ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 532 အားအကောင်းဆုံး လူသစ်လေး
လူမှုအသိုင်းအဝိုင်းတွင် ရှီဖုန်း၏ လက်ရှိအဆင့်အတန်းက အတိတ်တုန်းကနဲ့ မတူတော့ပေ။ သူသည် မည်သည့်ရောင်ဝါမှ မထုတ်ပြသော်လည်း လန်ကျင်း၏ အမြင်တွင် ထိုတိတ်ဆိတ်နေမှုက သူမအပေါ် ဖိအားရောက်စေသည်။
အတိတ်တုန်းက သူမသည် ရှီဖုန်းကို အထင်သေးခဲ့သည်။ သူမက ဘာမှ မပြောခဲ့သည့်တိုင် ရှီဖုန်းကဲ့သို့ လူငယ်ကောင်စုတ်လေးကို လိုက်ပါစောင့်ကြပ်ရန် ရှောင်ယွီ၏ ညွှန်ကြားမှုကို လက်ခံရန်အတွက် သူမ အဆင်မပြေခဲ့ပေ။ ထို့ကြောင့် သူမသည် ရှီဖုန်းကို အနည်းငယ် မလေးမစားဆက်ဆံခဲ့သည်။ ယခု လျန်ကျင်းက သူမ၏ အပြုအမှုအတွက် နောင်တရနေပြီဖြစ်သည်။
ထိုစဉ်က သူမသည် ရှီဖုန်းကို ရိုင်းပြစွာ မဆက်ဆံခဲ့သင့်ပေ။ ဥက္ကဠရှောင်၏ လေးစားမှုကို ရသည့်သူက အသက် ၂၀ ဝန်းကျင်ရှိသည့် လူငယ်တစ်ဦးဖြစ်နေလျှင်တောင် သာမန်လူ မဖြစ်နိုင်ပေ။
” သူက ငါနေရာကို အစားထိုးဖို့ လုပ်နေတာတော့ မဟုတ်လောက်ပါဘူးနော် …”
လန်ကျင်းက စိတ်ပူသွားသည်။
ရှီဖုန်းကဲ့သို့ လူတစ်ယောက်အတွက် လက်ထောက်ဖြစ်လိုကြသည့်သူက မရေမတွက်နိုင်အောင် များပြားပေသည်။ ထိုနေ့က အထူးဧည်သည်တော်အခန်းထဲတွင် ကျင်းဟိုင်မြို့၏ လွှမ်းမိုးနိုင်စွမ်းရှိသူ အများအပြားက ရှီဖုန်းဆီ လက်ထောက်များပို့ပေးပြီး သူတို့နှင့် ထိုလူငယ်လေးကြားရှိ ဆက်ဆံရေးကို ပိုနက်ရှိုင်းစေရန် အခွင့်ရေးယူချင်ကြသည်။
သူမက ရှောင်ယွီ၏ အားထားရဆုံးလက်ထောက်ဟုသော အသာစီးဖြင့် ထိုအလုပ်ကို ရခဲ့တာဖြစ်သည်။ ရှီဖုန်းသာ သူမကို အလုပ်ထုတ်ခဲ့ပါက ဆိုးဝါးသည့် ကံကြမ္မာကသာ သူမကို စောင့်ကြိုနေတော့မှာဖြစ်သည်။
သူမသည် မတိုင်းတာနိုင်လောက်အောင် မောက်မာသည့် ကြွယ်ဝချမ်းသာသူများ ရာထူးမြင့်သူများကို မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးသည်။ ထိုလူများက သူတို့ကို ဒေါသထွက်စေသည့်သူကို ချက်ချင်းဖယ်ရှားလေ့ရှိကြသည်။ ရှီဖုန်းကဲ့သို့ အောင်မြင်ကျော်ကြားသည့် လူငယ်တစ်ဦးအဖို့ သူက ရှောင်ယွီထက်တောင် နာမည်ပိုကျော်ကြားနေသောကြောင့် ထိုနည်းဖြင့် ပြုမူနိုင်လောက်သည်။
ရှီဖုန်း၏ တည်ကြည်သော အကြည့်ကို ကြည့်ပြီး လျန်ကျင်း နှလုံးခုန်မြန်လာတော့သည်။
