ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 443 ပြီးဆုံးသည့်နှုန်း
နတ်ဘုရားနယ်မြေ၏ ဒုတိယ ဆင့်ကဲဖြစ်စဉ်ပြီးနောက် စကေး အသုံးပြုမှုက ကစားသမားများစွာအတွက် လိုအပ်လာခဲ့သည်။
ကျွမ်းကျင်ကစားသမားတောင် စနစ်သစ်နှင့် လိုက်ရောညီထွေဖြစ်ရန် အချိန်အတော်ကြာ ယူရသည်။
ရှီဖုန်း၏ အဖွဲ့က ကြယ်ကြွေကျွန်းထဲတွင် ထွက်ပေါက်ကို ရှာဖွေနေချိန် ချောက်ကမ်းပါးထဲရှိ နေထိုင်သူများကြားထဲရှိ တိုက်ပွဲက မရှောင်တိမ်းနိုင်တော့ပေ။
ကံကောင်းသည်မှာ ရှီဖုန်းသည် ကျန်သည့်သူများကဲ့သို့ ဒီလိုက်ရောညီထွေဖြစ်စဉ်ကို ခံနိုင်ရည် ရှိစရာမလိုပေ။ သူ၏ စကေးအများစုကို ထုတ်ဖော်ခြင်းက သူအတွက် ဒုတိယ သဘာဝဖြစ်နေသည်။ သူသည် အထူးလက်ရွေးစဉ် တစ်ချို့ကို ရင်ဆိုင်ရာတွင် ပြဿ နာ မရှိပေ။
ရေနှင်းဆီနှင့် ကျန်သည့်သူများကမူ လေ့ကျင့်ရန်အတွက် ထိုမွန်းစတားများကို အသုံးချကြသည်။
မီးလျှံကကြိုးနှင့် အရိပ်ပျံသန်းခြင်းတို့ကဲ့သို့ အနီးကပ်အမျိုးအစားများအတွက် အထူးသဖြင့် မှန်ကန်သည်။ လက်ရှိတွင် သူတို့ တစ်ယောက်ခြင်းဆီက အဆင့် ၂၇ လက်ရွေးစဉ် စစ်သည်တော် သမန်းဝံပုလွေစစ်သည်တော်နှင့် ရင်ဆိုင်နေရပြီး ၂ ယောက်လုံးက တိုက်ခိုက်နေစဉ် သူတို့၏ စကေးများကို ဆက်တိုက် ထုတ်ဖော်နေကြသည်။
မီးလျှံကကြိုးက စစ်မှန်သော မီးဓားသွားကို ထုတ်ဖော်ပြီး အနီရောင်လေးကိုင်းသဏ္ဍာန်ကို ဆွဲလိုက်ကာ သမန်းဝံပုလွေစစ်သည်တော်၏ ခန္ဓာကိုယ်ကို ဖြတ်သွား၏။ သွေးပွင့်များ ဖူးပွင့်လာပြီးနောက် လက်ရွေးစဉ် မွန်းစတား၏ ခေါင်းထက်တွင် -၂၇၄၉ ထိခိုက်မှုက ချက်ခြင်းပေါ်လာတော့သည်။ သို့သော် HP ၂၇၀၀၀ ပိုင်ဆိုင်ထားသော သမန်းဝံပုလွေစစ်သည်တော်အဖို့ ထိုထိခိုက်မှုက မပြောပလောက်ပေ။
စနစ် ; အူအသည်းနုတ်ခြင်း ပြီးမြောက်မှုနှုန်း ၅၆ ရာခိုင်နှုန်း၊ စကေးအာနိသင်၏ ရလဒ်တွင် ၆၉ ရာခိုင်နှုန်း၊ စကေးကျွမ်းကျင်မှု +၁
ၦ
