ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 517 ကံကြမ္မာက လူတွေကို အရူးလုပ်
ဂျမ်းတဲလ်စနိုး၏ အဆိုတင်သွင်းမှုက မက်မောဖွယ်ရှိမှန်း ဝန်ခံရပေမည်။
ကျောက်ယွဲ့ရှုနှင့် အုရိုဘိုရို၏ အကြီးအကဲတောင် သူမ၏ ကမ်းလှမ်းမှုကြောင့် ထိတ်လန့်သွားပေသည်။
ဆိုရလျှင် ပြောပြီးသည့်အတိုင်း အုရိုဘိုရိုက ပထမတန်းအစည်းအရုံးတစ်ခုဖြစ်ပြီး ကြွယ်ဝချမ်းသာမှုများစွာ ပိုင်ဆိုင်ထားသည်။ နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ထိုအခြေအနေကို ရရှိလာခဲ့တာ ဖြစ်သည်။ အစည်းအရုံး၏ အတွင်းပိုင်းရုန်းကန်မှုများက ပြင်းထန်သည့်တိုင် အစည်းအရုံးကိုယ်တိုင်က ကြောက်မက်ဖွယ်ကောင်းအောင် သန်မာနေဆဲဖြစ်ပြီး ဒုတယတန်းအစည်းအရုံးများက မယှဉ်နိုင်သေးပေ။
ကုန်သွယ်ရေးလုပ်ငန်း၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းအတွက် ဂျမ်းတဲလ်စနိုးက အုရိုဘိုရို၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို လှဲလှယ်ရန် ဆန္ဒရှိခဲ့သည်။ ထို့အပြင် ဘဏ္ဍာရေးအရင်းအမြစ်နှင့် လှိုင်းများလည်း ထောက်ပံ့ပေးဦးမှာ ဖြစ်သည်။ ထိုဆုံးဖြတ်ချက်က ရူးတာ သိသာသည်။
” စနိုး …။ မင်းရူးသွားပြီလား …။ မင်းက ယခု အုရိုဘိုရို၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကိုပဲ ကိုင်ထားတာ …။ ဒါတောင် မင်းက ဘလက်ဖလိမ်းကို ၃၀ ရာခိုင်နှုန်းပေးမလို့လား …။ ဘလက်ဖလိမ်းက ချောင်ချန်းဟွာနဲ့ လက်တွဲလိုက်ရင် ဘယ်လိုလုပ်မလဲ …”
ကျောက်ယွဲ့ရှုက သူမ သူငယ်ချင်းကို ညင်သာစွာ ဖြောင်းဖြသည်။
ကျောက်ယွဲ့ရှုက ဘလက်ဖလိမ်းကို ယုံကြည်သည့်တိုင် အုရိုဘိုရို၏ရှယ်ယာ ၃၀ ရာခိုင်နှုန်းက အင်မတန်အရေးကြီးသည်။ ဂျမ်းတဲလ်စနိုးက ၄င်းကို အသုံးပြုလျှင် အစည်းအရုံး၏ အကြီးအကဲများကို သူမဘက်သို့ ပိုဖြောင်းဖြနိုင်မှာ ဖြစ်သည်။ ထိုနည်းဖြင့် ချောင်ချန်းဟွာက အစည်းအရုံးသို့ အလွယ်တတူ ထိခိုက်နိုင်တော့မှာ မဟုတ်ပေ။ ဂျမ်းတဲလ်စနိုး၏ ခွန်အားကို မြင့်တင်ရန်နှင့် အစည်းအရုံး၏ ရှယ်ယာကို အသုံးပြုခြင်းက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ရယူခြင်းထက် ပိုတန်ဖိုးရှိပေသည်။
