ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 435 ကြယ်ကြွေကုန်းမြေ
သလင်းလှိုဏ်ဂူထဲဝင်ရောက်ပြီးနောက် စနစ်သတိပေးချက်ကို ရှီဖုန်းတစ်ယောက်ထဲသာ ရတာမဟုတ်ပေ။ သူ၏ ပါတီဝင်များသည်လည်း စာတစ်စောင်ရသည်။
” လွတ်လပ်သော တိုက်ပွဲစနစ်ကို ထုတ်ဖော်ချင်လား …”
ရှီဖုန်းက ကြောင်သွားသည်။
လွတ်လပ်သော တိုက်ပွဲဝင်စနစ်က နတ်ဘုရားနယ်မြေ၏ လက်ရှိကစားသမားနှင့် မရင်းနှီးသည့် အသုံးအနှုန်းဖြစ်သည်။ သို့သော်ငြား ရှီဖုန်းက ထိုအသုံးအနှုန်းဖြင့် မည်ကဲ့သို့ မရင်းနှီးဘဲ နေမည်နည်း။
၄င်းက နတ်ဘုရားနယ်မြေ၏ ဒုတိယ ပြောင်းလဲခြင်းပြီးမှ တည်ရှိနိုင်သည့် မက်ဂနစ်တစ်ခု ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် တိုက်ပွဲဝင် ပုံစံကို ပိုသဘာဝကျစေရန်အတွက် ရင်းနှီးသော မီးတောက်က စတင်လာပြီ ဖြစ်သည်။
မူလက ကစားသမားနှစ်ဦးသည် ပါတီတစ်ခုအတွင်း အတူရှိနေလျှင် သူတို့၏ တိုက်ကွက်များက တစ်ယောက်နှင့်တစ်ယောက် သက်ရောက်မှု မရှိနိုင်ပေ။ သို့သော် လွတ်လပ်သော တိုက်ပွဲဝင်စနစ်ကို ထုတ်ဖော်ပြီးနောက် တစ်စုံတစ်ယောက်က ဂရုမစိုက်ပဲ ပါတီဝင်တစ်ယောက်ကို ထိသွားစေလျှင် ထိုပါတီဝင်က ထိုတိုက်ကွက်မှ ဖျက်ဆီးမှုကို ခံရမှာ ဖြစ်သည်။
ကစားသမားများသည်လည်း သူတို့၏ ကိုယ်ပိုင်စကေးများဖြင့် သူတို့ကိုသူတို့ ထိခိုက်စေနိုင်သည်။ ဥပမာအနေဖြင့် ကစားသမားတစ်ဦးက AOE စကေးကို အသုံးပြုပြီး သူတို့က စကေး၏ သက်ရောက်သောအကျယ်အဝန်းအတွင်း ရှိနေပါက သူတို့လည်း ထိခိုက်မှု ရရှိမှာ ဖြစ်သည်။ ယခင်က လွတ်လပ်သော တိုက်ပွဲဝင်စနစ် အသက်သွင်းလိုက်သည်နှင့် ကစားသမားများစွာက သူတို့ကိုယ်တိုင်ကြောင့် သို့မဟုတ် အချင်းချင်းကြောင့် သေဆုံးခြင်းဖြင့် အဆုံးသတ်သွားရသည်။
ရလဒ်အနေဖြင့် တိုက်ခိုက်သောအခါ ကစားသမားများက သူတို့၏ တိုက်ကွက်များကို လုံလောက်အောင် ထိန်းချုပ်ရန် လိုအပ်လာသည်။ မဟုတ်ပါက အကျိုးအမြတ်မရှိဘဲ သူတို့၏ ပါတီသို့ ဝင်ရောက်လိုသူ ရှိတော့မှာ မဟုတ်ပေ။
” အစည်းအရုံးခေါင်းဆောင် ..။ ဘာဖြစ်သွားတာလဲ …”
ရေနှင်းဆီက ရှီဖုန်း၏ အံ့သြနေသည့် အမူအရာကို မြင်သောအခါ သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။
