ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 466 နဂါးလက်သည်းစက် ချပ်ဝတ်တန်ဆာ
” ဒီလောက်ဆို လုံလောက်သင့်ပါပြီ…”
ရှီဖုန်းက နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာများပါဝင်သည့် အိတ်ကို စိတ်ကျေနပ်စွာ ကြည့်လိုက်သည်။ လက်ရှိတွင် နတ်ဘုရားနယ်မြေ၏ ကစားသမားက အဆင့်သိပ့်မမြင့်သေးပေ။ အဆင့်နှစ်ဆယ် ဝန်းကျင်တွင်သာရှိကြသည်။ ထို့ကြောင့် အဆင့်နှစ်ဆယ်စာချပ်ဝတ်တန်ဆာများက အသုံးများနေပြီဖြစ်သည်။ လွတ်လပ်သော တစ်ကိုယ်တော်ကစားသမားများအဖွဲ့ အရေအတွက်က အဆင့်နှစ်ဆင့် အယောက်နှစ်ဆယ်မြေအောက်စခန်းများကို ဝင်ရောက်စီးနှင်းတာများသည်။
သာမာန်အဆင့် အယောက်နှစ်ဆယ် မြေအောက်စခန်းကို ဝင်လျှင်တောင် အနိမ့်ဆုံး ဆန်းကြယ်သံမဏိချပ်ဝတ်တန်ဆာများ ကျလေ့ရှိသည်။ ဆန်းကျယ်သံမဏိစက် ချပ်ဝတ်တန်ဆာကျနိုင်ချေတောင် ရှိသေးသည်။
သာမာန်ကစားသမားများက အဆင့်နှစ်ဆယ်ကြေးနီ ချပ်ဝတ်တန်ဆာအပိုင်းအစတချို့ကို ဝတ်ဆင်ထားရသည်။ လုပ်သက်ရင့်များနှင့် ကျွမ်းကျင်ကစားသမားများဆို ပြောနေရန် မလိုတော့ချေ။ ကစားသမားတစ်ဦးက ကြေးနီချပ်ဝတ်တန်ဆာစက် အပြည်အစုံဝတ်ထားတာက အံ့သြဖွယ်ရာ မဟုတ်ပေ။
အစည်းအရုံး၏ လက်ရွေးစင်ကစားသမားများ ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာများက ပိုတောင်အထင်ကြီးဖွယ်ကောင်းသည်။ လွတ်လပ်သော တစ်ကိုယ်တော် ကစားသမားများနှင့် မတူဘဲ မြေအောက်စခန်းများကို အဖွဲ့လိုက်စီးနှင်းရန်အတွက် ရံဖန်ရံခါ ကြိုးစားလေ့ရှိကြသည်။ ထို့ကြောင့် အစည်းအရုံးများ၏ လက်ရွေးစင်များရရှိသည့် ချပ်ဝတ်တန်ဆာများက လွတ်လပ်သော ကစားသမားများရရှိတာထက် ပိုသာပြီး လက်ရွေးစင်အဖွဲ့ဝင်စုက အနည်းဆုံးတော့ ဆန်းကြယ်သံမဏိချပ်ဝတ်တန်ဆာ အချို့ကိုပိုင်ဆိုင်ကြသည်။
