ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 512 ခဲတစ်လုံးဖြင့် ငှက် ၂ ကောင်ကို ပစ်သတ်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 512 ခဲတစ်လုံးဖြင့် ငှက် ၂ ကောင်ကို ပစ်သတ်ခြင်း
နတ်ဘုရားနယ်မြေထဲတွင် အမှောင်ထုက ထပ်ရောက်လာပြန်သည်။ မြစ်မြူမြို့ရှိ အလင်းတန်းက ထွန်းလင်းတောက်ပနေ၏။
ညအချိန်ရောက်လာသည်နှင့် ကျွမ်းကျင်သူဦးရေအနည်းစုနှင့် လက်ရွေးစဉ်အဖွဲ့များက ကွင်းပြင်ထဲတွင် တိုက်ခိုက်နေသည်မှအပ ကစားသမားအများစုက အနားယူရန်အတွက် မြို့သို့သာ ဦးတည်သွားကြသည်။
မြစ်ဖြူမြို့က သက်ဝင်လှုပ်ရှားနေပြီး အသက်ဝင်ဆုံးနေရာကမူ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းဆိုတာ မလွဲမသွေ ဖြစ်သည်။
ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း၏ နာမည်ကျော်ကြားမှု နောက်ကွယ်ရှိ အကြောင်းပြချက်က အခြေခံအားဖြည့် သံချပ်ကာကိရိယာ အစုံအလင်ကြောင့် ဖြစ်သည်။
အခြေခံအားဖြည့် ကိရိယာသံချပ်ကာ အစုံအလင်က အခြေခံမန္တာသံချပ်ကာကိရိယာလောက် အားမကောင်းသော်လည်း နောက်တစ်မျိုးက အင်မတန်ရှားပါးလွန်းသည်။ ဖယောင်းတိုင်းအလင်းကုန်သွယ်ရေးမှ နေ့စဉ်နေ့တိုင်း ရရှိနိုင်သော အခြေခံအားဖြည့်သံချပ်ကာ အရေအတွက်နှင့် မယှဉ်နိုင်ပေ။
ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းမှ အချိန်တိုအတွင်း အဆင့်မြင့်ဘားတစ်ခု ရှိလာခဲ့သည်။
ဖုန်းရွမ်းရန်က ဒုတိယအလွှာတွင် ထိုင်ကာ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးခန်းမကို ပြုံးပြီးကြည့်လိုက်သည်။
” မင်း ဘယ်လို ထိန်းချုပ်မလည်းဆိုတာ မြင်ချင်တယ် …”
ဖုန်းရွမ်းရန်က ရယ်မောပြီး သူ၏ အမူအရာက သူ၏ ထောင်လွှားမှုကို ပြသနေသည်။
အစက ဖုန်းရွမ်းရန်သည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ အားဖြစ်စေသော စီးပွားရေးက အဆုံးမသက်ဖြစ်နေမှာကို သူ စိုးရိမ်ပူပန်ခဲ့သည်။ ထိုသို့ဖြစ်ခဲ့လျှင် နောင်တွင်လုပ်ငန်းကို ဖြေရှင်းရန် လွယ်ကူမှာ မဟုတ်ပေ။ သို့သော် လုပ်ငန်း၏ အလုပ်သမားများကို စည်းရုံးသိမ်းသွင်းသည့် ဖြစ်စဉ်အတွင်း ဖုန်းရွမ်းရန်က ကုန်သွယ်ရေးလုပ်ငန်း၏ ပြင်ဆင်နိုင်သော အားနည်းချက်ဖြစ်သော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုလျှို့ဝှက်ချက်က ကုန်သွယ်ရေးလုပ်ငန်းထဲရှိ လူ ၃ ဦးသာလျှင် အခြေခံအားဖြည့် ကိရိယာသံချပ်ကာ ထုတ်လုပ်သည့်နည်းကို သိတာဖြစ်သည်။
