ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 482 လူတစ်ယောက်တည်း၏ ခွန်အား
ထိုစိုးထိတ်ကြောက်ရွံ့ခြင်းက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းက နာမည်အတိုင်းပင် သူတို့ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာအပိုင်းအစ အားလုံးကိုကျရန် ဖိအားပေးနိုင်သည်။ မြေအောက်လောကက ယခုဆို မျက်ရည်များ ကျနေလောက်ပြီဖြစ်သည်။ မြေကြီးပေါ်တွင် တလဲ့လဲ့တောက်နေသည့် အိုင်တမ်များကို ကြည့်လိုက်ချိန်တွင် ရှီဖုန်း၏ ရင်ထဲအပျော်များပြည့်သွားသည်။
အစည်းအရုံးတစ်ခု၏ လက်ရွေးစင်အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းက အစည်းအရုံးကို သိသာသည့် ထိခိုက်မှုမဖြစ်စေပဲ ထိုအစည်းအရုံးအဖွဲ့ဝင်များကသာ အဆင့်မြင့်ချပ်ဝတ်တန်ဆာများရှိနေမည်ဖြစ်သည်။ ထိုချပ်ဝတ်တန်ဆာများကို အလွယ်တကူ အစားထိုးနိုင်သည့် ကျွမ်းကျင်သူများ၏ ချပ်ဝတ်တန်ဆာများကမူ မတူပေ။
ကျွမ်းကျင်သူတိုင်းသည် အစည်းအရုံး၏ ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာ စုဆောင်းသူဖြစ်ကြသည်။
ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာ၏ အပိုင်းအစတိုင်း၏ နောက်ကွယ်တွင် ကစားသမားအမြောက်အများ၏ စတေးမှုရှိသည်။ အစည်းအရုံးတစ်ခုမှ ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာတစ်ခုကို ခိုးယူခြင်းက အစည်းအရုံး၏ အသားကို ဖြတ်ထုတ်ခြင်းနှင့် ညီမျှသည်။
မြေအောက်လောက အစောင့်အကြပ်အဖွဲ့တွင် စုစုပေါင်းအဖွဲ့ဝင် ဆယ့်နှစ်ယောက်ရှိသည်။ သူတို့ထဲတွင် ဆယ်ယောက်က အဆင့်၂၅ ချပ်ဝတ်တန်ဆာ နှင့် အဆင့် ၂၀ ရွှေစင် အပိုင်းအစအချို့ မဟူရာရွှေ ချပ်ဝတ်တန်ဆာ အချို့တောင် ရောပြီး ဝတ်ဆင်ထားကြသည်။ တစ္ဆေငါးနှင့် တစ္ဆေခြောက်အဖို့မူ သူတို့၏ ချပ်ဝတ်တန်ဆာများက ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များထက် အနည်းငယ်သာနိမ့်သည်။ သူတို့ချပ်ဝတ်တန်ဆာများ၏ အများစုထဲတွင် အဆင့် ၂၅ ရွှေစင်ချပ်ဝတ်တန်ဆာများပါဝင်ပြီး အနိမ့်ဆုံး အပိုင်းအစများက အဆင့် ၂၀ မဟူရာ ရွှေချပ်ဝတ်တန်ဆာဖြစ်သည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ ထိုကစားသမား ဆယ့်နှစ်ယောက်သည် သူတို့၏ အလောင်းပေါ်တွင် ရှီဖုန်းကြောင့် ချပ်ဝတ်တန်ဆာအပိုင်းအစ တစ်ခုတောင် မကျန်ခဲ့တော့ပေ။
