ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 476 စိုးရိမ်ကြောက်ရွံ့ခြင်း
လွှမ်းမိုးခြင်းအပြုံး၏ ကျွမ်းကျင်သူအဖွဲ့ကို အပြီးသတ်ပြီးနောက် ရှီဖုန်းက ကျလာသည့် အိုင်တမ်များကို စုဆောင်းတော့သည်။ လွှမ်းမိုးခြင်းအပြုံးနှင့် ဇီးရိုးဝင်းက တစ်ဖွဲ့နှင့်တစ်ဖွဲ့ စစ်ကြေငြာပြီ ဖြစ်သောကြောင့် ကျန်သည့် အစည်းအရုံးဝင်များကဲ့သို့ အချင်းချင်းသတ်ဖြတ်သည့်အတွက် ပြစ်မှုတန်ဖိုး ရရှိမှာ မဟုတ်ပေ။ သို့သော် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းအပြင် လွှမ်းမိုးခြင်းအပြုံး၏ ကျွမ်းကျင်သူအဖွဲ့ကလည်း အရည်အသွေးမြင့်သည့် ကစားသမားများကို မကြာခဏ သတ်ဖြတ်လေ့ရှိသည်။ ရလဒ်ကတော့ သူတို့သည် နာမည်အနီများ ဖြစ်လာတော့သည်။
နာမည်အနီများအနေဖြင့် သူတို့ရရှိသည့်ပြစ်ဒဏ်က သေဆုံးခြင်းအတွက် အဆများစွာတိုးလာပြီး သူတို့သေသည့်အခါတွင် အိုင်တမ်များစွာ ကျလေ့ရှိသည်။
လွှမ်းမိုးခြင်းအပြုံး၏ ကျွမ်းကျင်သူများက စုစုပေါင်း အိုင်တမ် ၅၄ ခုကျခဲ့သည်။ ၄၅ ခုက ချပ်ဝတ်တန်ဆာဖြစ်ပြီး သူတို့ထဲတွင် လျှို့ဝှက်ငွေအဆင့် ချပ်ဝတ်တန်ဆာတစ်ခု ပါဝင်ကာ ရွှေကောင်းအဆင့် အပိုင်းအစ ၈ ခုပါဝင်သည်။ သို့သော် ၄င်းက သိသာထင်ရှားသည့် ရိတ်သိမ်းမှုတစ်ခု ဖြစ်သည်။ ထို့အပြင် ကျွမ်းကျင်သူ၏ အိတ်ထဲမှ အိုင်တမ် ၉ ခုကျလာသည်။ အိုင်တမ် ၉ ခုတွင် ၇ ခုက ရှီဖုန်းသတ်ခဲ့သည့် ရှေးစစ်သည်တော်ထံမှ ကျလာတာဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် ကစားသမားများသည် သေဆုံးခြင်းမှ သူတို့အိတ်ထဲက အိုင်တမ်ကျနှုန်းက အလွန်အမင်းနည်းပါးလွန်သည်။ သို့သော် လွှမ်းမိုးခြင်းအပြုံး၏ ကျွမ်ကျင်သူများအားလုံးက နာမည်အနီများ ဖြစ်ကြသည်။ ထို့ကြောင့် အခွင့်အရေးက အဆပေါင်းများစွာ တိုးသွားတော့သည်။ ထိုသို့တိုင် ၄င်းက အလွန်သေးငယ်သည့် အခွင့်အရေးလေး ဖြစ်နေသေးသည်။
ရှီဖုန်းသည် ကစားသမားတစ်ဦး၏ အိတ်ထဲမှ အိုင်တမ် ၇ ခု ရခဲ့ပြီး လူ ၆ ယောက်အဖွဲ့ကို သတ်ဖြတ်ပြီး ချပ်ဝတ်တန်ဆာ ၄၅ ခု ကျခဲ့ရသည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် ထိုရှေးစစ်သည်တော်သည့် သူ၏ အိုင်တမ်များအားလုံးကို ကျခဲ့သောကြောင့် ဖြစ်သည်။ သူ့တွင် ဘာမှမကျန်တော့ပေ။ ၄င်းက မယုံနိုင်စရာ ကောင်းလွန်း၏။
