ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 465 လျင်မြန်စွာ အဆင့်တိုးခြင်း
အဆင့်မြင့်စားသောက်ဆိုင်တစ်ခုဖြစ်သော ဘလူးမွန်း ( အပြာရောင် လ ) စားသောက်ဆိုင်က မြစ်ဖြူမြို့တွင် တည်ရှိသည်။ စားသောက်ဆ်ိုင်တစ်ခုလုံးက လွှမ်းမိုးခြင်း အပြုံးအဖွဲ့ဝင်များက နေရာယူထားပြီး လက်ရွေးစင်အဖွဲ့ ဆယ်ဦးက အဆောက်အအုံ အပြင်ဘက်တွင် စောင့်နေကြသည်။ လွှမ်းမိုးခြင်းအပြုံး၏ လက်ရွေးစင်အဖွဲ့ဝင် တစ်ယောက်ချင်းစီက စိတ်အခြေအနေ မကောင်းတော့ပေ။ သူတို့၏ မျက်နှာထက်တွင် ကြမ်းတမ်းသည့် အမူအရာများပေါ်နေ၏။ ဘလူးမွန်း ( အပြာရောင် လ ) စားသောက်ဆိုင်တွင် ဖြတ်သန်းသွားသည့် မသက်ဆိုင်သည့် ကစားသမားများက အဆောက်အဦးကနေ ခပ်ဝေးဝေးသွားမှာ သံသယဖြစ်ဖွယ်မရှိပေ။ သူတို့က ကံဆိုးမိုးမှောင်ကျပြီး ပြဿနာထဲ ဝင်မိမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။
လက်ရှိတွင် ဇီးရိုးဝင်းနှင့် လွှမ်းမိုးခြင်းအပြုံးက တစ်ယောက်နဲ့တစ်ယောက် စစ်ဖြစ်နေကြသည်။ ဇီးရိုးဝင်းအကြောင်း ပြောတာ ဘာမှမကောင်းပေ။ လွှမ်းမိုးခြင်းအပြုံး၏ အဖွဲ့ဝင်များက သူတို့၏ နိုင်လွန်မင်းထက် အပြုအမှုကြောင့် မကောင်းသတင်းဖြင့် ကျော်ဇော်လာသည်။ လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များက အနည်းငယ်လေး စိတ်မကျေမနပ်ဖြစ်လိုက်သည်နှင့် တစ်စုံတစ်ယောက်အတွက် ပြဿနာရှာရန် ကြိုးစားကြသည်။ လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင် အများစုက မောင်ပိုင်စီးကြတာများသည်။ သူတို့က ဒေသတစ်ခုလုံးကို အပိုင်စားယူထားပြီး အစည်းအရုံးအဖွဲ့ဝင်မဟုတ်သည့် သူများအားလုံးကို မောင်းထုတ်လေ့ရှိသည်။ သို့သော် မြစ်ဖြူမြို့၏ လွတ်လပ်သော တစ်ကိုယ်တော် ကစားသမားများက လွှမ်းမိုးခြင်းအပြုံး၏ အပြုအမူများကို ဒေါသထွက်သော်လည်း သူတို့၏အမြင်ကို မည်သူမှ မဖွင့်ဟရဲပေ။ လွတ်လပ်သော တစ်ကိုယ်တော်ကစားသမားများသည် ဇီးရိုးဝင်းနှင့် လွှမ်းမိုးခြင်းအပြုံးကြားရှိ စစ်ပွဲအကြောင်း ကြိတ်ပျော်ပြီး လက်ခုတ်တီးနေကြမှာ မလွဲမသွေပင်ဖြစ်၏။
လွမ်းမိုးခြင်းအပြုံး၏ သေဆုံးသည့်နှုန်းက သိသိသာသာတိုးလာကြောင်း သတင်းပျံ့လာသည့် အချိန်တွင် ၎င်းက မှန်ကန်သည်။ ယခုဆို အယောက်ရှစ်ထောင်ကျော်သွားပြီဖြစ်သည်။
