ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 505 အပေါ်စီးက ဆက်ဆံသော လွမ်းဆွေးခြင်း
မြစ်ဖြူမြို့ရှိ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း၏ ပန်းပဲခန်းထဲမှ တစ်ခန်းထဲတွင်ဖြစ်သည်။
လွမ်းဆွေးခြင်းအပြုံးက အခြေခံအားဖြည့် သံချပ်ကာကိရိယာများကို သွန်းလုပ်ခြင်းဖြင့် အလုပ်များနေသည်။
မြစ်ဖြူမြို့တွင် ကစားသမားများက များပြားလွန်းသည်။ သူတို့ ၃ ယောက် ထုတ်လုပ်နှုန်းဖြင့် ကစားသမားများစွာ၏ တောင်းဆိုမှုကို ကျေနပ်စေရန် မဖြစ်နိုင်ပေ။ သူတို့သာ ပမာဏများစွာ မထုတ်လုပ်ထားလျှင် သူတို့၏ ပေးသွင်းမှုက အစောထဲက လျော့ကျသွားမှာ ဖြစ်သည်။
” အစ်မအပြုံး …။ အစ်မနဲ့ စီးပွားရေးကိစ္စ ဆွေးနွေးဖို့အတွက် ပထမအလွှာမှာ လူ ၂ ယောက် ရောက်နေပါတယ် …”
” ငါနားလည်ပြီ …။ ကျန်တဲ့သူတွေလိုပဲ အခုအတွက် ဧည့်ကြိုခန်းမှာ စောင့်ခိုင်းထားလိုက် …။ ငါအလုပ်ပြီးရင် လာခဲ့မယ် …”
” ဒါပေမယ့် သူတို့ထဲက တစ်ယောက်က လွှမ်းမိုးခြင်းအပြုံးရဲ့ အစည်းအရုံးခေါင်းဆောင် ဖြစ်တယ် …”
” လွှမ်းမိုးခြင်းအပြုံးရဲ့ အစည်းအရုံးခေါင်းဆောင်လား …”
လွမ်းဆွေးခြင်းအပြုံးက တန့်သွားသည်။
မြစ်ဖြူမြို့၏ အင်အားကြီးအစည်းအရုံးများထဲမှ တစ်ခုအနေဖြင့် ၄င်းက ကျန်သည့်အစည်းအရုံးများထက် ခေါင်းတစ်လုံးပိုသည်။ သူတို့၏ ဘဏ္ဍာငွေနှင့် အဖွဲ့ဝင် အရေအတွက်ကိုလည်း မြင်တွေနိုင်သည်။
လူနေမှုပုံစံ အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းညွှန်က တိုက်ပွဲဝင်အစည်းအရုံးများနှင့် လုံးဝ မတူပေ။ တစ်နည်းဆိုရလျှင် သူတို့ ၂ ဦးကြားထဲ၌ အငြင်းပွားစရာ မရှိသင့်ပေ။
သို့သော် လူနေမှုပုံစံ အစည်းအရုံးတစ်ခုက မည်သည့်တိုက်ပွဲဝင်စွမ်းရည်မှ မပိုင်ဆိုင်ခဲ့ပေ။ အိုင်တမ်များကို ထုတ်လုပ်သည့်အခါ ရှားပါးသော အိုင်တမ်များကို လိုအပ်မှုများသည်။ ထိုကုန်ကြမ်းများစွာက မြေအောက်စခန်းများမှ ကျတာဖြစ်သည်။ ထိုကြောင့် လူနေမှုပုံစံအစည်းအရုံးများက အချို့သော တိုက်ပွဲဝင်အစည်းအရုံးများနှင့် ပူးပေါင်းလေ့ရှိကြသည်။
ထိုသို့သော ဆက်ဆံရေးဖြင့် တိုက်ပွဲဝင်အစည်းအရုံးက ရှားပါးသော ကုန်ကြမ်းများ ပေးသွင်းရန်အတွက် တာဝန်ယူထားကြပြီး လူနေမှုပုံစံ အစည်းအရုံးက တိုက်ပွဲဝင်အစည်းအရုံးပြောသည့် အိုင်တမ်များကို လျော့စျေးပေးကာ ဦးစားပေးရောင်းချလေ့ရှိသည်။
” ဟား .. ဟား .. အချိန်မီပဲ …”
လွမ်းဆွေးခြင်းအပြုံးက ပြောလိုက်သည်။
” ငါအခု လာခဲ့မယ် …”
