ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 501 မြို့စားဟာ့ဖိထ်
ကြယ်လမြို့ နန်းတော်အပြင်ဘက်၌ အလင်းရောင်များ တောက်ပနေသည်။ ထိုစဉ် နန်းတော်နှင့် ကပ်လျက်လမ်းက ပွဲကြီးတစ်ခု ကျင်းပနေသည်အလား ကစားသမားက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ လမ်းပေါ်တွင် ကစားသမားများ ပြည့်နေပြီး သူတို့၏ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြသည်။
ကြယ်လမြို့က ကြယ်လတိုင်းပြည်ရှိ ကျန်သည့်မြို့များနှင့် မတူပေ။ ဤနေရာရှိ လူဦးရေးက သိပ်သည်းပြီး ကစားသမားများက ကျန်သည့်တိုင်းပြည်များနှင့် အင်ပါယာများမှ ဝင်ထွက်သွားလာနေကြသည်။ ထိုကြောင့် ၃၊ ၄ ရက်တစ်ကြိမ်မှသာ သူတို့၏ စျေးဆိုင်ကို ခင်းနိုင်သည်။ ကျန်သည့် မြို့များနှင့် မတူပေ။ ကစားသမားများက ကြယ်လမြို့တွင် ဈေးဆိုင်များကို နေတိုင်းတည်ခင်းနိုင်ပေသည်။ ဆိုင်တစ်ဆိုင် တည်ဆောက်ရန်အတွက် ငှားရမ်းခက အခမဲ့မဟုတ်ပေ။
အခကြေးငွေပေးရသည့်တိုင် ကစားသမားများစွာက လေလံအိမ်တော်နှင့် ကျန်သည့်ပိုကြီးမားသည့်ဈေးများ အသုံးပြုရခြင်းထက် ဈေးဆိုင်ခင်းပြီး သူတို့၏ အိုင်တမ်များကို ရောင်းချချင်စိတ်ရှိသေးသည်။ ဤနေရာတွင် သူတို့၏ အိုင်တမ်များကို ပိုနိမ့်သည့်ဈေးဖြင့် ရောင်းရသည့်တိုင် သူတို့က ပိုကြီးမားသည့် အကျိုးအမြတ်တောင် ရသေးသည်။
ပုံမှန်ဆို ကစားသမားများက ပိုက်ဆံလိုလျှင် သို့မဟုတ် ရှားပါးပြီး တန်ဖိုးကြီးသည် အိုင်တမ်အတွက် ပိုကောင်းသည့် ဈေးနှုန်းရချင်လျှင် လေလံအိမ်တော်ကနေတစ်ဆင့် သူတို့၏ အိုင်တမ်များကို ရောင်းချကြသည်။ ဆိုင်များတွင် အိုင်တမ်များရောင်းချသည်က ပိုဈေးပေါပြီး တစ်ကိုယ်တော်ကစားသမားများနှင့် အစည်းအရုံးကြီးများက သူတို့လိုအပ်သည့် ကုန်ကြမ်းများ၊ အိုင်တမ်များကို လာရောက်ဝယ်ယူလေ့ရှိသည်။
ရှီဖုန်းက အထောက်အကူပြုပစ္စည်းတစ်ချို့ ဝယ်ယူရန်အတွက် ဤနေရာသို့ ရောက်လာတာ ဖြစ်သည်။ ဂုဏ်သတင်းမှတ်အတွက် ဂိမ်းဝင်ကြေးများလည်း လှဲလှယ်သည့်နည်းလမ်းက အမှန်တကယ်တော့ ကြယ်လမြို့ထဲရှိ ထူးခြားသောတာဝန်တစ်ခု ရှာတွေ့ခဲ့တာ ဖြစ်သည်။
