ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 503 ယင် ယန် လျှောက်လှမ်းသူ
ရှီဖုန်းက ဆည်းဆာရတနာသေတ္တာကို ကြည့်ပြီး သူ၏ အခြေအနေကို ဂရုတစိုက် စဉ်းစားလိုက်သည်။ လက်ရှိတွင် သူ့အပေါ်၌ ကျေးဇူးတင်လက်ဆောင် ၁၂၀၀၀၀ ရရှိပြီဖြစ်ကာ ၄င်းတို့က သူ့ဂုဏ်သတင်းကို လုံလောက်သည့်အဆင့်အထိ မြင့်တက်ပေးနိုင်မှာ သေချာသည်။
ကံကောင်းသည့် ဆေးရည်က အမျိုးမျိုးသော နေရာများတွင် အသုံးချနိုင်ပေသည်။ မွန်းစတားများမှ ပစ္စည်းကျတဲ့အပြင် ကံကောင်းမှုကလည်း ရတနာသေတ္တာများနှင့် လက်ဆောင်သေတ္တာများ ဖွင့်ရာ၌ သိသာသည့် အခန်းကဏ္ဍထဲ၌ ပါဝင်ပြီး ၄င်းတို့၏ အာနိသင်က ပစ္စည်းကျသည့်နှုန်းလောက်တော့ သိပ်မကောင်းပေ။
သို့သော် အီကာရက်၏ နှလုံးသားက ရှီဖုန်းကို သာမန်အခြေအနေအောက်တွင် ကံကောင်းမှု ၅ မှတ်သာပေးပြီး ထိုပမာဏက ရတနာသတ္တောများ ဖွင့်ရာတွင် သိသာသည့် ကွဲပြားခြားနားမှုတွေ ပြုလုပ်ရန်အတွက် နည်းပါးလွန်းသည်။
ကံကောင်းမှု ကိန်းဂဏန်းအချက်အလက်ပေါ် ရှီဖုန်းနားလည်သဘောပေါက်ထားမှုအရ ၅ မှတ်က ရတနာသေတ္တာဖွင့်သည့်အခါတွင် သူ၏ အိုင်တမ်ကျသည့်နှုန်း၏ ၂ ဆတောင် မဟုတ်ပေ။ ဆည်းဆာ ရတနာသေတ္တာက ပစ္စည်းကောင်းများ ကျတာ အလွန်နည်းသည်ဟူ၍ ကျော်ကြားသည်။
နတ်ဘုရားစောင့်ရှောက်မှုနှင့် သူ၏ ကံကို ၂၅မှတ်အထိ မြင့်တင်ပေးခြင်းဖြင့် ရတနာသေတ္တာဖွင့်သည့် တစ်ခါ၌ သိသာသည့် အခွင့်အရေးတိုးတက်မှု ရရှိပေလိမ့်မည်။ သို့သော် နတ်ဘုရားစောင့်ရှောက်မှုက စက္ကန့် ၃၀ သာကြာရှိကာ ၄င်း၏ ပြန်လည်အသုံးပြုနိုင်သည့် အချိန်က တစ်နာရီခန့်ကြာမှာ ဖြစ်သည်။
” ငါရဲ့ ဂုဏ်သတင်းကို မြင့်တင်ပြီးမှ ဆုံးဖြတ်တာပေါ့ …”
ထိုသို့ပြောပြီးနောက် ကျေးဇူးတင်လက်ဆောင်များကို ဖွင့်လိုက်သည်။
မေတ္တာလက်ဆောင်တစ်ခုချင်းဆီကို ဖွင့်ရန်အတွက် ၁ စက္ကန့်သာကြာသည်။ ရှီဖုန်းက တစ်ဆက်ထဲ လက်ဆောင် ၁၀ ခုဖွင့်လိုက်သည်။ ကြေးပြားအချို့ ရရှိသည့်အပြင် ဂုဏ်သတင်းစာအုပ် ၂ အုပ်ရရှိကာ သူထင်ထားတာထက် နိမ့်ကျနေသေးသည်။
