ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 437 အလွှာ ၂ တိုက်ပွဲဝင်စွမ်းအား
အူသံများ ချဉ်းကပ်လာသည်နှင့် လူတိုင်းက ပိုအာရုံစိုက်လာကြသည်။ လူတိုင်းက လမ်းကြောင်းကျဉ်းလေးရှေ့ရှိ များစွာသော ကျောက်တိုင်များပေါ် ကြည့်နေကြသည်။
သမန်းဝံပုလွေ စစ်သည်တော် အကောင် ၁၀၀၀ ကျော်မှ ကျလာခဲ့သည့် ပစ္စည်းများအတွက် မည်သူမှ တစ်ချက်တောင် မကြည့်ရဲကြပေ။
ရှီဖုန်းနှင့် ကျန်သည့်သူများက ၄င်းကို မလိုချင်သောကြောင့် မဟုတ်ဘဲ သူတို့ မယူနိုင်သေးသောကြောင့် ဖြစ်သည်။
အရှင်အဆင့် မွန်းစတားတစ်ကောင်က မည်မျှအစွမ်းထက်ပြီး ကောက်ကျစ်မှန်း သူတို့ ကြုံတွေ့ဖူးသောကြောင့် ဖြစ်သည်။
လက်ရွေးစဉ်များတောင် ကစားသမားများကို ချုံခိုတိုက်ခိုက်ရန် သိကြသည်။ အရှင်များဆိုလျှင် ပိုဆိုးသေးသည်။ အရှင်များ၏ ကြောက်မက်ဖွယ်ကောင်းသည့် သိမြင်နားလည်မှုက ကစားသမား တစ်ဦး၏ သေစေနိုင်သည့် နေရာများကို မည်သို့ တိုက်ခိုက်ရမှန်း သိသည်။ ယခင်က ဇီးရိုးဝင်း၏ အဖွဲ့မှ MT ကိုလာက အရှင်တစ်ကောင်၏ ချုံခိုတိုက်ခိုက်မှုကြောင့် အကြိမ်ပေါင်းများစွာ သေလုနီးပါးဖြစ်ခဲ့သည်။ အလင်းကွေးအစောင့်အကြပ်၏ ကောင်းကင်ဖီဆန်ခြင်းစကေးဖြစ်သော အချိန်ကွေးခြင်းကြောင့်သာ မဟုတ်လျှင် ကိုလာက အနည်းဆုံး ၁၂ ခါကျော်လောက် သေနေမှာ ဖြစ်သည်။
လက်ရှိတွင် ရှီဖုန်း၏ အဖွဲ့က ထိုကဲ့သို့ အိုဗာပါဝါစကေးကို မပိုင်ဆိုင်ထားပေ။ သူတို့က ကျလာသည့် ပစ္စည်းများကို ကောက်ရန် လှုပ်ရှားလိုက်သည်နှင့် သေခြင်းတရားကို ဆောင်ယူမိသွားမှာ ဖြစ်သည်။
ခဏကြာပြီးနောက် အူသံက ရပ်သွားသည်။ ချက်ခြင်းပင် သေခြင်းတရားအငွေ့အသက်က အဖွဲ့ကို လွှမ်းခြုံလိုက်ပြီးနောက် သူတို့နားရှိ လေများက စတင်အေးခဲလာပုံ ရသည်။
” မွန်းစတားက ဘယ်မှာလဲ …”
ဘလက်ကီက မေးပြီး ဘာမှ မပေါ်လာသောအခါ ဇဝေဇဝါ ဖြစ်သွား၏။
” သူဘာသာသူ ပုန်းနေတာ ဖြစ်မယ် …။ ကျောက်တိုင်တွေက ပြီးပြည့်စုံတဲ့ အကာအကွယ်တွေပဲ …။ မွန်းစတားက ဝင်တိုက်ခိုက်ဖို့ အခွင့်အရေးကို ရှာနေတာ ဖြစ်မယ် …”
ပုန်းခိုနေသော အရိပ်ပျံသန်းခြင်းက ဖြေလိုက်သည်။
” အစည်းအရုံးခေါင်းဆောင် …။ ကျွန်တော် အရှေ့ကို သွားပြီး ထောက်လှမ်းသင့်လား …”
” မလိုဘူး …။ အဲဒါက ငါတို့ဆီ ရောက်လာနေပြီ …”
