ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 507 ပေါက်ကွဲစေတက်သော စွမ်းအား
သေခြင်းတရားမျှော်စင်က ခံတပ်တစ်ခုအဖြစ် ယူဆနိုင်ရုံသာမက ၄င်း၏ နံရံအတွင်း၌ မွန်းစတားသောင်းချီကလည်း လှည့်လည်သွားလာနေသည်။ ကစားသမားအယောက် ၁၀၀ ကျော်သည် အဖွဲ့ကြီးတစ်ဖွဲ့မပါပဲ ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ သို့သော် ထိုအချက်ကြောင့်ပင် သေခြင်းတရားမျှော်စင်က ရိတ်သိမ်းရန် ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်နေသည်။
တွေ့နေကြ မွန်းစတားများဖြစ်သည့် သွေးပူအော့ခ်စစ်သည်တော်များက စတီးကဲ့သို့ ကြွက်သားများ ဖုံးအုပ်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာမူ သူတို့၏ခွန်အားက ပုံရိပ်ယောင်မျှသာဖြစ်ပြီး သူတို့က အတော်လေး အားနည်းသည်။ ထို့အပြင် သူတို့အားလုံးက အနီးကပ်တိုက်ပွဲဝင် မွန်းစတားများ ဖြစ်ကြသည်။ အဖွဲ့တစ်ဖွဲ့က အစွမ်းထွက်သည့် AOE အမျိုးအစားများ ရှိလျှင် သေခြင်းတရားမျှော်စင်က အဆင့်တက်သည့် ကောင်းကင်ဘုံတစ်ခု ဖြစ်လာပေလိမ့်မည်။
သွေးပူအော့ခ်စစ်သည်တော်
အော့ခ်ပုံမွန်းစတား
အဆင့် ၄၇
HP ( 40000/ 30000 )
အဆင့်တူ ကစားသမားများအဖို့ ထိုအော့ခ်စစ်သည်တော်များက ဖြေရှင်းရန် ပိုလွယ်ကူသည်။ ယခုအဆင့် ၂၆ သာ ရှိသေးသည့် ရှီဖုန်းအဖို့ သူတို့က အနိုင်ယူရန်အတွက် အလွန်လွယ်ကူ၏။
ထိုအော့ခ်စစ်သည်တော်များသည် အဖွဲ့ဝင် ၁၀၀ ကျော် သို့မဟုတ် ထို့ထက်ပိုပြီး အုပ်စုဖွဲ့ လှုပ်ရှားလေ့ရှိကြကာ အဖွဲ့တစ်ဖွဲ့ဆီကို လက်ရွေးစဉ်အဆင့် အော့ခ်ကပ္ပတိန်က ဦးဆောင်သည်။ အော့ခ်ကပ္ပတိန်များက သူတို့၏ သာမန်မွန်းစတားများထက် အကောင်ပိုကြီးသည်။ သူတို့အားလုံးက သံချပ်ကာ ဝတ်ဆင်ထားပြီး စစ်ပွဲ ဆေဘာတစ်လက်ကို တပ်ဆင်ကာ လက်တစ်ဖက်ဆီ၌ ဒိုင်းကြီးတစ်ခုကို ကိုင်ထား၏။ အရေးကြီးဆုံက ထိုအော့ခ်ကပ္ပတိန်များက တိုက်ခိုက်ရေးအရှိန်နှင့် အနားရှိ အော့ခ်သွေးပူစစ်သည်တော်များကို တိုက်ခိုက်ရေးအရှိန်နှင့် ထိခိုက်မှု ၃၀ ရာခိုင်နှုန်း တိုးမြင့်ပေးနိုင်သည့် ရောင်ဝါအာနိသင် ရှိနေတာ ဖြစ်သည်။