အစည်းအရုံး၏ ပင်မအဖွဲ့ဖြစ်သော အနိမ့်ဆုံးအရေအတွက် ချပ်ဝတ်တန်ဆာက အဆင့်နှစ်ဆယ် ဆန်းကြယ်သံမဏိ ဖြစ်သည်။ ပုံမုန်ဆို ပင်မအဖွဲ့ဝင်များက ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ကြသည်။ အစည်းအရုံး၏ ထိပ်တန်းကျွမ်းကျင်သူများသာလျှင် အဆင့်၂၀ ချပ်ဝတ်တန်ဆာနှင့် ရွှေကောင်း အပိုင်းအစချပ်ဝတ်တန်ဆာ ဝတ်ဆင်ရန် အခွင့်အရေးရကြသည်။ ကစားသမားအဖို့ ရွှေကောင်းချပ်ဝတ်တန်ဆာက သူတို့အိမ်မက်ထဲတွင်သာ ရနိုင်သည့် အရာဖြစ်သည်။ ထိုသို့သောအိုင်တမ်က သူတို့တတ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပြီး သူတို့တစ်ခုပိုင်ဖို့ စိတ်ကူးယဉ်ရုံသာ တတ်နိုင်သည်။
အဆင့် ၂၀ ရွှေကောင်းချပ်ဝတ်တန်ဆာအတွက် အစည်းအရုံး၏ အထက်အရာရှိများကတောင် တစ်ခု မပိုင်ဆိုင်ထားပေ။ အဆင့် ၂၀ ရွှေကောင်းစက် ချပ်ဝတ်တန်ဆာ အဆင့် ၂၀ ဧရိယာကျယ်ဝန်းသော မြေအောက်စခန်းများသာ ကျရောက်သည်။ ဂိမ်း၏ ထိုအဆင့်တွင် အစည်းအရုံးတစ်ခုက အဆင့် ၂၀ ဧရိယာကြီးမားသည့် အဖွဲ့ မြေအောက်စခန်းကို အခြေချဖို့ အသင့်မဖြစ်နိုင်ပေ။
ထို့ကြောင့် အားလုံးက မြူဖြူချောက်ကမ်းပါး အတွင်းကျသော ဝါးဖိုင်းယားစက် ကစားသမားကိုသာ အာရုံစိုက်ထားခြင်းဖြစ်သည်။ ယခုအချိန်တွင် အဆင့်၂၀ ချပ်ဝတ်တန်ဆာက အကောင်းဆုံး အဆင့် ၂၀ စက်များထဲမှ တစ်ခုဖြစ်တာသေချာနေသည်။ ၎င်းက ရွှေကောင်းအဆင့်ကို မြှင့်လိုက်သည့် ဝါးဖိုင်းယားစက်ကို မယှဉ်နိုင်သည့်တိုင် တစ်စုံတစ်ယောက်က စက်အပြည့်အစုံကို ဝတ်ဆင်ထားလျှင် သူတို့က အဆင့် ၂၀ လူအယောက်တစ်ရာအဖွဲ့ မြေအောက်စခန်းကို စီးနှင်းတိုက်ခိုက်ရန် လိုအပ်ချက်များကို ကျော်လွန်နိုင်သေးသည်။ ထိုစက်က ဧရိယာကြီးမားသည့်အဖွဲ့ မြေအောက်စခန်း စီးနှင်းရာတွင် ကူညီပေးမှာ ဖြစ်သည်။
နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာ ရွှေကောင်းအဆင့်
အဆင့် ၂၀
သံချပ်ကာ အမျိုးအစားအနေဖြင့် တပ်ဆင်နိုင်သည်။
အစိတ်အပိုင်းခြောက်ခုပါဝင်သည့် ခေါင်း ရင်ဘတ် လက် လက်ကောက်ဝတ်များ ခြေထောက်နှင့် ခြေဖဝါး
စက်၏ အာနိသင် …။
အပိုင်းအစ နှစ်ခုအာနိသင် လျစ်လျူရှူ့သည့် အဆင့် ၁၀ တိုက်ခိုက်ချိန်တွင် ဒေါသသက်ရောက်မှုကို ဖွင့်နိုင်သည့် အခွင့်အရေးရှိပြီး ထိခိုက်မှုကို ခြောက်စက္ကန့်စာ နှစ်ဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။
