ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 526 ဟန့်တားခြင်း ဖိအား
နဂါးလူသားအသိုက်ထဲရှိ အားလုံးကို ဖြေရှင်းပြီးနောက် ရှီဖုန်းက ထိုလူများကျသည့် အိုင်တမ်များကို စတင်စုဆောင်းသည်။
စိုးထိတ်ကြောက်ရွံ့ခြင်း၏ အာနိသင်ကြောင့် စစ်ကွဲဝံပုလွေနှင့် ကျန်သည့်သူများ၏ ပစ္စည်းကျသည့်နှုန်းက အဆပေါင်းများစွာ ဖြစ်သည်။ ထို့အပြင် ရှီဖုန်း၏ ကံကောင်းမှုစွမ်းရည်ကြောင့် လွှမ်းမိုးခြင်းအပြုံး၏ အချို့သော လက်ရွေးစဉ်များက ချပ်ဝတ်တန်ဆာ အပိုင်းအစ ၃ ခုတောင်ကျကြသည်။ ရှီဖုန်းက ချပ်ဝတ်တန်ဆာအပိုင်းအစ ၂၀၀ ကျော် ရခဲ့ပြီး အနိမ့်ဆုံးက အဆင့် ၂၀ မဟူရာငွေ ချပ်ဝတ်တန်ဆာ ဖြစ်သည်။ သူက ကစားသမားအယောက် ၁၀၀ ပါသည့်အဖွဲ့တစ်ဖွဲ့ကို သတ်ရုံမျှဖြင့် ရလာခဲ့တာဖြစ်သည်။ ရှီဖုန်းက စုစုပေါင်း ရွှေပြား ၁၀၀၀ ကျော်ရလိုက်တာဖြစ်သည်။
” ကစားသမားတော်တော်များများက အမှောင်ထုဖိအားကို ဝင်ကြတာ အံ့သြစရာ မရှိပါဘူး …”
သူအိတ်ထဲရှိ အဆင့်မြင့်ချပ်ဝတ်တန်ဆာများကို ကြည့်ပြီးနောက် ရှီဖုန်းရင်ထဲ၌ မဖော်ပြနိုင်သည့် အပျော်များပြည့်နေသည်။ ဇီးရိုးဝင်းက ထိုချပ်ဝတ်တန်ဆာများကို ယူရန် သူကိုသူ မှီခိုအားထားရပါက အချိန်များစွာ လိုအပ်ပေလိမ့်မည်။ ယခု ရှီဖုန်းက ၅ မိနစ်ခန့်သာ လိုအပ်လိုက်၏။
သို့သော် ယခုအချိန်တွင် ချပ်ဝတ်တန်ဆာများက သူပူပန်ရမည့် အချိန်မဟုတ်ပေ။
အဓိကအချက်က စစ်ပွဲဝံပုလွေနှင့် ကျန်သည့်သူများကို သတ်ဖြတ်ခြင်းဖြစ်သည်။
သူတို့၏ အင်မော်တယ် ဝိညာဉ်ကိုစုပ်ယူပြီးနောက် စစ်ပွဲဝံပုလွေနှင့် ကျန်သည့်သူများက ဂိမ်းထဲ အနည်းဆုံး ၂ ရက်၊ ၃ ရက် မဝင်နိုင်ပဲ ဖြစ်နေမှာပင်။ သူတို့ချပ်ဝတ်တန်ဆာ ဆုံးရှုံးမှုအပြင် သူတို့က ထိခိုက်မှုကြီးမှ ပြန်ကောင်းရန်အတွက် အနိမ့်ဆုံး ၄ ရက်၊ ၅ ရက်ခန့်အချိန်ယူရပေမည်။ တစ်ခေါက်တိုက်ခိုက်ပြီး ရှီဖုန်းက လွှမ်းမိုးခြင်းအပြုံး၏ လျှို့ဝှက်ကဒ်ကို မြေကြီးပေါ်သို့ နင်းခြေလိုက်ကာ အစည်းအရုံး၏ တိုးတက်မှုဖြစ်စဉ်ကို နောက်နှေးသွားစေတာ ဖြစ်သည်။
” ဒါကို ငါအိတ်ထဲကို ထည့်မယ်ဆိုရင် ငါဂိမ်းထဲကနေ မထွက်ခင် အသက်ဖိအားရဲ့ အမှတ် ၃၀၀ စုဆောင်းသင့်တယ် …”