ထိုသို့ပြောပြီးနောက် လွမ်းဆွေးခြင်းအပြုံးက စားပွဲပေါ်ရှိ ပစ္စည်းများကို သေသေသပ်သပ်ပြင်ပြီးနောက် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
ပထမအလွှာရှိ ဧည့်ကြိုခန်းထဲတွင် မြစ်ဖြူမြို့ရှိ အစည်းအရုံးများစွာ၏ ကိုယ်စာလှယ်များက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်းသို့ ရောက်ရှိနေကြပြီး သူတို့၏ အလားအလာရှိသော ပူးပေါင်းမှုအတွက် ဆွေးနွေးရန်ဖြစ်သည်။ သို့သော် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဝင်လာချိန်တွင် ဧည့်ကြိုခန်းမ တစ်ခုလုံး၏ လေထုက တင်းကြပ်သွားသည်။
အခန်းထဲ၏ လူတိုင်းက အသစ်ရောက်လာသည့် သူများကို အာရုံစိုက်မိသွားသည်။ အထူးသဖြင့် အမျိုးသမီးကို ဖြစ်သည်။ မြစ်ဖြူ မြို့ထဲရှိ အစည်းအရုံးတိုင်းက သူမကို မည်သူမှန်း သိကြသည်။ ထိုအမျိုးသမီးက အခြားသူမဟုတ် လွမ်းမိုးခြင်းအပြုံး၏ အစည်းအရုံးခေါင်းဆောင် ယို့လန် ဖြစ်သည်။
” ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးခန်းမက ဧည့်သည်တွေကို ဘယ်လိုဆက်ဆံရမလည်းဆိုတာ သိတာပဲ …။ ငါတို့ကို ဒီမှာ အခြားအစည်းအရုံးတွေနဲ့အတူ စောင့်ခိုင်းထားတယ် …”
ဖုန်းရွမ်းရန်က ဧည့်ကြိုခန်းမကို တစ်ချက်သိမ်းကြုံးကြည့်ပြီးနောက် လုပ်ငန်း၏ စီစဉ်ထားမှုကို မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ယို့လန်က ဖုန်းရွမ်းရန်၏ မှတ်ချက်ကို ဘာမှ ပြန်မပြောပေ။ ထိုအစား သူမက ထိုင်ပြီး ငြိမ်ငြိမ်သက်သက်စောင့်နေလိုက်သည်။
လွှမ်းမိုးခြင်းအပြုံးက ကြွယ်ဝချမ်းသာပြီး အားကောင်းသော အစည်းအရုံးတစ်ခု ဖြစ်သည့်တိုင် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးခန်းမက သာမန်တည်ရှိမှု မဟုတ်ပေ။ သူတို့သည် အချိန်တိုအတွင်း မြစ်ဖြူမြို့၏ ရွှေမြေနေရာ ၂ ခုကို ဝယ်ယူနိုင်ခဲ့ခြင်းက လုပ်ငန်း၏ အားကောင်းသော နောက်ခံကို ပြသပေးတာ ဖြစ်သည်။
ခဏကြာပြီးနောက် လွမ်းဆွေးခြင်းအပြုံးက ဧည့်ကြိုခန်းမထဲ ဝင်လာသည်။ အခန်းထဲရှိ လေထုက ချက်ချင်းပင် နွေးထွေးသွားပြီး သူမကို ပြုံးပြ ကြိုဆိုကြတော့သည်။
” အားလုံးပဲ ကျေးဇူးပြုပြီး ထိုင်ကြပါ …”
လွမ်းဆွေးခြင်းအပြုံးက အခန်းကို တစ်ချက် ဝှေ့ဝိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။ အခန်းထဲရှိ ကစားသမားတိုင်းက မြစ်ဖြူမြို့၏ အထွတ်အထိပ်နေရာတွင် ရှိနေသူများဖြစ်သည်။ လွမ်းဆွေးခြင်းအပြုံးက အထွတ်အထိပ်ဇာတ်ကောင်များထဲမှ တစ်ယောက်ဖြစ်လာနိုင်လိမ့်မည်ဟု သူမ တစ်ခါမှ မထင်ခဲ့မိပေ။ ယခင်က သူမသည် အစည်းအရုံးများမှ မောင်းထုတ်ခံရသည့် လက်သင်ပန်းပဲပညာရှင်လေးတစ်ဦးမျှသာ ဖြစ်သည်။ နေထိုင်စားသောက်ရေးအတွက် ပန်းပဲပညာကိုသာ မှီခိုအားထားနေခဲ့ရသည်။
