ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 457 အထွတ်အထိပ်အဆင့်ကျွမ်းကျင်ပညာရှင်နှင့် တိုက်ခိုက်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 457 အထွတ်အထိပ်အဆင့်ကျွမ်းကျင်ပညာရှင်နှင့် တိုက်ခိုက်ခြင်း
” ဒါက …”
ရေနှင်းဆီက ရှီဖုန်း ရုတ်တရတ်ပျောက်ကွယ်သွားကြောင်းမြင်လိုက်သည့်အခါ သူမ၏ အံ့အားသင့်မှုကိုပင် မဖုံးကွယ်နိူင်တော့ပေ။
ရေနှင်းဆီတစ်ယောက်သာလျှင် စိတ်ရှုပ်သွားခြင်းမဟုတ်ပေ။ ဘရက်ကီကဲ့သို့ သူမနားတွင်ရပ်နေသည့်သူတောင်မှ မှင်သက်သွားရသည်။ သူ ထည့်ပြောစရာမလိုလောက်အောင် တိမ် သူတော်စင်နှင့်သူမ၏အဖွဲ့သားများ အားလုံးကမူ ရှီဖုန်းနှင့်ပတ်သက်ပြီးသိထားသည့်အချက်အလက်များ နည်းပါးသည့်အတွက် ပို၍ပင် အံ့အားသင့်ရတော့သည်။
ဤနေရာတွင်ရှိနေသည့် လူတိုင်းက သူတို့၏စကေးများကို အသုံးပြုနိုင်မည် မဟုတ်တော့ပေ။ သူတို့၏လက်နက်များကလည်း အလားတူသာလျှင် ဖြစ်သည်။
ထို့ကြောင့် ယခုလိုအခြေအနေမျိ ုးတွင် ရှီဖုန်းမှ မည်သို့သောနည်းလမ်းကို အသုံးပြု ပြီး လူတိုင်းရဲ့အမြင်အာရုံမှပျောက်ကွယ်သွားကြောင်း သူတို့သိလိုနေကြသည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူများကဲ့သို့အချိန်တိုအတွင်း ဖျက်ခနဲပျောက်သွားခြင်းမျိ ုးအနေအထားဖြင့်ပျောက်သွားခြင်းမျိ ုးမဟုတ်ပဲ ရှီဖုန်းက လုံးဝကို ပျောက်ကွယ်သွားခြင်းဖြစ်သည်။
“အဖွဲ့အစည်းခေါင်းဆောင်က ဒီလိုလှုပ်ရှားကွက်ရှိနေတယ်ဆိုတာ ငါ ဘာလို့များ မေ့သွားရတာလဲ ..။ ”
ထိုအချိန်တွင် မီးလျှံကကြိုးက ရှီဖုန်း၏ လေဟာနယ် ခြေလှမ်းသိုင်းကို သတိရပြီးပြောလိုက်သည်။
ရေနှင်းဆီနှင့်အဖွဲ့သားများက ရှီဖုန်း လေဟာနယ်ခြေလှမ်းအကွက်သုံးသည်ကို မကြားဖူးကြသဖြင့် ဒီလိုအဖွဲ့ခွဲမျိ ုးပိုင်ဆိုင်ထားမည်ကို မသိကြခြင်းဖြစ်သည်။
မီးလျှံကကြိုး အရိပ်ပျံသန်းခြင်းနှင့် ခရမ်းတိမ်တို့ကမူ ရှီဖုန်း လေဟာနယ်ခြေလှမ်းကွက်သုံးသည်ကို မြင်ခဲ့ဖူးကြသည်။ ထို့ကြောင့်သာလျှင် ဒီစကေးက မည်မျှအင်အားကြီးကြောင်း သိနေခြင်းဖြစ်ပေသည်။
ဆန်းမားဆန်းရှိုင်းက အလွန်တရာပြိုင်ဘက်ကင်းသည်ဟု ဆိုလျှင်တောင်မှ ဒီလိုစကေးမျိ ုးနှင့်ရင်ဆိုင်ရသည့်အခါ ကူကယ်ရာမဲ့ရသည်။ မည်သို့ပင်ဆိုစေ မမြင်ရသည့်ရန်သူက ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။
