ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 455 "ကျွမ်းကျင်ပညာရှင်တစ်ယောက်ထဲ မဟုတ်ဘူး"
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 455 "ကျွမ်းကျင်ပညာရှင်တစ်ယောက်ထဲ မဟုတ်ဘူး"
လူတိုင်းက စိတ်ငြိမ်ခြင်းအခြေအနေသို့ ရောက်ရှိနေသည့်အချိန်တွင် တိုက်ခိုက်ရေးအမျိ ုးအစားများသာလျှင် တိုက်ပွဲဝင်စွမ်းအင်များကို ထုတ်ဖော်နိုင်တော့သည်။ ထိုကြောင့် မှော်စွမ်းအင်အမျိ ုးအစားများက ဘေးဖက်က ထွက်ကြည့်ရတော့သည်။
ယို့လန်က ဒီအခြေအနေကိုကောင်းစွာပြင်ဆင်ထားခဲ့ရသည်။ လွမ်းမိုးခြင်းအပြုံးအဖွဲ့မှ ကစားသမားနှစ်ထောင်ထဲတွင် တိုက်ခိုက်ရေးအမျိ ုးအစားက သုံးပုံနှစ်ပုံလောက် ရှိနေသည်။
ထို့အပြင်လွမ်းမိုးခြင်း အပြုံး၏ တိုက်ခိုက်ရေးဗျ ူ ဟာကို မူလတည်းက စီစဉ်ထားကြသည်။ ဒိုင်းစစ်သည်များနှင့်အစောင့်အရှောက်သူရဲကောင်းများက ရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်ပြီး နောက်မှ ဘာစကာ ၊ ဓားသမားနှင့်လုပ်ကြံသတ်ဖြတ်သူတွေက နီးကပ်စွာ လိုက်ကြသည်။ ရိန်းဂျားက အဝေးမှကျန်ရစ်ကာ ရပ်ကြည့်နေကြသည်။ သူတို့က အဝေးမှသာ လှမ်း၍ တိုက်ခိုက်ကြမည်ဖြစ်သည်။
မြူ ဖြူ ချောက်ကမ်းပါးမှထွက်သည့် လမ်းဟာ ရုတ်တရတ်ဆိုသလိုပင် ရှေးဟောင်းတိုက်ပွဲနယ်မြေဖြစ်သွားတော့သည်။
“အားလုံးပဲ ဘယ်ဘက်ကို ချီတက်ကြ ..။ ”
ရှီဖုန်းက ရန်သူများ အာရုံစိုက်မှုအနည်းဆုံးဖြစ်သည့်နေရာသို့ ဦးဆောင်ကာထွက်သွားသည်။
သူနှင့် တိမ် သူတော်စင်၏အဖွဲ့က နီးကပ်စွာလိုက်သည်။
သို့ရာတွင် ရှီဖုန်းနှင့်အခြားသူများက ခြေလှမ်းအနည်းငယ်လှမ်းလိုက်မိချိန်တွင် ကောင်းကင်မှမြှားများစွာက ကျဆင်းလာခဲ့သည်။
တိမ် သူတော်စင်အဖွဲ့မှ မှော်စွမ်းအင်အမျိ ုးအစားအဖွဲ့ဝင်သုံးယောက်ဟာ သတိနှင့်အင်အားတွင်
အားနည်းလွန်းကြပေသည်။ ထို့အပြင် မှော်စွမ်းအင်အမျိ ုးအစားများဟာ မူလတည်းက ရှောင်ရှားခြင်းမျိ ုးတွင် ကျွမ်းကျင်ခြင်း မရှိကြပေ။ အကြောင်းမူကား အဝေးမှသာ တိုက်ခိုက်တတ်သောကြောင့်ဖြစ်သည်။ အကွာအဝေး တစ်ခုအတွင်းတွင်ဆိုလျှင် သူတို့အတွက် လုံခြုံပေ၏။ ထို့ကြောင့့် သူတို့အပေါ်သို့ ပထမမြှားတစ်သုတ်ကျဆင်းလာသည်နှင့် သုံးယောက်လုံးကနေရာတွင် သေဆုံးသွားရတော့သည်။ သူတို့ထံမှ ပစ္စည်းအပိုင်းအစတွေကျဆင်းလာတော့လေသည်။
