ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 444 ကျွမ်းကျင်သူတစ်ဦး၏ လမ်းကြောင်း
ရေနှင်းဆီနှင့် ဇီးရိုးဝင်း၏ ကျန်သည့်သူများက ရှီဖုန်း၏ အမေးကို အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။ သူတို့သာ သူတို၏ စကေးပြီးမြောက်သည့်နှုန်းကို လျင်မြန်စွာ မြင့်တင်နိုင်ခဲ့လျှင် သူတို့၏ ခွန်အားကလည်း နောက်တစ်ဆင့်သို့ လျင်မြန်စွာ တက်သွားမှာ ဖြစ်သည်။ ၄င်းက သူတို့၏ ပန်းတိုင်ဖြစ်တာ သဘာဝကျသည်။
” ဒါတကယ် လွယ်ပါတယ် …။ များများစဉ်းစား များများလေ့ကျင့် …”
ရှီဖုန်းက ပွင့်ပွင့်လင်းလင်းပြောသည်။
” များများစဉ်းစား များများလေ့ကျင့်ရမှာလား …”
တစ်ဖွဲ့လုံးက သူတို့အစည်းအရုံးခေါင်ဆောင်ကို မျက်စောင်းထိုးကြတော့သည်။
သူတို့သည် တစ်ချိန်လုံး ထိုအတိုင်းလုပ်ခဲ့တာ ဖြစ်သည်။ သို့သော် သူတို့၏ အကန့်အသက်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
” ဟုတ်တယ် …။ များများစဉ်းစား များများလေ့ကျင့် တခြားနည်းလမ်း မရှိဘူး …။ နတ်ဘုရားနယ်မြေထဲမှာ စကေးတိုင်းရဲ့ လှုပ်ရှားမှုက သူရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်ရှိတယ် …။ အရင်ဆုံး ဒီလိုလုပ်ရှားမှုတွေ ဘာကြောင့် လိုအပ်လည်းဆိုတာကို စဉ်းစား …။ ပြီးရင် အဲဒါတွေကို ထုတ်သုံး …။ မင်းတို့တွေက ကြောင်တစ်ကောင်ကိုကြည့်ပြီး ကျားတစ်ကောင်ပုံစံကို ဆွဲဖို့ ကြိုးစားနေတာပဲ …။ လေ့ကျင့်ဖို့ ဗွီဒီယိုတွေကို တုပလုပ်ရုံနဲ့ မင်းတို့တွေ တိုးတက်မှာ မဟုတ်ဘူး …”
ရှီဖုန်းက သူ့အဖွဲ့ဝင်များ၏ စိတ်နှလုံးနဲ့ စိတ်အားထက်သန်မှုများပြည့်နေတာကို သတိပြုမိသည်။ သို့သော် မည်သူကမှ တစ်ညကျော်လျှင် ပိုကျွမ်းကျင်တာမျိုး မဖြစ်နိုင်ပေ။
နတ်ဘုရားနယ်မြေ၏ ဒုတိယဆင့်ကဲဖြစ်စဉ်ပြီးနောက် ကစားသမားများက အချိန်အတော်ကြာ အတွေ့အကြုံ ချို့တဲ့တာမျိုး ဖြစ်ပေလိမ့်မည်။ ကျွမ်းကျင်သူများသည်လည်း ချွင့်ချက် မဟုတ်ပေ။
ကစားသမားများစွာက ရုတ်တရက် အားနည်းမှုများနှင့် ရုန်းကန်ရပြီး အောင်ပွဲကနေ ကျဆင်းလာကြသည်။ သို့သော် ၄င်းက နတ်ဘုရားနယ်မြေ၏ ဒုတိယဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်ပြီး သာမန်ကစားသမားများနှင့် ကျွမ်းကျင်သူများကြား ပိုပြီး သိသာထင်ရှားလာသည့်အရာ ဖြစ်သည်။
ယခင်က ကစားသမားတစ်ဦး၏ ခွန်အားသည် သူတို့၏ ချပ်ဝတ်တန်ဆာနှင့် နည်းစနစ်များပေါ် မူတည်သည်။ ဒုတိယဆင့်ကဲ ဖြစ်စဉ်ပြီးနောက် ကစားသမားတစ်ဦး၏ ခွန်အားက သူတို့စကေး ပြီးမြောက်သည့်နှုန်းပေါ် အဓိကအားဖြင့် မူတည်သည်။ ထိုစနစ်သစ်ဖြင့် တစ်စုံတစ်ယောက်က ကစားသမားတစ်ဦးသည် နဂါးတစ်ကောင်လား။ တီကောင်တစ်ကောင်လား ဆိုတာကို ချက်ခြင်းပြောနိုင်ပေသည်။
