ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 500 သီးသန့်ထိန်းချုပ်သော
မြစ်ဖြူမြို့ လွှမ်းမိုးခြင်းအပြုံး၏ အစည်းအရုံးဂေဟာတွင်ဖြစ်သည်။
” ဒုခေါင်းဆောင် ယို့လန် .. ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းကို စစ်ဆေးပြီးပါပြီ … ”
အဆင့် ၂၃ အမျိုးသား လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်က လွှမ်းမိုးခြင်းအပြုံး၏ အစည်းအဝေးခန်းထဲသို့ ဝင်လာပြီး သတင်းပို့သည်။
” ဘယ်သူစတာလဲ… ” ယို့လန်က အလျင်စလိုမေးလိုက်၏။
လက်ရှိတွင် ဇီးရိုးဝင်းနှင့် ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲကွင်းပြင်တွင် လွှမ်းမိုးခြင်းအပြုံးက တော်တော်လေး အထိနာခဲ့သည်။ သူတို့၏ နေ့စဉ်ကုန်ကျစရိတ်က အလွန်သိသာသည်။
မြေအောက်ကမ္ဘာက လွှမ်းမိုးခြင်းအပြုံးတွင် သူတို့၏ ရင်းနှီးမြုပ်နှံမှု တိုးလိုက်သည့်တိုင် ခရက်ဒစ်များကို ဂိမ်းအကြွေစေ့အဖြစ် ပြောင်းရသည်က မလွယ်ကူပေ။ ဂိမ်းအကြွေစေ့ပမာဏများစွာ ဝယ်ယူရန် အသုံးပြုခဲ့ရသော်လည်း အစည်းအရုံးက ၎င်း၏သုံးစွဲမှုနှုန်းကို ထိန်းထားနိုင်ရုံသာ ရှိသည်။
အစတွင် ယို့လန်က ချပ်ဝတ်တန်ဆာများ ပြန်ပြင်သည့်စရိတ်က ထိုမျှကုန်ကျလိမ့်မည်ဟု မထင်ထားပေ။
သို့သော် အစည်းအရုံး၏ သေနှုန်းဆက်တိုက် တိုးလာသောအခါ သူမအတွေးက ပြောင်းလဲသွားတော့သည်။ တစ်ခါသေတာက ကုန်ကျစရိတ်မများပြားသော်လည်း နှစ်ခါ သုံးခါသေဆုံးပြီးနောက် အစည်းအရုံးအဖွဲ့ဝင်များက သူတို့၏ ကျန်ရှိသည့် ဂိမ်းငွေကြေးများအားလုံး အသုံးပြုလိုက်ရသည်။ သူတို့ချပ်ဝတ်တန်ဆာများ ပြန်ပြင်ရန်အတွက် ထိုအစည်းအရုံးအဖွဲ့ဝင်များက ရွေးချယ်စရာမရှိတော့ပဲ ဂိမ်းငွေကြေးများကို လျော်ကြေးအဖြင့် အသုံးပြုရသည်။
ထိုအခြေနေက အစောပိုင်းက ယုံကြည်ချက်ရှိနေသည့် ယို့လန်ကို အလွန်ခေါင်းကိုက်စေသည်။ သူမက ဘလက်ဖလိန်းကို သေသည်အထိ ညစ်သတ်နိုင်မည်ဟု ထင်ခဲ့သည်။
သူတို့သည် လျော်ကြေးအဖြစ် ရွှေပြားတစ်ထောင်ကျော် ပေးခဲ့ပြီဖြစ်သည်။ သူတို့ လျော်ပေးခဲ့ရသည့် ခရက်ဒစ်ပမာဏကို ထည့်ပြီးတွေးရန် မလိုတော့ချေ။
