ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 499 ဖယောင်းတိုင်အလင်း ထွန်းတောက်ခြင်း
နားနေခန်းထဲတွင် လျန်ကျင်းနှင့် ရှောင်ယွီက သူတို့ယခင်က တွေ့ဆုံမှုထက် ရှီဖုန်းကို တရိုတသေ တလေးတစားနဲ့ ချဉ်းကပ်လာသည်။
ကျောက်ယွဲ့ရှုက ခါတိုင်းကဲ့သို့ပင် ရှီဖုန်းနှင့် စကားပြောဆိုရာတွင် ပြောပြောဆိုဆို ရယ်ရယ်မောမော ဖြစ်နေသည်။ သူတို့ကြားထဲတွင် ဘာအရံအတားမှ ရှိနေပုံမရပေ။
” ဆရာရှီဖုန်း ကျွန်တော်တို့ အရင်တုန်းက စီစဉ်ထားတာကို အခြေခံပြီး ဒီနေ့ကစပြီး ခင်ဗျားက ခုနှစ်စင်ကြယ်ရဲ့ နည်းပြခေါင်းဆောင်ဖြစ်ပြီပဲ…။ တစ်ချိန်ထဲမှာပဲ ခုနှစ်စင်ကြယ်ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီ…။ခင်ဗျား တောင်းဆိုထားတဲ့အတိုင်း ခုနှစ်စင်ကြယ်က ခင်ဗျားရဲ့ သီးသန့်စီစဉ်မှုအောက်မှာ ဧရိယာတစ်ခုထားမယ်…။ ”
ထိုသို့ပြောပြီးနောက် ရှောင်ယွီက တစ်ဝက်ဖေါက်ထွင်းမြင်နေရသည့်ကဒ်ကို သူ၏ အိတ်ထဲမှထုတ်ကာ ရှီဖုန်းဆီပေးလိုက်၏။
” ဒါက ခုနှစ်စင်ကြယ်ရဲ့ စိန်အဖွဲ့ဝင်ကဒ်ပဲ…။ ဒီကဒ်ရဲ့ အချက်အလက်ကဒ်ကို မြှင့်တင်ထားပြီးသား…။ နောင်ကျ ခင်ဗျား ခုနှစ်စင်ကြယ်မှာ သုံးစွဲတဲ့ စရိတ်အားလုံးက အခမဲ့ဖြစ်ပြီ .. ဒါ့အပြင် ခုနှစ်စင်ကြယ်က အချိန်မရွေး အသုံးပြုဖို့အတွက် အထူးလေ့ကျင့်ရေး အခန်းတစ်ခန်းလည်းပေးမယ်…။ ”
ရှောင်ယွီ၏ စကားကို ကျောက်ယွဲ့ရှုကြားသောအခါ သူမတောင် မထိတ်လန့်ပဲမနေနိုင်ပေ။
ပုံမှန်လေ့ကျင့်ရေး အခန်းများက ဂျင်များနှင့် စမ်းသပ်ရေး ကိရိယာများသာ ပါဝင်သည်။
သို့သော် ခုနှစ်စင်ကြယ်၏ အထူးလေ့ကျင့်ရေးအခန်းများက မတူပေ။ ခုနှစ်စင်ကြယ်က လေ့ကျင့်ရေးအခန်းများကို တည်ဆောက်စဉ်၌ ငွေကြေးမချွေတာခဲ့ပေ။ အထဲရှိ ပစ္စည်းတိုင်းက လက်ရာမြောက်သည်။ အခန်းတစ်ခုလုံးကို ကွန်ပျူတာဖြင့်လည်း ထိန်းချုပ်ထားသည်။ အခန်းက ကျွမ်းကျင်တိုက်ခိုက်ရေး သမားများကို ထောက်ပံ့ပေးတာဖြစ်သည်။
