ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 474 မှော်နက် အဆင့်မြင့်ခြင်း
နဂါးနက်၏ အော်သံက ကောင်းကင်တစ်ခုလုံး တုန်လှုပ်သွားစေကာ အနားရှိ လူများ သတိပြုမိသွားစေရန် လုံလောက်သည်။
” အားကောင်းလှတဲ့ ဟိန်းသံပဲ …။ အဆင့်မြင့် မွန်းစတားတစ်ကောင်က အနီးအနားမှာ သန်းဝေလိုက်တာပဲ ဖြစ်ရမယ် …”
” မျိုးနွယ်စု အကြီးအကဲသာဆို ငါတို့ ချမ်းသာပြီပဲ …”
” တစ်ချက်သွားကြည့်ရအောင် …။ ကျန်တဲ့သူတွေ ငါတို့ဆီကနေ ယူသွားခွင့် မပေးနိုင်ဘူး …”
ကစားသမားအယောက် ၂၀ ပါသည့် အဖွဲ့တစ်ဖွဲ့က နဂါးဟိန်းသံကို သတိပြုမိသောအခါ သူတို့က လက်ရှိ ရင်ဆိုင်နေသည့် မွန်းစတားများကို အပြီးသက်ကာ အုတ်ဂူဆီ ပြေးလာကြသည်။
ကြည့်ရှူရာ သင်္ချိုင်းက ရတနာနယ်မြေ ဖြစ်ပြီး တွင်းနက်ထဲမတော်တဆ ပြုတ်ကျရုံဖြင့် ရတနာသေတ္တာကိုတောင် ရှာတွေနိုင်ပေသည်။ သို့သော် အားကောင်းသော မွန်းစတားများက ကြည့်ရှူရာ သင်္ချိုင်းထဲတွင် ရှားပါးလွန်းပြီး ပုံမှန်ဆို ထို မွန်းစတားများက ရတနာများတွင်သာ ပေါ်လာတက်သည်။
၄င်းက လူတိုင်းနီးပါး သိကြသည့် ဗဟုသုတ ဖြစ်သည်။
မွန်းစတားဟိန်းသံကပင် အားကောင်းနေပြီ ဖြစ်သည်။ ၄င်းကို ကြားသည့်သူတိုင်းက ထိုအခွင့်အရေးကို လက်လွတ်ခံကြမှာ မဟုတ်ပေ။ တစ်ချိန်ထဲတွင် ထိုကြောက်မက်ဖွယ် ဟိန်းသံကို ကြားသည့် ကျန်သည့်အဖွဲ့များလည်း အုတ်ဂူနှင့် ရှီဖုန်းဆီ ပြေးလာကြသည်။
ဟိန်သံ၏ အလယ်တွင် လူတစ်ယောက်နှင့် နဂါးတစ်ကောင်က တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြသည်။ နဂါးက ကြောက်မက်ဖွယ်ရောင်ဝါကို ထုတ်လွင့်နေပြီး ပတ်ဝန်းကျင်ရှိ လေများကလည်း မလှုပ်မယှက်ဖြစ်လာတော့သည်။
” အဲဒါက တုံ့ပြန်မှုများလား …”
ထိုစဉ် ရှီဖုန်းက သူ၏ အာရုံ ၅ ပါးကို အကန့်အသက်ထိ မြင့်တင်ထားသည်။ သူ အာရုံစူးစိုက်နေသည်က သူ့ရှေ့ရှိ နဂါးနက် ပုံရိပ်ယောင်ကိုသာ ဖြစ်သည်။ နဂါးနက်က အစစ်အမှန်မဟုတ် ပုံရိပ်ယောင်သာ ဖြစ်သော်လည်း ရှီဖုန်းက သတိကြီးကြီးထားနေရသည်။