မြေအောက်စခန်းများနှင့် မွန်းစတားများကို စီးနင်းတိုက်ခိုက် ကြိတ်ချေပြီး အဆင့်တက်ရန် အာရုံစိုက်ကြသည့် ကစားသမားများအဖို့ သူတို့က ထိုအထူးတာဝန်ကို သတိမပြုခဲ့မိကြပေ။ သို့သော် အဆင့်တက်နှေးပြီး ဂိမ်းကို သူများထက်ပို အာရုံစိုက်သည့် ကစားသမားကတော့ ထိုတာဝန်ကို ရှာတွေ့ရန် မခက်ခဲပေ။ သူတို့က မြို့တော်ထဲရှိ အချက်အလက်ကို နားထောင်ရုံမျှဖြင့် သူတို့က တာဝန်ကို ဖြေရှင်းနိုင်သည့် သဲလွန်စအချို့ကို ရရှိနိုင်သည်။
သဲလွန်စက မြို့စားဟာ့ဖိတ်၏ သမီးသည် နာမကျန်းဖြစ်နေပြီး ဆေးပင် ပမာဏအမြောက်အမြား လိုအပ်နေသည်။
ထိုတာဝန်က သာမန်ဆေးပင်များ၏ တစ်ဖုံကို လိုအပ်နေသည်။ ထိုတာဝန် ပြီးမြောက်ပြီးနောက် ကစားသမားများက စက်များနှင့် EXP များလုံလုံလောက်လောက် ရရှိမှာဖြစ်သည်။ ကစားသမားများက ထိုတာဝန်ကို မလွဲမသွေလက်ခံနိုင်လောက်သည်။
ကံဆိုးသည်မှာ ဆေးပင်များ၏ တန်ဖိုးနှင့် ရရှိသောပိုက်ဆံပမာဏနှင့် EXP က မတန်ပေ။ အတိတ်တုန်းက အဆင့်တက်လိုသည့် ကြွယ်ဝချမ်းသာသူများက ထိုတာဝန်များကတစ်ဆင့် သူတို့၏ EXP များကို မြင့်တင်ရန် ပိုက်ဆံသုံးစွဲခဲ့ကြသည်။ ထိုသို့တိုင် သူတို့က ဤအဆင့်တက်သည့် နည်းစနစ်တွင် သူတို့ ပိုက်ဆံများများစားစား မရင်နှီးမမြှပ်နှံခဲ့ပေ။ ဆိုရလျှင် ဂိမ်းငွေကြေးများက ဂိမ်း၏ အစပိုင်းအဆင့်တွင် အလွန်တန်ဖိုးရှိသည်။ မည်သူမှ ရူးမိုက်စွာ အသုံးမပြုကြပေ။
အတိတ်တုန်းက ထိုအထူးတာဝန်သည် ပိုက်ဆံကို EXP အတွက် လှဲလှယ်နိုင်သည့် နည်းလမ်းမှန်း လူတိုင်းက သိကြသည်။ ရူးသွပ်သည့် လူတစ်ချို့သာ ကွင်းပြင်ထဲ၌ အဆင့်မမြင့်ချင်ကြပဲ ဆေးပင်များကို အင်တိုက်အားတိုက်ဝယ်ယူကာ ၄င်းတို့ကို အထူးတာဝန်ပြီးမြောက်ရန်အတွက် အသုံးပြုလိုက်သည်။
ထိုနည်းဖြင့် တစ်ကိုယ်တော်သမားများက ဆေးပင်တစ်ဖုံအတွက် ၁၅၀၀ လှဲလှယ်ရပြီး ထိုတာဝန်၏ အရေးကြီးသည့် အမှတ်သို့ ရောက်ရှိလာသည်။
ကစားသမားတစ်ဦးက ဆေးပင် ၁၅၀၀ လှဲလှယ်ခြင်း မြို့စားဟာ့ဖိထ်က ကစားသမားကို ပိုက်ဆံနှင့် EXP ဆုမချီးမြှင့်တော့ပေ။ ထိုအစား မြို့စားက ကစားသမားကို ကျေးဇူးတင်ခြင်း လက်ဆောင် ပေးပို့သည်။
ထိုလက်ဆောင်နဲ့က အိုင်တမ်အမျိုးမျိုး ရနိုင်ပေသည်။ သူတို့ကြားထဲတွင် ဂုဏ်သတင်းစာအုပ်တစ်အုပ်ရရန် ၁၀ ရာခိုင်နှုန်း အခွင့်အရေး ရှိသည်။ ၄င်းကို အသုံးပြုချိန်၌ ဂုဏ်သတင်းစာအုပ်က အသုံးပြုသူကို ကြယ်လတိုင်းပြည်၏ ဂုဏ်သတင်းမှတ် ပမာဏရရှိစေမှာ ဖြစ်သည်။ ထို့ကြောင့် ရှီဖုန်းသည် ဆေးပင်များ ဝယ်ယူရန် ရရှိလာတာ ဖြစ်သည်။ သူက သာမန်ဆေးပင်များရော ရှားပါးတဲ့ဆေးပင်များမှာ ဝယ်ခဲ့တာ ဖြစ်သည်။
