ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 511 နတ်ဘုရား သလင်း
အလွှာ ၄ ကောင်းကင်သူရဲကောင်းက မြို့ကြီးတစ်မြို့ကို စိုးမိုးနိုင်ရန် အရည်အချင်းမီသော အာဏာရှင်တစ်ဦးဖြစ်သည်။ ထိုသို့တိုင် ထိုကဲ့သို့ လွှမ်းမိုးနိုင်သော တည်ရှိမှုက အနည်းငယ်လေးတောင် မခုခံနိုင်ပဲ သေပွဲဝင်သွားသည်။
ရှီဖုန်းက သူ ထင်ယောင်ထင်မှား ဖြစ်နေသလားဟုတောင် တွေးမိသွားသည်။
” ဒါက ကောင်းကင်သူရဲကောင်းကို ပစ်မှတ်ထားတဲ့ အထူးထောင်ချောက်လား …”
ရှီဖုန်းက လွင့်ပြယ်သွားသည့် အလင်းများကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသည်။
ထိုအကြောင်းကြောင့် သူသည် အော့ခ်ဘုရင် တရစစ်ထံမှ ရတနာကို ခိုးယူရန် ပိုတောင်တွေးမိလာသည်။ ကံကောင်းသည်မှာ သူက ထိုအကြံကို လက်လျော့ခဲ့သည်။ မဟုတ်ပါက ကောင်းကင်သူရဲကောင်းကဲ့သို့ပင် သူ အသက်ဆုံးရှုံးသွားမှာ ဖြစ်သည်။
ထောင်ချောက်က အလွှာ ၄ ကောင်းကင်သူရဲကောင်းကို ချက်ချင်းသတ်ဖြတ်နိုင်ပြီး ခန္ဓာကိုယ်တောင် မကျန်ခဲ့ပေ။ ထိုထောင်ချောက်၏ ထိခိုက်မှုက သာမန်မဟုတ်တာ ရှင်းနေသည်။
ကစားသမားများက အမှန်တကယ်သေခြင်းတရားနှင့် မရင်ဆိုင်ရသော်လည်း တိုက်ခိုက်မှု၏ နောက်ဆက်တွဲက EXP ဆုံးရှုံးမှုနှင့် ချပ်ဝတ်တန်ဆာများ ဆုံးရှုံးမှုဖြင့်သာ အဆုံးသတ်မှာ မဟုတ်မှာ သေချာသည်။ ကစားသမားများသည်လည်း သက်ရောက်ခံရရန် ဖြစ်နိုင်ချေများသည်။ အနည်းဆုံးတော့ ကစားသမားများ၏ အင်မော်တယ်ဝိညာဉ်က ထိခိုက်မှု ရရှိပြီး နတ်ဘုရားနယ်မြေထဲ အချိန်အတိုင်းအတာ တစ်ခုထိ ပြန်မဝင်နိုင်အောင် လုပ်ပေလိမ့်မည်။
သို့သော် ၄င်းက ပြင်းထန်သော အခြေအနေမျိုး မဟုတ်သေးပေ။ အချို့သော အခြေအနေများတွင် ကစားသမားများက ပြန်လည်အသက်ဝင်ပြီးနောက် သူတို့၏ အကောက်များတောင် ဖျက်ပစ်ရနိုင်သည်။
ကောင်းကင်သူရဲကောင်း၏ သေခြင်းတရားက ထိုအခြေအနေနှင့် ကွက်တိကျတာ ဖြစ်နိုင်သည်။ ကောင်းကင်သူရဲကောင်းသေပြီးနောက် တရစစ်က သူ၏ သွေးနီရောင်မဟာဓားကို ကိုင်ထားကာ ရတနာဆီ ဖြေးဖြေးခြင်း လျှောက်သွား၏။ ရွှေရောင်တောက်ပနေသော ရတနာကို ကြည့်ပြီး အော့ခ်ဘုရင်၏ ရက်စက်သောမျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာ၏။