သွေးပူအော့ခ်ကပ္ပတိန်
အော့ခ် လက်ရွေးစဉ်အဆင့်
အဆင့် ၄၈
အယောက် ၅၀ ပါအဖွဲ့တစ်ဖွဲ့တောင် အော့ခ်၏ ဦးဆောင်မှုအောက်တွင် ရုန်းကန်ရပေမည်။ အယောက် ၂၀ အဖွဲ့အတွက်မှု သူတို့က အသက်အတွက် ထွက်ပြေးရုံသာ ရှိသည်။
ဤနေရာသို့ လာရောက်တိုက်ခိုက်ကြသည့် အဖွဲ့ဝင်များက များသောအားဖြင့် အော့ခ်ကပ္ပတိန်ကို ဦးစွာ ရှင်းထုတ်ကြသည်။ သူတို့က လုပ်ကြံသတ်ဖြတ်ရေးသမားများကို စေလွတ်ကာ အကွာအဝေး တိုက်ခိုက်သူများနှင့် ပေါင်းပြီး အော့ခ်ကပ္ပတိန်ကို အချိန်တိုအတွင်း ချေမှုန်းရန် ကြိုးစားကြသည်။ ထိုနည်းဖြင့် သွေးပူအော့ခ်စစ်သည်တော်များက ပိုက်ကွန်ထဲမိသော ငါးများ ဖြစ်သွားပြီး အလွယ်တကူ သုတ်သင်ခံရမှာ ဖြစ်သည်။
သို့သော် ရှီဖုန်း၏ အဆင့်က ယခု သိပ့်ကိုနိမ့်လွန်းနေသည်။ သူ့အတွက် အော့အုပ်စုထဲ ဝင်ရောက်တိုက်ခိုက်ပြီး အော့ခ်ကပ္ပတိန်ကို မြန်မြန်ဆန်ဆန်သတ်ဖြတ်ဖို့ရာ ခဲယှဉ်းလှသည်။ ထို့ကြောင့် ရှီဖုန်းက တပ်ရိုးကို တက်သွားတာဖြစ်သည်။
တပ်ရိုးများက အလွန်မြင့်မားပြီး ထိပ်သို့မြန်မြန်ဆန်ဆန်ရာက်ရန်အတွက် မလွယ်ကူပေ။ အထူးသဖြင့် သွေးပူအော့ခ်စစ်သည်တော်များကဲ့သို့ မွန်းစတားများအတွက် ဖြစ်သည်။ သူတို့ကဲ့သို့ မွန်းစတာများက လှေကားကိုသာ အသုံးပြုနိုင်သည်။ ထို့အပြင် အောက်ခြေကနေ ထိပ်အထိ လှေကားဖြင့် သွားလျှင် လမ်းကြောင်းက အလွန်ရှည်ပြီး အော့ခ်စစ်သည်တော်များအဖို့ နံရံထိပ်သို့ ရောက်ရန်အတွက် အချိန်တစ်ချို့ ယူရပေမည်။ မည်သို့ပင်ဆိုစေကာမူ အော့ခ်ကပ္ပတိန်က မတူညီပေ။ ကပ္ပတိန်၏ ခွန်အားက အထင်ကြီးဖွယ်ကောင်းပြီး သူက နံရံထိပ်သို့ အကြိမ်ရေအနည်းငယ် ခုန်ရုံမျှဖြင့် ရောက်နိုင်သည်။
အတိတ်တုန်းက လူများစွာက အော့ခ်များကို ကြိတ်ချေပြီး အဆင့်မြင့်ရန်အတွက် ထိုနည်းကို အသုံးပြုခဲ့ကြသည်။