ထိုလူ ၃ ယောက်ဖြင့် မြစ်ဖြူမြို့ရှိ များပြားလှသော ကစားသမားများ၏ တောင်းဆိုမှုကို ကျေနပ်စေဖို့ရာ မဖြစ်နိုင်ပေ။ ဖြည့်စည်းပေးခဲ့နိုင်လျှင်တောင် ထိုသို့ ဖြည့်စည်းပေးနိုင်ရန် အချိန်အတိုင်းအတာများစွာ လိုအပ်ပေမည်။ ထိုနည်းဖြင့် ကစားသမားများက သူတို့ ပစ္စည်းလိုအပ်သည့်နှုန်းက အလွန်ကြီးထွားလာမှာ ဖြစ်သည်။
ထိုလျှို့ဝှက်ချက်ကို သိသောအခါ ဖုန်းရွမ်းရန်က အခြေခံအားဖြည့် သံချပ်ကာများ ဝယ်ယူရန်အတွက် ပိုက်ဆံပမာဏများစွာ သုံးစွဲခဲ့ပြီး ဝယ်နိုင်သမျှ ဝယ်ခဲ့သည်။
ပထမအချက်က သူသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးခန်းမကို ပစ္စည်းပျက်သွားစေချင်တာ ဖြစ်သည်။ ခန်းမက အခြေခံအားဖြည့် သံချပ်ကာ မကျန်တော့လျှင် လုပ်ငန်းစု၏ နာမည်ကျော်ကြားမှုက ကျသွားပြီး စီးပွားရေးကလည်း ကန့်သက်ခံလိုက်ရမှာ ဖြစ်သည်။ သူသည် ဂိမ်းငွေကြေးများစွာ ရင်းနှီးမြှုပ်နှံရသည့်တိုင် အခြေခံအားဖြည့် သံချပ်ကာကိရိယာများက အသုံးမဝင်တာ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က အဖွဲ့လိုက် မြေအောက်စခန်းများ စီးနင်းတိုက်ခိုက်သည့်အချိန်၌ အထောက်အကူဖြစ်သည်။
ဒုတိယအချက်က သူတို့၏ ကိုယ်ပိုင်အစည်းအရုံးဂေဟာ တည်ထောင်ရန် ကြိုးစားအားထုတ်မှုအပြင် ကြယ်လမြို့ရှိ အမျိုးမျိုးသော အစည်းအရုံးကြီးများကလည်း မြို့၏ ရွှေမြေနေရာများကို ဝယ်ယူရန် လုံလောက်သော ပိုက်ဆံများ စုဆောင်းရန် ကြိုးစားနေကြသည်။ ထို့အပြင် ထိုအစည်းအရုံးများက ဧရိယာကြီးမားသည့် အဖွဲ့လိုက် မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်နေပြီး သူတို့အစည်းအရုံး၏ ဂုဏ်သတင်းနှင့် ချပ်ဝတ်တန်ဆာ တိုးတက်ရန် လုပ်ဆောင်နေကြသည်။
အခြေခံအားဖြည့် ချပ်ဝတ်တန်ဆာက ကိုယ်ပိုင်အဖွဲ့အတွက် ပေးမှာ ဖြစ်သည်။ ဖုန်းရွမ်းရန်က ကျန်သည့်ပစ္စည်းများကို ကျန်သည့်မြို့များတွင် ရောင်းချမှာဖြစ်၏။
ကျန်သည့်မြို့များတွင် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းခွဲ မရှိပေ။ ထို့ကြောင့် အခြေခံအားဖြည့် သံချပ်ကာများ ထိုနေရာတွင် မရနိုင်ပေ။ မြေအောက်လောက၏ အဆက်အသွယ်ဖြင့် ဖုန်းရမ်းရန်က ထိုကိရိယာများကို ကျန်သည့်မြို့များရှိ အစည်းအရုံးများဆီ ရောင်းချနိုင်သည်။ အစည်းအရုံးများက ထိုကိရိယာများကို မြင်လျှင် သူတို့က ဝယ်ယူရန်အတွက် တိုက်ခိုက်ကြလောက်သည်။ ရလဒ်အနေဖြင့် ထိုကိရိယာများကို ရောင်းချခြင်းဖြင့် အကျိုးအမြတ်ကြီးကြီးရမှာ ဖြစ်သည်။
၄င်းက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် သတ်လိုက်တာဖြစ်သည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ သံချပ်ကာများ ပစ္စည်းပြတ်သွားရုံသာမက သူသည်လည်း ပြန်ရောင်းချခြင်းဖြင့် အကျိုးအမြတ်ရနိုင်သည်။ ၄င်းက မည်ကဲ့သို့ မှားနိုင်မည်နည်း။