ရှီဖုန်းက အီကာရက်နှလုံးသား၏ စွမ်းရည်ကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းသပ်လိုက်၏။ ပြီးနောက် သူက နဂါးလူသားအသိုက်မှ ထွက်ခွာကာ လွှမ်းမိုးခြင်းအပြုံး၏ ကျန်သည့်အဖွဲ့ဝင်များကို ရှာလိုက်သည်။ ယခင်က သူသည် စစ်ပွဲဝံပုလွေနှင့် ကျန်သည့်သူများ တိုက်ခိုက်ချိန်၌ ထိုလူများက လွှမ်းမိုးခြင်းအပြုံးကို ဆက်သွယ်ပြီး လူစုလူဝေးကို အာရုံစိုက်ရန် မျှော်လင့်ခဲ့သေးသည်။ ဆိုရလျှင် လွှမ်းမိုးခြင်းအပြုံးက နေပယ်မြို့၏ အရှင်သခင် ဖြစ်သည်။ ယခုဆို အစည်းအရုံးကို တစ်စုံတစ်ယောက် ရန်စရဲခဲ့သည်။ သူတို့က ထိုအပြုအမူအတွက် နောက်ဆက်တွဲကို မြင်ချင်နေ၏။
အစည်းအရုံး၏ ဂုဏ်သတင်းပူပန်မှုနှင့် ပတ်သက်၍ လွှမ်းမိုးခြင်းအပြုံးက ကျန်သည့်သူများအဖို့ ဟန့်တားပြီး ဆောင်ရွက်တော့မှာ ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် ရှီဖုန်းအဖို့ လွှမ်းမိုးခြင်းအပြုံး အဖွဲ့ဝင်များကို အမဲလိုက်ရန် ပြီးပြည့်စုံသည့်အချိန် ဖြစ်နေသည်။
အချိန်က တဖြေးဖြေးခြင်း ကုန်ဆုံးသွား၏။
ရှီဖုန်း ကြိုတွေးသည့်အတိုင်းပင် သူသည် စစ်ပွဲဝံပုလွေ၏ အဖွဲ့ကို သတ်ဖြတ်ပြီးနောက် လွှမ်းမိုးခြင်းအပြုံး အဖွဲ့ဝင်များက သူ၏ တည်နေရာကို စတင်လိုက်ရှာကြတော့သည်။
သူတို့၏နယ်မြေထဲတွင် သူတို့၏မဟာမိတ်ကို တစ်စုံတစ်ယောက်က အမှန်တကယ် သတ်ဖြတ်ရဲခဲ့သည်။ ၄င်းမတိုင်ခင် လွှမ်းမိုးခြင်းအပြုံး၏ မည်သည့်အဖွဲ့ဝင်ကိုမှ မည်သူမှ မသတ်ရဲခဲ့ပေ။ ယခုတစ်စုံတစ်ယောက် ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့် သူတို့က ဖြေရှင်းရန် လိုအပ်သည်။ ဒေါသများပြည့်နေသည့် လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များက စစ်ပွဲဝံပုလွေတို့ တိုက်ခိုက်ခဲ့သည့် နေရာဖြစ်သည့် နဂါးလူသားအသိုက်ဆီသွားကာ ရှီဖုန်းကို သင်ခန်းစာပေးရန် မျှော်လင့်ခဲ့ကြသည်။ ကံဆိုးသည်မှာ အဆုံးမဲ့သေခြင်းတရားချောက်ကမ်းပါးကသာ သူတို့ကို စောင့်ကြိုနေသည်။
တပ်ကူတွင် အယောက် ၂၀ အဖွဲ့များ ပါဝင်ပြီး အယောက် ၁၀၀ အဖွဲ့ပေါ်လာတာ အလွန်ရှားသည်။ ထိုအဖွဲ့ကို လက်ရွေးစဉ်ကစားသမားအဖြစ် သတ်မှတ်နိုင်သော်လည်း စစ်ပွဲဝံပုလွေ အဖွဲ့နှင့် ယှဉ်ပါက သူတို့က သိသိသာသာနိမ့်ကျနေသည်။