ရှီဖုန်းက တပ်ရိုးပေါ်တွင် နေရာယူပြီးနောက် သူက အကျော်ဇေယျ ၇ ပါးလက်စွပ်၏ လေရောင်ဝါကို မီးရောင်ဝါအဖြစ်ပြောင်းလိုက်သည်။ သူက ရေခဲပြာ နတ်ဆိုးမီးတောက်ကို အသက်သွင်းပြီးနောက် ခပ်ဖျော့ဖျော့ အပြာရောင်မီးတောက်များက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာတော့သည်။
မီးရောင်ဝါနှင့် ရေခဲပြာနတ်ဆိုးမီးတောက်၏ အာနိသင်ပေါင်းစပ်သွားပြီးနောက် သူ၏ ထိခိုက်မှုက ၆၀ ရာခိုင်နှုန်းသို့ ချက်ချင်း တိုးသွားသည်။ ပေါင်းစပ်စွမ်းအားက သူသည် ရှေးစစ်သည်တော်စကေးကို ထုတ်ဖော်တာထက် အားမနည်းပေ။ ထို့အပြင် ထိုအာနိသင်က ကြာရှည်ခံမည်ဖြစ်ကာ ဘေးထွက်ဆိုးကျိုးမရှိပေ။
ပြီးနောက် သူက မီးဥက္ကာပျံကို ထုတ်ယူပြီးနောက် သွေးပူအော့ခ် စစ်သည်တော်တစ်ယောက်ဆီ ပစ်ပေါက်လိုက်သည်။
ရှုတ် …
မီးဥက္ကာပျံက လေထဲသို့ ကြယ်ကြွေသည့်အလား ဖြတ်သန်းသွားပြီးနောက် ခံတပ်အောက်နံရံနား၌ ကင်းလှည့်နေသည့် သွေးပူအော့ခ်စစ်သည်တော်ကို တိုက်မိသွားသည်။
– ၉၀၄
အဆင့် ဖိနှိပ်မှုမရှိသည့်တိုင် အဆင့် ၄၇ မွန်းစတားက အဆင့် ၂၀ မွန်းစတားနှင့် ယှဉ်လျှင် ခုခံမှုရော တိုက်ခိုက်မှုစွမ်းအားပါ ပိုသာသည်။ ရှီဖုန်းက အဆင့် ၄၀ စွမ်းရည်ရှိပြီး သာမန်ကစားသမားတစ်ဦးဖြစ်သောကြောင့် သူ၏ ထိခိုက်မှုက အကန့်အသက်ရှိပေသည်။
” ကျူးကျော်သူ …”
အော့ခ်စစ်သည်တော်က ဒေါသတကြီးအော်ပြီးနောက် နံရံထက်ရှိ ရှီဖုန်းကို ကြည့်လိုက်သည်။ သွေးပူအော့ခ်တစ်ဖွဲ့လုံးက ရှီဖုန်းကို တွေ့သွားကြသည်။ သို့သော် နံရံက မြင့်လွန်းပြီး သူတို့က လှေကားများမှသာ တက်နိုင်သည်။
သံချပ်ကာဝတ် သွေးပူအော့ခ်ကပ္ပတိန်က သူ၏ မဟာမိတ်အပေါင်းအဖော်များနှင့် မတူဘဲ ခြေထောက်ကို ကွေးကာခုန်လိုက်၏။ ခဏအတွင်း အော့ခ်ကပ္ပတိန်က နံရံ၏ တစ်ဝက်သို့ ရောက်ရှိသွားသည်။ ကပ္ပတိန်က သူ၏ ဆေဘာကို မာကျောသည့် နံရံထဲစိုက်လိုက်သည်။ ဆေဘာကို ခြေနင်းအဖြစ်အသုံးပြုပြီး ကပ္ပတိန်က ထပ်မံခုန်လိုက်ရာ နံရံထိပ်ပေါ်သို့ ရောက်သွားသည်။ သူ၏ ကြမ်တမ်းပြီးအားကောင်းသော လက်များက သူ၏ ခါးနားရှိ ချိန်းကြိုးကို မြဲမြန်စွာ ကိုင်ထားသည်။ မျက်တောင်တစ်ခက်အတွင်း ချိန်းကြိုးနှင့် ဆက်ထားသော ဆေဘာက အော့ခ်ကပ္ပတိန်၏လက်ထဲ ပြန်ရောက်လာသည်။