ထို့ပြင် ဆယ့်နှစ်ယောက်က သူတို့အိတ်ထဲမှ အိုင်တမ်းများစွာလည်း ကျသွားခဲ့သည်။ ထိုပစ္စည်းများကြားထဲတွင် စိုးထိတ်ကြောက်ရွံ့ခြင်း ဆေးရည်များစွာရှိနေပြီး အရည်အသွေးကောင်းသည့် အဆင့် ၂၀ လျှို့ဝှက်ငွေနှင့် ရွှေစင်ချပ်ဝတ်တန်ဆာ အချို့ကိုလည်းရခဲ့သည်။ ၎င်းတို့ ကျန်သည့် ကစားသမားများထံမှ သူတို့ရိတ်သိမ်းခဲ့တာဖြစ်သည်။ အကြမ်းဖျင်း တွက်ချဲ့ကြည့်လျှင် ရှီဖုန်းက ထိုကစားသမား ဆယ့်နှစ်ယောက်ကို သတ်ဖြတ်ခြင်းဖြင့် ရွှေတစ်ရာကျော် ရခဲ့တာဖြစ်သည်။
” ဒီအဆင့်မြင့် ချပ်ဝတ်တန်ဆာကို မင်းတို့ကြားမှာ ခွဲဝေလိုက်…။ မင်းတို့ရဲ့ သေသွားတဲ့ အပေါင်းအဖော်တွေအတွက် နည်းနည်းချန်ဖို့ မမေ့လိုက်နဲ့ …” ရှီဖုန်းက သူ့အတွက် ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာနှင့် စိုးထိတ်ကြောက်ရွံ့ခြင်း ဆေးရည်များကိုသာ စုဆောင်းပြီး အဖွဲ့အတွက် ကျန်တာကို ထားခဲ့သည်။ ပြီးနောက် သူက သိမ်သည်းသည့် တောထဲတွင် ပျောက်သွားကာ ကျန်သည့်မြေအောက်လောက အစောင့်အကြပ်ပါတီများကို လိုက်ရှာတော့သည်။
” သိပ်မိုက်တာပဲ .. အဲ့ဒီလူက ကျွန်မတို့ရဲ့ အစည်းအရုံးခေါင်းဆောင်လား… ” အမျိုးသမီးဆင့်ခေါ်သူတစ်ဦးက ရှီဖုန်း၏ ထွက်ခွာသွားသည့် ပုံရိပ်ကိုကြည့်ကာ သူမ၏ အကြည့်ထဲတွင့် ညို့ငင်မှုများပါနေသည်။
” ဒီလိုပဲဖြစ်သင့်တယ် … အရင်တုန်းက အဲ့ဒီလူက သူ့ကိုဘလက်ဖလိမ်းလို့ခေါ်တဲ့အချိန်မှာ သူ မငြင်းခဲ့ဘူး…။ ဒါ့အပြင် သူက ဒီလောက်ကောင်းတဲ့ ချပ်ဝတ်တန်ဆာတွေကို ငါတို့အတွက်တောင် ထားပေးချင်ခဲ့တာ…။ ငါတို့အစည်းအရုံး ခေါင်းဆောင်အပြင် ကျန်တဲ့သူက ဒါမျိုး မလုပ်လောက်ဘူးဆိုတာ သံသရရှိတယ်… ”
ရိန်းဂျားအဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်ပြီး ပြန်ဖြေကာ သူ၏ရင်ထဲတွင် မဖော်ပြတတ်သည့် စိတ်အားထက်သန်သည့် ခံစားချက်များပြည့်နေသည်။
” ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်ဖြစ်ရတာ တကယ်ကောင်းတယ်… ” ကျန်သည့်သူများက မပြောဘဲ မနေနိုင်တော့ပေ။