” စထရိန်ဂျာ …။ မောက်စ် …။ ဝရောက်စ် ..။ ”
တိမ် သူတော်စင်၏ အမြင်အာရုံက အဖွဲ့သားသုံးယောက်သေဆုံးသွားခြင်းကိုမြင်သည့်အခါ ထိုသူများ၏နာမည်ကို အော်ခေါ်မိရင်း မျက်လုံးတွေနီရဲသွားတော့သည်။ လွှမ်းမိုးခြင်း အပြုံး အဖွဲ့ဝင်အားလုံးကို စူးရဲစွာ ကြည့်ပြီးနောက် လက်ထဲတွင်ဒိုင်းကိုတင်းကျပ်စွာဆုပ်ကိုင်ကာ ရှေ့သို့တက်သွားတော့လေသည်။
“သေကြစမ်း ..။ ”
ကံဆိုးသည်မှာ တိမ် သူတော်စင်၏လက်နက်နှင့်အဆင့်က မည်မျှပင် ကောင်းမွန်နေစေကာမူ သူမတစ်ယောက်ထဲအားဖြင့် ဒိုင်းစည်သည်တော်နှင့်အစောင့်အရှောက်သူရဲကောင်းငါးယောက်ကို ကိုင်တွယ်နိုင်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူတို့တွေအားလုံးကလည်း အရည်အချင်းတူညီနေကြသည်။
လွမ်းမိုးခြင်း အပြုံးမှ အဖွဲ့သားများအားလုံးက တိမ် သူတော်စင်ကို နောက်ဆုတ်စေလိုက်ပြီး ရိန်းဂျားများအနားသို့ ရောက်လာခြင်းမှ တားဆီးလိုက်သည်။
တိမ် သူတော်စင်၏ အခြားသောအဖွဲ့သားနှစ်ယောက်ကလည်း တူညီသည့်အခြေအနေကို အကုန်ကြုံဆုံနေရသည်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားကာတိုက်ခိုက်စေကာမူ ရန်သူများက သူတို့ကို တားဆီးကာ အဆုံးတွင်မူ သူတို့က အနောက်သို့ဆုတ်ရန် ဖိအားပေးခံနေရတော့၏။
ထိုနောက် တစ်ခဏတွင် တိမ် သူတော်စင်တို့အဖွဲ့ကို ဖြတ်သန်းသွားသည့်ပုံရိပ်နှစ်ခု ထွက်ပေါ်လာတော့သည်။သူတို့က လွမ်းမိုးခြင်းအပြုံးမှ MTများကို ရိုက်ချလိုက်တော့သည်။
ထိုပုံရိပ်နှစ်ခုထဲတွင် မျက်စိအဖမ်းစားဆုံးက မီးလျှံ ကကြိုးဖြစ်သည်။ သူမ၏ စစ်မှန်သောမီးဓားများက အလွန်အမင်းတောက်ပနေခဲ့သည်။ မျက်စိကျိန်းမတက်တောက်ပနေသည့် စက်ဝိုင်းခြမ်းတစ်ခုကဲ့သို့ ပုံသဏ္ဍာန်ထွက်ပေါ်နေတော့သည်။ ဒါက တိုက်ရိုက်ပင် ဝင်တိုးသွားပြီး အဆင့်နှစ်ဆယ့်သုံး