အပိုင်းအစ လေးခုအာန်ိသင် ခွန်အားနှင့်ခံနိုင်ရည်ကို ဆယ်ရာခိုင်နှုန်းတိုးပေးသည်။ ခုခံမှုကို နှစ်ဆယ်ရာခိုင်နှုန်း တိုးပေးသည်။
အပိုင်းအစ ခြောက်ခုအာနိသင် စကေးအားလုံးခုတောင် နှစ်ဆယ်ရာခိုင်နှုန်း လျော့ကျသည်။ စကေးတစ်ခုဖြင့် တိုက်ခိုက်ချိန်တွင် ဆတိုးသည့် အာနိသင်ကို ဖွင့်နိုင်သည်။ စကေး၏အာနိသင်ကို ငါးဆယ်ရာခိုင်နှုန်း တိုးပေးနိုင်သည်။
နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာ၏ အာနိသင်က ဝါးဖိုင်းယားစက်ချပ်ဝတ်တန်ဆာနှင့် မယှဉ်နိုင်သည့်တ်ိုင် သူတို့က အစည်းအရုံးများနှင့် ကစားသမားများအတွက် လုံလောက်နေသေးသည်။
မူလက ရှီဖုန်းသည် နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာကို သူကိုယ်တိုင် ဝတ်ဆင်ရန် ရည်ရွယ်ခဲ့သည်။ အဆင့် ၂၀ ရွှေကောင်းစက် ချပ်ဝတ်တန်ဆာက အဆင့် ၂၅ လျှို့ဝှက်ငွေစက် ချပ်ဝတ်တန်ဆာသို သန်မာရုံသာရှိသည်။ အဆင့် ၂၅ ရွှေကောင်း ချပ်ဝတ်တန်ဆာနှင့် အဆင့် ၂၅ မဟူရာရွှေအပိုင်းအစများ ပိုင်ဆိုင်ထားသည်။ ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါ ၎င်းတို့က နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာထက် သာလွန်နေသည်။ ထိုအကြံကို လက်လျော့လိုက်တာဖြစ်သည်။
သို့သော် ရှီဖုန်းက နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာငါးစုံကို တစ်နေကုန် သွန်းလုပ်ပြီးနောက် ၎င်းက သူသည် သံမဏိနက် အဆောင်အယောင်၏ အရည်အချင်းဆိုသည့် အာနိသင်ကို ဖွင့်လိုက်မိသည်။
ရလဒ်အနေဖြင့် နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာက အဆင့်တစ်ခုလုံးတိုးမြှင့်သွားကာ မဟူရာရွှေစက် ချပ်ဝတ်တန်ဆာအဖြစ် ယခုဆို ၎င်းက ရွှေကောင်းစက် ချဝတ်တန်ဆာနှင့်ညီမျှနေပြီ ဖြစ်သည်။
ရှီဖုန်းက အပျော်လွန်သွား၏။
နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာများကို အဆင့်မြှင့်တင်ပြီးနောက် ထိုသို့ မခေါ်တော့ပေ။ သူက ယခုဆို နဂါးလက်သည်းစက် ချပ်ဝတ်တန်ဆာကိုပေးနိုင်ပြီဖြစ်သည်။ ၎င်းက ရှီဖုန်းထုတ်လုပ်သည့် တစ်ခုတည်းသော မဟူရာရွှေချပ်ဝတ်တန်ဆာဖြစ်သည်။
နဂါးလက်သည်း ချပ်ဝတ်တန်ဆာ မဟူရာရွှေအဆင့်
