ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 490 ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း
ရှီဖုန်းက တုံ့ဆိုင်းမနေပဲ မြစ်ဖြူမြို့ရှိ အကျော်ကြားဆုံးနေရာ ၂ ခုကို တောင်းဆိုလိုက်သည်။ လွမ်းဆွေးခြင်းအပြုံးက ဈေးနှုန်းများကို မြင်သောအခါ သူမ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဈေးက အတော်မြောက်သည်။
မြစ်ဖြူမြို့၏ သာမန်မြေနေရာက ရွှေ ၁၀၀၀ ကျော်သည်။ မြေက လူဦးရေသပ်သည်းသည့် ဗဟိုတွင်ရှိနေလျှင် ၄င်းက ရွှေ ၃၀၀၀ ကျော်မှာ ဖြစ်သည်။
ရှီဖုန်း မျက်စိကျသည့် နေရာ ၂ ခုက တစ်ခုကို ရွှေ ၈၀၀၀ ကျော်သည်။ သူတို့သာ ရွှေ ၈၀၀၀ ကို ခရက်တစ်အဖြစ် ပြောင်းလိုက်လျှင် တကယ့်မြို့ထဲတွင် ကြီးမားသော ကုမ္မဏီကြီးတောင် တည်ထောင်နိုင်မှာ ဖြစ်သည်။
သို့သော် ရှီဖုန်းက သူ၏ ရွေးချယ်မှုကို ဈေးကြီးသည်ဟု မသက်မှတ်ထားပေ။ အနာဂတ်တွင် ထိုမြေနေရာက အလွန်တန်ဖိုးရှိလာမှာ ဖြစ်သည်။ အတိတ်တုန်းက သူက ဝယ်ချင်လျှင်တောင် ၄င်းတို့ကို မရနိုင်ခဲ့ပေ။
လေလံအိမ်တော်နှင့် ဘဏ်နှစ်ခုစလုံးတွင် ကစားသမားများသည်။ ထို့ကြောင့် လူဦးရေထူထပ်ဖို့ကိုတော့ အာမခံနိုင်သည်။ သူ ယခု ပိုက်ဆံကို လိုအပ်နေတာသာ မဟုတ်လျှင် ရှီဖုန်းသည် မြေနေရာများစွာ ထပ်ဝယ်ယူမှာ ဖြစ်သည်။ မြစ်ဖြူမြို့က ကြယ်လတိုင်းပြည်၏ နံပါတ်တစ်မြို့ ဖြစ်လာသည်နှင့် မြို့၏ မြေတန်ဖိုးက အဆ ၁၀၀ ကျော် ထိုးတက်သွားမှာ ဖြစ်သည်။
” မြို့စားလေး …။ မင်းရွေးချယ်လိုက်တဲ့ မြေနှစ်နေရာက တစ်ကွက်ကို ရွှေ ၉၂၀၀ ကျပြီး ကျန်တစ်ခုက ရွှေ ၈၈၀၀ ကျတယ် …။ စုစုပေါင်း ရွှေပြား ၁၈၀၀၀ ပါ …။ ၁၀ ရာခိုင်နှုန်း လျော့ဈေးအပါဆိုရင် ရွှေပြား ၁၆၂၀၀ ကျပါတယ် …”
မန်နေဂျာက စိတ်အားထက်သန်စွာပြောသည်။
” ဒ့ါအပြင် ဒီမြေနေရာ နှစ်ခုကို ဝယ်ယူပြီးတဲ့နောက် လစဉ် ၁၅ ရာခိုင်နှုန်း အခွန်လည်း ရှိပါမယ် …။ အခွန်ကို ၃ လအတွင်း မပေးရင် မြေနေရာ ပိတ်သိမ်းခံရမယ် …။ အခွန်က နှစ်ဝက်အတွင်း မပေးရင် မြို့အုပ်က မြေကို ပြန်သိမ်းပါမယ် …”
