ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 535 နောက်ခံကွာခြားချက်
” ဒါဆိုရင် အဲဒါတွေကို ဆိုင်မှာစရောင်းလိုက်တော့ …”
ရှီဖုန်းက ခေါင်းညိတ်လိုက်၏။
ပြီးခဲ့သည့် ၂ ရက်တွင် ရှီဖုန်း၌ အလင်းကျောက်တုံးကို ထုတ်လုပ်နိုင်သည့် အခြေခံပန်းပဲသမား အယောက် ၁၀၀ နီးပါးရှိခဲ့သည်။ သူတို့၏ အလင်းကျောက်တုံးအရေအတွက်က မြို့များစွာကို ထောက်ပံ့နိုင်ရန် လုံလောက်သည်။ ထို့အပြင် ထိုကာလအတွင်း ရရှိသည့် ကျွမ်းကျင်မှုက လက်သင်ပန်းပဲသမားအများစုကို အခြေခံပန်းပဲသမားများအဖြစ် တိုးမြင့်နေနိုင်ခဲ့သည်။ ထိုနည်းဖြင့် သူတို့က ပစ္စည်းပျက်သွားသည့်တိုင် လူထု လိုအပ်ချက်ကို ဖြည့်စီးပေးနိုင်မှာ ဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင် ဘယ်လောက်ထား ရောင်းသင့်သလဲ …”
လွမ်းဆွေးခြင်းအပြုံးက မေးလိုက်၏။
ယခင်က သူမအလုပ်ကို အပြည့်အဝအာရုံစိုက်ခဲ့ပြီး အလင်းကျောက်တုံးများကို မည်သည့်ဈေးဖြင့် ရောင်းချသင့်မှန်း မတွေးမိပေ။
အလင်းကျောက်တုံးအတွက် အသုံးပြုခဲ့သည့် ကုန်ကြမ်းများက သာမန်သာဖြစ်သည်။ အလင်းကျောက်တုံးအပိုင်းအစ အခု ၂၀ ကုန်ကျငွေက ငွေပြား ၃ ပြား မရှိပေ။ အခြေခံပန်းပဲသမား၏ အောင်မြင်နှုန်းအတွက်ပါ ထည့်တွက်ပါက ၄င်းက ၅၀ ရာခိုင်နှုန်းအထက်တွင်ရှိပြီး စုစုပေါင်း ကုန်ကျငွေက တစ်ခုကို ငွေပြား ၆ ပြားဖြစ်သည်။
” လွယ်ပါတယ် …။ အပိုင်းအစတစ်ခုဆီကို ငွေ ၁ ပြားနဲ့ရောင်းပြီး တစ်ပုံကို ငွေ ၁၉ ပြားနဲ့ ရောင်းလို့ရတယ် …”
ရှီဖုန်းက တိုက်ရိုက်ပြောလိုက်သည်။
အခြေခံအားဖြည့် သံချပ်ကာကိရိယာအစုံအလင်နဲ့ မတူဘဲ အလင်းကျောက်တုံးများက သုံးနေကျ အိုင်တမ်များ ဖြစ်သည်။ ထို့ကြောင့် ၄င်း၏ ဈေးသည်လည်း အလွန်နိမ့်ရပေသည်။
ယခင်က အလင်းကျောက်တုံးများတွင် စခေါ်ငွေသည် အပိုင်းအစတစ်ခုကို ငွေပြား ၁ ပြား ဝန်းကျင်သာ ရှိသည်။ ကစားသမားများက အလိမ်ခံရသလို ခံစားရနိုင်သည်။ သို့သော် အိုင်တမ်ထုတ်လုပ်နိုင်သည့် ကစားသမားအရေအတွက်နှင့် အလင်းကျောက်တုံး၏ ဈေးနှုန်းက အပိုင်းအစတစ်ခုကို ကြေးပြား ၅၀ နှင့် တစ်ပုံ ငွေပြား ၁၀ အထိ ကျသွားခဲ့သည်။
” အလယ်အဆင့် မန္တာသံချပ်ကာ ကိရိယာ အစုံအလင်ကရော …”
လွမ်းဆွေးခြင်းအပြုံးက မေးလိုက်၏။