ပုံမှန်ဆို ထိုအခန်းများက တိုက်ပွဲဝင် စက်ရုပ်တစ်ခုရှိကြသည်။ အထူးလေ့ကျင့်ရေး အခန်းများကလည်း ပုံရိပ်ယောင် တိုက်ပွဲဝင် ဗီဒီယိုများနှင့် တိုက်ပွဲဝင်စနစ်များပြည့်နေပြီး ၎င်းတို့က အကျိုးရှိသည့် အချက်အလက်များသိုလှောင်ထားကာ ၎င်းကနေ အသုံးပြုသူက သင်ယူနိုင်မှာဖြစ်သည်။ မြေထိန်းချုပ်ရေး ကိရိယာတောင် အခန်းထဲတွင် ထားထားပြီး ပိုကောင်းသည့် ရလဒ်ကို ရစေရန်အတွက် ချိန်ညှိထားသည်။ ထို့အပြင် အခန်းတိုင်းတွင် ကျန်းမာရေးအခန်းတစ်ခုရှိကာ အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာ မောပန်းမှု ရုပ်ပိုင်းဆိုင်ရာ ပြန်ကောင်းသည့် အရှိန်ကို တိုးတက်စေပြီး နေ့စဉ်နေ့တိုင်း အိပ်စက်ရာ၌ အကောင်းဆုံး အရည်အသွေးကို ထိမ်းသိမ်းထားပေးသည်။ ထို့ကြောင့် ကျင်းဟိုင်မြို့၏ ကျွမ်းကျင်တိုက်ခိုက်ရေးသမားများက ခုနှစ်စင်ကြယ်သို့ ဝင်ချင်ကြတာဖြစ်သည်။
ခုနှစ်စဉ်ကြယ်ရှိ လေ့ကျင့်ရေးစခန်းများကို အဆင့်လေးမျိုး ခွဲခြားထားသည်။ အခြေခံအဆင့် အလယ်အလတ်အဆင့် အဆင့်မြင့်အဆင့်နှင့် အထူးအဆင့်ဖြစ်သည်။ တစ်ခန်းချင်းဆီ၏ ကုန်ကျစရိတ်က အဆင့်အလိုက်တိုးလာပြီး အကျိုးရလဒ်ကလည်း တိုးလာသည်။ အထူးသဖြင့် မြေဆွဲငင်အား စနစ်ဖြစ်သည်။
အခြေခံလေ့ကျင့်ရေး အခန်းထဲတွင် တစ်စုံတစ်ယောက်က အခန်း၏ မြေဆွဲငင်အားကို ၂ ဂရမ် ထိန်းညှိနိုင်သည်။
အလယ်အလတ် လေ့ကျင့်ရေးအခန်း၏ မြေဆွဲငင်အားကို ၃ ဂရမ် ထိန်းညှိနိုင်သည်။
အဆင့်မြှင့်လေ့ကျင့်ရေးအခန်းတွင် မြေဆွဲအားကို ၄ ဂရမ် ထိန်းညှိနိုင်သည်။
အထူးလေ့ကျင့်ရေးအခန်းများတွင် တစ်စုံတစ်ယောက်က မြေစွမ်းအားကို ၆ ဂရမ် တိုးနိုင်သလို လျော့လည်းလျော့ချနိုင်သည်။ သာမန်လူများအတွက် ထိုသို့သောပတ်ဝန်းကျင်တွင် လေ့ကျင့်ရန်အတွက် မဖြစ်နိုင်ပေ။ လက်တစ်ချောင်း လှုပ်ရှားရန်တောင် ခက်ခဲပေလိမ့်မည်။
ငှာရမ်းခအတွက် သာမန်လူများက အခြေခံလေ့ကျင့်ရေး အခန်းကိုတောင် တတ်နိုင်မှာ မဟုတ်ပေ။
အခြေခံလေ့ကျင့်ရေးအခန်းကို တစ်ရက်တာ ငှားရမ်းခသည် ခရက်ဒစ်သုံးထောင်ရှိပြီး သာမန်လူတစ်ဦး၏ တစ်လစာနီးပါးရှိသည်။ ပျမ်းမျှနိုင်ငံသားများက ခုနှစ်စင်ကြယ်၏ အဖွဲ့ဝင်ဖြစ်ရင်တောင် အရည်အချင်း မမှီကြပေ။ ကျွမ်းကျင်တိုက်ခိုက်ရေးသမားများကမူ အလွယ်တကူတိုက်နိုင်သည်။