ဖြစ်စဉ်တစ်ခုလုံးက ချောမွေ့ကာ အချိန်ခဏသာ ယူသည်။ အော့ခ်ကပ္ပတိန်က အဆောက်အဦးများပေါ် ဖြတ်သန်းသွားလာပြီး ပျံသန်းနိုင်သည့် သိုင်းပညာရှင်များနှင့် တူသည်။
သို့သော် ရှီဖုန်းက အော့ခ်ကပ္ပတိန်၏ ဆောင်ရွက်မှုကို အနည်းငယ်လေးတောင် မအံ့သြပေ။ လက်ရွေးစဉ်မွန်းစတားဥာဏ်ရည်နှင့် တိုက်ပွဲဝင်နည်းစနစ်က ထိုအဆင့်တွင် တကယ်ဘဝရှိ ကျွမ်းကျင်တိုက်ခိုက်ရေးသမားနှင့် ယှဉ်လျှင် နည်းနည်းလေးတောင် နိမ့်ကျမနေပေ။ တစ်ချို့သော ရေးရာများတွင် လက်ရွေးစဉ်မွန်းစတားက ကျွမ်းကျင်တိုက်ခိုက်ရေးသမားထက် ပိုတောင် အံ့သြဖွယ်ကောင်းသေးသည်။
သွေးပူအော့ခ်ကပ္ပတိန်က ၁၀ ကိုက်အကွာတွင်ရှိသော ရှီဖုန်းကို သူ၏ ကြေးသွေးရောင်မျက်လုံးဖြင့် ဒေသတကြီးကြည့်လိုက်သည်။ သူ၏ ဒိုင်းကိုမြောက်ပြီးနောက် ရှီဖုန်းဆီ ပြေးဝင်သွားတော့သည်။
အော့ခ်ကပ္ပတိန်က ၂မီတာကျော်ခန့်မြင့်သည်။ သူ၏ ထုထည်နှင့် အရှိန်အရ သူသည် ရှီဖုန်းဆီ ကားလေးတစ်စီးနယ် ပြေးဝင်လာတာ ဖြစ်သည်။ တိုက်မိသွားလျှင် နောက်ဆက်တွဲကို မှန်းဆနိုင်ပေသည်။
တုံ့ဆိုင်းမနေပဲ ရှီဖုန်းက သန့်စင်ခြင်းစွမ်းအင်ကို အသုံးပြုပြီး သူ၏ ထိခိုက်မှုကို ၃၀ ရာခိုင်နှုန်းမြင့်တင်ကာ တိုက်ခိုက်မှုအရှိန်ကို ၁၀၀ ရာခိုင်နှုန်း မြင့်တင်လိုက်သည်။ ပြီးနောက် သူက အော့ခ်ကပ္ပတိန်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
အော့ခ်ကပ္ပတိန်က ရှီဖုန်းကို သတိမေ့သွားအောင် တိုက်ခိုက်မည့်အချိန်၌ သေရေးရှင်းရေးအခိုက်အတန့်တွင် ရှီဖုန်းက အသံတိတ်ခြေလှမ်းကို အသုံးပြုလိုက်သည်။ ရှီဖုန်းက အော့ခ်ကပ္ပတိန်၏ မေ့လဲခြင်းအာနိသင်ကို ရှောင်လွဲနိုင်ရုံသာမက သူက အော့ခ်ကပ္ပတိန်၏ နောက်၌ ပေါ်လာသည်။
” သေစမ်း …”
ရှီဖုန်းက အော်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ရှီဖုန်း၏ လက်ထဲရှိ အသူရာဓားနှင့် သန့်စင်ခြင်းအရိပ်က စွမ်းအားကောင်းသော တောက်ပသည့်အလင်း ထုတ်လွင့်လာသည်။ ကြေးသွေးရောင် မီးတောက်များက ဓားနှစ်လက်လုံးကို လွှမ်းခြုံထားကာ ပတ်ဝန်းကျင်အပူချိန်ကို ထိုးတက်သွားစေသည်။
