ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 527 နေပယ်မြို့တွင် ပွတ်လောရိုက်ခြင်း
လွှမ်းမိုးခြင်းအပြုံး၏ အစည်းအရုံးခေါင်းဆောင် ရုံခန်းထဲတွင် ယို့လန် ထွက်ခွာသွားပြီး ခဏအကြာတွင် ရယ်မောခြင်းကောင်းကင်ဘုံက အခြေအနေကို လက်ခံရန် ခက်ခဲနေသေးသည်။ ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းသည် လွှမ်းမိုးခြင်းအပြုံး အဖွဲ့ဝင်များကို ချုံခိုတိုက်ခိုက်ရန် နဂါးကုန်းပြင်မြင့်သို့ အဘယ်ကြောင့်သွားမှန်း သူနားမလည်နိုင်ပေ။
ဘလက်ဖလိမ်းဟူသည် မည်သူနည်း။
သူသည် ကြယ်လတိုင်းပြည်၏ အသိမှတ်ပြုခံထားရသော နံပါတ် ၁ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူက ရန်သူသောင်းချီ ဝန်းရံခံရသည့် အချိန်တွင်တောင် သူစိတ်ရှိသလို ဝင်ထွက်သွားလာနိုင်စွမ်းရှိသူ ဖြစ်သည်။ ရယ်မောခြင်းကောင်းကင်ဘုံက မြေအောက်လောက၏ သရဲ ၇ ဖော်ထဲမှ ၂ ယောက်သည် ဘလက်ဖလိမ်း၏လက်ထဲ သေကြောင်း သူကြားခဲ့ပြီး မြေအောက်ကမ္ဘာတောင် ဇီးရိုးဝင်းကို မဆန့်ကျင်နိုင်ခဲ့ပေ။ အဆုံးတွင် မြေအောက်ကမ္ဘာတောင် ဇီးရိုးဝင်းနှင့် ဖြေရှင်းရာတွင် သည်းခံရုံအပြင် ဘာမှမရှိ။ ၄င်းက ဘလက်ဖလိမ်း၏ စွမ်းအားကို ပြသနေတာဖြစ်သည်။
” သေစမ်း …”
ရယ်မောခြင်းကောင်းကင်ဘုံက အခြေအနေတစ်ရပ်ကို ရုတ်တရက် သတိပြုမိသွားသည်။
ဘလက်ဖလိမ်းသည် သူသတ်ခဲ့သည့် ကစားသမားများကို နတ်ဘုရားနယ်မြေထဲ အချိန်ကြာပြန်ဝင်လို့မရအောင် တားမြစ်နိုင်စွမ်းရှိသူဟု ကောလဟာလတစ်ခုရှိသည်။ သို့သော် ထိုကောလဟာလမှန်မှန်း ဘလက်ဖလိမ်း မြေအောက်လောက၏ တစ္ဆေ ၅ နှင့် တစ္ဆေ ၆ ကိုသတ်ဖြတ်ခဲ့ပြီးနောက် ရယ်မောခြင်းကောင်းကင်ဘုံ သိလိုက်ရတာ ဖြစ်သည်။ သူတို့က ၂ ရက်လုံး ဂိမ်းထဲ မဝင်နိုင်ခဲ့ပေ။ ၄င်းကို ကြည့်ရှူရာဂူသချိင်္ုင်းထဲတွင်လည်း ဘလက်ဖလိမ်းသတ်ဖြတ်ခဲ့သည့် သူများက သူတို့၏ ရတနာများစွာလည်း ကျခဲ့သည်။
ယို့လန်ပြောတာ အမှန်ဆိုပါက နဂါးကုန်းပြင်မြင့်က လွှမ်းမိုးခြင်းအဖွဲ့ဝင်များကို သတ်ဖြတ်ခံရမည့် သိုးများအပြင် ဘာမှမဟုတ်တော့ပေ။ ထို့အပြင် ယခုက နတ်ဘုရားနယ်မြေထဲတွင် ညအချိန်ဖြစ်နေသည်။ ညဘက်တွင် အစည်းအရုံးတိုင်း၏ အဆင့်တက်နိုင်စွမ်းက လက်ရွေးစဉ်ကစားသမားများသာ ဖြစ်သည်။ ထိုလူများသည် ဂိမ်းစကတည်းက ၂ ရက်အတွင်း သုတ်သင်ရှင်းလင်း ခံရတော့သည်။
