ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 452 " စစ်မီး ( ဝါးဖိုင်းယား ) .. "
မြူ ဖြူ ချောက်ကမ်းပါး၏ အတွင်းပိုင်းနယ်မြေတွင် အဆင့်နှစ်ဆယ့်ခုနှစ်နှင့် ရင်ဆိုင်နေရသည့် ကစားသမားအဖွဲ့ ရှိပေသည်။
ကစားသမားတိုင်းက တိုက်ကွက်တစ်ကွက်တိုင်းစီတွင် ပျက်စီးမှု တစ်ရာလောက်အထိ လျော့ကျသွားစေသော်လည်း ကစားသမားနှစ်ထောင်ကျော်က ဝိုင်းကာတိုက်ခိုက်နေခြင်းဖြစ်သည်။ အဆုံးတွင် အရှင်သခင် သေဆုံးသွားခဲ့ကာ ဒီတိုက်ကွက်များ၏ ဒဏ်ကို မခံနိုင်တော့ပေ။
“ဟား .. ဟား .. ဘယ်လောက်ကံကောင်းလိုက်လဲ။ အဆင့်နှစ်ဆယ့်ငါး သန့်စင်တဲ့ရွှေလက်နက်တောင် ရလိုက်တယ်။ ”
တစ်ကိုယ်တော် အာဏာရှင်က အဖွဲ့တစ်ခုလုံးကို အကဲခတ်နေရင်း ရယ်နေသည်။
ထိုအချိန်တွင်ပင် ဘလက်ဖလိမ်းတို့၏ သတင်းကို လိုက်ရှာနေသည်ကိုဘေးဖယ်ထားကာ ဒီအရှင်သခင်အဆင့် မွန်းစတားများကိုသာ လိုက်သတ်နေ၏။
ဒီလိုကြာညောင်းလှသည့်အချိန်တွင် သူတို့က အရှင်သခင်များစွာကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့ရာတွင် အဆင့်နှစ်ဆယ့်ငါး သန့်စင်သော ရွှေအဆင့်လက်နက်များနှင့် ပစ္စည်းများကို ကျနှုန်းက အလွန်နိမ့်ကျနေသည်။ ယခုအခါတွင် နှစ်ခုသာလျှင် ရထားကာ တစ်ခုက အဝတ်သံချပ်ကာအမျိုးအစားဖြစ်ပြီး အခြားတစ်ခုကမူ လက်နက်အမျိုးအစားဖြစ်ပေသည်။ ဒီအရာများမှလွဲ၍ ကျန်တာတွေက လျှို့ဝှက်မြေအဆင့်တွေသာ ဖြစ်ပေ၏။
အဆင့်နှစ်ဆယ့်ငါး သန့်စင်သောရွှေလက်နက် တစ်ကိုယ်တော် အာဏာရှင် လက်ထဲတွင် ပေါ်လာကြောင်းမြင်သည့်အခါ ကျန်တဲ့သူများ၏မျက်နှာတွင် အပြုံးတွေက ပေါ်လာတော့သည်။ သူတို့ သားရေကျခြင်းကိုပင် မထိန်းနိုင်တော့ချေ။
အဆင့်နှစ်ဆယ့်ငါး သန့်စင်သောရွှေလက်နက်က အဆင့်နှစ်ဆယ် ရွှေနက်လက်နက်နှင့် အဆင့်ညီပေသည်။ ဒါက အသုံးပြုသူ၏ အခြေပြုစွမ်းအင်ကို ယခင်ထက် သာသွားစေနိုင်သည်။ ပြောရမည်ဆိုလျှင် ဒီအဆင့်နှစ်ဆယ့်ငါး သန့်စင်သောရွှေလက်နက်က နတ်ဘုရားနယ်မြေရှိ ရနိုင်သော အကောင်းဆုံးလက်နက်အမျိုးအစားဖြစ်ပေသည်။