သာမန်ကစားသမား၏ စကေးပြီးမြောက်နှုန်းက ပုံမှန်ဆို ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအတွင်းရှိပြီး စံသတ်မှတ်ချက်ရှိ ကစားသမားများက စတင်သူများအဖြစ် သတ်မှတ်နိုင်သည်။ ၆၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ပြီးမြောက်သည့်နှုန်းရှိသော ကစားသမားများက လက်ရွေးစဉ်အဆင့်များ ဖြစ်ကြသည်။ ၇၁ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ပြီးမြောက်သည့်သူများက ကျွမ်းကျင်သူများ ဖြစ်ကြကာ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းကတော့ နတ်ဘုရားနယ်မြေ၏ ထိပ်တန်းလွှာ ကစားသမားများ ဖြစ်ကြသည်။ ပြီးမြောက်သည့်နှုန်း ၉၀ ရာခိုင်နှုန်းအထက် ကစားသမားများက ဖီးနစ်၏ ငှက်မွှေးများကဲ့သို့ ရှားပါးလွန်းသည်။
အတိတ်တုန်းက ရှီဖုန်း၏ အကောင်းဆုံးစံချိန်သည် ၈၇ ရာခိုင်နှုန်းဖြစ်သည်။ သူသည် ထိပ်တန်းအလွှာ ကျွမ်းကျင်သူကို ကျော်ရန် ၃ ရာခိုင်နှုန်းသာ လိုသော်လည်း ကွာဟချက်က မိုးနဲ့ မြေသာ ဖြစ်သည်။ မီးလျှံကကြိုးနှင့် ကျန်သည့်သူများက နာရီပိုင်းအတွင်း လေ့ကျင့်ရုံဖြင့် ထိုသို့ ရလဒ် ရရှိခြင်းက အထင်ကြီးဖွယ် ကောင်းနေပြီးသား ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ ဒုတိယဆင့်ကဲဖြစ်စဉ်ပြီးနောက် ကစားသမားများစွာက မွန်းစတားများကို တစ်ကောင်ခြင်း မသတ်ရဲတော့ပေ။ ကစားသမားများက ပြီးမြောက်သည့်နှုန်း ၅၀ ရာခိုင်နှုန်း ရရှိရန် သူတို့ စကေးများကို ရက်အတော်ကြာ လေ့ကျင့်ခဲ့ရသည်။
၅၀ ရာခိုင်နှုန်း ပြီးမြောက်သည့်နှုန်း ရရှိထားသည့် ကစားသမားများက တစ်ယောက်ခြင်းသတ်ရန် လုံလောက်အောင် သန်မာနေပြီ ဖြစ်သည်။ မဟုတ်ပါက မလုံလောက်သော ပြီးမြောက်မှုနှုန်းဖြင့် သူတို့၏ ထိခိုက်မှုက လျသ်လျူရှူခံလိုက် ရမှာဖြစ်သည်။ ထိုအပြင် နတ်ဘုရားနယ်မြေထဲရှိ ကစားသမားအများစုက မွန်းစတားများကို သတ်ရန်သူတို့၏ စကေးများကို မှီခို အားထားရသည်။ ထို့ကြောင့် ပြီးမြောက်သည့်နှုန်း လုံလောက်မှု မရှိလျှင် ကစားသမားများက တစ်ယောက်ထဲ ရိတ်သိမ်းပါက သေခြင်းတရားကိုသာ ရှာတွေ့မှာ ဖြစ်သည်။
” လိုအပ်တဲ့ လှုပ်ရှားမှုတွေရဲ့ အရေးကြီးမှုကို ချိန်စတာလား …”
မီးလျှံကကြိုးက တွေးတောလိုက်၏။
” စကေးရဲ့ နည်းစနစ်တွေကို သိသာထင်ရှားဖို့အတွက် ဒီလို လုပ်ရမှာလား …”