စစ်ပွဲဝံပုလွေကို ဆက်သွယ်ရန် ကြိုးစားပြီး သူ၏ ကျွမ်းကျင်သူအဖွဲ့က ဘလက်ဖလိမ်းကို ပိတ်ဆို့နိုင်ရန် သူ မျှော်လင့်ခဲ့၏။ သူတို့၏ ခွန်အားဖြင့် ထိုကိစ္စ ခက်ခဲမှာ မဟုတ်လောက်ပေ။ သူက နဂါးကုန်းပြင်မြင့်ပေါ်မှ အစည်းအရုံးအဖွဲ့ဝင်များကို သိမ်းရန်သာ လိုအပ်သည်။
” သူထွက်သွားပြီလား …”
ရယ်မောခြင်းကောင်းကင်ဘုံက သူ၏ သူငယ်ချင်းစာရင်းကို ဖွင့်ကြည့်လိုက်သောအခါ စစ်ပွဲဝံပုလွေနှင့် ကျန်သည့် ကျမ်းကျင်သူများ အော့ဖ်လိုင်းဖြစ်နေတာကို ရုတ်တရက် တွေ့လိုက်ရ၏။
” ဒါမဟုတ်သေးဘူး …။ ဒီနေ့ နဂါးလူသားအသိုက်ကို စစ်ပွဲဝံပုလွေ စီးနင်းတိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ ငါကြားခဲ့တာ …။ သူတို့ဘာကြောင့် ဒီလောက်မြန်မြန်ထွက်သွားတာလဲ …”
” မဟုတ်မှလွဲရော …”
ရယ်မောခြင်းကောင်းကင်ဘုံက မဖြစ်နိုင်သည့် အတွေးတစ်ခုကို တွေးမိသွားသည်။
” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …။ ဘလက်ဖလိမ်းက ထိပ်တန်းအလွှာ ကျွမ်းကျင်သူ ၈ ယောက်လုံးကို သတ်လိုက်တာလား …”
သို့သော် ယို့လန် သူ့ရုံးခန်းထဲ ရုတ်တရက်ပေါ်လာသည်ကို သတိထားမိသောအခါ စစ်ပွဲဝံပုလွေသည် သေဆုံးသွားပြီးနောက် ယို့လန်ကို ဆက်သွယ်ခဲ့တာ ဖြစ်နိုင်ချေများသည်။
” ဒါမဖြစ်ဘူး …။ ငါအားလုံးကို ချက်ချင်းပြန်ခေါ်ဖို့လိုတယ် …”
ရယ်မောခြင်းကောင်းကင်ဘုံက လွှမ်းမိုးခြင်းအပြုံး အဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမည်ဟု တွေးမိသောအခါ သူ့ရင်ထဲတွင် ဒေါသနှင့် အကြောက်တရားတို့ ကြီးစိုးသွားသည်။ သို့သော် လူတစ်ယောက်ထဲဖြင့် တပ်ဖွဲ့တစ်ဖွဲ့ကို မည်ကဲ့သို့နိုင်မည်နည်း။
ခဏအကြာတွင် ရယ်မောခြင်းကောင်းကင်ဘုံက နဂါးကုန်းပြင်မြင့်ပေါ်ရှိ လွှမ်းမိုးခြင်းအဖွဲ့ဝင်များကို အဆင့်တက်တာ ရပ်ပြီး မြို့တွင် ပြန်အနားယူရန် အမိန့်ပေးလိုက်၏။ မည်သည့်နည်းနဲ့မဆို ညအချိန်တွင် မွန်းစတားများကို ဖြေရှင်းရန် မလွယ်ကူပေ။ သူတို့ အစည်းအရုံးဂေဟာထဲတွင် အနားယူပါက EXP ၂ ဆလည်း စုဆောင်းနိုင်မှာ ဖြစ်သည်။
” ဘာတွေဖြစ်ကုန်တာလဲ …။ ဘာကြောင့် ငါတို့ကို နဂါးကုန်းပြင်မြင့်ကနေ ထွက်ဖို့ပြောနေတာလဲ …။ ငါရတနာသေတ္တာနဲ့ နည်းနည်းလေးပဲ လိုတော့တာကို …”
” ဟုတ်တယ် …။ ငါတို့အဖွဲ့က ငါတို့ကို ချုံခိုတိုက်ခိုက်ရဲတဲ့ အဲဒီသူခိုးလေးကို ရှာဖွေနေတုန်းပဲ …။ ငါတို့ ဒီအတိုင်း ဆုတ်သွားခဲ့ရင် သူ့ကို လွတ်ပေးလိုက်ရာ မကျဘူးလား …”