ထို့အပြင် ဒီလိုအခြေအနေမျိ ုးတွင် ပြိုင်ဘက်ကို တုန့်ပြန်ရန် အချိန်များ မပေးနိုင်လောက်အောင် လှုပ်ရှားပိုင်ခွင့်ရှိနေသည်။ ဆန်းမားဆန်းရှိုင်းက လှုပ်ရှားမှုအားလုံးကို ဖယ်ရှားထားပြီး သူ၏ခန္ဓာကိုယ်အရှိန်နှုန်းတစ်ခုထဲကိုသာ တိုးမြှင့်ထားသည့်အတွက် ရှီဖုန်း၏ဓားကွက်ကို တားဆီးနိုင်စွမ်းရှိနိုင်တော့မည် မဟုတ်ချေ။
ထိုအချိန်တွင် ဆန်းမားဆန်းရှိုင်း၏မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာတော့သည်။ သူ ပတ်ဝန်းကျင်ကို မည်မျှပင် ရှာဖွေစေကာမူ ရှီဖုန်းကိုမထောက်လှမ်းနိုင်သည့်အတွက် အလွန်တရာမှင်သက်နေရတော့သည်။
ရုတ်တရတ်ဆိုသလိုပင် ရှီဖုန်းက ဆန်းမားဆန်းရှိုင်း၏ဘေးဖက်တွင် ပေါ်လာသည်။ ငွေရောင်နှင့်ခဲရောင် ရောယှက်နေသော အသူရာဓားက လုပ်ကြံသတ်ဖြတ်သူ၏ လက်ကောက်ဝတ်ကို ခုတ်ပိုင်းရန်ကြိုးစားလာသည်။ လျှင်မြန်စွာပင် လှီးဖြတ်သွားတော့၏။
” မင်း ..။ ”
ဆန်းမားဆန်းရှိုင်းက အရာအားလုံးကိုသုံးကာ ရှောင်ရှားပြီး ရှီဖုန်း၏သိုင်းကွက်ကို တားဆီးလိုလှသော်လည်း အသူရာဓားက သူ၏လက်ကောက်ဝတ်ကို လျှင်မြန်သည့်အချိန်တိုအတွင်းတွင်ပင် လှီးဖြတ်သွားခဲ့သည်။ အသူရာဓားဆိုသည်မှာ သူ့ကိုရှောင်ရှားချိန် တားဆီးချိန်ပင် မပေးပဲ ထိမှန်သွားခဲ့ပြီး HP လေးရာခန့်ပင် လျှော့ကျ သွားခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် ဆန်းမားဆန်းရှိုင်းက သူ၏ HP ဆယ်ပုံပုံတစ်ပုံလျှော့ကျသွားကြောင်း မြင်လိုက်ရတော့သည်။
သို့ရာတွင် ဆန်းမားဆန်းရှိုင်းက လျှင်မြန်စွာ တုံ့ပြန်နိုင်ပေသည်။ ဒီလိုတိုက်ခိုက်ခံရပြီးသည်နှင့် သူကချက်ချင်းလိုလို သူ၏ဓားမြှောင်ကို ကောက်ကိုင်ကာ ရှီဖုန်း၏ကျောပြင်ကို မယုံနိုင်စရာ အရှိန်နှုန်းဖြင့် ထိုးစိုက်ရန်ကြံစည်တော့သည်။ သူတို့ကြားရှိ အကွာအဝေးက အလွန်နီးကပ်နေသည့်အတွက် ရှီဖုန်းက ဓားကိုပြန်သိမ်းလိုက်ပြီး ကိုယ့်ကို ခုခံရန်အချိန်လုံလောက်တော့မည် မဟုတ်ပေ။ ထပ်ပေါင်းဆိုရသော် ဆန်းမားဆန်းရှိုင်း၏တိုက်ကွက်က အပိုလှုပ်ရှားကွက်များမပါပဲ တိကျပြတ်သားလွန်းလှ၏။ သူက ဓားမြှောင်ကို အလွယ်တကူပင် လျှင်မြန်သော အရှိန်နှုန်းဖြင့်သာ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။
