ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 467 နတ်ဘုရားနယ်မြေကို လဲကျင်းခြင်း
” အစည်းအရုံး နေရပ် တည်ထောင်တာအပြင် လွှမ်းမိုးခြင်းအပြုံးက ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ကိုလည်း စုဆောင်းထားတယ်…။ အဲ့ဒီ ကျွမ်းကျင်သူတွေက ကျွန်မတို့အဖွဲ့တွေကို ခြုံခိုတိုက်ခိုက်ပြီး ကျွန်မတို့ အဖွဲ့ဝင်တွေ တော်တော်များများကို သတ်ခဲ့တယ်…။ ”
” ကျွန်မတို့ အလွှာတစ် အဖွဲ့ဝင်တချို့က သူတို့နဲ့ အရင်က တွေ့ခဲ့ဖူးတယ်…။ သူတို့က တစ်ဦးချင်းတ်ိုက်ခိုက်တဲ့ပွဲမှာ ကျွန်မတို့ အဖွဲ့ဝင်တွေအတွက် ပြိုင်ဘက်မဟုတ်ပေမဲ့ သူတို့က ကောင်းကောင်းလေ့ကျင့်ထားပြီး တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်တာ အပြစ်အနာအဆာ ဟာကွက်မရှိတဲ့ ကျွမ်းကျင်သူတွေပဲ…။ သုံးယောက် ပူးပေါင်းတိုက်ခိုက်တာ သူတို့တွေက ကျွန်မတို့ရဲ့ အလွှာတစ် အဖွဲ့ဝင်တွေကို ခပ်မြန်မြန် ရှင်းလိုက်နိုင်တယ်…။ လွှမ်းမိုးခြင်းအပြုံးမှာ အဲ့ဒီကျွမ်းကျင်သူ အယောက်တစ်ရာကျော်ရှိပြီး အမျိုးမျိုးသော အဆင့်ဧရိယာတွေကို ဖြတ်ကျော်ခဲ့တာလို့ ကျွန်မတို့ကြားထားတယ်…။ သူတို့က တာဝန်ဆောင်ရွက်နေတဲ့ ကျွန်မတို့ အဖွဲ့ဝင်တွေနား ကြုံရာပေါ်လာပြီး သတ်ဖြတ်ကြတယ်..။ ကျွန်မတို့တွေက အဲ့ဒီကျွမ်းကျင်သူတွေကို အမဲလိုက်ဖို့အတွက် အချိန်နဲ့ လူ့စွမ်းအားတွေ ရင်းနှီးမြုပ်နှံထားပေမဲ့ ဘာမှ ရမလာခဲ့ဘူး…။ ”
ရေနှင်းဆီက လွှမ်းမိုးခြင်းအပြုံး၏ ဆန်းကျယ်သော ကျွမ်းကျင်သူများအကြောင်း ပြောပြနေစဉ် သူမက ဒေါသထွက်ပြီး အံကြိတ်နေသည်။ သူမက သူတို့ကို ကိုယ်တိုင်အမဲလိုက်ပြီး အဆုံးသတ်လိုက်ချင်သည်။ ထိုကျွမ်းကျင်သူများကြောင့် ဇီးရိုးဝင်းသည် တစ်ရက်ထဲ အဖွဲ့ဝင် နှစ်ထောင်ကျော် ဆုံးရှုံးသွား၏။
လွှမ်းမိုးခြင်းအပြုံးကို ဇီးရိုးဝင်း စစ်ပွဲကြေငြာပြီးချိန်မှစကာ အစည်းအရုံးသည် ခြောက်ထောင်ဝန်းကျင်သာ သေဆုံးခဲ့သည်။ ကျွမ်းကျင်သူ အုပ်စုလေးက ထိုသေဆုံးမှု နှစ်ထောင်ကျော်ကို ဖြစ်စေခဲ့တာဖြစ်သည်။ ထို့အပြင် သူတို့က တစ်ရက်ထဲ ထိုမျှများပြားသည့် ထိခိုက်မှုကို ဖြစ်စေ၏။ ချပ်ဝတ်တန်ဆာများနှင့် အစဉ်ဆုံးရှုံးမှုအပြင် လျော်ကြေးငွေများကလည်း အစည်းအရုံး၏ ဘဏ္ဍာရေးကို ထိခိုက်စေသည်။ ထိုသို့သော အခြေအနေက နေ့စဉ်နေ့တိုင်း ဖြစ်ပွားနေလျှင် အစည်းအရုံးက အစည်းအရုံးတာဝန်များကို ထမ်းဆောင်ပြီး စုဆောင်းထားသည့် ရွှေများက ကုန်သွားမှာဖြစ်သည်။