ထိုအဖွဲ့များထဲမှ တစ်ဖွဲ့ကို ရှီဖုန်းတွေ့သွားသည့်အချိန်၌ သူက မီးမုန်တိုင်းကို ချက်ချင်းအသုံးပြုလိုက်သည်။ စကေးအာနိသင်၏ အချင်းဝက် အပြင်ဘက်တွင် ရှိသည့် သူများအဖို့မူ ရှီဖုန်းက ခပ်မြန်မြန်ပြေးသွားပြီး အမြန်အဆုံးသတ်လိုက်သည်။ တိုက်ပွဲတိုင်းက ၅ စက္ကန့်၊ ၆ စက္ကန့်သာ ကြာလေ့ရှိကြသည်။ လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များက ကျန်သည့်အဖွဲ့များကို ဆက်သွယ်ရန်အချိန်တောင် မရလိုက်ပေ။ သူတို့ကို ရှီဖုန်း ဝါးမျိုတာကိုသာ တစ်ယောက်ပြီးတစ်ယောက် ကြည့်နေရသည်။ ၄င်းတို့က အီကာရက်နှလုံးသား၏ အသက်ဖိအားဖြစ်လာခဲ့သည်။
နာရီဝက်ခန့်ကြာပြီးနောက် ရှီဖုန်းသည် အသက်ဖိအား အမှတ် ၃၀၀ စုဆောင်းမိခဲ့ပြီဖြစ်ကာ အီကာရက်၏ နှလုံးသားကို မဟူရာငွေအဆင့်သို့ ဆင့်ကဲပြောင်းလဲနိုင်တော့မှာ ဖြစ်သည်။ ကံကောင်းမှုစွမ်းရည် လည်ဆွဲထောက်ပံ့မှုက ယခင် မူလ ၇ မှတ်မှ ၉ မှတ်ထိ တိုးသွားတာ ဖြစ်သည်။ ၄င်းက အနည်းအကျဉ်းသာ တိုးတာဖြစ်သော်လည်း အိုင်တမ်များ ကျသည့်နှုန်းကို သိသိသာသာတိုးစေသည်။ ရှီဖုန်းက အီကာရက်နှလုံးသားကို ရွှေစင်အဆင့်အထိ အဆင့်မြင့်ချင်ပါက သူသည် အသက်ဖိအား ၆၀၀ မှတ် လိုအပ်ခဲ့သည်။
မူလက ရှီဖုန်းသည် အနားယူရန်အတွက် ဂိမ်းထဲမှ ထွက်ချင်ခဲ့တာ ဖြစ်သည်။ သို့သော် ၄င်းက ရှားပါးသည့်အခွင့်အရေးတစ်ခုဆိုတာ တွေးမိသောအခါ သူသည် အဖော်အပေါင်းကို ကူညီရန်လာကြသည့် လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များကို အစုလိုက်အပြုံလိုက် ဆက်တိုက်သတ်ဖြတ်တော့သည်။
လက်ရှိတွင် လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များက နဂါးလူသား၏ အသိုက်တွင် ဘာတွေဖြစ်နေမှန်း မသိသေးပေ။ သူအဖော်အပေါင်း မည်မျှများများ သေနေလည်းဆိုတာ မသိကြ။ အင်မော်တယ်ဝိညာဉ်ဆုံးရှုံးသွားသည့် ကစားသမားများက ဂိမ်းထဲ ဝင်ချင်လျှင်တောင် ဝင်လို့မရပေ။ သူတို့၏ မဟာမိတ်များကို စာပို့ဖို့က မဖြစ်နိုင်ပေ။
ဆက်သွယ်ရန် နည်းလမ်းတစ်ခု ရှိလျှင်တောင် လွှမ်းမိုးခြင်းအပြုံး၏ အထက်အရာရှိများက သေသွားသည့်သူများ ဂိမ်းထဲပြန်မဝင်နိုင်တာ သိရုံသာရှိမည်။ ပြန်ဝင်နိုင်ရန်အတွက် မည်မျှကြာမည်ကို မည်သူက သိနိုင်မည်နည်း။