” ဒီကောင်ကံက ဘယ်လိုတောင်လဲ …။ သူ ကောင်းကင်ဘုံကို ဒေါသထွက်အောင် လုပ်ခဲ့မိလား …။ အကြိမ် ၁၀၀၀ လောက် အသတ်ခံရတဲ့သူတောင် ဒီလို ကံမျိုးရှိမှာ မဟုတ်ဘူး …”
ရှီဖုန်းက သူ့ခြေရင်းတွင် လှဲနေသည့် စစ်သည်တော်ကို မသနားပဲ မနေနိုင်တော့ပေ။
ရှီဖုန်း မည်သို့ပင် ခံစားရစေကာမူ သူက ရှေးစစ်သည်တော်၏ အိုင်တမ်များကို သိမ်းလိုက်သည်။ သူက အိုင်တမ်များကို ကြည့်သည့်အချိန်၌ အနက်ရောင်ဆေးရည် တစ်ဒါဇင်ကို တွေ့လိုက်ရသည်။
” ဒါက ရှေးစစ်သည်တော် တိုက်ပွဲမစခင်က သောက်ခဲ့တဲ့ဆေးမလား …”
ရှီဖုန်းက အနက်ရောင်ဆေးကို စစ်ဆေးကြည့်လိုက်သောအခါ ရှေးစစ်သည်တော်၏ မှတ်ချက်ကို ရုတ်တရက်သတိရသွားသည်။ သူသည် ထိုစဉ်က ထိုလူ၏ စကားကို သိပ်ဂရုမထားခဲ့ပေ။ ယခု ဆေးကိုကြည့်ပြီးနောက် တစ်စုံတစ်ခု ထူးခြားတာကို သတိပြုမိသွား၏။
အနက်ရောင်ဆေးသည် ကစားသမားများကို သတ်ဖြတ်သည့်အချိန်၌ အိုင်တမ်ကျနှုန်းကို တိုးစေတာ ဖြစ်သည်။ သို့သော် ဆေး၏ အာနိသင်က အသုံးပြုသူပေါ်သာ ထိရောက်မှု ရှိသည်။ အသုံးပြုသူသေသွားပါက သူတို့၏ အိုင်တမ်ကျနှုန်းက အဆတိုးသွားမှာ ဖြစ်သည်။
ထိုသို့သော ဆေးမျိုးကို မြင်ဖူးကြားဖူးတာ ရှီဖုန်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ နတ်ဘုရားနယ်မြေထဲတွင် ဆေးရည် ပုံစံ ၁၀၀၀၀ ကျော်ရှိသည်။ သူသည် ဂိမ်းကို ၁၀ စုနှစ်တစ်ခုတိုင် ကစားခဲ့သည်တိုင် ဂိမ်းထဲရှိ အိုင်တမ်အများစုကို လျစ်လျူရှူထားမိစဲ ဖြစ်သည်။ အထူးသဖြင့် အဂ္ဂိရတ်ပညာရှင်များ၏ မူလဖန်တီးမှု သွန်းလုပ်သူဆရာများနှင့် ကျန်သည့်ဘဝစတိုင်များအတွက် ဖြစ်သည်။
ရှီဖုန်းက အနက်ရောင်ဆေး၏ အချက်အလက်များကို ဖတ်လိုက်သည်။
” လုံလောက်သွားပြီ …။ ထိုဆေးက ကစားသမားတစ်ယောက် ဖန်တီးထားတာပဲ …”
အနက်ရောင်ဆေး၏ အချက်အလက်များကို ဖတ်သောအခါ ရှီဖုန်းက မတုန်လှုပ်ပဲ မနေနိုင်ပေ။
ထိုဆေးက စိုးရိမ်ကြောက်ရွံ့ခြင်းဟု ခေါ်သည်။ သုံးဆွဲလိုက်သည်နှင့် တစ်ယောက်ချင်းတိုက်ခိုက်ရာတွင် အိုင်တမ်ကျနှုန်းက ၁၀၀ ရာခိုင်နှုန်းမှ ၃၀၀ ရာခိုင်နှုန်းထိ တိုးသွားသည်။ အသုံးပြုသူသည် အခြားသူသတ်တာ ခံလိုက်ရလျှင် သူတို့၏ အိုင်တမ်ကျနှုန်းက ၂၀၀ ရာခိုင်နှုန်းကနေ ၆၀၀ ရာခိုင်နှုန်းအထိ တိုးသွားသည်။ စိုးရိမ်ကြောက်ရွံ့မှုက ၅ မိနစ်တာ ကြာပြီး ကူးလ်ဒေါင်းက နာရီဝက်ဖြစ်သည်။