” ဘယ်သူသိမှာလဲ …။ ဒါအစည်းအရုံးခေါင်းဆောင်ဆီက အမိန့်ပဲလေ …။ ငါတို့ ရွေးချယ်စရာ မရှိဘူး …”
လွှမ်းမိုးခြင်းအပြုံး အဖွဲ့ဝင်များက ရယ်မောခြင်းကောင်းကင်ဘုံ၏ အမိန့်ကို အတော်လေး အကျေမနပ်ဖြစ်နေကြသည်။ သို့သော် ၄င်းက အစည်းအရုံးခေါင်းဆောင်၏ အမိန့်ဖြစ်နေသောကြောင့် သူတို့က မနာခံပဲ မနေပေ။
နဂါးကုန်းပြင်မြင့်ကနေ လွှမ်းမိုးခြင်းအပြုံးက တဖြေးဖြေးခြင်း ပြန်ဆုတ်နေစဉ် နေပယ်မြို့၌ ဂယက်ရိုက်တော့သည်။
မြို့ထဲတွင် ကစားသမားများစွာက အနားယူနေစဉ် ချုံခိုတိုက်ခိုက်မှုနှင့် လွှမ်းမိုးခြင်းအပြုံးပြန်ဆုတ်သည့် အကြောင်းကို ဆွေးနွေးနေကြသည်။ စကားပြောသည့် နေရာတွင်လည်း သက်ဝင်လှုပ်ရှားနေ၏။ ဆိုရလျှင် လွှမ်းမိုးခြင်းအပြုံးက နေပယ်မြို့၏ အရှင်သခင်ဖြစ်ပြီး ထိုသို့ပြန်ဆုတ်ခြင်းက အားလုံး၏ အာရုံစိုက်မှုကို ရသွားသည်။ ယခု ကြီးမားသည့်အဖြစ်အပျက်တစ်ခု ပေါ်လာသောကြောင့် သူတို့က မည်ကဲ့သို့ အာရုံမစိုက်ဘဲ နေမည်နည်း။
” မင်း ကြားမိလား …။ လွှမ်းမိုးခြင်းအပြုံးက သူ့အဖွဲ့ဝင်အားလုံးကို နဂါးကုန်းပြင်မြင့်ကနေ ရုတ်တရက် ပြန်ဆုတ်ခိုင်းလိုက်တယ် …”
” ကြားမိတာပေါ့ …။ ငါကြားတယ် …။ သူတို့ခေါင်းဆောင်ရဲ့ စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲဆိုတာ အံ့သြမိပါရဲ့ …”
” ဟီ … ဟီ … ငါ့မှာ အတွင်းသတင်းတစ်ချို့ရှိတယ် …။ နဂါးကုန်းပြင်မြင့်ထဲမှာ လွှမ်းမိုးခြင်းအပြုံးကစားသမားတွေကို တစ်ယောက်ယောက် သတ်လိုက်တယ်လို့ ငါကြားမိတယ် …။ အဲဒီကိစ္စကို ဖြေရှင်းမယ့်နည်းလမ်းမရှိတော့ လွှမ်းမိုးခြင်းအပြုံးက နဂါးကုန်းမြင့်ကနေ ပြန်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရတာပဲ …”
” ထွီ … မဟုတ်တာတွေ …။ ငါတို့နေပယ်မြို့ရဲ့ အနှိုင်းမဲ့အရှင်သခင်ဘဲ …။ သူတို့ကို တိုက်ခိုက်ရဲတဲ့သူတွေက သေရမှာပဲ …”
” ဟေ့ …။ ဒီလောက် မြန်မြန်မငြင်းဆန်နဲ့ …။ လွှမ်းမိုးခြင်းအပြုံးကို ချုံခိုတိုက်ခိုက်တဲ့သူက ရိုးရှင်းတဲ့သူ မဟုတ်ဘူး …”