” ဒါက လိမ်ညာတာပဲ …”
လွမ်းဆွေးခြင်းအပြုံးက မန်နေဂျာ၏ ရှင်းပြချက်ကို ကြားသောအခါ ဒေါသတကြီး ထအော်လုနီးပါး ဖြစ်သွားသည်။
သူတို့က ထိုဧရိယာနှစ်ခုကို ဝယ်ယူရန်အတွက် ပိုက်ဆံများစွာ သုံးခဲ့ရသည့်တိုင် လစဉ်လတိုင်း အခွန် ၁၅ ရာခိုင်နှုန်းပေးရန် လိုအပ်သေးသည်။ စုစုပေါင်း သူတို့သည် မြေနေရာ နှစ်ခုအတွက် လတိုင်း ရွှေ ၂၇၀၀ ပေးရန် လိုအပ်သည်။ ပထမတန်းအစည်းအရုံးတောင် ထိုမျှ ရွှေများများပြားပြား မရှိပေ။ ပိုအရေးကြီးသည့်အရာက သူတို့က လစဉ်လတိုင်း ထိုအခွန်ကို ပေးရမှာ ဖြစ်သည်။
” ဒီမှာ ရွှေ ၁၆၂၀၀ ပါ …”
ရှီဖုန်းက တုန်ဆိုင်းခြင်းမရှိ ပိုက်ဆံများ ပေးလိုက်သည်။
ှရှီဖုန်းက နတ်ဘုရားနယ်မြေ၏ စည်းမျဉ်းများကို သိသည်။ ထို့ကြောင့် သူက ၄င်းကို ထင်ထားပြီးသား ဖြစ်သည်။
ထို့အပြင် ပင်မ နတ်ဘုရားစနစ်က မြို့၏ မြေကို တစ်စုံတစ်ယောက် လက်ဝါးကြီးအုပ်တာကို ရှောင်ကျဉ်ရန်အတွက် သင့်တော်သည့် အခွန်ထည့်ထားတာ ဖြစ်သည်။
အခွန်က ဈေးကြီးသည်ဟု ထင်ရသော်လည်း အဆင့်အလိုက် ကစားသမားများသည် ရွှေပြားများ ရရန် လွယ်ကူပြီး သူတို့၏ တန်ဖိုးက လျော့ကျလာတော့သည်။ ရွှေပြားများက ယခုကဲ့သို့ တန်ဖိုးရှိတော့မှာ မဟုတ်ပေ။ ထိုကြောင့် လစဉ်လတိုင်း ရွှေပြား ၂၇၀၀ ပေးရတာက အရေးကြီး ခွင်ကျယ်မဟုတ်ပေ။
ခဏကြာပြီးနောက် မန်နေဂျာက ရှီဖုန်းဆီ မြေနှစ်နေရာ၏ စာချုပ်အား ပေးလိုက်၏။ ရှီဖုန်းက ယခုဆို ချိန်မရွေး ထိုနှစ်နေရာတွင် ဆိုင်တည်ထောင်နိုင်တော့မှာ ဖြစ်သည်။ ထို့အပြင် ထိုဧရိယာက အတော်လေး ကြီးမားပြီး ကြယ်ကြွေ ကုန်သွယ်ရေး လုပ်ငန်းထက် မနိမ့်ကျပေ။
နေ့တစ်နေ့၏ အဆုံးတွင် ကြယ်ကြွေကုန်သွယ်ရေးခန်းမက ရှီဖုန်းကို မပိုင်ဆိုင်တော့ပေ။ သူသာ ၄င်းကို ကောင်းကောင်း စီမံသည်တိုင် လုပ်ငန်းစုက NPC အပိုင်ဖြစ်နေအုံးမှာ ဖြစ်သည်။ သို့သော် သူက သူဝယ်ယူထားသည့်မြေပေါ်တွင် ဆိုင်ကို တည်ထောင်လိုက်လျှင် သူလုပ်ချင်ရာ လုပ်လို့ရပြီ ဖြစ်ကာ ပိုပြီးအဆင်ပြေသည်။