လက်တွေ့တွင် လွမ်းဆွေးခြင်းအပြုံးက အလင်းကျောက်တုံးများသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ လျှို့ဝှက်ကဒ်ဖြစ်လာလိမ့်မည်ဟု မယုံကြည်ပေ။ သူတို့၏ အောင်မြင်မှုက အလယ်အဆင့် မန္တာသံချပ်ကာကိရိယာအစုံအလင်ပေါ် မူတည်နေသည်ဟု ယုံကြည်သည်။
ရှီဖုန်းသာ အလယ်အဆင့် သံချပ်ကာကိရိယာကို ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ၄င်းက ဖယောင်းတိုင်အလင်း၏ အကြီးမားဆုံး အားသာချက်ဖြစ်သည်။ ကျန်သည့်သူများက ၄င်းကို သဘောမပေါက်ကောင်း မပေါက်နိုင်သော်လည်း ကြယ်ကြွေကုန်သွယ်ရေးလုပ်ငန်း၏ ပြင်းထန်သည့်အောင်မြင်မှုအစွန်းနောက်ကွယ်ရှိ အကြောင်းပြချက်က အခြေခံမန္တာအားဖြည့် ကိရိယာကြောင့်ဖြစ်သည်။
ယခုအချိန်ထိတိုင် အခြေခံမန္တာ သံချပ်ကာကိရိယာက လက်ရွေးစဉ်ကစားသမားများ ဝယ်ယူနှုန်းများနေဆဲ ဖြစ်သည်။
အလယ်အဆင့် မန္တာသံချပ်ကာကိရိယာ အစုံအလင်
ကိုယ်ပိုင်ဆိုင်ရာ သို့မဟုတ် မှော်ဆန်ရာ အလယ်အဆင့် သံချပ်ကာကိရိယာအဖြစ် အသုံးပြုနိုင်သည်။
တပ်ဆင်ပြီးနောက် ဇာတ်ကောင်နှင့် ပေါင်းစပ်သွားသည်။
အလယ်အလတ် ရုပ်ခန္ဓာ သံချပ်ကာကိရိယာ
ခုခံမှု +၂၀၀
ခွန်းအား +၁၀
ခံနိုင်ရည် +၁၁
လျင်မြန်ဖျက်လတ်မှု +၁၀
အမြင့်ဆုံးပေါင်းစပ်သည့် အကန့်အသတ် ၃ ခု
ချပ်ဝတ်တန်ဆာ အဆင့် ၂၅ သို့မဟုတ် အထက်နှင့်သာ ပေါင်းစည်းနိုင်သည်။
အလယ်အဆင့် မှော်သံချပ်ကာ ကိရိယာ
ခုခံမှု +၆၀
ဥာဏ်ရည် +၁၀
ခံနိုင်ရည် +၁၂
သက်ဝင်လှုပ်ရှားမှု +၁၀
အမြင့်ဆုံးပေါင်းနိုင်သည့် အကန့်အသက် ၃
အဆင့် ၂၅ ချပ်ဝတ်တန်ဆာ သို့မဟုတ် ထိုအထက်သာ ပေါင်းစပ်နိုင်သည်။
ကစားသမားတစ်ဦးက အလယ်အဆင့် မန္တာသံချပ်ကာ ကိရိယာ ၃ ခု ဝတ်ဆင်ထားပါက သူတို့ရရှိမည့် စုစုပေါင်းအရည်အချင်းသည် အဆင့် ၂၅ မဟူရာရွှေ ချပ်ဝတ်တန်ဆာ အပိုင်းအစ ဝတ်ဆင်ထားသည့် စွမ်းရည်နှင့် ညီမျှပေသည်။
ဈေးကွက်ထဲတွင် ပိုက်ဆံရှိလျှင်တောင် အဆင့် ၂၅ မဟူရာရွှေ ချပ်ဝတ်တန်ဆာကိရိယာကို မဝယ်နိုင်ပေ။ လူများစွာက MT မဟူရာရွှေ ချပ်ဝတ်တန်ဆာနဲ့ MT မဟုတ်သည့် မဟူရာရွှေ ချပ်ဝတ်တန်ဆာအတွက် ရွှေပြား ၂၀ သို့မဟုတ် ထို့ထက်ပိုပြီး ကမ်းလှမ်းပေးကြသည်။ မဟူရာရွှေ MT လက်နက်နဲ့ ချပ်ဝတ်တန်ဆာဆိုလျှင် ပြောနေရန် မလိုတော့ချေ။