ထို့အပြင် အစည်းအရုံးက ဂိမ်းငွေကြေးများကို လျော်ကြေးအဖြစ် ပေးခဲ့တာ သိပ့်မကြာသေးပေ။ ကစားသမားများက သူတို့၏ ချပ်ဝတ်တန်ဆာများ ပြန်မပြင်လျှင် သူတို့က အပြင်ထွက်ပြီး အဆင့်မြှင်တင်နိုင်မှာမဟုတ်ပေ။ ချပ်ဝတ်တန်ဆာများက အသုံးမပြုနိုင်လျှင် သူတို့က အစားထိုးရန်အတွက် ချပ်ဝတ်တန်ဆာအသစ် ဝယ်ယူရမည်ဖြစ်သည်။
သို့သော် ကောင်းမွန်သော ချပ်ဝတ်တန်ဆာများက ရယူရန် မလွယ်ကူပေ။ ကစားသမားတစ်ဦး၏ ချပ်ဝတ်တန်ဆာ အပိုင်းအစတိုင်းက သွေးချွေးများရင်းပြီး ရရှိလာခဲ့သည့် အရာဖြစ်သည်။ အပိုင်းအစတစ်ခု ဆုံးရှုံးသည်ကပင် အလွန်နာကျင်ဖွယ် ကောင်းနေပြီဖြစ်သည်။ သူတို့တွင်ရှိသမျှ ချပ်ဝတ်တန်ဆာ အပိုင်းအစအားလုံးဆုံးရှုံးခဲ့လျှင်။
ထို့ကြောင့် သူတို့ချပ်ဝတ်တန်ဆာ၏ ခံနိုင်ရည်က သေစေနိုင်သည့် အမှတ်သို့ မရောက်ခင် ကစားသမားများက ဂိမ်းငွေကြေးကို ခရက်ဒစ်ဖြင့် ဝယ်ယူရသည့်တိုင် သူတို့၏ ဥစ္စာဓနအကုန်လုံးကို သုံးစွဲရသည့်တိုင် သူတို့ ချပ်ဝတ်တန်ဆာများကို ပြန်ပြင်ကြသည်။
သို့သော် ယို့လန်ကို အတော်လေးစိတ်ရှုပ်ထွေးစေသည့် အချက်တစ်ခုရှိသည်။ လွှမ်းမိုးခြင်းအပြုံး၏ ဆုံးရှုံးမှုက အလွန်များပြားသော်လည်း ဇီရိုးဝင်း၏ ဆုံးရှုံးမှုကလည်း မနည်းသင့်ပေ။ ဇီးရိုးဝင်းက လျော်ကြေးအဖြင့် ခရက်ဒစ်များကို အသုံးမပြုခဲ့ပေ။ ရွှေများလျော်ကြေးကပင် သူတို့အတွက် သိသိသာသာမြင့်နေသည်။ ထိုသို့တိုင် ယခုအချိန်ထိ ဇီရိုးဝင်းက ငွေကြေးပြတ်လတ်မှုကို မပြသရုံသာမက ယခင်ကထက် ငွေများစွာ ပိုသုံးလာသည်။
၎င်းက မယုံနိုင်စရာကောင်းသည်။
ယို့လန်ရလာသည့် အချက်အလက်အရ ဆောက်လုပ်ရာမှာ အကောင်းဆုံး ပန်းပဲပညာရှင်ကို ရနိုင်မှန်းသိသည်။ ဇီးရိုးဝင်းက နဂါးကြေးခွံအစုံ ချပ်ဝတ်တန်ဆာ အပိုင်းအစများကိုလည်း ဝယ်ထားသေးသည်။ အနည်းဆုံးတော့ သူတို့က ထိုသို့ဝယ်ယူရာတွင် ရွှေပြားနှစ်ထောင် သုံးလိုက်ရမှာဖြစ်သည်။ ၎င်းကို မဆိုထားနှင့် စစ်ပွဲလျော်ကြေးအတွက် သူတို့က ရွှေပြားများစွာလည်း ပေးခဲ့ရသေးသည်။
မြေအောက်ကမ္ဘာကတောင် အချိန်တိုအတွင်း ထိုမျှသုံးစွဲနိုင်ရန်အတွက် ခက်ခဲပေလိမ့်မည်။