မကြာမီ၌ ရှီဖုန်းက မြို့တော်ခန်းမထဲရှိ ကောင်းမွန်သည့် အဆောက်အဦးပုံစံ နှစ်ခုလုံးကို ရွေးချယ်လိုက်သည်။ နှစ်ခုလုံးက ၃ လွှာအဆောက်အဦးဖြစ်သည်။ သူက ပထမအလွှာကို ကုန်ပစ္စည်းများ ရောင်းချရန်နှင့် ဒုတိယအလွှာကို သိုလှောင်ရုံ တည်ဆောက်ရန်အတွက် အသုံးပြုလိုက်သည်။ ထိုသိုလှောင်ရုံ ပန်းပဲခန်းထဲ ကျန်သည့် လိုအပ်သည့်အရာအတွက် အသုံးပြုလိုက်သည်။ နောက်ဆုံးတွင် တတိယအလွှာက ရုန်းကန်ဧရိယာ ဖြစ်သည်။
သို့သော် ထိုဆိုင်နှစ်ခုကို ဆောက်လုပ်ရန်အတွက် ရှီဖုန်းက နောက်ထပ် ရွှေပြား ၂၀၀၀ အသုံးပြုခဲ့ရသည်။ ပြီးနောက် သူက ဆိုင်တိုင်း၌ နေ့စဉ်နေ့တိုင်း စီမံရောင်းချရန်အတွက် အဆင့်မြင့် NPC အယောက် ၂၀ ကျော်ကို ငှားရမ်းခဲ့သည်။
ထိုပိုက်ဆံများ အားလုံး သုံးပြီးနောက် ရှီဖုန်း၏ ဘဏ္ဍာငွေထဲတွင် အနည်းငယ်သာ ကျန်ရစ်တော့သည်။ ကံကောင်းသည်မှာ နဂါးကြေးခွံအစုံ ချပ်ဝတ်တန်ဆာက လေလံအိမ်တော်တွင် ဆက်လက်တိုင် ရောင်းချရစဲ ဖြစ်ကာ ယခုဆို ရှီဖုန်း၏ အိတ်ကပ်ထဲ ရွှေပြားများစွာ ပြည့်နေပြီ ဖြစ်သည်။
” အပြုံး …။ အခု ဒီမြေနေရာ ၂ခုကို စီမံခန့်ခွဲဖို့ မင်းအတွက်ထားခဲ့မယ် …။ မင်းအတွက် လိုအပ်တဲ့ အာဏာကို ငါပေးပြီးသား …။ ကြယ်ကြွေကနေ ငါတို့ အဖွဲ့ဝင်တွေကို နည်းနည်းဆီ ပြောင်းလိုက် …။ ငါတို့ရဲ့ ထုတ်ကုန်တွေအတွက် အဓိက အာရုံစိုက်မှာကတော့ အားဖြည့်သံချပ်ကာကိရိယာအစုံအလင်ကို ရောင်းချမယ် …။ ကြယ်ကြွေမှာ ရောင်းချစရာ မလိုတော့ဘူး …”
ရှီဖုန်းက ပြောသည်။
” အစည်းအရုံးခေါင်းဆောင် …။ ဒီနှစ်နေရာမှာ အားဖြည့်သံချပ်ကာကိရိယာ အစုံအလင်ကို ရောင်းချမယ်ဆိုရင် ကြယ်ကြွေကနေ လမ်းကြောင်းပြောင်းသွားပြီး ကျွန်မတို့စီးပွားရေးကို သက်ရောက်မှု ရှိနိုင်တယ် …”
လွမ်းဆွေးခြင်းအပြုံးက ပြောပြီး သူမ၏ အသံထဲ စိုးရိမ်ပူပန်မှုများ ပြည့်နေသည်။