ဂုဏ်သတင်းစာအုပ်က အသုံးပြုသူ၏ ကြယ်လမြို့ ဂုဏ်သတင်းကို ၁ မှတ်တိုးပေးနိုင်သည်။ ကံဆိုးသည်မှာ စာအုပ်ကို လှဲလှယ်၍ မရပေ။ မဟုတ်ပါက ရှီဖုန်းသည် ၄င်းကို လူအများဆီ ရောင်းချမှာ သေချာသည်။
သို့သော် ထိုဂုဏ်သတင်းစာအုပ်၏ အာနိသင်က ကစားသမားတစ်ဦး၏ ဂုဏ်သတင်းတိုးတက်နှုန်းထက် ပိုအားနည်းသည်။ အမှတ် ၁၀၀ အောက်၌ စာအုပ်က ကစားသမားတစ်ယောက်၏ ဂုဏ်သတင်းကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်နှုန်းဖြင့် ၁ မှတ်တိုးပေးနိုင်သည်။ ၁၀၀ မှတ်သို့ ရရှိပြီးနောက် ၄င်းက ၆၀ ရာခိုင်နှုန်း အခွင့်အရေးတစ်ခုသာ ရှိတော့သည်။ ၂၀၀ မှတ်သို့ ရောက်ပြီးနောက် အောင်မြင်နိုင်ချေက ၃၀ ရာခိုင်နှုန်းဖြစ်သွားကာ ၃၀၀ မှတ်တွင် ၂၀ ရာခိုင်နှုန်း၊ ၄၀၀ မှတ်တွင် ၁၀ ရာခိုင်နှုန်းဖြစ်သည်။ ကစားသမားတစ်ယောက်၏ ဂုဏ်သတင်းက အမှတ် ၅၀၀ သို့ ရောက်သည့်အချိန်၌ ဂုဏ်သတင်း စာအုပ်ကို အသုံးပြုသည့်အခါ ၁ မှတ် သူတို့ ဂုဏ်သတင်းကို တိုးမြင့်ရန် ၃ ရာခိုင်နှုန်းအခွင့်အရေးသာ ရှိသည်။
ဟာ့စ်ရွန်တစ်ဦးဖြစ်ရန်အတွက် ကစားသမားများသည် ဂုဏ်သတင်းအမှတ် ၅၀၀ လိုအပ်သည်။ မြို့စားငယ်တစ်ဦးဖြစ်ရန်အတွက် ကစားသမားတစ်ဦးသည် ဂုဏ်သတင်းမှတ် ၁၀၀၀ လိုအပ်သည်။
ရှီဖုန်းက ဂုဏ်သတင်းစာအုပ်ကိုသာ အားထားပြီး မြို့စားငယ်တစ်ဦးဖြစ်ရန် မျှော်လင့်နေပါက သူသည် အံ့အားသင့်ဖွယ် ကောင်းသည့် မနက်အထိ ရှာရန် လိုအပ်ပေသည်။ မြို့စားအဆင့်ထက် တစ်ဆင့်ပိုမြင့်သည့် မြို့စားမှူးဖြစ်ရန်အတွက် ၄င်းက ဘယ်လိုမှ မဖြစ်နိုင်ပေ။
ကစားသမားတစ်ဦးသည် မြို့စားတစ်ဦးဖြစ်ရန်အတွက် ဂုဏ်သတင်းမှတ် ၃၀၀၀ လိုအပ်သည်။
” ကံကောင်းမှု ၅ မှတ် ရထားတဲ့ အာနိသင်က အတော်ကောင်းတာပဲ …။ ဆန်းကြယ်စာအုပ် ရမလားသိချင်မိတယ် …”
ရှီဖုန်းက တွေးလိုက်သည်။ ကံကောင်းမှု ၅ မှတ်ဖြင့် မေတ္တာလက်ဆောင်မှ ဂုဏ်သတင်းစာအုပ်များ ရနိုင်သည့် အခွင့်အရေးက ကျန်သည့် ကစားသမားများထက် ပိုမြင့်သည်။ သို့သော် ကြေးပြားများနှင့် ဂုဏ်သတင်းစာအုပ်အပြင် ဆန်းကြယ်စာအုပ်ကို ရရှိရန်အတွက် ကစားသမားများအတွက် အလွန်သေးငယ်သည့် အခွင့်အရေးလည်း ဖြစ်နေသေးသည်။