ရှီဖုန်းက လွှမ်းမိုးခြင်းအပြုံး အခြေအနေကို မည်သို့တုံ့ပြန်မှာကို စောင့်စားနေပြီး လွှမ်းမိုးခြင်းအပြုံး အဖွဲ့ဝင်များကို ဆက်လက်ရှာနေသည်။
သူ့သတ်ဖြတ်မှုသတင်းက အနှေးနဲ့အမြန်ထွက်လာမည်ဖြစ်သောကြောင့် ရှီဖုန်းက မြန်သမျှမြန်မြန် များနိုင်သမျှ များများ သတ်ရန် ရည်ရွယ်ထား၏။
ရှီဖုန်းကို သင်ခန်းစာပေးချင်ခဲ့သည့် လွှမ်းမိုးခြင်းအပြုံးအဖွဲ့ဝင်များက သူတို့အသက်အတွက် ပြေးလွှားနေရသည်။ နဂါးလူသားအသိုက်သို့ ရောက်လာသည့်သူတိုင်း သေဆုံးခဲ့ရပြီး ကစားသမားအယောက် ၁၀၀ ပါသည့်အဖွဲ့ကလည်း ချွင်းချက်မဟုတ်ခဲ့ပေ။
လွှမ်းမိုးခြင်းအပြုံး၏ အစည်းအရုံးဂေဟာထဲတွင်
” မစ္စယို့လန် …။ ဘာတွေဖြစ်နေတာလဲ …။ ဘာကြောင့် အလောတကြီး လာတွေ့တာလဲ …”
အစည်းအရုံးခေါင်းဆောင်၏ ပလ္လင်ထက်တွင် ချောမောခန့်ငြားသည့် လူရွယ်တစ်ဦးက ထိုင်ပြီးရယ်မောကာ ပြောလိုက်သည်။
ထိုလူရွယ်က လွှမ်းမိုးခြင်းအပြုံး၏ စစ်မှန်သောအစည်းအရုံးခေါင်းဆောင် ရယ်မောခြင်းကောင်းကင်ဘုံအပြင် အခြားသူမဟုတ်ပေ။ ရယ်မောခြင်းကောင်းကင်ဘုံက အသားလတ်ပြီး မဲမှောင်သည့် မျက်လုံးတစ်စုံရှိသည်။ သူ့တစ်ကိုယ်လုံးက ခမ်းနားထည်ဝါသည့် အငွေ့အသက် ဖြာထွက်နေပြီး သူသည် ဘဝ၏ ကံကြမ္မာအပြောင်းအလဲများကို တွေ့ကြုံခဲ့ပြီသည့်သူဟု အမြင်မျိုးရစေသည်။
လွှမ်းမိုးခြင်းအပြုံးက ဒုတိယတန်း အစည်းအရုံးတစ်ခုဖြစ်သော်လည်း ၄င်းက အချိန်တိုအတွင်း တည်ထောင်လာခဲ့တာ ဖြစ်သည်။ ရယ်မောခြင်းကောင်းကင်ဘုံက လွှမ်းမိုးခြင်းအပြုံးကို ပြုစုပျိုထောင်ရန်အတွက် တာဝန်ယူထားသူဖြစ်သည်။ နတ်ဘုရားနယ်မြေ၏ အစောပိုင်းအဆင့်အတောအတွင်း သူက နေပယ်မြို့တွင် လွှမ်းမိုးခြင်းအပြုံးကို ပြုစုပျိုးထောင်ရန် ရွေးချယ်ခဲ့ပြီး အစည်းအရုံးကို မြို့၏ အရှင်သခင်ဖြစ်လာစေရန် ဦးဆောင်ခဲ့သည်။ မြေအောက်လောကသည် နောက်ပိုင်းမှ ကမ်းလှမ်းလာတာ ဖြစ်သည်။ မြေအောက်လောကက အစည်းအရုံးကို လုံလောက်သည့် ဘဏ္ဍာငွေ ထောက်ပံ့ရုံသာမက ကျွမ်းကျင်သူများထောက်ပံ့ပေးပြီး လွှမ်းမိုးခြင်းအပြုံးကို ပြိုင်ဘက်မရှိ ပထမတန်းအစည်းအရုံးဖြစ်လာစေရန် ခွင့်ပြုထား၏။
