တာဝန်ကို သက်ရောက်မှုရှိမှာကို စိုးရိမ်မိတယ် …”
ယို့လန်က ပိန်ရီသောလူ၏ ခွန်အားနှင့် ရင်းနှီးပြီး သူမက သူ၏ ထောက်ပံ့မှုကို အသိအမှတ်ပြုသည်။
ခပ်ပိန်ပိန်လူက ဆမ်းမားဆန်းရှိုင်း ဖြစ်ပြီး သူက မြေအောက်လောကနှင့် မသက်ဆိုင်ရုံသာမက သူသည်လည်း လွတ်လပ်သော ကစားသမားတစ်ဦး ဖြစ်သည်။ သို့သော် သူ၏ နောက်ခံနှင့် လွှမ်းမိုးနိုင်သော ခွန်အားကြောင့် ဖုန်းရွှမ်းယန်တောင် သူနှင့် ခိုင်မြဲသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်သည်။
ယို့လန်က ဆမ်းမားဆန်းရှိုင်း၏ ခွန်အားကို မျက်မြင်တွေ့ခဲ့ဖူးသည်။
မြူဖြူချောက်ကမ်းပါးအတွင်း မဝင်ခင် ဆမ်းမားဆန်းရှိုင်းသည် မြေအောက်လောက၏ ဂုဏ်သတင်းဖြစ်သော မြေအောက်အစောင့်အကြပ်ခေါင်းဆောင် မင်ရှကို တစ်ဦးခြင်း တိုက်ခိုက်ခဲ့သည်။ အဆုံးတွင် မင်ရှက ဆမ်းမားဆန်းရှိုင်း၏ တိုက်ကွက် ၅ ကွက်ကိုသာ ခံနိုင်ခဲ့သည်။ ထို့အပြင် ဆမ်းမားဆန်းရှိုင်းက မည်သည့်စကေးမှ အသုံးမပြုခဲ့ဘဲ သူ၏ ပြိုင်ဘက်ကို အနိုင်ယူရန်အတွက် သူ၏ အခြေခံတိုက်ကွက်များကိုသာ မှီခိုအားထားခဲ့သည်။
ထိုတိုက်ခိုက်မှု ရလဒ်က လူတိုင်းကို အံ့သြသွားစေသည်။
မြေအောက်ကမ္ဘာ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ယို့လန်က မင်ရှ မည်မျှသန်မာမှန်း ရှင်းရှင်းလင်းလင်း သိသည်။ သူသည် မြေအောက်ကမ္ဘာရှိ မဟာကျွမ်းကျင်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ အုရိုဘိုရို၏ ဂျမ်းတဲလ်စနိုးက သူထက် အနည်းငယ်သာ ပိုသန်မာသည်။
သို့သော် ထိုသို့ ကျွမ်းကျင်သူက ဆမ်းမားဆန်းရှိုင်းနှင့် ယှဉ်လျှင် ကလေးတစ်ယောက်ထက် အပြင် ဘာမှ မပိုတော့ပေ။ လုပ်ကြံသတ်ဖြတ်သူ မည်မျှ သန်မာမှန်း မှန်းဆနိုင်သည်။ ဆမ်းမားဆန်းရှိုင်းသာ လက်ကမ်းပြီး ကူညီရန် ဆန္ဒရှိလျှင် သူတို့က တစ်ချက်ထိ အသူရာ ဘလက်ဖလိမ်းကို အနိုင်ယူရန် အခွင့်အရေး ရနိုင်သည်။
” မဟာအရှင်ကို ဖြေရှင်းဖို့က အချိန်သိပ်အကြာကြီး မယူရပါဘူး …။ ငါတို့ရဲ့ တိုက်ခိုက်မှုကို ခဏလောက် နှောင်နှေးရလည်း ငါစိတ်မရှိဘူး …။ ဘယ်လိုပဲဖြစ်ဖြစ် ငါပျင်းနေတာလေ …။ တစ်ခုခု အကူအညီ လိုတာရှိရင် ပြောသာပြော …”
ဆမ်းမားဆန်းရှိုင်းက ရယ်မောလိုက်၏။
” ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်ဆောင် ဘလက်ဖလိမ်းက ကျွန်မတို့ လက်ရွေးစဉ်အဖွဲ့ အများကြီးကို သတ်ခဲ့တယ် …။ ကျွန်မတို့က မျက်နှာသာ လိုချင်လို့ သူကို ပြန်သတ်ချင်တာ …။ ဒါကို ကူညီဖို့ စိတ်ဝင်စားမလား သိချင်မိတယ် …”
ယို့လန်က ချိုသာစွာ ပြောပြီး ဆမ်းမားဆန်းရှိုင်းကို ကြည့်လိုက်၏။
” ဘလက်ဖလိမ်းလား …”
ဆမ်းမားဆန်းရှိုင်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
” ကောင်းပြီ …။ မြစ်ဖြူမြို့ရောက်တုန်းက သူအကြောင်းတွေ ကောလဟာလတွေ ကြားဖူးတယ် …။ သူက အံ့သြဖွယ်ကောင်းလွန်းပြီး တစ်ချက်ထိ အသူရာဆိုတဲ့ ဘွဲ့အမည် ရှိနေတယ် …။ သူက ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ်ကျွမ်းကျင်သူတောင် ဖြစ်နေတာ …။ သူနဲ့ တိုက်ကွက် အနည်းငယ် ဖလှယ်ရမှာကို နှစ်သက်တယ် …။ သူ့ကို သတ်နိုင်ရင် ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်လာမှာမလား …”
” ဒါပေါ့ …။ ရှင်သာ ဘလက်ဖလိမ်းကို သတ်နိုင်ရင် ရှင်က ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ်ကျွမ်းကျင်သူ တရားဝင်ဖြစ်လာမှာ …။ ဒါပေမယ့် သူ့ကို လျော့မတွက်နဲ့ သူက မင်ရှကို တစ်ချက်ထဲနဲ့ သတ်ခဲ့တာ …။ ဘလက်ဖလိမ်း ထွက်ပြေးသွားမှာကို ရှောင်ဖို့အတွက် ကျွန်မတို့ ဂရုတစိုက်စီစဉ်ဖို့ လိုအပ်တယ် …”
ယို့လန်က ဆမ်းမားဆန်းရှိုင်း၏ အဖြေကို ကြားသောအခါ သူမ မျက်ခုံးတင်းထားတာများ ပြေလျော့သွားသည်။။ ဘလက်ဖလိမ်းကို မောင်းထုတ်ရမည့် အကြံများကို စဉ်းစားလိုက်၏။
” မင်ရှကို တစ်ကွက်ထဲနဲ့ သတ်ခဲ့တာလား …။ မဆိုးဘူးပဲ …။ နောက်ဆုံးတစ်ခေါက် မင်ရှနဲ့ တိုက်ခိုက်ခဲ့တာက သွေးတောင် မပူဘူး …။ ဘလက်ဖလိမ်းက အပြင်းအထန် တိုက်ခိုက်လောက်ရတဲ့အထိ သန်မာမလားဆိုတာ သိချင်မိတယ် …”
ဆမ်းမားဆန်းရှိုင်းက နှုတ်ခမ်းသပ်ကာ သူမျက်လုံးထဲတွင် စိတ်အားထက်သန်မှု တစ်စွန်းတစ်စရှိနေ၏။
” မင်းရဲ့ အစီအစဉ်အတွက်တော့ သူကို မေ့ထားလိုက် …။ ငါတို့သာ သူ့ကို ရှာတွေ့ရင် သူထွက်ပြေးသွားမှာကို ကာကွယ်ဖို့အတွက် ငါမှာ ကိုယ်ပိုင် နည်းလမ်းရှိတယ် …”