မီးတောက်ပေါက်ကွဲခြင်း …။
ရှီဖုန်း၏ လက်ထဲကနေ မီးစမီးနများစွာ လွင့်စင်လာပြီး သွေးပူအော့ခ်ကပ္ပတိန်၏ သံချပ်ကာကို ထိုးဖောက်သွားသည်။
အော့ခ်ကပ္ပတိန်၏ သံချပ်ကာက မီးတောက်၏ အပူချိန်ကို မတားနိုင်သလို ဓား၏ အချွန်ကိုလည်း မတားနိုင်ခဲ့ပေ။ တောက်လောင်နေသည့် အသူရာဓားသွားက မာကျောသည့် သံချပ်ကာကို အလွယ်တကူ ချိုးဖောက်သွားကာ အော့ခ်ကပ္ပတိန်၏ အသက်မှတ်ကို ထိုးစိုက်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသည့် ထိခိုက်မှုက သွေးပူ အော့ခ်ကပ္ပတိန်၏ ခေါင်းထက်၌ ပေါ်လာကာ မျက်တောင်တစ်ခက်အတွင်း အော့ခ်ကပ္ပတိန်က သူ၏ HP တစ်ဝက်နီးပါး ဆုံးရှုံးသွားခဲ့သည်။
အော့ခ်ကပ္ပတိန်က သူရရှိသွားသော ထိခိုက်မှုကြောင့် အော်လိုက်သည်။ အော့ခ်ကပ္ပတိန်က လျင်မြန်စွာ တုန်ပြန်ပြီး စစ်ပွဲစတင်ခြင်းကို အသုံးပြုလိုက်သည်။ ၄င်းက ၆ ကိုက်အတွင်းရှိ ရန်သူများကို မေ့လျော့ခြင်းအခြေအနေတွင် ၃ စက္ကန့်စာ ကျရောက်စေသည်။
သို့သော် ရေစီးဆင်းခြင်းနယ်ပယ်ကို ဖမ်းဆုတ်ပြီးသည့် ရှီဖုန်းက အော့ခ်ကပ္ပတိန်၏ ရည်ရွယ်ချက်ကို အစောထဲက မြင်ပြီးသာ ဖြစ်သည်။ အော့ခ်ကပ္ပတိန်က ၄င်း၏ ခြေထောက်ကို မြောက်လိုက်သည်နှင့် ရှီဖုန်းက ဓားကို လွဲရမ်းလိုက်၏။
အသူရာနှောင်ကြိုး …။
အော့ခ်ကပ္ပတိန်၏ ခြေထောက်က မြေပြင်နှင့် စင်တီမီတာ အနည်းမျှသာ ဝေးသည့်အချိန်၌ မြေကြီးထဲမှ အနက်ရောင် ချိန်းကြိုး ၉ ခုက ပေါ်ထွက်လာပြီး ကပ္ပတိန်ကို ချည်နှောင်ကာ သူ၏ လှုပ်ရှားမှုများအားလုံးကို ဟန့်တားလိုက်သည်။
၄င်းကို အခွင့်အရေးယူပြီးနောက် ရှီဖုန်းက အော့ခ်ကပ္ပတိန်ဆီသို့ တိုက်ခိုက်လိုက်သည်။ အသူရာနှောင်ကြိုးက အော့ခ်ကပ္ပတိန်၏ ခုခံမှုကို ၁၀၀ ရာခိုင်နှုန်း လျော့ချပေးထားသောကြောင့် ရှီဖုန်း၏ မီးတောက်ပေါက်ကွဲခြင်းစကေးက ပိုတောင်အစွမ်းထက်နေသည်။ ယခု တိုက်ခိုက်မှုတိုင်းတွင် – ၁၀၀၀၀ ထိခိုက်မှု ရရှိစေပြီး သူ၏ သေစေနိုင်သော နေရာတွင် –၄၀၀၀၀ ထိခိုက်မှု ရရှိသည်။