အလယ်အလတ်လေ့ကျင့်ရေးခန်းများက တစ်ရက်ကို ခရက်ဒစ် ငါးထောင်ကျသင့်သည်။ မြို့၏ ကျွမ်းကျင်တိုက်ခိုက်ရေးသမားအများစုက အလည်အလတ်လေ့ကျင့်ရေး အခန်းများကို ငှားနေကျ ဖြစ်သည်။ ကံဆိုးသည်မှာ အခန်းများများစားစား မရှိပေ။
ခုနှစ်စင်ကြယ်လေ့ကျင့်ရေး၌ အဆင့်မြင့်လေ့ကျင့်ရေး အခန်း ၂၀ သာရှိသည်။ ကျသင့်ငွေက တစ်ရက်ကို ခရက်ဒစ်တစ်သောင်းဖြစ်သည်။ ၎င်းက ကြယ်ခုနှစ်ပွင့် ဟော်တယ်ရှိ အခန်းတစ်ခန်းကို ငှားရမ်းသည့် စရိတ်နှင့် ညီမျှသည်။
အထူးလေ့ကျင့်ရေး အခန်းအတွက်မူ ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာ၌ ငါးခန်းသာရှိပြီး ကျင်းဟိုင်မြို့တစ်ခုလုံးတွင် ရှိသည့် ပမာဏဖြစ်သည်။ ထိုအခန်းငှားခက တစ်ရက်ကို ခရက်ဒစ် သုံးသောင်းဖြစ်သည်။ သို့သော် သူတို့က ထိုအခန်းများထဲက တစ်ခန်းကို ငှားနိုင်ရန် အခွင့်အရေးရှိဖို့က ကံကောင်းမှရပေလိမ့်မည်။
ထိုသို့တိုင် ယခုဆို ခုနှစ်စင်ကြယ်က အခန်းများထဲမှ တစ်ခုကို ရှီဖုန်းအတွက် စီစဉ်ပေးသည်။ မရေမတွက်နိုင်သည့် လူများက ၎င်းကိုသာ သိသွားလျှင် သူတို့သည် မနာလိုအားကျ ဖြစ်မှာ သေချာသည်။
” ဒါဆိုရင် ဥက္ကဋ္ဌရှောင်ကိုပဲ အနှောင့်ယှက်ပေးရတော့မှာပဲ…” ရှီဖုန်းက ထိန်းမနေတော့ပဲ စိန်အဖွဲ့ဝင်ကဒ်ကို လက်ခံလိုက်သည်။
အထူးလေ့ကျင့်ရေးအခန်း၏ မြေဆွဲငင်အားတိုးမြှင့်မှုဖြင့် သူ၏ အနာဂါတ်လေ့ကျင့်မှုက ပိုကောင်းသည့် ရလဒ် ရလာမှာဖြစ်သည်။
” ဆရာရှီဖုန်း Sအဆင့်အဟာရဖြည့်ရည် ၁၅ပုလင်းနဲ့ ပုံရိပ်ယောင်ဂိမ်း အခန်းငါးခန်းက ကျွန်တော်တို့ အရင်က သဘောတူထားတာ။ ကျွန်တော်တို့ဘုတ်အဖွဲ့ ဒရိုက်တာတွေက ပုလင်း ၃၀ နဲ့ဂိမ်းအခန်း ၁၀ ခန်းပေးဖို့ သဘောတူလိုက်တယ်။ ဒီအိုင်တမ်တွေက ရက်အနည်းငယ်အတွင်း ခင်ဗျားကို ပို့ပေးမှာပါ …” ရှောင်ယွီက ပြုံးပြီးပြောလိုက်သည်။
” ပြီးတော့ အခုကစပြီး ကျွန်တော်ရဲ့ အတွင်းရေးမှုးခေါင်းဆောင် လျန်ကျင်းက ခင်ဗျားနောက် လိုက်လိမ့်မယ်…။ သူမက တော်တယ် ထက်မြက်တယ်…။ ခုနှစ်စင်ကြယ်မှာ ဘာပဲကိစ္စရှိရှိ ခင်ဗျားအတွက် သူ့ကို ဂရုစိုက်ခိုင်းလိုက်လို့ရတယ်…။ ”