” ဒါက ငါရဲ့ ရည်ရွယ်ချက်ပဲ …။ ငါက ကြယ်ကြွေက ဝယ်သူအဟောင်းတွေကို ဒီဆိုင်သစ်ဆီ စွဲဆောင်ချင်နေတာ …။ ငါပြောသလိုပဲလုပ် …။ ဒီအားဖြည့်သံချပ်ကာ အစုံအလင်ရဲ့ ဈေးနှုန်းအတွက်တော့ တစ်စုံကို အနည်းဆုံး ငွေ ၇ ပြားနဲ့ ရောင်းမယ် …။ သူတို့ကို ရောင်းချပြီး ဆုံးရှုံးမှုကို မတက်နိုင်ဘူး …”
ရှီဖုန်းက ရယ်မောလိုက်၏။
ကြယ်ကြွေကုန်သွယ်ရေးလုပ်ငန်းက သူ့အတွက်အတော်လေး အသုံးဝင်သော်လည်း ရှီဖုန်းအဖို့ ၄င်း၏ အကြီးမားဆုံး ရည်ရွယ်ချက်က စီးပွားရေး စတင်ဖို့သာ ဖြစ်သည်။ ယခု သူက လုံလောက်သည့်ပမာဏ စုဆောင်းပြီးပြီဖြစ်သောကြောင့် ၄င်းကို နည်းနည်းခြင်း စွန့်ပယ်ရတော့မည် ဖြစ်သည်။ သူ ရွှေ ၃ သောင်း ရရှိပြီး သူ၏ တာဝန် ပြီးမြောက်သည်နှင့် ကြယ်ကြွေကုန်သွယ်ရေးလုပ်ငန်းက သူနှင့် အဆက်အသွယ်အားလုံး ဖြတ်တောက်ထားမှာ ဖြစ်သည်။ သူက ၄င်းအတွက် ယခုမပြင်ဆင်ထားလျှင် နောက်တွင် နောက်ကျသွားပေလိမ့်မည်။
” အစည်းအရုံးခေါင်းဆောင် စိတ်ချထားလိုက်ပါ …။ အားဖြည့်သံချပ်ကာအစုံရဲ့ ဈေးနှုန်းကို ငွေ ၇ ပြား အထက်ရအောင် သေချာပေါက်ရောင်းပါမယ် …”
လွမ်းဆွေးခြင်းအပြုံးက ပြောလိုက်သည်။ သူမက သူတို့ထုတ်လုပ်ထားသည့် အားဖြည့်သံချပ်ကာ အစုံအကြောင်း ယုံကြည်ချက်ရှိနေသည်။
အခြေခံ ပန်းပဲပညာရှင်များတောင် သူတို့၏ ကြယ်ကြွေသံချပ်ကာ ကိရိယာ အစုံအလင်ထုတ်လုပ်သည့်နှုန်းက ၃၀ ရာခိုင်းနှုန်း အောက်သာ ရှိသည်။ တစ်ခုခြင်းဆီအတွက် ကုန်ကျငွေ ငွေပြား တစ်ပြားကျော်သည်။ တစ်နည်းဆိုရလျှင် အပြည့်အစုံထုတ်လုပ်သည့် ကုန်ကျစရိတ်က ငွေပြား ၃ ပြားကျော်သည်။ အမှန်တကယ်တွင် သူတို့က ငွေပြား ၇ ပြားဖြင့် ရောင်းချခြင်းက အလွန်ဈေးပေါနေသေးသည်။
ရှီဖုန်းက အမိန့်မပေးသည့်တိုင် သူမက အားဖြည့်သံချပ်ကာကိရိယာ အစုံအလင်၏ ကနဦးဈေးကို ငွေပြား ၁၀ ပြားဖြင့် ရောင်းချရန် ရည်ရွယ်ထားသည်။ ဆိုရလျှင် လက်ရှိ ကစားသမားများ၏ အဆင့်ဖြင့် ငွေပြား ၁၀ ပြားက သေချာပေါက် တက်နိုင်သည့်ပမာဏ ဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင် …။ ဒီနှစ်နေရာက ဆိုင်တွေကို နာမည် မပေးရသေးဘူး …။ ဒါတွေကို ဘယ်လိုခေါ်မလဲ …”