ဇီးရိုး၀င်းကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် ငွေဖြူမြို့တွင် အဆင့်နှစ်ဆယ့်ငါး တပ်ဆင်သော ရွှေလက်နက်ကို ပိုင်ဆိုင်သူ မရှိပေ။ သို့သော် လက်ရှိအချိန်တွင် သူတို့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတစ်ခု ရရှိနေပြီ ဖြစ်သဖြင့် အလွန်ပျော်ရွှင်နေကြတော့သည်။
သို့သော် သူတို့က ဇီးရိုး၀င်းထက် အပိုင်းအစားများစွာနိမ့်ကျကာ ပိုင်ဆိုင်ထားသည့်တိုင်အောင် ဒီတစ်ခုကပင် သူတို့၏ ခွန်အားကို ပြသပြီးသားဖြစ်ပေသည်။
ကံဆိုးစွာပင် ဒီအဖွဲ့မှ လက်ရွေးစင်အားလုံ၏ အဖွဲ့သားတွေက ဒီလက်နက်တစ်ခုကို ကြည့်ရုံသာ ကြည့်နိုင်ကြပေသည်။ သူတို့ကိုယ်တိုင် တစ်ခုရရန်အတွက် အချိန်များစွာစောင့်ဆိုင်းရန် လိုအပ်သေးသည်။
ဒါဇင်ကျော်သော အရှင်သခင်များကို သတ်ဖြတ်ရန်အတွက် အဖွဲ့သားများစွာကို စတေးခဲ့ရပေသည်။ ဒီအတွက် တန်ကြေးက မယုံနိုင်စရာ ဖြစ်နေသည်။
ထိုအချိန်တွင် တစ်ကိုယ်တော် အာဏာရှင်က အဆင့်နှစ်ဆယ့်ငါး သန့်စင်သောရွှေပုဆိန်ကို နွေနေရောင်ခြည်ထံပေးလိုက်ပေသည်။ လူတိုင်း၏ နှလုံးသားက ဒီမြင်ကွင်းကိုမြင်သည့်အခါ နာကျင်သွားကြတော့၏။
သူတို့က ဒါဇင်ကျော်သော အရှင်သခင်များစွာကို သတ်ဖြတ်ပြီးမှသာလျှင် ခက်ခက်ခဲခဲပင် ဒီတစ်ခုကိုရရှိခဲ့သော်လည်း အပြင်လူတစ်ယောက်ထံသို့ ရောက်သွားခဲ့ချေပြီ။ ထိုသူက တစ်ချက်ပင် မတိုက်ခိုက်လိုက်ရပါပေ။
“ဒီဓါးမြောင်က ကောင်းတယ်ဆိုပေမဲ့ ဒါကငါ့ရဲ့ အဆင့်နှစ်ဆယ်ရွှေနက် ဓါးမြောင်ထက် အနည်းငယ်လောက်ပဲ သာတာပါ”
နွေနေရောင်ခြည် ( ဆန်းမားဆန်းရှိုင်း )က သူပေးသည့် ဓါးမြောင်ကို လွှဲရမ်းကြည့်နေရင်း ပြောသည်။ ထို့နောက် ကျေနပ်စွာဖြင့် ခေါင်းညိမ့်ကာ ပြောလာသည်။
“ကောင်းပြီ …။ နောက်ထပ် အရှင်သခင်တစ်ယောက်ကို ရှာကြစို့”
“ခဏလောက်နေပါဦး …။ ”
ယို့လန်က ရုတ်တရက်ပြောလာသည်။
“ဘာကိစ္စရှိလို့လဲ”
ဆန်းမားဆန်းရှိုင်းက ယို့လန်ကို လှမ်းကြည့်သည်။
“အစ်ကိုကြီး ဆန်းမား .. ဘလက်ဖလိမ်းရှိတဲ့ နေရာနဲ့ပတ်သက်ပြီး ညီမ သတင်းရထားတယ်။ သူက အခု မြူဖြူ ချောက်ကမ်းပါး အပြင်ဘက်ပိုင်းတင် ရှိနေတာပဲ။ ကျွန်မတို့ အမြန်သွားမယ်ဆိုရင် သူ့ကို မိနိုင်တယ်”
ယို့လန်ကပြောသည်။