ထို့အပြင် ရှီဖုန်းက ထိုနည်းဖြင့် တုံ့ပြန်ရန် မရည်ရွယ်ထားပေ။ သူ၏ တုံ့ပြန်မှုက အလိုအလောက် ဆုံးဖြတ်ချက်ချမှုသာ ဖြစ်သည်။
ကျောစိမ့်ဖွယ် သတ်ဖြတ်လိုသည့် ဆန္ဒက ပြင်းထန်လွန်းသည့် ရှီဖုန်းကို အသက်ရှူမဝဖြစ်စေသည်။ သူသည် ယခင်က ဒါမျိုး မခံစားရဖူးပေ။ မဟာအရှင်တစ်ပါးကို ဆန့်ကျင်ချိန်ကတောင် မဖြစ်ခဲ့ဖူးပေ။
ရှီဖုန်းသည် ယခင်က မှော်လက်နက်၏ တုံ့ပြန်မှုနှင့် တစ်ခါမှ မတွေ့ကြုံဖူးပေ။ တုံ့ပြန်မှုအတောအတွင်း ဘာတွေအတိအကျဖြစ်ခဲ့မှန်းလည်း သူ မကြားဖူးပေ။
သို့သော်အတိတ်တုန်းက ထိပ်တန်းအလွှာ ကျွမ်းကျင်သူများစွာက မှော်လက်နက်၏ တုံ့ပြန်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ အမှားတစ်ခုလေးဖြင့် ရှီဖုန်းက ဒုက္ခိတ ဇာတ်ကောင်အဖြစ် အဆုံးသတ်သွားနိုင်သည်။ ထို့ကြောင့် ကစားသမားတိုင်းက မှော်လက်နက်ကို ရယူသည့်အချိန်၌ သူတို့၏ အမြင်ကို ဂရုတစိုက် တွေးတောတာ ဖြစ်သည်။
ရှီဖုန်းက အားကောင်းသည့်ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်ထားချိန် နဂါးနက်၏ ပုံရိပ်ယောင်က ၄င်း၏ ကြေးသွေးရောင် မျက်လုံးများဖြင့် ရှီဖုန်းကို စိုက်ကြည့်နေသည်။ ၄င်းက မတိုက်ခိုက်ပေ။
” မင်းက မတိုက်ခိုက်ဘူးလား …”
ရှီဖုန်းက အနည်းငယ် အံ့သြသွားသည်။
ရှီဖုန်းသည် မှော်နက်ဓားသွား၏ တုံ့ပြန်မှုကို ဖြေရှင်းရန် ဘာမှ မရှိသော်လည်း သူ၏ ဦးနှောက်လုပ်ဆောင်မှုက တိုးတက်လာပြီး သန့်စင်ခြင်းနယ်ပယ်ဆီသို့ ရောက်သွားစေသည်။ သူသင်ယူခဲ့သည့် နည်းစနစ်များဖြင့် သူသည် ယခင်ကထက် ပိုအားကောင်းလာသည်။ ထို့ကြောင့် တုံ့ပြန်မှုကို ဖြေရှင်းရာတွင် ယုံကြည်ချက်ရှိသည်။
နဂါးနက်၏ ပုံရိပ်ယောင်က ရုတ်တရက် လူတစ်ယောက်ကဲ့သို့ လှောင်ရယ်မှု၊ အထင်သေးမှုများဖြင့် ပေါ်လာကာ ရှီဖုန်းကို စိုက်ကြည့်နေသည်။ ပုံရိပ်ယောင်က လွင့်ပျယ်သွားပြီးနောက် လျှပ်စီးပုံများဖြင့် မှော်နက်ဓားသွားသာ ကျန်ခဲ့ပြီး မြေကြီးပေါ်တွင် အမြှုပ်ခံထားရသည်။