အမျိုးမျိုးသောအစည်းအရုံးကြီးများမှ အဆင့်မြင့်မန်နေဂျာများ ရောက်လာတာကို တွေးမိပြီး သူတို့၏ တည်ရှိမှုကပင် သူမ အဝေးက လေးစားအားကျရုံသာ တက်နိုင်သည်။
သို့သော် ယခုအချိန်၌ အားကောင်းသည့် သူများက သူမကို မျက်နှာချိုသွေးကာ နှုတ်ဆက်ကြတော့သည်။ ယခင်ဘဝနှင့် ယှဉ်လျှင် သူမက ကွဲပြားခြားနားသည့် ကမ္ဘာတစ်ခုထဲ ရောက်သွားသလို ဖြစ်နေသည်။
လွမ်းဆွေးခြင်းအပြုံးက ၄င်းကို တွေးမိချိန်၌ သူမ၏ အတွေးများက သူမကို ဤနေရာထိရောက်အောင် မြင့်တင်ပေးခဲ့သည့်သူဆီ ချက်ချင်းရောက်သွားသည်။ ရှီဖုန်းသာ ထိုစဉ်က သူမကို လက်ခံရန်ဆန္ဒ မရှိခဲ့လျှင် သူမ၏ နေ့စဉ်ဘဝကို စိုးရိမ်ပူပန်မှုများဖြင့် ကျော်ဖြတ်နေရဦးမှာ ဖြစ်သည်။ မြစ်ဖြူ မြို့၏ အောက်ခြေအလွှာရှိ ဘဝပုံစံ ကစားသမားထဲမှ တစ်ယောက် ဖြစ်နေဦးမှာဖြစ်ပြီး တစ်ရက်လျှင် ငွေပြား ၁ပြား ၂ပြားသာ ရမှာဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ယခုဆို သူမကိုယ်တိုင် ရွှေပြား ရာချီထောင်ချီတောင် ရှာနိုင်နေပြီဖြစ်ကာ ကွဲပြားခြားနားသည့်နေရာသို့ ရောက်နေပြီဖြစ်သည်။
သူမရှေ့ရှိ လူများက မြစ်ဖြူမြို့ထဲရှိ အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ အထက်အဆင့်မန်နေဂျာများ ဖြစ်ကြသည်။ သူတို့ကြားထဲတွင် လွှမ်းမိုးခြင်းအပြုံး၏ အစည်းအရုံးခေါင်းဆောင်တောင် ပါနေသည်။ ထိုလူများနှင့် စီးပွားရေးကိစ္စ ဆွေးနွေးရန်အတွက် တစ်စုံတစ်ယောက်က မည်မျှ ဖိအားများမည်မှန် မှန်းဆနိုင်ပေသည်။ ထိုသို့တိုင် ဤ ကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးသည့် လွမ်းဆွေးခြင်းအပြုံးက သူမက လက်ဖက်ရည်သောက်ပြီး ပေါ့ပေါ့ပါးပါးပြောသည့်အလား သဘာဝကျကျ ပြောဆိုနိုင်သည်။
” အားလုံးက ကျွန်မတို့နဲ့ ပူးပေါင်းချင်တယ်ဆိုမှတော့ ဒီကိစ္စကို ရိုးရှင်းအောင် လုပ်လို့ရပါတယ် …။ ကျွန်မတို့ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက တောင်းဆိုချက်တစ်ခုထဲ ရှိတယ် …”
လွမ်းဆွေးခြင်းအပြုံးက တည်ငြိမ်စွာ ပြောလိုက်သည်။
” ရှင်တို့ အစည်းအရုံးက စုဆောင်းရရှိသမျှ ကုန်ကြမ်းတွေအားလုံးကို ကျွန်မတို့ဆီ ရောင်းချရမယ် …။ အားလုံးနော် …။ ဈေးကွက်တန်ဖိုး ၆၀ ရာခိုင်နှုန်းနဲ့ အဲ့ဒီကုန်ကြမ်းတွေကို ဝယ်ယူမယ် …။ အပြန်အလှန်အနေနဲ့ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက ရှင်တို့ ဒီမှာ ဈေးလာဝယ်ရင် အစည်းအရုံးကို လျော့ဈေးတစ်ခုပေးမယ် …။ လျော့ဈေးက ၅ ရာခိုင်နှုန်းကနေ စမယ် …။ ဒါပေမယ့် ၁၅ ရာခိုင်နှုန်းအထိ ကန့်သက်ထားတယ် …။ ဒါ့အပြင် ပိုရှားပါးတဲ့ အိုင်တမ်အချို့ကို ရှင်တို့အတွက်ထားပြီး ပထမဦးစားပေး ဝယ်လို့ရအောင် ထားပေးမယ် …”