သို့သော် ရယ်မောခြင်းကောင်းကင်ဘုံအဖို့ ထိတ်လန့်ရသည်က မြေအောက်ကမ္ဘာက ပို့လိုက်သည့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ထိုကျွမ်းကျင်သူအနည်းစုကြောင့် လွှမ်းမိုးခြင်းအပြုံးသည် အဖွဲ့လိုက် မြေအောက်စခန်းများကို ချောချောမွေ့မွေ့နိုင်နိုင်နင်းနင်း စီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီး နေပယ်မြို့ကို ထိတ်လန့်စေခဲ့သည်။ လွှမ်းမိုးခြင်းအပြုံးက ကြယ်လတိုင်းပြည့်ထဲတွင် လူသိများသည့် အစည်းအရုံးတစ်ခုဖြစ်လာပြီး တိုင်းပြည်၏ နံပါတ် ၁ အစည်းအရုံးဖြစ်ရန် လက္ခဏာတောင် ပြလာခဲ့သည်။
” အစည်းအရုံခေါင်ဆောင် ရယ်မောခြင်းကောင်ကင်ဘုံ …။ အခုက စနောက်နေရမယ့်အချိန် မဟုတ်တော့ဘူး …။ နဂါးတောင်ကြားက အဖွဲ့ဝင်အားလုံးကို မြန်မြန်ပြန်ခေါ်ပါ …။ သူတို့သာ ပြန်မလာနိုင်ရင် သူတို့ရဲ့ အစည်းအရုံးတံဆိပ်တွေကို ဝှက်ထားဖို့ ညွှန်ကြားလိုက် …”
ယို့လန်က တည်ကြည်လေးနက်သည့် အမူအရာဖြင့် ပြောသည်။ သူမက လေသံက တောင်းဆိုတာထက် အမိန့်ပေးသည့် လေသံနှင့် တူနေ၏။
” မစ္စယိုလန် …။ နဂါးကုန်းပြင်မြင့်မှာ တစ်ခုခုများ ဖြစ်လို့လား …”
ရယ်မောခြင်းကောင်းကင်ဘုံက အရူးမဟုတ်ပေ။ ယို့လန် လေသံ ရုတ်တရက်ပြောင်းလဲသွားတာကို ကြားသောအခါ အခြေအနေက မရိုးရှင်းမှန်း သူပြောနိုင်ပေသည်။ သို့သော် ထိုလူများသည် အကြောင်းပြချက်မရှိဘဲ စီးနင်းတိုက်ခိုက်နေသည့် ကစားသမားများကို ပြန်မခေါ်နိုင်ပေ။ ထိုအပြုအမူက အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
” နဂါးကုန်းပြင်မြင့်မှာ ဘာတွေဖြစ်နေလဲဆိုတာ ရှင် တကယ်မသိတာလား …”
ယိုလန်က တည်ငြိမ်စွာ မေးလိုက်၏။
” ငါတို့အဖွဲ့ကို တိုက်ခိုက်နေတဲ့ လူအကြောင်းပြောနေတာလား …”
ယို့လန် စိတ်ဖိစီးနေရသည့် အကြောင်းအရင်းကို ရယ်မောခြင်းကောင်းကင်ဘုံ သဘောပေါက်သွားသောအခါ သူက မရယ်မောပဲ မနေနိုင်တော့ပေ။
” မစ္စယို့လန် …။ ခင်ဗျားက ဘာမှမဟုတ်တာလေးကို ရေးကြီးခွင်ကျယ် လုပ်နေတာမဟုတ်ဘူးလား …။ ကျုပ်တို့ကို တစ်ယောက်ယောက်က ချောင်းမြောင်းတိုက်ခိုက်ရုံပဲလေ …။ ကျုပ်တို့ အဖွဲ့ဝင်တွေကို နဂါးကုန်းပြင်မြင့်ကနေ ပြန်ခေါ်ဖို့ လိုအပ်လို့လား …။ အစည်းအရုံးအဖွဲ့ဝင် တော်တော်များများက အဲဒီမောက်မာတဲ့ မျိုးမစစ်ကို ဖြေရှင်းဖို့ သွားနေပြီ …။ အဲဒီကစားသမား ရှာတွေ့ပြီး အသတ်ခံရလောက်ပြီလို့တောင် ထင်နေတာ …”