” ကောင်းပါပြီ… ”
ရှီဖုန်းက ရှောင်ယွီ၏ ကမ်းလှမ်းမှုကို မငြင်းဆန်ခဲ့ပေ။ သူက ငြင်းဆန်ရန်အကြောင်းပြချက် မရှိ။
S အဆင့် အဟာရဖြည့်ရည်များက သူ့အတွက် အလွန်အရေးကြီးသည့်အပြင် ပုံရိပ်ယောင် ဂိမ်းအခန်းဆယ်ခန်းကလည်း ဇီးရိုးဝင်း၏ အလုပ်ရုံကို အဆင့်တစ်တစ်ခုအထိ မြှင့်တင်ပေးနိုင်သည်။ သာမန်အလုပ်ရုံဖြစ်တော့မှာ မဟုတ်ပေ။
လျန်ကျင်းဟု အမည်ရသော လက်ထောက်အတွက်မူ ရှီဖုန်းက ခုနှစ်စင်ကြယ်အကြောင်း များများစားစားမသိပေ။ သူသာ ခုနှစ်စင်ကြယ်ကို သူ့အတွက် ကိစ္စအချို့ဖြေရှင်းခိုင်းစေချင်လျှင် ဥပမာအနေဖြင့် အလုပ်ရုံအဖွဲ့ဝင်များလေ့ကျင့်တာမျိုး လုပ်ခိုင်းပါက လျန်ကျင်းကဲ့သို့ လက်ထောက်ရှိနေတာက အဆင်သင့်ဖြစ်ပြီး သူ့အဖို့ ပြဿနာတက်တာ နည်းနိုင်ပေမည်။
ကျန်သည့်သူများ၏ အမြင်ကို တွေးပြီးနောက် ရှီဖုန်းက သူ၏ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းကို ပြောင်းလဲရန် မရှိပေ။ သူ၏ရင်ထဲရှိ တစ်ခုတည်းသော ပန်းတိုင်က နတ်ဘုရားနယ်မြေဖြစ်သည်။ ဆိုရလျှင် နတ်ဘုရားနယ်မြေက ကမ္ဘာလောကကြီး၏ အနာဂတ်ကို ချုပ်ကိုင်ထားသည်။
ရှီဖုန်းက ရှောင်ယွီနှင့် ကျန်သည့်သူများနှင့် စကားခဏပြောပြီးနောက် သူက သူ့တိုက်ခန်းသို့ ပြန်သွားသည်။ သူမပြန်ခင် ရှောင်ယွီက လျန်ကျင်းကို သူ့အတွက် S အဆင့်ဖျော်ရည် ငါးပုလင်း ပြင်ဆင်ခိုင်းလိုက်သည်။ ၎င်းလေ့ပေါင်နှင့်သူ တိုက်ခိုက်ခဲ့သည့် ပွဲမှာ ဒဏ်ရာများကို လျင်မြန်စွာ ပြန်ကောင်းလာစေရန် ကူညီပေးမှာဖြစ်သည်။
အိမ်သို့ပြန်ရောက်ပြီးနောက် ရှီဖုန်းက ပုံရိပ်ယောင်ဂိမ်းအခန်းထဲတွင် အနားမယူခင် တစ်ပုလင်း သောက်ကာ နတ်ဘုရားနယ်မြေထဲသို့ ဝင်သွားခဲ့သည်။
ပုံရိပ်ယောင်ဂိမ်းအခန်းကလည်း ကျန်းမာရေးအခန်းကဲ့သို့ လုပ်ဆောင်ချက်ရှိသည်။ ၎င်းက အသုံးပြုသူကို နတ်ဘုရားနယ်မြေထဲသို့ ဝင်စေနိုင်သည့် လုပ်ဆောင်ချက် အပိုတစ်ခုပါရုံသာဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာများ ပြန်ကောင်းလာလျှင် ပုံရိပ်ယောင်ဂိမ်းအခန်းထဲ လဲလျောင်းနေတာက အကောင်းဆုံးဖြစ်သည်။