တရစစ်က သူ ဂါထာထပ်ရွတ်လိုက်သည်။ ရုတ်တရက်တွင် ရတနာတစ်ဝိုက်၌ ရွှေရောင်သစ်ထွင်းစများက ဖွဲ့တည်လာပြီး အိုင်တမ်တစ်ခုလုံးကို ချိတ်ပိတ်သည့်အလား ရစ်ပတ်လိုက်တော့သည်။
” ဒါက ထောင်ချောက်တစ်ခု မဟုတ်ဘူးလား …”
ရှီဖုန်းက အော့ခ်ဘုရင်၏ အပြုအမူကို ကြည့်နေသည်နှင့်အညီ ထောင်ချောက်က ဒဏ္ဍာရီလာမွန်းစတားအတွက် မဟုတ်တာ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ ထိုအစား ရတနာကို ကျန်သည့်သူများ မထိနိင်အောင် ကာကွယ်ထားတာမျိုးဖြစ်လောက်သည်။ သို့သော် ကောင်းကင်သူရဲကောင်းက ၄င်းကို မသိပဲ သူက ဖျက်ထုတ်ခံလိုက်ရ၏။
အော့ခ်ဘုရင်တောင် ရတနာကို မထိတွေ့နိုင်သောကြောင့် ထိုအရာသည် မည်သို့သော အိုင်တမ်ဆိုတာ အတိအကျသိရပေမည်။ ထို့ကြောင့် သူချိတ်ဖွင့်နေတာ ဖြစ်မည်။
” ငါ စွန့်စားသင့်လား …”
ရှီဖုန်းက တွေဝေနေ၏။
ယခင်က အော့ခ်ဘုရင်နှင့် ရတနာနီးကပ်လွန်းသောကြောင့် ရှီဖုန်းက ရတနာယူရန် အချိန်မရှိခဲ့ပေ။ အော့ခ်ဘုရင်က ရသွားတာ ဖြစ်သည်။ သို့သော် ယခုအော့ခ်ဘုရင် ရတနာကို ချိတ်ပိတ်နေတာ ဖြစ်ပြီး သူ့တွင် ခိုးယူရန်အတွက် အခွင့်အရေး ရှိသေးသည်။
အော့ခ်ဘုရင် အလုပ်များနေစဉ် ရှီဖုန်းက ခိုးယူရန် အခွင့်အရေးရနိုင်သည်။ ရတနာချိတ်ပိတ်လိုက်သည်နှင့် သူခိုးယူနိုင်ပေသည်။ သို့သော် ရှီဖုန်းက အော့ခ်ဘုရင်၏စွမ်းအားကို မျက်မြင်တွေ့ခဲ့ရသည်။ တရစစ်က မိုးကောင်းကင်လျက်တပြက်ကိုတောင် ပိတ်ဆို့နိုင်ခဲ့သည်။ ၄င်းက အလွှာ ၅ စကေးမျိုးရှိတာ ဖြစ်သည်။ ထိုကဲ့သို့ အလွှာ ၁ ကစားသမားကို ဖြေရှင်းခြင်းက အော့ခ်ဘုရင်အတွက် အသေးအမွှာသာ ဖြစ်ပေမည်။
သူ ရတနာနား မရောက်သေးခင်တောင် အော့ခ်ဘုရင်၏ ဓားက သူ၏အသက်ကို ဝါးမျိုသွားပြီ ဖြစ်လိမ့်မည်။ ထို့အပြင် သူ ရတနာကိုယူပြီး လွတ်မြောက်ရန်ကလည်း ပြဿ နာဖြစ်နေသည်။
အော့ခ်ဘုရင် တရစစ်၏ စွမ်းရည်ဖြင့် ရှီဖုန်း၏အရှိန်က အဆပေါင်းများစွာ မြန်သွားသည့်တိုင် အော့ခ်ဘုရင်၏ တိုက်ခိုက်မှုက လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