ဒီတစ်ခုထဲနှင့်ပင် ရှီဖုန်းကဲ့သို့အားနည်းသည့်အခြေအနေသို့ဝင်ရောက်နေသည့်သူက မည်သည့်နည်းနဲ့မှ တားဆီးနိုင်တော့မည် မဟုတ်ပေ။
ရှီဖုန်းက ရှောင်ရှားလိုက်သဖြင့် ဓားမြှောင်က ဦးတည်ရာကို လွှဲချော်သွားပြီး ရှီဖုန်း၏ပုခုံးကိုသာ ခြစ်မိသွားသည်။ သို့တိုင်အောင် ဒီတိုက်ကွက်က ရှီဖုန်း၏ HP ရှစ်ရာလောက်အထိ လျော့ကျသွားစေသေးသည်။ မည်သို့ပင်ဆိုစေ နီးကပ်လွန်းသည့်အတွက် တစ်ဝက်လောက်ထိ လျော့ကျသွားရခြင်းဖြစ်ပေသည်။
“မင်းက တော်တော်လေး တော်ပါတယ် .. ငါ့ကို တကယ်ပဲ ထိခိုက်အောင် လုပ်နိုင်တယ် …။ ဒါပေမဲ့ မင်းက တော်တော်လေးကို အားနည်းနေတဲ့အခြေအနေမှာရှိနေတယ်ဆိုတော့ ငါ မင်းကိုတစ်ကြိမ်လောက် တိုက်ခိုက်ရုံနဲ့ မင်းရဲ့HPတစ်ဝက်က ဆုံးရှုံးခဲ့သွားရပြီ ..။ ”
ဆန်းမားဆန်းရှိုင်းက လွတ်လပ်စွာပင်ပြုမူနေသေးသည်။ သူက ဒဏ်ရာရထားသည့် သူ၏ လက်ကောက်ဝတ်ကိုကြည့်လိုက်သည်။
“မင်းရဲ့ခြေလှမ်းကွက်က တကယ်ကိုအံ့သြစရာပဲကွ ..။ ဒါပေမဲ့ မင်း တိုက်ခိုက်လိုက်ပြီဆိုတာနဲ့ မင်းဘယ်မှာရှိနေသလဲဆိုတာကို ထုတ်ဖော်ရမှာပဲ .. အဲ့ဒီအချိန်ကျရင် မင်းရဲ့တစ်ကွက်လောက်က ငါ့ရဲ့HP ဆယ်ပုံတစ်ပုံလောက်ကို လျော့ကျနိုင်ပေမဲ့ ငါကတော့သုံးကွက်လောက်နဲ့ မင်းကို အပြီးသတ်နိုင်မယ်ထင်တယ် ..။ ”
“ဒါပေမဲ့လည်း မင်းက ငါ့ကို ဒဏ်ရာရအောင်လုပ်နိုင်တယ်ဆိုမှတော့ ဆုလဒ်အနေနဲ့ငါ့ရဲ့အခြားအခြေပြုသိုင်းတွေနဲ့ မင်းကိုဖိအားမပေးတော့ပါဘူး ငါ မင်းကို မင်းရဲ့ခွန်အားအစစ်အမှန်ကို ထုတ်ပြခွင့်ပေးလိုက်မယ်လေ …။ ”
ဆန်းမားဆန်းရှိုင်းက သာမန်ကာလျှံကာ လေသံမျိ ုးဖြင့်ပြောနေသော်လည်း လွှမ်းမိုးမှုကတော့ဖြင့် ပြင်းထန်နေသည်။ သူက ကိုယ့်ကိုကိုယ် ယုံကြည်မှုပ်ိုင်နိုင်မှုများ ပြည့်နှက်နေ၏။ ရှီဖုန်းက ဆန်းမားဆန်းရှိုင်းဟာ ပေါက်ကွဲလွယ်မည်ဟု မထင်ထားမိပေ။ အကြောင်းမူကား လုပ်ကြံသတ်ဖြတ်သူများဆိုသည်မှာ စကားဆုံးသည်နှင့်ချက်ချင်းဆိုသလိုပင် သတ်ဖြတ်တတ်သောကြောင့် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေမူ အချိန်ခဏလေးအတွင်းမှာပင် လုပ်ကြံသတ်ဖြတ်သူများ၏အရှိန်အဝါက ပြောင်းလဲတတ်သည်။
ယခင်က သူက သတ်ဖြတ်လိုစိတ်ဆန္ဒများကို ထုတ်ဖော်ထားခဲ့လေသည်။ သို့သော် လက်ရှိအချိန်တွင်မူ သူက အားလုံးကို ဖုံးကွယ်ထားသည်။ သူ၏ မျက်ဝန်းအကြည့်များက တစ်နေရာထဲကို စူးစိုက်မှု မရှိတော့ပေ။ ထို့အစား သူ၏ အကြည့်များက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားတော့ကာ အားလုံးကို စူးစိုက်ထားတော့၏။