ထိုစဉ် မှော်နက်ဓားသွားက ၄င်း၏ မူလအနက်ရောင်ပြန်ရနေပြီး နက်မှောင်နေပြီ ဖြစ်သည်။ အနားတွင် အနက်ရောင် မီးခိုးငွေ့ငွေ့ရှိနေကာ ညအချိန်တွင် လက်နက်ကို မည်သူမှ မမြင်နိုင်ပေ။
” ဒါက တုံ့ပြန်မှု မဟုတ်ဘူးလား …”
ရှီဖုန်းက မှော်နက်ဓားသွားကို စစ်ဆေးပြီး သူ၏ အမူအရာက မယုံနိုင် ဖြစ်လာသည်။
” လုံလောက်သွားပြီ …။ ငါက မှော်နက်ဓားသွားကို ပိုအဆင့်တက်လေ .. နဂါးနက်က ပိုအားကောင်းလာပြီး ဖိနှိပ်မှုက ပိုအားနည်းလာလေပဲ …”
ရှီဖုန်းက ထွက်လာပြီးနောက် မြေကြီးထဲမှ သွေးနက်ဓားသွားကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် သူက မှော်လက်နက်၏ အရည်အချင်းများကို စစ်ဆေးကြည့်လိုက်၏။
မှော်နက်ဓားသွား အသွားတစ်ဖက် မှော်လက်နက်
တိုက်ခိုက်ရေးစွမ်းအား +၄၂၃
အရည်းအချင်းအားလုံး +၃၆
တိုက်ခိုက်ရေးအရှိန် +၁၂
လျစ်လျူရှူသည့်အဆင့် +၁၂
တိုက်ခိုက်သူတွင် ၂၀၀ ရာခိုင်နှုန်း ထိခိုက်မှုရှိစေရန် ၄၅ ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ ၃၀၀ ရာခိုင်နှုန်း ထိခိုက်မှုဖြစ်စေရန် ၂၀ ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ ချုပ်နှောင်ခြင်းကျိန်စာကို တိုးရန် ၂၀ ရာခိုင်နှုန်း အခွင့်အရေးရှိပြီး အရည်အချင်းများအားလုံးကို ၃၅ စက္ကန့်စာ ၄၀ ရာခိုင်နှုန်းလျော့ကျပေးသည်။
ဓားသမားအမျိုးအစားနှင့် သက်ဆိုင်လျှင် စကေးများအားလုံး +၃ တိုးမည်။
လွတ်လပ်သော အရည်အချင်းမှတ်များက အဆင့်တိုင်းတွင် တိုးတက်မှုက ၂ မှတ်ဆီ ဖြစ်သည်။
ချပ်ဝတ်တန်ဆာအဆင့် ၂၅ အဆင့်တိုး၌ အဆင့် ၃၀ ရွှေကောင်းချပ်ဝတ်တန်ဆာ ၁၀ ခုနှင့် အဆင့် ၃၀ မဟူရာရွှေ လက်နက်တစ်မျိုးကို ဝါးမျိုပြီး အဆင့် ၃၀ အထိ အဆင့်တိုးမြင့်နိုင်။
အသွင်ပြောင်းလဲနိုင် ( အမည်မသိ )
ထပ်တိုးအရည်အချင်း၊ ပုံရိပ်ယောင် သတ်ဖြတ်ခြင်း၊ ကိုယ်ခွဲကို ချက်ခြင်း ဖန်တီးနိုင်သည်။ ထိုကိုယ်ခွဲကို ထိန်းချုပ်နိုင်သည်။ ကိုယ်ခွဲက မူလခန္ဓာကိုယ် အရည်အချင်း၏ စကေး ၇၀ ရာခိုင်နှုန်းရရှိမည်။ တစ်ချိန်ထဲတွင် ကိုယ်ခွဲနှင့် မူလခန္ဓာကိုယ်က နေရာလှဲနိုင်သည်။