ရှီဖုန်းက မီးတောက်ပေါက်ကွဲခြင်း ၁၂ ကွက်ဆက်တိုက်ကို ကုန်ခမ်းအောင် မသုံးရသေးခင် သွေးပူအော့ခ်ကပ္ပတိန်က သေဆုံးသွားပြီဖြစ်ကာ ငွေပြားအချို့နှင့် ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခု ကျလာသည်။ အစကနေ အဆုံးထိ ရှီဖုန်းက သွေးပူအော့ခ်ကပ္ပတိန်ကို သတ်ဖြတ်ရန်အတွက် ၄ စက္ကန်တောင် အချိန်မယူခဲ့ရပေ။
သူက သွေးပူအော့ခ်စစ်သည်တော်များ လှေကားပေါ်သို့ တက်လာတာကို တားရုံသာရှိတော့သည်။ သို့သော် သူတို့ကြားထဲ၌ ကိုက် ၆၀ ဝေးနေသေးသည်။
ကျလာသည့်ပစ္စည်းများကို စုဆောင်းပြီးနောက် ရှီဖုန်းက ကောင်ကင်ရိန်ဒါကို သူနှင့် ကိုက် ၄၀ အကွာတွင်ရှိသည့် အော့ခ်စစ်သည်တော်များဆီ အသုံးပြုလိုက်သည်။ ရွှေရောင် နတ်ဘုရားဓားများက ကောင်းကင်ထပ်မှ ကျဆင်းလာပြီး သွေးပူအော့ခ် စစ်သည်တော်များကို ကိုက်၂၀အတွင်း ၄ စက္ကန့်တာ ချိတ်ပိတ်ထားလိုက်သည်။ တစ်ချိန်ထဲတွင် အော့ခ်စစ်သည်တော်များက -၄၀၀၀ ထိခိုက်မှုဆီ ရရှိသွားပြီး အချို့ဆို –၁၀၀၀၀ ထိခိုက်မှုတောင် ရရှိသွားကြသည်။ တစ်ချက်ထဲဖြင့် သွေးပူအော့ခ်စစ်သည်တော်များက သူတို့ HP ၂၀၀၀၀ ၏ တစ်ဝက်ဆုံးရှုံးသွားခဲ့သည်။
သွေးပူအော့ခ်စစ်သည်တော်များက ဒေါသတကြီးထွက်လာသော်လည်း ရှီဖုန်းက မီးမုန်တိုင်းဖြင့် တိုက်ခိုက်လိုက်သည်။
ရုတ်တရက်တွင် ကောင်းကင်မီးများက ကောင်းကင်ထံမှ ချဆင်းလာပြီး အော့ခ်စစ်သည်တော်များကို သုတ်သင်ရှင်းလင်းတော့သည်။ အော့ခ်စစ်သည်တော်များ၏ အလောင်းတစ်ဝိုက်တွင် အိုင်တမ်များစွာ လွင့်ကျနေသည်။
ရှီဖုန်း၏ အတွေ့အကြုံဘားက ဗလာမျက်စိဖြင့် မြင်နိုင်သည်အထိ ထိုးတက်သွားသည်။
ရှီဖုန်းက မြေပြင်ပေါ်ရှိ ကျလာသည့် အိုင်တမ်များကို စုဆောင်းလိုက်သည်။
” ဒဏ္ဍာရီလာ အပိုင်းအစအိုက်တမ်နဲ့ အံ့ဖွယ်အိုင်တမ်က တကယ် ကြောက်ဖို့ကောင်းတာပဲ …”
အစတုန်းက ရှီဖုန်းသည် ထိုသွေးပူအော့ခ်စစ်သည်တော်များကို ဖြေရှင်းရာတွင် ပြဿ နာများမည်ဟု ထင်ခဲ့သည်။ ယခုမူ သူစိုးရိမ်ခဲ့တာ ဘာမှမဟုတ်သလိုပင်။