” အမှန်ပဲ သခင်မလေးစနိုး …။ ဒါကို ဂရုတစိုက် စဉ်းစားရမယ် …။ ဒီရှယ်ယာတွေက သခင်မလေး ချောင်ချန်းဟွာကို တိုက်ခိုက်ဖို့အတွက် ချန်ထားပေးခဲ့တဲ့ နောက်ဆုံးအရာပဲ …။ ချောင်ချန်းဟွာက နတ်ဘုရားနယ်မြေထဲမှာ ဆက်မဆော့နိုင်ပေမဲ့ တကယ့်ကမ္ဘာမှာ သူ့ကုမ္မဏီထဲက အာဏာက အနည်းငယ်လေးတောင် သတ်ရောက်မှု မရှိဘူး …။ ဒီရှယ်ယာတွေကို အခြားတစ်ယောက်ဆီပေးပြီး ဒီနောက်ဆုံးအကွက်သာ ဆုံးရှုံးသွားခဲ့မယ်ဆိုရင် သူက ကုမ္မဏီရဲ့ အခြားရှယ်ယာရှင်တွေနဲ့ ပူးပေါင်းပြီး အလွယ်တကူ ဆန့်ကျင်နိုင်သွားမှာ …”
အိမ်တော်ထိန်းဝတ်ရုံဖြင့် အသက် ၅၀ အရွယ်ခန့်ရှိသော လူရွယ်က ဂျမ်းတဲလ်စနိုးကို ဖြောင်းဖြနေသည်။
” ရှင်တို့ ထပ်ပြောစရာ မလိုတော့ပါဘူး …။ ကျွန်မ လုပ်နေတာ ကျွန်မသိတယ် …”
ဂျမ်းတဲလ်စနိုးက ခေါင်းခါပြီး ရှီဖုန်း၏ အဖြေကို မျှော်လင့်နေသည်။
သူမက အရူး မဟုတ်ပေ။ ၄င်းက ထိုက်တန်သည့် လှဲလှယ်မှု မဟုတ်မှန်း သိသည်။ ထိုသို့တိုင် သူတို့အစည်းအရုံး ၂ ခုကြားရှိ ဆက်ဆံရေးကို ပိုခိုင်မြဲစေရန်အတွက် ထိုသို့လှဲလှယ်ခြင်းဖြစ်သည်။
သူမက အုရိုဘိုရို၏ အစည်းအရုံးခေါင်းဆောင်ဖြစ်ပြီး ကုမ္မဏီ၏ အဓိကရှယ်ယာရှင်များထဲမှ တစ်ဦးဖြစ်သည့်တိုင် သူမ၏ အာဏာရော သူမ၏ စကားကပါ အသုံးမဝင်ပေ။ ကံဆိုးသည်မှာ သူမ ကိုယ်တိုင်ကစားသမားများကို ပြုစုပျိးထောင်ရန် ကြိုးစားခဲ့သည့်တိုင် သူမ အမိန့်အောက်၌ အရည်အချင်းရှိသည့်သူက နည်းပါးလွန်းသည်။ ၄င်းက နတ်ဘုရားနယ်မြေထဲရှိ ကျွမ်းကျင်သူများအတွက် အထူးသဖြင့် မှန်ကန်သည်။
ချောင်ချန်းဟွာက အုရိုဘိုရိုကို နှစ်ပေါင်းများစွာ စီမံခဲ့တာ ဖြစ်သည်။ ထို့ကြောင့် များစွာသော ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရန် အချိန်နဲ့ အရင်းအမြစ်ရှိခဲ့သည်။
သူမ၏ ယခင် ချောင်ချန်းဟွာအပေါ် အောင်ပွဲကြောင့် သူသည် အစည်းအရုံးကို စွန့်ပစ်ရန်အတွက် သူ့လက်အောက်ရှိ ကျွမ်းကျင်သူများအားလုံးကို ပြတ်သားစွာ အမိန့်ပေးခဲ့သည်။ ထို့အပြင် ချောင်ချန်းဟွာကလည်း အစည်းအရုံး၏ အကြီးအကဲများစွာကို ချည်နှောင်ထားခဲ့ပြီး အစည်းအရုံးထဲမှ တိတ်တဆိတ်ညွှန်ကြားနေကာ အုရိုဘိုရိုကို ၂ ခြမ်းကွဲအောင် လုပ်နေသည်။
အုရိုဘိုရိုသာ ၂ ခြမ်းကွဲသွားလျှင် သူမ ရထားသည့် ရှယ်ယာများက အသုံးမဝင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူမက ဇီးရိုးဝင်းကို သူမဘက်သို့ ခေါ်ထားချင်သည်။