ကြာချိန် ၄၅ စက္ကန့်
ကူးလ်ဒေါင်း ၅ မိနစ်
ထပ်တိုးစကေးနှင့် မှော်နက်ဖြတ်တောက်ခြင်း ၊ ရန်သူများကို အမြင်ကန်းစေပြီး လှုပ်ရှားမှုများ ကန့်သက်ထားကာ ခုခံမှုကို ၁၀၀ ရာခိုင်နှုန်း လျော့ချပေးသည်။
ကြာချိန် ၄ စက္ကန့်
ကူးလ်ဒေါင်း ၁ မိနစ်
ထပ်တိုးစကေး ၃၊ နဂါး ၉ ကောင်ဖြတ်တောက်ခြင်း အသုံးပြုသူအတွက် မှော်နက်ဓားသွား၏ ပုံရိပ်ယောင် ၁၂ ကို ချက်ခြင်း ဖန်တီးပေးသည်။ ပုံရိပ်ယောင်ဓားတစ်ခုဆီက ၄၅ ရာခိုင်နှုန်း ထိခိုက်မှုကို ဖြေရှင်းပေးနိုင်သည်။
ကြာချိန် ၃၀ စက္ကန့်
ကူးလ်ဒေါင်း ၅ မိနစ်
ထပ်တိုးစကေး ၄၊ ခရမ်းရင့် ကကြိုး၊ အဝိုင်းသဏ္ဍာန် ဧရိယာအတွင်း ၁၂ ကိုက်အကွာအတွင်းရှိ ပစ်မှတ်များဆီ စုစုပေါင်းထိခိုက်မှု၏ ၅၀ ရာခိုင်နှုန်း ဖြန့်ချက်ပေးသည်။
ကြာချိန် ၃၀ စက္ကန့်
ကူးလ်ဒေါင်း ၁ မိနစ်
ထပ်တိုး နက်နဲသော အမွေဆက်ခံမှု၊ မဟူရာ ဧကရာဇ် အသက်သွင်းလိုက်ချိန်၌ ၄င်း၏ အချက်များက သေဆုံးခြင်း ရောင်ဝါအလွှာကို စုစည်းပေးသည်။ သေဆုံးခြင်းအလွှာ တစ်ခုခြင်းဆီက အသုံးပြုသူ၏ အရည်အချင်းအားလုံးကို ၂ ရာခိုင်နှုန်း တိုးစေပြီး တိုက်ခိုက်မှုအရှိန်နှင့် လှုပ်ရှားမှုအရှိန်ကို ၁၀ စက္ကန့်တာ ၁ ရာခိုင်နှုန်း တိုးစေသည်။ သို့မဟုတ် စကေးတစ်ခု၏ ကူးလ်ဒေါင်းကို ၃ စက္ကန့်စာ လျော့ချပေးနိုင်သည်။ သေဆုံးခြင်းရောင်ဝါ၏ အလွှာ ၃၀ ၏ အများဆုံးဖြစ်သည်။
ကြာချိန် ၁၀ မိနစ်
ကူးလ်ဒေါင်း ၁၆ နာရီ
မှော်နက်ဓားသွားသည် ဆရာစမစ်အိုးလစ်က နဂါးနက်ဘုရင်၏ အစွယ်ကို ကုန်ကြမ်းအနေဖြင့် အသုံးပြုပြီး ဖန်တီးခဲ့တာ ဖြစ်သည်။ ၄င်းက ကျော်ကြားသော ဓား ၃၆ လက်ထဲမှ တစ်မျိုးဖြစ်ပြီး အဆင့်က ၃၁ ဖြစ်သည်။ သို့သော် ထိုဓားက နဂါးနက်ဘုရင်၏ ကျိန်စာတိုက်ခြင်း ခံထားရသည်။ အသုံးပြုသူသည် ခွန်အားတိုးတက်လာမှုအပြင် အကြိမ်တိုင်း၌ ပြန်ကန်မှုကို ခံစားရသည်။ သို့သော် ဂျက်က ကြယ်တာရာအလင်းကို အသုံးပြုပြီး ပြန်ပြင်ပြီးနောက် ပြန်ကန်မှု၏ ခွန်အားက အတော်လေးလျော့ကျသွားခဲ့သည်။ အသုံးပြုသူက ပြန်ကန်မှုအား မဖိနှိပ်နိုင်ခဲ့လျှင် အသုံးပြုသူသည် နဂါးနက်ဘုရင်၏ ကျိန်စာကို ရရှိမည်ဖြစ်ကာ အရည်အချင်းများအားလုံး ၅၀ ရာခိုင်နှုန်း ထာဝရလျော့ချခံရမှာ ဖြစ်သည်။