မီးလျှံကကြိုးက တိုက်ပွဲအတွင်း နောက်ကျောထိုးစိုက်ခြင်း အသုံးပြုခဲ့တာကို သူမ ပြန်စဉ်းစားလိုက်သည်။ အတိတ်တုန်းက သူမသည် သူမ၏ ပြိုင်ဘက်ကို အနောက်ကနေ တိုက်ခိုက်ရမည့်နည်းလမ်းကို အမြဲတမ်းစဉ်းစားပြီး ပိုကျွမ်းကျင်စွာ နောက်ကျောထိုးခြင်းကို မည်သို့ အသုံးပြုရမည်မှန်း ဘယ်တုန်းကမှ မစဉ်းစားဖူးပေ။
သို့သော် နောက်ကျောထိုးခြင်း လက်တွေ့ဗွီဒီယိုများထဲတွင် ကစားသမားက ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ပထမဦးစွာ ရှောင်မှာဖြစ်ပြီး သူ၏ လက်နက်ဖြင့် ပြန်တိုက်ပြီးနောက် တစ်ပတ်လည်ကာ အနောက်ရှိရန်သူကို တိုက်ခိုက်ပြီး သူ၏ လက်နက်ဖြင့် ပြိုင်ဘက်၏ နောက်ကျောကို ထိုးစိုက်လိုက်မှာ ဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးက ချောမွေ့ပြီး သက်ရောက်မှုရှိကာ ပိုမြန်ဆန် ပိုတိကျပြီး သူမ၏ ယခင်တိုက်ခိုက်ရေးနည်းလမ်းများထက် ရှောင်တိန်းရ ပိုခက်ခဲသည်။
ထိုအချက်ကို စဉ်းစားမိသောအခါ မီးလျှံကကြိုးက စမ်းသက်ရန်အတွက် သမန်းဝံပုလွေစစ်သည်တော်ကို စိတ်မရှည်လက်မရှည် ရှာဖွေနေတော့သည်။
ယခုအခေါက်တွင် မီးလျှံကကြိုးက လျှို့ဝှက်ပြီး မသွားတော့ပေ။ ထိုအစား သူမက လက်ရွေးစဉ် မွန်းစတားတစ်ကောင်ကို မြားခေါ်လိုက်ပြီး သမန်းဝံပုလွေစစ်သည်တော်က မီးလျှံကကြိုးကို မြင်သည့်အချိန်၌ ၄င်းက အော်ငြီးကာ မဟာဓားများဖြင့် လက်ကြံသတ်ဖြတ်သူကို ပိုင်းဖြတ်နိုင်သည်။
မီးလျှံကကြိုးက ဝင်လာသည့် တိုက်ကွက်ကို ရှောင်ရန် ချက်ခြင်းမကြိုးစားခဲ့ပေ။ အဲဒီအစားသူမက သမန်းဝံပုလွေစစ်သည်တော်၏ဓား မလှုပ်ရှားခင် အရှိန်အမြင့်ဆုံးအထိ ရောက်လာတာကို စောင့်နေလိုက်သည်။ မီးလျှံကကြိုးက ဘေးသို့မရှောင်ခင် ရှေ့သို့ တစ်လှမ်းတိုးပြီးနောက် နောက်ဆုံးအချိန်၌ ဓားကိုရှောင်လိုက်၏။ စစ်မှန်သောမီးဓားသွားပေါ်၌ သူမ၏ ခိုင်မြဲစွာဆုတ်ကိုင်ထားမှုကို ပြောင်းပြန်လှည့်လိုက်ပြီးနောက် တစ်ပတ်လည်ကာ သမန်းဝံပုလွေ၏ နောက်ကျောကို ဓားဖြင့် ခုတ်လိုက်သည်။ သူမ ခန္ဓာကိုယ်၏ လှည့်ပတ်သည့် စွမ်းအားကြောင့် ဓား၏ အရှိန်ကလည်း တိုးလာခဲ့သည်။ ထိုမျှ မြန်ဆန်သည့်တိုက်ခိုက်မှုကို ရှီဖုန်းတောင် မရှောင်နိုင်လောက်ပေ။ သမန်းဝံပုလွေဆိုရင် ပိုတောင်မရှောင်နိုင်ပေ။
ဟား …။
စစ်မှန်သောမီးဓားသွားက သမန်းဝံပုလွေ စစ်သည်တော်၏ နောက်ကျောကို ဖောက်သွားပြီး ၄င်း၏ ခေါင်းထက်တွင် -၂၇၃၆ ထိခိုက်မှု ပေါ်လာသည်။
စနစ် ; စကေးအာနိသင်၏ ၉၀ ရာခိုင်နှုန်းရလဒ်တွင် နောက်ကျောထိုးစိုက်ခြင်း ပြီးမြောက်နှုန်း ၇၆ ရာခိုင်နှုန်း၊ စကေးကျွမ်းကျင်မှု +၂ ။