ဘလက်ဖလိမ်းက သူတို့အဖွဲ့မှ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကိုသတ်ပြီး ကျွမ်းကျင်ပညာရှင် အိုရီရန်တယ်ဓါးကို သတ်ပြီးနောက် သဲလွန်စမရှိအောင် ပျောက်ကွယ်သွားခဲ့ပြန်သည်။
ဘလက်ဖလိမ်း ထွက်ပြေးသွားမည်ကို ရှောင်ရှားရန်အလို့ငှာ ယို့လန်က ဒီတစ်ဖွဲ့လုံးက အဖွဲ့သားတွေကို အလောတကြီးပြောကာ ဘလက်ဖလိမ်း ထွက်ပြေးရန် အခွင့်အရေးမရစေရန် လှုံ့ဆော်လာတော့သည်။ ဒီလိုပြေပျောက်လာသည့်အချိန်တိုင်းကို လျှို့ဝှက်ရှာဖွေကာ ထိုလူအတွက်ဆုကြေးငွေ ထုတ်ပြလေ့ရှိသည်။ အချိန်များ အလွန်ကြာခဲ့သော်လည်း မည်သူကမှ ထိုဓားသမားကို မမြင်ခဲ့ရချေ။
ယခုအခါတွင် ဘလက်ဖလိမ်းနှင့် ပတ်သက်သည့် သတင်းကိုရလာ၍ အလွှတ်မပေးနိုင်တော့ပေ။
ဘလက်ဖလိမ်းက အလွန်ကျော်ကြားသည်။ ဒီလိုနှုန်းနှင့်ဆိုလျှင် ဇီးရိုး၀င်းကလည်း ကိုင်တွယ်ရန် ခက်ခဲမှုနှုန်း မြင့်တက်လာပေလိမ့်မည်။ ထို့ကြောင့် သူတို့အဖွဲ့အတွက် ဒီမြစ်ဖြူမြို့ကို ထိန်းချုပ်ရန်က အလွန်ခက်ခဲနေတော့သည်။
“ဒါက နောက်ဆုံးတော့ လူလုံးထွက်ပြလာပြီပေါ့။ ကောင်းတယ် .. အခုချက်ချင်း သွားကြစို့။ ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ် ကျွမ်းကျင်ပညာရှင်က ဘယ်လောက်သန်မာသလဲဆိုတာကို ငါတို့ကြည့်ရမယ်။
ဆန်းမားဆန်းရှိုင်းက သူအခုလေးတင်မှ ရထားသည့်ဓါးမြောင်ကို လွှဲရမ်းလိုက်ရင်း စိတ်လှုပ်ရှားမှုဖြင့်ပြောသည်။
“ကျွန်မတို့ အစ်ကိုကြီး ဆန်းမားကိုပဲ ပြသနာပေးရတော့မယ်ထင်တယ်။ ” ယို့လန်က ဖျော့တော့စွာ ပြုံးလေသည်။
သူမက ဘလက်ဖလိမ်းကို ကိုင်တွယ်ရန် ရှာနေခဲ့သော်လည်း သူမကိုယ်တိုင်က သတ်နိုင်မည့် ယုံကြည်မှု မရှိပေ။ သို့သော် လက်ရှိအချိန်တွင် ဆန်းမားဆန်းရှိုင်းကဲ့သို့ ကျွမ်းကျင်သူ သူတို့ဘက်တွင် ရှိနေသည်။ ထို့အပြင် ဒီဆန်းမားကလည်း လောလောလတ်လတ်မှ လက်နက်အသစ်ကို ရထားသည်။ သူမတို့ ကြိုတင် ပြင်ဆင်ထားသည့် အကြံစည်တွေနဲ့ ပေါင်းစပ်လိုက်မည်ဆိုလျှင် ထိုဘလက်ဖလိမ်းကို အနိုင်ရမည်ဟု ကိုးဆယ်ရာခိုင်နှုန်းလောက်အထိ ယုံကြည်မှုရှိပေသည်။
ဘလက်ဖလိမ်းက အင်အားကြီးသည့် အရှင်သခင်နှစ်ယောက်လောက် နီးပါး စွမ်းအားကြီးသည့်တိုင်အောင် သူမတို့၏ လက်တွင် သေမည်ဟုတော့ သူမကထင်သည်။