” ငါက ဒီလိုပဲ အလုပ်ဖြုတ်ခံရတော့မှာလား …”
လျန်ကျင်းစိတ်ထဲ စိတ်ပျက်အားငယ်နေသည်။
ရုတ်တရက်တွင် ရှီဖုန်းက ပြော၏။
” မစ်လျန်ကျင်း …။ ခင်ဗျားကူညီပေးတာ ကျေးဇူးပါ …။ ခင်ဗျာ စီစဉ်ပေးထားတဲ့ လေ့ကျင့်ရေးကွင်းပြင်ကို စစ်ဆေးဖို့အတွက် ကျွန်တော် လာခဲ့ပါမယ် …”
ရှီဖုန်းသည် လျန်ကျင်းကို တည်ကြည်စွာ ကြည့်ကောင်းကြည့်နေသော်လည်း တကယ်တော့ သူသည် ရေနှင်းဆီနှင့် လွမ်းဆွေးခြင်းအပြုံး၏ အလားအလာကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သူ့လူများထဲမှ တစ်ယောက်ဖြစ်အောင် လျန်ကျင်းကို ထားသင့်၊ မထားသင့် စဉ်းစားနေတာ ဖြစ်သည်။ သူက လျန်ကျင်းကို ယခင်က အာရုံမစိုက်ခဲ့ဖူးပေ။ သို့သော် အချိန်တစ်ချို့ စဉ်းစားပြီးနောက် သူ့တွင် သင့်တော်သည့် ဖြေရှင်းချက် ထွက်မလာပေ။ ထို့ကြောင့် သူက ထိုကိစ္စကို ယခုအချိန်တွင် ဘေးချိတ်ထားရုံသာ ရှိသည်။
ပြီးနောက် လျန်ကျင်းက ရှောင်ယွီပို့လိုက်တာ ဖြစ်သည်။
လျန်ကျင်းသာ ဇီးရိုးဝင်းနှင့် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ မန်နေဂျာဖြစ်လာပါက သူမက အဖွဲ့အစည်းတစ်ခုလုံး၏ ပင်မလျှို့ဝှက်ချက်များ သိသူဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ရှီဖုန်းက ဆုံးဖြတ်ချက်ကို ဂရုစိုက်ရန် လိုအပ်သည်။
လျန်ကျင်း၏ စီမံခန့်ခွဲမှုအရည်အချင်းက အတိုင်းအထက်အလွန်ဖြစ်သော်လည်း သူမ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ရန် လိုအပ်သေးသည်။ သူမအကြောင်း အနည်းငယ် ပိုသိပြီးမှ ဆုံးဖြတ်ချက်ချရန် အချိန်ယူရပေမည်။
” အမ် …”
လျန်ကျင်းက အံ့သြသွားသည်။ သူမက သက်ပြင်းချလိုက်၏။
ရှီဖုန်းစကားပြောချိန်၌ ရှီဖုန်း သူမကို ထုတ်လိမ့်မည်ဟု ထင်ခဲ့တာ ဖြစ်သည်။ သူမက အမြန်ပြောလိုက်၏။
” ဆရာရှီဖုန်း …။ အခုချက်ချင်းပဲ ကားတစ်စီးပို့လိုက်ပါ့မယ် …”
ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာထဲတွင် အခြေအနေက ကြီးကြီးမားမား ပြောင်းလဲမှုဖြစ်ပေါ်နေသည်။
လေ့ကျင့်ရေးစင်တာ၏ ဝန်ထမ်းများက စိတ်အခြေအနေကောင်းနေသည်။ လေ့ကျင့်ရေးစင်တာသို့ မကြာခဏလာရောက်သည့် ဧည်သည်တော်များတောင် မြူးတူးတက်ကြွနေကြသည်။