သို့သော် အစီအစဉ်ကို ကျင်းပသည်နှင့် သူသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းမည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း နက်နက်နဲနဲ သဘောပေါက်လာသည်။
ကံကောင်းသည်မှာ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက မြစ်ဖြူမြို့တွင်သာ ရှိပြီး အခြေခံအားဖြည့် သံချပ်ကာကိရိယာကို ထုတ်လုပ်ရန် အရည်အချင်းရှိသည့် ပန်းပဲဆရာ ၃ ဦးသာ ရှိသည်။ ကုန်သွယ်ရေးလုပ်ငန်းက ပြဿ နာ ၂ ရပ်ကို ဖြေရှင်းနိုင်လျှင် သူတို့က ကြယ်လတိုင်းပြည်၏ ဈေးကွက်ကို စိုးမိုးသွားနိုင်မှာ သေချာသည်။ ထိုအချိန်ကျလျှင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနှင့် သူက ယှဉ်ပြိုင်နိုင်တော့မည်နည်း။
ဖုန်းရမ်းရန်က သူ မနာလိုဖြစ်တာကို ထိန်းမချုပ်ထားနိုင်တော့ပေ။
” ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းက ဘာကြောင့် ငါ့ဟာ မဖြစ်ရတာလဲ …”
ဖုန်းရမ်းရန်က လွမ်ဆွေးခြင်းအပြုံးဆီ နက်ရှိုင်းသည့် အမုန်းတရားများ ရှိနေသည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ပူးပေါင်းရန် သဘောတူညီခဲ့လျှင် ယခုလောက်ဆို သူ၏ ပိုင်ဆိုင်မှု ဖြစ်မှာပင်။ ကုန်သွယ်ရေးလုပ်ငန်းမှ ရရှိသည့် ပိုက်ဆံဖြင့် မြေအောက်လောကအတွင်း သူ၏ ရာထူးက ထိုးတက်သွားမှာ ဖြစ်သည်။ ထိုအချိန်ကျလျှင် သူ့အထက်ရှိ လူများက သူ့နောက်လိုက်ပြီး အလိုကျဆောင်ရွက်ပေးကြတော့မှာ ဖြစ်သည်။
” ဟန့် …။ မင်းက ကုန်သွယ်ရေးလုပ်ငန်းကို ငါဆီရောင်းချဖို့ ငြင်းဆန်တာကြောင့် ငါမင်းကို ဆန့်ကျင့်တဲ့နေရာမှာ အဆင်မပြေဖြစ်နေမယ်လို့ ထင်နေတာလား …။ ကုန်သွယ်ရေးလုပ်ငန်းက ငါလက်ထဲရောက်မှာပဲ …”
ဖုန်းရွမ်းရန်က ဖယောင်းတိုင်အလင်းကုန်သွယ်ရေးခန်းမကို ရယူရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ၄င်းက မြေအောက်လောက၏ စွမ်းအားဖြင့် အချိန်အတိုင်းအတာတစ်ခုသာ ကြာမှာဖြစ်သည်။ မကြာခင် သူ၏ ထိန်းချုပ်မှုအောက် ရောက်လာမှာ ဖြစ်သည်။ ထိုအချိန်ကျလျှင် ဇီးရိုးဝင်းကဲ့သို့ တိုက်ပွဲဝင် အစည်းအရုံးကို ဖြေရှင်းသည့်အခါ အသေးအမွှားသာ ဖြစ်သွားပေလိမ့်မည်။
ဖုန်းရွမ်းရန်က အောင်ပွဲခံဝိုင်ကို နှစ်ခြိုက်စွာ သောက်သုံးနေစဉ် ခပ်ဖိုင့်ဖိုင့်လူရွယ်တစ်ယောက်က သူ့ဘေးနား၌ လာထိုင်သည်။
” သခင်လေးဖုန်း …။ ကျုပ်ကို ဒီနေ့ ဘာကြောင့်ခေါ်လည်းဆိုတာ သိခွင့်ရမလား …”