ဇီးရိုးဝင်းသည် မြို့လေးတစ်မြို့ကိုသာ သိမ်းပိုက်စိုးမိုးထားနိုင်ပြီး အဆင့် ၂ အစည်းအရုံးများထက် နိမ့်ကျသည့်ပုံပေါ်သော်လည်း ဇီးရိုးဝင်းက ကြယ်လတိုင်းပြည်အတွင်း ဒုတိယအမြင့်ဆုံး လူဦးရေရှိပေသည်။ ၄င်းက ကစားသမားသိန်းချီသာ ရှိသည့် မြို့ ၄၊ ၅ မြို့ကို သိမ်းပိုက်ခြင်းထက် ပိုကောင်းပေသည်။
တကယ်တော့ ရီဖုန်းနှင့် ခရမ်းတိမ်၏ လုပ်ဆောင်ချက်ကို မြင်ပြီးနောက် သူသိလိုက်တာ ဖြစ်သည်။
ဇီးရိုးဝင်းက ယခုအချိန်တွင် တည်ထောင်ခါစ အစည်းအရုံးဖြစ်နေသေးသည့်တိုင် ဂျမ်းတဲလ်စနိုးက ဇီးရိုးဝင်း၌ သေးငယ်သော်လည်း ချွန်ထက်သောအစွယ်များရှိတာကို မြင်ခဲ့ပြီး ဖြစ်သည်။ အချိန်ကျလာလျှင် ဇီးရိုးဝင်းက ရန်သူများအားလုံးကို ဖြေရှင်းပြီး ကြယ်လတိုင်းပြည်၏ အရှင်သခင်ဖြစ်လာမှာပင်။
ယခုအချိန်၌ ဇီးရိုးဝင်းသည် ကြယ်လမြို့၏ ရွှေမြေနေရာများ တစ်ခုပေါ်၌ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းကို တည်ထောင်နိုင်ခဲ့ခြင်းက ထိုလူ၏ အရည်အချင်းနှင့် စွမ်းအားကို ပြသနေတာ ဖြစ်သည်။
ှရှီဖုန်းကလည်း ဂျမ်းတဲလ်စနိုး၏ အဆိုတင်သွင်းချက်ကြောင့် အံ့သြသွားသည်။ ဂျမ်းတဲလ်စနိုးသည် ထိုမျှမက်မောဖွယ် ကမ်းလှမ်းချက် ပေးလာလိမ့်မည်ဟု သူ မထင်ထားပေ။
သို့သော် ရှီဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
” မစ္စစနိုး …။ မင်းရဲ့ ကမ်းလှမ်းမှုက တကယ်မက်မောစရာကောင်းပါတယ် …။ ဒါပေမယ့် ငြင်းဆန်ခွင့်ပြုပါ …”
” ငြင်းတာလား …။ ဘာကြောင့်လဲ …”
ဂျမ်းတဲလ်စနိုးက မယုံနိုင်စွာ မေးလိုက်၏။ သူမ၏ မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။
သူမ ကမ်းလှမ်းမှုက ရှီဖုန်း၏ မျက်နှာရှေ့ ပိုက်ဆံများ ချပေးခြင်းနှင့် မခြားပေ။ ဇီးရိုးဝင်းနှင့် အုရိုဘိုရိုပူးပေါင်းလိုက်ပါက တစ်ယောက်ချို့တဲ့မှုကို တစ်ယောက်ဖာထေးပေးနိုင်ရုံသာမက အစည်းအရုံး ၂ ခုအတွက် ကြယ်လတိုင်းပြည်၏ အရှင်သခင်များ ဖြစ်လာရန် လမ်းကြောင်းက ပိုအဆင်ပြေလာမှာ ဖြစ်သည်။ ထိုကမ်းလှမ်းမှုကို ရှီဖုန်း အဘယ်ကြောင့် ငြင်းမှန်း သူမ မတွေးနိုင်ပေ။
” ကျုပ်သဘောပေါက်သလောက်တော့ ခင်ဗျားက အုရိုဘိုရိုရဲ့ အတွင်းပိုင်းပြဿ နာတွေကို မြန်မြန်ဖြေရှင်းချင်နေတာ …။ ဒါပေမယ့် ဇီးရိုးဝင်းကို ကျန်တဲ့အစည်းအရုံးရဲ့ အတွင်းပိုင်းပြဿ နာတွေမှာ ဝင်မရှုပ်ထွေးစေချင်ဘူး …”
ရှီဖုန်းက ရှင်းပြသည်။
” ဒါပေမယ့် မစ်စနိုး စိတ်ဝင်စားမယ့် နောက်ထပ် ကမ်းလှမ်းချက်တစ်ခုရှိတယ် …”