ရတနာတစ်ဝိုက်တွင် ရှိနေသည့် ရွှေရောင်သစ်ထွင်းစများက တဖြေးဖြေးခြင်းတိုးလာသည်။ ၄င်းက ရတနာချိတ်ပိတ်မှု ပြီးမြောက်ရန်အတွက် အချိန်ပိုပိုနည်းလာတာကို ပြသနေသည်။ ရှီဖုန်းက သူ့လက်ချောင်းတစ်ဝိုက်တွင် ရတနာ ၇ ပါးလက်စွပ်ကို ကြည့်လိုက်သည်။ ရုတ်တရက်၌ သူက မြေဆွဲအားကို ထုတ်ဖော်ပြီး မြန်ယာဉ်ပေါ်၌ ခုန်ချလိုက်သည်။ ပြီးနောက်သူက အနက်ရောင် ယဇ်ပလ္လင်ဆီ တဟုန်ထိုး ပြေးသွားတော့သည်။
အလွှာ ၄ NPC ကိုတောင် စွဲဆောင်နိုင်သည့် ရတနာကို အနည်းဆုံးတော့ ခိုးယူရန် မကြိုးစားကြည့်ပါက နှမျောစရာကောင်းပေလိမ့်မည်။ ထို့အပြင် အကျော်ဇေယျ ၇ ပါးလက်စွပ်က အဆင့် ၇ ထိ မြင့်တင်ပြီးနောက် လက်စွပ်၏ စကေးများကလည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့သည်။ ရှီဖုန်းက ရတနာကို ခိုးယူရန် ကြိုးစားကြည့်ချင်သည်။
ယဇ်ပုလ္လင်အထက်၌ အော့ခ်ဘုရင် တရစစ်က ဂါထာရွတ်ဆိုရာတွင် အာရုံစိုက်နေသည်။ ထိုစဉ် ရှီဖုန်းက ယဇ်ပလ္လင်နား ဖြေးဖြေးခြင်း ကပ်သွား၏။
ဒဏ္ဍာရီမွန်းစတား၏ သိမြင်နားလည်မှု အကျယ်အဝန်းက နတ်ဘုရားတစ်ပါးလောက် မကျယ်ပြောပေ။ ပုံမှန်ဆို ထိုအကျယ်အဝန်းက ကိုက် ၁၀၀ ဝန်းကျင်ရှိသည်။ ထို့ကြောင့် ရှီဖုန်းက အခွင့်အရေးရှိသေးသည်။ အော့ခ်ဘုရင်၏ သိမြင်နားလည်သည့်အတိုင်းအတားက ပိုကျယ်လျှင် ရှီဖုန်းက ရွေးချယ်စရာမရှိ ထွက်ပြေးရမှာ ဖြစ်သည်။
ရှီဖုန်းက အော့ခ်ဘုရင်နှင့် ကိုက် ၁၀၀ သာကွာတော့သည့်အချိန်၌ ခြေလှမ်းများ ရပ်တန့်သွားသည်။ အော့ခ်ဘုရင်က သူ့တည်ရှိမှုကို သိသွားပြီဖြစ်သည်။ ရှီဖုန်းက ကိုက် ၁၀၀ တစ်လျှောက် ဖြေးဖြေးခြင်းလျှောက်လာပြီး ရတနာနှင့် အနီးဆုံးနေရာကို ရှာဖွေကာ ရတနာချိတ်ပိတ်တာ ပြီးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
ရွှေရောင်သစ်ထွင်းစများက တစ်လှိုင်းပြီးတစ်လှိုင်း ရတနာနား၌ ရစ်ပတ်နေသည်။ ထိုသို့သော ရှုတ်ထွေးသည့် ချိတ်ပိတ်မှုကို မြင်တွေ့ရတာ ရှီဖုန်းအဖို့ ပထမဆုံးအကြိမ်ဖြစ်သည်။