” ငါတို့တွေ လွတ်လပ်သော တိုက်ပွဲဝင်စနစ် အသက်သွင်းလိုက်ပြီး အခုကစပြီး ငါတို့ရဲ့ တိုက်ခိုက်မှုတွေက ရန်သူ မိတ်ဆွေ မကွဲပြားတော့ဘူး …။ ဒါကြောင့် တိုက်ပွဲထဲမှာ ဂရုစိုက်ဖို့လိုတယ် …။ မင်းကိုမင်း ဒါမှမဟုတ် အသင်းအဖော်တွေကို ထိခိုက်မှု မဖြစ်စေနဲ့ …”
ရှီဖုန်းက ရှင်းပြလိုက်၏။
သို့သော် ကျန်သည့်သူများ မတုံ့ပြန်နိုင်သေးခင် လှိုဏ်ဂူဝင်ပေါက်ကို ချိတ်ပိတ်ထားသည့် နက်နဲသော ခရမ်းရောင် အရံအတားပေါ်လာသည်။
ဘလက်ကီက အရံအတားကို မတော်တဆ ထိလိုက်သောအခါ သူက -၁၀၀၀ HP ရုတ်တရက် ဆုံးရှုံးသွားခဲ့သည်။
ဘလက်ကီက ကြောက်လန့်တကြာဖြင့် အရံအတားမှ နောက်ဆုတ်လိုက်သည်။
” ငါတို့တွေ ထောင်ချောက်ထဲ ရောက်သွားပြီ …။ ပတ်ဝန်းကျင်က အရာတွေ အားလုံးကို ဂရုစိုက် …။ သာမန်ကာရှန်ကာ မလှုပ်ရှားနဲ့ …”
ရှီဖုန်းက လှိုဏ်ဂူဝင်ပေါက်တွင် ရှိသော ခရမ်းရောင် အဟန့်အတားကို ယခင်က သေချာစဉ်းစားပြီး သူ၏ ပတ်ဝန်းကျင်ကို လေ့လာခဲ့သည်။
ကြယ်ကြွေကုန်းမြေထဲ၌ သမန်းဝံပုလွေအုပ်စုက ရုတ်တရက်ပေါ်လာပြီး ၄င်းက မည်သည့် မွန်းစတားများမှ မရှိသည့် လေဟာနယ် ဖြစ်ခဲ့သည်။ သမန်းဝံပုလွေ စစ်သည်တော်များက ဒိုင်းတစ်ခုဆီနှင့် လက်နက်တစ်ခုဆီ သယ်ဆောင်ထားကာ သူတို့က ရှီဖုန်း၏ အဖွဲ့ကို အစွယ်တင်းပြီး သရေကျကာ ကြည့်နေကြတော့သည်။ သူတို့က ရှီဖုန်းနှင့် ကျန်သည့် သူများကို အစာအဖြစ် ဆက်ဆံကြသည်။
သမန်းဝံပုလွေ ( လက်ရွေးစဉ်အဆင့် )
အဆင့် ၂၇
HP (42000/42000)
သမန်းဝံပုလွေ စစ်သည်တော်များက မီးတောက်ဖားဘော့ဂ်ထက် ပိုအားနည်းသည့်တိုင် သူတို့က အရေအတွက်များပြားသည်။ သူတို့က အုပ်စုလိုက် လှုပ်ရှားသည်။ ထိုကြောင့် ၃ ကောင်မှ ၅ ကောင်အဖွဲ ဖားဘော့ဂ်အုပ်စုများကို ဖြေရှင်းရတာထက် ပိုခက်ခဲသည်။
” အစည်းအရုံးခေါင်းဆောင် ..။ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ …”
ဘလက်ကီက မေးပြီး သူတို့ဆီ ဖြေးဖြေးခြင်း လျှောက်လာနေသည့် သမန်းဝံပုလွေ စစ်သည်တော် ၁၀၀ ကျော်ကို ကြည့်ရင်း သူ့နှလုံးက တုန်လှုပ်လာသည်။
” ထွက်ပေါက်ရှာရင်း တိုက်ခိုက်ကြတာပေါ့ …”
ရှီဖုန်းက ပိုကောင်းသည့် အကြံကို မတွေးနိုင်ပေ။ ဝင်ပေါက် ချိတ်ပိတ်သွားပြီး သမန်းဝံပုလွေ စစ်သည်တော်များစွာ ရုတ်တရက်ပေါ်လာခြင်းနှင့်အတူ သူ၏ တစ်ခုတည်းသော အစီအစဉ်က သူတို့ပြေးနေစဉ် တိုက်ခိုက်ရန် ဖြစ်သည်။