” နောက်ထပ် ကမ်းလှမ်းချက်လား …”
ဂျမ်းတဲလ်စနိုးက သိချင်စိတ်ဖြင့် မမေးပဲ မနေနိုင်တော့ပေ။
” ဒါက သိပ်ကို ရိုးရှင်းပါတယ် …။ မစ်စနိုးက အုရိုဘိုရိုရဲ့ အဖွဲ့ဝင်တွေကို ဇီးရိုးဝင်းထဲ ခေါ်လာဖို့ပဲ လိုအပ်တယ် …။ ဇီးရိုးဝင်းရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်း မစ်စနိုးကို ပေးနိုင်တယ် …”
ရှီဖုန်း၏ အသံက အင်မတန် တည်ငြိမ်နေသော်လည်း သူ့စကားလုံးများက ထိတ်လန့်ဖွယ်ကောင်းသည်။
” ရှင်က အုရိုဘိုရိုကို သိမ်းယူဖို့ ကြိုးစားနေတာလား …”
ဂျမ်းတဲလ်စနိုးက အစာမကြေစွာ ပြောလိုက်၏။
အုရိုဘိုရိုက သူမ၏အပိုင် မဟုတ်ပေ။ မူလက သူမအစ်ကို၏ အပိုင်ဖြစ်သည်။ သူမအစ်ကို မတော်တဆဖြစ်မှုကြောင့် ချောင်ချန်းဟွာက ၄င်းကို အခွင့်အရေးယူပြီး ထိပ်တန်းထိရောက်အောင် ဆွဲခေါ်သွားတာ ဖြစ်သည်။ ထို့အပြင် ဒီတစ်လျှောက်လုံး သူမက အုရိုဘိုရိုကို သူ၏ယခင် ဂုဏ်ကျက်သရေများ ပြန်ရနိုင်သည့် နည်းလမ်းကိုသာ စဉ်းစားခဲ့တာဖြစ်သည်။ ထို့ကြောင့် အုရိုဘိုရိုနှင့် ဇီးရိုးဝင်းကို ရောနှောပစ်ရန် သူမက မည်ကဲ့သို့ သဘောတူမည်နည်း။
” ကွာဟချက် ရှိလို့လား …”
ရှီဖုန်းက ပြန်ပက်သည်။
” အုရိုဘိုရိုက ယခု သူ့နာမည်ပဲ ရှိတာ …။ မင်းက အုရိုဘိုရိုရဲ့ အစည်းအရုံးခေါင်းဆောင်ရာထူးကို ရထားပေမယ့် အာဏာလည်း မပိုင်ဘူး …။ အနှေးနဲ့ အမြန် အုရိုဘိုရိုက ၂ ခြမ်းကွဲမှာပဲ …။ အဲ့ဒီတော့ ဇီးရိုးဝင်းကို ဘာကြောင့် မဝင်တာလဲ …”
အုရိုဘိုရိုအပေါ် ရှီဖုန်း၏ ကိုယ်ပိုင်တွေးတောချက်က ရှိပြီးသားဖြစ်သည်။
တကယ်တော့ အုရိုဘိုရိုက သူ့အတွက် အရေမကြီးပေ။ ဇီးရိုးဝင်း၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ပေးရန် ကမ်းလှမ်းရသည့် အကြောင်းအရင်းက စစ်နတ်ဘုရားမ ဂျမ်းတဲလ်စနိုးကြောင့် ဖြစ်သည်။ အားလုံးက သူ့အတွက်တော့ နည်းနည်းစီ အဓိပ္ပါယ်ရှိသည်။
အတိတ်တုန်းက ချောင်ချန်းဟွာသည် ဂျမ်းတဲလ်စနိုးကို အနိုင်ယူခဲ့သည်။ အစည်းအရုံးတစ်ခုလုံး သူမကို ဆန့်ကျင်မှုကြောင့် သူမ ရှုံးသွားတာ သဘာဝကျသည်။ ဂျမ်းတဲလ်စနိုး၏ ယုံကြည်ရဆုံး နောက်လိုက်များမှအပ လူတစ်ဦးတောင် ဂျမ်းတဲလ်စနိုးနှင့် ရပ်တည်မနေပေ။ သူမ မည်ကဲ့သို့ နိုင်မည်နည်း။