အဆင့် ၂၀
သံချပ်ကာအမျိုးအစား ဝတ်ဆင်နိုင်သည်။
အစိတ်အပိုင်းခြောက်ခုပါဝင်သည်။ ခေါင်း ရင်ဘတ် လက် လက်ကောင်ဝတ် ခြေထောက်နှင့် ခြေဖဝါး
စက်၏ အာနိသင်
အပိုင်းအစ နှစ်ခုအာနိသင် လျစ်လျူရှူ့သည့် အဆင့် + ၁၅ တိုက်ခိုက်သည့်အခါတွင် အာနိသင်ကို ဖွင့်နိုင်သည့် အခွင့်အရေးရှိပြီး ထိခိုက်မှုကို လေးဆယ်ရာခိုင်နှုန်း ခြောက်စက္ကန့်စာ တိုင်းမြှင့်ပေးသည်။
အပိုင်းအစ လေးခုအာနိသင် ခွန်အားနှင့် ခံနိုင်ရည်ကို ဆယ့်ငါးရာခိုင်နှုန်းတိုးမြှင့်ပေးသည်။ ခုခံမှုကို သုံးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။
အပိုင်းအစ ခြောက်ခုအာနိသင် စကေးအားလုံး၏ သုံးဆယ်ရာခိုက်နှုန်း လျော့ချပေးသည်။ စကေးတစ်ခုဖြင့် တိုက်ခိုက်ချိန်တွင် သက်ရောက်မှုကို ဖွင့်စေနိုင်ကာ စကေး၏ အာနိသင်ကို တစ်ရာ ရာခိုင်နှုန်းတိုးမြှင့်ပေး၏။
နဂါးလက်သည်းစက် ချပ်ဝတ်တန်ဆာ၏ အရည်အချင်းများက အဆင့် ၂၅ ရွှေကောင်းစက် ချပ်ဝတ်တန်ဆာကိုတောင် လွှမ်းမိုးနိုင်သည့်အချက်ဖြင့် စက်၏ အာနိသင်က တိုးတက်သွားတာဖြစ်သည်။ နဂါးလက်သည်းစက် အာနိသင်က ရွှေကောင်းအဆင့် ဝါးဖ်ိုင်းယားစက် ချပ်ဝတ်တန်ဆာထက် အနည်းငယ်သာနိမ့်သည်။ ဝါးဖိုင်းယားစက်က တစ်ယောက်ချင်းတိုက်ခိုက်သည့် ကစားသမားများအတွက် ပိုသင့်တော်သည်။ နဂါးလက်သည်းစက်က မြေအောက်စခန်းကို စီးနှင်းတိုက်ခိုက်ရာတွင် ပိုသင့်တော်သည်။
နတ်ဘုရားနယ်မြေထဲတွင် ကျန်နေသူများက သူတို့အတွက် ချပ်ဝတ်တန်ဆာစက်များစွာ ပြင်ဆင်ထားသည်။ စက်တိုင်းက မကွဲပြားသည့် ရည်ရွယ်ချက်ရှိကြသည်။ အနည်းဆုံးတော့ ကျွမ်းကျင်သူများက မြေအောက်စခန်းများအတွက် တိုက်ခိုက်မှုအဖြစ် စက်တစ်ခု ပြင်ဆင်ထားသည်။ ထိုစက်များက ပြောင်းလွယ်ပြင်လွယ်ပြီး ထိခိုက်မှုနှင့် ကျန်သည့်အရာများကိုလည်း အာရုံစိုက်ထားသည်။
အတိတ်တုန်းက ရှီဖုန်းသည် အချိန်အတိုင်းတာ တစ်ခုထိ စက်ပေါင်းများစွာကို ပိုင်ဆ်ိုင်ခဲ့သည်။ သူကမြေအောက်စခန်းဘော့စ်များကို သိမ်းပိုက် တိုက်ခိုက်သည့်အခါတွင် အသုံးပြုသည်။ တစ်ဦးချင်းတိုက်ခိုက်သည့်အခါ သို့မဟုတ် ကျန်သည့် အခြေနေ အမျိုးမျိုးတွင်လည်း အသုံးပြုခဲ့သည်။