” ငါ လမ်းကြောင်းတစ်ခု ဖွင့်ပေမယ် …။ မီးလျှံကကြိုးနဲ့ အရိပ်ပျံသန်းခြင်း ငါကိုကာပေး ..။ ရေနှင်းဆီ အဲဒီ သမန်းဝံပုလွေ စစ်သည်တော်တွေကို ထိန်းချုပ်ဖို့ အာရုံစိုက်ထား …”
ရှီဖုန်း၏ အတွေ့အကြုံကို အခြေခံပြီး နတ်ဘုရားနယ်မြေ၏ ထောင်ချောက်များ အားလုံးက ကစားသမားများကို ရှင်သန်နိုင်ဖို့ အခွင့်အရေးတစ်ခု ပေးထာသည်။ သူတို့သာ ထောင်ချောက်ကို ဖြေရန်အတွက် လှည့်ကွက်ကို ရှာတွေ့သ၍ သူတို့ အသက်အန္တာရာယ် လွတ်မြောက်နိုင်မှာ ဖြစ်သည်။
သူတို့ရှေ့ရှိ ထောင်ချောက်က ရှင်းနေပြီး မရင်းနှီးသည့် လွတ်လပ်သော တိုက်ပွဲဝင်စနစ် ပေါ်လာသည်။ အားလုံးသာ သူတို့၏ စကေးများကို ကြုံရာ ထုတ်သုံးလျှင် သူတို့ဆီ မွန်းစတားက ခြစ်ရာတောင် မတင်ရသေးခင် သူတို့ကို သူတို့ သတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူ လှုပ်ရှားတာက ပိုစိတ်ချရပေမည်။
ရှီဖုန်းက ပါတီကို ဦးဆောင်ပြီးနောက် သမန်းဝံပုလွေ စစ်သည်တော် အနည်းဆုံးရှိသည့် နေရာသို့ သွားလိုက်သည်။ ထို့သို့တိုင် သူ့ရှေ့၌ ၁၂ ကောင်ကျော် ရှိနေဆဲ ဖြစ်သည်။
ရှီဖုန်း၏ အဖွဲက သူတို့ဆီ လျှောက်လာတာကို မြင်သောအခါ ထိုသမန်းဝံပုလွေ စစ်သည်တော်များက ပါးစပ်များဟကာ အူလိုက်တော့သည်။ သူတို့၏ လက်နက်များကို မြောက်ကာ ရှီဖုန်းဆီ ပစ်လိုက်သည်။ ထိုစဉ်ကျန်သည့် သမန်းဝံပုလွေ စစ်သည်တော်များကလည်း ရှီဖုန်းနှင့် ကျန်သည်သူများကို စတင် ဝိုင်းရံလာတော့၏။
” မတိုက်ခိုက်နဲ့ …။ သူတို့ကို နေရာတစ်ခုဆီ မြားပြီးမှ သတ်မယ် …”
ထိုသို့အမိန့်ပေးပြီးနောက် ရှီဖုန်းက သမန်းဝံပုလွေ စစ်သည်တော်များကို တိုက်ခိုက်ဖို့အတွက် သူ၏ ကိုယ်ပိုင်လက်ရွေးစဉ်အဖွဲ့ကို ဦးဆောင်သွားသည်။ သူ၏ မှော်နက်ဓားကို ထုတ်ကာ သုတ်သင်ခြင်း အရိပ်ကို ထုတ်ဖော်ပြီး အလင်းတန်း ၁၂ ခုကျော်ထုတ်ကာ သမန်းဝံပုလွေ စစ်သည်တော်များ၏ သေစေနိုင်သည့် နေရာများဆီ ထိသွားစေတော့သည်။
ရှီဖုန်း၏ တိုက်ခိုက်သည့် အရှိန်က အလွန်မြန်သည်။ သမန်းဝံပုလွေ စစ်သည်တော်က သူတို့ကို သူတို့ ကာကွယ်ရန် ကြိုးစားသည့်တိုင် ရှီဖုန်း၏ ဓားအလင်းက မွန်းစတားဆီ အရင်ရောက်သွားသည်။ ဓားတစ်ကွက်က သမန်းဝံပုလွေစစ်သည်တော်ကို အနောက်သို့ ၂ မီတာကျော်ခန့် လွင့်သွားစေပြီး ထိခိုက်မှု -၁၀၀၀ ဖြစ်သွားစေသည်။