ချိတ်ပိတ်သည့်ဖြစ်စဉ် ပြီးခါနီးအချိန်၌ ရှီဖုန်းက ပုံရိပ်ယောင်သတ်ဖြတ်ခြင်းကို ချက်ချင်းအသုံးပြုပြီး သူ၏ ကိုယ်ခွဲက လျှို့ဝှက်ပြေးသွားပြီး အခြားတစ်ဖက်တွင် စောင့်နေသည်။ အချိန်က ဖြေးဖြေးခြင်းကုန်ဆုံးသွားသည်။ ရှီဖုန်း၏ နှလုံးကလည်း အလွန်ခုန်နေတော့သည်။
သူက အဆင့်နိမ့် အလွှာ ၁ အမျိုးအစားဖြစ်သည်။ ထို့အပြင် ဒဏ္ဍာရီမွန်းစတား၏ ရှေ့မှောက်မှ အိုင်တမ်ကို ခိုးယူရန် ကြိုးစားတာ ပထမဆုံးအကြိမ်ဖြစ်သည်။ အမှားတစ်ချက်ကပင် သေခြင်းတရားနှင့် အဆုံးသတ်သွားနိုင်သည်။ ရှီဖုန်းက EXP အနည်းငယ် ဆုံးရှုံးရတာကို စိတ်မရှိသော်လည်း သူ၏ ချပ်ဝတ်တန်ဆာများ ဆုံးရှုံးမှာကို ကြောက်မိပေသည်။ အထူးသဖြင့် အကျော်ဇေယျ ၇ ပါးလက်စွပ်နှင့် ကောင်းကင်နဂါး၏ ဝင်သက်ငွေ့ဖြစ်သည်။ ထိုအိုင်တမ်များက သူ၏ဇာတ်ကောင်နှင့် ချည်နှောင်ထားခြင်းမရှိပေ။ သူသေသွားပြီးနောက် ထိုအိုင်တမ်နှစ်ခု ကျနိုင်ချေအလွန်မြင့်သည်။
သို့သော် သူသာ ထိုအိုင်တမ်နှစ်ခုကို မဝတ်ဆင်ထားလျှင် ရတနာခိုးယူရန် အခွင့်အရေး ဆုံးရှုံးပေလိမ့်မည်။ ၄င်းက လောင်းကြေးထပ်နေတာသာ ဖြစ်သည်။
ရှီဖုန်းက တိတ်တဆိတ်စောင့်စားနေစဉ်
အော့ခ်ဘုရင်က ဂါထာရွတ်ဆိုတာ နောက်ဆုံးအပိုဒ် ရောက်လာသည်။ ရုတ်တရက်တွင် မရေမတွက်နိုင်သည့် သစ်ထွင်းစများက ရတနာနားရစ်ပတ်သွားသည်။ နောက်တစ်စက္ကန့်၌ ရွှေရောင်အလင်းတောက်ပမှုက ရတနာတစ်ဝိုက်တွင် ပေါ်လာပြီး ရိုးရှင်းစွာ ဖုံးကွယ်ခံလိုက်ရရာ တန်ဆာမဆင်ထားသည့် သလင်းဘောလုံးဖြစ်သွားသည်။
အော့ခ်ဘုရင် တရစစ်၏ မျက်လုံးများက ထိုသလင်းဘောလုံးဆီ ကျရောက်သွားချိန်၌ သူ့မျက်နှာထက်ရှိ စိတ်လှုပ်ရှားသည့်အပြုံးက ပိုတောင်ထင်ရှားလာသည်။ သို့သော် အော့ခ်ဘုရင်က သလင်းဘောလုံးနား လှမ်းသွားသည့်အချိန်၌ ရှီဖုန်း၏ ကိုယ်ခွဲက ၄င်းဆီ သုတ်ကနက်ပြေးသွားတော့သည်။ ကိုယ်ခွဲက အင်မတန်မြန်ဆန်သည်။ ကိုက် ၁၀၀ ကိုဖြတ်သန်းရန် ခဏသာကြာသည်။
” အလွှာ ၁ ပုရွတ်ဆိတ်လေးက ငါရဲ့ နတ်ဘုရားသလင်းကို ခိုးယူဖို့ ကြိုးစားရဲတယ်ပေါ့ …”
” သေလိုက်တော့ …”