” ဒီဆေးကို ဖော်တဲ့သူက တကယ်အံ့သြဖို့ကောင်းတာပဲ …”
ရှီဖုန်းက စိုးရိမ်ကြောက်ရွံ့ခြင်း၏ ဖန်တီးသူကို တွေ့ချင်သွားသည်။ ကံဆိုးသည်မှာ ဖန်တီးသူကို အမည်မသိဟု ဖော်ပြထားသည်။ ဆေးရည် ဖန်တီးသူက သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖုံးကွယ်ထားချင်တာ ရှင်းနေသည်။
ရှီဖုန်းက နတ်ဘုရားနယ်မြေကို နားလည်သဘောပေါက်သည်။ ကျန်သည်ကစားသမားများကို သတ်သည့်အချိန်၌ ကစားသမားတစ်ဦး၏ အိုင်တမ်ကျနှုန်းကို တိုးစေသည့် ကိရိယာများရှိသည်။ ထိုသို့ ကိရိယာများက တန်ဖိုးကြီးသည်။ သို့သော် ထိုသို့ လုပ်ဆောင်ချက်မျိုးရှိသည့် ဆေးတစ်မျိုးကို သူတစ်ခါမှ မကြားခဲ့ဖူးပေ။ သို့သော် ဆေးပေါ်လာမည်က စိတ်ကူး၍တောင် မရခဲ့ပေ။
နတ်ဘုရားနယ်မြေ၏ လက်ရှိကစားသမားများက အလွန်အဆင့်နိမ့်သေးပြီး သူတို့ရသည့် ကုန်ကြမ်းက အကန့်အသက်ရှိသည်။ အကန့်အသက်ရှိ ကုန်ကြမ်းများဖြင့် အားကောင်းသည့်ဆေးကို ဖန်တီးရန်အတွက် ထိုအဂ္ဂိရဆရာသည် ပါရမီရှင်တစ်ဦး ဖြစ်ရပေမည်။
” လွှမ်းမိုးခြင်းအပြုံးက ကျန်တဲ့ကစားသမားတွေကို သတ်ဖြတ်ဖို့ စိတ်အားထက်သန်နေတာ အံ့သြစရာမရှိပါဘူးလေ …။ စိုးရိမ်ကြောက်ရွံ့ခြင်းနဲ့ဆို သူတို့က တန်ဖိုးကြီးတဲ့ ချပ်ဝတ်တန်ဆာတွေ အများကြီး အလွယ်တကူ ရနိုင်တာပဲ …”
ရှီဖုန်းက လွှမ်းမိုးခြင်းအပြုံး၏ ပုံမှန်မဟုတ်သော အပြုအမူနောက်ကွယ်၏ အကြောင်းအရင်းကို ရုတ်တရက်သဘောပေါက်သွားသည်။
လက်ရှိတွင် ဇီးရိုးဝင်းနှင့် လွှမ်းမိုးခြင်းအပြုံးက တစ်ယောက်နှင့်တစ်ယောက် စစ်တိုက်နေကြတာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက်လုံးက ချပ်ဝတ်တန်ဆာများတွင် သိသိသာသာဆုံးရှုံးမှုများ ခံစားနေရသည်။ စိုးရိမ်ကြောက်ရွံ့ခြင်းဖြင့် လွှမ်းမိုးခြင်းအပြုံးက တိုက်ပွဲများ ရင်ဆိုင်ခြင်းဖြင့် ဘဏ္ဍာငွေရှာနိုင်သည်။ သူတို့သည် ချပ်ဝတ်တန်ဆာကောင်းကောင်း ဝတ်ထားသည့် ကစားသမားများကို သတ်လေ သူတို့ရရှိသည့် ချပ်ဝတ်တန်ဆာများ၏ အရေအတွက်နှင့် အရည်အသွေးက မြင့်လေဖြစ်သည်။