ဆန်းကြယ်မှုသည် ကျွမ်းကျင်ခြင်းက နတ်ဘုရားနယ်မြေထဲတွင် မည်သည့်ကစားသမားများအတွက်မဆို အလွန်အရေးကြီးသည်။ ဥပမာ ရှီဖုန်းကိုယူသော် သူ၏ ကျွမ်းကျင်မှုက အလွန်မြင့်မားပြီး သူ၏ အခြေခံတိုက်ခိုက်မှုက ကျန်သည့် ကစားသမားနှင့် ယှဉ်လျှင် ထိခိုက်မှု ပိုများသည်။ သူသည် လက်တစ်ဖက်ဓား ကျွမ်းကျင်မှုအဆင့်မှ အခြေခံဓားပညာရှင်အဆင့်သို့ မြင့်တင်နိုင်လျှင် သူ၏ အခြေခံဓားတိုက်ခိုက်မှုကို ၃၀ ရာခိုင်နှုန်း တိုးတက်စေနိုင်မှာ ဖြစ်ပြီး အဆင့်မြင့်ဓားသမားထက် ၁၀ ရာခိုင်နှုန်း ပိုတိုးစေမှာ ဖြစ်သည်။
အခြေခံတိုက်ခိုက်မှုတွင် ၁၀ ရာခိုင်နှုန်း ခြားနားရုံဖြင့် စကေးတိုက်ခိုက်ချက် ကွာခြားချက်က ပိုတောင်မြင့်သွားမှာ ဖြစ်သည်။ ရှီဖုန်းက အခြေခံဓားပညာရှင် ဖြစ်ရန်အတွက် ၁၂ မှတ်သာ လိုတော့သည်။
သူသာ ကျွမ်းကျင်သူစာအုပ် ရရှိနိုင်လျှင် သူ၏ တိုက်ပွဲဝင်စွမ်းအားကို ပိုမြင့်တင်နိုင်မှာ ဖြစ်သည်။ သူ၏ နည်းစနစ်များကို ပိုထက်မြတ်စေရန် ရှေ့ဟောင်းတိုက်ပွဲကွင်းပြင်သို့ သွားခဲ့သည့်အချိန်တွင် သူက ပိုကောင်းသည့် အာနိသင်များ ရနိုင်သည်။ ရှီဖုန်းက မေတ္တာလက်ဆောင်များ ဆက်ဖွင့်လိုက်သည်။
၁၀၀၊ ၃၀၀၊ ၅၀၀၊ ၁၀၀၀ ..။
နာရီပေါင်းများစွာ ကုန်ဆုံးပြီးနောက် ရှီဖုန်းက မေတ္တာလက်ဆောင် ၁၀၀၀ ကျော်ကိုဖွင့်ခဲ့ပြီဖြစ်ကာ ဂုဏ်သတင်းစာအုပ် ၂၀၀၀ ရရှိခဲ့သည်။ ထို့အပြင်သူက ကံကောင်းပြီး ကျမ်းကျင်ခြင်း စာအုပ် ၈ အုပ် ရရှိခဲ့သည်။ ကျွမ်းကျင်ခြင်း စာအုပ်တစ်အုပ်ခြင်းဆီက သူ့ကို ကျွမ်းကျင်ခြင်းအမှတ် ၁ မှတ် ၁၀၀ ရာခိုင်နှုန်းပေးစွမ်းသည်။
” နတ်ဘုရားစောက်ရှောက်မှုက ဂုဏ်သတင်းတိုးမြင့်တဲ့နေရာမှာရော အာနိသင်ရှိလား …”
ရှီဖုန်းက ထိုသို့တွေးမိသည့်အချိန်တွင် သူ၏ ဂုဏ်သတင်းက အမှတ် ၁၀၀ သို့ရောက်ရှိပြီးနောက် ဂုဏ်သတင်းစာအုပ်များသည် သူကို ၁၀၀ ရာခိုင်နှုန်း ဂုဏ်သတင်းမှတ် ၁ မှတ် မတိုးပေးနိုင်တော့ပေ။ ဆိုလိုသည်မှာ ကံကလည်း အရေးပါလာသည်။