ယခုဘဝတွင် သူသည် ချပ်ဝတ်တန်ဆာစက်များစွာကို တတ်နိုင်သည့် ပမာဏ မရှိပေ။ နတ်ဘုရားနယ်မြေ၏ အစောပိုင်းအဆင့်၌ ထိပ်တန်းအလွှာလက်နက်များနှင့် ချပ်ဝတ်တန်ဆာများက အလွန်ရှားပါးသည်။ ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာက ကောင်းနေပြီးဖြစ်သည်။ စက်များစွာရှိဖို့ ဆိုလျှင် ထည့်ပြောရန်မလိုချေ။
ယခုဆို ရှီဖုန်း၌ နဂါးလက်သည်းစက် ချပ်ဝတ်တန်ဆာရှိနေပြီဖြစ်ကာ သူက သူ လက်ရှိဝတ်ထားသည့် ချပ်ဝတ်တန်ဆာနှင့် ချက်ချင်း အစားထိုးလိုက်သည်။ အသုံးမပြုတော့သည့် မဟူရာရွှေကောင်းနှင့် အဆင့် ၂၅ ချပ်ဝတ်တန်ဆာ အတွက်မူသိုလှောင်ရုံထဲတွင် သိုလှောင်ထားကာ အဖွဲ့ဝင်များအတွက် ထားပေးထားသည်။ အဆင့် ၂၅ မီးတောက်အတွက်မူ ရှီဖုန်းကတော့ သူ့အတွက်သာ ထားလိုက်၏။ သူသည် အလွန်မြန်သည့် ရန်သူနှင့် ရင်ဆိုင်တွေ့ရသည့်အခါ ၎င်းတို့ကို နဂါးလက်သည်း ဖိနပ်များနေရာတွင် ယာယီအစားထိုး အသုံးပြုနိုင်မှာဖြစ်သည်။
နဂါးလက်သည်းစက်ကို ဝတ်ဆင်ပြီးနောက် ရှီဖုန်း၏ အခြေခံအရည်အချင်းက သိသိသာသာ တိုးတက်လာသည်။ သူ၏ ခွန်အားက ငါးရာမှတ်ကို ကျော်လွန်သွားသည်။ သူ၏HP ကလည်း တစ်သောင်းကျော်သွားကာ အလွှာတစ် စောင့်ရှောက်သူ သူရဲကောင်းပိုများသွားစေသည်။
” ငါသာ အကျော်ဇေယျခုနှစ်ပါး မြေကမ္ဘာရောင်ဝါကို အသက်သွင်းလိုက်ရင် ဇီးရိုးဝင်းမှာ နံပါတ်တစ် အလွယ်တကူ ဖြစ်လာနိုင်တယ်။ ” ရှီဖုန်းက ပြုံးပြီး သူ၏ကိုယ်ပိုင် ခုခံမှုကို သိလိုက်သည်။
နဂါးကြေးခွံစက်၏ အာနိသင်ကြောင့် သူသည် NP C တစ်ဦး၏ ခုခံမှုကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် မြေကမ္ဘာ၏ ရောင်ဝါသက်ရောက်မှုက သူ၏ခုခံမှုကို လေးဆယ်ရာခိုင်နှုန်းတိုးစေကာ သူ ရရှိသည့် ထိခိုက်မှုကို သုံးဆယ်ငါး ရာခိုက်နှုန်း လျော့ချပေးသည်။
ရှီဖုန်းက အစည်းအရုံး အကျိုးအမြတ်အတွက် အခြေခံ ချပ်ဝတ်တန်ဆာများကို ဆက်လက် ထုတ်လုပ်တော့မည့် အချိန်၌ ရေနှင်းဆီက သူ့ကို ရုတ်တရက် ဆက်သွယ်လာသည်။