ဇီးရိုးဝင်းနှင့် လွှမ်းမိုးခြင်းအပြုံးကြားထဲတွင် စစ်ဖြစ်နေသော်လည်း အစည်းအရုံးခေါင်းဆောင် တစ်ဦးအနေဖြင့် ရှီဖုန်းက အန္တရာယ်များသည့် နေရာများကို သူကိုယ်တိုင် ဦးစွာဝင်ရောက်ခဲ့သည်။ ပြဿနာတက်ကြောင်း ပထမဆုံးအချက်ပေးသည်နှင့် သူက သူတို့ကို အမြန်လာကယ်ဆယ်သည်။ ထိုသို့အစည်းအရုံးခေါင်းဆောင်အဖြစ် သူတို့က လွှမ်းမိုးခြင်းအပြုံးနှင့် တိုက်ပွဲဝင်ပြီး ရလဒ်အနေဖြင့် အဆင့်သုညသို့ ပြန်ကျသွားလျှင်တောင် သူတို့ ဆန္ဒရှိဦးမှာဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင်က ငါတို့အတွက် ဒီချပ်ဝတ်တန်ဆာကောင်းတွေ ထားခဲ့ပေမဲ့ သေသွားတဲ့သူတွေအတွက် အပိုင်းအစ တချို့ထားပြီးရင် ငါတို့တွေ ကျန်တာတွေကို အစည်းအရုံးသိုလှောင်ရုံထဲ ထားသင့်တယ်လို့ ငါထင်တယ်…။ အခု ငါတို့က လွှမ်းမိုးခြင်း အပြုံးနဲ့စစ်ဖြစ်နေတာ…။ အစည်းအရုံးရဲ့ အသုံးစရိတ်က တော်တော်လေးများမှာပဲ…။ ဒီလိုရက်စက်တဲ့ ကာလမှာ အစည်းအရုံးကို ငါတို့အမြတ်မထုတ်နိုင်ဘူး … ” ရိန်းဂျားကပြောသည်။
ကျန်သည့်သူများကလည်း သဘောတူညီစွာ ခေါင်းညိတ်သည်။
လက်ရှိတွင် ရှီဖုန်းက ကြည့်ရှု့ရာ ဂူသင်းချိုင်းထဲတွင် ရတနာသေတ္တာများ ရှာနေဖွေစဉ် အာကာသလှုပ်ရှားမှု၏ စွမ်းရည်ပြန်လည်အသုံးပြုနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။ အစည်းအရုံးချန်နယ်မှ သတင်းပေါ်လာတာကိုလည်း ကြည့်နေ၏။ အာကာသလှုပ်ရှားခြင်းက ငါးမိနစ်ကြာချိန် ရှိသည်။ သူက ထိုကာလအတွင်း အချိန်မဖြုန်းချင်သောကြောင့် ရတနာများ ရှာဖွေနေတာဖြစ်သည်။
ရှီဖုန်းက ကြည့်ရှု့ရာဂူသင်းချိုင်းနှင့် ရင်းနှီးသည်။ သူသည် အတိတ်ဘဝတုန်းက ရတနာရှာရန်အတွက် ဤနေရာကို အကြိမ်ပေါင်းများစွာ လာခဲ့ဖူးသည်။ ထို့အပြင် အတိတ်တုန်းက တရားဝင်ဖိုရမ်ပေါ်တွင် ရတနာသေတ္တာများ၏ တည်နေရာများစွာကို ပြသခဲ့သည်။ ထိုစဉ်က ရတနာသေတ္တာများသည် နေရာတူတစ်ခုထဲတွင် ပေါ်လာနိုင်တာ မဟုတ်တာကို သိခဲ့ပြီးသားဖြစ်သည်။ ထိုနေရာများကို လျှို့ဝှက်ချက်တစ်ခုအနေဖြင့် မည်သူမှ ဂရုမစိုက်တော့ပေ။ ထိုအစား သူတို့က တက်တက်ကြွကြွဆောင်ရွက်နေပြီး သူတို့ရှာဖွေနေတာကို ကြွားဝါနေတော့၏။ ရလဒ်အနေဖြင့် သူတို့၏အပြုအမူများက ယခုဆို ရှီဖုန်းအတွက် အကျိုးရှိလာသည်။