တိုက်ပွဲဝင် စာဝင်လာတာကို တစ်ချက်ကြည့်ပြီး မီးလျှံကကြိုးက မျက်မှောင်ကြုတ်သွားကာ သူမ၏ ပြီးမြောက်သည့်နှုန်းကို မကျေမနပ် ဖြစ်သလို ခံစားရသည်။ သမန်းဝံပုလွေစစ်သည်တော်က ဒေါသတကြီးအော်လိုက်သည်။ ၄င်း၏ စစ်ပွဲတူကို ကိုင်မြောက်ကာ သူ့ရှေ့ရှိ လုပ်ကြံသတ်ဖြတ်သူကို လက်နက်ဖြင့် ဘန်းခနဲ့ ရိုက်လိုက်တော့သည်။ သူမ၏ ခြေထောက်ကို အနည်းငယ်ကြွလိုက်ပြီးနောက် မီးလျှံကကြိုးက စစ်ပွဲတူကို အလွယ်တကူရှောင်လိုက်သည်။ စစ်မှန်သောမီး ဓားသွားတစ်ဖက်ကို လှည့်ပတ်လိုက်ပြီး သူက သမန်းဝံပုလွေနောက်ကျောကို ဓားဖြင့် စိုက်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများက ရေစီးဆင်းသကဲ့သို့ ချောမွတ်နေ၏။
နောက်ကျောစိုက်ခြင်း
-၂၅၂၃
” အား …”
သမန်းဝံပုလွေစစ်သည်တော်က နာကျင်စွာ အော်ငြီးလိုက်သည်။
စနစ် ; နောက်ကျောထိုးစိုက်ခြင်း ပြီးမြောက်နှုန်း ၆၉ ရာခိုင်နှုန်း၊ စကေး အာနိသင်၏ ရလဒ်တွင် ၈၃ ရာခိုင်နှုန်း၊ စကေး ကျွမ်းကျင်မှု +၂
မီးလျှံကကြိုးက အူအသည်းနုတ်ခြင်းထက် နောက်ကျောထိုးခြင်း အကွက်တွင် ပိုကျွမ်းကျင်မှုရှိပြီး စကေး၏ ပြီးမြောက်သည့်နှုန်းက အဆင့်တစ် တစ်ခုလုံးနီးပါးသို့ ရောက်ရှိနေသည်။ သို့သော် မီးလျှံကကြို့က မကျေနပ်သေးပေ။ အတိတ်တွင်ဆိုပါက စစ်မှန်သော ဓားသွားကဲ့သို့ လက်နက်များမရှိလျှင်တောင် သူမက မြင့်မားသည့် ထိခိုက်မှုကို အလွယ်တကူ ထုတ်ပေးနိုင်သည်။
သမန်းဝံပုလွေ စစ်သည်တော်များအပေါ်တွင် အနည်းငယ်လေ့ကျင့်ပြီးနောက် မီးလျှံကကြိုးက တိုက်ပွဲဝင်စနစ်သစ်နှင့် လိုက်ရောညီထွေဖြစ်ရန် အလွန်ခက်ခဲတာကို သဘောပေါက်လာသည်။
နည်းကလည်း များပြားလွန်းသည်။ ကစားသမားတစ်ဦး၏ စကေး စွမ်းဆောင်ရည်က ကစားသမားတစ်ဦး၏ ပြီးမြောက်မှုနှုန်းပေါ် မူတည်နေသည်။ ယခင် စနစ်နှင့် မတူပဲ ကစားသမားများက အကွက်တိုင်းတွင် စကေးအာနိသင်၏ ၁၀၀ ရာခိုင်နှုန်းကို အသုံးပြုနိုင်တာ မဟုတ်တော့ပေ။
သို့သော် ယခုမူ ဒါမဖြစ်နိုင်တော့ပေ။
တစ်စုံတစ်ယောက်က စကေး၏ လှုပ်ရှားမှုများကို သင့်တော်အောင် မထုတ်ဖော်နိုင်ပါက ထိခိုက်မှုများက လျစ်လျူရှူခံရမှာ ဖြစ်သည်။
ထို့အပြင် တိုက်ပွဲအတွင်း အောင်မြင်စွာ လှုပ်ရှားနိုင်ရန်အတွက် ပိုတောင် ခက်ခဲသည်။ ဆိုရလျှင် တိုက်ပွဲက ယခင်ကထက် ၃ ဆ ခန့် ပိုခက်ခဲလာသည်။