လက်ရှိတွင် နတ်ဘုရားနယ်မြေ၏ လက်ရွေးစဉ်ကစားသမားများက အဆင့် ၂၅ ဝန်းကျင်တွင် ရှိကြသည်။ ထို့ကြောင့် သူတို့က အလယ်အဆင့် မန္တာသံချပ်ကာ ကိရိယာကို သက်တောင့်သက်သာ အသုံးပြုနိုင်ကြ၏။ ထို့ကြောင့် ယခုက ရောင်းချရန် အကောင်းဆုံးအချိန်ဖြစ်သည်။
သို့သော် ၄င်းကလည်း ရှီဖုန်းအဖို့ ထိုကိရိယာအတွက် ဈေးသတ်မှတ်ဖို့ရာ ခက်ခဲနေရခြင်းဖြစ်သည်။ သူက ဈေးမကြီးလွန်း မပေါလွန်းတဲ့ အခြေအနေဖြင့် ရောင်းချရမှာဖြစ်သည်။ ထို့အပြင် သူ များများစားစားထုတ်လုပ်ထားတာ မရှိပေ။
” အခုတော့ ရွှေပြား ၅ ပြားထားကြတာပေါ့ …”
ရှီဖုန်းက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ အမျိုးမျိုးသော အစည်းအရုံးကြီးများက ငွေကြေးပမာဏများစွာ အသုံးပြုခဲ့ပြီး ဖြစ်သည့်တိုင် သူတို့၌ ရွှေပမာဏ အနည်းငယ်တော့ ပိုင်ဆိုင်နေဆဲ ဖြစ်သည်။ ဧရိယာကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများ ပထမသုတ်သင်ရှင်းလင်းမှုရရန်အတွက် သူတို့က အလယ်အဆင့် မန္တာသံချပ်ကာ ကိရိယာကို အဖွဲ့လိုက်တစ်ဖွဲ့လုံး အပြည့်အဝ ဝတ်ဆင်ရန်အတွက် ရွှေရာချီ အသုံးပြုရလည်း စိတ်ထဲ စနိုးစနှောက်ဖြစ်ကြမှာ မဟုတ်ပေ။
ထို့နောက် လွမ်းဆွေးခြင်းအပြုံးက စတင်ပြင်ဆင်တော့သည်။ လွှမ်းမိုးခြင်း ကုန်သွယ်ရေးလုပ်ငန်းကလည်း မီးနဂါးဆေးရည်များကို စတင်ရောင်းချနေ၏။
” ဒီမီးနဂါးဆေးရည်က တကယ်အံ့သြဖို့ ကောင်းတာပဲ …။ သူက ပင်ကိုယ်စွမ်းရည်လည်းရပြီး မီးခံနိုင်ရည်လည်း ရှိတယ် …။ ဒီဆေးရည်နဲ့ဆို အဆင့် ၂၅ အဖွဲ့လိုက် မြေအောက်စခန်းတွေ စီးနင်းတိုက်ခိုက်တာက အေးဆေးဖြစ်နေမှာပဲ …”
” ဈေးကလည်း သင့်တယ် …။ ၁ ပုလင်းကို ငွေပြား ၁၀ ပြားပဲ …။ MT တစ်ယောက်ထဲပင် ၅ ပုလင်းလိုအပ်တယ် …။ အဖွဲ့ထဲက လူတိုင်းက အနည်းဆုံး ၁ ပုလင်းဆီ သောက်ကျမှာပဲ …”
” မင်း ဒါကို ဘာလုပ်နိုင်မှာလဲ …။ လွှမ်းမိုးခြင်း ကုန်သွယ်ရေးလုပ်ငန်းက ဒီဆေးရည်ကို ရောင်းတဲ့ တစ်ခုတည်းသောနေရာပဲ …။ ဒါပေမယ့် ငါတို့က ၁၀ ယောက်၊ အယောက် ၂၀ ခက်ခဲတဲ့အဆင့် မြေအောက်စခန်းတွေကို အောင်မြင်ခဲ့ရင် ကုန်ကျငွေကို ပြန်ရမှာပဲ …”