ရှီဖုန်းက စစ်မီးဝရိန်ဇာ ( ဝါးဖိုင်းယား စက် ) ကို ရရှိလိုက်သည့်အတွက် သူ၏စစ်မီး လက်နက်တစ်စုံလုံးက ပြီးပြည့်စုံသွားသည်။ သို့သော် သူကိုယ်တိုင်အတွက် သုံးမည်မဟုတ်ပဲ မီးလျှံ ကကြိုးကို ပေးလိုက်တော့လေသည်။
ဘေးတွင်ရှိနေသည့် တိမ် သူတော်စင်နှင့် အခြားသူတွေ အားလုံးက မျက်လုံးပြူးကျယ်သွားတော့သည်။
” တိမ် … ဒါက စစ်မီးလက်နက် အစုံလိုက် မဟုတ်လား”
တိမ် သူတော်စင်အဖွဲ့မှ အဖွဲ့သားတွေအားလုံးက လျှို့ဝှက်စွာပင် ပြောနေကြတော့သည်။ ထိုတစ်ခဏတွင် သူတို့တွေ သံသယဝင်နေတော့ပေ၏။
“အင်း ဟုတ်မယ်လို့ ငါထင်တယ်”
တိမ် သူတော်စင်ကိုယ်တိုင်ပင် ခရမ်းရောင်အလင်းနှင့်တောက်ပနေသည့် ထိုစစ်မီးလက်နက်အစုံလိုက်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သို့သော် ယခုလိုမြင်နေရသည့်တိုင်အောင် လက်ခံယုံကြည်ရန် ခက်ခဲနေသေးသည်။ တစ်စုံတစ်ယောက်က အမှန်ပင် ဒါကို အစုံလိုက်ရအောင် စုဆောင်းခဲ့ပေသည်။
ဒါရဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။
စစ်မီးလက်နက် အစုံလိုက်ကို ဒီနေရာတွင် ရှာတွေ့နိုင်ပြီဆိုကတည်းက အပိုင်းအစဆယ်ခုလောက်တောင် ထွက်ကျခဲ့ခြင်းမရှိသေးဟု ကျော်ကြားပေသည်။ အမျိုးမျိုးသော အဖွဲ့အစည်းများ အားလုံးက ဒီအပိုင်းအစတွေကို စျေးကြီးပေးကာ ဝယ်ယူခဲ့ရသည်။ ထို့အပြင် သူမ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် အစိတ်အပိုင်း အများစုကို သူများတွေ ပိုင်ဆိုင်ခဲ့ကြပြီးလေပြီ။ အားလုံးပေါင်းမှ ဆယ်ခုသာလျှင်ရှိကာ တစ်စုံအပြည့် မကျခဲ့ဖူးသေးချေ။ သို့ရာတွင် ရှီဖုန်း၏ လက်ထဲတွင် အမှန်တကယ်ပင် အပိုင်းအစတစ်ခုမှ မလိုနေသည့် စစ်မီးလက်နက်တစ်စုံစာ အပိုင်းအစ ခုနှစ်ခု ရှိနေသည်။
တိမ် သူတော်စင်က ရှီဖုန်း ဒီလောက်အထိ လုပ်နိုင်မည်လို့ မထင်ထားမိပေ။ သူမက ရက်များစွာ လိုက်ရှာနေသည့်အတွက် ဒါကိုရရန် မည်မျှခက်ခဲကြောင်း သေချာနားလည်ထားသည်။ ရှီဖုန်း၏ နောက်ခံက မည်မျှတောင့်တင်းလှသဖြင့် ဒါကိုတစ်စုံလိုက်ရထားသနည်းဟု သူမတွေးလိုက်မိတော့၏။
” အစည်းအရုံး ခေါင်းဆောင်”
