ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 481 ရေစီးဆင်းခြင်း အရှိန်
တစ္ဆေငါးနှင့် တစ္ဆေခြောက်က ရှီဖုန်း၏ ရုတ်တရက်ပြောင်းလဲမှုကို သတိပြုမိပြီးနောက် တစ္ဆေနှစ်ကောင်သည် သူတို့၏ပစ်မှတ်ကနေ ခပ်ဝေးဝေးရှောင်လိုက်သည်။
နတ်ဘုရားနယ်မြေ၏ ကျွမ်းကျင်သူများအနေဖြင့် အန္တရာယ်ကို အာရုံခံနိုင်မှုက သာမန်ကစားသမားများထက်ကျော်သည်။ တစ်ဖက်တွင်မူ ကစားသမား တစ်ဒါဇင်ကျော်က ရှီဖုန်း၏ တိုက်ပွဲကို ကြည့်နေစဉ် တစ္ဆေနှစ်ကောင်၏ အပြုအမူကြောင့် ဇဝေဇဝါဖြစ်သွားသည်။
ရှီဖုန်း၏ အပြင်ပိုင်းသွင်ပြင်တွင် ပြောင်းလဲမှုကို မတွေ့ရသလို သူ၏စွမ်းအင်တွေ ပြောင်းလဲမှုလည်းမရှိပေ။ ထိုသို့ဆိုလျှင် တစ္ဆေငါးနှင့် တစ္ဆေခြောက်က သူ့ထံကနေ နောက်သို့ဆုတ်ရန် အဘယ်ကြောင့် ရုတ်တရက် ရွေးချယ်သနည်း။
” ငါများ အထင်မှားနေတာများလား … ”
တစ္ဆေငါးက သူ၏ အာရုံကို အတော်လေး သံသယဝင်သွားသည်။ ထိုသို့ အပြင်းအထန် ပြောင်းလဲမှုအောက် ရှီဖုန်း အဘယ်ကြောင့် ကျရောက်သွားမှန်း သူ နားမလည်နိုင်ပေ။ မူလက ရှီဖုန်းထံမှ တစ္ဆေငါး ခံစားခဲ့ရသည့် ဖိအားက ကျားတစ်ကောင်ဖြစ်သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းရှိ ရှီဖုန်းက ကြမ်းတမ်းသည့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် ၎င်းက အင်မတန် ချွန်ထက်သည့် လက်သည်းများနှင့် အစွယ်များရှိသည့် ကြမ်းတမ်းသော နဂါးတစ်ကောင်ဖြစ်သည်။
သူတို့မဆိုထားနှင့် ရှီဖုန်းနှင့် ခပ်ဝေးဝေးတွင်ရှိသော သာမန်လူများတောင် ထိုသို့ အရောင် ကွဲပြားသည့် ရောင်ခြည်တော်ဖြာထွက်နေတာကို အာရုံခံမိသည်။
” မင်းတို့ကောင်တွေ မလှုပ်ရှားချင်ဘူးဆိုမှတော့ ငါလှုပ်ရှားရလည်း စိတ်မရှိပါဘူး…။ ”
ရှီဖုန်းက ထိုသို့ပြောပြီး ရက်စက်သည့်အပြုံး ပြုံးလိုက်၏။ ပြီးနောက် သူ၏ဓါးကိုမြှောက်ကာ ရန်သူနှစ်ယောက်ဆီ ဖြေးဖြေးချင်း ချဉ်းကပ်သွားသည်။
သန့်စင်ခြင်းနယ်ပယ်က သာမန်ကျွမ်းကျင်သူ တစ်ယောက်မှ စစ်မှန်သောထိပ်တန်းအလွှာ ကျွမ်းကျင်သူအဖြင့် ခွဲခြားသိမြင်လိုက်ပြီဟု ဆိုရပေမည်။ သန့်စင်ခြင်းနယ်ပယ်သို့ ခြေချသည့် စကားသမားများအတွက် တိုက်ပွဲ၏ ဒီရေကို တစ်ကိုယ်တည်း ပြောင်းလဲပစ်နိုင်သည့် ကျွမ်းကျင်သူ မဟုတ်ကြပေ။