MT၏ဒိုင်းထဲဝင်သွားခဲ့သည်။ ထို့နောက်တစ်ခဏတွင် ထိုလုပ်ကြံသတ်ဖြတ်သူက MTကို ခြေလှမ်းများစွာနောက်ဆုတ်စေပြီး MT၏ အနောက်တွင်ရှိသည့်ကစားသမားတွေကိုပါ နောက်သို့ ထပ်ရောက်သွားစေတော့သည်။ ချက်ချင်းဆိုသလိုပင် မီးလျှံကကြိုးက သူမ၏ဓားကို အနားတွင်ရှိသည့်အစောင့်အရှောက်သူရဲကောင်းထံ ပစ်လွှတ်လိုက်သည်။ သူမက ထိုသူ့ကို ကိုက်များစွာဆုတ်လိုက်ရသည့်အထိ ကြိုးစားလိုက်နိုင်သည်။ ထိုသူ၏ ခန္ဓာကိုယ်က အဖွဲ့သားများထံသို့ ပစ်ဝင်သွားတော့သည်။ သူမ၏ စွမ်းအားက မှင်သက်စရာကောင်းလွန်းလှပေသည်။
ဒီလို တစ်ကွက်ထဲ တိုက်လိုက်သော်လည်း မီးလျှံကကြိုးက လွမ်းမိုးခြင်းအပြုံးမှ ဗျ ူ ဟာကို ပျက်စီးသွားစေနိုင်သည်။ သူမ၏ခွန်အားက တကယ်ကိုပင် လွှမ်းမိုးမှုပြင်းထန်လွန်းလှသည်။ သူမ တိုက်ခိုက်ပုံက စစ်နတ်ဘုရားမတစ်ပါးနှင့် တူညီနေပေသည်။ လွမ်းမိုးခြင်းအပြုံးမှ အဖွဲ့သားများအားလုံးက ဆွံ့အသွားကြတော့၏။
လွမ်းမိုးခြင်းအပြုံးအဖွဲ့မှ လူအုပ်က မှင်သက်နေသည့်အချိန်တွင် မီးလျှံကကြိုးက ဆက်တိုက်ဆိုသလိုပင် ဓားတိုများကို ရန်သူ၏ရှေ့တန်းသို့ ဖျက်ခနဲ ဖျက်ခနဲ ပစ်လွှတ်နေတော့သည်။ သူမက စစ်မှန်သောမီးဓားများကို ပစ်လွှတ်လိုက်သည့်အချိန်တိုင်း အနီရောင်အလင်းတန်းများက လိုက်ပါလာသည်။ အနီရောင်အလင်းတန်းဖြတ်သန်းသွားသည့်အချိန်တိုင်း လွမ်းမိုးခြင်း အပြုံးမှ အဖွဲ့သားတိုင်းက နောက်သို့လွှင့်ထွက်ရသည်။ မည်သူကမှ မတားဆီးနိုင်ကြပေ။
အချိန်တစ်ခု အတောအတွင်းတွင်ပင် ထိုလုပ်ကြံသတ်ဖြတ်သူက လွမ်းမိုးခြင်းအပြုံး၏ ကြိုတင်လုပ်ဆောင်ခင်းကျင်းထားမှုအားလုံးကို ဖြိုဖျက်လိုက်နိုင်သည်။ လွမ်းမိုးခြင်းအပြုံးအဖွဲ့သားများက မီးလျှံကကြိုး၏အကွက်များကို တားဆီးချင်လှသော်လည်း ထိုအမျိ ုးသမီးက မြန်ဆန်လွန်းနေသည်။ သူတို့၏ လက်နက်များကို မမြှောက်ရသေးခင်မှာပင် မီးလျှံကကြိုးက ထွက်ပြေးသွားခဲ့ချေ ပြီ။ သူမက အမြဲတမ်းနေရာတစ်ခုထဲကို ချိန်ရွယ်ကာ တိုက်ခိုက်လေ့ မရှိပေ။ ထို့ကြောင့် လွမ်းမိုးခြင်းအပြုံးမှ အဖွဲ့သားများကသူမကို ဝိုင်းကာ တိုက်ခိုက်ရန်ပင် အချိန်မရတော့ချေ။