” အစ်ကိုကြီးဆမ်းမား ဘလက်ဖလိမ်းမှာ ကြီးမားတဲ့စကေး အသံတိတ် သတ်ဖြတ်တဲ့ စွမ်းအင်ရှိတယ် …။ သူသာ ကျွန်မတို့ကို တွေ့သွားပြီး စကေးကို ထုတ်ဖော်လိုက်ရင် သူ့ကို ထောင်ချောက်ဆင်ဖို့ သိပ်ကို ခက်ခဲသွားလိမ့်မယ် …။ ဘလက်ဖလိမ်းကို တိတ်တဆိတ် သတ်ဖြတ်ဖို့အတွက် အစီအစဉ် ဆွဲနိုင်ရင် အကောင်းဆုံးပဲ …”
ယို့လန်က သတိပေးလိုက်သည်။
” စိတ်မပူပါနဲ့ …။ ငါမှာ အဲတာထက် ပိုကောင်းတာရှိတယ် …။ ငါသူကို တွေ့တာနဲ့ သူကို ခရားထဲက ပိုးကောင်လိုမျိုး ထောင်ချောက်ဆင်ထားလိုက်မယ် …”
ဆမ်းမားဆန်းရှိုင်းက ရယ်မောလိုက်တယ်။ သူက ယုံကြည်ချက် ရှိရှိဖြင့်
” ဘလက်ဖလိမ်းကို အမဲလိုက်ကြရအောင် …။ သူက ရန်စပြီး မင်းကို ဒေါသ ထွက်စေခဲ့တယ်ဆိုမှတော့ ငါသူ့ကို ဖြေရှင်းတာကို မင်းစောင့်ကြည့်နေသင့်တယ် …”
ထိုနည်းဖြင့် ယို့လန်က ဘလက်ဖလိမ်းကို ရှာရန်အတွက် ကစားသမားများစွာကို ပို့လိုက်တော့သည်။ ယခု အချိန်တွင် လွှမ်းမိုးခြင်းအပြုံး၏ တပ်ဖွဲ့ကလည်း ပျက်ဆီးခြင်း ဗိမာန်မှ ဖြေးဖြေးချင် ဆုတ်သွားတော့၏။
ကြယ်မီးသတ္ထုရိုင်း၏ ဝင်ပေါက်တွင် ရှီဖုန်းနှင့် ကျန်သည့်သူများက မြေကြီးပေါ်သို့ ကျနေသည့် ပစ္စည်းများကို ရှင်းလင်းလိုက်သည်။
ရှီဖုန်းက မီးမုန်တိုင်းကို ထုတ်ဖော်ချိန်တွင် ကစားသမားများ သုတ်သင်ခံလိုက်ရရုံသာမက သူသည်လည်း မိုင်းတွင်းထဲမှ ထွက်ပေါ်လာသည့် အဆင့် ၂၇ အထူးလက်ရွေးစဉ် မီးတောက် ဖားဘော့ဂ်များကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားသည်။
မီးတောက်ဖားဘော့ဂ်များ၏ ပစ္စည်းများနှင့် ကစားသမားများဆီမှ ကျလာသော အိုင်တမ်များကို ပေါင်းလိုက်လျှင် လက်နက်၊ ချပ်ဝတ်တန်ဆာ၊ ကုန်ကြမ်းပစ္စည်းများက မိုင်းတွင်းရှေ့၌ ပြည့်နေသည်။
” လွှမ်းမိုးခြင်းအပြုံးရဲ့ လက်ရွေးစဉ်ကစားသမားတွေက ဆင်းရဲလိုက်တာ …။ သူတို့ လက်နက်နဲ့ ချပ်ဝတ်တန်ဆာက အဆင့် ၂၀ ကြေးနဲ့ ဆန်းကျယ် သံမဏိ အဆင့်ပဲ …။ သူတို့မှာ လျှို့ဝှက်ငွေ ချပ်ဝတ်တန်ဆာ အပိုင်းအစ ၂ ခုပဲ ရှိတယ် …။ မီးတောက်ဖားဘော့စ်ကတောင် လျှို့ဝှက်ငွေ ချပ်ဝတ်တန်ဆာတွေကို လက်ရွှေစဉ်တွေထက် ပိုတောင်ကျသေးတယ် …”
ဘလက်ကီက အိုင်တမ်များကို စုစည်းပြီးနောက် မှတ်ချက်ချလိုက်၏။ သူသည် လွှမ်းမိုးခြင်းအပြုံးရဲ့ လက်ရွေးစဉ်များကို ဂရုဏာမသက်ပဲ မနေနိုင်ပေ။