ရှီဖုန်းက ဆက်လက်တိုက်ခိုက်လိုစိတ် မရှိပေ။ သူက သမန်းဝံပုလွေ တစ်ဒါဇင်ကျော်ကို လွင့်ထွက်သွားအောင် လုပ်ပြီးနောက် သူ့ပါတီကို ဦးဆောင်ကာ သမန်းဝံပုလွေ စစ်သည်တော်များကို ကျော်လိုက်တော့သည်။
ဖြစ်နိုင်လျှင် ရှီဖုန်းက ထိုသမန်းဝံပုလွေများကို အဆုံးသတ်ချင်သည်။ သူသာ ထိုသို့ လုပ်ခဲ့လျှင် ပိုများသည့် လက်ရွေးစဉ် မွန်းစတားများ အဝိုင်းခံရခြင်းဖြင့် အဆုံးသတ်သွားမှာ ဖြစ်သည်။ ထို့သို့ ဖြစ်သွားလျှင် သူတို့ ကြိုးစားအားထုတ်ရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်တော့ပေ။
ထိုနည်းဖြင့် ရှီဖုန်း၊ မီးလျှံကကြိုးနှင့် အရိပ်ပျံသန်းခြင်းတို့က ပါတီအတွက် လမ်းကြောင်းဖွင့်ပေးပြီး ၆ ယောက်က ဆက်လက်ဆောင်ရွက်နေတော့သည်။
သမန်းဝံပုလွေ စစ်သည်တော်များက သူတို့နောက်သို့ လိုက်နေသော်လည်း ရေနှင်းဆီက ရေခဲနံရံများနှင့် ရေခဲလုံးများကို ဆက်တိုက် ထုတ်ဖော်နေပြီး ဂါထာရွတ်ဆိုကာ မွန်းစတားများ၏ အရှိန်ကိုလျော့စေ၏။
သမန်းဝံပုလွေ စစ်သည်တော်များက အမှီမလိုက်နိုင်သော်လည်း ရှီဖုန်း၏ ပါတီနောက်သို့ လိုက်နေသည့် မွန်းစတားအရေအတွက်က ၁၀၀၀ ကျော်လာခဲ့ပြီ ဖြစ်သည်။ ရှီဖုန်နှင့် ကျန်သည့်သူများက တစ်ချက်အမှားလုပ်လိုက်လျှင် သူတို့ အသက်ဆုံးရှုံးသွားနိုင်သည်။
” ငါတို့ မြေအနေအထားကို ဦးဆောင်ပြီး အသုံးချလို့ရတယ် …။ မီးလျှံကကြိုး၊ အရိပ်ပျံသန်းခြင်း ငါက ငါတို့နောက်က သမန်းဝံပုလွေ စစ်သည်တော်တွေကို ပိတ်ဆို့လိုက်မယ် …။ ဘလက်ကီက ကြယ်အလင်းကိုသုံး …။ မင်း ဘယ်လောက်ဝေးဝေး ရွတ်နိုင်ရွတ်နိုင် ကိစ္စ မရှိဘူး …။ အဲဒီ ဂါထာရောက်တဲ့ စက်ကွင်းနဲ့ ငါတို့ မပါဖို့ သတိရ …”
ရှီဖုန်းက ပတ်ဝန်းကျင်မြေအနေအထားကို လေ့လာနေပြီးနောက် သူက အဆင်ပြေသည့် နေရာတစ်ခုကို တွေ့သွားသည်။ လမ်းကြောင်းက အလွန်ကျဉ်းမြောင်းပြီး လူနှစ်ယောက် ၃ ယောက်သာ ၄င်းကို အပြည့်အဝ ပိတ်ဆို့ရန် လိုသည်။ ထို့ကြောင့် သူက မြင့်တက်နေသော ကုန်းမြင့်ပေါ်သို့ သွားလိုက်၏။
” ဒါကို ငါနဲ့ထားခဲ့ …။ အဲဒီ ဝံပုလွေပေါက်တွေကို ငါ ဖယ်ရှားတာကိုသာ ကြည့်နေ …”
ဘလက်ကီက ခေါင်းညိတ်လိုက်၏။
ပါတီက လမ်းကြောင်း ကျဉ်းလေးထဲသို့ ဝင်သောအခါ ရှီဖုန်းနှင့် ကျန်သည့် လုပ်ကြံသတ်ဖြတ်သူ ၂ ယောက်က လှည့်ပတ်ကာ ဝင်လာသည့် သမန်းဝံပုလွေ စစ်သည်တော်များကို ရင်ဆိုင်လိုက်သည်။