ထိုလူရွယ်က အဆင့် ၁၀ သာရှိပြီး မြို့ထဲသို့ ဝင်ရန်အတွက် အနိမ့်ဆုံးသတ်မှတ်ချက် ရောက်ရုံမျှသာရှိကာ သူ၏ခန္ဓာကိုယ်က ပါးနပ်သည့် ဥာဏ်များဖြာထွက်နေသည်။ တကယ်တော့ သူ၏ မျက်ပေါက်ကျဉ်းကျဉ်းများက မြေခွေးအိုကြီးနှင့် နှိုင်းယှဉ်နိုင်ပေသည်။
” မင်းကို ပြောထားတဲ့ ကိစ္စ ဘယ်လိုလဲ …”
ဖုန်းရွမ်းရန်က ညင်သာစွာ ပြောလိုက်သည်။
” သခင်လေးဖုန်း စိတ်ချထားပါ …။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက အဖွဲ့ဝင်တော်တော်များများနဲ့ ကျွန်တော် ဆွေးနွေးပြီးပါပြီ …။ အဆင့်မြင့် ပန်းပဲလက်သင် ၁၂ ယောက်လောက်က ကျွန်တော်တို့ဘက်ကို တရားဝင် ဝင်ပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကို အများစုကတော့ ပြသခဲ့တယ် …။ နောင်ကျရင် အဆင့်မြင့်ပန်းပဲလက်သင် တော်တော်များများ ကျုပ်တို့ဘက်ကို ရောက်လာမှာ အဲဒီအခါ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးက ပစ္စည်းပြတ်တောက်မှာပဲ …။ လုပ်ငန်းရဲ့ နာမည်ကျော်ကြားမှု ကျဆင်းလာတဲ့အချိန် ကျွန်တော်တို့က သူ့ရဲ့အဖွဲ့ဝင်တွေကို ခေါ်ဖို့ ပိုလွယ်သွားမယ် …။ အလုပ်သမားမရှိရင် ကောင်းမွန်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပြီး အခြေခံအားဖြည့် သံချပ်ကာ ရှိနေရင်တောင် ပစ္စည်းထုတ်ဖို့က မဖြစ်နိုင်ဘူး …”
လူရွယ်က ရယ်မောလိုက်သည်။
” ကောင်းတယ် …။ မင်းလုပ်ခဲ့တာ တော်တယ် …။ မင်းအောင်မြင်ရင် အကျိုးခံစားခွင့် မင်းရမှာပဲ …”
ဖုန်းရွမ်းရန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုစဉ် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ပန်းပဲခန်းများထဲမှ တစ်ခန်းထဲတွင် လွမ်းဆွေးခြင်းအပြုံးက မျက်မှောင်ကြုတ်ကာ သိသိသာသာစိုးရိမ်ပူပန်နေသည်။ သိပ်မကြာခင်က အဆင့်မြင့်ပန်းပဲလက်သင်များသည် သူတို့၏ စာချုပ်များဖြေရှင်းရန် ပြောခဲ့သည်။ ထို့အပြင် အဆင့်မြင့်ပန်းပဲလက်သင်များက ရှားပါးသည့်ပန်းပဲဒီဇိုင်းများလည်း ရထားသေးသည်။
ထိုလူများသည် သူတို့သင်ယူပြီးသည့် ပန်းပဲဒီဇိုင်း၏ တန်ကြေး ၁၂ ဆကို လျော်ကြေးအဖြစ်ပေးရမည်ဖြစ်သော်လည်း ၄င်းက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းအတွက် ဆုံးရှုံးမှုကြီး ဖြစ်နေသေးသည်။ လုပ်ငန်းတစ်ခုအတွက် ထိုပန်းပဲဒီဇိုင်းများရရန်အတွက် မလွယ်ကူပေ။ ထိုအရာများ မရှိဘဲ လုပ်ငန်းက ဈေးဝယ်သူများကို မည်သို့ ထိန်းထားနိုင်မည်နည်း။
” တကယ် စက်စုပ်ဖို့ ကောင်းလိုက်တာ …။ သစ္စာဖောက်ကောင်တွေကို ငါပြုစုပျိုထောင်လိမ့်မိမယ်လို့ ငါမထင်ထားဘူး …။ ဒီလူတွေကို ပန်းပဲဒီဇိုင်းသင်ယူခွင့် ဘယ်တုန်းမှ မပြုသင့်ဘူး …”