ယို့လန်က အဆုံးသတ်တစ်ခုကို မြင်နိုင်ခဲ့သည်။ လွှမ်းမိုးခြင်းအပြုံးက မြစ်ဖြူမြို့မှ နုတ်ထွက်ရတော့မှာဖြစ်သည်။ အရာအားလုံးက ထိုအတိုင်း ဆက်ဖြစ်မနေသင့်ပေ။ ထို့ကြောင့် သူတို့က ယခုပြောင်းလဲမှုကြီးလုပ်သင့်သည်။ သူတို့က ရွှေပမာဏအများစွာ ရနိုင်မည့်နည်းလမ်းကို ရှာမှရမည်။
တစ်စုံတစ်ယောက်က နတ်ဘုရားနယ်မြေထဲတွင် ဂိမ်းဝင်ကြေးများစွာ ရယူချင်လျှင် တစ်ခုတည်းသောနည်းလမ်းက ကုန်သွယ်တာဖြစ်သည်။
အစည်းအရုံးဂေဟာတွင် ပြသထားသည့် အစည်းအရုံးတာဝန်များက ဝင်ငွေများစွာရှိသော်လည်း ထိုအလားအလာက ကုန်သွယ်ရာမှ ရရှိလာထားသည့် ပိုက်ဆံများနှင့် မယှဉ်နိုင်ပေ။
နတ်ဘုရားနယ်မြေထဲရှိ အမျိုးမျိုးသော အစည်းအရုံးကြီးများက ရွှေပြားများစွာ ပိုင်ဆိုင်ထားသည်။ နတ်ဘုရားနယ်မြေထဲရှိ ကျန်သည့်ကစားသမားများနှင့်ယှဉ်လျှင် ထိုပမာဏက မပြောပလောက်ပေ။ လွှမ်းမိုးခြင်းအပြုံးက မြစ်ဖြူမြို့ထဲရှိ သန်းချီသော ကစားသမားများထဲမှ ငွေပြားတစ်ပြားရလျှင်တောင် စုစုပေါင်းပမာဏက ရွှေသောင်းချီရှိပေလိမ့်မည်။
ထိုစဉ်သူတို့က ကျန်သည့်အစည်းအရုံးများကို ဆက်တိုက်စိန်ခေါ်ရာတွင် အလွယ်တကူ ဖြစ်လာမည်ဖြစ်ကာ ဇီးရိုးဝင်းကို အနိုင်ယူရာတွင် ခက်ခဲတော့မည် မဟုတ်ပေ။
မြစ်ဖြူမြို့တွင် စွမ်းအားအထက်ဆုံး ကုန်သွယ်ရေးလုပ်ငန်းက လက်ရှိတွင် ကြယ်ကြွေကုန်သွယ်ရေး လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းစုက မြေနေရာ အကွက်ကောင်းကောင်း ပိုင်ဆိုင်ထားရုံသာမက မြစ်ဖြူမြို့ ပတ်လည်ရှိ မြို့ကြီး ခုနှစ်မြို့ထဲတွင် မြေပိုင်ဆိုင်ထားပြီး မြို့ရှစ်မြို့မှ ကစားသမားကို အိုင်တမ်များ ရောင်းချကာ နေ့စဉ်နေ့တိုင်း ရွှေတန်ချီရရှိသည်။ လုပ်ငန်းက ရရှိသည့် ပမာဏက သရေကျလောက်သည်။
ကံဆိုးသည်မှာ ကြယ်ကြွကုန်သွယ်ရေးခန်းမက NPC ၏ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး ကစားသမား တစ်ယောက်ဟာ မဟုတ်ပေ။ နည်းလမ်းကုန် ထုတ်သုံးသော်လည်း မြစ်ဖြူမြို့ထဲရှိ အစည်းအရုံးကြီးများက ကြယ်ကြွေကုန်သွယ်ရေး ခန်းမနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ အဆုံးတွင် သူတို့က ကြိုးပမ်းအားထုတ်တာကို လက်လျော့ပြီး သူတို့၏ ကိုယ်ပိုင်ဆိုင်ဖွင့်ရန် ကြိုးစားကြတော့သည်။