လေ့ကျင့်ရေးစင်တာက သူ၏ ယခင်က နာမည်ကျော်ကြားမှုကို ရလာခဲ့ပြီဖြစ်သည်။ ယခုဆို လူတိုင်းက ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာတွင် ထိပ်တန်းအဆင့်ပညာရှင်ကို နည်းပြတစ်ယောက်အနေဖြင့် ခေါ်ထားနိုင်မည်ဖြစ်ကြောင်း သတင်းကြားလိုက်ရသည်။
ထိုအသက်အရွယ်တွင် လူသားများသည် ကိုယ်လက်လှုပ်ရှားမှုကို အာရုံစိုက်ပြီး လူတိုင်းက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အရေးကြီးသည်ဟု သက်မှတ်ထားကြသည်။ သင့်တော်သည့် လေ့ကျင့်မှု ဆေးရည်၏ ထောက်ပံ့ကူညီမှုတို့ဖြင့် သူတို့၏ သက်တမ်းကို သိသိသာသာဆွဲဆန့်နိုင်မှာ ဖြစ်သည်။
အတိတ်တုန်းက အသက် ၁၀၀ ကိုကျော်၍ ရှင်သန်သူက အင်မတန်ရှားပါးသည်။ ယနေ့ခေတ်တွင် ၁၂၀ ကျော်ထိနေထိုင်နိုင်ရန် လွယ်ကူလာပြီဖြစ်သည်။ ထို့အပြင် သူတို့က သူတို့ငယ်ရွယ်မှုကို အချိန်အတော်ကြာ ထိန်းထားနိုင်ပေသည်။ အတိတ်တုန်းက အသက် ၅၀ ဝန်းကျင်တွင် ငယ်ရွယ်မှုက ဟန်ချက်ပျက်သွားခဲ့သည်။ ယခုမူ အသက် ၇၀ ရောက်ပြီးသည့်တိုင် သူတို့က ငယ်ရွယ်နုပျိုသည့် တက်ကြွမှုနှင့် သွင်ပြင်ကို ထိန်းထားနိုင်ဆဲဖြစ်ကာ သူတို့က အသက် ၄၀ ဝန်းကျင်ဟုတောင် ထင်ရသည်။ သို့သော်အများစုက သိုင်းပညာရှင်များ ဖြစ်ကြသည်။ သာမန်လူများက ကျန်းမာသည့်အဆင့်ကိုသာ ရောက်ရုံရှိသည်။
အတိတ်တုန်းက ထိုက်ကျိပညာရှင်များသည် သက်တမ်း ၁၅၀ ကျော်အထိ နေနိုင်ခဲ့ကြသည်။ ရှေ့ကမ္ဘာတွင် ၄င်းက ဆန်ကျယ်မှုတစ်ခုသာ ဖြစ်သည်။ ယနေ့ခေတ်တွင် နည်းပညာ၏ ထောက်ပံ့မှုဖြင့် လူသားများ ထိုသို့အသက်ရှည်ရန်အတွက် မဖြစ်နိုင်တာ မဟုတ်ပေ။ ထို့ကြောင့် လူအများက သူတို့၏ ခန္ဓာကိုယ်ကို သန်မာချင်စိတ်ရှိကြသည်။
” ဆရာရှီဖုန်း …။ ဒါက ဆရာအတွက် ကုမ္မဏီက ပြင်ဆင်ပေးထားတဲ့ လေ့ကျင့်ရေးကွင်းပြင်ပါ …။ ဘယ်လိုထင်လဲ …”
လျန်ကျင်းက ၃ ထပ်တိုက် ဗီလာကို ပြလိုက်သည်။ မူလက ကုမ္မဏီသည် ၄င်းကို ရွှေအဆင့် အဖွဲ့ဝင်နှင့် ထိုအထက်ရှိ လူများနေရန် နားနေစခန်းအဖြစ် ပြောင်းရန်စီစဉ်ခဲ့သည်။ သို့သော် ရှီဖုန်းက အနှောက်အရှက်ကင်းသည့် လေ့ကျင့်ရေးမြေပြင် လိုအပ်သည်ဆိုသောကြောင့် ထိုဗီလာက ရှီဖုန်း၏ တောင်းဆိုချက်နှင့် ကွက်တိကျသည်ဟု သူတို့တွေးမိလိုက်သည်။ ထိုဗီလာသည် လေ့ကျင့်ရေးကိရိယာများတပ်ဆင်ထားပြီး အဆောက်အဦး၏ ပတ်ဝန်းကျင်က ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာက နောက်ဆုံးကမ်းလှမ်းထားတာ ဖြစ်သည်။ မြေဆွဲအား လေ့ကျင့်ရေးစခန်းတောင်ရှိပြီး တစ်ချိန်ထဲတွင် လူရာချီဆန့်သည်။