ရှီဖုန်းက ပြောပြီး ခေါင်းခါကာ သူ၏ မှော်နက်ဓားသွားနှင့် သုတ်သင်ခြင်းအရိပ်ကို ထုတ်ဖော်လိုက်သည်။ သူက …
” အားလုံးဘဲ တိုက်ပွဲအတွက် ပြင်ဆင်ထားပါ …။ အရိပ်ပျံသန်းခြင်းနဲ့ မီးလျှံကကြိုး ငါ့ကို ကာပေး …။ ခရမ်းတိမ် မင်းက ကုသဖို့ကို အာရုံစိုက်ထား …။ ရေနှင်းဆီနဲ့ ဘလက်ကီက မင်းတို့ရဲ့ စကေးတွေကို ထိန်းချုပ်ထား …။ ဒါပေမယ့် သိပ်ပြီး ဒုက္ခမရောက်စေနဲ့ …။ ဒီမွန်းစတားက မင်းတို့ ခန့်မှန်းတာထက် ပိုအားကောင်းတယ် …”
” လာနေပြီလား …။ ဒါပေမယ့် ကျွန်မ မမြင်ရဘူး …”
ရေနှင်းဆီက သူမရှေ့ရှိ ဧရိယာကို စကန်ဖတ်ကြည့်လိုက်သော်လည်း မွန်းစတားအရိပ်အယောင်ကို မတွေ့ပေ။
” မင်းတို့ မမြင်ရတာ ပုံမှန်ပဲ …။ ယခု သူက ပုန်းခိုခြင်းအဆင့်မှာ ရောက်နေတာ …။ ငါတောင် ဝေဝါးဝါးပဲ မြင်နိုင်တယ် …”
ကောင်းကင်ဘုံနဂါး၏ ဝင်သက် တစ်ရှိုက်ကြောင့် ရှီဖုန်းသည် နယ်ပယ်အားလုံး၌ တိုးတက်လာခဲ့သည်။ ထိုသို့တိုင် သူသည် သူရန်သူ၏ တည်ရှိမှုကို လွဲချော်လုနီးပါး ဖြစ်နေသည်။
” ပုန်းခိုနေတာလား …။ မဖြစ်နိုင်ဘူးမလား …”
ရှီဖုန်း၏ စကားကို ကျန်သည့်သူများကြားပြီး သူ၏ တည်ကြည်လေးနက်သော အမူအရာကို မြင်သောအခါ သူတို့က စိတ်ပူပန်သွားပြီး သူတို့၏ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တော့သည်။
အရှင်တစ်ကောင်က ပုန်းခိုခြင်းကို အသုံးပြုနိုင်တယ်။ ဒါက ကစားသမားတစ်ယောက်ရဲ့ အဆိုးဆုံး အိမ်မက်ပဲ။ တစ်ချက်လေး သတိမမူမိတာနဲ့ သူတို့ သေနိုင်တယ်။
မစွန့်စားရဲတော့ပဲ ရှီဖုန်းက အလုံးစုံ သိမြင် မျက်လုံးကို ချက်ခြင်း ထုတ်ဖော်လိုက်၏။
သူက အရွယ်အစားသေးငယ်သည့် အနီရောင်အမွှေးဖွားဖွား သမန်းဝံပုလွေကို ချက်ခြင်းတွေ့သွားသည်။ ထိုအနီရောင် သမန်းဝံပုလွေက လက်တစ်ဖက်ဆီတွင် ဓားသွားဓားမြှောင်နှစ်လက်ကို ကိုင်ထားသည်။ ၄င်းက လမ်းကျဉ်းလေးသို့ ရောက်နေပြီဖြစ်ကာ ကိုက် ၃၀ အကွာတောင် မရှိတော့ပဲ အဖွဲ့နားသို့ ဖြေးဖြေးခြင်း ချဉ်းကပ်လာ၏။
ကြေးသွေးအရိပ် ဝံပုလွေ ( ရှားပါးအရှင် )
အဆင့် ၂၈
ရှားပါးသော အရှင်များက မြင့်မားသော အရှင်များလောက် အားမကောင်းပေ။ အရည်အချင်းတွင်လည်း သူတို့က သာမန် အရှင်များနှင့် တူညီသည်။ သို့သော် ရှားပါးသောအရှင်များက ထူးချွန်သည့် မွေးရာပါ စကေး အပိုတစ်ခု ပိုင်ဆိုင်ထားသည်။ ၄င်းက ကစားသမားများသည် ပုန်းကွယ်အမျိုးအစားကို ပိုင်ဆိုင်ထားပြီး အမွေအနှစ် စကေး ရရှိထားသည်နှင့် ဆင်တူသည်။