လွှမ်းမိုးခြင်းအပြုံး၏ ကျော်ကြားနှုန်းက အချိန်ကိုက်ကျသည်။ မီးနဂါးဆေးရည် ရောင်းချသည်နှင့် လူများက မြစ်ဖြူမြို့၏ အမျိုးမျိုးသော နေရာများ၌ ဆေးရည်အကြောင်း ကြော်ငြာဝင်ကြတော့သည်။ ရလဒ်အနေဖြင့် အဆင့် ၂၅ မြေအောက်စခန်းများအတွက် ရုန်းကန်းနေရသည့် အဖွဲ့များစွာက အဆင့်မြင့် မီးခံနိုင်မှုရှိသည့် ဆေးရည်ကို လိုအပ်လာပြီး စိတ်ဝင်စားလာကြ၏။ သူတို့က မီးနဂါးဆေးရည် ဝယ်ယူရန်အတွက် လွှမ်းမိုးခြင်းကုန်သွယ်ရေးလုပ်ငန်းဆီ အပြေးအလွှားသွားကြသည်။
မီးနဂါး အရောင်းမြင့်တင်ရေး ပြုလုပ်ပြီး မကြာမီ၌ ကစားသမားအချို့က ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီသွားကာ နေ့စဉ်လိုအပ်သည့်ပစ္စည်းများသွားဝယ်သည့်အချိန်၌ တစ်စုံတစ်ခုပြောင်းလဲနေတာကို သတိပြုမိလိုက်သည်။
ပထမအလွှာရှိ ခန်းမထဲတွင် ကောင်တာအသစ်များရှိနေသည်။ အစက ဖယောင်းတိုင်အလင်း၏ နေရာကျယ်ဝန်းလာမှုကြောင့် ပထမအလွှာသည် နေရာလွတ်နေခဲ့သည်။ ယခုမူ မဟုတ်တော့ပေ။
” ဒါ ဘာလဲ …”
စပ်စပ်စုစု ကစားသမားများက ကောင်တာသစ်များဆီ လှည့်ပတ်ကြည့်လိုက်၏။
” မင်္ဂလာပါဆရာ …။ ဒါက ကျွန်မတို့ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ထုတ်ကုန်အသစ် အလင်းကျောက်တုံးပါ …။ ဒီအိုင်တမ်နဲ့ဆိုရင် ညဘက်မှာ စီးနင်းတိုက်ခိုက်ဖို့အတွက် စိတ်ပူစရာမလိုတော့ပါဘူး …”
NPC အလှလေးက ဖြေးဖြေးခြင်း ရှင်းပြသည်။
သာမန်ကစားသမားများအဖို့ ညအခါတွင် စီးနင်းတိုက်ခိုက်ခြင်းထက် ပိုခေါင်းခဲစေသည့်အရာ မရှိပေ။ ညဘက်တွင် မကောင်းဆိုးဝါးများ၏ အမြင်အာရုံက သက်ရောက်မှု ရှိရုံတင်မက မွန်းစတားများ၏ တိုက်ပွဲဝင်စွမ်းအားကလည်း သိသိသာသာတိုးမြင့်သွားသည်။ တစ်ဖက်တွင် ကစားသမားများ၏ အမြင်အာရုံက ညအခါတွင် ကန့်သတ်ခံလိုက်ရပြီး သူတို့တိုက်ပွဲဝင်စွမ်းအားပေါ်လည်း သိသိသာသာသက်ရောက်မှု ရှိသည်။
သို့သော် ၄င်းက အကြီးမားဆုံးပြဿ နာ မဟုတ်သေးပေ။ ညဘက်တွင် အမြင်အာရုံပြဿ နာကြောင့် မွန်းစတားများအဖို့ ချုံခိုတိုက်ခိုက်ရတာ ပိုလွယ်သည်။ ထို့ကြောင့် သာမန်ကစားသမားများက ညဘက်တွင် မွန်းစတားများကို တိုက်ခိုက်ရန်အတွက် ကြောက်ရွံ့တက်ကြသည်။