လွမ်းဆွေးခြင်းအပြုံးက မေးပြီး ရှီဖုန်းကို ကြည့်လိုက်၏။
” ဒါက မီးပွင့်လေးကနေ တောက်လောင်တဲ့မီး ဖြစ်သွားစေနိုင်တယ် …။ ဒါကို ဖယောင်တိုင်အလင်းရောင် ကုန်သွယ်ရေးလုပ်ငန်းလို့ ခေါ်ကြတာပေါ့ …”
ရှီဖုန်းက သက်ပြင်းချပြီး သူ့လက်ထဲရှိ ရွှေရောင် မြေပိုင်ဆိုင်မှု နှစ်ခုကို ကြည့်လိုက်သည်။
ယခုအချိန်၌ သူက ကိုယ်ပိုင်လုပ်ငန်းရှိနေပြီ ဖြစ်သည်။ ထိုမြေနှစ်နေရာဖြင့် ကျန်သည့် အစည်းအရုံးများထက် ခြေတစ်လှမ်းသာပြီဖြစ်ကာ သူ၏ အစည်းအရုံက နောင်တွင် ဝင်ငွေအရင်းအမြစ် ခိုင်မာမှု ရှိတော့မှာ ဖြစ်သည်။ ကျန်သည့်အစည်းအရုံးများ၏ ပစ်မှတ်ဖြစ်မှာကို ကြောက်စရာမလိုတော့ပေ။
သိပ်မကြာခင်၌ ရှီဖုန်းနှင့် လွမ်းဆွေးခြင်းအပြုံးက သူတို့ဝယ်ယူခဲ့သည့် မြေနှစ်နေရာကို သွားရောက် လည်ပတ်ခဲ့သည်။ ထိုစဉ်အဆောက်အဦးများက ဆောက်လုပ်နေစဲ အခြေအနေတွင် ရှိနေသောကြောင့် သူတို့က ဆိုင်၏ ကျက်သရေအပြည့်အဝကို မကြည့်နိုင်ခဲ့ပေ။ ပြန်လည်တည်ဆောက်သည့်လုပ်ငန်း ပြီးမြောက်ရန်အတွက် နာရီအချို့လိုသေးသည်။ ထိုအချိန်ကြမှ သူတို့က စီးပွားရေးအတွက် ဖွင့်လင့်နိုင်မှာ ဖြစ်သည်။
” အခုမြစ်ဖြူမြို့မှာ ကစားသမားတွေ အတော်များနေမှာ သေချာတယ် …”
ရှီဖုန်းက သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် လေလံအိမ်တော်နားရှိ ကစားသမားများစွာကို တွေ့လိုက်ရသည်။ သူယခင်ဘဝတုန်းကထက် ထိုနေရာက လူဦးရေးပိုထူထပ်နေသည်။
” အစည်းအရုံးခေါင်းဆောင် …။ ဒါက ဒီလိုပါ …။ ဇီးရိုးဝင်းနဲ့ လွှမ်းမိုးခြင်းအပြုံးက မြစ်ဖြူမြို့မှာ ယှဉ်ပြိုင်နေကြတာ …။ ဇီးရိုးဝင်းက ကြယ်လတိုင်းပြည်ထဲမှာ အစည်းအရုံးဂေဟာတစ်ခု ပိုင်ဆိုင်တယ် …။ ပထမဆုံးအစည်းအရုံးလည်း ဖြစ်တယ် …။ ဒါ့အပြင် လွှမ်းမိုးခြင်းအပြုံးရဲ့ အထင်ကြီးဖွယ် ကမ်းလှမ်းမှုကိုလည်း ထည့်တွက်စရာ ရှိသေးတယ် …။ ရလဒ်အနေနဲ့ ကျန်တဲ့မြို့က