မီးလျှံကကြိုးသည် ယခင်က အထူးလက်ရွေးစဉ် တစ်ကောင်စ ၂ ကောင်စကို တစ်ဦးထဲတိုက်ခိုက်နိုင်ပြီး မျိုးနွယ်စု အကြီးအကဲကို စိန်ခေါ်နိုင်သည်ဟု သက်မှတ်ခံထားရတာဖြစ်သည်။ သို့သော် ယခုအချိန်တွင် အထူးလက်ရွေးစဉ် စစ်သည်တော်က သူမအတွက် သာလွန်နေသည်။ မျိုးနွယ်စု အကြီးအကဲဆိုလျှင် မယှဉ်နိုင်ပေ။
တခြားနေရာတွင် အရိပ်ပျံသန်းခြင်းကလည်း မျက်မှောင်ကြုတ်ကာ တိုက်ခိုက်နေတော့သည်။ သူတိုက်ခိုက်လေလေ ပိုဒေါသထွက်လေ ဖြစ်သည်။
အနည်းငယ် အားစိုက်ထုတ်ပြီးနောက် မီးလျှံကကြိုးသည် သူမ၏ ပြီးမြောက်သည့်နှုန်းကို ၅၀ ရာခိုင်နှုန်းကျော်ထိ မြင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏ နောက်ကျောစိုက်ခြင်းက ၃၀ ရာခိုင်နှုန်းပြီးမြောက်ခြင်းသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး တစ်ဖက်တွင် အရိပ်ပျံသန်းခြင်းက နောက်ကျောစိုက်ခြင်း ၅၀ ရာခိုင်နှုန်းသာ ထုတ်ဖော်နိုင်သေးပြီး ၄င်းက သူပိုင်ဆိုင်သမျှ အရိုးရှင်းဆုံး စကေးများထဲမှ တစ်ခု ဖြစ်ကာ ထိုစကေးအတွက် စကေးကျွမ်းကျင်မှု တစ်မှတ်သာ ရရှိသေးသည်။ သူ၏ ကျန်သည့် စကေးများအတွက်မူ ပြီးမြောက်သည့်နှုန်းက ၅၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။
မီးလျှံကကြိုး၊ အရိပ်ပျံသန်းခြင်းတို့နှင့် ယှဉ်လျှင် အချိန်အချို့ လေ့ကျင့်ပြီးနောက် အဖွဲ့၏ မေ့စ်များက ပိုမြင့်မားသည့် ပြီးမြောက်ခြင်းနှုန်းကို အလွယ်တကူ ထုတ်ဖော်နိုင်သည်။ သူတို့က ၆၀ ရာခိုင်နှုန်း သို့မဟုတ် သူတို့စကေးဖြင့် ပိုမြင့်မှုကို ထုတ်ဖော်နိုင်သည်။ သို့သော် ၂ ယောက်က ထုတ်ဖော်သည့် ကွဲပြားသည့် နည်းလမ်းရှိခြင်းကြောင့်သာ ဖြစ်သည်။ မေ့စ်များက စကေးကိုအသုံးပြုလျှင် သူတို့က ဂါထာရွတ်ဆိုခြင်း၊ လမ်းကြောင်းလှည့်ပတ်ခြင်းတို့ လုပ်ရသည်။ အချို့သောစကေးများက လက်ဟန်နှင့် ရိုးရှင်းသော ဂါထာရွတ်ဆိုမှုများသာ လိုအပ်သည်။ ထို့ကြောင့် သူတို့က ထုတ်ဖော်ရန် လွယ်ကူလှသည်။ သူတို့၏ လက်ရှိ ရွတ်ဆိုမှုအချိန်က ယခင်ထက် ပိုကြာလာတာသာ ဖြစ်သည်။ အဆင့်မြင့် ဂါထာများအတွက် အထူးသဖြင့် မှန်ကန်၏။
အားလုံးက သူတို့၏ စကေးများကို လေ့ကျင့်နေစဉ် အဖွဲ့ထိပ်တွင် ရပ်နေသော ရှီဖုန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဆောင်ရွက်လိုက်၏။