” လွှမ်းမိုးခြင်းအပြုံးက နောက်ဆုံးတော့ အလေးထား ဆောက်ရွက်ပြီလို့ ဆိုလိုတာပဲ… ” ရှီဖုန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
” ငါတို့ကို ခြုံခိုတိုက်ခိုက်ဖို့ ကျွမ်းကျင်သူတွေ သူတို့ လွတ်တယ်ဆ်ိုမှတော့ ငါတို့ကလည်း ထိန်းထားဖို့မလိုဘူး…။ မီးလျှံကကြိုးနဲ့ ကျန်တဲ့သူတွေ သူတို့ကို ထုတ်လိုက်…။ ဒါပေမဲ့ နေရာ အသီးသီးခွဲသွား…။ ငါတို့ အခုအဖွဲ့လိုက် မြေအောက်စခန်းကို ဖြေရှင်းကြမယ်…။ ပုံမှန်အစည်းအရုံး အဖွဲ့ဝင်တွေအတွက်တော့ သူတို့တွေ အခုကစပြီး ကွင်းထဲမှာပဲ ရိတ်သိမ်းဖို့ အဖွဲ့ ဖွဲ့လိုက်…။ ”
” ကောင်းပါပြီ မီးလျှံကကြိုးနဲ့ ကျန်တဲ့သူတွေကို ချက်ခြင်းသတင်းပေးလိုက်ပါ့မယ်… ”
ထိုသို့ပြောပြီးနောက် ရေနှင်းဆီက ဖုန်းချသွားသည်။ ပြီးနောက် သူမက မီးလျှံကကြိုးနှင့် ဇီးရိုးဝင်း၏ ကျန်သည့် ထိပ်တန်းတိုက်ခိုက်ရေးသမားများကို ခေါ်လိုက်၏။ ရှီဖုန်းက သွန်းလုပ်သည့် အလုပ်ကို ရပ်လိုက်သည်။ အားလုံးသန့်ရှင်းပြီးနောက် သူက သွန်းလုပ်သည့် အခန်းထဲသို့ ထွက်လာကာ ဘဏ်သို့ အမြန်သွားလိုက်သည်။
လွှမ်းမိုးခြင်းအပြုံးက ထိုသို့ကဒ်တစ်ကဒ် ပိုင်ဆိုင်ထားလိမ့်မည်ဟု ရှီဖုန်းတစ်ခါမှ မထင်ခဲ့မိပေ။ ထိုအခြေနေက ရှီဖုန်းသည် သူ၏ရန်သူကို ကနဦး တွက်ချက်ထားတာထက် ကျော်နေတာ သေချာသည်။
ကံကောင်းသည်မှာ ဇီးရိုးဝင်းက လွှမ်းမိုးခြင်းအပြုံးထက် ကျွမ်းကျင်သူ ပိုများသည်။ ဇီးရိုးဝင်းက အလွှာတစ် ကစားသမားများ ရှိနေသည့် အချိန်တွင် လွှမ်းမိုးခြင်းအပြုံး၌ အလွှာတစ်ကစားသမား တစ်ယောက်တောင် ရှိမနေပေ။ ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများက နှစ်သုတ်ခွဲပြီး လွှမ်းမိုးခြင်း အပြုံး၏အဖွဲ့ဝင်များကို တန်ပြန်သက်ဖြတ်ကြတော့သည်။ ထိုနည်းဖြင့် လွှမ်းမိုးခြင်းအပြုံးကို ထိခိုက်စေရုံသာမက သူတို့၏ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကို နှောက်နှေးစေမှာ မဟုတ်တော့ပေ။