အော့ခ်ဘုရင်က အထင်သေးသည့်အပြုံး ပြုံးလိုက်ပြီး သူ့နောက်ကျောမှ သွေးနီရောင်မဟာဓားကို ပြန်ထုတ်လိုက်သည်။ လျက်တပြက်အတွင်း ပြောင်းလဲသွားပြီးနောက် တရစစ်က ရှီဖုန်း၏ ကိုယ်ခွဲရှေ့၌ ရုတ်တရက်ပေါ်လာသည်။
ကိုယ်ခွဲက လေခြေလှမ်းကို အသုံးပြုပြီး ဖြစ်သည့်တိုင် အော့ခ်ဘုရင်နှင့် ယှဉ်လျှင် လိပ်တစ်ကောင်ကဲ့သို့ နှေးနေဆဲဖြစ်သည်။ တရစစ်က ရှီဖုန်းကဲ့သို့ အလွှာ ၁ ပုရွတ်ဆိတ်အတွက် အထင်သေးမှုမှ လွဲလျှင် ဘာမှ မရှိပေ။ ထို့ကြောင့် အော့ခ်ဘုရင်က သူ၏နတ်ဘုရားသလင်းကို အစွန်းအထင်းမတင်စေရန်အတွက် ထိုကြွက်စုတ်လေးကို သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။
တရစစ် လှုပ်ရှားတာကို စောင့်မနေပဲ ကိုယ်ခွဲက ခုခံမှုဓားသွားကို ထုတ်ဖော်လိုက်သည်။
ရှီဖုန်း၏ ကောက်ချက်ချမှုက တိကျပေသည်။
သူတို့ နှစ်ယောက်ကြားရှိ စွမ်းရည်ကွာခြားချက်က ကြီးမားလွန်း၏။ ကိုယ်ခွဲက သူ့ကိုသူ ခုခံရန် ဓားတောင်မမြောက်ရသေးခင် တရစစ်၏ မဟာဓားက ကိုယ်ခွဲကို ထိုးစိုက်သွားသည်။ ရှီဖုန်းက ရေစီးဆင်းခြင်းနယ်ပယ်ကို ဖမ်းဆုပ်မိပြီး ရေစီးဆင်းခြင်းအရှိန်ကို သင်ယူပြီးသည့်တိုင် သူနှင့် အော့ခ်ဘုရင် တရစစ်ကြား၌ ကွာဟချက်ကြီး ရှိနေသေးသည်။ စွမ်းအားအရှေ့၌ လှည့်ကွက်အားလုံးက အသုံးမဝင်ပေ။ အော့ခ်ဘုရင်၏ စွမ်းရည်က ရှီဖုန်း၏ စွမ်းရည်ထက် အဆပေါင်းများစွာ မြင့်သည်။ ရှီဖုန်း၏ နည်းစနစ်က ပိုအထင်ကြီးဖွယ်ကောင်းသော်လည်း သူတို့၏ အာနိသင်က အကန့်အသက်ရှိပေသည်။
မျက်တောင်တစ်ခပ်အတွင် ခုခံမှုဓားသွား၏ ပိတ်ဆို့မှုက ကုန်ခမ်းသွားသည်။ ချက်ချင်းပင် အနီရောင်အလင်းတန်းက ကိုယ်ခွဲကို ဖျက်တောက်သွားသည်။ ခုတောင်မခုခံနိုင်ပဲ ရှီဖုန်း၏ ကိုယ်ခွဲက ရှုံးနိမ့်သွားတော့၏။
သို့သော် တရစစ်က ကိုယ်ခွဲကို ဖြေရှင်းနေချိန် ရှီဖုန်းက လေလျှောက်လှမ်းသူကို အသက်သွင်းပြီး အရှိန်စာလိပ်ကို အသုံးပြုခဲ့ပြီဖြစ်သည်။ သူက ဓားသွားခွဲထွက်စေခြင်းကိုတောင် အသုံးပြုပြီး သူ၏ လျင်မြန်ဖျက်လက်မှုကို ၈၀ ရာခိုင်နှုန်း မြင့်တင်ကာ မီးတောက်ဖိနပ် မီးတောက်ပြေးဝင်ခြင်း၏ ထပ်တိုးစကေးကိုပါ အသက်သွင်းပြီး သူ၏ လှုပ်ရှားမှုအရှိန်ကို ၁၀၀ ရာခိုင်နှုန်း တိုးမြင့်ပေးလိုက်သည်။