ပုံမှန်ဆိုကစားသမားများသည် သေဆုံးတဲ့အခါ ချပ်ဝတ်တန်ဆာ တစ်ခုသာ ကျလေ့ရှိသည်။ ကစားသမားတစ်ဦးက ချပ်ဝတ်တန်ဆာ ၁၀ ခုကျော် ရှိသည်။ ထိုလူများမှ ပစ္စည်းအပိုင်းအစများစွာ ကျလာလျှင် ကောင်းမွန်သည့် ချပ်ဝတ်တန်ဆာ ရနိုင်သည့် အခွင့်အရေးက အလွန်နည်းပါးသည်။ စိုးရိမ်ကြောက်ရွံ့ခြင်းကို သုံးဆောင်ပြီးနောက် လွှမ်းမိုးခြင်းအပြုံး၏ အဖွဲ့ဝင်များက သူတို့သတ်ခဲ့သည့် ကစားသမားများထံမှ ချပ်ဝတ်တန်ဆာအပိုင်းအစ ၃ ခုလောက် ရနိုင်ပေသည်။ ၄င်းက ချပ်ဝတ်တန်ဆာများရနိုင်သည့် သူတို့၏ အခွင့်အရေးကို တိုးစေသည်။
” ဒီလိုဆိုမှတော့ ငါသူတို့ကို အားမနာနေတော့ဘူး …”
ရှီဖုန်းက ခပ်ရေးရေးပြုံးလိုက်ပြီးနောက် သူ၏ အိတ်ထဲတွင် စိုးရိမ်ကြောက်ရွံ့ခြင်း ၁၂ ပုလင်းကို သိုလှောင်လိုက်သည်။
အမှန်တကယ်တွင် ထိုတစ်ဦးချင်းတိုက်ခိုက်သည် အိုင်တမ်ကျနှုန်းက ကံကောင်းသည့် အရည်အချင်းပေါ်တွင် မှီခိုနေသည်။
ရှီဖုန်း၏ လက်ရှိကံက အတော်လေးမြင့်သည်။ သူသည် နတ်ဘုရား၏ စောင့်ရှောက်မှုကို အသက်သွင်းလိုက်ပါက သူ၏ ကံကို ၂၅ မှတ်အထိ မြင့်တင်နိုင်သည်။ ရှီဖုန်းက သာမန်ကစားသမားတစ်ဦးကို သတ်ဖြတ်ပြီး စိုးရိမ်ကြောက်ရွံ့ခြင်းကို အသုံးမပြုခဲ့လျှင်တောင် ထိုကစားသမားသည် ချပ်ဝတ်တန်ဆာအပိုင်းအစ ၂ ခု ၃ ခုလောက် ကျလောက်သည်။ ထို့အပြင် ထိုကျလာသည့် ၂ ခု ၃ ခုကလည်း ကစားသမားများ ဝတ်ဆင်ထားသည့် အကောင်းဆုံးအပိုင်းအစများ ဖြစ်နိုင်ချေက ပိုများသည်။
သူသာ စိုးရိမ်ကြောက်ရွံ့ခြင်း၏ အာနိသင်ကို ထပ်ပေါင်းခဲ့လျှင် အခြေအနေကို စဉ်းစားပြီးနောက် ရှီဖုန်းက အစည်းအရုံးချန်နယ်ကိုရှာကာ ချုံခိုတိုက်ခိုက်ဖို့ စဉ်းစားလိုက်သည်။
” ပြီးပြည့်စုံပြီ …။ မင်းလုပ်နိုင်တယ် …”
ခဏကြာပြီနောက် အချို့သောအဖွဲ့ဝင်များက လွှမ်းမိုးခြင်းအပြုံး သူတို့ကို ချုံခိုတိုက်ခိုက်ကြောင်း အစည်းအရုံးချန်နယ်ကနေ သတင်းပို့ကြသည်။ သူတို့က ကြည့်ရှူရာသင်္ချိင်းထဲတွင် ရောက်ရှိနေတာ ဖြစ်သည်။ ရှီဖုန်းက အကျော်ဇေယျ ၇ ပါးလက်စွပ်ထဲ အားလုံးကို စုစည်းလိုက်ပြီး အာကာသ ( လေဟာနယ် ) ရွေ့လျားခြင်းကို ထုတ်ဖော်လိုက်၏။ ပြီးနောက် သူက အက်ကွဲရာထဲ ဝင်သွားကာ ပျောက်ကွယ်သွားတော့သည်။