ဈေးထဲ လှည့်ပတ်ကြည့်ရှူပြီး ဆေးပင်များ ဝယ်ယူပြီးနောက် ရှီဖုန်းက ကုန်သွယ်ရေးလှိုင်းကတစ်ဆင့် အော်လိုက်သည်။
” သာမန်ဆေးပင်တွေ ဝယ်ချင်ပါတယ် …။ ရှားပါးတဲ့ ဆေးပင်တစ်ဖုံကို ကြေးပြား ၄၀ ရှားပါးတဲ့ဆေးပင်တစ်ဖုံကို ငွေပြား ၃ ပြား .. ရှိသလောက် ဝယ်ပါမယ် …”
ကုန်သွယ်ရေးလှိုင်းက ဈေးဆိုင်တန်းတွင်သာ ရနိုင်သည့် ထူးခြားသော လှိုင်းတစ်ခုဖြစ်သည်။ ဈေးဆိုင်တန်းရှိ မည်သူမဆို ထိုချာနယ်ကနေတစ်ဆင့် စာများ ရရှိနိုင်သည်။ သို့သော် သူတို့စာပို့လိုသည့် ကစားသမားများက ပို့ခ ငွေပြားတစ်ပြား ပေးရသည်။ ပို့လိုသည့်စာအရေအတွက်က စကားလုံး ၁၀၀ ကန့်သက်ထားပြီး ၄င်းက တန်ဖိုးရှိသည့် မြင့်တင်ရေးကိရိယာ ဖြစ်သည်။
ထိုနည်းဖြင့် ရှီဖုန်းက အချိန်ကုန်သက်သာသည်။
ဈေးဆိုင်တန်းရှိ ဆေးပင်များ ပမာဏနှင့် ဈေးက အမျိုးမျိုးရှိသည်။ ရှီဖုန်းက ဈေးထဲရှိဆိုင်တိုင်းကို သွားနေလျှင် သူမောပန်းပြီး သေသွားသည့်တိုင် ပမာဏအနည်းငဟ်သာ ရပေလိမ့်မည်။ ထို့ကြောင့် ဆိုင်ပိုင်ရှင်တိုင်းကို သူက အသိပေးအကြောင်းကြားကာ ဆေးများအားလုံးကို ပျမ်းမျှဈေးနှုန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းလိုက်သည်။ ပုံမှန်ဆို စိတ်ဝင်စားသည့် ကစားသမားများက သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချရန် ဆင်းလာမှာ ဖြစ်သည်။
ရှီဖုန်း ကြေငြာပြီး ခဏအကြာ ကစားသမားများစွာက သူ့ဆီပြေးလာကြသည်။
” သူဌေး .. ဆေးပင် ဘယ်လောက်လိုချင်တာလဲ …”
” ဓားသမားအစ်ကိုကြီး ကြည့်ပါအုံး .. ကျွန်တော်မှာ အရေးအသွေးကောင်းတဲ့ ဆေးပင်တွေရှိတယ် …။ ကျွန်မ ဒါတွေအများကြီး ဝယ်ရင်ဈေးလျော့ပေးမယ် …”
ဆာလောင်နေသည့် ဝံပုလွေများကဲ့သို့ ကစားသမားများသည် ရှီဖုန်းကို စိုက်ကြည့်နေကြသည်။ သူတို့က သူ့နားတွင် ဝိုင်းရံကာ သူတို့၏ ဆေးပင်များ ရောင်းချနေ၏။ သူတို့ ရောက်လာမှုက ရှီဖုန်း အစောပိုင်းမျှော်လင့်ထားတာထက် ပိုနေသည်။
” ကောင်းပြီ …။ ကောင်းပြီ …။ လောဖို့မလိုဘူး …။ အားလုံးပဲ တန်းဆီပြီး ကျွန်တော်နဲ့ လှဲလှယ်ပါ …”
ရှီဖုန်းက ပြုံးပြီး လူအုပ်ကြီးကို စိတ်အေးအေးထားရန် ပြောလိုက်သည်။
မြို့တော်ထဲရှိ ကစားသမားများ၏ စိတ်လှုပ်ရှားမှုက ပိုပြင်းထန်လာသည်။