ယခုအချိန်တွင် လူနှစ်ယောက် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးက ဘလူးမွန်းစားသောက်ဆိုင်၏ ဒုတိယအလွှာရှိ စားပွဲတွင် ထိုင်နေသည်။ အမျိုးသားက ဖုန်းရွှမ်းယန်ဖြစ်ပြီး သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အမျိုးသမီးက တိတ်ဆိတ်ငြိမ်သက်ပြီး ကျက်သရေရှိသောအလှလေး ယို့လန်ဖြစ်သည်။
” မင်းပို့လိုက်တဲ့ အချက်အလက်ကို ကြည့်ပြီးပြီ…။ အသေးစိတ်ရေးထားတာပဲ…။ ဒါကို စိတ်ကျေနပ်တယ်…။ အထက်အရာရှိတွေဆီ မင်းရဲ့ဝေဖန်သုံးသပ်မှုကိုလည်း တင်ပြပြီးပြီ…။ ဇီးရိုးဝင်းက မြေအောက်လောကဘက်ခြမ်းက ဆူးတစ်ချောင်းလို သူတို့က သတ်မှတ်ပြီးပြီ…။ ဇီးရိုးဝင်းကို ငါတို့မရနိုင်ရင် နောင်ကျ ပြဿနာတက်လာမှာကို ရှောင်ဖို့အတွက် သူတို့ကိုဖျက်ဆီးရမယ်လို့ ပြောသေးတယ်…။ ဒါ့အပြင် အခုဆိုမြစ်ဖြူမြို့မှာ သူတို့က သိပ့်ကိုအကောင်းမြင်ခံရပြီ…။ မြစ်ဖြူမြို့ရဲ့ လက်ရှိလူဦးရေက နှစ်သန်းကျော်နေပြီ…။ ကျန်တဲ့ မြို့တွေက ကစားသမားတွေနဲ့ တခြားတိုင်းပြည်နဲ့ အင်ပါယာတွေက ဒီမှာတဖြေးဖြေး လာရောက် ပြောင်းရွေ့နေထိုင်နေကြပြီး လက်ရှိမှာမြစ်ဖြူမြို့က ကြယ်လတိုင်းပြည်ထဲမှာ ဒုတိယမြောက် အကျော်ကြားဆုံး မြို့ဖြစ်နေတယ်…။ ဒါကြောင့် ငါတို့တွေ မြစ်ဖြူမြို့ကို ထိန်းချုပ်ထားမှရမယ်…။ ဒီတခေါက် အထက်အရာရှိတွေက စွမ်းအားလုံလုံလောက်လောက် ပေးလိုက်ရုံတင်မကဘူး .. သူတို့က ငါတို့ဘဏ္ဍာရေးကို တိုးပေးပြီး လွှမ်းမိုးခြင်းအပြုံးရဲ့ အဖွဲ့ဝင်တွေကို ပျိုးထောင်တာကို အာရုံစိုက်ဖို့ ပြင်ဆင်ထားတယ်…။ ”
” ဇီးရိုးဝင်းက လျော်ကြေးနဲ့ ဆုတွေကို တိုးပြီးတဲ့နောက် မင်းလည်း လွှမ်းမိုးခြင်းအပြုံးမာ ဆုတွေတိုးလိုက်တယ်လို့ ငါကြားတယ်…။ သိသိသာသာတိုးရင် မင်းဘက်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်လို့ထင်တယ် ဟုတ်တယ်မလား…။ ဒါပေမဲ့ မင်း ဇီးရိုးဝင်းနဲ့ စိတ်အေးလက်အေး ဆက်ယှဉ်ပြိုင်လို့ရတယ် .. အထက်အရာရှိတွေက မင်းအတွက် ခရက်ဒစ် သန်းသုံးရာနဲ့ ရွှေငါးရာစုဆောင်းပေးပြီးပြီ…။ ခရက်ဒစ်က မင်းဆီအခုပို့လိုက်မယ်…။ ရွှေတွေအတွက်ကတော့ အလွန်ဆုံး နောက်ထပ် တစ်နာရီ နှစ်နာရီနေရင် ရောက်လိမ့်မယ်…။ ပြောရရင်သူတို့က ရွှေတွေနဲ့ ခရက်ဒစ်တွေ ပိုတောင် ပို့ချင်ပို့အုံးမာ…။ အထက်အရာရှိတွေက ဒီတခေါက် အရေးတယူရှိနေတယ်လို့ ငါကြားတယ်…။ ကွိုင်စုစုပေါင်းပမာဏက သူတို့ လွှမ်းမိုးခြင်းအပြုံးပေါ်မှာ ရင်နှီးမြုပ်နှံမဲ့ ကွိုင်စုစုပေါင်း ပမာဏက ရွှေငါးထောင်ကျော်မယ် .. ခရက်ဒစ်ဆိုတာ ထည့်ပြောမနေနဲ့…။”