သို့သော် မြစ်ဖြူမြို့၏ သာမန်မြေနေရာက တန်ဖိုးမကြီးပေ။ လက်ရှိတွင် အစည်းအရုံးများက မြို့ထဲရှိ ရွှေရောင်မြေများကို မျက်စိကျနေပြီး ငွေများစုဆောင်းကာ ထိုပန်းတိုင်ကို ရရှိရန်အတွက် သူတို့၏ ဂုဏ်သတင်းကို မြှင့်တင်ချင်ကြသည်။
ယခုမူ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက ပေါ်လာပြီး အခြားအစည်းအရုံးများထက် ခြေတစ်လှမ်းသာကာ ရွှေရောင်မြေနှစ်ခုကို ဝယ်ယူသွားခဲ့သည်။ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး ခန်းမက ကြယ်ကြွေကုန်သွယ်ရေး ခန်းမနှင့် မယှဉ်နိုင်သော်လည်း ၎င်းက အခြေခံအားဖြင့် သံချပ်ကာ ကိရိယာနှင့် ထုတ်ကုန်အစုံအလင်ကို ရောင်းချသည်။ ၎င်းက မြစ်ဖြူမြို့ထဲရှိ ထိပ်တန်းကုန်သွယ်ရေး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်လာသည်။ အချိန်ကြာလာသည်နှင့် ဖယောင်းတိုင်အလင်းကုန်သွယ်ရေး လုပ်ငန်းက ကစားသမားများလိုအပ်သည့် ကျန်သည့် အိုင်တမ်များကိုလည်း ထုတ်လုပ်လာ၏။ ၎င်းကမြစ်ဖြူမြို့၏ နံပါတ်တစ် ကုန်သွယ်ရေးဖြစ်သော ကြယ်ကြွေကုန်သွယ်ရေး လုပ်ငန်းကို ကျော်တက်သွားမှာ သေချာသည်။
ထို့အပြင် ကြယ်ကြွေကုန်သွယ်ရေး လုပ်ငန်းနှင့်မတူပဲ ကစားသမားတစ်ဦးက ၎င်းကိုတည်ထောင်ခဲ့တာဖြစ်ပြီး ဖယောင်းတိုင်အလင်းကုန်သွယ်ရေး ခန်းမကို ပိုင်ဆိုင်သည်။ ၎င်းက ပူးပေါင်းဆောင်ရွက်နိုင်တာကို ပြသတာဖြစ်သည်။
ထို့ကြောင့် ယို့လန်က လုပ်ငန်းစုကို စစ်ဆေးရန်အတွက် သူမ၏ လက်အောက်ငယ်သား လွှတ်ခဲ့သည်။
” အဲ့ဒီက မန်နေဂျာက ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လွှမ်းဆွေးခြင်းအပြုံးလို့ အမည်ရတယ်…။ဒါ့အပြင် သူမက ပန်းပဲပညာရှင်တစ်ယောက်ပဲ…။ တစ်ခါတုန်းက ကြယ်ကြွေကုန်သွယ်ရေးခန်းမမှာ ပန်းပဲပညာရှင်အဖြင့် အလုပ်လုပ်ခဲ့ဖူးတယ်…။ ”
အမျိုးသား လုပ်ကြံသတ်ဖြတ်သူက ဖြေးဖြေးချင်း ပြောလိုက်သည်။
ဒါ့အပြင် အဲ့ဒီအမျိုးသမီးကလွဲရင် ကျန်တဲ့ကြယ်ကြွေပန်းပဲသမား နှစ်ယောက်ကလည်း ဖယောင်းတိုင်အလင်းကို ရောက်နေတဲ့ပုံပဲ။ သူတို့သုံးယောက်က အခြေခံအားဖြင့် သံချပ်ကာကိရိယာတွေ ထုတ်လုပ်နေတာ။
” ကောင်းတယ် မင်းတို့လုပ်တာကောင်းတယ်… ” ယို့လန်က ပြုံးလိုက်သည်။