မီးလျှံ ကကြိုးကလည်း သူမကို ဒီလိုမျိုးပေးလာသည့်အတွက် အံ့သြသွားရသည်။
ဒီလက်နက်မှ ပါဝင်ပစ္စည်းများကို သူမကလည်းမြင်ဖူးသည်။ ဒါက ထိပ်တန်းအဆင့် လက်နက်တွေဖြစ်ပေသည်။ ဒါကိုအဆင့်မြင့်တင်ရန်အတွက် EXPပမာဏများစွာ လိုအပ်သည်။ သို့ရာတွင် တစ်စုံတစ်ယောက်က ဒါကိုအဆင့်မြင့်တင်ပြီး သန့်စင်သောရွှေအဆင့်သို့ ရောက်သွားစေလိုလျှင်တောင်မှ အဆင့်သုံးဆယ်အောက်အထိသာ ရမည်ဖြစ်သည်။ ထိုအရာက ဒီဂိမ်းတစ်ခုလုံးတွင် အကောင်းဆုံးသော လက်နက်အစုံလိုက် ဖြစ်လာပေလိမ့်မည်။ သို့တိုင်အောင် သူ့အတွက် သုံးရမည့်အစား ရှီဖုန်းက သူမကိုပေးလာသည်။ ရှီဖုန်း၏ လုပ်ဆောင်မှုက သူမကို စိတ်ရှုပ်သွားစေသည်။
ဘလက်ဖလိမ်းက ကြယ်လတိုင်းပြည်တွင် ကျော်ကြားသည်။ ဇီးရိုး၀င်းကသာ ဆက်ပြီး တိုးတက်ဦးမည်ဆိုလျှင် ဘလက်ဖလိမ်းက တိုးတက်လာဦးမည်ဟု ဆိုလိုပေသည်။ ထို့အပြင် အကောင်းဆုံးရရှိသည့် ပစ္စည်း ( အိုင်တမ် ) များ အားလုံးက သဘာဝကျကျပင် ဘလက်ဖလိမ်းအတွက်သာ ဖြစ်သင့်ပေသည်။ သို့ရာတွင်
“လောလောဆယ် အဆင့်တက်ဖို့က ငါလိုအပ်တဲ့အရာပဲ။ ငါ့မှာ ဒါရှိနေရင်တောင်မှ ကြေးနီရောင်အဆင့် လက်နက်ရဲ့သက်ရောက်မှုတွေက သိပ်ပြီး အသုံးဝင်တာလည်း မဟုတ်ပါဘူး။ ငါက ငါ့ရဲ့ EXPကို စတေးပြီး ဒါကိုအဆင့်မြှင့်လိုက်ရင်တောင်မှပဲ ကောင်းတာထက်ပိုပြီး ငါ့အတွက် အန္တရာယ်ရှိနိုင်သေးတယ်။ နောက်ပြီး ဇီးရိုး၀င်းရဲ့ လက်ရှိအခြေအနေအရ အစည်းအရုံးမှာ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တွေ လှစ်လပ်နေတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ လက်နက်တွေကတော့ လှစ်လပ်နေတုန်းပဲ။ ဒီတော့ ဒါကို မငြင်းပါနဲ့။ ငါ့မှာ ဒီစစ်မီးလက်နက်အပိုင်းအစတွေ ရှိနေသေးတယ်။ ဒါကြောင့် နောက်ထပ်တစ်စုံ ထပ်မရမှာကို စိုးရိမ်စရာ မလိုဘူး”
ရှီဖုန်းက ရယ်သည်။
“အင်း”
မီးလျှံ ကကြိုးကလည်း ရှီဖုန်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