ထိုစနစ် အသိပေးစာကို မြင်သောအခါ မီးလျှံကကြိုး၏ မျက်လုံးများက တောက်ပသွားသည်။ သူမက အမှောင်ထဲတွင် လမ်းကြောင်း တစ်ခုကို ရှာတွေ့သွားသည့်အလား သူမ၏ ယုံကြည်ချက်က ရုတ်တရက် ထိုးတက်သွားသည်။
ထိုကြောင့် သူမက သမန်းဝံပုလွေစစ်သည်တော်ပေါ်၌ နောက်ကျောထိုးစိုက်ခြင်းကို ဆက်လက်လေ့ကျင့်နေသည်။ စကေး၏ ကူးလ်ဒေါင်း ပြီးမြောက်သွားချိန်၌ သူမက ထပ်မံ စပြန်သည်။ အဆုံးတွင် သနားစရာ သမန်းဝံပုလွေ စစ်သည်တော်က မီးလျှံကကြိုးသူ့ကို ၅ မိနစ်ကျော်ကျော် ဆော့ကစားပြီးနောက် သေသွားတော့သည်။
” အစ်မ မီးလျှံကကြိုးက တကယ် အံ့သြဖို့ ကောင်းတာပဲ …။ နောက်ဆုံး တစ်ချက်ဆို ၇၈ ရာခိုက်နှုန်းတောင် ရောက်သွားပြီ …”
အရိပ်ပျံသန်းခြင်း၏ လေးစားမြတ်နိုးမှုက မီးလျှံကကြိုး သမန်းဝံပုလွေပေါ်၌ နောက်ဆုံးအသုံးပြုလိုက်သည့် နောက်ကျောထိုးစိုက်ခြင်းကို မြင်သောအခါ တက်သွားတော့သည်။
မီးလျှံကကြိုး၏ လှုပ်ရှားမှုကို ကြည့်ပြီးနောက် သူတို့လည်း သဘောပေါက်သွားသည့်အလား လေ့ကျင့်ရန် ကိုယ်ပိုင်ပစ်မှတ်များကို အားလုံးက အမဲလိုက်ကြတော့သည်။
ထိုစဉ် ရှီဖုန်းက ထွက်ပေါက်အတွက် တိတ်တဆိတ်ရှာဖွေနေပြီး ဘာမှတ်ချက်မှ မပြုပေ။
များပြားလွန်းသော လမ်းညွှန်မှုက မီးလျှံကကြိုးနှင့် ကျန်သည့်သူများကို သူ့နည်းတစ်ခုသာ တစ်ခုတည်းသောနည်း ဖြစ်ကြောင်း ယုံကြည်သွားစေလိမ့်မည်။ သို့သော် လူတိုင်းတွင်လည်း ကိုယ်ပိုင်လမ်းကြောင်းရှိပြီး တစ်မူထူးခြားသည့် တိုက်ခိုက်ရေး အလေ့အကျင့်များ ရှိသည်။ ကွဲပြားသည့်အလေ့အကျင့်များနှင့် ကိုယ်ပိုင် ခန္ဓာကိုယ်ပုံစံကြောင့် ကွဲပြားသည့် စကေး နည်းစနစ်များ ရလာနိုင်သည်။ သူတို့သာ သူ့နောက် မျက်ကန်းလိုက်လာပါက သူတို့သည် အချိန်တိုအတွင်း တိုးတက်လာနိုင်သော်လည်း သူ၏ အနာဂတ် တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်နစ်နာစေပေလိမ့်မည်။ ထို့ကြောင့် သူသည် ကိစ္စရပ်များကို သူတို့ဘာသာ ရှာဖွေဖော်ထုတ်စေလိုခြင်း ဖြစ်သည်။
အတိတ်တုန်းက ရှီဖုန်းသည် မှန်ကန်သည့် ကျွမ်းကျင်သူများကို တုပရန် ကြိုးစားခဲ့သည်။ သူ၏ နည်းစနစ်များ တိုးတက်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ အကွက်တိုင်းကို တုခဲ့၏။ ကံဆိုးသည်မှာ သူ၏ လှုပ်ရှားမှုများက အဆိုးဘက်သို့ ဦးတည်နေကြောင်း မည်သူကမှ သူကို သတိမပေးခဲ့ပေ။