ရုတ်တရက်တွင် ဘားထဲရှိ ကစားသမားများက သိချင်စိတ် ပြည့်သွားသည်။ လွှမ်းမိုးခြင်းအပြုံးသည် မြို့၏အရှင်သခင်ဖြစ်သည့်အချက်အပြင် အစည်းအရုံးကလည်း ကျွမ်းကျင်သူများ၏ ရှယ်ယာကို သေချာမျှဝေတာဖြစ်သည်။ မဟုတ်ပါက သူတို့သည် အဆင့် ၂၀ ငရဲခန်းအဖွဲ့လိုက် မြေအောက်စခန်းများ တစ်ခုပြီးတစ်ခု အောင်မြင်စွာ စီးနင်းတိုက်ခိုက်နိုင်မှာ မဟုတ်ပေ။ ယခုအချိန်တွင် လွှမ်းမိုးခြင်းအပြုံးမှ အပကျန်သည့် အစည်းအရုံးများက ထိုသို့သော လုပ်ဆောင်မှုများကို အအောင်မြင်ကြသေးပေ။
ထိုကျွမ်းကျင်သူများဖြင့် အစည်းအရုံးကို မည်သည့်ကစားသမားများက စိန်ခေါ်ရန် အခွင့်အရေးရှိမည်နည်း။
” ငါ မယုံနိုင်ဘူး …။ ဘယ်သူက ဒီလောက်အားကောင်းတာလဲ …”
” ပထမတန်းအစည်းအရုံးက နေပယ်မြို့က လွှမ်းမိုးခြင်းအပြုံးကို စစ်ကြေညာဖို့ ပြောထားတာ မဟုတ်ရင် ဘယ်သူက ဒီလိုခွန်အား ပိုင်ဆိုင်မှာလဲ …”
ဘားထဲရှိ လူအုပ်ကြီးက သံသယရှိတာကို ပြသည်။ သူတို့က ထိအချက်အလက်များကို မယုံကြည်ပေ။ ထို့အပြင် လွှမ်းမိုးခြင်းအပြုံးက ဂုဏ်သတင်းနှင့်အညီရှိသည်ဟု သူတို့အမြဲတမ်းတွေးခဲ့တာဖြစ်သည်။ ဆိုရလျှင် သူတို့က တစ်မြို့ထဲ ကစားသမားများဖြစ်ကြသည်။
ထို့အပြင် လွမ်းမိုးခြင်းအပြံက အင်မတန်အားကောင်းသည်။ ကြယ်လတိုင်းပြည် တစ်လျှောက်လုံးတွင် အဆင့် ၂၀ အဖွဲ့လိုက် မြေအောက်စခန်းများကို အစည်းအရုံးတစ်ချို့သာ စီးနင်းတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်သည်။ ပထမတန်းအစည်းအရုံးက လွှမ်းမိုးခြင်းအပြုံးကို တိုက်ခိုက်ရန်ဆန္ဒရှိလျှင်တောင် သူတို့က နေပယ်မြို့တွင် ခြေချသည်နှင့် သေအောင်ရိုက်ခံရနိုင်သည်။
” ဟီ .. ဟီ .. မင်းတို့တစ်ယောက်မှ ငါကို မယုံဘူးဆိုတာ သိတယ် …။ ဒါပေမယ့် ဒီနာမည်ကို ပြောလိုက်တာနဲ့ မင်းတို့ ငါ့ကို သေချာပေါက်ယုံကြည်မှာပဲ …”
ထိုလူက ရယ်မောလိုက်၏။
” ဆက်ကြွားနေလိုက် …”
” ဘယ်လိုကြွားရမလဲဆိုတာ ဘယ်သူက မသိဘဲနေမှာလဲ …”
ရုတ်တရက်တွင် ဗားထဲရှိလူတိုင်းက တစ်ကိုယ်တော် ကစားသမားကို ကြည့်လိုက်ကြသည်။
” ဟား .. ဟား .. ဟား .. ဒါဆို ငါမင်းတို့ကို ပြောပြမယ် …။ လွှမ်းမိုးခြင်းအပြုံးကို တိုက်ခိုက်တဲ့ကစားသမားက ဘလက်ဖလိမ်း … ဇီးရိုးဝင်းရဲ့ အစည်းအရုံးခေါင်းဆောင်ဖြစ်ပြီး ကြယ်လတိုင်းပြည်ရဲ့ နံပါတ် ၁ ကျွမ်းကျင်သူပဲ …”
ထိုလူက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
ထိုလူပြောပြီးသွားသောအခါ ဘားတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဘလက်ဖလိမ်းသည် ထိုကဲ့သို့ စွမ်းဆောင်ရည်ရှိသည့် တစ်ဦးတည်းသော လူမှန်း လူတိုင်း ခံစားမိကြသည်။