” လွှမ်းဆွေးခြင်းအပြုံး ဒီနာမည်ကို ကြားဖူးတာ ပထမဆုံးအကြိမ်ပဲ…။ မြစ်ဖြူမြို့မှာ လုပ်ရေကိုင်ရေ ရှိတဲ့သူတွေက များတယ်…။ ပြောဆိုဖို့အတွက် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်းကို လူကိုယ်တိုင် သွားဖို့လိုတယ်နဲ့ တူတယ်…။ ”
လွှမ်းမိုးခြင်းအပြုံးတစ်ခုတည်းသာ ထိုကဲ့သို့တွေးသည့် အစည်းအရုံးမဟုတ်ပေ။ ကျန်သည့် အစည်းအရုံးကြီးများကလည်း ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးခန်းမကို ဓါတ်ကျနေကြသည်။
ကုန်သွယ်ရေး လုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားခြင်းက အရင်းအမြစ်အမျိုးမျိုးထောက်ပံ့ပေးနိုင်သည်။ ရွှေတွင်းကြီးတစ်တွင်းပိုင်ဆိုင်ထားတာနှင့် မခြားပေ။ သူတို့သာ ကုန်သွယ်ရေး လုပ်ငန်းကို ရနိုင်ခဲ့လျှင် အစည်းအရုံး၏ ခွန်အားကို ချက်ချင်းမြှင့်တင်နိုင်မှာဖြစ်သည်။
ထိုစဉ် ရှီဖုန်းက သူ၏ အိတ်ကပ်ထဲ ရွှေပြားတစ်ထောင်ကျော် ထပ်ရောက်လာသည်။ သူက ကြယ်လမြို့ထဲတွင် မြေယာများ ဝယ်ယူရန် စဉ်းစားလိုက်ပေသည်။
သို့သော် လက်ရှိတွင် မြေအောက်လောက ပြိုင်ကွင်းက နာမည်မကြီးသေးပေ။ ဖယောင်းတိုင်အလင်း၏ ကုန်သွယ်ရေးခန်းမ စီးပွားရေးက စိတ်ကျေနပ်ဖွယ်ရာသာ ရှိသေးသည်။ ကြယ်လမြို့၏ ကစားသမားများကို အာရုံစိုက်ခြင်းက မြို့လယ်ခေါင်တွင် ဆိုင်တစ်ဆိုင် တည်ဆောက်ခြင်းထက် ပိုလွယ်ကူပေလိမ့်မည်။
ကံဆိုးသည်မှာ အသက်မဲ့ဓါးသွားက ကြယ်လမြို့ထဲရှိ သာမန်အထက်တန်းလွှာတစ်ဦးသာဖြစ်ပြီး သူက သာမန်မြေနေရာကိုသာ ဝယ်ယူနိုင်သည်။ သူက မြို့နယ်ရှိမြေများကို ဝယ်ယူရန် အရည်အချင်းမမှီပေ။
ငါ့ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းစဉ်းစားဖို့လိုတယ်။
ရှီဖုန်းက ကြယ်လမြို့၏ အရင်းအနှီးနှင့် သက်ဆိုင်သည့် အချက်အလက်များကို စဉ်းစားလိုက်သည်။
ရှီဖုန်းက အနည်းငယ်စဉ်းစားပြီးနောက် သူ၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။ သူက မြင်းလှည်း ချက်ချင်းငှားပြီး နန်းတော်ဆီသို့ သွားလိုက်၏။