ကစားသမားများသည် သန့်စင်ခြင်းနယ်ပယ်သို့ ဝင်ရောက်သည်နှင့် သူတို့က အမြင့်ဆုံးအာနိသင်ကို ရရှိရန်အတွက် ခွန်အား၏ အနည်းဆုံးပမာဏကို အသုံးပြုရသည်။ ၎င်းက ကစားသမားများသည် တိုက်ခိုက်သည့်အခါ သို့မဟုတ် ရှောင်ကွင်းသည့်အခါတွင် အထူးအဖြင့် သတိပြုမိလောက်အောင် ထင်ရှားသည်။ ရန်သူ၏အရှိန်က သူတို့ထက်အတော်လေး သာနေသည့်တိုင် သန့်စင်ခြင်းနယ်ပယ်ရှိ ကစားသမားများသည် အရိုးရှင်းဆုံးအကွက်များကို အသုံးပြုနေစဉ် သူတို့ရန်သူ၏ တိုက်ခိုက်မှုကို အလွယ်တကူရှောင်ရှားနိုင်သည်။ သူတို့က ကျွမ်းကျင်စွာ ရှောင်နိုင်ရုံတင်မက သူတို့သည် ရန်သူ၏ အားနည်းချက်ကို ပိုထောက်လှမ်းနိုင်ရန် အခွင့်အရေးကိုလည်း ရရှိကြပြီး ရန်သူကို သေစေနိုင်သည့် တိုက်ကွက်ပေးနိုင်သည်။
ထိုအကြောင်းပြချက်ကြောင့် သန့်စင်ခြင်းနယ်ပယ်က အစစ်အမှန်ကျွမ်းကျင်သူများအတွက် မြင့်မြတ်သော လိုင်းတစ်ခု ဖြစ်လာခဲ့သည်။
သန့်စင်ခြင်း အထက်တွင် ပိုတောင်မြင့်သည့် နယ်ပယ်တစ်ခု ရှိသေးသည်။ ၎င်းက ရေစီးဆင်းခြင်း နယ်ပယ်ဖြစ်သည်။ ရန်သူထံမှ အသေးစိပ်ကို လေ့လာပြီး ကစားသမားများက သူတို့ရန်သူ၏ လှုပ်ရှားမှုတိုင်းကို နားလည်ရန်အတွက် ရန်သူ၏ နေရာတွင် သူတို့ကိုယ်သူတို့ အစားထိုးနိုင်သည်။ ပြီးနောက် သူတို့က ရန်သူ၏ နောက်တကွက်ကို လက်ဦးမှုရယူနိုင်ပြီး အကွက်များစွာကိုတောင်ရနိုင်ကာ သင့်တော်သည့် တုန့်ပြန်မှုပြုလုပ်နိုင်သည်။
တစ်နည်းဆိုရလျှင် သူတို့ ရန်သူမလှုပ်ရှားရသေးခင် ရေစီးဆင်းခြင်းနယ်ပယ်ရှိ ကစားသမားများက သူတို့ရန်သူနောက်တစ်ကွက် ဘာထုတ်မလဲဆိုတာကို သိကြပြီး ပြန်တိုက်ခိုက်နိုင်တာဖြစ်သည်။ ရန်သူလှုပ်ရှားပြီးမှ နားလည်သဘောပေါက်မှုနှင့် ယှဉ်လျှင် ကစားသမားများက ပြန်တိုက်ခိုက်ရာတွင် တုန့်ပြန်မှုပိုများပြီး ပြီးပြည့်စုံသည်။ တစ္ဆေငါးနှင့် တစ္ဆေခြောက်၏ တိုက်ကွက်တို့ ပူးပေါင်းတိုက်ခိုက်မှုကို မြင်ပြီးသား ရှီဖုန်းအဖို့ ရှောင်ရှားရန်က လွယ်ကူပြီး ပြိုင်ဘက်နှစ်ယောက်၏ တိုက်ခိုက်မှုကို တုန့်ပြန်ရန် အလွယ်လေးဖြစ်သည်။
ရှီဖုန်းက တစ္ဆေငါးနှင့် တစ္ဆေခြောက်နား ဖြေးဖြေးချင်းကပ်လာချိန်၌ တစ္ဆေနှစ်ယောက်က နောက်သို့အလိုအလျောက် ဆုတ်မိသွားသည်။
ထိုမြင်ကွင်းကို ကြည့်နေသည့် လူများက အံ့သြသွားကြသည်။ မြေအောက်လောကအစောင့် အကြပ်များက ပါးစပ်အဟောင်းသားဖြစ်နေပြီး သူတို့ငေးကာ ထိုမြင်ကွင်းကိုမြင်ချိန်တွင် မြေကြီးပေါ်သို့ ရောက်လုနီးပါးဖြစ်နေသည်။