ထိုသို့ ပြောပြီးနောက် ဖုန်းရွှမ်းယန်က လက်ဖြောင့်တီးလိုက်သည်။ နောက်တစ်စက္ကန့်တွင် လူအယောက်နှစ်ဆယ်က သီးသန့်အခန်းထဲ ဝင်လာခဲ့သည်။ တစ်ယောက်ချင်းစီက သတ်ဖြတ်လိုသည့် ဆန္ဒများထွက်ပေါ်နေ၏။ သူတို့၏ ခန္ဓာကိုယ်များက ကြီးမားသည့် ဝက်ဝံတစ်ကောင်နှင့် တုတ်ခိုင်လှသည့် သာမာန်ကစားသမားများနှင့် တူရမည့်အစား သူတို့က ကောင်းစွာ လေ့ကျင့်ပေးထားသည့် စစ်သားအဖွဲ့နှင့် တူနေ၏။
” ဒီလူတွေက မြေအောက်ကမ္ဘာက အစောင့်အကြပ်အဆင့်မြင့်တွေက စေလွှတ်လိုက်တာပဲ…။ သူတို့အယောက်နှစ်ဆယ်က အဖွဲ့ခေါင်းဆောင်တွေဖြစ်ပြီး တစ်ယောက်ချင်းစီက အဖွဲ့ဝင် ခြောက်ယောက်ကို ဦးဆောင်တယ်…။ စုစုပေါင်း မင်းမှာ မြေအောက်ကမ္ဘာအစောင့်အကြပ် တစ်ရာ့နှစ်ဆယ် ရှိမယ်…။” ဖုန်းရွှမ်းယန်က ပြောပြီးပြုံးလိုက်၏။
” သူတို့တွေက တခြားမြေအောက်ကမ္ဘာအစောင့်နဲ့ မတူဘူး…။ မင်းတို့ကိုသေချာပြောနိုင်တာက အတိတ်တုန်းက သူတို့က ကြေးစားတွေအဖြစ် အလုပ်လုပ်ခဲ့တာ…။ တကယ့်တိုက်ပွဲဝန်းကျင်ကို ရောက်ခဲ့တဲ့ သူတွေချည်းပဲ…။ လွှမ်းမိုးခြင်းအပြုံးက ဇီးရိုးဝင်းနဲ့ စစ်ပွဲကြေငြာထားတာ မဟုတ်ဘူးလား…။ မင်းမှာ ဒီမြေအောက်လောက အစောင့်တွေထောက်ပံ့မှု ရှိနေသ၍သွေးလတ်လတ်ဆတ်ဆတ်ကို တခါမှ မမြင်ဖူးတဲ့ ကစားသမားတွေက အလွယ်တကူ အကောက်ခံလိုက်ရမှာပဲ…။ ဇီးရိုးဝင်းမှာ အလွှာတစ် ကစားသမားအယောက် ငါးဆယ်ကျော်တောင်ရှိပေမဲ့ သူတို့ အဆုံးသတ်သွားမှာပဲ…။”
” ဒီလူတွေကို မင်းဆီလွဲလိုက်မယ် .. သူတို့တွေက မင်းနဲ့ သက်ဆိုင်သွားပြီ…။ ”
” သခင်ဖုန်း စိတ်ချလိုက်ပါ .. ကျွန်မ စိတ်မပျက်စေရပါဘူး…။” မူလက ယို့လန်သည် ဇီးရိုးဝင်းကို သေစေရန် ဖြေးဖြေးချင်းငြင်းပန်းဖို့ ယုံကြည်ချက် ရှိပြီးသားဖြစ်သည်။ ယခုမူ မြေအောက်ကမ္ဘာ အစောင့်အကြပ် အဖွဲ့ခေါင်းဆောင်များ စီတန်းနေသည့် နှစ်တန်းကို ကြည့်ပြီးနောက် သူမရင်ထဲ၌ မဖော်ပြတတ်သည့် အပျော်များပြည့်နေတော့သည်။