ကြည့်ရှူရာ သင်္ချိင်း၏ အုတ်ဂူများပြည့်နှက်နေသည့် မြက်ခင်းပြင်များထဲမှ တစ်ခုတွင် ကစားသမား ၁၂ ကျော်ရှိသည့် ကစားသမားအဖွဲ့တစ်ဖွဲ့က သူတို့အသက်အတွက် ပြေးလွှားနေရသည်။ သူတို့က ပြေးလွှားနေစဉ် အကွားအဝေးအမျိုးအစားက သူတို့ကို လိုက်နေသည့်ကစားသမား ၆ ယောက်ကို တိုက်ခိုက်လိုက်သည်။
ထိုအကြောင်းအရာသာ ကျန်သည့်နေရာတွင် ဖြစ်ပွားခဲ့လျှင် ရပ်ကြည့်နေသူ မည်သူမဆို စိတ်ရှုပ်ထွေးနိုင်သည်။ အရေအတွက်ပိုများသည့် ကစားသမားများက နည်းပါးသည့်ကစားသမားများကြောင့် ထွက်ပြေးနေရသည်။
ကြည့်ရှူရာ ဂူသင်္ချိုင်းထဲတွင် ထိုသို့သော မြင်ကွင်းကို မည်သူမှ အံ့သြမှာ မဟုတ်ပေ။ အကြောင်းမှာ ပိုနည်းသည့် ကစားသမားအဖွဲ့က သွေးဆာလောင်မှုများပြည့်နေပြီး အံ့သြဖွယ်ခွန်အားများ ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် ထိုအဖွဲ့၏ ရူးမိုက်မှုက အနီးကပ်အမျိုးအစားတွင်သာ ပါဝင်ပြီး သူတို့၏အဖွဲ့တွင် အကွာအဝေးအမျိုးအစား မပါဝင်ပေ။
” သေစမ်း …။ သူ့ကို ငါရဲ့ တိုက်ကွက်တွေ ဘာကြောင့် မထိရတာလဲ …”
လွတ်မြောက်သွားသည့် ဒြပ်စင် အသုံးပြုသူများထဲမှ တစ်ယောက်က ငြီးထွားပြောလိုက်သည်။ သူက သူ့အဖွဲ့နှင့် လိုက်နေသည့် လူ ၆ ယောက်ကြားရှိ အကွားအဝေနည်းနေတာကို ကြည့်နေရသည်။
” ခဏလေး တောင့်ခံထား …။ ငါတို့အစည်းအရုံးရဲ့ အလွှာတစ် ကျွမ်းကျင်သူတွေက အခုရောက်လာပြီ …”
အဖွဲ့ခေါင်းဆောင် အဆင့်၂၄ ရိန်းဂျားတစ်ဦးက သူ၏ အဖွဲ့ဝင်များကို အားပေးရန် ကြိုးစားလိုက်သည်။ အဖွဲ့ထဲရှိလူများက ခေါင်းဆောင်စကားကို ခေါင်းညိတ်လိုက်ပြီး သူတို့ရင်ထဲ၌ မျှော်လင့်ချက်များ ဖူးပွင့်လာတော့သည်။
သူတို့နောက်ရှိ လွှမ်းမိုးခြင်းအဖွဲ့ဝင်များက သိပ်ကို အားကောင်းလွန်းသည်။ သူတို့ ချုံခိုတိုက်ခိုက်ခံရတာကို သဘောမပေါက်သေးခင် သူတို့အဖွဲ့ဝင် ၄ ယောက်က သေသွားပြီ ဖြစ်သည်။ သူတို့က ခုခံရန်ကြိုးစားသော်လည်း ကျွမ်းကျင်သူများက ရှောင်တိန်ကာ သူတို့၏ တိုက်ကွက်အများစုကို ပိတ်ဆို့နိုင်ခဲ့ပြီ ထိန်းချုပ်မှု စကေးတစ်ချို့က သက်ရောက်မှု မရှိခဲ့ပေ။ ကံဆိုးသည်မှာ ထိုစကေးများကလည်း သေစေနိုင်လောက်တာ မဟုတ်ပေ။