သို့သော်အနည်းငယ် စဉ်းစားပြီးနောက် သူတို့၏ စိတ်လှုပ်ရှားမှုက သဘာဝကျပေသည်။ ကစားသမားများသည် အဆင့်တက်ရန်အတွက်သာ အလုပ်များနေပြီး လူနေမှု အမျိုးအစားအကြောင်း စိတ်လှုပ်ရှားမှု မရှိပေ။ အစည်းအရုံများက သူတို့၏ ကိုယ်ပိုင် အဂ္ဂရတ်ဆရာများကို ပြုစုပျိုးထောင်သည့်တိုင် အစည်းအရုံးများသည်လည်း သူတို့၏ အဂ္ဂရတ်ဆရာများအတွက် ဆေးပင် ပမာဏများ အလွယ်တကူ ထောက်ပံ့ပေးနိုင်သည်။ သူတို့က ဝယ်ယူရန် မလိုပေ။
ပိုအရေးကြီးသည်က ဆေးပင်များ တောင်းဆိုသည့် ပမာဏက အလွန်နိမ့်ကျနေသောကြောင့် စိတ်လှုပ်ရှားနေတာ ဖြစ်သည်။ အသုံးဝင်သည့် ဆေးညွှန်းတစ်ခုက အလွန်ရှားပါးလျှင် ဆေးပင်အတွက် တောင်းဆိုမှုက ပိုတောင်ကျဆင်းသွားနိုင်သည်။ ထို့အပြင် ကြယ်လတိုင်းပြည်က ဆေးပင်ချို့တဲ့သည့် တိုင်းပြည်မဟုတ်။ ရလဒ်အနေဖြင့် ဆေးပင်များ ကျန်ခဲ့တာက ဆေးပင်များ၏ ဈေးနှုန်းက အတော်လေးနိမ့်ကျသည်။
ဆေးတစ်ဖုံနှင့် ဆေးပင် ၂၀ ရှိသော်ငြား သာမန်ဆေးပင်များကို ငွေပြား ၄၀ ဖြင့်သာ ရောင်းနိုင်သည်။ ရှားပါးသော ဆေးပင်များအတွက် ငွေပြား ၃၀ ဖြင့် ရောင်းနိုင်သည်။ ဆေးပင်များ မည်မျှတန်ဖိုးမဲ့မှန်း မှန်းဆနိုင်ပေသည်။
ထိုမျှနိမ့်သည့်ဈေးဖြင့်တောင် လူအနည်းငယ်က ဆေးပင်များ ဝယ်ယူရန် ဆန္ဒရှိသေးသည်။ ထို့ကြောင့် လူအနည်းငယ်သာ ဝယ်ယူလိုစိတ် ရှိကြသည်။ ထို့ကြောင့် ရှီဖုန်းကို လူတိုင်းက တွေ့ရန် စိတ်လှုပ်ရှားနေကြတာ ဖြစ်သည်။
ကစားသမားများသည် စွန့်စားသွားလာနေစဉ် ဆေးပင်များစွာ ရရှိခဲ့ပြီး သူတို့က ပုံမှန်ဆို ရောင်းချရန်အတွက် ထိုဆေးပင်များကို အချိန်အတော်ကြာ စုဆောင်းခဲ့တာ ဖြစ်သည်။
ယခုဆို ကစားသမားများ၏ အပြုအမူက ရှီဖုန်းအတွက် ကောင်းကျိုးရရှိစေသည်။ အချိန်တိုအတွင်း ရှီဖုန်းက သာမန်ဆေးပင်အဖုန် ၂၀ နှင့် ရှားပါးဆေးပင်အဖုန် ၂၀၀ ကို ဝယ်ပြီး ရွှေပြားစုစုပေါင်း ၁၄ ပြား သုံးစွဲလိုက်ရသည်။ အခြားသော ကစားသမားများအတွက် ၄င်းက များပြားသည့်ပမာဏ ဖြစ်သော်လည်း ရှီဖုန်းအဖို့မူ ရေပုံးထဲရှိ ရေတစ်စက်သာ ဖြစ်သည်။
” စိတ်မကောင်းပါဘူး …။ ကျွန်တော်အိတ် ပြည့်နေပါပြီ …။ အားလုံးပဲ ကျေးဇူးပြုပြီး .. ဒီမှာ ခဏစောင့်ပေးပါ …။ ကျွန်တော် ပြန်လာခဲ့ပါမယ် …”
ရှီဖုန်းက အမြန်ပြန်ပြီး မြို့စား၏ အိမ်တော်ဝန်းသို့ ပြေးသွားလိုက်သည်။