အချိန်က ညခုနှစ်နာရီရှိနေပြီဖြစ်သည်။ နတ်ဘုရားနယ်မြေထဲတွင် မှောင်မဲနေသော်လည်း စနစ်၏ အသိပေးချက်သုံးခုက ရှီဖုန်း၏ နားထဲမြည်လာသည်။
ထိုအသိပေးချက်သုံးခုက မြစ်ဖြူမြို့နှင့် ကြယ်လမြို့ရှိ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း၏ အဆောက်ဦးပြီးမြောက်မှုအကြောင်း သူ့ကို သတင်းပို့တာဖြစ်သည်။
လုပ်ငန်းသုံးခု၏ တည်ဆောက်မှုက နတ်ဘုရားနယ်မြေအပြင်ဘက်တွင် တစ်ရက်အတောအတွင်း ပြီးမြောက်သွားသည်။ ထို့အပြင် ဆိုင်သုံးခုက အာရုံစိုက်မှု ရရှိသွားပြီး အထူးသဖြင့် မြစ်ဖြူမြို့ထဲရှိ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်းဖြစ်သည်။
ဆိုင်များက သုံးလွှာအဆောက်အဦးများဖြစ်ကြသည်။ ထို့အပြင်အဆောက်အဦးနှစ်ခုလုံးက မြစ်ဖြူမြို့၏ လေလံအိမ်တော်နှင့်ဘဏ်ဘေး၌ ပေါ်လာတာဖြစ်ကာ သတိမပြုမိရန် ခက်ခဲသည်။
အဆုံးတွင် ကစားသမားများစွာက သိချင်စိတ်ကြောင့် အဆောက်အဦးထဲဝင်သွားကြသည်။
သူတို့က အဆောက်အဦးသစ်ကို မစစ်ဆေးရသေးခင် သူတို့က အလွန်မိုက်မဲခဲ့ပေသည်။ သူတို့ဝင်လိုက်သည်နှင့် ချက်ချင်း ထိတ်လန့်သွားခဲ့၏။
ဆိုင်များက ကစားသမားများလိုအပ်သည်။ အိုင်တမ်အပြည့်အစုံကို ပြသထားရုံသာမက အထဲက ကြီးကျယ်ခမ်းနားလွန်းသည်။ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်းက ကြယ်ကြွေကုန်သွယ်ရေးခန်းမထက် ပိုခမ်းနားကြီးကျယ်သည်။ ဆိုင်ခန်းများကတောင် ကစားသမားများကို စျေးဝယ်ထွက်နေစဉ် အဖျော်ယမကာများ သောက်သုံးခွင့်ပြုထားသည်။
ပိုအရေးကြီးသည်က အိုင်တမ်တစ်ခု၏ သွင်ပြင်ဖြစ်ပြီး မြစ်ဖြူမြို့ထဲရှိ လူတိုင်းတောင်းတနေသည့် အရာဖြစ်သည်။ ထိုအိုင်တမ်က အခြေခံအားဖြင့် သံချပ်ကာ ကိရိယာဖြစ်သည်။