ဇီးရိုး၀င်းတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တွေ ရှားပါးမနေပေ။ များပြားသော အင်အားကြီးသည့် အစည်းအရုံးများနှင့် ရင်ဆိုင်ရသည့်အခါ ဇီးရိုး၀င်းက တိုက်ပွဲတွေကို အလိုလို ကိုင်တွယ်နိုင်ပေသည်။ ထို့အပြင် အနိုင်ရယူပြီး ကျွမ်းကျင်ပညာရှင် အများစုကလည်း ဒီအထဲသို့ဝင်လာခဲ့ကြချေပြီ။ ဒီလိုဖြင့် မီးလျှံ ကကြိုးက ထိုလက်နက်ကို ယူဆောင်ကာ သူမ၏ ခန္ဓာကိုယ်တွင် တပ်ဆင်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် မီးလျှံကကြိုးက ထိုလက်နက်အစုံကို အဆင့်မြှင့်တင်လိုက်သည်။ သူမ၏ အဆင့်က နှစ်ဆယ့်ခြောက်မှ နှစ်ဆယ့်ငါးအထိ ကျသွားပြီးနောက် ဒီလက်နက် အစုံလုံးက လျှို့ဝှက်ဆန်းကြယ်သော သံမဏိအဆင့်သို့ ရောက်ရှိသွားတော့လေသည်။ အခြေခံအားဖြင့် ဒီအခြေပြုစွမ်းအင် လက်နက်တစ်စုံဟာ အလိုလိုပင် အဆင့်တက်သွားတော့သည်။
[ စစ်မီးလက်နက်] (လျှို့ဝှက်ဆန်းကြယ်သော သံမဏိအဆင့်… ပြောင်းလဲလို့ ရပါသေးတယ်)
အဆင့်နှစ်ဆယ် – အဆင့်သုံးဆယ် မည်သည့်အမျိုးအစားနှင့်မဆို လဲလှယ်နိုင်ပါသည်။
အစိတ်အပိုင်း ခုနှစ်ပိုင်းရှိပါသည်…ခေါင်း၊ ရင်ဘတ်၊ ခါးပတ်၊ လက်၊ ခါး၊ ခြေထောက်နှင့် ခြေချောင်း
လက်နက်၏ သက်ရောက်မှု…( လျှို့ဝှက်ဆန်းကြယ်သော သံမဏိအဆင့် )
အပိုင်းအစနှစ်ခု၏ သက်ရောက်မှု… အခြေပြုစွမ်းအင် အားလုံး လက် ၁၅
အပိုင်းအစလေးခု၏ သက်ရောက်မှု.. အဆင့်တွေကို လျစ်လျူရှုနိုင်ခြင်း အပေါင်း ၁၀ ၊ စိတ်စွမ်းအားစကေးကို အလကားရနိုင်ခြင်း.. ခုနှစ်စက္ကန့်စာ မည်သည့် သက်ရောက်မှုကိုမဆို ဖယ်ရှားနိုင်ခြင်း အေးခဲစေခြင်း.. တစ်မိနစ်
လက်နက်ခုနှစ်ခုလုံး၏ ပြီးပြည့်စုံသည့် သက်ရောက်မှု..
ဆယ့်နှစ် ရာခိုင်နှုန်းလောက်အထိ အဓိကအခြေပြုစွမ်းအားကို တိုးမြှင့်စေနိုင်သည်။ စကေးအေးခဲနှုန်းကို သုံးဆယ့်ငါး ရာခိုင်နှုန်းလောက်အထိ လျော့ကျစေနိုင်၏။ စစ်မီးစကေးကို ရရှိသည်။ ပျက်စီးမှုနှုန်း ငါးဆယ်ရာခိုင်နှုန်း တိုးမြင့်ပြီး၊ တိုက်ခိုက်မှုအရှိန်နှုန်း ငါးဆယ်ရာခိုင်နှုန်းတိုးမြှင့်ပါသည်။ ထို့အပြင် ရွေ့လျားမှုနှုန်း သုံးဆယ်ရာခိုင်နှုန်းတိုးမြှင့်ပြီး စက္ကန့်နှစ်ဆယ်ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ အေးခဲနှုန်းက လေးမိနစ်အထိ တိုးမြှင့်သွားမည်ဖြစ်သည်။