” ရှင်တို့ ဒီတောင်းဆိုချက်ကို လက်ခံမယ်ဆိုရင် သဘောတူစာချုပ်မှာ လက်မှတ်ထိုးလို့ရတယ် …။ မဟုတ်ရင် ထွက်သွားလို့ ရပါပြီ …”
လွမ်းဆွေးခြင်းအပြုံး၏ ဖော်ပြချက်က ခိုင်မြဲပြီး ယုံကြည်ချက်ရှိသည်။ အစည်းအရုံးကြီးများ၏ မန်နေဂျာများက အေးစက်သည့် လေကို ချက်ချင်းရှူမိလိုက်ကြသည်။ အမျိုးသမီး၏ တောင်းဆိုချက်ကို ကြားသောအခါ အားလုံးက တိတ်ဆိတ်သွားကြ၏။
၄င်းက အတုအယောင်ဖြစ်သည်။
သူတို့ ရရှိသည့် ကုန်ကြမ်းများအားလုံးကို ဖယောင်တိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းဆီ ရောင်းချလျှင် သူတို့ အစည်းအရုံးအတွက် မည်သည့်အရာက ကျန်မည်နည်း။
ထို့အပြင် ရောင်းချသည့်ငွေကလည်း ဈေးကွက်တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းသာ ဖြစ်သည်။ သူတို့ဘာသာ သူတို့ ကုန်ကြမ်းတွေကို အများရှေ့မှာ ရောင်းတာ ပိုမကောင်းဘူးလား။
ပိုအရေးကြီးသည်က သူတို့သည် လျော့ဈေးကို ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ရနိုင်တာဖြစ်သည်။ ထိုမျှနည်းပါးသည့် လျော့ဈေးမှ သူတို့အစည်းအရုံးများက အကျိုးအမြတ်များစွာ မရနိုင်ပေ။ အဆုံးတွင် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးခန်းမက ထိုအပေးအယူကို အောင်မြင်သွားမှာ မဟုတ်ပါလား။
” ကျွန်မ ပြောစရာရှိတာ ပြောပြီးပြီ …။ ရှင်တို့ အချိန်ယူ စဉ်းစားပေါ့ …။ ဒါပေမယ့် မိနစ် ၃၀ အတွင်းမှာ စာချုပ်တွေကို ပြန်သိမ်းမယ်ဆိုတာ မှတ်ထားပါ …”
အားလုံး၏ သတ်ဖြတ်လိုသည့်အကြည့်ကို လွမ်းဆွေးခြင်းအပြုံးက ခံစားမိသော်လည်း သူမက တုံ့ဆိုင်းမနေပဲ ပြောလိုက်သည်။ ပြီးနောက် သူမက လှည့်ထွက်သွားရန် ပြင်၏။
၄င်းက သူမ အပြုအမူတိုင်းပင်။
” လက်မှတ်ထိုးချင်ရင်ထိုး မထိုးချင်ရင်ထွက်သွား …”
ရုတ်တရက်တွင် သိပ်ကို ယုံကြည်ချက်ရှိခဲ့သည့် ပြောရဲဆိုရဲရှိသော ကိုယ်စာလှယ်များက တိတ်ဆိတ်သွားကြသည်။
” ခဏလေး …”
ဖုန်းရွမ်းရန်က အေးတိအေးစက် မျက်နှာထားဖြင့် ရုတ်တရက် ထရပ်လိုက်သည်။ သူက လွမ်းဆွေးခြင်းအပြုံးကို စိုက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
” ခင်ဗျားရဲ့ တောင်းဆိုချက်က လွန်လွန်းအားကြီးတယ် မထင်ဘူးလား …”