ထို့ကြောင့် ရှားပါးသောအရှင်များက သာမန်အရှင်များထက် သိသိသာသာ ပိုအားကောင်းပြီး ကစားသမားများအဖို့ သေတောင် သေစေနိုင်သည်။ ရှီဖုန်းတွင် ကစားသမား အယောက် ၅၀၀ အဖွဲ့ ရှိလျှင် သူက ကြေးသွေးအရိပ် ဝံပုလွေကို သေချာပေါက်သတ်နိုင်မှာ ဖြစ်သည်။ သို့သော် သူ၏ အဖွဲ့တွင် ကစားသမား ၆ ယောက်သာ ပါရုံသာမက သူတို့တွင်လည်း MT မရှိကြပေ။ ထိုရှားပါးသည့်အရှင်နှင့် ရင်ဆိုင်ရတာက အတော်လေး ခက်ခဲတာကို သက်သေပြနေသည်။
ရှီဖုန်းက အနီရောင် သမန်းဝံပုလွေ၏ အချက်အလက်ကို မြင်သောအခါ သူ့ရင်ထဲ၌ စိတ်ဓာတ်ကျမှုများ ပြည့်သွားသည်။ ကံကောင်းသည်မှာ ကောင်ကင်ဘုံနဂါး၏ ဝင်သက်တစ်ရှိုက်ကို တပ်ဆင်ပြီးနောက် သူ၏ စိတ်က အတိုင်းထက်အလွန် တည်ငြိမ်သွားသည်။ သူ၏ အရည်အချင်းများကလည်း သိသိသာသာတိုးတက်သွား၏။
ခွန်အား ၄၀ ရာခိုင်နှုန်းတိုးသည်။ လျင်မြန်ဖျက်လက်မှု ၄၀ ရာခိုင်နှုန်းတိုးကာ ဥာဏ်ပညာ ၃၀ ရာခိုင်နှုန်းတိုးသည်။ ခံနိုင်ရည် ၅၀ ရာခိုင်နှုန်း တိုးသည်။ လှုပ်ရှားမှု အရှိန် ၂၀ ရာခိုင်နှုန်းတိုးသည်။ တိုက်ခိုက်ရေး အရှိန် ၃၀ ရာခိုင်နှုန်း တိုးသည်။
ဒဏ္ဍာရီလာ အပိုင်းအစ အိုင်တမ်က တိုးတက်မှုသည် သူ၏ အရည်အချင်းများကို သူ အလွှာတစ် ဓားသွားသူတော်စင် ဖြစ်စဉ်ကထက် ပိုတိုးတက်မှု ဖြစ်စေသည်။ ထို့ကြောင့် သူသည်လည်း စကေးအသစ် ၃ မျိုးဖြစ်သည့် နဂါးအာဏာ၊ နဂါးဝင်သက် တစ်ရှိုက်၊ ကောင်ကင်ဘုံနဂါးစွမ်းအား စသည်တို့ကို ရထားသည်။ ထိုစကေးသစ်များဖြင့် သူသည် အဆင့်တူ အရှင်တစ်ပါးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
ရှီဖုန်းက ကောင်ကင်ဘုံနဂါးဝင်သက် တစ်ရှိုက်ကို မတပ်ဆင်ထားလျှင် သူက အလွန်ဆုံး အမိန့်တစ်ချက်သာ ပေးနိုင်မှာ ဖြစ်သည်။
လွတ်မြောက်ခြင်း …။
နတ်ဘုရားနယ်မြေထဲတွင် အလွှာတစ် အမျိုးအစားက အထူးလက်ရွေးစဉ်နှင့် ယှဉ်ပြိုင်နိုင်ပြီး အလွှာ ၂ အမျိုးအစားက အရှင် အဆင့်နှင့် ညီမျှသည်။ ထို့ကြောင့် ရှီဖုန်းသည် အရှင်တစ်ပါးကို တိုက်ရိုက်တိုက်ပွဲတွင် ရင်မဆိုင်နိုင်ပေ။ သို့သော် သူ့တွင် ကောင်ကင်ဘုံနဂါး ဝင်သက်တစ်ရှိုက် ရှိနေပြေီး ၄င်းက ဒဏ္ဍာရီလာ အိုင်တမ်ကဲ့သို့ အထင်ကြီးဖွယ် မကောင်းသော်လည်း ကစားသမားတစ်ဦးကို အလွှာတက်စေနိုင်ပြီး ရှီဖုန်းကို အလွှာ ၂ ကစားသမား၏ တိုက်ပွဲစွမ်းအား ရရှိစေသည်။