ကံပါလာပြီ ဆိုသောကြောင့် ကံစွမ်းရည်နှင့် တိုက်ရိုက်သက်ဆိုင်နေပေသည်။ ရှီဖုန်းက အနည်းငယ်ပြုံးကာ နတ်ဘုရားစောက်ရှောက်မှုကို အသက်သွင်းလိုက်၏။ ရုတ်တရက်တွင် ရွှေရောင်အလင်းဖျော့ဖျော့က ရှီဖုန်း၏ ခန္ဓာကိုယ်က ထွက်ပေါ်လာပြီး ၄င်းက ကောင်းကင်မှ ကောင်းချီးပေးခံရသည့်အလား ခပ်ဆင်ဆင် တူနေကာ သူသည် ရတနာတစ်ခုလုံးသာ အာရုံစိုက်နေသည်။
ရှီဖုန်းက ချက်ချင်းပင် ဂုဏ်သတင်းမှတ်စာအုပ် ၂၀၀၀ ကို အသက်သွင်းလိုက်၏။
ဂုဏ်သတင်းစာအုပ်တစ်အုပ်ကို အသက်သွင်းခြင်းက အလွန် မြန်ဆန်သည်။ တစ်ချက်နှိပ်ရုံဖြင့် အသက်သွင်းနိုင်မှာ ဖြစ်သည်။ ရှီဖုန်းက စက္ကန့် ၃၀ အတွင်း ဂုဏ်သတင်းစာအုပ်များစွာ အသက်သွင်းလိုက်နိုင်သည်။
ခဏအကြာတွင် ရှီဖုန်း၏ လက်ချောင်းများက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ ရှီဖုန်းအရှိန်ဖြင့် သူက စက္ကန့်တိုင်း ၁၂ ကြိမ်ခန့်နှိပ်နေသည်။ ပြီးနောက် ရှီဖုန်းသည် စနစ်က အသိပေးသည့် အသံများဆက်တိုက် ကြားလိုက်ရသည်။
စနစ် : ဂုဏ်ယူပါတယ်။ သင်သည် ကြယ်လမြို့ ဂုဏ်သတင်းမှတ် တစ်မှတ် ရရှိပါတယ်။
စနစ် : ဂုဏ်ယူပါတယ်။ သင်သည် ကြယ်လမြို့ ဂုဏ်သတင်းမှတ် တစ်မှတ် ရရှိပါတယ်။
စနစ် : ဂုဏ်ယူပါတယ်။ သင်သည် ကြယ်လမြို့ ဂုဏ်သတင်းမှတ် တစ်မှတ် ရရှိပါတယ်။
စက္ကန့် ၃၀ ခန့်ကြာပြီးနောက် ရှီဖုန်းသည် ဂုဏ်သတင်းစာအုပ် ၂၀၀၀ ကျော် ရရှိကာ ၇၀၀ ကျော်သာ ကျန်ခဲ့တော့သည်။ ရှီဖုန်း၏ ကြယ်လမြို့ထဲရှိ ဂုဏ်သတင်းကလည်း ၄၃၆ မှတ်ထိ တိုးသွားပြီး သူသည် အငယ်တန်းမှူးမတ် ဖြစ်ရန်အတွက် ၆၄ မှတ်သာ လိုတော့သည်။ နတ်ဘုရားစောက်ရှောက်မှု၏ အာနိသင်ကလည်း မှတ်ကျောက်တင်စရာပင် ဖြစ်သည်။
” လုံလောက်သွားပြီ …။ ဒါသက်ရောက်မှု ရှိတယ် …”
ရှီဖုန်းက စိတ်လှုပ်ရှားလာတော့သည်။