ယခင်အချိန်၌ ရှီဖုန်းက လေထက်တောင် မြန်နေပြီဖြစ်သည်။
အော့ခ်ဘုရင်က ကိုယ်ခွဲကို သတ်သည့်အချိန်တွင် ရှီဖုန်းနှင့် ရတနာကြား ကိုက် ၂၀ တောင်မကျန်တော့ပေ။
” ယုတ်မာကောက်ကျစ်လိုက်တာ …”
တရစစ်က ရှီဖုန်းကို ချက်ချင်းရှာတွေ့သွားသည်။ တစ်ချက်လှည့်ပြီးနောက် ရှီဖုန်းကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
ရှီဖုန်းက အလွန်မြန်ပြီး ကိုယ်ခွဲထက် ၂ ဆ၊ ၃ ဆ ပိုမြန်သော်လည်း အော့ခ်ဘုရင်နှင့် ယှဉ်လျှင် သူက ခရုတစ်ကောင်ကဲ့သို့ နှေးနေသေးသည်။
လုံလောက်သွားပြီ ဖြစ်သည်။
ရှီဖုန်းက ရတနာနှင့် ၃ ကိုက်သာ ကွာတော့သည့်အချိန်၌ တရစစ်က သူ့နောက်၌ ရုတ်တရက်ပေါ်လာကာ မဟာဓားကို ထိုကြွက်လေးဆီ လွဲရမ်းချလိုက်၏။
သို့သော် ရှီဖုန်းသည် ထိုအခိုက်အတန့်အတွက် အစောထဲက ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူက မြေကမ္ဘာရောင်ဝါကို အသက်သွင်းလိုက်၏။ သူရှာဖွေတွေ့ရှိသွားခံရချိန်၌ သူက ခုခံမှုကို အသုံးပြုကာ ၅ စက္ကန့်တာ လုံခြုံဘေးကင်းသွားပေလိမ့်မည်။
ရှီဖုန်းက ယခုဆို ယှဉ်ပြိုင်နိုင်စွမ်းမရှိသူ ဖြစ်သောကြောင့် သူ့ဆီ တိုက်ခိုက်လာမှာကို စိုးရိမ်စရာမလိုပေ။ အော့ခ်ဘုရင်၏ တိုက်ကွက်ကို ပွတ်ကာသီးကာရှောင်ပြီးနောက် သူက သလင်းလုံးကို ဆုပ်ကိုင်ကာ သူ့အိတ်ထဲ ထည့်လိုက်သည်။
တရစစ်က ထိုအရာကို မြင်သောအခါ ရင်ထဲအစာမကျေမှုက ကြီးထွားလာသည်။ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲရေးစွမ်းအားများ ပေါ်လာပြီး ရှီဖုန်းကိုတောင် အသက်ရှူမဝ ဖြစ်သွားစေသည်။ သူသာ ယခု လုံခြုံဘေးကင်းသည့် အခြေအနေတွင်သာ မရှိနေလျှင် အစောထဲက သေမှာ ဖြစ်သည်။
လက်ထဲရှိ နတ်ဘုရားသလင်းဖြင့် ရှီဖုန်းက ကမ္ဘာမြေကြီးရောင်ဝါကို နေရာလပ်ရောင်ဝါအဖြစ် ချက်ချင်းပြောင်းလဲပြီး နေရာလပ်လှုပ်ရှားမှုကို ချက်ချင်းအသက်သွင်းလိုက်သည်။ ပြီးနောက် သူက အက်ကွဲရာထဲ ခုန်ဝင်သွားကာ သေခြင်းတရားမျှော်စင်မှ ထွက်လာခဲ့တော့သည်။