တစ္ဆေခုနှစ်ဖော်သည် မြေအောက်လောက၏ ဖြုံလောက်စရာအကောင်းဆုံး လက်နက်များဖြစ်သည်။ ထိုသို့တိုင် သူတို့ရှေ့ရှိ တစ္ဆေနှစ်ကောင်က သူရဲဘောကြောင်သူသဖွယ်ဖြစ်နေသည်။ ဒါကို မည်ကဲ့သို့ လက်ခံယုံကြည်နိုင်မည်နည်း။
ထိုသို့သော အခြေအနေကို မြင်ရသောအခါ ရှီဖုန်းကလည်း ကူကယ်ရာမဲ့သည့် အမူအရာဖြစ်နေသည်။ သူ၏အိတ်ထဲမှ စိုးရိမ်ကြောက်ရွံ့ခြင်း ပုလင်းကို ထုတ်ယူပြီးနောက် သောက်ချလိုက်သည်။ ပြီးနောက် တစ္ဆေငါးကို လေဓါးသွားအသုံးပြုကာ သူ၏ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခပ်အတွင်း ရှီဖုန်းက တစ္ဆေငါးရှေ့၌ ပေါ်လာကာ တစ်ဖက်ဓါးသမားကို အသူရာဓါးသွားဖြင့် လွဲယမ်းလိုက်၏။
ရှီဖုန်း၏ ခုတ်ချက်က မမှန်းဆနိုင်လောက်အောင် မြန်ဆန်သည်။ ကြည့်နေသည့် ပရိတ်သတ်များက အနက်ရောင်အလင်းတန်းကိုသာ မြင်လိုက်ရပြီး ရှီဖုန်း၏ ဓါးကိုသေချာမမြင်လိုက်ပေ။
မြန်လိုက်တာ …။”
တစ္ဆေငါးက သတိကြီးကြီးထားနေသည်။ သူအဖို့ ရှီဖုန်း၏တိုက်ခိုက်မှုကို ရှောင်ရန် လုံးဝ မဖြစ်နိုင်ပေ။ သို့သော် သူ၏ နတ်ဘုရားကဲ့သို့ တုန့်ပြန်နိုင်သော အရှိန်ဖြင့် တစ္ဆေငါးက ရှီဖုန်း၏ဓါး သူ၏ခန္ဓာကိုယ်ပေါ် မကျရောက်ခင် တုန့်ပြန်နိုင်ခဲ့သည်။ သူက ထိုဓါးကို ခုခံပိတ်ဆို့ရန်အတွက် သုံးဆဖြတ်တောက်ခြင်းကို အသုံးပြုလိုက်သည်။
ထန်း…။
မီးပွင့်များက ပတ်ဝန်းကျင်သို့ လွင့်စင်သွားသည်။ အန္တရာယ်ကျရောက်ဆဲဆဲအချိန်တွင် တစ္ဆေငါးက ရှီဖုန်း၏ တိုက်ခိုက်မှုကို သူ့လက်ထဲရှိ ဓါးဖြင့် ပိတ်ဆို့တာ အောင်မြင်သွားသည်။ အကျိုးသက်ရောက်မှု၏ ရလဒ်အနေဖြင့် တစ္ဆေငါးက နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရပြီးမှ သူ၏ခန္ဓာကိုယ်ကို ဟန်ချက်ပြန်ထိန်းလိုက်နိုင်သည်။ သူ့လက်တစ်ခုလုံးကလည်း ထုံကျင်သွားတော့၏။
” ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဒါက သုံးဆဖြတ်တောက်ခြင်းလား…။ ”
တစ္ဆေငါးနှင့် တစ္ဆေခြောက်က ရှီဖုန်းကို ကြောက်လန့်မှုများပြည့်နေသည့် အမူအရာဖြင့် ကြည့်လိုက်ကာ ရှီဖုန်း၏ ယခင်တိုက်ခိုက်မှုကို သူတို့အတော်လေး ရင်းနှီးနေသည်။
သုံးဆဖြတ်တောက်ခြင်းက သူတို့ခက်ခက်ခဲခဲ ကျင့်ကြံပြီးရရှိလာသည့် အဆင့်မြင့် နည်းစနစ်တစ်ခုဖြစ်သည်။ သို့သော် ယခုအချိန်၌ ရှီဖုန်းက ထိုနည်းစနစ်ကို အားစိုက်ထုတ်စရာမလိုဘဲ အမှန်တကယ် အသုံးပြုခဲ့သည်။ သူတို့ မည်သို့ မထိတ်လန့်ပဲ နေမည်နည်း။