ဇီးရိုးဝင်း၏ အလွှာတစ် ကစားသမား အယောက်ငါးဆယ်ကျော်က လွှမ်းမိုးခြင်းအပြုံးကို လတ်တလောတွင် ခေါင်းခဲစေသည်။လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များကို ခံစစ်အနေအထား ရောက်စေသည်။ ယခုအချိန်တွင် သူတို့က ကျွမ်းကျင်သူများ သို့မဟုတ် အလွှာတစ်ကစားသမားများကို ပို့ရုံသာ လိုအပ်သည်။ မဟုတ်ပါက သူတို့သည် ဇီးရိုးဝင်း၏ အလွှာတစ်ကစားသမားများနှင့် ဆန့်ကျင်ရာတွင် ကူကယ်ရာမဲ့နေပေလိမ့်မည်။ သို့သော် ယို့လန်က ရုတ်တရက် သဘောပေါက်လာရသည်။ လွှမ်းမိုးခြင်းအပြုံးတွင် လက်ရွေးစင် ကစားသမားများစွာရှိသည်။ သို့သော် သူတို့တွင် ကျွမ်းကျင်သူများနှင့် အလွှာတစ် ကစားသမားများချို့တဲ့သည်။
သူမရှေ့တွင် ရပ်နေသည့် မြေအောက်ကမ္ဘာအစောင့်အကြပ် အယောက်နှစ်ဆယ်လုံးက လိုအပ်သည့် ကျွမ်းကျင်သူများ မဟုတ်သည့်တိုင် သူတို့၏ အဆင့်က အဆင့်၂၃ နှင့် အဆင့်၂၄ မျှသာ ရှိသည့်တိုင် သူတို့က တိုက်ပွဲကွင်းပြင်တွင် လုပ်သက်ရင့်သူများ ဖြစ်ကြသည်။ နတ်ဘုရားနယ်မြေထဲရှိ တိုက်ပွဲများက လတ်တလောတွင် အမှန်တကယ်အဖြစ် တိုးတက်လာပြီးနောက် ထိုလူများက မရင်းနိုင်သည့် အသာစီးရရှိမှုဖြစ်သည်။ သူတို့က သာမာန် လက်ရွေးစင် ကစားသမားများနှင်ယှဉ်လျှင် ပိုအားကောင်းသည်။ သူတို့ ပူးပေါင်းဆောင်ရွက်ပါက တိုက်ပွဲကွင်းပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် သက်ရောက်မှု ရှိသင့်သည်။
မြေအောက်ကမ္ဘာ၏ အထက်ပိုင်း စီမံမှုက ယခုအခေါက် ကိစ္စများကို အလေးထားဖြေရှင်းနေမှန်း ယို့လန် ပြောနိုင်ပေသည်။ လက်ရှိတွင် နတ်ဘုရားနယ်မြေထဲရှိ အမျိုးမျိုးသော အစည်းအရုံးများက ကွိုင်များကို ဝယ်ယူနေကြသည်။ သူတို့က ပိုက်ဆံရိတ်သိမ်းသည့် အဖွဲ့များစွာတည်ထောင်ရန် တိတ်တိတ်လေး ကျန်နေကြသည်။
ရွှေငါးရာစုဆောင်းရန်က အလွန်ခက်ခဲသည်။ နောင်တွင်ရွှေငါးထောင် ထပ်မံရင်းနှီးမြုပ်နှံဖို့ အစီအစဉ်ဆိုလျှင် ထပ်ပြောရန်တောင် မလိုချေ။ ထိုမျှ ပိုက်ဆံပမာဏဖြင့် ဇီးရိုးဝင်းကို ဖြေရှင်းရန်က အသေးအမွှားသာဖြစ်သည်။
မြေအောက်ကမ္ဘာမှာ နောက်ပိုင်း ဘဏ္ဍာငွေ ထောက်ပံ့မှုဖြင့် ယို့လန်က ချပ်ဝတ်တန်ဆာများအကြောင်း စိတ်ပူပန်စရာမလိုတော့ပေ။ လက်ရှိတွင် ချပ်ဝတ်တန်ဆာများ၏ အဓိကရင်းမြစ် သုံးခုရှိသည်။ မြေအောက်စခန်းများ လေလံအိမ်တော်နှင့် ဘာဂျူရယ် လဲလယ်ရေးစင်တာဖြစ်သည်။ လေလံအိမ်တော်နှင့်မတူပဲ တစုံတစ်ယောက်က