အခြေခံအားဖြင့် သံချပ်ကာ ကိရိယာက ခြေခံမာတာသံချပ်ကာ ကိရိယာထက်နိမ့်ကျသည့်တိုင် ၎င်းက ပိုရှားပါးသည်။ လူတော်တော်များများက ထိုအိုင်တမ်အကြောင်း ယခင်က ကြားခဲ့ဖူးသော်လည်း သူတို့မတွေ့ခဲ့ဖူးပေ။ ယခုမူ အခြေခံအားဖြင့် သံချပ်ကာ ကိရိယာက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်းနှစ်ခုထဲ၌ ပေါ်လာပြီး ကစားသမားပထမတစ်သုပ်က ၎င်းတို့ကို ဝယ်ယူရန်အတွက် တိုက်ခိုက်နေကြသည်။ သံချပ်ကာ ကိရိယာ ရောင်းထွက်သွားမှာကို သူတို့စိုးရိမ်နေ၏။
ရှီဖုန်းက လွှမ်းဆွေးခြင်းအပြုံးကို ဆိုင်ထဲရှိ ကုန်ပစ္စည်းများစျေးနှုန်း ဆုံးဖြတ်ပိုင်ခွင့် ပေးထားသည်။ ထို့ကြောင့် စျေးက သူမ ဆုံးဖြတ်ရမှာဖြစ်ပြီး သူမရောင်းချင်သည့် စျေးပေါ်မူတည်သည်။ သံချပ်ကာ ကိရိယာများ၏ ကနဦးဈေးက ငွေပြားဆယ့်တစ်ပြား ဖြစ်သော်လည်း ၎င်းက အခုတစ်ရာကျော် ချက်ချင်းရောင်းထွက်သွားသည်။ ရလဒ်အနေဖြင့် လွှမ်းဆွေးခြင်းအပြုံးက ရွေးချယ်စရာမရှိတော့ဘဲ စျေးထပ်မြှင့်ရတော့သည်။
အဆုံးတွင် အခြေခံအားဖြင့် သံချပ်ကာ ကိရိယာစျေးနှုန်းက ငွေပြားဆယ့်တစ်ပြားမှ ငွေပြားဆယ့်ခြောက်ပြားအထိ တက်သွားခဲ့သည်။ ထိုစျေးနှုန်းက ရှီဖုန်းကနဦးမျှော်လင့်ထားတာကို ကျော်လွန်သည်။ ထိုသို့တိုင် နာရီပိုင်းအတွင်း မြစ်ဖြူမြို့နှင့် ကြယ်လမြို့ရှိ ဆိုင်သုံးဆိုင်က ကိရိယာခြောက်ထောင်ကျော် ရောင်းထွက်သွားသည်။
ထို့အပြင် အခြေခံအားဖြင့် သံချပ်ကာ ကိရိယာကြောင့် မြစ်ဖြူမြို့ရှိ ကစားသမားတိုင်းက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း အသစ်တည်ထောင်သည့်အကြောင်း သိသွားကြသည်။ ရလဒ်အနေဖြင့် ကစားသမားများက ကုန်သွယ်ရေးခန်းမသို့ လာရောက်လှည်ပတ်ပြီး ဆိုင်ထဲ စျေးဝယ်ထွက်နေကြတော့သည်။
ရှီဖုန်းက ဂိမ်းထဲဝင်လိုက်သည့်အချိန်၌ မြစ်ဖြူမြို့ရှိ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက လူများပြည့်နေပြီဖြစ်သည်။ လူတိုင်းက အခြေခံအားဖြင့် သံချပ်ကာ ကိရိယာကို ဝယ်ယူရန် အပြေးအလွှား သွားနေကြသည်။
ဘလက်ဝင်းလေလံအိမ်တော်တွင် ရောင်းချခဲ့သည့် နဂါးကြေးခွံအစုံ ချပ်ဝတ်တန်ဆာပေါင်းများစွာအပြင် ရှီဖုန်းက ရုတ်တရက် ကြွယ်ဝချမ်းသာသည့်လူ ထပ်ဖြစ်လာသည်။ သူ၏ အိတ်ကပ်ထဲ၌ ရွှေပြားတစ်ထောင်ကျော် ရှိလာသည်။