ပစ္စည်းမကျကျန်နိုင်။
လဲလှယ် မခံရ။
မှော်နက်ဓားသွား၏ အခြေခံအရည်အချင်းများနှင့် စကေးက သိသာထင်ရှားမှု မဖြစ်။ သို့သော် မှော်လက်နက်၏ တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာ တိုးတက်သွားသည်။ ယခင်တုန်းက ၄င်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ၃၀၀ ကိုအနည်းငယ်သာကျော်ခဲ့သည်။ ဤဆင့်ကဲဖြစ်စဉ်ပြီးနောက် တိုက်ခိုက်ရေးစွမ်းအားက အတိတ်တုန်းကထက် ၄၀၀ ကိုကျော်သွားသည်။ ယခုမူ မီးလျှံကကြိုး၏ အဆင့် ၂၅ မဟူရာရွှေအဆင့် စစ်မှန်သောမီးဓားသွားထက် အမှတ် ၅၀ ပိုမြင့်နေပြီ ဖြစ်သည်။
မှော်နက်ဓားသွားကို ပြန်ယူပြီးနောက် ရှီဖုန်းက အကြိမ်အနည်းငယ် လွဲရမ်းလိုက်သည်။ သူက လက်နက်ကို လွဲလိုက်သောအခါ အနားရှိ ကျောက်တိုင်က ထိသွားသည်။
ချန် …။
ရှီဖုန်းက ကျောက်တိုင်ကို ဖြတ်တောက်ချိန်၌ ဘာခုခံမှုမှ မကြုံတွေ့ပေ။ မာကျောသည့်ကျောက်တိုင်က မှော်နက်ဓားသွားပိုင်းဖြတ်တာ ခံပြီးနောက် မြေကြီးပေါ်သို့ ၂ ပိုင်းပျက်ကျသွားသည်။
” ထက်လိုက်တာ …”
ရှီဖုန်းက ကျောက်တိုင်အပိုင်းအစများကို အထိတ်တလန့်ကြည့်နေသည်။ ပြီးနောက် သူ့လက်ထဲရှိ မှော်လက်နက်ကို ပြန်ကြည့်လိုက်သည်။ မှော်နက်ဓားသွားက နတ်ဘုရားများ၏ လက်နက် ဖြစ်ပေသည်။ ထိုမျှ ထက်ရှမှုမျိုးဖြင့် မဟူရာရွှေချပ်ဝတ်တန်ဆာတောင် ၄င်းကို ခုခံနိုင်မှာ မဟုတ်ပေ။
ရှီဖုန်းက အုတ်ဂူထဲက ထွက်မည့်အချိန်၌ မဟူရာသစ်တောထဲမှ ကစားသမား ၁၀၀ ကျော်က ရုတ်တရက် ထွက်ပေါ်လာသည်။ ၄င်းက တူညီသည့်အဖွဲ့မှ ကစားသမားများ မဟုတ်ပေ။ အသစ်ရောက်လာသူများက လွတ်လပ်သော ကစားသမားများ ဖြစ်ကြသည်။
” ဒါက .. ဒီမှာ ဘာတွေဖြစ်နေတာလဲ …”
ကစားသမားများက ပျက်ဆီးနေသည့် မြေအောက်အုတ်ဂူကို မြင်သောအခါ ကြောင်အသွားသည်။ လက်ရှိတွင် မြေအောက် အုတ်ဂူက ပုန်းခိုခြင်းနှင့် တူနေသည်။