ထိုနည်းကို အသုံးပြုခြင်းဖြင့် သူသည် မေတ္တာလက်ဆောင် အရည်အတွက်များစွာကို ချွေတာနိုင်မည်ဖြစ်ကာ ထိုနည်းဖြင့် သူသည် မြို့စားငယ်ဖြစ်ရန် မဆိုထားနှင့် မြို့စားတစ်ဦးတောင် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရှီဖုန်းက မေတ္တာလက်ဆောင်များကို ထပ်ဖွင့်လိုက်သည်။ ထိုအချိန်ကာလအတွင်း နတ်ဘုရားစောက်ရှောက်မှုက ပြန်လည်အသုံးပြုလို့ ရလာမှာ ဖြစ်သည်။
တစ်နာရီခန့်ကြာပြီးနောက် ရှီဖုန်းက ဂုဏ်သတင်းမှတ်များကို တဖန် နှိပ်လိုက်ပြန်သည်။
စက္ကန့် ၃၀ ခန့်ကြာပြီးနောက် ရှီဖုန်း၏ ဂုဏ်သတင်းမှတ်များက ၄၃၆ မှတ်မှ ၅၇၈ မှတ်ထိ ရောက်သွားသည်။
ထိုနည်းဖြင့် ရှီဖုန်းက မေတ္တာလက်ဆောင် ၃၀၀၀၀ ကျော်ကို ဖွင့်ပြီးနောက် ရှီဖုန်း၏ ဂုဏ်သတင်းက နောက်ဆုံးတွင် အမှတ် ၁၀၀၀ ပြည့်သွားပြီး ကြယ်လမြို့၏ မြို့စားငယ် ဖြစ်သွားသည်။ ထို့အပြင် သူသည် ကျွမ်းကျင်ခြင်းစာအုပ် စုစုပေါင်း ၂၁ အုပ်လည်း ရသွားသည်။
မူလက ရှီဖုန်းသည် သူ၏ ဂုဏ်သတင်းကို ဆက်တိုက် မြင့်တင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် မေတ္တာလက်ဆောင် ၉၀၀၀၀ ကျော်ကျန်နေသည်ကို မြင်သောအခါ သူသည် နတ်ဘုရားစောင့်ရှောက်မှုကို အသုံးပြုသည့်တိုင် သူအဖို့ မြို့စားတစ်ဦးဖြစ်ရန် လုံလောက်မှာ မဟုတ်ပေ။ ထို့ကြောင့် ရှီဖုန်းသည် ခဏ လက်လျော့လိုက်သည်။
သို့သော် ရလဒ်က ရှီဖုန်း ကနဦးထင်ထားတာကို ကျော်လွန်နေပြီးသား ဖြစ်သည်။ ပုံမှန်ဆို မေတ္တာလက်ဆောင် ၁၂၀၀၀၀ က သူ့အတွက် မြို့စားငယ်ဖြစ်ရန် လုံလောက်မှာ မဟုတ်ပေ။
ထိုနည်းဖြင့် နတ်ဘုရားစောင့်ရှောက်မှုက အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။
သို့သော် ယခုရှီဖုန်းတွင် ကျွမ်းကျင်ခြင်းစာအုပ် ၂၁ အုပ် ရှိနေပြီဖြစ်ကာ သူသာ ကြိုးစားလိုက်လျှင် သူ၏ အသွားတစ်ဖက် ဓားကျွမ်းကျင်မှုကို အမှတ် ၁၅၀ ထိ မြင့်တင်နိုင်မည်ဖြစ်ကာ အခြေခံဓားပညာရှင်တစ်ဦး ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရှီဖုန်းက မေတ္တာလက်ဆောင်များ ဖွင့်ခြင်းကို ဆက်လှုပ်ရှားလိုက်ပြီးနောက် သူ၏ ကြိုးစားအားထုတ်မှုထဲတွင် နတ်ဘုရားစောင့်ရှောက်မှုကိုတောင် အသုံးပြုလိုက်သည်။