နတ်ဘုရားနယ်မြေထဲတွင် လျှို့ဝှက်ချက်များစွာရှိသည်။ အမှန်တကယ်တွင် ရှီဖုန်းက ထိုစဉ်က ရတနာသေတ္တာတည်နေရာများကို တစ်ချက်သာကြည့်ခဲ့ပြီး သူသည် ထိုအရာများကို အာရုံမစိုက်ခဲ့ပေ။ သူ၏မှတ်ဥာဏ်က သိပ်ကောင်းလျှင်တောင် ယခုဆို ထိုတည်နေရာများကို ဝေဝါးဝါးသာ မှတ်မိနိုင်သည်။ ဆိုရလျှင် သူတို့အတိတ်ဘဝတွင် ပြန်မွေးဖွားလိမ့်မည်ဟု မည်သူမှသိမှာ မဟုတ်ပေ။
သို့သော် ရှီဖုန်း၏ ဦးနှောက် လုပ်နိုင်စွမ်းတိုးတက်မှုကြောင့် သူ၏မှတ်ဥာဏ်တောင် ကြီးကြီးမားမား တိုးတက်မှုရှိလာသည်။ ယခင်က သူဝေဝေဝါးဝါး မှတ်မိခဲ့သည့်အရာများက ယခုဆို ကြည်လင်လာသည်။ ထို့ကြောင့် ရတနာသေတ္တာများရှာဖွေခြင်းက သူ့အတွက် အလွန်လွယ်ကူသည့် တာဝန်ဖြစ်လာခဲ့သည်။ သူက ရတနာမြေပုံကိုကြည့်ပြီး ရတနာရှာနေရသည်နှင့်တူ၏။
အကြမ်းဖျင်းရှာပြီးနောက် ရှီဖုန်းသည် ကြေးနီရတနာသေတ္တာတစ်လုံးကို ရှာဖွေရှိခဲ့ကာ ထို့ထဲမှ အဆင့် ၂၅ လျှို့ဝှက်သံမဏိ လက်နက်တစ်ခုနှင့် ငွေပြားသုံးခုကျော်ရခဲ့သည်။
ဒီဧရိယာထဲက ရတနာသေတ္တာအရေအတွက်က ကနည်းလွန်းပြီး ကစားသမားအရေအတွက်ကများလွန်း၏။ ရတနာသေတ္တာတော်တော်များများက သူတို့ ဒီအရာကို ရှာတွေ့သွားလောက်သည်။
” တခြားနေရာမှာပဲ ငါ့ရဲ့ကံကို စမ်းကြည့်ရမယ်နဲ့တူတယ်။ ”
ရှီဖုန်းက ကြေးနီရတနာ သေတ္တာထဲတွင်ရှိသော အိုင်တမ်များကို သိမ်းပြီးနောက် ရေရွတ်ပြောဆိုလိုက်သည်။ လက်ရှိတွင် အဆင့် ၂၅ ဆန်းကျယ်သံမဏိ လက်နက်က အမြင့်ဆုံးတောင်းဆိုမှု ဖြစ်နေသေးသည်။ ပြီးနောက် သူက စနစ်မြေပုံကို တစ်ချက်ကြည့်လိုက်၏။
” ငါ ပြန်တွေးကြည့်သလောက်တော့ အဆင့်မြင့်အရည်သွေး ရတနာသေတ္တာတွေက ကြည့်ရှု့ရာဂူသင်းချိုင်းရဲ့ အတွင်းပိုင်းဒေသတွေမှာ ရှိသင့်တယ်… ”
ပြီးနောက် ရှီဖုန်းက ကြည့်ရှု့ရာဂူသင်းချိုင်း၏ အတွင်းပိုင်းဒေသသို့ တိုက်ရိုက်ဝင်သွားသည်။ နာရီအနည်းငယ်ကြာပြီးနောက် ရှီဖုန်းသည် ထွက်လာရဲသည့် မြေအောက်လောက အစောင့်အကြပ်အဖွဲ့ဝင်များကို သတ်ဖြတ်ပြီး ရတနာများ ဆက်ရှာခဲ့သည်။
ထိုကာလအတွင်း ရှီဖုန်းသည် ရတနာသေတ္တာအလုံးသုံးဆယ်ကျော်ကို ဖွင့်ခဲ့ပြီဖြစ်သည်။ သူတို့ကြားထဲတွင် ဆယ့်လေးခုက ကြေးနီရတနာသေတ္တာ၊ ဆယ့်ခြောက်ခုက ဆန်းကြယ်သံမဏိရတနာသေတ္တာဖြစ်ပြီး ခြောက်ခုက လျှို့ဝှက်ငွေရတနာသေတ္တာဖြစ်သည်။ သူသည်မြေအောက်လောက အစောင့်အကြပ် အဖွဲ့ဆယ့်တစ်ခုကိုလည်း သတ်ဖြတ်ခဲ့သည်။ သူက ယခုဆို ကြောက်မက်ဖွယ်ကောင်းအောင် ရိတ်သိမ်းမှု ရရှိပြီဖြစ်သည်။