” အစည်းအရုံးခေါင်းဆောင် … လွှမ်းမိုးခြင်းအပြုံးမှာ တစ်စုံတစ်ယောက်က သြဇာညောင်းသူတစ်ယောက် ဖြစ်သွားတယ်။ သူတို့တွေက မြစ်ဖြူမြို့ထဲမှာ တန်ဖိုးကြီးတဲ့ သီးသန့် မြေနေရာကို လတ်တလောမှာ ဝယ်ယူလိုက်ပြီ .. ။ လက်ရှိ သူတို့ကိုယ်ပိုင် အစည်းအရုံးနယ်မြေ တည်ထောင်လိုက်တယ် ..။ ။ ”
” လွှမ်းမိုးခြင်း အပြုံးလား…” ရှီဖုန်းက မအံ့သြပဲ မနေနိုင်တော့ပေ။
လွှမ်းမိုးခြင်းအပြုံးမှာ တစ်စုံတစ်ယောက်က မြစ်ဖြူမြို့တွင် အာဏာရှိသူအဆင့် ရရှိသွားတာကို ရှီဖုန်းအအံ့သြပေ။ ဆိုးရွားလျှင် နတ်ဘုရားနယ်မြေ၏ ဒုတိယအဆင့်မြင့်တင်မှုပြီးနောက် ၎င်းက မြို့များတွင် ဂုဏ်သတင်းတည်ဆောက်ရန်အတွက် လွယ်ကူလာသည်။ သို့သော် ဇီးရိုးဝင်း၏ အစည်းအရုံးတည်ရှိမှုကြောင့် အမ်ျိုးမျိုးသော အစည်းအရုံးများသည် သူတို့၏ ဂုဏ်သတင်းအတွက် ချေမှုန်းဖို့သာ အာရုံစိုက်နေကြတာဖြစ်သည်။ တစ်စုံတစ်ယောက် ယခုဆို ဘာတွန်တစ်ဦး ဖြစ်လာပြီဖြစ်၏။
သို့သော် သီးသန့်မြေနေရာဝယ်ယူပြီး အစည်းအရုံးခန်းမတည်ထောင်ခြင်းက ပိုက်ဆံများစွာ လိုအပ်သည်။ သီးသန့်မြေနေရာက တကယ့်ကို ခေါင်းခဲစရာဖြစ်သည်။
ရှီဖုန်းသည် တာဝန်ဆုကြေးအတွက် ခရမ်းရောင်ဒေါင်းဖန်ဝါစံအိမ်တော်ကို ရရှိရန် ပြင်ဆင်နေတာ ဖြစ်သည်။ သူ့အတွက် ရွှေပြားများစွာ သက်သာသွားမှာ ဖြစ်သည်။ သို့သော် လွှမ်းမိုးခြင်းအပြုံးက သီးသန့်မြေနေရာ ဝယ်ယူနိုင်ပြီး အစည်းအရုံးခန်းမကို ချက်ချင်း တည်ဆောက်နိုင်သည် အထိ ပိုက်ဆံများတောင် ရှိနေသည်။
မြစ်ဖြူမြို့ရှိ စျေးအပေါဆုံးမြေနေရာကတောင် ရွှေပြားတစ်ထောင်ကျော်သည်။ စျေးအပေါဆုံး အစည်းအရုံး ကုန်ကျစရိတ်ထပ်ပေါင်းလျှင် လွှမ်းမိုးခြင်းအပြုံးက အနည်းဆုံး ရွှေပြားထောင့်ငါးရာ လိုအပ်သည်။ ၎င်းသည် ရွှေပြားများစွာရရှိရန် လွယ်ကူသော်လည်း ပထမတန်း အစည်းအရုံးတောင် ထိုမျှပိုက်ဆံမျာများစုဆောင်းရန်အတွက် တစ်ပတ်ခန့်လိုအပ်သည်။
ထို့အပြင် ရွှေပြားများဖြင့် ဝယ်ယူခြင်းက ရွှေပြားများ၏ ပမာဏကို ထိုးတက်သွားစေသည်။ များပြားသော ရွှေပြားများဝယ်ယူရန်အတွက် ခရက်ဒစ် မည်မျှလိုအပ်သနည်း။
လွှမ်းမိုးခြင်းအပြုံး ဘယ်အချိန်ကစပြီး ဒီလောက် ချမ်းသာသွားတာလဲ …။