ကစားသမားများမှ ကျလာသည့် ပစ္စည်းများက မီးတောက်ဖားဘော့ဂ်များမှ ကျလာသည့် ပစ္စည်းများနှင့် အလွယ်တကူ ယှဉ်နိုင်သည်။ ထိုအုပ်စုက အဆင့် ၂၀ အိုင်တမ်များသာ ကျနေချိန် မီးတောက်ဖားဘော့ဂ်များက အဆင့် ၂၅ အိုင်တမ်များကျသည်။
မီးတောက်ဖားဘော့ဂ်များသည် အဆင့် ၂၅ လျှို့ဝှက်ငွေ ချပ်ဝတ်တန်ဆာ ၄ ခုကျခဲ့ပြီး ၄င်းက အဆက့် ၂၀ ရွှေကောင်းချပ်ဝတ်တန်ဆာ ၄ စနဲ့ ညီမျှသည်။ နတ်ဘုရားနယ်မြေ၏ လက်ရှိ ကစားသမားများအဖို့ ရွှေကောင်းချပ်ဝတ်တန်ဆာများက ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာ ဖြစ်ပြီး မဟူရာရွှေ ချပ်ဝတ်တန်ဆာများက အကောင်းတကာ အကောင်းဆုံးဖြစ်သည့် အက်ဗစ်အိုင်တမ်များအတွက် ၄င်းတို့က ဒဏ္ဍာရီလာ ပစ္စည်းများ ဖြစ်ကြသည်။
သာမန်ကစားသမားတစ်ဦးက ဇီရိုးဝင်းသို့ အဆင့် ၁၀ ဖြင့် ဝင်ရောက်ပြီး သူတို့ အဆင့် ၂၀ သို့ ရောက်ရှိသည်နှင့် ဆန်းကျယ်သံမဏိ ချပ်ဝတ်တန်ဆာအပိုင်းအစကို လှဲလည်နိုင်မှာ ဖြစ်သည်။ သူတို့က ကံကောင်းပြီး အဖွဲ့သို့ ဝင်ရောက်နိုင်ခဲ့ကာ အစည်းအရုံးတာဝန်များကို ပြီးမြောက်ခဲ့လျှင် သူတို့က လျှို့ဝှက်ငွေချပ်ဝတ်တန်ဆာ ၃ စ၊ ၄ စအတွက် လှဲလည်ရန်တောင် လုံလောက်နိုင်သည်။ လက်ရွေးစဉ်တစ်ဦး၏ ချပ်ဝတ်တန်ဆာများက အနည်းဆုံးတော့ လျှို့ဝှက်ငွေ အဆင့်ထက် ပိုသာသည်။
တစ်ဖက်တွင်မူ လွှမ်းမိုးခြင်းအပြုံး၏ လက်ရွေးစဉ်များက ကြေးနှင့် လျှို့ဝှက်ဆန်းကြယ်သံမဏိအဆင့် ရောနေသည့်အရာများသာ ဝတ်ဆင်ထားကြသည်။ သူတို့တွင် လျှို့ဝှက်ငွေချပ်ဝတ်တန်ဆာ မရှိကြပေ။ သူတို့က ဇီးရိုးဝင်း၏ အဖွဲ့ဝင်များနှင့် မယှဉ်နိုင်ပေ။
ထို့အပြင် အဆင့် ၂၅ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများက ဇီရိုးဝင်းအဖွဲ့ဝင်များအတွက် ယခုဆို ရနိုင်သည်။ ၄င်းက ကျန်သည့် အစည်းအရုံးများတွင် မကြားရသည့်အရာ ဖြစ်သည်။
ကျန်သည့် အစည်းအရုံးများက ရရှိသည့် မည်သည့်အဆင့် ချပ်ဝတ်တန်ဆာမဆို ၄င်းတို့က သူတို့၏ ပင်မအဖွဲ့ဝင်များအတွက်သာ ဖြစ်သည်။ ထိုအိုင်တမ်များက သာမန်အဖွဲ့ဝင်များအတွက် မရနိုင်ပေ။
အဆင့် ၂၅ လျှို့ဝှက်ငွေနှင့် ရွှေကောင်းချပ်ဝတ်တန်ဆာတို့နှင့် ယှဉ်ပါက လွှမ်းမိုးခြင်းအပြုံးကမ်းလှမ်းသည့် ရလဒ်များက ရယ်စရာသာဖြစ်နေသည်။