လျန်ကျင်းက ကုမ္မဏီသည် ထိုဧရိယာကို ရှီဖုန်းအတွက် ထားပေးထားသည်ဟု ကြားသောအခါ သူမက အတော်လေးထိတ်လန့်သွားခဲ့သည်။
ထိုရေစိမ်းဗီလာက ခုနှစ်စင်ကြယ်၏ ရတနာဖြစ်သည်။ ယခု ကုမ္မဏီက ရှီဖုန်းကို ထိုနေရာအတွက် အာဏာကုန်ပေးလိုက်တာ ဖြစ်သည်။
လျန်ကျင်းက ထိုဆုံးဖြတ်ချက်ချပြီးနောက် ရှီဖုန်းသည် ကုမ္မဏီအတွက် မည်မျှအရေးကြီးကြောင်း သဘောပေါက်လာသည်။
” မဆိုးဘူး …။ အထင်ကြီးဖို့ကောင်းတဲ့နေရာပဲ …”
ရှီဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူသည် ယခင်တုန်းက ရေစိမ်းဗီလာကို လာရောက်လည်ပတ်ခဲ့ဖူးပြီး နေထိုင်ခဲ့ဖူးသည်။ ၄င်းက တန်းဖိုးကြီးသည့် နေရာတစ်ခုဖြစ်တာ သေချာသည်။ ရှီဖုန်းက အစည်းအရုံး၏ ပင်မအဖွဲ့ဝင်များကို ဤနေရာသို့ ပြောင်းရွေ့ရန်တောင် စဉ်းစားထားသည်။ အလုပ်ရုံ၏ အထက်အရာရှိများ ဖြစ်သည်။ သူဝယ်ထားသည့် အလုပ်ရုံက အတော်လေးကောင်းသော်လည်း ဝန်ဆောင်မှုများက ရေစိမ်းဗီလာနှင့် မယှဉ်နိုင်ပေ။
” မစ်လျန်ကျင်း …။ ဥက္ကဠရှောင်ကို ပုံရိပ်ယောင်ဂိမ်းအခန်း ၁၀ ခု ဒီနေရာကို ရွေ့လာဖို့ ပြောပေးလို့ရမလား …”
စဉ်းစားပြီးနောက် ရှီဖုန်းက မေးလိုက်သည်။
ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ခြင်းက အလုပ်ထက်အပြောက လွယ်သည်။ လေ့ကျင်မှုနှင့် ပါရမီက အဆင့်မြင့်လေလေ ကျွမ်းကျင်သူများက ပိုတိုးတက်လာလေဖြစ်သည်။ တကယ်တော့ မြေဆွဲအား လေ့ကျင့်ရေးအခန်းက ကစားသမားများကို ကူညီပေးနိုင်သည်။ ထို့ကြောင့် ရှီဖုန်းသည် ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များကို ဤရေစိမ်းဗီလာသို့ ရွေ့ရန် စီစဉ်နေတာ ဖြစ်သည်။ သူသည်လည်း ဤနေရာသို့ ရွေ့ရန် ရည်ရွယ်ထား၏။
ထိုနည်းဖြင့်သူသည် ကျန်သည့်သူများကို အချိန်မရွေး လမ်းညွန်ပေးနိုင်မှာ ဖြစ်သည်။
သူက ခုနစ်စင်ကြယ်လေ့ကျင့်ရေးစင်တာရှိ ပါရမီရှိသူများကိုလည်း ကင်းထောက်နိုင်မည်ဖြစ်သည်။