” ရေကြီးခွင်ကျယ် လုပ်တယ်တဲ့လား …။ ရှာတွေ့ပြီ တဲ့လား …”
ရယ်မောခြင်းကောင်းကင်ဘုံ၏ ကစားများကို ကြားသောအခါ ယိုလန်က မရယ်မောပဲ မနေနိုင်တော့။ သူမ၏ မျက်လုံးထဲတွင် လောင်ပြောင်ရိပ် တစ်စွန်းတစ်စ ရှိနေသည်။
” ဒီလို ပျက်ရယ်ပြုတဲ့ စကားတွေကို ပြောနေရအောင် ရှင် နဂါးကုန်းပြင်မြင့်မှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျရော သိရဲ့လား …”
” မစ္စယိုလန် …။ ခင်ဗျားတစ်ခု နားလည်ထားဖို့ရှိတယ် …။ ခင်ဗျားက မြစ်ဖြူမြို့ရဲ့ လွှမ်းမိုးခြင်းအပြုံးခေါင်းဆောင်ဖြစ်ပြီး နေပယ်မြို့မှာတော့ ကျုပ် ရယ်မောခြင်းကောင်းကင်ဘုံက အစည်းအရုံးခေါင်းဆောင်ပဲ …”
ရယ်မောခြင်းကောင်းကင်ဘုံက ယို့လန်၏ အပြုအမူကို အထင်မကြီးပေ။ မြေအောက်လောက၏ ထောက်ပံ့မှုကို မရထားလျှင် ထိုအမျိုးသမီးပြောတာကို သူဂရုစိုက်မှာ မဟုတ်ပေ။
” ရှင်မသိဘူးဆိုတော့ ကျွန်မပြောပြမယ် …။ ဇီးရိုးဝင်းရဲ့ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းကြောင့် နဂါးကုန်းပြင်မြင့်မှာ ရှိနေတဲ့ ရှင်ပို့လိုက်တဲ့ လူအများစုက သေသွားပြီးပြီ …။ သူတို့ကို ချက်ချင်းပြန်မခေါ်ရင် ကျွန်မတို့မှာ ရှိတဲ့အဖွဲ့ဝင်တိုင်း သုတ်သင်ရှင်းလင်းခံရလိမ့်မယ် …”
ယို့လန်က တင်းမာစွာ ပြောလိုက်၏။
” ကျွန်မ ဒါကို ပြောဖို့လာတာပဲ …။ အစည်းအရုံခေါင်းဆောင် ရယ်မောခြင်းကောင်းကင်ဘုံ ကျွန်မအကြံတိုင်း လုပ်မလုပ်ကတော့ ရှင်နဲ့ပဲ ဆိုင်တယ် …”
ပြောပြီးနောက် ယို့လန်က အစည်းအရုံးခေါင်းဆောင်၏ ရုံးခန်းထဲမှ လှည့်ထွက်သွားသည်။ နေပယ်မြို့ရှိ သူမ၏ တာဝန်က လွှမ်းမိုးခြင်းအပြုံး၏ ကုန်သွယ်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ဖြစ်သည်။ သူမက အစည်းအရုံးနှင့် ပတ်သက်သည့် မည်သည့်ကိစ္စများကိုမှ ဝင်ရောက်စွပ်ဖက်ခွင့် မပြုထားပေ။ မဟုတ်ပါက သူမက ဤနေရာကို လာရောက်မှာ မဟုတ်ပေ။
ဘလက်ဖလိမ်းဟူသော အမည်ကို ကြားသောအခါ ရယ်မောခြင်းကောင်းကင်ဘုံက တိတ်ဆိတ်သွားတော့သည်။