နောက်ထပ် မေတ္တာလက်ဆောင် ၁၀၀၀၀ ကျော်ဖွင့်ပြီးနောက် ရှီဖုန်းက ကျွမ်းကျင်ခြင်းစာအုပ် စုစုပေါင်း ၄၈ အုပ် စုစည်းခဲ့ပြီး ဖြစ်သည်။
သူက အသွားတစ်ဖက်ဓား ကျွမ်းကျင်မှုကို အခြေခံ ဓားပညာရှင်အဆင့် ရောက်အောင် မြင့်တင်လိုက်ရာ သူ၏ အခြေခံ ထိခိုက်မှုက ၃၀ ရာခိုင်နှုန်း တိုးသွားသည်။
ယခုအချိန်တွင် ရှီဖုန်းတွင် မေတ္တာလက်ဆောင် ၈၀၀၀၀ တောင် မပြည့်တော့ပေ။ ရှီဖုန်းက ၄င်းတို့အားလုံးကို ဆည်းဆာ ရတနာ သေတ္တာအတွက် လှဲလှယ်လိုက်သည်။
ဆည်းဆာ ရတနာတစ်ခုခြင်းဆီက မေတ္တာလက်ဆောင် ၁၀၀ ကျသင့်သည်။ အဆုံးတွင် ရှီဖုန်းက ဆည်းဆာ ရတနာသေတ္တာ ၈၀၀ နီးပါး ရရှိခဲ့သည်။ သူက ကျန်သည်နေရာများတွင် ထိုမျှများများ ဝယ်လျှင် ရွှေပြား ၈၀၀ ခန့် သုံးစွဲရမှာ ဖြစ်သည်။
နတ်ဘုရားစောင့်ရှောက်မှု၏ ပြန်လည်အသုံးပြုနိုင်မှု ပြီးသွားပြီးနောက်
” ဆည်းဆာ ရတနာသေတ္တာ …။ ငါ့ကို စိတ်မပျက်စေရင် ပိုကောင်းမယ် …”
ရှီဖုန်းက နောက်ထပ် ဆည်းဆာ ရတနာသေတ္တာ ၉ လုံး ကို ထုတ်ပြီး မြေပြင်ပေါ် ချလိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူက နတ်ဘုရားစောင့်ရှောက်မှုကို အသက်သွင်းကာ သူ့ရှေ့ရှိ ရတနာသေတ္တာကို စဖွင့်လိုက်သည်။
အချိန်ကုန်လာသည်နှင့်အမျှ ငွေရောင် ရတနာသေတ္တာက ဖြေးဖြေးခြင်း ပွင့်လာသည်။
တစ်လုံး၊ ၂လုံး၊ ၃လုံး
နောက်ဆုံးတွင် ရှီဖုန်းက စက္ကန့် ၃၀ အတွင်း ဆည်းဆာ ရတနာသေတ္တာ ၃လုံးကို ဖွင့်လိုက်နိုင်သည်။
ဆည်းဆာ ရတနာသေတ္တာ ၉လုံးက သူတို့၏ အဖုံးများဖွင့်လိုက်သည်နှင့် ရောင်စုံအလင်းတန်းများ ဖြာထွက်လာကာ ရတနာ ဗိမ္မာန်တစ်ခုလုံးကို လှပသွားစေသည်။
ရှီဖုန်းက ရတနာသေတ္တာထဲရှိ အိုင်တမ်များကို စတင်စုဆောင်းလိုက်သည်။ ရှီဖုန်းက ၆ ခုမြောက် ဆည်းဆာ ရတနာသေတ္တာထဲရှိ အိုင်တမ်များကို စုစည်းနေစဉ် ရုတ်တရက် တောင့်ခဲသွားသည်။ သူမယုံနိုင်သည့် အကြည့်ဖြင့် အဖြူအနက် တောက်ပနေသည့် လှပသော ယင်ကာကို ကြည့်လိုက်သည်။
” ယင် ယန် လျှောက်လှမ်းသူ …”