နတ်ဘုရားနယ်မြေက ကျန်သည့် ပုံရိပ်ယောင် အစစ်အမှန်ဂိမ်းများနှင့် မတူပဲ ၄င်းက တကယ့်တိုက်ပွဲဝင် နည်းစနစ်ကို အလေးထားသည်။ တစ်စုံတစ်ယောက်က ဂိမ်းထဲတွင် ပိုတော်လေလေ ပိုအစစ်အမှန်ဖြစ်လာပြီး တိုက်ပွဲများက ပိုခက်ခဲလာလေ ဖြစ်သည်။ ကျွမ်းကျင်သူများ မွေးထုတ်ရခြင်းက သူသည် တိုက်ပွဲဝင်ရာတွင် အတော်လေး အရည်အချင်းရှိသည့် ကစားသမားများကို ပြုစုပျိုးထောင်ရန် ရွေးချယ်ခဲ့ပါက ပိုလွယ်ကူပေလိမ့်မည်။
” ဆရာရှီဖုန်း …။ ကျေးဇူးပြုပြီး စိတ်ချထားပါ …။ ကျွန်မ ဒီနေ့ပဲ ရေစိမ်းဗီလာထဲကို ပုံရိပ်ယောင်ဂိမ်းခန်း ၁၀ ခန်း ရွေ့ပေးမှာပါ …။ S အဆင့် အဟာရဖျော်ရည်လည်း ပို့ပေးပါမယ် …”
လျန်ကျင်းက ဖြေးဖြေးခြင်း ပြောလိုက်၏။
ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာ အချိန်ကိုက် လုပ်ဆောင်ထားတာဖြစ်သည်။ ပုံရိပ်ယောင်ဂိမ်းအခန်းနှင့် S အဆင့်အဟာရဖြည့်ရည်က ရရှိရန် အင်မတန်ခက်ခဲသည်။ သို့သော် ရှီဖုန်းကို ချုပ်ထားနိုင်ရန်အတွက် သူတို့က မည်မျှ ကုန်ကျစေကာမူ သုံးစွဲခဲ့သည်။
ပြီးနောက် ရှီဖုန်းက ဘလက်ကီနှင့် ကျန်သည့် အထက်ပိုင်းမန်နေဂျာများကို သတင်းပို့ပြီး ခုနှစ်စင်ကြယ်၏ ရေစိမ်းဗီလာသို့ လာရန်ပြောလိုက်သည်။
” အစ်ကိုဖုန်း …။ ကျွန်တော်အိမ်မက်မက်နေတာလား …။ ကျွန်တော်တို့ ဒီမှာ တကယ်နေလို့ ရတာလား …”
ဘလက်ကီက ရေစိမ်းဗီလာသို့ မရောက်ခင် မယုံနိုင်စွာ မေးလိုက်၏။
သူ့ကဲ့သို့ သာမန် လူများအတွက် ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာဟူသည် သွားချင်လျှင်တောင် လှည်ပတ်၍ မရနိုင်သည့် နေရာတစ်ခုဖြစ်သည်။ ဤနေရာရှိ အဖွဲ့ဝင်များသာ ဝင်ထွက်သွားလာခွင့် ရှိသည်။ သူ့ရှေ့ရှိ ဗီလာအတွက်မူ သာမန်အဖွဲ့ဝင်များ ဤနေရာသို့ လာရောက်ခွင့် မရှိပေ။ ထိုသို့တိုင် သူတို့ကဲ့သို့ လူများက ဤနေရာ၏ဗီလာတွင်နေရန် အခွင့်အရေးရလာခဲ့သည်။
သူတို့က ကျွမ်းကျင်ဂိမ်းသမားများသာ ဖြစ်ကြပြီး ခုနှစ်စင်ကြယ်လေ့ကျင့်ရေးစင်တာကဲ့သို့ တည်ရှိမှုကြီးက သူတို့ကို လျစ်လျူရှူ့ထားနိုင်သည်။