ထို့ကြောင့် ဤနေရာတွင် အာနိသင်တစ်ခုရှိပေသည်။ ရှီဖုန်းက သူ့လက်ထဲရှိ အသူရာဓါးသွားကိုကြည့်ပြီး အံ့သြသွားသည်။
ခုနတုန်းက သူသည် တစ္ဆေငါးနှင့်တစ္ဆေခြောက်၏ ဖိအားကို အသာစီးရယူပြီး သူသည်ရေစီးဆင်းခြင်း နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ သို့သော် ရေစီးဆင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူ၏တိုက်ခိုက်မှုသည်လည်း တိုးသွားလိမ့်မည်ဟု မထင်ထားပေ။
မူလတုန်းက သူ၏ တိုက်ခိုက်မှုအရှိန်ကို တိုးမြှင့်ရန်အတွက် အပိုလှုပ်ရှားမှုများတွင် ထုတ်ပယ်မှုကိုသာ သူအားထားခဲ့တာဖြစ်သည်။ ယခုအချိန်တွင်မူ သူ၏ခန္ဓာကိုယ်အပေါ်ထိန်းချုပ်မှုက ကြီးမားသည့်တိုးတက်မှုရရှိပြီဖြစ်သောကြောင့် သူတိုက်ခိုက်လိုက်သည့်နှင့် သူ၏ ရုပ်ပိုင်ဆိုင်ရာအားလုံးက ထိုတစ်ကွက်ထဲကို ထောက်ပံ့ပေးထားသည်။ ရလဒ်အနေဖြင့် သူ၏တိုက်ကွက်တွင် အပိုလှုပ်ရှားမှုများ မပါရုံသာမက သူ၏တိုက်ကွက်ကလည်း မြန်ဆန်သည့် အရှိန်ကို ရရှိကာ သူ့ဓါးကို ဖြစ်နိုင်သည့် အချိန်၏ အတိုဆုံးပမာဏထဲတွင် အမြင့်ဆုံးအရှိန် ရောက်ရှိစေသည်။
ဥပမာအနေဖြင့် တစ္ဆေငါးကိုယူရသော် တစ္ဆေငါး၏ အစောပိုင်းဓါးအရှိန်က တစ်ရာအဖြင့် ရေတွက်နိုင်ပြီး သူ့ဓါး၏အမြင့်ဆုံးအရှိန်က နှစ်ဆယ်ဖြစ်၏။ သူဓါးကို စတင်လွှဲရမ်းလိုက်ချိန်ကစပြီး အမြင့်ဆုံးအရှိန်ကို ရောက်ရန်အတွက် ၀.၂ စက္ကန့်သာ လိုအပ်သည်။ ရှီဖုန်းအတွက်မူ သူ၏ လက်ရှိအရှိန်က နှစ်ရာဖြစ်သည်။ သူ၏အမြင့်ဆုံးအရှိန်က နှစ်ဆယ်ဖြစ်နေလျှင် သူသည် အမြင့်ဆုံးအရှိန်သို့ ရောက်ရန်အတွက်၀.၁ စက္ကန့်သာ လိုအပ်သည်။ ထို့ကြောင့် သူ၏ပစ်မှတ်ကို ရောက်ရှိသည့် နှုန်းက တစ္ဆေငါးထက် ပိုမြန်နေရခြင်းဖြစ်သည်။
သို့သော် နှစ်ဖက်လုံးက တူညီသည့် အမြင့်ဆုံးအရှိန်ပိုင်ဆိုင်ထားသည်ဟု ယူဆနိုင်သည်။ အမှန်တကယ်တော့ ရှီဖုန်း၏ စွမ်းရည်က ပိုမြင့်မားပြီး သူ၏အမြင့်ဆုံးအရှိန်က တစ္ဆေငါးနှင့် တစ္ဆေခြောက်ထက် အတော်လေးပိုမြင့်သည်။
ထိုအချက်ကိုတွေးမိသောအခါ ရှီဖုန်းက စိတ်မလှုပ်ရှားပဲ မနေနိုင်ပေ။ ထိုခံစားချက်ကို နောက်ပိုင်းထပ်ရှာတွေ့ရန်မျှော်လင့်နေပြီး ရှီဖုန်းက ရှေ့သို့ တစ်လှမ်းတိုးကာ တစ္ဆေငါးကို သတ်ဖြတ်ရန် ပြင်လိုက်၏။