ကိုက် ၂၀၊ ၁၅ ကိုက် ၊ ၁၀ ကိုက် ..။
သမန်းဝံပုလွေစစ်သည်တော်များ ပိုပိုကပ်လာတာကို ကြည့်နေစဉ် ရှီဖုန်းက အော်လိုက်၏။
” ထုတ်လိုက်တော့ …”
ပြင်ဆင်ပြီး ဘလက်ကီက သူ၏ မှော်တောင်ဝှေးကို ဝှေ့ရမ်းကာ နောက်တစ်စက္ကန့်တွင် ကောင်းကင်ထက်မှ ကြယ်အလင်းတန်းကျလာသည်။ ကြယ်အလင်းတန်းများက သမန်းဝံပုလွေ စစ်သည်တော် ၁၀၀၀ ကျော်ပေါ် ရောက်သွားသည်။ ၄င်းတို့က ထိခိုက်မှု -၇၀၀၀ ဖြစ်သွားစေပြီး ကျန်သည့် သူများသည်လည်း ဂါထာစက်ကွင်းနဲ့ အနည်းငယ်ဝေးတဲ့သူများသည်လည်း -၃၀၀၀ ထိခိုက်မှု ဖြစ်သွားသည်။
သမန်းဝံပုလွေ စစ်သည်တော်များတွင် HP ၄၂၀၀၀ ရှိသည်။ သူတို့က မသေခင် ကြယ်အလင်းတန်းလှိုင် တစ်ချို့ကိုသာ ခံနိုင်ရည်ရှိသည်။
သို့သော် ဘလက်ကီ၏ ဂါထာအပြင်ဘက်တွင်ရှိသော သမန်းဝံပုလွေ စစ်သည်တော်များက ဥာဏ်ရည်မြင့်သည်။ သူတို့က ကြယ်အလင်းအကွာအဝေးတွင် ဝင်ရောက်လောက်သည်ထိ ရူးသွပ်သူများ မဟုတ်ကြပေ။ ထိုအစား သူတို့က ရပ်မြဲတိုင်းရပ်နေကာ ဂါထာအဆုံးသတ်မည့် အချိန်ကို စောင့်နေကြသည်။
ကြယ်အလင်း၏ အာနိသင်က ကြောက်မက်ဖွယ် ကောင်းသော်လည်း ထိုဂါထာရွတ်ဆိုမှုက သမန်းဝံပုလွေ စစ်သည်တော် အကောင် ၂၀၀ ကျော်၏ အသက်ကိုသာ နုတ်သွားသည်။ ၁၀၀၀ ကျော်တွင် ထိုသို့သော အရေအတွက်က ဘာမှ မဟုတ်ပေ။
သို့သော် ကြယ်အလင်း ပြီးသွားပြီးနောက် ရှီဖုန်းပါတီ၏ EXP ဘားက ထိုးတက်သွားသည်။ သူတို့က ထိုဖြစ်စဉ်ကို ထပ်ကျော်နိုင်ပါက နာရီအနည်းငယ်အတွင်း အဆင့် ၃၀ သို့ အလွယ်တကူ ရောက်နိုင်သည်။
လူတိုင်းက အသက်မရှူနိုင်သေးခင် ဝံပုလွေ စစ်သည်တော် ၁၂ ကောင်ကျော်က လမ်းကြောင်းတွင်း၌ ဝင်လာကာ သူတို့၏ လက်နက်များကို ထုတ်ဖော်ပြီး အော်ငြီးလိုက်တော့သည်။
လွတ်လပ်သော တိုက်ပွဲဝင်စနစ်ကြောင့် ဘလက်ကီသည် သူ့စကေး၏ ပြီးပြည့်စုံသော အကျယ်အဝန်းကို မထောက်ပံ့နိုင်ဖြစ်နေသည်။ ရလဒ်အနေဖြင့် သမန်းဝံပုလွေ စစ်သည်တော်များက ကြယ်အလင်းတန်း၏ သက်ရောက်သောဒသတွင် မမိပဲဖြစ်နေသည်။
ကံကောင်းသည်မှာ လမ်းကြောင်းကျဉ်းလေးက သမန်းဝံပုလွေ ၅ ကောင် သို့မဟုတ် ၆ ကောင်သာ လိုက်ခွင့်ပြုသည်။ တုံ့ဆိုင်းမနေပဲ ရှီဖုန်းက အလွှာတစ် မိုးကြိုးလျှပ်တပျက်ကို ဝင်ရောက်လာသည့် လက်ရွေးစဉ် မွန်းစတားဆီ ပစ်ထုတ်လိုက်၏။