မီးလျှံကကြိုး၊ ခရမ်းတိမ်နှင့် နတ်ဆိုးစစ်သူကြီး ၅ ဦးတို့က ကြောင်အပြီး တိတ်ဆိတ်နေကြသည်။ သူတို့က တကယ်ဘဝတွင် သာမန်လူများသာ ဖြစ်ကြသည်။ သူတို့က အဆင့်မြင့်နေရာကို ဝင်ဖို့ တွေးတောင်မတွေးရဲပေ။ ရှီဖုန်းတည်ထောင်ထားသည့် ဇီးရိုးဝင်းအလုပ်ရုံကပင် သူတို့အတွက် အံ့အားသင့်စေနေပြီဖြစ်သည်။ ဂိမ်းအလုပ်ရုံက ထိုမျှ တန်ဖိုးကြီး ခမ်းနားလိမ့်မည်ဟု သူတို့တစ်ခါမှ မသိခဲ့ဖူးပေ။ ယခု သူတို့ ပိုတောင် အံ့သြသွားရ၏။ သူတို့က ဤသို့အဆင့်မြင့်ဗီလာတွင် အမှန်တကယ် နေထိုင်ရတော့မှာပင်။
ရှီဖုန်းသည် ကိုယ်ခံပညာရှင်တစ်ဦးဖြစ်တာကို လူတိုင်းက သိကြ၏။ တိုက်ပွဲတစ်ပွဲက သူ့ကိုညတွင်းချင်း နာမည်ကျော်သွားစေခဲ့၏။
” အစ်ကိုကြီးရီဖုန်း …။ ဒီမှာ နေ့စဉ်ငှားရမ်းခက သိပ်ကို ဈေးကြီးတယ်လို့ ကျွန်မ ကြားတယ် …”
ခရမ်းတိမ်က စိတ်ပူပန်စွာ မှတ်ချက်ကျလိုက်၏။
” အမှန်ပဲ …။ ပုံမှန်ဆို လူတစ်ယောက်ကို ဒီမှာနေ့ရင် ၁ ရက်ကို ခရက်တစ် ထောင်ချီပေးရတာ …။ ဒါပေမယ့် ဒီနေ့ကစပြီး ဒါက ဇီးရိုးဝင်းရဲ့ လေ့ကျင့်ရေးအခြေစိုက်စခန်း ဖြစ်လာလိမ့်မယ် …”
ရှီဖုန်းက ခေါင်းညိတ်လိုက်သည်။
” နတ်ဘုရားနယ်မြေထဲမှာ ချဲ့ထွင်ရတာ မင်းတို့ထင်သလို မလွယ်ဘူး …။ ဒါကြောင့် ဒီနေ့ကစပြီး မင်းတို့နဲ့ ရံဖန်ရံခါ အလုပ်တွဲလုပ်မယ် …။ ဒါပေမယ့် နတ်ဘုရားနယ်မြေထဲမှာ မင်းတို့ရဲ့ တိုက်ပွဲဝင်နည်းစနစ်ကို မင်းတို့ကိုပဲ လမ်းညွန်ပေးမှာ …။ တကယ်ကမ္ဘာမှာ လေ့ကျင့်မှုကိုတော့ တခြားတစ်ယောက်ဆီ လွဲထားမှာ …”
” တခြားတစ်ယောက်လား …”
လူတိုင်းက အံ့သြသွားကြသည်။
” အမှန်ပဲ …။ ဆရာလေးပေါင်လေ …။ သူက ဇီးရိုးဝင်းကို လက်တလောကမှ ဝင်လာတာ …။ ယခုကစပြီး သူက မင်းတို့ရဲ့ နေ့စဉ်လေ့ကျင့်မှုကို ဖြေရှင်းပေးလိမ့်မယ် …။ ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ …။ ကျန်တဲ့သူတွေ ဘယ်လောက်တောင် ဆန္ဒရှိလဲဆိုတာ မင်းတို့မသိဘူးနော် …။ မင်းတို့ တန်ဖိုးထားရမယ် …”
ရှီဖုန်းက သူတို့ကို ကိုယ်ခံပညာရှင်နှင့် မိတ်ဆက်ပေးသည်။
သူသည် နတ်ဘုရားနယ်မြေ တိုက်ပွဲဝင် နည်းစနစ်သစ် အရည်အချင်းရှိသော်လည်း တကယ်ကမ္ဘာတွင် လူအများကို မည်သို့ လေ့ကျင့်ပေးရမည်မှန်း သူ မသိပေ။ တစ်ဖက်တွင် လေးပေါင်က ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး သိုင်းဆရာကြီးနယ်ပယ်သို့ ရောက်ရန် အနည်းငယ်သာ ဝေးတော့သည့်သူဖြစ်သည်။ သူသာ တကယ့်ကမ္ဘာထဲ လာရောက် လေ့ကျင့်ပေးပါက လေးပေါင်သည် သူ့ထက် ပိုအရည်အချင်းရှိမှာပင်။