ထိုမြေအောက်လောက အစောင့်အကြပ်အဖွဲ့များက တစ္ဆေငါးနှင့်တစ္ဆေခြောက်ကဲ့သို့ ကျွမ်းကျင်သူများ မရှိကြသော်လည်း သူတို့က ရှီဖုန်း၏ ရိတ်သိမ်းမှုအတွက် အထိတ်တလန့် အလွှာချပ်ဝတ်တန်ဆာများ ဖြည့်ပေးကြဆဲဖြစ်သည်။ ဆိုရွလျှင် ထိုမြေအောက်လောက အစောင့်အကြပ်များက ကစားသမားများစွာကို သတ်ခဲ့တာဖြစ်သည်။
ထို့ကြောင့် သူတို့သည် ပစ္စည်းကောင်း တော်တော်များများ စုဆောင်းမိပြီး ၎င်းတို့က သူတို့အလောင်းများနှင့် သူတို့အိတ်ထဲတွင်ရှိနေကြသည်။ ယခုမူ ထိုအိုင်တမ်အားလုံးက ရှီဖုန်းအပိုင်ဖြစ်သွားသည်။ တစ်နည်းဆိုရလျှင် မြေအောက်လောက အစောင့်များက ရှီဖုန်းအတွက် အခမဲ့သယ်လာပေးတာဖြစ်နေသည်။
ရှီဖုန်းရရှိခဲ့သည့် ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာ အပိုင်းအစ တစ်ရာကျော်လာခဲ့သည်။ အဆင့်မြင့်ချပ်ဝတ်တန်ဆာကို ထည့်မပြောရသေးပေ။
ရှီဖုန်း၏ ရိတ်သိမ်းမှုက ယခင်က ဇီးရိုးဝင်း၏ ဆုံးရှုံးမှုများကို ချက်ချင်းပြန်ဖာထေးနိုင်ခဲ့သည်။
လွှမ်းမိုးခြင်းအပြုံး၏ အစည်းအရုံး ဂေဟာထဲတွင်ဖြစ်သည်။
” တစ္ဆေငါး နဲ့ တစ္ဆေခြောက် သေပြီလား…။ ”
” ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…။ ”
ဖုန်းရွှမ်းယန်၏ မျက်လုံးက ပြူးကျယ်သွားပြီး သတင်းပို့ချက်များကို ဖတ်နေချိန်၌ ထိတ်လန့်သွားတော့သည်။ အမှန်တကယ် ဖြစ်ခဲ့တာဟု သူလက်မခံနိုင်သေးပေ။
တစ္ဆေငါးနှင့် တစ္ဆေခြောက်က မြေအောက်လောက၏ အဖြုံရဆုံးလက်နက်များဖြစ်ကြသည်။ ယခုမူသူတို့၏ ချပ်ဝတ်တန်ဆာများအားလုံး ဆုံးရှုံးရုံသာမက သူတို့သည် ဂိမ်းထဲတောင် ပြန်မဝင်နိုင်ခဲ့ပေ။ ထိုအဖြစ်အပျက်ကို အထက်အရာရှိများဆီ သူ မည်ကဲ့သို့ သတင်းပို့ရမည်နည်း။
” ဘလက်ဖလိမ်းက သိပ့်ကိုရက်စက်လွန်းတယ်…။ ”
တစ်ဖက်တွင် ထိုင်နေသည့် ညို့ဓါတ်ပါသည့် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ယို့လန်က သူမ၏ ခန္ဓာကိုယ်ကိုအပြည့်ပေါ်နေပြီး သူမက မျက်မှောင်ကျုံ့ကာ ယခုလက်ရှိမျက်နှာတွင် သုန်မှုန်သည့် အမူအရာပေါ်နေ၏။ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ယို့လန်က ထိုသတင်းကို မပူပန်ပေ။ တစ္ဆေငါးနှင့် တစ္ဆေခြောက်တို့၏ သေချင်းတရားနှင့်ယှဉ်လျှင် သူမက မြေအောက်လောက အစောင့်အရှောက်အဖွဲ့များ၏ သေဆုံးသည့် အရေအတွက်ကို ပိုစိတ်ပူပန်နေသည်။
