ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 538 ကြယ်လတိုင်းပြည်တွင် ပွတ်လောရိုက်ခြင်း
အလယ်အဆင့် သံချပ်ကာကိရိယာ ပေါ်လာခြင်းက ချက်ချင်းပင် ပွတ်လောရိုက်သွားတော့သည်။
ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းအကြောင်း သတင်းက ကြယ်လတိုင်းပြည်တစ်ခုလုံး သတင်းပျံ့သွားတော့သည်။ ၁၂ မိနစ်မျှ ဝန်းကျင်တွင် အစောပိုင်းက မှေးမိန်နေပြီ ဖြစ်တဲ့ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ထပ်မံထွန်းတောက်လာပြန်သည်။ တိုင်းပြည်တစ်ဝိုက်ရှိ ကစားသမားများကလည်း ယခင်ကထက်တောင် ပိုရူးသွပ်လာကြသည်။
အလင်းကျောက်တုံးက သာမန်ပစ္စည်းကောင်းများသာ ဖြစ်သည်။ ၄င်းက ကစားသမားများကို သိသိသာသာ အထောက်အကူ ဖြစ်စေသော်လည်း ကစားသမားတစ်ဦး၏ ခွန်အားကို တိုက်ရိုက်တိုးတက်စေတာ မဟုတ်ပေ။ ၄င်းက အထောက်အကူအိုင်တမ် အမျိုးအစားသာ ဖြစ်သည်။ သို့သော် အလယ်အဆင့် မန္တာသံချပ်ကာ ကိရိယာကမူ မတူပေ။ ၄င်းက ကစားသမား၏ အရည်အချင်းကို တိုးမြင့်ပေးနိုင်သည့် အိုင်တမ်ဖြစ်သည်။ ထို့အပြင် ၄င်းက ထောက်ပံ့ရေးမျိုး မဟုတ်ပဲ အရည်အချင်းတိုးစေတာမျိုး ဖြစ်သည်။
ထိုကိစ္စ သတင်းရသောအခါ လက်ရွေးစဉ်အဖွဲ့များနှင့် အဖွဲ့များစွာက ကွင်းထဲမှ ထွက်လာပြီး သူတို့၏ မြို့အသီးသီးဆီ အမြန်ပြန်ကြတော့သည်။ သူတို့က အလယ်အဆင့် မန္တာသံချပ်ကာကိရိယာများကို ဝယ်ယူရန်အတွက် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို တဟုန်ထိုးပြေးကြတော့သည်။ သူတို့သာ အနည်းငယ်လေးတောင် ပိုနောက်ကျလျှင် ကျန်သည့် ကစားသမားများက ကိရိယာများကို ဝယ်သွားကြမှာ သံသယဖြစ်ဖွယ် မရှိပေ။ ၄င်းက အခြေခံမန္တာ သံချပ်ကာကိရိယာကဲ့သို့ပင် ဒဏ္ဍာရီကို ဖြတ်ကျော်သွားပြီ ဖြစ်သည်။
ဒဏ္ဍာရီအဆိုအရ အခြေမန္တာသံချပ်ကာကိရိယာများကို ဝယ်ယူခဲ့ကြသည့် ကစားသမားများသည် ယခုအချိန်တွင် သူတို့က ကျွမ်းကျင်သူများ ဖြစ်နေကြပြီ ဖြစ်သည်။ အချို့သော သာမန်အဖွဲ့များလည်း ခက်ခဲသည့် ငရဲခန်းအဆင့်ကိုတောင် စိန်ခေါ်နိုင်စွမ်းရှိသည့် ထိပ်တန်းအလွှာ အဖွဲ့များလည်း ဖြစ်လာကြသည်။ သို့သော် ငရဲခန်းက လူ ၁၀ ယောက် ငရဲခန်းအထိသာ ကန့်သက်ထားသည်။
တစ်ကိုယ်တော်ကစားသမားတစ်ယောက်အဖို့ အယောက် ၂၀ အဖွဲ့လိုက် မြေအောက်စခန်းအဖွဲ့က စိန်ခေါ်ရန် ခက်ခဲပေသည်။ ထိုသို့သောမြေအောက်စခန်း၏ လိုအပ်ချက်က ကစားသမားတစ်ဦး၏ ချပ်ဝတ်တန်ဆာ အခြေခံ အင်မတန်မြင့်မား၏။ တိုက်ပွဲဝင် နည်းစနစ်များနဲ့ အင်မတန်မြင့်မားသည့် လက်ရွေးစဉ်အစည်းအရုံးအချို့သာလျှင် ထိုကဲ့သို့ မြေအောက်စခန်းများကို ရှင်းလင်းနိုင်သည်။