အခြားတစ်ဖက်တွင် လွှမ်းမိုးခြင်အပြုံးမှ အဖွဲ့သားများက မီးလျှံကကြိုးကို မတိုက်ခိုက်နိုင်သော်လည်းသူမကမူ သူတို့ကို ကောင်းစွာတိုက်ခိုက်နေတော့သည်။ အဆင့်နှစ်ဆယ့်သုံး MTကို သူမ၏သာမန်ကာလျှံကာတိုက်ကွက်က HP တစ်ထောင်လောက်အထိ လျော့ကျသွားစေသည်။သူမကသာ ကံကောင်းပြီး အန္တရာယ်အများဆုံးသော အခြေအနေတွင် ထိုသူများကို ထိမှန်အောင်လုပ်လိုက်နိုင်မည်ဆိုလျှင် သို့မဟုတ် မီးလျှံအခြေအနေသို့ဝင်ရောက်လိုက်နိုင်မည်ဆိုလျှင် စကေးတစ်ခုကပင် HP နှစ်ထောင်လောက်ထိ လျော့သွားနိုင်ပေသည်။
လက်ရွေးစင် MTဟာ ပုံမှန်အားဖြင့် HP လေးထောင့်သုံးရာရှိပေသည်။ ထို့အပြင် သူ့တွင် ကောင်းမွန်သည့်လက်နက်များကြောင့် HP လေးထောင့်ငါးရာအထိ ရှိနေ၏။ မီးလျှံကကြိုးက သူတို့ထဲမှတစ်ယောက်ကို သတ်ဖြတ်ရန်အတွက် လေးကြိမ်ငါးကြိမ်လောက်သာ တိုက်ခိုက်ရန် လိုအပ်သည်။
အရိပ်ပျံသန်းခြင်းကလည်း ကောင်းမွန်စွာလုပ်ဆောင်နေ၏။
သူ၏တိုက်ကွက်များက မီးလျှံကကြိုးလောက် MTများကို ကိုင်တွယ်ရာတွင်ကြောက်မက်ဖွယ်မကောင်းသော်လည်း သူက တစ်ခါထိမှန်သွားလျှင် HPခုနှစ်ရာလောက်အထိ ကျစေသေးသည်။
သူတို့၏ ကိုယ်ပိုင်လောကတွင်ရှိနေသေးသည့်အလား မီးလျှံကကြိုးနှင့်အရိပ်ပျံသန်းခြင်းတို့က လွမ်းမိုးခြင်းအပြုံး၏ ရှေ့တန်းကို သွေးလွှမ်းနေစေ၏။ အခြားတစ်ဖက်တွင်မူ လွှမ်းမိုးခြင်း အပြုံးမှ အဖွဲ့သားများက ဒီနှစ်ယောက်လုံးကိုဖမ်း၍ပင် မရနိုင်တော့ပဲ ထိခိုက်အောင် မလုပ်နိုင်ချေ ။
အလွှာတစ်အမျိ ုးအစားများက အလွှာသုံညအမျိ ုးအစားများထက် သန်မာသည်က ပုံမှန်သာဖြစ်သည်။ မည်သည့်စကေးမှ မရှိလျှင်ပင် အလွှာတစ်အမျိ ုးအစားများက အသာအယာပင် အလွှာသုံညအမျိ ုးအစားများကို ဖိနှိပ်ကာ လွှမ်းမိုးနိုင်သေးသည်။ ထို့အပြင်မီးလျှံကကြိုးနှင့်အရိပ်ပျံသန်းခြင်းကဲ့သို့ လက်နက်အမြင့်များ ပိုင်ဆိုင်ထားသည့်လူများကမူ ရန်သူလက်ရွေးစင်ဆိုသူများထက် များစွာသာလွန်နေပေသည်။
တစ်ချိန်ထဲမှာပင် ရှီဖုန်းကလည်း အကျော်ဇေယျ ခုနှစ်ပါး လက်စွပ်၏ အချိန်အရှိန်အဝါကို အသက်သွင်းထားသည်။