ဘာဂျူရယ်ကုန်သွယ်ရေးစင်တာမှာ ချပ်ဝတ်တန်ဆာများကို ဝယ်ယူချိန်တွင် ကွိုင်အစား ခရက်ဒစ်များ အသုံးပြုနိုင်သည်။ ရလဒ်အနေဖြင့် ချပ်ဝတ်တန်ဆာ၏ တန်ကြေးက အလွန်စျေးကြီးကြီးဖြင့် ရောင်းထွက်မှာဖြစ်သည်။ ထိုသို့တိုင် ကြွယ်ဝချမ်းသာသူများက ဘာဂျူရယ် လဲလှယ်ရေးစင်တာကနေ သူတို့၏ ဝယ်ယူမှုများကို ဖြတ်သန်းရလည်း စိတ်မရှိကြပေ။
ပထမအကြောင်းပြချက်က လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ ထောက်ပံ့မှုက အလျှံပယ်ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရက်ဒစ်များရရန်အတွက် အလုပ်ရုံများစွာနှင့် ကစားသမားများက ဘာဂျူရယ် ကုန်သွယ်ရေးစင်တာတွင် သူတို့၏ အိုင်တမ်များကို ရောင်းချရန် တင်ထားကြသည်။ ဒုတိယအကြောင်းပြချက်က သက်တောင့်သက်သာ ရှိသောကြောင့် ဖြစ်သည်။ နတ်ဘုရားနယ်မြေ၏ ငွေကြေးက ရရှိရန် မလွယ်ကူပေ။ ထို့အပြင် ကုန်သွယ်ရေး လုပ်ငန်းစဉ်များက အားစိုက်ရန် လိုအပ်သည်။
ခရက်ဒစ်ပမာဏများစွာဖြင့် သူမသည် လွှမ်းမိုးခြင်း အပြုံး၏ အစည်းအရုံးသိုလှောင်အိမ်ကို ချက်ခြင်းဖြည့်နိုင်ပြီး အစည်းအရုံးအဖွဲ့ဝင်များ၏ ယုံကြည်ချက်ကို ပြန်တည်ဆောက်ပေးနိုင်သည်။ တချိန်ထဲတွင် ဇီးရိုးဝင်းကို ပြင်းထန်သည့် ဖိအားပေးနိုင်မှာဖြစ်သည်။
ထို့ကြောင့် ယို့လန်သည် မြေအောက်ကမ္ဘာတွင် ဘဏ္ဍာငွေများရရှိသည့်နေ့တွင် သူမက ဘာဂျူရယ် ကုန်သွယ်ရေးစင်တာမှ အဆင့် ၁၅ နှင့် အဆင့် ၂၀ ကြားရှိ ချပ်ဝတ်တန်ဆာများ လက်နက်များကို ဝယ်ယူခဲ့သည့် အိုင်တမ်များ၏ အရေအသွေးက ကြေးအဆင့်ကနေ ရွှေကောင်းအဆင့်ဖြစ်သည်။ စုစုပေါင်း သူမက လက်နက်နှင့် ချပ်ဝတ်တန်ဆာ ငါးထောင်ဝယ်ခဲ့ပြီး လွှမ်းမိုးခြင်းအပြုံး၏ စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့သည်။ တချိန်ထဲတွင် သူမက သေဆုံးမှုအတွက်လျော်ကြေးများနှင့် သတ်ဖြတ်မှုအတွက် ဆုကြေးများကိုလည်း တိုးပေးလိုက်သည်။ ထိုသို့ပြောင်းလဲမှုကို မြင်သောအခါ လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များစွာက တိုက်ပွဲကွင်းပြင်ထဲတွင် ဝင်ပါရန် သွေးဆောင်ခံရတော့သည်။