ကစားသမားတော်တော်များများက ရွေ့ပြောင်းဖို့ စွဲဆောင်ခံရပြီး မြစ်ဖြူမြို့မှာ အခြေချဖို့ ရောက်လာတာပဲ …။ မနေ့တုန်းကထက်စာရင် ဒီနေ့ရောက်လာတဲ့သူကို အခြေခံကြည့်ရင် မြစ်ဖြူမြို့က လက်ရှိ ကြယ်လတိုင်းပြည်ထဲမှာ ဒုတိယ နာမည်အကြီးဆုံးမြို့ ဖြစ်နေပြီ …။ ကြယ်လမြို့နဲ့ အနည်းငယ်လေးပဲ နောက်ကောက်ကျတာ …”
သာမန်မြို့က မြို့တော်တစ်ခုနှင့် မယှဉ်နိုင်ပေ။ မြစ်ဖြူမြို့က အကျိုးအမြတ်ကြီးကြီးရသည့်တိုင် ကစားသမားများစွာက မြို့တော်တွင် နေရန်သာ ဆန္ဒရှိကြသေးသည်။
” ကြယ်လမြို့လား …”
လွမ်းဆွေးခြင်းအပြုံး၏ စကားကိုကြားသောအခါ ရှီဖုန်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
သူသည် ကြယ်လမြို့တွင် တစ်စုံတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ခဲ့ပြီး သူကနေတစ်ဆင့် မြေဝယ်ရန် ရည်ရွယ်ခဲ့ဖူးသည်။ အစက သူသည် ဇီးရိုးဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြယ်လမြို့ဆီ တိုက်ရိုက် ဦးတည်ရန် အစီအစဉ်ဆွဲခဲ့သည်။ အဆုံးတွင် သူက ထိုအခိုက်အတန့်ကို လွဲချော်ပြီး ကြယ်လတိုင်းပြည်ထဲတွင် မြစ်ဖြူမြို့ကို နံပါတ်တစ်မြို့ဖြစ်အောင် အာရုံစိုက်ဖို့သာ ရည်ရွယ်လိုက်သည်။ ဆိုရလျှင် ကြယ်လမြို့မှာကဲ့သို့ မဟုတ်ဘဲ ဇီးရိုးဝင်းက မြစ်ဖြူမြို့တွင် အတိုင်းထက်အလွန်နောက်ခံတစ်ခုရှိသည်။
လက်ရှိတွင် သူက ဇီးရိုးဝင်းကို ကြယ်လမြို့တွင် ဖွံ့ဖြိုးတိုးတက်ရန် မရည်ရွယ်ထားသည့်တိုင် မြို့တော်၏ လူဦးရေးက စွဲဆောင်နိုင်စွမ်း ရှိသေးသည်။ နတ်ဘုရား နယ်မြေထဲတွင် ကစားသများက မြို့၏ အရင်းအမြစ်ဖြစ်သည်။
မြို့တစ်မြို့က ပိုအားကောင်းလေလေ အစည်းအရုံးများက မြို့ကို ထိန်းချုပ်သည့်စွမ်းအား ပိုထွက်လေဖြစ်သည်။
” ငါ ကြယ်လမြို့ကို ခရီးထွက်ဖို့ လိုတဲ့ပုံပဲ …”
ရှီဖုန်းက အစီအစဉ်တစ်ခုကို ရုတ်တရက် တွေးမိပြီး ၄င်းက မြစ်ဖြူမြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြင့်ပေးနိုင်သည့်အရာ ဖြစ်သည်။