” အစည်းအရုံးခေါင်းဆောင် …။ အလယ်အဆင့် မန္တာသံချပ်ကာကိရိယာကို အကြမ်းဖျဉ်းဈေး ရွှေပြား ၅ ပြားနဲ့ ရောင်းနေတယ်လို့ ကြားတယ် …။ ဝယ်ချင်ရင်တောင် ဝယ်ဖို့ မတက်နိုင်ဘူး …”
” သူတို့က တကယ်ဈေးကြီးတာပဲ …။ ဒါတောင်မှ ဝယ်ရဦးမှာပဲ …။ ပိုက်ဆံချေးရမယ်ဆိုရင်တောင် ရအောင်ဝယ်ရမယ် …။ အခြေခံမန္တာသံချပ်ကာကိရိယာ မရလိုက်တဲ့အတွက် နောင်တ နက်နက်ရှိုင်းရှိုင်းရနေတာ …။ အဖွဲ့လိုက် မြေအောက်စခန်းထဲက ကျုပ်တို့ရဲ့ လုပ်ဆောင်ချက်ကို ခေါင်းဆောင်သိတာနဲ့ အမြဲတမ်း ထုတ်ပေးနိုင်တဲ့ ထိခိုက်မှု ပမာဏက နည်းပြီး ခုခံမှုကလည်း နည်းနေတာ …။ ဖြစ်ချင်တော့ ဘာပဲလုပ်လုပ် ချပ်ဝတ်တန်ဆာတွေကို အဆင့်မမြင့်နိုင်ဘူးလေ …။ အဆုံးမှာ အခြေခံမန္တာသံချပ်ကာကိရိယာတွေကို ကံကောင်းပြီး ဝယ်ယူနိုင်ခဲ့တဲ့သူက ဘော့စ်တွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လေ …”
” အခုဆို အလယ်အဆင့်မန္တာသံချပ်ကာကိရိယာတစ်ခုကပင် အခြေခံမန္တာသံချပ်ကာကိရိယာ ၃ ခုကို ယှဉ်နိုင်နေပြီ …။ သူတို့အဖွဲ့ရဲ့ MT က အဲဒီ ကိရိယာ ၃ ခုသာ ရနိုင်ခဲ့မယ်ဆိုရင် အဖွဲ့လိုက်မြေအောက်စခန်းရဲ့ ဘော့စ်တွေကို အနိုင်ယူလို့ရပြီ …။ အဲဒီအချိန် သုံးထားတဲ့ ပိုက်ဆံတွေ ပြန်ရမှာမလား …”
တစ်ကိုယ်တော် ကစားသမားအဖွဲ့များကလည်း စတင်လှုပ်ရှားကြပြီး ပိုက်ဆံများ စုဆောင်းကြတော့သည်။
လက်ရွေးစဉ်အဖွဲ့များအဖို့ ရွှေပြား ၅ ပြားစုဆောင်းရသည်က အင်မတန် လွယ်သည်။ သို့သော် သူတို့က ရွှေပြား ၁၅ ပြား ရှိချင်လျှင် အင်မတန် ခက်ခဲပေသည်။ ထိုသို့တိုင် သူတို့က ခက်ခဲမှုကို သည်းခံပြီး ရွှေပြား ၁၅ ပြားရအောင် ကြိုးစားစုကြသည်။
ဆိုရလျှင် အဆင့် ၂၅ မဟူရာရွှေ ထပ်တိုးအပိုင်းအစတစ်ခုရှိခြင်း၏ အာနိသင်က အတော်လေးသိသာသည်။
ပုံမှန်ဆို လူအယောက် ၂၀ သာမန်အဖွဲ့ဝင်များက ဆန်းကျယ်သံမဏိအဆင့် ကျပြီး အခြားတစ်ယောက်က ကောင်းကင်စောင်မခြင်းကံ ပိုင်ဆိုင်ထားမှသာ လျှို့ဝှက်ငွေ ချပ်ဝတ်တန်ဆာကျတာ ဖြစ်သည်။ အဖွဲ့လိုက် မြေအောက်စခန်းထဲတွင် ဘော့စ် ၃ ယောက်၊ ၄ ယောက်ခန့်ရှိပြီး ဘော့စ်တစ်ယောက်ချင်းဆီက ချပ်ဝတ်တန်ဆာအပိုင်းအစ ၂ ခု၊ ၃ ခုရှိသည်။ ပျမ်းမျှအားဖြင့် မြေအောက်စခန်းတစ်ခုသည် ဆန်းကျယ်သံမဏိ ချပ်ဝတ်တန်ဆာ ၁၀ ခုလောက် အကြမ်းဖျဉ်းကျလေ့ရှိသည်။ မြေအောက်စခန်းရှိ မွန်းစတားများကို သတ်ဖြတ်ပြီး ရလာသည့် အိုင်တမ်များနှင့် ပိုက်ဆံများကို ထည့်ပေါင်းလျှင် အဖွဲ့တစ်ဖွဲ့က သာမန်အဖွဲ့လိုက် မြေအောက်စခန်းကို စီးနင်းတိုက်ခိုက်ချိန်၌ ရွှေပြား ၄ ပြားကနေ ၅ ပြား ဝန်းကျင်ရကြသည်။