အချိန်အတိုင်းအတာတစ်ခုအတွက် လွှမ်းမိုးခြင်းအပြုံး၏ မြစ်ဖြူမြို့ထဲရှိ အဟုန်က ဇီးရိုးဝင်းကို ကျော်သွားသည်။ သို့သော် ဇီးရိုးဝင်း၏ အစည်းအရုံး ခေါင်းဆောင်အနေဖြင့် ရှီဖုန်းက ထိုအဖြစ်အပျက်ကို လုံးဝလျစ်လျူရှု့ထားသည်။ လက်ရှိတွင် သူက နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာများ ထုတ်လုပ်မှုကိုသာ အာရုံစိုက်ထားပြီး သူ၏ သွန်းလုပ်သည့် ကျွမ်းကျင်မှုကို မြှင့်တင်နေသည်။
လတ်တလောတွင် ရှီဖုန်းက တခြားသောကိစ္စများနှင့်အလုပ်များနေသည်။ ရလဒ်အနေဖြင့် သူ၏ သွန်းလုပ်သည့် အရည်အချင်းက မလှုပ်မယှက် ဖြစ်နေတော့သည်။ ပထမလူက အဆင့်မြင့် သွန်းလုပ်သည့် တပည့်ဖြစ်သည့်တိုင် သူသည် ခရင်ကိုလာနှင့် ကျန်သည့်လူများ၏ နောက်ကောက်ကျနေပြီ ဖြစ်သည်။ ထိုအနာဂါတ်သွန်းလုပ်သည့် ဆရာများက စစ်မှန်သည့် သွန်းလုပ်သူများဖြစ်ကြသည်။ ရှီဖုန်းကိုယ်တိုင်ကမူ သွန်းလုပ်သူတစ်ဦးမဖြစ်ခင် သွန်းလုပ်သည့် အရည်အချင်းများစွာရှိရန် လိုအပ်သေး၏။။
ကျွမ်းကျင်သည့် အမှတ်သုံးထောင်က ကြားအဆင့်သွန်းလုပ်သည့် အလုပ်သင်ကို အစဉ်ပင်သွန်းလုပ်သည့် အလုပ်သင်အဖြစ် အဆင့်မြင့်ပေးနိုင်သည်။ အဆင့်မြင့်သွန်းလုပ်သည့် အလုပ်သင်ကနေ အခြေခံသွန်းလုပ်သူအဖြစ် မြှင့်တင်ရန်အတွက် ကျွမ်းကျင်အမှတ်တစ်သောင်းလိုအပ်သည်။ ထိုလိုအပ်သည့် ပမာဏက အဆင့်တဆင့်ကို မြှင့်တင်ရန်ထက် သုံးဆပိုများသည်။ ထို့အပြင် အဆင့်မြင့်သွန်းလုပ်သည့် အလုပ်သင်များက သာမာန် အိုင်တမ်များထုတ်လုပ်သည်ကနေ ကျွမ်းကျင်အမှတ်များ မရရှိနိုင်ပေ။ ရလဒ်အနေဖြင့် ထုတ်လုပ်သည့် နှုန်းက လျော့ကျသွားတော့သည်။
လွှမ်းဆွေးခြင်းအပြုံးနှင့် ကျန်သည့်နှစ်ယောက်က အခြေခံသွန်းလုပ်သူများအဖြင့် ထိုသို့မြန်မြန်ဖြစ်လာရခြင်းမှာ ရှီဖုန်း သူတို့ကို ထောက်ပံ့ပေးထားသည့် အခြေခံခွန်အားမြှင့် သံချပ်ကာသွန်းလုပ်သည့် ဒီဇိုင်းကြောင့် ဖြစ်သည်။ အနာဂတ်တွင် အခြေခံခွန်အား သံချပ်ကာတောင် သူတို့၏ အဆင့်မြှင့်တင်မှုတွင် ကူညီပေးနိုင်မှာ မဟုတ်ပေ။
ကံကောင်းသည်မှာ ရှီဖုန်းပိုင်ဆိုင်ထားသည့် နဂါးကြေးခွံစက်ချပ်ဝတ်တန်ဆာက မတူညီပေ။ ၎င်းက အလွန်အဆင့်မြင့်ရုံတင်မက စက်ချုပ်ဝတ်တန်ဆာ တစ်ခုကို အောင်မြင်စွာထုတ်လုပ်နိုင်သည့်သူ့ကို ဘောနပ်စ် ကျွမ်းကျင်မှတ်များထောက်ပံ့ပေးမှာဖြစ်သည်။ သူသည်လည်း သွန်းလုပ်သည့် ပါရမီရှိပြီး အိုင်တန်တစ်ခုကို သွန်းလုပ်ရာတွင် အောက်မြင်သည့် အချိန်၌ အပိုဆောင်း ကျွမ်းကျင်မှတ်များကို သူရနိုင်သည့် အခွင့်အရေးရှိသည့် သွန်းလုပ်သည့် ပါရမီရှင်တစ်ဦးဖြစ်သည်။