သူ၏ ခွန်အားက အချိန်တိုအတွင်း တိုးတက်ခဲ့သော်လည်း အဆုံးတွင် ထိပ်တန်းအလွှာ ကျွမ်းကျင်သူအနေဖြင့် ပိတ်မိသွားခဲ့သည်။ သူမည်မျှ ကြိုးစားစေကာမူ နောက်ဆုံးအတားအဆီးကို မကျော်နိုင်ခဲ့ပေ။ အတိတ်တုန်းက သူသည် လေဟာနယ် ခြေလှမ်းကို အသုံးမပြုနိုင်ခဲ့။ သို့သော် ပြန်လည်မွေးဖွားပြီးနောက် ရှီဖုန်းသည် သူနှင့် အသင့်တော်ဆုံး လမ်းကြောင်းက အကောင်းဆုံးလမ်းကြောင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူက တခြားသူ မဟုတ်။ ထို့ကြောင့် သူသည် တခြားတစ်ယောက်၏ လမ်းကြောင်းကို လိုက်လျှင် မည်သို့ ရရှိနိုင်မည်နည်း။
အဆုံးတွင် ထိုသဘောပေါက်သွားမှုက သူကို ဤ ဘဝ၌ လေဟာနယ်ခြေလှမ်းကျွမ်းကျင်သူ ဖြစ်လာစေကာ ပိုသန်မာလာသည်။
သို့သော် လေဟာနယ်ခြေလှမ်းကို သင်ယူခြင်းက ဆင်တူအောင် တုပခြင်းမှ တစ်လှမ်းဝေးရုံအပြင် ဘာမှ မဟုတ်ပေ။ သူတွင် သွားစရာ လမ်းကြောင်း အရှည်ကြီး ရှိသေးပြီး သူ၏ လမ်းကြောင်းကို ကိုယ်တိုင်မတူးဖော်နိုင်သေးခင် ကျန်သည့် ပညာရပ်များကိုလည်း လေ့လာရဦးမှာ ဖြစ်သည်။
အချိန်အတိုင်းအတာ တစ်ခုအတွက် ကြယ်ကြွေမြေက ရှီဖုန်းနှင့် သူ၏ အဖွဲ့ဝင်များအတွက် စမ်းသက်စရာ မြေပြင် ဖြစ်လာတော့သည်။
၄င်းကို သဘောမပေါက်ဘဲ သူတို့က ကြယ်ကြွေမြေတွင် ၇ နာရီခန့် ကုန်ဆုံးခဲ့ကြပြီး ထိုကာလအတွင်း သူတို့က အဆက့် ၂၇ လက်ရွေးစဉ်အဆင့် သမန်းဝံပုလွေ စစ်သည်တော်များစွာကို သတ်ခဲ့သည်။ အားလုံး၏ စကေးပြီးမြောက်နှုန်းက ယခု အချိန်အတွင်း တက်လာတော့သည်။ သူတို့က ၇၀ ရာခိုင်နှုန်းအထက် မရောက်နိုင်သော်လည်း ၆၀ ရာခိုင်နှုန်းအထက်ရအောင် ထိန်းထားနိုင်ဆဲသည်။ အဖွဲ့ကလည်း ကြယ်မီးသတ္ထုရိုင်း ၁၃၀၀ ကို တူးဖော်နိုင်ခဲ့ပြီး သူတို့၏ တူးဖော်မှုက သလင်းဂူအပြင်ဘက်တွင် တူဖော်တာထက် ပိုပြီး သက်ရောက်မှု ရှိသည်။ ယခုမူ သူတို့က ကြယ်မီးသတ္ထုရိုင်း ၂၀၀၀၀ ကျော်ကို စုဆောင်းပြီ ဖြစ်သည်။
ကြယ်မီးသတ္ထုရိုင်း ပမာဏများစွာက ရွှေ ၂၀၀ တန်သည်။ ရှီဖုန်းက သတ္ထုရိုင်းကို ကြယ်မီးအနှစ်သာရထဲ ထည့်ပြီး ပြဒါးရှင်လုံး ဖြစ်အောင် သန့်စင်လိုက်လျှင် စုစုပေါင်းတန်ဖိုးက ရွှေ ၈၀၀ ကျော်သွားမှာ ဖြစ်သည်။
ပထမဆုံး အစည်းအရုံးများအတွက်တောင် ရွှေ ၈၀၀ က များပြားလွန်းသည့် ပမာဏ ဖြစ်သည်။ သူတို့သာ ရွှေများစွာ ရပါက တန်ဖိုးကြီးသည့်နေရာများကို ဝယ်နိုင်မှာ ဖြစ်သည်။
သွန်းလုပ်ခြင်းအတွက် အသုံးပြုလျှင် ကြယ်မီးအနှစ်သာရတန်ဖိုးက သန်းပေါင်းများစွာ ထိုးတက်သွားပေလိမ့်မည်။ ထိုအတွေးတစ်ခုကပင် ရှီဖုန်းကို စိတ်လှုပ်ရှားသွားစေသည်။
” အစည်းအရုံးခေါင်းဆောင် …။ ကျွန်မ တံခါးဝှက်တစ်ခု ရှာတွေ့တယ် …”
မီးလျှံကကြိုးက ရုတ်တရက် သတင်းပို့လိုက်သည်။