စိတ်ငြိမ်ခြင်းက စကေးနှင့်ဂါထာများကို မသုံးနိုင်ရန်ကာကွယ်ပေးထားသော်လည်း ဒီလို အရာများအပေါ်သက်ရောက်မှု မရှိချေ။ ချက်ချင်းလိုလိုပင် ကိုက်တစ်ရာ့ငါးဆယ်အတွင်းတွင် ရှိသမျှ ရန်သူတိုင်း၏လှုပ်ရှားမှု အရှိန်နှုန်းများ တိုက်ကွက်များအားလုံးက သုံးဆယ်ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားခဲ့ရသည်။ ရှီဖုန်းနှင့်အနီးကပ်တိုက်ခိုက်ရမည့်လွမ်းမိုးခြင်းအပြုံးအဖွဲ့မှ အဖွဲ့သားများအားလုံး အားနည်းသွားကြ၏။
ထိုအချိန်တွင် ရှီဖုန်းက ရေနှင်းဆီနှင့်အခြားသောမှော်အမျိ ုးအစားကစားသမားများကို ကာကွယ်ကာ အရှေ့သို့တက်စေတော့သည်။
အမှန်တိုင်းဆိုရသော် ဒီတာဝန်က အရိပ်ပျံသန်းခြင်းကသာ လုပ်ဆောင်သင့်သည်။ သို့ရာတွင် ရှီဖုန်း၏တိုက်ခိုက်အားက ရှစ်ဆယ်ရာခိုင်နှုန်းလောက်အထိ လျော့ကျနေသည့်အပြင် လက်ရှိအချိန်တွင်အဆင့်နှစ်ဆယ်သာမန်ကစားသမားများနှင့်သာ ယှဉ်နိုင်လောက်သည့် အခြေအနေမျိ ုးဖြစ်နေခဲ့ချေ ပြီ။ သူက မည်သည့်စကေးမှကိုလည်း ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။ စကေးပင်ဖြစ်စေ အခြေပြုစွမ်းအားပင်ဖြစ်စေ ယှဉ်ပြိုင်သုံးဆွဲရသည့် တိုက်ပွဲအခြေအနေမျိ ုးတွင် မီးလျှံကကြိုးနှင့်အရိပ်ပျံသန်းခြင်းတို့နှင့် နှိုင်းယှဉ်လျှင် သူ ယခုထုတ်နိုင်သည့်ပမာဏက အလွန်အမင်းနည်းပါးနေခဲ့ချေ ပြီ။ ထို့ကြောင့်အခြားသူများထံသို့မြှားတွေမရောက်ရန် ကာကွယ်ပေးသည်က ပိုကောင်းနိုင်၏။
အချိန်ခဏအတွင်းတွင်ပင် မီးလျှံကကြိုးနှင့်အရိပ်ပျံသန်းခြင်းတို့က သွေးလွှမ်းသည့်လမ်းကို ထွင်းဖောက်နိုင်ခဲ့ပြီး ရှီဖုန်းနှင့်အခြားသူတိုင်းကို လုံခြုံစွာဖြတ်သန်းစေသည်။
“မီးလျှံကကြိုးက ဘယ်တုန်းက ဒီလောက်ထိ စွမ်းအားကြီးသွားတာလဲ …။ ”