ယခုမူ ကျွမ်းကျင်သူအယောက်တစ်ရာကျော်က လွှမ်းမိုးခြင်းအပြုံး၌ ရုတ်တရက်ပေါ်လာပြီး ရှီဖုန်းက သူတို့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မပေးထားနိုင်ပေ။ ထို့အပြင် လွှမ်းမိုးခြင်းအပြုံးက သူတို့၏ ကိုယ်ပိုင်အစည်းအရုံး နေရပ်ပိုင်ဆ်ိုင်ခြင်းက ဇီးရိုးဝင်းအတွက် သတင်းဆိုး ဖြစ်နေသည်။ မူလက ဇီးရိုးဝင်းသည် သူတို့ အစည်းအရုံးနေရပ်ကြောင့် အစည်းအရုံးသို့ ကစားသမားသစ်များစွာကို စွဲဆောင်နိုင်ခဲ့သည်။ အစည်းအရုံးက ကမ်းလှမ်းသည့် အကျိုးအမြတ်များကလည်း အစည်းအရုံးဝင်များကို လွှမ်းမိုးခြင်းအပြုံး၏ မြင့်မားသောကမ်းလှမ်းမူများကို လျစ်လျူ ရှုထားစေပြီး ဇီးရိုးဝင်းနှင့် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ခရီးဆက်စေသည်။ သို့သော် ယခုအချိန်၌ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက လွှမ်းမိုးခြင်းအပြုံးသို့ ဝင်ရန်သွေးဆောင်ခံရပြီး သူတို့ကမ်းလှမ်းသည့် အကျိုးအမြတ်များက နည်းနည်းမျှတောင် မလျော့ပေ။
သို့သော် ရွှေပြားများက အရေးကြီးဆုံး ဖြစ်နေသေးသည်။ မူလက လွှမ်မိုးခြင်းအပြုံးသည် ခရက်ဒစ်များစွာ ကြွယ်ဝတာဖြစ်သည်။ ရှီဖုန်းအဖို့ အစည်းအရုံးက အခြိမ်းခြောက်မခံရပေ။ ဆိုးရွားလျှင် နတ်ဘုရားနယ်မြေထဲရှိ အိုင်တမ်များစွာက ကွိုင်ဖြင့်သာ ဝယ်ယူရရှိသည်။ တစ်စုံတစ်ယောက်တွင် အဆုံးမရှိသည့် ခရက်ဒစ်များ ရှိနေလျှင်တောင် သူတို့ဝယ်နိုင်သည့် ဂိမ်းငွေကြေးအရေအတွက်က အကန့်အသတ်သာဖြစ်သည်။ထို့အပြင် လွှမ်းမိုးခြင်းအပြုံးက အရေးပါ အရာရောက်မှုတွင် ဂိမ်းငွေကြေးများကို ဝယ်ယူသည့် တစ်ခုတည်းသော အစည်းအရုံးမဟုတ်ပဲ ရနိုင်သည့် အကန့်အသတ်က ရှိသေးသည်။
အစည်းအရုံးများကြားရှိ စစ်ပွဲတွင် ဂိမ်းငွေကြေးများက အသုံးအများဆုံး အရင်းအမြစ်ဖြစ်သည်။ ၎င်းက ချပ်ဝတ်တန်ဆာများဝယ်ယူခြင်းနှင့် ပြန်ပြင်ရသည့် စရိတ်ဖြစ်ကာ အစည်းအရုံးအဖွဲ့ဝင်များကို လျော်ကြေးလည်း ပေးရသေးသည်။ ကစားသမားများ ကြာရှည်တိုက်ပွဲများက ချပ်ဝတ်တန်ဆာ၏ ခံနိုင်ရည်ပေါ်တွင် များစွာမူတည်နေသည်။
ရှီဖုန်း၏ တိုက်ပွဲများကို ဥပမာယူရသော် သူ၏ဓါးမှ ဓါးတစ်ကွက်က ကြေးနီချပ်ဝတ်တန်ဆာကို ခြစ်ရာထင်စေနိုင်သည်။ ဆန်းကြယ်သံမဏိစက် ချပ်ဝတ်တန်ဆာကသာ သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်။ ထိုသို့တ်ိုင် ၎င်းက အနည်းငယ်တော့ ထိခိုက်ဦးမှာဖြစ်သည်။ ချပ်ဝတ်တန်တာက မပျက်စီးလျှင်တောင်လက်ရွေးစင် ကစားသမားက အိုင်တမ်ကို ပြန်ပြင်ရန်အတွက် ကုသစရိတ်က သွေးအန်လောက်အောင် ပေးရမှာဖြစ်သည်။