ဒါက ဘက်ပေါင်းစုံအမြင်စွမ်းအင်ဖြစ်ပေသည်။
သို့ရာတွင် ထိုးဖောက်ခြင်းမြွေနှင့် အခြားသောသူတွေအသုံးပြုစဉ်ကနှင့် ဆန်းမားဆန်းရှိုင်း ထုတ်သုံးပုံက ကွာခြားပေသည်။ ကျွမ်းကျင်မှု ကွာခြားခြင်း ဖြစ်သည်။
သေဆုံးခြင်းနတ်ဘုရားဟု တင်စားရသည့်အတိုင်း တစ်ဖက်သူကို ကိုင်တွယ်ရန်က ထိုမျှ မလွယ်ကူနိုင်ချေ။ ရှီဖုန်းက ဒီလိုစွမ်းအားကြီးသည့်ပုဂ္ဂိုလ်မျိ ုးနှင့်သူ တစ်ခါမှရင်ဆိုင်ဖူးခြင်း မရှိပေ။ ပြောရမည်ဆိုလျှင် သူအနေဖြင့်တိုက်ခိုက်ရန် စွမ်းရည်မရှိခြင်းဟု ဆိုရလိမ့်မည်။
အလွှာသုံးဓားဘုရင်တစ်ယောက်က သာမန်ကစားသမားများ၏အမြင်တွင် အလွန်တောက်ပလှသော်လည်း နတ်ဘုရားအလွှာကစားသမားများ၏အမြင်တွင်မူ ပုရွတ်ဆိတ်တစ်ကောင်ထက် ပိုမနေခဲ့ပေ။
အတိတ်အချိန်က သူဟာ နတ်ဘုရားနယ်မြေမှ ကျော်ကြားသည့်ဆိုရိုးစကားတစ်ခုကို ကြားဖူးသည်။ထိုအရာက လူတိုင်း၏နတ်ဘုရားအလွှာအောက်တွင် ပုရွတ်ဆိတ်များဟုပင် ဆိုကြသည်။ အလွှာခြောက်ဖြစ်လာခြင်းမရှိပဲ အလိုလိုပင် အလွှာခြောက်များ၏ ကြောက်မက်ဖွယ်ကောင်းမှုကို မသိနိုင်ဟု ဆိုကြ၏။
သူ၏ရှေ့တွင် ရပ်နေသည့် လုပ်ကြံသတ်ဖြတ်သူက နတ်ဘုရားနယ်မြေ အထွတ်အထိပ်တွင် ရပ်တည်နေနိုင်စွမ်းရှိသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ ရှီဖုန်းက ဒီလိုလူမျိ ုးနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးပေ။
သို့ရာတွင် အတိတ်တွင်ဖြစ်စေ ယခုပင်ဖြစ်စေ ကွာခြားသွားခဲ့ချေ ပြီ။ ဆန်းမားဆန်းရှိုင်းက ယခုအခါတွင် နတ်ဘုရားအလွှာအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက် မဖြစ်သေးချေ။ ထိုအချိန်တွင် ရှီဖုန်းကိုယ်တိုင်ကမူ လေဟာနယ် ခြေလှမ်းကွက်ကို ပိုင်နိုင်ကျွမ်းကျင်ပြီး အဆင့်မြင့် ခြေလှမ်းကွက်အား ပိုင်နိုင်နေခဲ့ချေ ပြီ။ ဆန်းမားဆန်းရှိုင်းကို တိုက်ခိုက်ပြီး ထွက်ပြေးရန်က မဖြစ်နိုင်လောက်ချေ။
ထွက်ပြေးဖို့လား ..။
ဆန်းမားဆန်းရှိုင်း၏အရှိန်နှုန်းကို ကြည့်လိုက်ရုံဖြင့် ရှီဖုန်းထွက်ပြေးရန်က မသေချာနိုင်ကြောင်း သိထားသည်။ သူ အနိုင်ရလျှင်မူ ဖြစ်နိုင်လိမ့်မည်။
အမှန်စင်စစ်ဆိုရသော် သူ သုံးနိုင်သည့် အခြားနည်းလမ်းရှိနေသေးသည်။ ထိုအရာက လေဟာနယ်ခြေလှမ်းကွက်ကို ဆက်တိုက်သုံးရန်သာဖြစ်သည်။