ကြယ်လမြို့သည် ကြယ်လတိုင်းပြည်၏ ဗဟိုတွင်ရှိသည်။ ထို့ကြောင့် ဤနေရာတွင် တစ်စုံတစ်ယောက်၏ ဂုဏ်သတင်းကို မြှင့်တင်ရန်မလွယ်ပေ။ ကစားသမားများက ဂုဏ်သတင်း တာဝန်များပေါ် အားထားလျှင် ကြယ်လမြို့၏ မြို့စားဖြစ်မလာခင်၌ သူတို့က အချိန်ယူရအုံးမှာဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့် ကစားသမားများစွာကကြယ်လမြို့တွင် စီးပွားရေး လုပ်ရန်ကို လက်လျော့လိုက်ပြီး ကျန်သည့်မြို့များကိုသာ ပစ်မှတ်ထားလိုက်သည်။ သို့သော် ကြယ်လမြို့ထဲတွင် ကစားသမားများစွာရှိသည်။ သန်းချီသော ကစားသမား ကြားထဲတွင် အံ့သြဖွယ်ကောင်းသည့် ဝိသေသများရှိသည့်သူတချို့လည်းရှိသည်။ အတိတ်တုန်းက အငယ်တန်းမှူးမတ် မြို့စားငယ်တို့တောင် ဖြစ်နိုင်သည့် တစ်ကိုယ်တော် ကစားသမားများလည်းရှိခဲ့သေးသည်။
အဆုံးတွင် ထိုတစ်ကိုယ်တော်ကစားသမားများအတွက် မြေနေရာကာင်းအချို့ရရှိခဲ့ပြီး အခွင့်အရေးယူကာ သူတို့ကြီးပွားချမ်းသာခဲ့သည်။ သူတို့ရရှိခဲ့သည့် လစဉ်ငှားခက နေ့ရက်များကို ဇိမ်ခံပြီး နေထိုင်ရန်လုံလောက်သည်။
တစ်ကိုယ်တော်ကစားသမားများဖြစ်သော်လည်း ထိုတစ်ကိုယ်တော်များက သာမန်ဇာတ်ကောင်များ မဟုတ်ကြပေ။ သူတို့က ဆင်းရဲမွဲတေသည့် တစ်ကိုယ်တော်များ မဟုတ်ကြပေ။ ထိုအစား သူတို့ကကြွယ်ဝချမ်းသာသည့် တစ်ကိုယ်တော်သမားများဖြစ်ကြသည်။ သူတို့က ကျန်သည့် ပုံရိပ်ယောင် တကယ့်ဂိမ်းများထဲတွင်လည်း တော်လေးနာမည်ကြီးပြီး ထိုဂိမ်းများ ဆော့နေချိန်အတောအတွင်း ပိုက်ဆံပမာဏများစွာ ရရှိသည်။
အထူးနည်းလမ်းကနေ ထိုလူများက အချိန်တိုအတွင်း ဂုဏ်သတင်းမှတ်များစွာ စုဆောင်းနိုင်ခဲ့ကာ အငယ်တန်းမှူးမတ် လျင်မြန်စွာ ဖြစ်လာတော့သည်။ ထိုအဖြစ်အပျက်ထုတ်ဖော်ခံရပြီးနောက် ကစားသမားများက ကျန်သည့် ကြယ်လမြို့ရှိ ကစားသမားတိုင်း၏ အားကျရာဖြစ်လာခဲ့သည်။
ထိုနည်းလမ်းက အလွန်ရိုးရှင်းသည်။ ကစားသမားများက ဂိမ်းငွေကြေးများဖြင့် ထောက်ပံ့မှုအချို့ကို ဝယ်ယူပြီး ကြယ်လမြို့အတွက် ဂုဏ်သတင်းမှတ်များကို ရရန်အတွက် မြို့စားကို ထောက်ပံ့မှုများ ပြုလုပ်ပေးရန်သာဖြစ်သည်။ ကံဆိုးသည်မှာ ဂုဏ်သတင်းမှတ်အတွက် ဂိမ်းငွေကြးအချိုးအစားက သာမန်ကစားသမားတိုင်းကို စည်းစနစ်အား ဆက်၍စေလောက်သည်။
သို့သော် ရှီဖုန်းက ယခု ပိုက်ဆံမချို့တဲ့တော့ပေ။ သူ့တွင်မရှိသည်က အချိန်သာဖြစ်သည်။ စျေးကြီးသည့် နည်းလမ်းဖြစ်လျှင်တောင် သူကပေးချင်ဦးမှာဖြစ်သည်။
အတွဲ – ၂၅ ပြီး၏။