ဘာဂျူရယ်ကုန်သွယ်ရေးစင်တာကနေ ချပ်ဝတ်တန်ဆာများကို ဝယ်ယူနိုင်ပြီး လျော်ကြေးကို ခရက်ဒစ် အသုံးပြု၍ ပေးနိုင်သော်လည်း စနစ်က ချပ်ဝတ်တန်ဆာများ ပြန်ပြင်သည့် စရိတ်ကို ထိန်းချုပ်ထားပြီး သူတို့က ခရက်ဒစ်အကြောင်း မသိရပေ။
ကစားသမားတစ်ဦး၏ ပြန်ပြင်သည့် စရိတ်က သိပ့်မများပဲ နှစ်ကွိုင် ကျသင့်သည်။ ကစားသမား အယောက်တစ်သောင်းအတွက် ပြန်ပြင်သည့် ကြေးကအနည်းဆုံး ရွှေနှစ်ထောင် ကျသင့်မာဖြစ်ပြီး ကျောက်ခမှန်းလိလိ ပမာဏဖြစ်သည်။ ၎င်းကို မဆိုထားနှင့် ကစားသမားဝတ်ဆင်သည့် ချပ်ဝတ်တန်ဆာက အရည်အသွေး ပိုမြင့်လေ သူတို့၏ ပြန်ပြင်သည့် စရိတ်က ပိုမြင့်လေဖြစ်သည်။
ပြန်ပြင်သည့် စရိတ်များက အစည်းရုံး တာဝန်ယူရတာမဟုတ်ပဲ ကစားသမားများ တာဝန်ယူရတာ ဖြစ်သော်လည်း ကစားသမားတစ်ဦးသည် စစ်ပွဲရှည်အတွင်း သူတို့၏ ချပ်ဝတ်တန်ဆာများ ပြင်ဆင်ရန် စရိတ်ကို မည်ကဲ့သို့ တတ်နိုင်မည်နည်း။
ကစားသမားများက ပိုက်ဆံကုန်သွားသည်နှင့် သူတို့က ချပ်ဝတ်တန်ဆာများ ပျက်စီးခါနီးသည့် အချိန်တွင် စစ်ပွဲထဲ မည်သို့ဆက်ဝင်ပါရမည်နည်း။ လက်နက်မပါ သံချပ်ကာမပါပဲ သူတို့ကိုသူတို့ စွန့်စားရန် ဆုံးဖြတ်ချက်သာ မချထားခဲ့လျှင်။
စစ်ပွဲ၏ အစောပိုင်းအဆင့်တွင် အစည်းအရုံးအဖွဲ့ဝင်များက ခရက်ဒစ်များကို လျော်ကြေးနှင့် ဆုကြေးအဖြင့် လက်ခံကြသည်။ သ်ို့သော် အချိန်အတိုင်းတာ တစ်ခုကြာပြီးနောက် သူတို့က သူတို့ရရှိသည့် ခရက်ဒစ်များဖြင့် ဂိမ်းငွေကြေးများကို ဝယ်ယူရန် လိုအပ်သည်။ ထို့ကြောင့် ဂိမ်းငွေကြေးများက နတ်ဘုရားနယ်မြေထဲမှ စစ်ပွဲများ၏ စစ်မှန်သော အုပ်မြစ်ဖြစ်သည်။
အစည်းအရုံး နေရပ်က အစည်းအရုံး၏ နတ်ဘုရားနယ်မြေ၏ အစောပိုင်းအဆင့်အတွင်း ဂိမ်းငွေကြေးများအတွက် အဓိက ဝင်ငွေ အရင်းအမြစ်ဖြစ်သည်။ လွှမ်းမိုးခြင်းအပြုံးက သူတို့၏ ကြောက်မက်ဖွယ် ဘဏ္ဍာရေး စွမ်းအားဖြင့် ကွိုင်များကို ကြောက်မက်ဖွယ်ကောင်းစွာ ပေါင်းစုပြီး ဖန်တီးနိုင်ပေလိမ့်မည်။
ရှီဖုန်းက ပိုက်ဆံရရန်အတွက် ထိုကိစ္စများကို ဆက်အာရုံစိုက်ရန် မတတ်နိုင်ပေ။ သူ လှုပ်ရှားရန် လိုအပ်သည်။