ပစ္စည်းများစုစည်းပြီးနောက် ရှီဖုန်းက လက်တလောတွင် ပြန်လည်ရှင်သန်လာသည့် အဖွဲ့ဝင်များဆီမှ ရထားသည့်ပစ္စည်းများကို အစည်းအရုံးဆီ ပြန်ပေးလိုက်သည်။ ရေနှင်းဆီနှင့် ကျန်သည့်သူများအားလုံးကတော့ ကြယ်မီးသတ္ထုရိုင်းတွင်းဝင်ကာ စတင်တူးဖော်နေကြတော့သည်။
ကြယ်မီးသတ္ထုတွင်းက သဘာဝအားဖြင့့် ဝင်္ကပါဆန်သည်။ ထိုအပြင် မိုင်းတွင်း၌ လှည့်လည်နေစဉ် ကစားသမားများက မီးတောက်ဖားဘော့ဂ် ၃ ကောင်ကနေ ၅ ကောင် အုပ်စုဖွဲ့တိုက်ခိုက်တာမျိုး မကြာခဏ ခံရသည်။ ရလဒ်အနေဖြင့် ရှီဖုန်းအဖွဲ့၏ ဆောင်ရွက်မှုက နှေးကွေးသွားတော့သည်။
မီးတောက်ဖားဘော့ဂ်များက အဆင့် ၂၇ အထူးလက်ရွေးစဉ်များ ဖြစ်ကြသည်။ သူ၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလှအောင် မြင့်မားပြီး သူတို့က တစ်ချက်ထဲပျံသန်းရန် အဆင့်တူ စစ်သည်တော်ရိုင်းတစ်ဦး စေလွတ်နိုင်သည်။ ၄င်းတို့က အတော်လေးနှေးသော်လည်း မီးတောက်ဖားဘော့ဂ်များတွင် AOE ထိန်းချုပ်သော စကေးဟုခေါ်သည့် လေးလံသောစစ်ပွဲဟူသော စကေးကို ပိုင်ဆိုင်ထားသည်။ ၄င်းကို ထုတ်ဖော်ချိန်တွင် ၈ ကိုက်အတွင်းရှိ ကစားသမားများ အားလုံးက ၄ စက္ကန့် သတိမေ့သွားကြသည်။ ကျဉ်းမြောင်းသည့် ဂူထဲတွင် ထိုစကေးကို ရှောင်ရန်က မလွယ်ကူပေ။
ပုံမှန်ဆို မီးတောက်ဖားဘော့ဂ်ကို တိုက်ခိုက်ရန် ပါတီတစ်ခု၌ အခွင့်အရေး မရှိနိုင်ပေ။ အနည်းဆုံးက သူတို့က ပိုကြီးမားသည့်အဖွဲ့ အသင်းလိုအပ်ပြီး ထိုအထူးလက်ရွေးစဉ်များကို ဖယ်ရှားရန်အတွက် စတေးမှုများ လုပ်ရန် လိုအပ်သည်။
ကံဆိုးသည်မှာ မီးတောက်ဖားဘော့ဂ်များအတွက် သူတို့၏ ရန်သူက ရှီဖုန်းဖြစ်နေသည်။
ထို့အပြင် သူတို့တွင် အလွှာတစ် လုပ်ကြံ သတ်ဖြတ်သူများဖြစ်သည့် မီးလျှံကကြိုး၊ အရိပ်ပျံသန်းခြင်းနှင့် ခန့်မှန်းမရနိုင်သည့် နက္ခတ်ဗေဒပညာရှင် ခရမ်းတိမ်တို့ရှိနေသည်။
ရှီဖုန်းနှင့် ကျန်သည့်သူများရှေ့တွင် မီးတောက်ဖားဘော့ဂ်၏ HP ၇၀၀၀၀ က အလှဆင်ထားရုံသက်သက် ဖြစ်နေသည်။
ရှီဖုန်းနှင့် ကျန်သည့် သူများက အလွှာတစ်အမျိုးအစားများ ဖြစ်ကြသည်။ သူတို့က အထူးလက်ရွေးစဉ်များထက် အနည်းငယ်သာ နိမ့်၏။