နေပယ်မြို့တွင် ထိုကဲ့သို့ အဖြစ်အပျက် ဖြစ်လာသောကြောင့်ပင် ဖြစ်သည်။ ဘလက်ဖလိမ်းကြောင့် ကြည့်ရှူရာဂူသချိင်္ုင်မှာ ကျွမ်းကျင်သူ အများအပြားပြန်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။
ကြယ်လတိုင်းပြည်ထဲရှိ လူတိုင်းက ဘလက်ဖလိမ်းအကြောင်း သိသည်ဟု ဆိုနိုင်ပေသည်။ နေပယ်မြို့ထဲရှိ အစည်းအရုံးမျာူထဲတွင် တစ်ချက်ထိဟူ၍ ကျော်ကြားပြီး တိုက်ပွဲဝင်နတ်ဘုရားဟု ဆိုကြတာဖြစ်သည်။
ကစားသမားများစွာက ဘလက်ဖလိမ်းဆီမှ သင်ယူရန် ကြိုးစားခဲ့ကြသည်။ သူ၏ စကေးအနည်းငယ်လေးကို သင်ယူလျှင်တောင် သူတို့က ကျွမ်းကျင်သူဖြစ်နိုင်သည်။ ဘလက်ဖလိမ်း၏ ဘွဲ့အမည်က တစ်ချက်ထိအသူရာဖြစ်ပြီး ၄င်းက မရေမတွက်နိုင်သည့် ကစားသမားများကို စိတ်လှုပ်ရှားစေခဲ့သည်။
” သူက အစည်းအရုံးတစ်ခုရဲ့ ခေါင်းဆောင်ပဲ …။ ဒါအပြင် မြစ်ဖြူမြို့ရဲ့ အရှင်သခင် …။ သူက လွှမ်းမိုးခြင်းအပြုံးကို ပြဿ နာရှာဖို့ ဘာကြောင့်ရောက်လာတာလဲ …”
တစ်စုံတစ်ယောက်က ရုတ်တရက်မေးလိုက်သည်။
” ငါဘယ်လိုလုပ် သိမှာလဲ …။ ဘလက်ဖလိမ်းက နေပယ်မြို့မှာ ခြေဆန့်ဖို့ ကြိုးစားနေတာလားမှ မသိတာ …”
ထိုလူက စနောက်လိုက်၏။
ဘားတစ်ခုလုံး ထပ်တိတ်ဆိတ်သွားပြန်သည်။
သူတို့ ၄င်းကို တွေးမိသောအခါ ထိုအအြေနေ ဖြစ်နိုင်ချေများတာကို သိလိုက်ရသည်။ ဆိုရလျှင် ဇီးရိုးဝင်းက မြစ်ဖြူမြို့ရဲ့ အရှင်သခင်ဖြစ်နေပြီးသားပင်။ ထိုကဲ့သို့သော အားကောင်းသည့် အစည်းအရုံးက မြို့တစ်မြို့ထဲတွင် စိုးမိုးရုံဖြင့် အဘယ်ကြောင့် ကျေနပ်မည်နည်း။ အနှေးနှင့် အမြန် ချဲ့ထွင်လာမှာပင်။
အဓိက အချက်ကို တွေးမိသောအခါ လူတိုင်းက စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ပေ။
ထိုစဉ် ဘား၏ထောင့်ဘက်တွင် ထိုင်နေသည့် အသက် ၃၀ ရှိလူရွယ်က ထိုသတင်းကို ကြားသောအခါ ထိတ်လန့်သွား၏။ ထိုလူက ရှီဖုန်းကိုယ်စား မြေသွားဝယ်ပေးခဲ့သည့် လျန်ချန်းဖြစ်သည်။
” လုံလောက်သွားပြီ …။ နေပယ်မြို့ရဲ့ လေထုကတော့ ပြောင်းလဲတော့မှာပဲ …”
လျန်ချန်းက သက်ပြင်းချလိုက်၏။
ကြယ်လတိုင်းပြည်တစ်လျှောက် အများအားဖြင့် ဘလက်ဖလိမ်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်သာလျှင် မြို့တစ်မြို့လုံးကို သူကိုယ်တိုင် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။