အနက်ရောင်အလင်းတန်းများက ရုတ်တရက် ပေါ်လာပြီးနောက် တစ္ဆေငါးသည် ထိုတိုက်ကွက်များအားလုံးကို မခုခံနိုင်ရန် ဖိအားပေးခံရသည်။ သို့သော် သူ့ကိုသူ ခုခံကာကွယ်ရန် မည်မျှကြိုးစားစေကာမူ တိုက်ကွက်များက သိပ့်ကို လွှမ်းမိုးနိုင်စွမ်းရှိလွန်းပြီး သူ့ကိုဆက်တိုက် နောက်ဆုတ်စေ၏။
ထိုအခြေနေကိုမြင်သောအခါ တစ္ဆေခြောက်က သူ၏ပြိုင်ဘက်ဆီ ဓါးဖြင့်လွဲခုတ်လိုက်သည်။
ချက်ချင်းပင် သူက သုံးဆဖြတ်တောက်ခြင်းကို အသုံးပြုပြီး ရှီဖုန်း၏ နောက်ကျောကို ဆေဘာဖြင့် လွဲခုတ်လိုက်၏။ မူလက ရှီဖုန်း၏ အရှိန်ဖြင့် သူ အပိုတိုက်ကွက်ကို ပိတ်ဆို့ရန် မဖြစ်နိုင်ခဲ့ပေ။ သို့သော် တစ္ဆေခြောက်က အနက်ရောင်အလင်းတစ်စ ရှီဖုန်း၏ နောက်မှ ရုတ်တရက်ထွက်လာတာကို မြင်လိုက်ရပြီး အနက်ရောင်အလင်းက သူ၏တိုက်ကွက်ကို လွဲချော်သွားစေသည်။
” ဒီမှာ ဘာတွေဖြစ်နေတာလဲ… ”
တစ္ဆေခြောက်က ရှီဖုန်း၏ တည်ငြိမ်နေသော အမူအယာကိုကြည့်ပြီး ကြောက်လန့်လာတော့သည်။
တိုက်ခိုက်မှု၏အစတွင် ရှီဖုန်းက သူ၏ဓါးဆေဘာကို ခုခံဖို့ စိတ်ပျက်အားငယ်စွာ ကြိုးစားနေရသည်။ ယခုမူ ရှီဖုန်းက သူ၏ တိုက်ကွက်များကို လှည့်တောင် ကြည့်စရာမလို အားစိုက်ထုတ်စရာမလိုဘဲ ပိတ်ဆို့ထားနိုင်သည်။
တစ္ဆေခြောက် ပင့်သက်ရှိုက်နေမိသည့်အတောအတွင်း အနက်ရောင်အလင်းက တစ္ဆေငါး၏ ခုခံမှုကိုထိုးဖောက်သွားကာ ဓါးသမား၏နှလုံးကို ဖောက်ဝင်သွား၏။ ထိခိုက်သည့်အမှတ် – ၃၀၀၀ ကျော်သည် သူ့ခေါင်းထက်၌ ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်ကို နောက်သို့ လွင့်သွားစေသည်။ အကျိုးသက်ရောက်မှုကြောင့် တစ္ဆေငါး၏ ခုခံမှုက ယိုင်နှဲ့သွားကာ အနက်ရောင်အလင်းတန်းများစွာ သူ၏ခန္ဓာကိုယ်ပေါ် ကျရောက်လာတာကို ခွင့်ပြုပေထားရသည်။
မျက်တောင်တစ်ခတ်အတွင်း တစ္ဆေငါး၏ HP က သုညဖြစ်သွားသည်။ တစ္ဆေငါးသေသွားသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများနှင့် သူ့အိတ်ထဲရှိ အိုင်တန်များက သူ့အနားပတ်ဝန်းကျင်ရှိ မြေကြီးပေါ် လွင့်စင်ကျလာသည်။
ထိုမြင်ကွင်းက လက်ရှိကြည့်နေသူအားလုံးကို အံ့သြစွံ့အ သွားစေသည်။
ရှီဖုန်း၏ လက်ထဲမှာ ရှိနေသောအရာက ဘယ်လိုဓါးမျိုးလဲ။ အဲ့တာက လေဆာသေနတ်နဲ့ တူတယ်။ အနည်းငယ်ပစ်ရုံနဲ့ တစ္ဆေငါးက ခုခံဖို့တောင်မရပဲ သေသွားတယ်။