လူအုပ်ကြီး၏ မျက်လုံးထဲတွင် တွန့်ဆုတ်မှုပြည့်နေပြီး ရှီဖုန်း ထွက်ခွာသွားတာကို ကြည့်နေရသည်။ သို့သော် သူပြန်လာဝယ်မည့်အကြောင်းကို ကြားသောအခါ သူတို့က စောင့်နေရန်သာ ရွေးချယ်ပြီး သူပြန်လာမှာကို တိတ်တဆိတ်စောင့်နေကြသည်။
ယခုအချိန်တွင် ဆေးပင်များ ဝယ်ယူလိုသည့် ကစားသမားအရေအတွက်က နည်းလွန်းသည်။ ယခု ကစားသမားတစ်ဦးပေါ်လာသောကြောင့် သူတို့က ထိုအခွင့်အရေးကို မည်ကဲ့သို့ လက်လျော့နိုင်မည်နည်း။ သူတို့က နာရီအနည်းငယ် စောင့်ရလျှင်တောင် စောင့်မှာဖြစ်သည်။ မိနစ်ပိုင်းဆိုလျှင် ပြောနေရန်တောင် မလိုတော့ချေ။
မြို့စားအိမ်တော်ထဲ ဝင်ပြီးနောက် အဆင့် ၁၅၀ မဟာအိမ်တော်ထိန်း၏ မိတ်ဆက်ပေးမှုအပြီးတွင် ရှီဖုန်းက အဆင့် ၂၀၀ မြို့စားဟာ့ဖိထ်ဆီ ရောက်လာခဲ့သည်။ အကြမ်းဖျဉ်းပြောပြီးနောက် မြို့စားဟာ့ဖိထ်က ရှီဖုန်းကို သူ့သမီး၏ ရောဂါအကြောင်း ပြောပြခဲ့သည်။
ရှီဖုန်းက ဆေးပင်များ စုဆောင်းရန်အတွက် အထူးတာဝန်ကို ရရှိခဲ့သည်။ သူက အိတ်ထဲမှ ဆေးပင်များ တစ်ဖုံပြီးတစ်ဖုံ ထုတ်လိုက်၏။ ထုတ်လိုက်သည့် ဆေးပုံတိုင်းအတွက် သူက ကြေးပြား ၂၀၀ နှင့် EXP ၂၀၀၀ ဆီရရှိခဲ့သည်။ ရှီဖုန်းက လှဲလှယ်မှုတိုင်းတွင် ကြေးပြား ၂၀ ဆုံးရှုံးသည့်တိုင် သူက ဘာစိတ် မှ မရှိပေ။
သွန်လုပ်တာနှင့် ယှဉ်လျှင် သူသည် ဆေးပင်များကို အပ်နှင်းပြီး အဆင့်တက်သည့်နှုန်းက ပိုမြန်ဆန်သည်။ သူသာ မြို့စားကို ဆေးပင်များပေးနေလျှင် သူက EXP ချက်ချင်း ရနိုင်သည်။ ဖြစ်စဉ်က အလွန်မြန်ပြီး အဆင်ပြေသည်။
ခဏအတွင်း၌ ရှီဖုန်းက သာမန်ဆေးပင်အဖုံ ၁၅၀၀ ကို လှဲလှယ်ပြီးဖြစ်ကာ ရွှေပြား ၃ပြားနှင့် EXP သိန်း ၃၀ ရရှိခဲ့သည်။ နာရီဝက်မပြည့်မီ၌ ရှီဖုန်း၏ EXP ဘားတန်းက သိသိသာသာ တိုးတက်လာခဲ့သည်။
နာရီဝတ်အတွင်း EXP သိန်း ၃၀ ရရှိခြင်းက အဆင့်တက်ရန်အတွက် မယုံနိုင်လောက်အောင် ထိရောက်ပေသည်။ ကံဆိုးသည်မှာ ဆေးပင် ၁၅၀၀ အဖြစ်ပြောင်းလဲသွားပြီးနောက် သူက ကျေးဇူးတင် လက်ဆောင်တစ်ခုသာ ရရှိခဲ့သည်။
ကုန်ပစ္စည်းများ ရောင်းချရန်အတွက် ကစားသမားများစွာက သူ့ကို စောင့်ကြိုနေသောကြောင့် ရှီဖုန်းက အချိန်ဖြုန်းမနေတော့ပဲ ဆေးပင်အားလုံး လှဲလှယ်လိုက်သည်။
သာမန်ဆေးပင်များနှင့်မတူပဲ ရှားပါးသော ဆေးပင်များတစ်ဖုံဆီအတွက် သူက ကျေးဇူးတင်လက်ဆောင် ၁၀ ခု ရရှိခဲ့သည်။ ပိုက်ဆံကတော့ လက်ဆောင်အတွက် ရှားပါးဆေးပင်များဖြင့် လှဲလှယ်ရသည်က ပိုတန်ဖိုးရှိသည်။ ကံဆိုးသည်မှာ ရှားပါးဆေးပင်များကလည်း ရှားလွန်း၏။