လက်ရှိတွင် မြေအောက်လောက အစောင့်အကြပ် ရှစ်ဆယ်ကျော် သေဆုံးခဲ့ပြီးဖြစ်တာကို စာကပြသနေသည်။ ယခုအခေါက်အတွက် မြေအောက်လောကသည် လွှမ်းမိုးခြင်းအပြုံးဆီ မြေအောက်လောကအစောင့်အကြပ် အယောက်နှစ်ရာကျော်ပို့ခဲ့ပြီး တစ်ဝက်နီးပါးက သေဆုံးခဲ့ပြီဖြစ်သည်။ သူတို့အားလုံးက ကြည့်ရှု့ရာ ဂူသင်းခ်ျိုင်းထဲတွင် သေခဲ့တာဖြစ်၏။ ဆုံးရှုံးမှုက သူတို့ခံနိုင်ရည်ရှိသည့် ပမာဏကို ကျော်လွန်သွားသည်။
သူတို့က လွှမ်းမိုးခြင်းအပြုံး၏ အစည်းအရုံးသိုလှောင်ရုံ တစ်ခုလုံး ဗလာဖြစ်သွားသည့်တိုင် ထိပ်တန်းအလွှာနှင့် အဆင့်မြင့်ချပ်ဝတ်တန်ဆာများ ဆုံးရှုံးမှုအတွက် ပြန်ဖာထေးနိုင်မှာ မဟုတ်ပေ။ ထို့အပြင် ဆုံးရှုံးသည့်အဆင့်အရ သူတို့သည် ရှီဖုန်းသတ်တာခံလိုက်ရပြီး နတ်ဘုရားနယ်မြေထဲသို့ ကာလအတော်ကြာအထိ ပြန်ဝင်နိုင်မှာ မဟုတ်ပေ။
” သူ ဒါမျိုး ဘယ်လိုလုပ် လုပ်နိုင်ခဲ့မှာလဲ… ” ယို့လန်က ဇဝေဇဝါဖြင့် ရေရွတ်ပြောလိုက်သည်။
မြေအောက်လောက အစောင့်အကြပ်အဖွဲ့များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ လူခွဲသွားတာ သိသာပြီး သူတို့ကိုဖမ်းရန်အတွက် ခက်ခဲသည်။ ထိုသို့တိုင် ရှီဖုန်းက နာရီအနည်းငယ်ဖြင့် ကြည့်ရှု့ရာ ဂူသင်းချိုင်းတွင် မြေအောက်လောက အစောင့်အကြပ်အဖွဲ့ အားလုံးနီးပါးကို သုတ်သင်နိုင်ခဲ့သည်။
ဖုန်းရွှမ်းယန်နှင့် ယို့လန်က စိတ်ဓါတ်ကျနေစဉ် ရှီဖုန်း၏ သတင်းက မြစ်ဖြူမြို့တွင် တောမီးကဲ့သို ပျံ့သွား၏။
ထိုသတင်းကိုရရှိသည့် ကစားသမားများကလည်း အံ့သြမင်သက်သွားကြသည်။
တစ်ချက်ထိတစ်ယောက် ရှီဖုန်းက အားကောင်းသည့် အစည်းအရုံးကို သူကိုယ်တိုင် ဖိနှိပ်ခဲ့ပြီး လွှမ်းမိုးခြင်းအပြုံးကို သတ်ဖြတ်ခဲ့ကာ ကြည့်ရှု့ရာ ဂူသင်းချိုင်းအဖြေတိကျသည့် ရတနာမြေကနေ အဖွဲ့ဝင်များအားလုံးကို ပြန်ခေါ်ရတော့သည်။
၎င်းက ကြောက်မက်ဖွယ်ကောင်းလွန်း၏။
အချိန်အတိုင်းတာတစ်ခုအတွက် ဇီးရိုးဝင်းက မြစ်ဖြူမြို့တစ်ခုလုံးတွင် ပြောစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပြန်သည်။