တစ်ကိုယ်တော်အာဏာရှင်က ခပ်လှမ်းလှမ်းက တိုက်ပွဲကို ကြည့်နေရာမှ သံသယဝင်လာမိတော့သည်။ ဒီလုပ်ကြံသတ်ဖြတ်သူကို မည်သူကမှ မရပ်တန့်နိုင်ကြောင်းကို မြင်သည့်အခါ သူက လက်သီးဆုပ်လိုက်မိ၏။ ဒီမြင်ကွင်းက အစစ်အမှန်ဟု မယုံကြည်နိုင်တော့ပေ။ မီးလျှံကကြိုး၏ ယခင်ခွန်အားကို သူကိုယ်တိုင်မြင်ခဲ့ဖူးသည်။ သူမက အလွှာထိပ်တန်းက ကျွမ်းကျင်ပညာရှင်တစ်ယောက်မဖြစ်သော်လည်း ယခုလောက်အထိ မတားဆီးနိုင်လောက်အောင်ကျွမ်းကျင်နေခြင်းတော့ မဟုတ်နိုင်ချေ။
ထို့အပြင် မီးလျှံကကြိုးက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ကာ စွမ်းအားကိုအားပြုရသည့်အမျိ ုးအစား မဟုတ်ပေ။ သူမ၏ တိုက်ကွက်တွေက ဘာစကာများကိုပင် လွှမ်းမိုးနိုင်သေးတာတော့ မဖြစ်သင့်ပေ။ MT များနှင့် ရင်ဆိုင်ရသည့်အခါ မီးလျှံကကြိုးက လေးချက်ငါးချက်လောက်ဖြင့် ပွဲသိမ်းနိုင်ပေသည်။ အခြားသော လုပ်ကြံသတ်ဖြတ်သူများနှင့် ရင်ဆိုင်ရချိန်တွင်လည်း တစ်ချက်ထဲနှင့်ပင် သူတို့၏ HPတိုင်းကို ဝါးမြိုနိုင်၏။ သူမ၏ အန္တရာယ်အများဆုံးအချိန်တွင် ထိလိုက်လျှင်ပင် ထိုသူများ ချက်ချင်းသေသွားနိုင်ပေသည်။ ဒီမြင်ကွင်းက လွမ်းမိုးခြင်းအပြုံးမှလုပ်ကြံသတ်ဖြတ်သူတိုင်းကို ကြောက်လန့်စေပြီး တိုက်ခိုက်လိုစိတ်တွေ ပျောက်ဆုံးသွားစေ၏။
“သေချာသလောက်ကို ဇီးရိုးဝင်းက ငါတို့အတွက်တော့ ပြသနာပဲ”
ယို့လန်ကလည်း မီးလျှံကကြိုး၏ လုပ်ဆောင်မှုကို ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။ သူမက ဒီလိုလုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်ကြိုချထားသည့်တိုင်အောင် မီးလျှံကကြိုးနှင့် အခြားသူများက ဒီလောက်အင်အားကြီးနေမည်ဟု မစဉ်းစားထားမိချေ ။
ကစားသမားအယောက်နှစ်ထောင်နှင့် ဒီလိုအနီးကပ်တိုက်ခိုက်ရသည့်အချိန်တွင်ပင် ထိပ်တန်းအလွှာအဆင့် ကျွမ်းကျင်ပညာရှင်ကတောင်မှ လုပ်ဆောင်နိုင်သည့်အတိုင်းအတာက အကန့်အသတ်နှင့် ရှိသင့်သည်။ သို့ရာတွင် ယို့လန် မထင်ထားခဲ့သည်မှာ မီးလျှံကကြိုးပင်ဖြစ်စေ အရိပ်ပျံသန်းခြင်းပင်ဖြစ်စေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပေသည်။
“သူတို့ကိုသတ်ကြ ..။ အနောက်က လူတွေကလည်း ထိန်းထားကြ …။ သူတို့တွေထဲက ဘယ်သူ့ကိုမှ မထွက်သွားစေနဲ့ ..။ ”
ယို့လန်က စိုးရိမ်စွာအော်လိုက်သည်။