၄င်းက အလွှာ ၂ အမျိုးအစားသို့ အဆင့်ကျော်ဖြတ်တက်ခြင်းနှင့် ဆင်တူသည်။ ယခု ရှီဖုန်း၏ အရည်အချင်းများက အလွှာ ၂ အမျိုးအစားနားသို့ ချဉ်းကပ်နေပြီး ဖြစ်သည်။ သူ့တွင် အလွှာ ၂ စကေးသာ ချို့တဲ့နေတာ ဖြစ်၏။
ရှီဖုန်းသည် အဆင့်တူ အရှင်တစ်ပါးကို သတ်နိုင်သည့် စွမ်းအား အပြည့်ရှိသည်။
သူ့တွင်လည်း ကောင်ကင်ဘုံနဂါး၏ စွမ်းအားဖြစ်သော စကေး ရှိသည်။ ထိုစကေးက အလွှာတစ် စကေး ဓားသွားလွတ်မြောက်ခြင်းထက် ပိုတောင် အားကောင်းသည်။ ယခင်က ရှီဖုန်းသည် ကောင်းကင်ဘုံနဂါး၏ စွမ်းအားကို ထုတ်ဖော်ချိန်တွင် သူသည် နတ်ဆိုးနန်းတော်ထဲ၌ ဖိုင်နယ်ဘော့စ်ကို ဖိနှိပ်နိုင်ခဲ့၏။
ရှီဖုန်းက အလုံးစုံ သိမြင် မျက်လုံးကို ထုတ်ဖော်သောအခါ ကြေးသွေးအရိပ်ဝံပုလွေက ၄င်း ရှာဖွေဖော်ထုတ်ခံရမှန်း သိသည်။ ၄င်းက ရှီဖုန်းဆီ အံ့သြဖွယ်ကောင်းသည့်အရှိန်ဖြင့် ဝင်လာ၏။ ရှီဖုန်း မတုံ့ပြန်ရသေးခင် ကြေးသွေးအရိပ်ဝံပုလွေက ၂၀ ကိုက်ကျော် နီးကပ်လာပြီးနောက် သူ့ရှေ့တွင် ရောက်လာသည်။ တုံ့ဆိုင်းမနေပဲ ၄င်းက လွှသွားဖြင့် ရှီဖုန်း၏ လည်ပင်းကို လွဲခုတ်လိုက်၏။
ရှီဖုန်းက ထိတ်လန့်အံ့အားသင့်သွားပြီး ခုခံခြင်း ဓားသွားကို အမြန်ထုတ်ဖော်လိုက်သည်။ လွှသွား ဓားမြှောင်နှစ်လက်က သူကို ထိဖို့ တစ်လက်မမျှသာ လိုတော့သည်။
သိပ်မြန်လွန်းသောကြောင့် ရှီဖုန်းက ထိတ်လန့်သွားတော့သည်။
သူ၏ လမ်းကြောင်းတွင် တစ်ယောက်ယောက်ရပ်နေခဲ့လျှင် ထိုသူက သေလူ ဖြစ်သွားနိုင်သည်။
ရှီဖုန်းက ခုခံခြင်းဓားသွားကို ချက်ခြင်း ထုတ်ဖော်လိုက်ပြီး သူက ကြေးသွေးအရိပ်ဝံပုလွေကို ရှာတွေ့သွားချိန်တွင် သူခေါင်းဖြတ်ခံရလုနီးပါး ဖြစ်သွားတော့သည်။
အသံတိတ်ကစားသမားများကို ခေါင်းဖြတ်နိုင်ရုံသာမက ၄င်းက DOD ကိုလည်း သွေးထွက်သံယို ဖြစ်စေပြီး သိသာသော ထိခိုက်မှု ဖြစ်စေနိုင်သည်။
ကစားသမားများက ဆိုင်းလန့်ဖြစ်သွားခဲ့လျှင် သူတို့က သူတို့၏ အခြေခံပေါ် မူတည်ပြီး သူတို့ကို သူတို့ ကာကွယ်နိုင်မှာ ဖြစ်သည်။ သို့သော် အဆင့်တူသည့် MT တောင် အရှင်အဆင့်ကို ၁၀ စက္ကန့်ထက် ပိုမခုခံနိုင်ပေ။