လွမ်းဆွေးခြင်းအပြုံးက အံ့ကြိတ်လိုက်သည်။ သူမက ထိုလူများကို အာရုံစိုက်မိပြီး ရှားပါးသည့်ပန်းပဲဒီဇိုင်းများ ထောက်ပံ့ပေးကာ သူတို့ကို အဆင့်မြင့်ပန်းပဲလက်သင်များဖြစ်ရန် ခွင့်ပြုခဲ့ခြင်းထက် အလွန်နောင်တရနေမိသည်။
ရုတ်တရက် ရှီဖုန်းက တံခါးဖွင့်ကာ ပန်းပဲခန်းထဲသို့ ဝင်လာ၏။ သို့သော် သူ တိတ်တဆိတ်ရောက်လာမှုကြောင့် လွမ်းဆွေးခြင်းအပြုံးက သူမရှေ့သို့ သူရောက်လာမှသာလျှင် သတိပြုမိသွားသည်။
” အစည်းအရုံးခေါင်းဆောင် …”
လွမ်းဆွေးခြင်းအပြုံးက တအံ့တသြခေါ်လိုက်သည်။
” ဒီမှာ ဘာကြောင့် ရှိနေတာလဲ …”
” မင်း ဘယ်လောက်တောင် စိတ်ရှုပ်ထွေးနေလဲဆိုတာ ကြည့်ပါအုံး …။ ပြဿ နာတစ်ခုခု တွေ့လို့လား …”
ရှီဖုန်းက ရယ်မောလျှက် မေးလိုက်သည်။
ရှီဖုန်းက အလွန်စိတ်ပျော်နေသည်။ ဒဏ္ဍာရီမွန်းစတား အော့ခ်ဘုရင် တရစစ်ဆီမှ နတ်ဘုရားသလင်းကို ခိုးယူပြီး လွတ်မြောက်လာပြီးနောက် သူက မြစ်ဖြူမြို့ကို တန်းသွားလိုက်သည်။ သူကို အော့ခ်ဘုရင် အမိဖမ်းပြီ အဆုံးသတ်မှာကို ကြောက်နေခဲ့သည်။ ယခု မြစ်ဖြူမြို့ကို ပြန်ရောက်သောအခါ အော့ခ်ဘုရင်က သူ့ကို လိုက်ဖမ်းနိုင်လျှင်တောင် သူ့အဖို့ မြို့ထဲမကျူးကျော်နိုင်ကြောင်း သိလိုက်ရသည်။
” အစည်းအရုံးခေါင်းဆောင် …။ ကျွန်မ အသုံးမကျဘူး …။ ရှင် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး …။ ဒီကျေးဇူးမသိတက်တဲ့ အမျိုးယုတ်တွေ အယုတ်တမာတွေကို ပြုစုပျိုထောင်တာကို စဉ်းစားကြည့်ရင်လေ …”
လွမ်းဆွေးခြင်းအပြုံး၏ မျက်လုံးထဲ၌ နောင်တများ ပြည့်နှက်လာသည်။ ရှီဖုန်းသည် သူမဆီ ရှားပါးသောပန်းပဲဒီဇိုင်းများ ယုံကြည်စိတ်ချစွာ အပ်နှံထားခဲ့ပြီး စိတ်ချရသည့်သူကိုသာ သင်ပေးရန် အထပ်ထပ်အခါခါ မှာကြားခဲ့သည်။ ထိုသို့တိုင် အဆုံးတွင်မူ
လွမ်းဆွေးခြင်းအပြုံး ရေရွတ်ပြောတာကို ကြားပြီးနောက် ရှီဖုန်းက မရယ်မောပဲ မနေနိုင်တော့ပေ။
” ဒီတော့ ဒီလို ဖြစ်သွားတာပေါ့ …”
” ကိစ္စမရှိပါဘူး …။ ငါတို့မှာ ရှားပါးတဲ့ ပန်းပဲဒီဇိုင်းတစ်ချို့ ဆုံးရှုံးသွားပေမယ့် ခရက်ဒစ်တွေ သန်းချီပြန်ရတာပဲမလား …”
ရှီဖုန်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။ ပြီးနောက် သူက ပန်းပဲဒီဇိုင်းတစ်ထပ်ကို ထုတ်ယူပြီး ကျောက်ပြားပေါ် တင်လိုက်၏။
” လွှမ်းမိုးခြင်းအပြုံးက ငါတို့ရဲ့ အဆင့်မြင့်ရှားပါးတဲ့ပန်းပဲဒီဇိုင်းတွေကို သင်ယူပြီးတဲ့ လက်သင်ပန်းပဲဆရာတွေကို ခေါ်ချင်တယ်ဆိုမှတော့ ခေါ်ပါစပေါ့ …။ သူတို့တတ်နိုင်တယ်ဆိုရင် သူတို့ လိုသလောက်ခေါ်သွားပါစေ …။ ငါ သူတို့ ဒီလိုလုပ်ဖို့ ကြိုဆိုတယ် …”