တိုက်ပွဲစတင်သည်နှင့် သူတို့က အစည်းအရုံးချန်နယ်များမှ တစ်ဆင့် စာများပို့ခဲ့ပြီး သူတို့လက်ရှိတည်နေရာကို သတင်းပို့ခဲ့၏။ သူတို့အတွက် ကံကောင်းသည်မှာ သူတို့၏ အစည်းအရုံး၏ အလွှာတစ် အဖွဲ့၀င်များက သူတို့နှင့် အနည်းငယ်သာ ကွာဝေးသည်။ အလွှာတစ် ကျွမ်းကျင်သူ အဖွဲ့ရှိရာဆီသို့ သူတို့ သွားနိုင်လျှင် လုံခြုံမည်ဖြစ်သည်။
” အားလုံးပဲ ရပ်ကြ …”
ရိန်းဂျားက သူတို့ရှေ့မြေကြီးထဲမှ အေးစက်သော လေတိမ်ထု ပေါ်ထွက်လာတာကိုမြင်သောအခါ အော်လိုက်၏။ မည်သူမှ သတိမပြုရသေးခင် နောက်ထပ် အဖွဲ့က ပေါ်လာသည်။ ထို့အပြင် ခေါင်းဆောင်နေရာတွင် ရပ်နေသည့် ဒိုင်းကာစစ်သည်တော်က မှော်စာလိပ်ကို အသုံးပြုလိုက်သည်။
ကံဆိုးသည်မှာ ရိန်းဂျား၏ အမိန့်ပေးမှုက နောက်ကျသွားပြီး ကြီးမားသည့် ရေခဲပန်းဆွဲက မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုရေခဲပန်းဆွဲက အဖွဲ့ရှေ့ရှိ ကစားသမားကို ပိတ်ထားကာ သူတို့၏ ခေါင်းအထက်၌ ထိခိုက်မှု – ၁၀၀၀ ပေါ်လာခဲ့သည်။
မြူများက သူတို့ခန္ဓာကိုယ်ကို ရစ်ဝဲလိုက်ကာ သူတို့၏ အရှိန်ကို လျော့ချလိုက်၏။
” ငါတို့တော့ ပြီးပြီ …”
ရိန်းဂျား၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နေပြီး သူတို့ရှေ့ရှိ ရေခဲပန်းဆွဲကြီးကိုသာ စိုက်ကြည့်နေသည်။
သူတို့သည် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ အလိုက်ခံရခြင်းမှ လွတ်မြောက်လာရုံသာ ရှိသေးသည်။ နောက်ထပ် အဖွဲ့တစ်ခုက ပေါ်လာပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သောကြောင့် သူတို့လွတ်မြောက်ရန် မျှော်လင့်ချက်မရှိတော့ပေ။
” ဟား … ဟား … ဟား …။ လုပ်စမ်းပါ …။ ဆက်ပြေးလေ …။ မင်းတို့ ဘယ်လောက်ပြေးနိုင်မလည်းဆိုတာ ကြည့်ချင်သေးတယ် …”
လွှမ်းမိုးခြင်းအပြုံး၏ ကျွမ်းကျင်သူများထဲမှ တစ်ယောက်က ဇီးရိုးဝင်းအဖွဲ့၏ ပြဿ နာကို မြင်သောအခါ လှောင်ရယ်လိုက်ကြသည်။
ထိုစဉ် လေထဲ၌ အက်ကွဲရာ တစ်ခုကပေါ်လာပြီး လူရိပ်တစ်ရိပ်က ရုတ်တရက် ထွက်လာ၏။
” ေဩာ် …။ ငါဒီနေ့ အတော်လေး ကံကောင်းနေတဲ့ပုံပဲ …”
ရှီဖုန်းက မြေကြီးပေါ်သို့ ရောက်သည်နှင့် လွှမ်းမိုးခြင်းအပြုံးမှ ကျွမ်းကျင်သူ အဖွဲ့နှစ်ခုကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ ပေါ်လာသည်။