သမန်းဝံပုလွေ စစ်သည်တော် တစ်ဒါဇင်နှင့် ရင်ဆိုင်ရသောအခါ ရှီဖုန်းက ရှေ့သို့သွားကာ မိုးကြိုးလျှပ်တပြက်ကို ထုတ်ဖော်လိုက်၏။
တစ်ချက်၊ ၂ ချက်၊ ၃ ချက် ။
အပြာရောင် လျှပ်စီး ၅ ချက်က လက်ရွေးစဉ် မွန်းစတားများကို ဖြတ်ကျော်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ထိခိုက်မှုများက သူတို့ခေါင်းထက်တွင် တစ်ဆက်ထဲ ပေါ်လာတော့သည်။
-၂၀၆၀၊ -၂၇၀၆၊ -၃၅၂၁၊ -၄၅၄၃၊ -၆၀၂၀ ။
ချက်ခြင်းပင် သမန်းဝံပုလွေစစ်သည်တော် တစ်ဒါဇင်က သူတို့ HP တစ်ဝတ်နီးပါး ကုန်ဆုံးသွားပြီ ဖြစ်သည်။ အချို့ဆို သေစေနိုင်သည်အထိ နိမ့်သွားသည်။ ထို့အပြင် မိုးကြိုးလျှပ်တပြက်၏ ထိခိုက်မှု ချဲ့ထွင်အရောင်တင်မှုကြောင့် သူတို့သည် နောင်လာမည့် တိုက်ခိုက်မှုများမှ ၃၀ ရာခိုင်နှုန်း ထိခိုက်မှု အပိုစောင်း လက်ခံရရှိမှာ ဖြစ်သည်။
ထိုသို့တိုင် ထိခိုက်မှုများက မိုးကြိုးလျှပ်တပြက်၏ ပြီးမြောက်သည့်နှုန်းနှင့် ယှဉ်လျှင် ဘာမှမဟုတ်သေးပေ။
စနစ် ; မိုးကြိုးလျှပ်တပြက် ပြီးမြောက်ခြင်းနှုန်း ၈၀ ရာခိုင်နှုန်း၊ စကေးအာနိသင်၏ ရလဒ်တွင် ၉၇ ရာခိုင်နှုန်း၊ စကေး ကျွမ်းကျင်မှု +၃ ။
သူတိုက်ခိုက်ပြီးနောက် ရှီဖုန်းက လေထဲသို့ ချက်ခြင်း ခုန်တက်လိုက်သည်။ သူက မှော်နက်ဓားသွားကို ခပ်မြင့်မြင့်မြောက်ကာ လျှပ်စီးနှင့် မီးစွမ်းအားများက ဓားထဲ၌ ထွက်ပေါ်လာ၏။ ပြီးနောက် သူက သမန်းဝံပုလွေများ စုဝေးနေသည့်နေရာကို လက်နက်ဖြင့် လွဲခုတ်လိုက်တော့သည်။
ဖုန်း …။
၁၀ ကိုက်ပတ်လည်အတွင်းရှိ စစ်သည်တော်များ အားလုံးက မေ့လျော့သည့် အခြေအနေသို့ ချက်ခြင်းကျရောက်သွားပြီး -၇၀၀၀ ထိခိုက်မှု ရရှိသွားသည်။ သေသေနိုင်သည့်အမှတ်ကို ထိခိုက်သွားကြသူများက -၁၄၀၀ ထိခိုက်မှု ဖြစ်သွားကြ၏။ သမန်းဝံပုလွေ စစ်သည်တော်များက HP များ အလွန်လျော့နည်းကုန်တော့သည်။
စနစ် ; စကေးအာနိသင်၏ ၈၉ ရာခိုင်နှုန်း ရလဒ်တွင် မိုးကြိုးမီးတောက်ပေါက်ကွဲခြင်း ပြီးမြောက်သည့်နှုန်း ၇၄ ရာခိုင်နှုန်း၊ စကေးကျွမ်းကျင်မှု +၂ ။