အလင်းကျောက်တုံးက ကြီးမားသည့် ဧရိယာကို လင်းကျင်းစေပြီး ကစားသမားများကို နေ့အချိန်သဖွယ် မြင်ရစေသည်။ ထိုအိုင်တမ်ဖြင့် မွန်းစတားများ၏ ခွန်အားက မပြောင်းလဲပဲ ရှိနေရုံသာမက ကစားသမားများအဖို့ ချုံခိုတိုက်ခိုက်ခံရခြင်းမှ ရှောင်ကျဉ်ရန် ပိုလွယ်ကူသွားသည်။ ကစားသမားများက ပုံမှန်အတိုင်းမြင်နိုင်သောကြောင့် သူတို့၏ ပုံမှန်တိုက်ပွဲဝင်စွမ်းအားဖြင့် တိုက်ခိုက်နိုင်မှာလည်း ဖြစ်သည်။ ထိုကြောင့် မွန်းစတားများကို စီးနင်းတိုက်ခိုက်ရန်က နေ့အချိန်ကဲ့သို့ လွယ်ကူမှာဖြစ်သည်။
” ကောင်းလိုက်လေခြင်း …။ ဒီလို အိုင်တမ်ကောင်းမျိုး ရှိတယ်တဲ့လား …။ ဘယ်လောက်လဲ …”
ကစားသမားတစ်ဦးက မေးသည်။
” ဒါက ထုတ်ကုန်သစ်ပါ …။ ကျွန်မတို့တွေ အလင်းကျောက်တုံး တစ်ခုဆီကို ငွေပြား ၁ ပြားနဲ့ ရောင်းပါတယ် …။ လျော့ဈေးနဲ့ အခု ၂၀ ကို ငွေပြား ၁၉ ပြားနဲ့ ဝယ်လို့ ရပါတယ် …”
NPC အလှလေးက ရှင်းပြပြီး ပြုံးပြီး ပြောလိုက်၏။
” ဈေးပေါလိုက်တာ …။ ငါတစ်ပုံ ယူမယ် …”
” ခဏလေး …။ ငါ ၂ ပုံ လိုချင်တယ် …”
ရုတ်တရက်တွင် ခန်းမထဲရှိ ကစားသမားများက အလင်းကျောက်တုံးများကို ရူးသွပ်စွာ ဝယ်ယူကြတော့သည်။ သာမန် ကစားသမားများက ပိုက်ဆံ မရှိကြသော်လည်း ကွင်းပြင်ထဲတွင် ချေမှုန်းတိုက်ခိုက်ရာ၌ အုပ်စုဖွဲ့ကြသည်။ သူတို့က ငွေပြား ၁၉ ပြားကို အဖွဲ့ဝင်တစ်ယောက်ချင်းဆီ ခွဲလိုက်ပါက အလင်းကျောက်တုံးများ အလွယ်တကူ တက်နိုင်သွားပြီ ဖြစ်သည်။ ထို့အပြင် အလင်းကျောက်တုံး ၁ ပုံက အနည်းဆုံး ၂ ညခန့် သွားနိုင်ပေသည်။
တစ်ကိုယ်တော်ကစားသမားများကလည်း ထိုအခွင့်အရေးကို လက်လွတ်မခံကြပေ။
သာမန်အဖွဲ့က ၂ ညတာ စီးနင်းတိုက်ခိုက်ခြင်းကနေ ငွေပြား ၁၉ ပြားကျော် သေချာပေါက် ရမှာပင်။ လက်ရွေးစဉ်အဖွဲ့ဆိုလျှင် ပိုတောင်ရနိုင်သည်။
အလင်းကျောက်တုံးများသတင်းက လျင်မြန်စွာ ပျံ့နှံသွားသည်။ သတင်းရသည့် ကစားသမားများက သူတို့လုပ်နေသည့် လက်ရှိအလုပ်များကို ပစ်ထားခဲ့ပြီး ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီ ပြေးလာကြသည်။
အချိန်အတိုင်းအတာတစ်ခုအတွက် အလင်းကျောက်တုံးများက မီးနဂါးဆေးရည်ထက် ပိုနာမည်ကြီးလာခဲ့သည်။
” ဘာ …။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက အလင်းကျောက်တုံး ပမာဏအများကြီး ရောင်းချနေတယ်လို့ မင်းပြောတာလား …”
ဖုန်းရွမ်ရန်က သူ၏ လက်အောက်ငယ်သားထံမှ နောက်ဆုံးသတင်းပေးပို့ချက်ကို ကြားသောအခါ ဒေါသထွက်သွားသည်။