မီး၏ ရောင်ဝါကို ထုတ်ဖော်ပြီးနောက် ရှီဖုန်းက တိုက်ကွက်တိုင်းတွင် -၁၀၀၀ ဆီအလွယ်တကူ ဖြေရှင်းနိုင်သည်။ သူက အလွှာတစ် ခုတ်ထစ်ခြင်းကို အသုံးပြုချိန်တွင် သူက -၆၀၀၀ ကျော်ထုတ်ဖော်နိုင်ပြီး သေကွင်းသေကွက်ကို ထိအောင် ထုတ်ဖော်နိုင်ခဲ့လျှင် –၁၀၀၀၀ ဖြစ်အောင် ထုတ်ဖော်နိုင်၏။
မီးတောက်ဖားဘော့ဂ်၏ စစ်ပွဲလေးလံခြင်း အတွက်ကိုမှု ထိုစကေးက ကျွမ်းကျင်သူ တစ်ယောက်အတွက် ကလေးကစားကွက်သာ ဖြစ်နေသည်။
မီးတောက်ဖားဘော့ဂ် ၃ ကောင်ကနေ ၅ ကောင်အဖွဲ့နှင့် ရင်ဆိုင်ရသောအခါ ရှီဖုန်း၏ ၆ ယောက်ပါသော ပါတီက မွန်းစတားများကို ဟစ်အော်ခြင်း မပြုနိုင်ဖြစ်စေကာ သူတို့ကို ဖိအားများဖြင့် ဖြေးဖြေးခြင်း သတ်သွားကာ စစ်ပွဲ လေလံခြင်းကို ထုတ်ဖော်ခြင်းမှ တစ်နည်းနည်းဖြင့် တားမြစ်ထားနိုင်သည်။
ရှိဖုန်း၏ အဖွဲ့က မိုင်းတွင်းထဲ ဆက်တိုးဝင်သွားကာ သူတို့၏ EXP ဘားများက ဆက်လက်တိုးမြင့်နေ၏။
အဆင့် ၂၇ အထူးလက်ရွေးစဉ်ကို သတ်ဖြတ်ပြီးရတဲ့ EXP က ပေါကြွယ်ဝလွန်းသည်။ ကွဲပြားခြားနားသည့် အဆင့်နှင့် အချက်အလက်ကြောင့် EXP ဘောနက်များလည်း ရရှိသည်။ ၄င်းတို့က အဖွဲ့အတွင်းရှိ ကစားသမား ၆ ယောက်သာ မျှဝေနိုင်သည့် EXP ဖြစ်သည်။ အရေးကြီးသောအရာက ထိုနေရာတွင် မီးတောက်ဖားဘော့ဂ်များစွာ ရှိနေပြီး ပါတီက မည်မျှ များများသတ်စေကာမူ မိုင်းတွင်းထဲတွင် ပိုများသည့် အကောင်များက စောင့်ကြိုနေတာဖြစ်သည်။ သူတို့သည် ကစားသမား ၅၀၀ ရှိသောအဖွဲ့တွင် အရှင်သခင်အဆင့်ရှိသော မွန်းစတားကို သတ်ဖြတ်ချိန်ကထက် သူတို့အဆင့်တက်တာ ပိုမြန်သည်။ အရာအားလုံး၏ ထိပ်တွင် အဆင့်၂၅ ချပ်ဝတ်တန်ဆာများစွာကိုလည်း ရရှိထားသည်။
ရှီဖုန်းနှင့် ကျန်သည့်သူများက ကြယ်မီးသတ္ထုရိုင်းအတွင်း ၃ နာရီကျော် မီးတောက် ဖားဘော့ဂ်များကို သတ်ဖြတ်ပြီးနောက် ထိုအဖွဲ့က ကျယ်ဝန်းပြီး လှပသော သလင်းလှိုဏ်ဂူထဲ ရောက်လာသည်။ ကြီးမားသည့် မီးတောက်ကြယ်က ထိုလှိုဏ်ဂူ၏ အလယ်တွင် ရှိနေသည်။
ရှီဖုန်းက ထိုသလင်းလှိုဏ်ဂူအတွင်း ခြေချချိန်၌ စနစ်က ရုတ်တရက် အချက်ပေးလာသည်။
စနစ် ; သင်သည် ကြယ်ကြွေခြင်း နယ်မြေကို ဝင်ရောက်ပြီဖြစ်သည်။
လွတ်လပ်သော တိုက်ပွဲဝင်စနစ်ကို အသက်သွင်းခြင်း ..။