သို့ရာတွင် သူ၏အခြေပြုစွမ်းအင်က လျော့ကျနေသည့်အတွက် သူက တစ်ခါသုံးသည့်အချိန်တိုင်း အကွာအဝေးက လျော့ကျသွားပေလိမ့်မည်။ ထို့အပြင် လေဟာနယ်ခြေလှမ်းကွက်ကို ကြိမ်ဖန်များစွာ ထပ်ခါတလဲလဲအသုံးပြုခြင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်လေသည်။ ထို့ကြောင့် သူ မထွက်ပြေးနိုင်ခင်မှာပင် အသိစိတ်မဲ့သွားနိုင်၏။
ကြည့်ရတာ .. ငါသူ့ကို လေဟာနယ်ခြေလှမ်းကွက် ဆက်တိုက်သုံးပြီး ဂရုစိုက်ပေးရတော့မယ် ထင်တယ် ..။ ”
ရှီဖုန်းက ဒီအကြံအစည်ထက် ပိုကောင်းတဲ့စိတ်ကူးကို မတွေးတတ်တော့ပေ။
တိုက်ပွဲဝင်စွမ်းအားဆိုသည်မှာ အခြေပြုစွမ်းအားများနှင့် စကေးများအပေါ် မှီခိုရသည်။ အခြေပြုစွမ်းအားအရာများဆိုလျှင် ရှီဖုန်းက ယခုအချိန်တွင် ဆန်းမားဆန်းရှိုင်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ထို့ကြောင့် အနိုင်ရရန် စကေးများကို အသုံးပြုရန်ရှိတော့သည်။
လေဟာနယ်ခြေလှမ်းကွက်က တစ်ကြိမ်သုံးလို့ လုံလောက်မှုမရှိလျှင် နောက်တစ်ကြိမ်သုံးရပေမည်။တိုက်ခိုက်ရန်အတွက် တစ်ကွက် ရှောင်ရှားရန်အတွက်တစ်ကွက် သုံးသင့်လေသည်။
ဒီလိုတွေးမိသည်နှင့် ရှီဖုန်းက ချက်ချင်းဆိုသလို လေဟာနယ်ခြေလှမ်းကွက်ကိုသုံးကာ ဆန်းမားဆန်းရှိုင်း ရှေ့ခုန်ဝင်လာတော့သည်။ ရုတ်တရတ်ဆိုသလိုပင် ရှီဖုန်းက လူတိုင်း၏အမြင်အာရုံမှ ပျောက်ကွယ်သွားပြန်သည်။ ဒီအချိန်အတိုအတွင်းတွင်ပင် ရှီဖုန်းက ဆန်းမားဆန်းရှိုင်း၏ အနားသို့ ထပ်မံရောက်ရှိသွားပြီး အသူရာဓားကလည်း ဆန်းမားဆန်းရှိုင်း၏ဝမ်းဗိုက်ကို ထိုးပြန်သည်။
ဒန်း …။
ရုတ်တရတ်ဆိုသလိုပင် တိုက်ခိုက်ခြင်းအသံများက ထွက်လာကာ မျက်စိကျိန်းမတက်တောက်ပသည့် အလင်းရောင်များက ဆန်းမားဆန်းရှိုင်း၏ဝမ်းဗိုက်တွင် ဖြာထွက်လာတော့သည်။ ဒီလုပ်ကြံသတ်ဖြတ်သူ၏ ဝမ်းဗိုက်သို့ကျရောက်သွားမည့်အစား အသူရာဓားက တစ်ဖက်သူ၏ဓားမြှောင်ဖြင့် တားဆီးခံခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် ဆန်းမားဆန်းရှိုင်းက အခြားဓားမြှောင်တစ်ခုကို သုံးကာ ရှီဖုန်း၏ မျက်ကွယ်ပြုသည့်နေရာတစ်ခုကို တိုက်ခိုက်ရန်ကြံစည်လာတော့သည်။ ရှီဖုန်း အံ့သြသွားရပေသည်။ သို့ရာတွင် ဒီတူညီသည့်အမြန်နှုန်းဖြင့် သူက လေဟာနယ်ခြေလှမ်းကွက်ကို ထုတ်သုံးကာ ရှောင်ရှားလိုက်သည်။