” တစ်စုံတစ်ယောက် ဒီမှာ ရှိတယ် …”
အမြင်အာရုံ ထက်ရှသည့် ရိန်းဂျားက ဧရိယာထဲမှ ထွက်ခွာရန် ပြင်နေသည့် ရှီဖုန်းကို ကြည့်လိုက်သည်။
ရုတ်တရက်တွင်အကြည့်အားလုံးက ရှီဖုန်းဆီ ရောက်လာသည်။
ထိုစဉ် ရှီဖုန်းက အနက်ရောင် မျက်နှာဖုံးကို တပ်ဆင်ကာ သူ၏ သွင်ပြင်ကို လုံခြုံစိတ်ချရအောင် လုပ်လိုက်သည်။ သူသည် သူ၏ချပ်ဝတ်တန်ဆာများ၏ တောက်ပသည့် အာနိသင်ကိုလည်း ဖုံးကွယ်ထားလိုက်သည်။ သို့သော် သူချပ်ဝတ်တန်ဆာများ၏ ကောင်းမွန်သည့် လက်ရာကို အကဲဖြတ်လျှင် အရေအသွေးမြင့်မှန်း သိသင့်ပေသည်။ အနည်းဆုံးတော့ သူ၏ ချပ်ဝတ်တန်ဆာများက လျှို့ဝှက်သံမဏိအဆင့် သို့မဟုတ် ထိုအထက်တွင် ရှိသင့်ပေသည်။ ရှီဖုန်းကလည်း အဆင့် ၂၆ ဖြစ်သောကြောင့် သူသည် ရန်စ၍ မရသည့်သူမှန်း အလွယ်တကူပြောနိုင်ပေသည်။
ထိုလွတ်လပ်သော ကစားသမားများအဖွဲ့က ရှီဖုန်းကို တိုက်ခိုက်သင့် မသင့် တွေဝေနေချိန်တွင် နောက်ထပ် အဖွဲ့တစ်ဖွဲ့က တောထဲမှ ပေါ်လာ၏။ ထိုအဖွဲ့၏ အဖွဲ့ဝင်များက အဆင့် ၂၅ နှင့် အထက်ရှိကြပြီး သူတို့က ဝက်ဝံတစ်ကောင်ကဲ့သို့ ကြီးမားတုတ်ခိုင်သည်။ ကျန်သည့်ကစားသမားများက ထိုအသစ်ရောက်လာသူများနှင့် အကြည့်ခြင်းဆုံမှာကို ရှောင်ကျဉ်ပြီး သူတို့၏ အေစက်စက်အကြည့်များကို လွဲထားကြသည်။ အရေးကြီးဆုံးက သူတို့၏ အမည်များက နီနေတာ ဖြစ်သည်။
” အစ်ကိုကြီး .. ကျုပ်တို့ ဒီနေ့ကံကောင်းတဲ့ပုံပဲ …။ ဒီလို ပျက်ဆီးပုံနဲ့ဆို ရတနာတစ်ခုတော့ ဒီမှာရှိမှာပဲ …။ အဲဒီမျိုးမစစ်ကောင်မှာ ရတနာ သေချာပေါက် ရှိမှာပဲ …”
” ဟုတ်တယ် …။ သူ့အဆင့်က အတော်လေးမြင့်တယ် …။ ငါတို့သာ သူ့က်ိုသတ်လိုက်ရင် ရတနာမရှိရင်တောင် ခရီးလာရတာ ဖြုန်းတီးရာရောက်မှာ မဟုတ်ဘူး …”
ထိုလူ ၆ ယောက်က ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ကစားသမားအယောက် ၁၀၀ ကျော်ကို ဂရုမစိုက်ပေ။ ထိုအစား သူတို့၏အကြည့်များက ရှီဖုန်းကိုသာ စိုက်ကြည့်နေပြီး သူက သူတို့အပိုင်ဟူသည့် ပုံစံဖြင့် ကြည့်နေ၏။