” ကျုပ်တို့လို အစည်းအရုံးတွေ ရနိုင်တဲ့ ကုန်ကြမ်းတွေ အများကြီးရှိတယ်လို့ သိထားသင့်တယ် …။ တစ်ကိုယ်တော်အဖွဲ့တွေက ကုန်ကြမ်းထောက်ပံ့ပေးဖို့အတွက် လုံလောက်အောင် မသန်မာဘူး …။ အစည်းအရုံးတွေက လက်တွဲပြီး ဖယောင်းတိုင်အလင်းရဲ့ ထောက်ပံ့မှုကို ဖြတ်တောက်လိုက်မယ်ဆိုရင် စီးပွားရေးဆက်လုပ်နိုင်မယ်ထင်နေလား …”
ထိတ်လန့်သွားပြီး ယိုလန်က ရှေ့တိုးကာ အကြံပေးလိုက်၏။
” သခင်လေးဖုန်း …။ သခင်လေးဖုန်းက နည်းနည်းလွန်သွားပြီ …။ မစ္စ လွမ်းဆွေးခြင်း နားလည်မှု လွဲသွားဦးမယ် …။ ကျွန်မတို့က ဒီကို စီးပွားရေးလုပ်ဖို့လာတာ …။ အနည်းဆုံးတော့ ညှို့နှိုင်းသင့်တယ် …။ ဒီလို တစ်ဖက်သက် ဖြတ်တောက်လိုက်တာက အဆင်မပြေဘူး …။ ကျွန်မတို့တွေ ထိုင်ပြီး အေးဆေးမဆွေးနွေးဘူးလား …”
ခန်းမထဲရှိ လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
အစည်းအရုံးတိုင်းက သူတို့ ကုန်ကြမ်းများ ရောင်းချရန် ငြင်းပယ်လျှင် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက မြစ်ဖြူမြို့တွင် ၄င်း၏ အောင်မြင်မှု မည်သို့ ရှေ့ဆက်နိုင်မည်နည်း။
အဆုံးတွင် ဘဝပုံစံ အစည်းအရုံးက ဘဝပုံစံ အစည်းအရုံးတစ်ခုသာ ဖြစ်နေဦးမှာ ဖြစ်ပြီး တိုက်ပွဲဝင် အစည်းအရုံးများဆီ သူတို့ ခေါင်းငုတ်ရန် မွေးဖွားလာတာဖြစ်သည်။
” ဟား .. ဟား .. ဟား … ရှင်ရဲ့ ဖော်ပြချက်က တကယ် ကျိုးကြောင်း သင့်ပါပေတယ် …”
ခဏတာ စဉ်းစားပြီးနောက် လွမ်းဆွေးခြင်းအပြုံးက ခေါင်းညိတ်ကာ ဖုန်းရွမ်းရန်နှင့် ယို့လန်ကို ကြည့်လိုက်သည်။ သူမက ချိုမြိုန်စွာ ပြုံးပြီး ပြောလိုက်၏။
” ရှင်ပြောတာ ယုတ္တိရှိပေမယ့် ကျွန်မ ဆုံးဖြတ်ချက်အတိုင်း ကျွန်မ ရပ်တည်နေတာ …။ ဒါ့အပြင် အခုကစပြီး လွှမ်းမိုးခြင်းအပြုံးရဲ့ စာချုပ်ကို ပြန်ရုတ်သိမ်းတယ် …။ ရှင်တို့ ၂ ယောက် အခု ထွက်သွားလို့ ရပါပြီ …”
” မင်း … မင်း …”
ဖုန်းရွမ်းရန်၏ မျက်လုံးများက ချက်ချင်းရဲတွတ်သွားကာ သူက အလွန်ဒေါသ ထွက်သွားသည်။ သူတို့သာ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းတွင် ရှိနေတာ မဟုတ်လျှင် လုပ်ငန်း၏ ပိုင်ရှင်က နေရာကို အပြည့်အဝ ထိန်းချူပ်ထားနိုင်တာ မဟုတ်လျှင် သူသည် ယခုဆို လွမ်းဆွေးခြင်းအပြုံးကို သတ်ပစ်မှာ သေချာသည်။
ယို့လန်ကလည်း လွမ်းဆွေးခြင်းအပြုံး၏ စကားကြောင့် ကြောင်အသွားသည်။
ထိုစဉ် အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ မန်နေဂျာများကလည်း ထိုအခြေအနေကြောင့် မှင်သက်နေမိသည်။
မြစ်ဖြူမြို့တွင် လွမ်းဆွေးခြင်းအပြုံးက ဇီးရိုးဝင်းပြီးလျှင် ဒုတိယမြောက် ဖြစ်သည်။
ထိုသို့တိုင် လွမ်းဆွေးခြင်းအပြုံးက စကားအနည်းငယ်ဖြင့် သူ့ကို ဖယ်ရှားလိုက်သည်။
၄င်းက သိပ်ကို အပေါ်စီး ဆန်လွန်းသည်။