လူတိုင်း၏နှလုံးခုန်သံများက မြန်ဆန်သွားရသည်။
“သူက ဘယ်လိုဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ရဲ့ခြေလှမ်းသိုင်းကွက်တွေကို မြင်နိုင်တာလဲ ..။ ”
မီးလျှံကကြိုးက အလွန်အမင်း အံ့သြနေရသည်။
လေဟာနယ်ခြေလှမ်းကွက်က အလွန်တရာအဆင့်မြင့်ပေသည်။ ဆန်းမားဆန်းရှိုင်းကမူ နှစ်ကြိမ်လောက်သုံးရုံမျှ ဖြင့် နားလည်သွားပုံရသည်။
“မင်းရဲ့ခြေလှမ်းကွက်က တော်တော်လေးလျှိ ု့ဝှက်ဆန်းကြယ်တာပဲ …။ ”
ဆန်းမားဆန်းရှိုင်းက ပေါ့ပါးစွာရယ်နေသည်။ သူက လေးကိုက်လောက်ဝေးကွာသည့်နေရာမှ ရှီဖုန်းကိုကြည့်သည်။
“အစကတော့ ငါခြေလှမ်းကွက်ကိုပဲ မြင်လိုက်ရတဲ့အချိန်မှာ မင်းပျောက်ကွယ်သွားပြီဆိုတာကို ထင်လိုက်တယ် … ဒါပေမဲ့ မင်း ဒုတိယအကြိမ်သုံးတဲ့အခါမှာတော့ မင်းက တကယ်ပျောက်ကွယ်သွားတာ မဟုတ်ဘူးဆိုတာကို သိလိုက်ရတယ် .. မင်း သုံးလိုက်တဲ့ခြေလှမ်းကွက်အားက ငါ့ရဲ့အမြင်အာရုံကို ရုတ်တရတ် မင်းနဲ့ပတ်သက်သမျှ တည်ရှိမှုအားလုံးကို လျစ်လျ ူ ရှုသလို ဖြစ်သွားအောင်လုပ်ခဲ့တာ .. ဒါပေမဲ့ မင်းက ငါ့ရဲ့အမြင်က ပျောက်ကွယ်သွားခဲ့တာပဲ .. ကံဆိုးတာက မင်းက ငါနဲ့မှတွေ့လာရတယ် .. အခြားသူတစ်ယောက်ဆိုရင်တော့ သေချာပေါက် မင်းနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ ကူကယ်ရာမဲ့လောက်ပေမဲ့ ငါကတော့မတူဘူး .. ”
“အမှန်ပဲ ..။ ”
ရှီဖုန်းက ခေါင်းငြိမ့်လိုက်သည်။ လေဟာနယ်ခြေလှမ်းကွက်ဆိုသည်မှာ အဆင့်မြင့်ခြေလှမ်းကွက်မျှသာဖြစ်၏။ မမြင်နိုင်လောက်သည့်အထိ ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပေ။ နတ်ဘုရားအလွှာအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်နှင့်ရင်ဆိုင်ရသည့်အချိန်တွင် ဒါက ပျက်လုံးတစ်ခုမျှသာဖြစ်ပေလိမ့်သည်။ ကံကောင်းသည်က ယခုဆန်းမားဆန်းရှိုင်းက နတ်ဘုရားအလွှာအဆင့်အထိ မရောက်သေးချေ။ ထို့အပြင် သူက လျင်မြန်စွာ သိသွားနိုင်သည်။
လုံလောက်စွာပင် ဆန်းမားဆန်းရှိုင်း၏ သေဆုံးခြင်းနတ်ဘုရားဘွဲ့က တကယ်ကို ထိုက်တန်လွန်းနေသည်။ သူက မွှန်းစတားတစ်ကောင်နီးပါး စွမ်းအားကြီး၏။
ရှီဖုန်းက ဆန်းမားဆန်းရှိုင်းကို မည်သို့ကိုင်တွယ်ရမည်ဟု ကြိုးစားနေချိန်မှာပင် တစ်ဖက်သူကရှေ့သို့တက်လာပြီး ရှီဖုန်းကို တိုက်ခိုက်လာသည်။