သူမ၏ ကိုယ်ပိုင်အရည်အချင်းက အံ့သြဖွယ်ကောင်းပြီး နတ်ဘုရားနယ်မြေတစ်လျှောက် သူမ ဂုဏ်ကျက်သရေ ထွန်းတောက်သည့်တိုင် ထိုလူများ၏ ရည်မှန်းချက်ကို ခွန်အားသက်သက်ဖြင့် မယိမ်းယိုင်စေနိုင်ပေ။
ရှီဖုန်းက ဂျမ်းတဲလ်စနိုးကို ယခုအခေါက်ပြိုင်ပွဲနိုင်အောင် ကူညီပေးနိုင်ခဲ့သော်လည်း သူမ ကံကြမ္မာက များစွာ မပြောင်းလဲသွားပေ။ သူဘဝတွင် သူမက ချောင်ချန်းဟွာထက် မှန်ကန်နေရုံသာ ရှိသည်။ ထိုသို့တိုင် အုရိုအိုရို၏ အဖွဲ့ဝင်အများစုက ချောင်ချန်းဟွာ၏ လက်အောက်ငယ်သားများ ဖြစ်နေသေးသည်။ သူက သူ့လူများကို ရုတ်သိမ်းပြီး ကိုယ်ပိုင်အစည်းအရုံး တည်ထောင်ရန်သာ ရှိသည်။ ပေးဆပ်ရသည့် ပမာဏကလည်း နည်းပါးမှာ မဟုတ်။
သို့သော် ချောင်ချန်းဟွာက ရွေးချယ်စရာမရှိပေ။ အဆုံးတွင် အုရိုဘိုရိုက ပြိုကွဲသွားပေလိမ့်မည်။
ဂျမ်းတဲလ်စနိုးအဖို့ မည်သည့်အကြောင်းကြောင့် ထိုမျှ ခက်ခက်ခဲခဲ ကြိုးစားရမည်နည်း။ သူမက ထိုအခွင့်အရေးကို ယူကာ ဇီးရိုးဝင်းဆီဝင်ပြီး ထောက်ပံ့မှု ယူတာက ပိုကောင်းပေသည်။
အချိန်က တဖြေးဖြေး ကုန်ဆုံးသွားသည်။
နှစ်ဖက်လုံးက တစ်ယောက်နှင့် တစ်ယောက်တိတ်ဆိတ်စွာ ကြည့်နေကြ၏။
ယခုအချိန်၌ ဂျမ်းတဲလ်စနိုး၏ ရင်ထဲ၌ ရှုပ်ထွေးသည့် ခံစားချက်များ ပြည့်နေသည်။ သူမက ယှဉ်ပြိုင်ပွဲကို နိုင်ခဲ့သော်လည်း အစည်းအရုံးကို ဆုံးရှုံးခဲ့သည်။
ထိုစာကြောင်းက သူမ၏ အခြေအနေနှင့် ကိုက်ညီပေသည်။ သူမက အစည်းအရုံးအတွက် ကြိုးစားအားထုတ်မှု ရှိခဲ့သော်လည်း အဆုံးတွင် သူမ၏ ကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။
” ကံကြမ္မာက လူတွေကို အရူးလုပ်နိုင်တယ် …”
ဂျမ်းတဲလ်စနိုးက တည်ငြိမ်စွာ ထုတ်ဖော်ပြောလိုက်သည်။ ပြီးနောက် သူမက ကျောက်ယွဲ့ရှုနှင့် သူမ ဘေးရှိ ကျန်သည့် အစည်းအရုံးအကြီးအကဲများကို ကြည့်လိုက်သည်။ သူတို့အားလုံးက သူမ အယုံကြည်ရဆုံးသူ ဖြစ်သည်။
ချောင်ချန်ဟွာက အုရိုဘိုရိုမှ သူ့လက်အောက်ငယ်သားအားလုံးကို ထုတ်သွားသည့်အချိန်၌ အစည်းအရုံးက အမည်သာ ကျန်ခဲ့သည်။ ယခုအချိန်တွင် အစည်းအရုံးအဖို့ ကြယ်လတိုင်းပြည်ထဲ ရှေ့ဆက်ရန် အလွန်ခက်ခဲနေပြီ ဖြစ်သည်။
ဆိုရလျှင် အုရိုဘိုရိုနှင့် ကြယ်မဟာမိတ်က ရန်ဘက်များ ဖြစ်ကြသည်။ အုရိုဘိုရိုက အမည်အတိုင်း ရှိနေသည့်တိုင် ကြယ်မဟာမိတ်က အလွတ်ပေးမှာ မဟုတ်ပေ။ အစည်းအရုံးက အုရိုဘိုရိုကို နတ်ဘုရားနယ်မြေမှ ဖယ်ရှားမှသာလျှင် ၄င်းငြိမ်းချမ်းသွားပေလိမ့်မည်။