သူ၏ သိုလှောင်အိမ်ထဲသို့ ပြဒါးရှင်လုံးကို ပြန်ထည့်ပြီးနောက် ရှီဖုန်းက အကျော်ဇေယျခုနှစ်ပါး ကျောက်ကို အသုံးပြုကာ ဘလက်ဝင်း ( တောင်ပံနက် ) မြို့ကို သွားလိုက်ပြီးနောက် သူနှင့်အတူ နဂါးကြေးခွံစက်များ ယူသွားသည်။
လက်ရှိတွင် ဘလက်ဝင်း ( တောင်ပံနက် ) မြို့က နတ်ဘုရားနယ်မြေတဝှိုက်ရှိ တိုင်းပြည်များမှ ကစားသမားများအတွက် စုဝေးသည့် နေရာဖြစ်သည်။ ရှီဖုန်း၏ ယခင် လာရောက်လှည်ပတ်မှုနှင့် နှိုင်းယှဉ်လျှင် လူဦးရေက သိသိသာသာတိုးလာသည်။ ထို့အပြင် ဘလက်ဝင်း ( တောင်ပံနက် ) မြို့ထဲရှိ ကစားသမားများကြားတွင် အရေးကြီးသည့် ခြားနားချက်ရှိပြီး ဘလက်ဝင်းမြို့နှင့် ကျန်သည့်မြို့များရှိ ကစားသမားများကြားတွင် အရေးကြီးသည့် ခြားနားချက် တစ်ခုရှိသည်။
ကြွယ်ဝချမ်းသာခြင်းပင်။
ဘလက်ဝင်း ( တောင်ပံနက် ) မြို့ရှိ ကစားသမားများက အလွန်ကြွယ်ဝချမ်းသာကြသည်။ ထို့အပြင် ထိုကစားသမားများ ပိုင်ဆိုင်ထားသည့် ပိုက်ဆံက ခရက်ဒစ်များ ပါဝင်ယုံတင်မက ရွှေပြားများလည်း ပါဝင်သည်။
ဘလက်ဝင်း ( တောင်ပံနက် ) မြို့ရှိ ကစားသမားများ အများစုက အမျိုးမျိုးသော ကြီးမားသည့် အစည်းအရုံးများ၏ အထက်ပိုင်း စီမံခန့်ခွဲသူများဖြစ်ကြကာ သူတို့က စီးပွားရေး လုပ်ရန်အတွက် ဘလက်ဝင်းမြို့ကို လာကြတာဖြစ်သည်။ ထို့ကြောင့် သူတို့သည် သာမန် ကစားသမားများ ပိုင်ဆိုင်တာထက် ခရက်ဒစ်များနှင့် ဂိမ်းငွေကြေးများစွာ ပိုင်ဆိုင်ထားလေ့ရှိသည်။ ဘလက်ဝင်းမြို့က သူဌေးကြီးများအတွက် စုဝေးသည့် စစ်မှန်သော နေရာဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် ရှီဖုန်းက ဤနေရာသို့ လာခြင်းဖြစ်သည်။ ရှီဖုန်းက ခရက်ဒစ်အတွက် နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာများကို ရောင်းချရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ ပန်းတိုင်က ရွှေပြားများ ရရန်အတွက်သာ ဖြစ်သည်။ သူသာ နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာများကို ကြယ်လတိုင်းပြည်၏ လေလံအိမ်တော်တွင် သို့မဟုတ် ကြယ်ကြွေကုန်သွယ်ရေး လုပ်ငန်းစုများ ရောင်းချလျှင် သူက စျေးကောင်းရမှာမဟုတ်ပေ။ ထို့အပြင် ရွှေပြားများစွာအတွက် မျက်တောင် တစ်ချက်တောင်မခပ်သည့် ဘလက်ဝင်း ( တ်ေပံနက် ) မြို့ရှိ ကစားသမားများနှင့် မတူပေ။ သူတို့က ကြယ်လတိုင်းပြည်ရှိ ကစားသမားများက များများစားစား သတ်နိုင်မှာ မဟုတ်ပေ။