ရှီဖုန်းက မြေပြင်ပေါ်သို့ ရောက်သည်နှင့် သူက ခုတ်ထစ်ခြင်းကို ထုတ်ဖော်ကာ သမန်းဝံပုလွေ စစ်သည်တော်များကို ၃ ချက် တိုက်ခိုက်လိုက်ပြီး တစ်ခုဆီတွင် -၁၈၀၀ ဖြစ်သွားစေ၏။
စနစ် ; စကေး အာနိသင်၏ ၁၀၀ ရာခိုင်နှုန်းတွင်ရလဒ် ခုတ်ထစ်ခြင်းပြီးမြောက်ခြင်းနှုန်း ၈၅ ရာခိုင်နှုန်း၊ စကေး ကျွမ်းကျင်မှု +၃ ။
ခဏအတွင်း၌ ရှီဖုန်းက သမန်းဝံပုလွေ တစ်ဒါဇင်ကျော်ကို သုတ်သင်ခဲ့ပြီး ဖြစ်သည်။
ခပ်ဝေးဝေးတွင် ရပ်နေစဉ် ရေနှင်းဆီနှင့် ကျန်သည့်သူများက ရှီဖုန်း၏ တိုက်ပွဲကို ကြည့်ပြီးနောက် အာဆေးမိနေကြသည်။
အဖွဲ့၏ အဖွဲ့ဝင်တိုင်းက မြင့်မားသည့် စကေး ပြီးမြောက်နှုန်းကို ရရှိရန် မည်မျှ ခက်ခဲမှန်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ သို့သော် ရှီဖုန်း၏ အောက်မြင်မှုကို မြင်သောအခါသူတို့က ထိတ်လန့်မှုသာ ခံစားရတော့သည်။
သမန်းဝံပုလွေ စစ်သည်တော် တစ်ဒါဇင်ကျော်ကို ရှီဖုန်းသတ်ဖြတ်မှု အတွက်တော့ မည်သူမှ ဘာမှ ပြောစရာ မရှိပေ။ သမန်းဝံပုလွေ စစ်သည်တော်များက လက်ရွေးစဉ် မွန်းစတားမျှသာ ဖြစ်သည်။ ရှိနေတဲ့သူ အားလုံးက သူတို့ကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။ သူတို့၏ စကေးများကို အသုံးပြုရာတွင် ပြဿ နာများသော်လည်း သူတို့၏ အခြေခံ တိုက်ခိုက်မှုများက သူတို့၏ ချပ်ဝတ်တန်ဆာများကြောင့် အလွန်အားကောင်းနေဆဲ ဖြစ်သည်။ ထိုလက်ရွေးစဉ်များကို ဖြေရှင်းရန်က အချိန်တစ်ခုသာ လိုအပ်သည်။
သူတို့ ထိတ်လန့်ရသည့် အကြောင်းအရင်းက ရှီဖုန်း၏ စွမ်းရည်သည် ပြီးမြောက်သည်နှုန်း ၈၀ ရာခိုင်နှုန်းအထက်သို့ ရောက်နေသောကြောင့် ဖြစ်သည်။ သူတို့ ၄ နာရီကျော် လေ့ကျင့်ပြီးသည့်နောက် သူတို့သည့် ၅၀ ရာခိုင်နှုန်းအထက်သာ ရရှိခဲ့ကြသည်။ ထို့အပြင် မိုးကြိုးမီးတောက် ပေါက်ကွဲခြင်းကို အသုံးပြုသည့်အချိန်၌ ရှီဖုန်းထုတ်ဖော်သည့်စကေးက အနည်းဆုံးပြီးမြောက်သည့်နှုန်း ၇၀ ရာခိုင်းနှုန်း အထက်တွင် ရှိသည်။
သို့သော် ၄င်းက အသိအမှတ်ပြုစရာ အဖြစ်ဆုံး မဟုတ်သေးပေ။ ရှီဖုန်း၏ သာမန်အသုံးပြုမှုနှင့် သူ၏ စကေးများကို ချိတ်ဆက်မှုက သူတို့ကို အထင်ကြီးစေသည်။ သူတို့က မည်ကဲ့သို့ မထိတ်လန့်ပဲ နေမည်နည်း။