အလွှာသုည မိုးကြိုးလျပ်တပျက်နှင့် ယှဉ်လျှင် အလွှာတစ် စကေးက ပိုကြမ်းတမ်းသည်။ အရှိန်၊ စွမ်းအား၊ အကွာအဝေး၊ တိုက်ခိုက်မှု အရေအတွက်တွင် ၄င်းတို့က တိုးတက်လာ၏။ ပိုအရေးကြီးသည်မှာ ရှီဖုန်းက ၄င်းကို ရေပြင်ညီအတိုင်း တိုက်ခိုက်သည့် အကျယ်အ၀န်းကို တိုးနိုင်တာ ဖြစ်သည်။
မျက်တောင်တစ်ခပ်အတွင်း လမ်းကြောင်းကို အပြာနုရောင် လျှပ်စီးက ဖြတ်ကျော်သွားပြီး လမ်းကြောင်းကို ၂ ခြမ်းခွဲလိုက်သည်။ နောက်ထပ် အပြာနုရောင် လျှပ်စီးကလည်း ၄င်း၏ ပစ်မှတ်ဆီ ဦးတည်သွားတော့၏။ လျှပ်စီး ၅ ခုဆက်တိုက် ထုတ်ဖော်ပြီးနောက် အံ့သြဖွယ်ကောင်းသည့် ထိခိုက်မှုက သမန်းဝံပုလွေ စစ်သည်တော် တစ်ဒါဇင်ထံ၌ ပေါ်လာသည်။
-၁၆၂၄ ၊ -၂၂၄၀၊ -၃၁၃၆၊ -၄၃၉၄၊ -၆၁၅၂။
မိုးကြိုးလျှပ်တပျက်၏ သက်ရောက်မှုက ထွက်ပေါ်လာပြီးနောက် တိုက်ကွက်တိုင်းက ၄င်း၏ ထိခိုက်မှုကို ၄၀ ရာခိုင်နှုန်း တိုးစေသည်။ ပစ်မှတ်တစ်ခုက လျှပ်စီး ၅ ချက်ဖြင့် ထိသွားပါက စုစုပေါင်း ထိခိုက်မှုက ကြောက်မက်ဖွယ်ကောင်းမှာ ဖြစ်သည်။
သို့သော် လျှပ်တပြက်မိုးကြိုး၏ လုပ်နိုင်စွမ်းက ထိုရူးသွက်နေသော သမန်းဝံပုလွေ စစ်သည်တော်များကို မဟန့်တားနိုင်ပေ။ သူတို့အသက် အန္တာရာယ်ကို မှုပဲ သူတို့က ပြေးဝင်လာကြသည်။
ရေနှင်းဆီက သူမရဲ့ နင်တံကို ဝှေ့ရမ်းကာ ရုတ်တရက်တွင် လမ်းကြောင်းကျဉ်းလေးပေါ်၌ ရေခဲနံရံ ၃ ခုပေါ်လာကာ သမန်းဝံပုလွေ စစ်သည်တော်၏ အရှိန်ကို လျော့ချလိုက်သည်။ ဘလက်ကီကလည်း မီးတောက်ငရဲကို ရွတ်ဆိုပြီး မဟူရာစိမ်း မီးတောက်များသည် မြေကြီးထဲမှ ထွက်ပေါ်လာ၏။ ပြီးနောက် ရှီဖုန်းက အလွှာတစ် မြေကမ္ဘာခွင်းခြင်းကို ချက်ခြင်း အသုံးပြုလိုက်သည်။
ထိုသမန်းဝံပုလွေစစ်သည်တော်များက ရှီဖုန်းနားသို့ မရောက်သေးခင် သူတို့အားလုံး သေသွားကြသည်။
၆ ယောက်၏ ပြီးပြည့်စုံစွာ ပေါင်းစည်းမှုနှင့် မြေအနေအထား အတားအဆီး ရရှိမှုတို့ကြောင့် သူတို့သည် ထိုသမန်းဝံပုလွေ စစ်သည်တော် ၁၀၀၀ ကျော်ကို အပြီးသတ်ရန် အချိန်အနည်းငယ်သာ ယူလိုက်ရသည်။
နောက်ဆုံးစစ်သည်တော်လှိုင်းကို အဆုံးသတ်ပြီးနောက် ရွှေရောင်အလင်းတန်းက ရှီဖုန်း၏ ကိုယ်၌ ဖြာထွက်လာသည်။ သူသည် နောက်ဆုံးတော့ အဆင့် ၂၅ သို့ ရောက်သွားပြီ ဖြစ်သည်။