ထို့အပြင် နဂါးကြေးခွံက ရွှေကောင်းစက် ချပ်ဝတ်တန်ဆာဖြစ်ပြီး ၎င်း၏အောင်မြင်သည့်ထုတ်လုပ်မှုကနေ EXP ဆုရရှိနှုန်းကလည်း အလွန်ယုတ်လျော့သည်။ သို့သော် နဂါးကြေးခွံစက်ချပ်ဝတ်တန်ဆာကို ထုတ်လုပ်ချိန်တွင် ရှီဖုန်းက စက်တစ်ခုစီအတွက် ကြယ်မီးအနှစ်သာရ ဆယ်ခု အသုံးပြုရမှာ ဖြစ်သည်။ ထို့အပြင် အမျိုးမျိုးသော ထောက်ပံ့ရေး ကိရိယာများ၏ အကူအညီဖြင့်တောင် သူ၏ အောင်မြင်မှုနှုန်းက နှစ်ဆယ့်ငါးရာခိုင်နှုန်း တောင်မရှိပေ။
ထို့သို့တိုင် ရှီဖုန်းက ထိုရလဒ်ကို သိပ့်ကို ကျေနပ်ပြီးသားဖြစ်သည်။ ကျန်သည့်သူများက နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာကိုသာ အသုံးပြုလျှင်နှစ်ဆယ့်ကိုးရာခိုင်နှုန်း မဆိုထားနှင့် သူတို့ဆယ်ရာခိုင်နှုန်း အောင်မြင်လျှင်တောင် ဆန်းကြယ်နေပြီဖြစ်သည်။ ထို့အပြင် နဂါးကြေးခွံစက်ချပ်ဝတ်တန်ဆာထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများက သာမာန်ရှားပါးရုံသာမဟုတ်ပေ။ သူတွင်ကြယ်မီး အနှစ်သာရ များစွာလည်းရှိသည်။
ထို့ကြောင့် ရှီဖုန်းသည် နဂါးကြေးခွံစက်ချပ်ဝတ်တန်ဆာများကို ကုန်ကျမှာ မစိုးရိမ်ပဲ ရူးသွပ်စွာ ထုတ်လုပ်ရခြင်းဖြစ်သည်။ သူက စက်များကို ပိုထုတ်လုပ်လေ သူသည် ပိုကျွမ်းကျင်လေဖြစ်သည်။ ထို့အပြင် သူ၏တိုးတက်လာသော ဦးနှောက်လုပ်ဆောင် နိုင်စွမ်းက ထုတ်လုပ်သည့် ဖြစ်စဉ်ကို ပိုတိကျစေကာ သူ နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာထုတ်လုပ်ရာတွင် ပိုမြန်ပြီး ပိုကောင်းလာစေသည်။
သူ ထိုမျှကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးရှိလာလိမ့်မည်ဟု ရှီဖုန်း တစ်ခါမှ မတွေးခဲ့ဖူးပေး။
နောက်ဆုံးတွင် တစ်ရက်ကျော်ခန့် ရင်းနှီးမြုပ်နှံပြီးနောက် ရှီဖုန်းက သူ၏ ကုန်ကြမ်းများအားလုံးကို အသုံးပြုပြီး စက်တစ်ရာကျော် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ထိုကာလအတွင်း အခြေခံသွန်းလုပ်သူအဖြင့် အဆင့်မြှင့်တင်ခံလိုက်ရကာ သူ၏ အဆင့်တက်သည့်အရှိန်က အခြားသူများကို ဆွံ့အသွားစေနိုင်သည်။ သူသည် အဆင့်၂၆ သို့လည်း တိုးတက်သွားပြီး သူ၏ အဆင့်တက်သည့် အရှိန်က မွန်းစတားများကို ရိတ်သိမ်းသည့် အချိန်ကထက်တောင် မြန်နေသည်။