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …။ ငါတို့ ရောင်းချတဲ့ မီးနဂါးဆေးရည် အရေအတွက်တောင်မှ နေ့တိုင်း အကန့်အသက်ရှိနေတာ သူတို့က အလင်းကျောက်တုံးပမာဏ အများကြီး ဘယ်လိုလုပ် ထုတ်နိုင်ရတာလဲ …။ ဒါတွေကို ထုတ်လုပ်ဖို့ လူဘယ်ကနေ ရှာလဲ …”
သူသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းမှ အလင်းကျောက်တုံးထုတ်လုပ်နိုင်သည့် လူ ၃ ယောက်ကို ခေါ်ယူရန်အတွက် ခရက်တစ် သန်း ၅၀ အကုန်ကျခံခဲ့ရသည်။ ထိုသို့တိုင် ကုန်သွယ်ရေးလုပ်ငန်းက အလင်းကျောက်တုံးများစွာ လိုအပ်နေဆဲ ဖြစ်သည်။ ထိုတင်ပြချက်ကို သူ မည်ကဲ့သို့ ယုံနိုင်မည်နည်း။
ထိုအိုင်တမ်တွေက ရှားပါးပြီး တန်ဖိုးကြီးတယ်မဟုတ်ဘူးလား။
” အလင်းကျောက်တုံးတွေက ဘယ်လိုလုပ် ပေါ်လာရတာလဲ …။ ဖယောင်းတိုင်အလင်းရဲ့ ပန်းပဲသမား ၃ ယောက်က မနားမနေပဲ အလင်းကျောက်တုံးတွေ ထုတ်လုပ်ဖို့ အာရုံစိုက်ရင်တောင် ဒီလောက်အများကြီး ထုတ်လုပ်နိုင်ဖို့ မဖြစ်နိုင်ဘူး …”
” သခင်လေးဖုန်း …။ ဒီအချက်အလက်တွေကို အတည်ပြုပြီးပါပြီ …။ အမှန်ပါ …။ ကျွန်တော်တို့ အစောပိုင်း တွက်ချက်ထားတာကို အခြေခံကြည့်ရင် အလင်းကျောက်တုံးအပုံ ၁၅၀၀ လောက် ရောင်းချပြီးပါပြီ …။ ဒါတောင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက အကန့်အသက်မရှိ ဆက်ရောင်းချနေတုန်းပါပဲ …။ အခုဆို လွှမ်းမိုးခြင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ဝယ်သူအများစုက ဈေးဝယ်ဖို့အတွက် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီ ပြေးသွားကြပါပြီ …”
” သေစမ်း …။ သေစမ်း …။ သူတို့က ငါဆီက ခရက်တစ်သန်း ၅၀ ကျော်ယူသွားတယ် …။ သူတို့ ဒါအတွက် ပြန်ပေးဆပ်ရမယ် …”
ထိုစဉ် ဖုန်းရွမ်ရန်က သဘောပေါက်သွားသည်။ ပြီးခဲ့သည့် အဆင့်မြင့် ပန်းပဲလက်သင် ၃ ဦးက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း ဆင်ထားသည့် ထောင်ချောက်တစ်ခုသာဖြစ်သည်။
သူက ခရက်တစ် သန်း ၅၀ ကျော် ဆုံးရှုံးခဲ့သည်။ ထို့အပြင် အားလုံးက လူ၏ ကိုယ်ပိုင်ပိုက်ဆံ ဖြစ်နေသည်။
” အလင်းကျောက်တုံးတွေ ဝယ်ယူဖို့အတွက် တစ်ယောက်ယောက်ကို အခုချက်ချင်း လမ်းညွှန်လိုက် …။ ဝယ်နိုင်သမျှ မြန်မြန်ဝယ်ခဲ့ …။ သူတို့ အကန့်အသက်မရှိဆိုတာ ငါ မယုံဘူး …”
ဖုန်းရွမ်ရန်က ဒေါသတကြီး အမိန့်ပေးလိုက်၏။