ဘလက်ဝင်း ( တောင်ပံနက် ) မြို့ကိုရောက်ရှိပြီးနောက် ရှီဖုန်းက သီးခြားနေရာ တစ်ခုကို ရှာလိုက်သည်။ ပြီးနောက် သူက ရုပ်ဖျက်ရန်အတွက် နတ်ဆိုးမျက်နှာဖုံး ( မကောင်းဆိုးဝါး မျက်နှာဖုံး ) ကို အသုံးပြုလိုက်သည်။
ယခင်က သိုသိုသိပ့်သိပ့်နေရန် ကြိုးစားပြီး လာရောက်လှည်ပတ်တာနှင့် မတူပဲ ရှီဖုန်းက အလွန်ချောမောခန့်ညားသည့် လူငယ်အဖြစ် မျက်နှာကို ပြောင်းလဲလိုက်သည်။ သူက နဂါးကြေးခွံစက် ချပ်ဝတ်တန်ဆာတန်ဆာ ဝတ်ဆင်ထားသည့် အသွင်ပြင်ပါ ပေါင်းလိုက်လျှင် သူ့ကို ပိုပြီး ကြွားဝါရာရောက်သွားစေသည်။ သူက နဂါးလက်သည်းစက် ချပ်ဝတ်တန်ဆာ၏ အထူးတောက်ပသည့် အာနိသင်ကို ဖုံးကွယ်ရန်လည်း မကြိုးစားထားဘဲ မဟူရာရွှေ ချပ်ဝတ်တန်ဆာ၏ အလင်းကို ထုတ်ဖော်ထားသည်။
သူက လမ်းပေါ်ရောက်သောအခါ မဟူရာရွှေ အဆင့် တောက်ပသည့် အာနိသင်က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ ကျန်သည့် ကစားသမားများကို ကန်းလုနီးပါး ဖြစ်သွားစေသည်။
” သေစမ်း .. ငါ့မျက်လုံးတွေ ငါ့ကို လှည့်စားနေတာ မဟုတ်ဘူးမလား .. အဲ့တာ မဟူရာရွှေစက် ခ
ချပ်ဝတ်တန်ဆာပဲ…။ ”
” မဖြစ်နိုင်တာ… ”
” အံ့သြဖို့ ကောင်းလိုက်တာ… ”
” ငါတို့ အစည်းအရုံးက ရွှေကောင်းစက် ချပ်ဝတ်တန်ဆာတစ်စက်တောင် မပိုင်ဆိုင်ထားဘူး သူက ဘယ်သူလဲ… ”
ရှီဖုန်းက လမ်းပေါ်တွင် လှည့်လည်သွားလာစဉ် ကစားသမားများ၏ အာရုံစိုက်မှုကို ယူထားသည်။ သူတို့မျက်လုံးများက ပြူးထွက်နေကာ သူ့ကို စိုက်ကြည့်နေကြ၏။
သူတို့က အမျိုးမျိုးသော အစည်းအရုံးကြီးများမှ အထက်ပိုင်း စီမံခန့်ခွဲသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ဂိမ်းဗဟုသုတက ကျယ်ပြန့်သည်။ ရွှေကောင်းစက် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ကစားသမားတစ်ဦးကို တွေ့သည့်တိုင် သူတို့ကချဲ့ကားသည့် အမူရာမျိုး မထုတ်ဖော်ပေ။
သူတို့သည် ကစားသမားများ၏ ချပ်ဝတ်တန်ဆာကို သဘောကျရုံသာ ရှိသည်။ မဟူရာရွှေစက် ချပ်ဝတ်တန်ဆာက မည်သို့ပင်ဆိုစေကာမူ ဂိမ်း၏ သူတို့ နားလည်သဘောပေါက်မှုကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။