ဒီတော့မှ တစ္ဆေခြောက်က တုန့်ပြန်တော့သည်။ သူသည် ကူညီချင်သော်လည်း နောက်ကျသွားတာဖြစ်သည်။ ယခုအချိန်တွင် ရှီဖုန်းက လေဟာနယ်ခြေလှမ်းကို အသုံးပြုပြီး ထပ်ပျောက်သွားပြန်သည်။
” မင်း ငါ့ကို အလွယ်လေးအနိုင်ရမယ် မထင်နဲ့… ” တစ္ဆေခြောက်က လေပွေဖြတ်တောက်ခြင်းကို အသုံးပြုပြီး သူ့အနားပတ်ဝန်းကျင်၌ တိုက်ပွဲဝင်ဆေဘာကို လွဲယမ်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် အနက်ရောင် အလင်းတန်းက တစ္ဆေခြောက်၏ လက်နက်ကိုထိသွားသည်။
ဖုန်း…။
တစ္ဆေခြောက်၏ တိုက်ပွဲဝင်ဆေးဗားက အေးစက်မှုကို ရပ်တန့်သွားသည်။ ချက်ချင်းပင် နောက်ထပ် အနက်ရောင်အလင်းက တစ္ဆေခြောက်၏ ခန္ဓာကိုယ်ကို ထိုးဖေါက်သွားပြီး ရှေးစစ်သည်တော်၏ အသက်ကို အဆုံးသတ်လိုက်၏။ ထိုထက်ပိုသည်ကား ချပ်ဝတ်တန်ဆာများ အိုင်တမ်များက မြေကြီးပေါ်သို့ လွင့်စင်ကျနေသည်။
မြေအောက်လောက အစောင့်အကြပ်အဖွဲ့ဝင်များက တုန်ရီနေပြီး တစ္ဆေငါးနှင့် တစ္ဆေခြောက်၏ အလောင်းမြေကြီးပေါ်တွင်ရှိနေတာကို မြင်သောအခါ ဖြူရော်လာတော့သည်။ သူတို့က လှည့်ပြေးရန် ကြိုးစားလိုက်၏။
မြေအောက်လောကအစောင့်များအနေဖြင့် သူတို့သည် တစ္ဆေနှစ်ကောင် မည်မျှအားကောင်းမှန်း ကောင်းကောင်းသိကြသည်။
အတူတကွ ပူးပေါင်းဆောင်ရွက်လျှင် သူတို့နှစ်ယောက်က မြေအောက်လောက အစောင့်အကြပ် အဖွဲ့လေး ငါးခုကို အလွယ်တကူသတ်ဖြတ်နိုင်သည်။ ရှီဖုန်းကိုယ်တိုင် တစ္ဆေနှစ်ယောက်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည့်အချက်က သူသည် သူတို့အဖွဲ့နှစ်ခုလုံးကို သတ်ဖြတ်နိုင်စွမ်း အပြည့်အဝရှိသည်ဟု ပြလိုက်တာဖြစ်သည်။ သူတို့သာ မလွှတ်ပါက သေခြင်းတရားက သူ့ကို စောင့်ကြိုနေမှာဖြစ်သည်။
” ပြေးချင်တာလား .. သိပ့်နောက်ကျသွားပြီ … ”
ရှီဖုန်းက အာကာသရောင်ဝါကနေ လေရောင်ဝါအဖြစ် ပြောင်းလဲလိုက်ပြီ သူ၏လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်လိုက်၏။ သူက ထွက်ပြေးနေသည့် မြေအောက်လောက အစောင့်အကြပ်များကို တုန့်ပြန်ရန် အချိန်မပေးဘဲ လေပွေသည် တိမ်များကို သိမ်းကျုံးသွားသည့်အလား သူသည် တစ်ချက်တည်းဖြင့် မြေအောက်လောက အစောင့်အကြပ်များကို သတ်ဖြတ်လိုက်တော့သည်။
မျက်တောင် တစ်ခတ်အတွင်း ကျန်ရှိသည့် မြေအောက်လောက ဆယ်ယောက်က အလောင်းပုံအဖြစ် ပြောင်းလဲသွားကာ သူတို့၏ ချပ်ဝတ်တန်ဆာများနှင့် အိတ်ထဲရှိ အိုင်တမ်များက အလောင်းဘေးနားတစ်ဝှိုက်တွင် လွင့်စင်ကျနေတော့သည်။