မူလက ဘလက်ဖလိမ်းတစ်ယောက်နဲ့တင် ပြသနာများက လုံလောက်ပြီဟု ယူဆခဲ့သည်။ သို့သော် မီးလျှံကကြိုးနှင့် အားနည်းသည်ဟုထင်ရသော အရိပ်ပျံသန်းခြင်းတို့ပါ လာပြန်သည်။ လွမ်းမိုးခြင်းအပြုံးက ဒီသုံးယောက်ကို ဒီနေ့သာ မသတ်နိုင်လျှင် ထိုသူများက အနာဂတ်တွင် ပိုပြီးအန္တရာယ်များလာပေတော့မည်။
ယို့လန်က မီးလျှံကကြိုးနှင့်အရိပ်ပျံသန်းခြင်းတို့ သူမ၏လူများကို သတ်ဖြတ်နေသည်ကို ကြည့်လေလေ နတ်ဘုရားနယ်မြေက ပုံရိပ်ယောင်ဂိမ်းနှင့်ကွာခြားသည်ဟု ခံစားရလာလေလေဖြစ်သည်။ ဒီနေရာတွင် လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့်တိုက်ပွဲဝင်အင်အားကို ပိုင်ဆိုင်ထားသည့်လူများက အရေအတွက်ထက်တောင် ပိုပြီး အကျိ ုးများနေသေးသည်။
လွမ်းမိုးခြင်းအပြုံးမှအဖွဲ့သားများက ရှီဖုန်းတို့အဖွဲ့လျှင်မြန်စွာချ ည်းကပ်လာသည်ကို ကြည့်နေရသည်။သို့ရာတွင် အချိန်အရှိန်အဝါသက်ရောက်မှုကြောင့် စစ်တပ်ကတောင်မှ ရှီဖုန်းနှင့်အဖွဲ့တို့၏အမြန်နှုန်းကို မလျော့နိုင်စေပေ။ ရလဒ်အနေဖြင့် သူတို့ကြားရှိအကွာအဝေးက တိုးသထက်တိုးလာတော့လေသည်။
ထိုအချိန်တွင် ရန်သူများက ရှီဖုန်းတို့အဖွဲ့လွတ်မြောက်သွားတော့မည်ကို ကြည့်နေရသလို ဖြစ်နေတော့၏။
ဇီးရိုးဝင်း အဖွဲ့သားများနှင့် သူတို့၏ရှင်သန်အောင်ကြိုးစားနေသည့်မဟာမိတ်မျာအားလုံးက အဝိုင်းခံထားရခြင်းမှ လွတ်မြောက်အောင်ကြိုးစားသည့်အချိန်တွင်ပင် လူအုပ်ထဲမှ အနက်ရောင်ပုံရိပ်တစ်ခုထွက်လာပြီး ရှီဖုန်းထံ ခုန်ဝင်လာသည်။ ၄င်းက အဆင့်နှစ်ဆယ့်ခြောက်လုပ်ကြံသတ်ဖြတ်သူ ဆန်းမားဆန်းရှိုင်းဖြစ်လေသည်။
အချိန်အရှိန်အဝါ၏ အမြန်နှုန်းလျော့ကျစေရန် ကန့်သတ်ထားခြင်းကြောင့် ဆန်းမားဆန်းရှိုင်းကလည်း သက်ရောက်ခံရပေသည်။ သို့တိုင်အောင် သူက မယုံနိုင်စရာကောင်းလောက်အောင် လျှင်မြန်နေသေးပြီး ချက်ချင်းဆိုသလိုပင် ရှီဖုန်းကို မှီသွားတော့လေသည်။
“မင်းကတော့ နောက်မှာ နေခဲ့သင့်တယ် …။ ”
ဆန်းမားဆန်းရှိုင်းက တဟားဟားအော်ရယ်ကာ ရှီဖုန်း၏ရှေ့တွင်ရပ်လိုက်ရင်း လမ်းကြောင်းကို တားဆီးလိုက်တော့၏။
***°