” အစည်းအရုံးခေါင်းဆောင် …။ ကျွန်မတို့ရဲ့ စကေးပြီးမြောက်မှုနှုန်းတွေကို တိုးတက်အောင် ဘယ်လို လုပ်ရမလည်းဆိုတာ မသင်ပေးနိုင်ဘူးလား …”
ရေနှင်းဆီက ရှီဖုန်း၏ အလွန်မြင့်သော ပြီးမြောက်နှုန်းကို အားကျပြီး လေးစားနေ၏။
” ဟုတ်တယ် …။ ကျုပ်တို့ အများကြီး တောင်းဆိုတာမှ မဟုတ်တာ …။ ပြီးမြောက်မှုနှုန်း ၇၀ ရောက်နိုင်ရင် ကျေနပ်ပါပြီ …”
ဘလက်ကီ၏ ပြီးမြောက်မှုနှုန်းက သူ့ကို ခေါင်းခဲစေသည်။
အစတွင် သူတို့၏ ပြီးမြောက်သည့်နှုန်းများ အတော်လေး တိုးတက်လာသည်။ နာရီဝက်အတွင်း သူတို့က ၅၀ ရာခိုင်နှုန်း တိုးတက်မှု ရရှိခဲ့သည်။ သို့သော် ၄င်းက ၅၀ ရာခိုင်နှုန်းအထိ တိုးရန်အတွက် ၃ နာရီတောင် အချိန်ယူခဲ့ရသည်။ ထို့အပြင် ပိုမြင့်သည့်နှုန်း ရောက်ရန် သူတို့၏ ပြီးမြောက်သည့်နှုန်းကို မြင့်ဖို့က ပိုစိန်ခေါ်စရာ ဖြစ်လာသည်။ ယခုမှု သူတို့၏ ပြီးမြောက်သည့်နှုန်းက အခြေခံအားဖြင့် မြင့်လာပြီး ဖြစ်သည်။
၆၀ ဝန်းကျင်နှင့် သူတို့က သူတို့ စကေး၏ အလားအလာကို ၆၀ ကနေ ၇၀ ရာခိုက်နှုန်းအထိ ပြသနိုင်သည်။ သူတို့သာ သူတို့၏ ပြီးမြောက်သည့်နှုန်းကို ၇၀ ရာခိုင်နှုန်းတွင် ထိန်းထားနိုင်ပါက ယခင် ခွန်အား အားလုံး နီးပါးကို ပြနိုင်မှာ ဖြစ်၏။
စကေးတစ်ခုက ၈၅ ရာခိုင်နှုန်းပြီးမြောက်သည့် အချိန်တွင် ၄င်းအာနိသင်၏ ၁၀၀ ရာခိုင်နှုန်းကို ပေါ်လွင်လာစေမှာ ဖြစ်သည်။ ပြီးမြောက်သည့်နှုန်းက ၈၅ ရာခိုင်နှုန်းကို ကျော်သွားလျှင် စကေးအာနိသင်က ၁၀၀ ရာခိုင်နှုန်း ကျော်သွားလိမ့်မည်။
သူတို့စကေးများ၏ ပြီးမြောက်သည့်နှုန်းကို ၈၅ ရာခိုင်နှုန်းကျော်အောင် မြင့်နိုင်ပါက တိုက်ပွဲစွမ်းအားက သူတို့ ယခင်စွမ်းအားထက် ကျော်သွားမှာ ဖြစ်သည်။
အားလုံးက ထိုနေ့ ရောက်လာမည့်နေ့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ ကံဆိုးသည်မှာ စနစ်သစ်၏ စိန်ခေါ်မှုကို မည်သို့ ကျော်လွှားရမည်မှန်း သူတို့ မသိကြပေ။
” မင်းတို့ ပြီးမြောက်တဲ့နှုန့်းတွေ မြန်မြန် ဘယ်လိုတိုးရမလဲဆိုတာ တကယ်သိချင်လား …”
ရှီဖုန်းက ကျလာသည့်ပစ္စည်းများကို ရှင်းလင်းပြီးနောက် မေးလိုက်သည်။ သူ၏ အဖွဲ့ဝင်များကို ကြည့်ပြီးနောက် မရယ်မောပဲ မနေနိုင်တော့ပေ။