” သူတို့က ဘယ်သူတွေလဲ …။ သူတို့က မှောက်မှောက်မာမာဆက်ဆံရဲတယ်ပေါ့ …”
လွတ်လပ်သော တစ်ကိုယ်တော် ကစားသမားများ အဖွဲ့မှ ကစားသမားတစ်ယောက်က ရေရွတ်ပြောလိုက်သည်။ ထိုအဖွဲ့၏ ခေါင်းဆောင်က နာမည်နီ ၆ ယောက်ကို ကြည့်လိုက်သည်။ ချက်ခြင်းပင် နဖူးမှ ချွေစေးများပေါ်လာကာ အလျှင်စလိုပြောလိုက်၏။
” တော်လောက်ပြီ …။ ငါတို့ သွားကြမယ် …”
” ဒါပေမယ့် ရတနာတွေကရော …။ တစ်ကိုယ်တော် အဖွဲ့တစ်ဖွဲ့ထဲကို ဘာကြောင့် လွတ်ပေးရမှာလဲ …။ ကျွန်တော်တို့က အရေအတွက်များတာပဲ …”
ကစားသမားတစ်ဦးက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
” တော်လောက်ပြီ …။ ပြောတာ ရပ်လိုက်တော့ …။ သေချင်ရင် သွားလေ …။ ဒါပေမယ့် ဒီမှာ ရှိတဲ့လူအားလုံးကို မင်းနဲ့ မဆွဲချနဲ့ …။ မင်းက ကြည့်ရှူရာ သင်္ချိုင်းကို ရောက်ခါစပဲ …။ ဒါကြောင့် ဒီက မပြောပြထားတဲ့ စည်းမျဉ်းတွေကို သိမှာ မဟုတ်ဘူး …။ ဒီမှာ ဘယ်တော့မှ ရန်စလို့မရတဲ့ လူ ၂ မျိုးရှိတယ် …။ ပထမတစ်ခုက ဇီးရိုးဝင်းရဲ့ အလွှာတစ် ကျွမ်းကျင်သူတွေပဲ …။ ဒုတိယတစ်ခုက လွှမ်းမိုးခြင်းအပြုံးရဲ့အဖွဲ့ပဲ …။ ငါတို့သာ သူတို့ကို ဒေါသထွက်စေရင် ငါတို့ထဲက တစ်ယောက်မှ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး …”
အဖွဲ့ခေါင်းဆောင်က ကြိမ်းမောင်းပြီး ကစားသမားကို စိုက်ကြည့်လိုက်သည်။
အဖွဲ့ခေါင်းဆောင်၏ စကားကို ကြားသောအခါ ထိုကစားသမားက ပါးစပ်ချက်ခြင်းပိတ်သွားတော့သည်။ သူသည် ကြည့်ရှူရာ သင်္ချိုင်းကို မရောက်ခင်က သူ၏ ခေါင်းဆောင် ယီမွန် ရည်ညွှန်းသည့် အဖွဲ့ ၂ ခုအကြောင်း ကြားခဲ့ဖူးသည်။ ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်လျှင် ဘာမှမဖြစ်နိုင်ပေ။ သို့သော် လွှမ်းမိုးခြင်းအပြုံးမှ သတ်ဖြတ်ခြင်း နတ်ဘုရားများနှင့် ရင်ဆိုင်ပါက တစ်ဖက်လူ စိတ်အခြေအနေကောင်းနေရန်သာ ဆုတောင်းထားတာ ပိုကောင်းပေလိမ့်မည်။ မဟုတ်ပါက
ကျန်သည့်ကစားသမားများအဖွဲ့ဝင်သည်လည်း ထိုနေရာမှ ထွက်ခွာသွားကြသည်။ မည်သူမှ ရှိုးကြည့်ရန်အတွက် မနေရဲတော့ပေ။