၄င်း၏ ပထမ တိုက်ကွက် မအောင်မြင်တာကို သဘောပေါက်လိုက်ပြီး ကြေးသွေးအရိပ် ဝံပုလွေက လှည့်ပြေးသွားကာ သူရှေ့မှ ချက်ခြင်း ပျောက်ကွယ်သွားသည်။ ချက်ခြင်းပင် ရှီဖုန်းနောက်၌ ပေါ်လာကာ နောက်ကျောကို ဓားဖြင့် ထိုးလိုက်သည်။ ကံကောင်းသည်မှာ ခုခံမှု ဓားသွားက ထိုတိုက်ကွက်ကို ကာလိုက်နိုင်ပြန်သည်။
အနောက်တွင် ရပ်နေသည့် ရေနှင်းဆီနှင့် ကျန်သည့်သူများက ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။
သူတို့သည် ကြေးသွေးအရိပ် ဝံပုလွေကို ၄င်းပထမ တိုက်ခိုက်သည့်အချိန်မှသာ မြင်ရတာ ဖြစ်သည်။ ပြီးနောက် မျက်တောင် တစ်ခက်အတွင်း ရှီဖုန်း၏ နောက်သို့ ရောက်သွားကာ နောက်တစ်ကွက် ထပ်တိုက်ခိုက်ပြန်သည်။
သို့သော် ရှားပါးသောအရှင်က လုပ်နိုင်တာ ပိုများသည်။ နောက်တစ်စက္ကန့်အတွင်း ၄င်းက တိုက်ကွက် ၆ ကွက်ထက်မနည်း ထုတ်ဖော်ခဲ့သည်။ ခုခံမှု ဓားသွားကလည်း ခွန်အားမဲ့သွားသည့်အလား ကြေးသွေးအရိပ်ဝံပုလွေက ရှီဖုန်း၏ ဝမ်းဗိုက်ဆီ ဒူးပျံကန်ချက် ပို့လိုက်၏။
ဒူးပျံကန်ချက်က ရန်သူ၏ တိုက်ပွဲဝင် ပုံစံကို အလွယ်တကူ ချိုးဖျက်နိုင်ပြီး ၄င်းကို လေထဲလွင့်ထွက်သွားစေကာ တိုက်ကွက်များကို တိုက်ခိုက်ရန် သို့မဟုတ် ရှောင်တိမ်းရန် ခက်ခဲသွားစေသည်။
ကြေးသွေးအရိပ်ဝံပုလွေ၏ ဒူးပျံကန်ချက်က ရှီဖုန်းကို မထိသေးခင် ရှားပါးသောအရှင်က လူကဲ့သို့ လှောင်ရယ်မှုကို ထုတ်ဖော်လိုက်၏။ ရုတ်တရက်တွင် ၄င်းက ပြောင်းပြန်လှည့်သွားကာ ၄င်း၏ အသွားတစ်လက်ဖြင့် ရှီဖုန်း၏ ရင်ဘက်ကို ထိုးစိုက်ရန်ပြင်ပြီး ရှီဖုန်းကို တစ်ကွက်ထဲဖြင့် အသက်နုတ်ရန် ရည်ရွယ်လိုက်၏။
” အစည်းအရုံးခေါင်းဆောင် …”
လူတိုင်းက စိတ်ပူပန်စွာ ကြည်နေကြသည်။
သို့သော် သူတို့အားလုံး ကူကယ်ရာမဲ့နေကြသည်။ ကြေးသွေးအရိပ်ဝံပုလွေက အလွန်မြန်လွန်းသည်။ သူတို့ နတ်ဘုရားနယ်မြေထဲတွင် စတင်ကစားပြီးချိန်မှစကာ ထိုမျှအရှိန်ကို ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။
သို့သော် လွှသွားဓားမြှောင့်က ရှီဖုန်း၏ နှလုံးကို စိုက်ခါနီး၌ သတ္ထုကို ထိသည့်အသံက အဖွဲ့၏ နားထဲရောက်လာသည်။
ကြေးသွေးအရိပ် ဝံပုလွေက ထိုအသံကို ကြားသောအခါ စိတ်ရှုတ်ထွေးသွားသည်။ သူ၏ တိုက်ခိုက်မှုကို ဂရုတစိုက်ကြည့်ပြီး သမန်းဝံပုလွေ၏ အေးစက်စက်အပြုံးက ရုတ်တရက် လွင့်ပြယ်သွားသည်။ ပြီးနောက် မကျေမချမ်း အပြုံးပြုံးကာ ၄င်း၏ အစွယ်ကို ထုတ်ပြီး အော်ငြီးလိုက်တော့၏။