အဖွဲ့၏ အမျိုးမျိုးသော အသုံးစရိတ်များလည်း လိုအပ်သေးပြီး EXP ဆုံးရှုံးမှု စသဖြင့် ထိုသို့သောအရာများကလည်း အဖွဲ့၏ အမြင့်ကို လျော့ကျသည်။
အဖွဲ့၏ အဖွဲ့ဝင် အယောက် ၂၀ က ထိုအကျိုးအမြတ်ကို ခွဲဝေရဦးမှာလည်း ဖြစ်သည်။ အဆုံးတွင် အဖွဲ့ဝင်တိုင်းက ပိုက်ဆံ ပမာဏ အနည်းငယ်မျှသာ ရမှာဖြစ်သည်။
သို့သော် ခက်ခဲသည့်အဆင့် အဖွဲ့လိုက် မြေအောက်စခန်းမှ ရရှိလာတာများက သိသိသာသာ ပိုမြင့်သွားသည်။ ထိုကဲ့သို့သော မြေအောက်စခန်းထဲရှိ ဘော့စ်များက အနည်းဆုံးတော့ မဟူရာငွေ ချပ်ဝတ်တန်ဆာ ၁၀၀ ရာခိုင်နှုန်းကျမှာ သေချာသည်။
တစ်ချိန်ထဲတွင် လျှို့ဝှက်ငွေ ချပ်ဝတ်တန်ဆာ အပိုင်းအစ ၂ စ၊ ၃ စကျနိုင်ချေများသည်။ မြေအောက်စခန်း၏ မွန်းစတားများက ဆန်းကျယ်သံမဏိ ချပ်ဝတ်တန်ဆာ ကျနိုင်သည့် အခွင့်အရေးတောင်ရှိသည်။ စားကျက်က ခက်ခဲသည့်အဆင့် အဖွဲ့လိုက်မြေအောက်စခန်းများသာလျှင် လိုအပ်သည်။ ပုံကြမ်းများလည်း ကျလေ့ရှိသည်။ အမျိုးမျိုးသော ဝင်ငွေများကို ထည့်တွက်ပြီးနောက် အဖွဲ့တစ်ခုသည် အနည်းဆုံး မြေအောက်စခန်းများမှ ရွှေပြား ၁၀ ပြားရမှာဖြစ်သည်။ ၄င်းက သာမန်အဖွဲ့လိုက် မြေအောက်စခန်းမှ ရရှိတာ၏ ၂ ဆဖြစ်သည်။
အဖွဲ့တစ်ဖွဲ့က သာမန်အဖွဲ့လိုက် မြေအောက်စခန်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့လျှင် သူတို့က အလွန်ဆုံးမှာ စာလောင်မှုကို ဖြည့်တင်းနိုင်ရုံသာ ရှိသည်။ သို့သော် သူတို့က ခက်ခဲသည့်အဆင့် အဖွဲ့လိုက်မြေအောက်စခန်းများကိုသာ စီးနင်းတိုက်ခိုက်နိုင်ပါက သူတို့သည် ဘုရင်များကဲ့သို့ ပွဲတော်တည်ခင်းနိုင်မှာ ဖြစ်သည်။
ဗားထဲသို့ ရောက်သည့်အချိန်၌ အံ့သြဖွယ်ကောင်းသည့် အဖွဲ့တစ်ချို့က ခက်ခဲသည့်အဆင့် အဖွဲ့လိုက်မြေအောက်စခန်းကို အောင်မြင်နိုင်ခြင်းအတွက် သူတို့ အောင်ပွဲခံနေကြသည်က အနားရှိ ကစားသမားကို အားကျစေသည်။
ယခုမူ လူတိုင်းက ထိုအခွင့်အရေးကို ထပ်ရပြီးဖြစ်ကာ ကစားသမားများကလည်း ၄င်းအတွက် ပေးလိုစိတ်ရှိကြသည်။
အချိန်အတိုင်းအတာတစ်ခုအတွက် ကစားသမားများသည် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းဆီ ပြေးသွားကြသည်။ သို့သော် ဤနေရာတွင် နေရာလာယူပေးသည့် ကစားသမားက ပိုများသည်။ ဟုတ်သည်။ နေရာယူတာ ဖြစ်သည်။
ထိုကစားသမားများ နောက်ကွယ်ရှိအဖွဲ့က ပိုက်ဆံစုဆောင်းနေတာ ဖြစ်သည်။ သူတို့ လုံလုံလောက်လောက် စုဆောင်းမိသည်နှင့် သူတို့က ကုန်သွယ်ရေးလုပ်ငန်းကနေ အလယ်အဆင့် မန္တာသံချပ်ကာ ကိရိယာကို ချက်ချင်း ဝယ်ကြမှာ ဖြစ်သည်။ သူတို့က ထိုကိရိယာများ ရောင်းကုန်သွားမှာကို စိုးရိမ်သည်။
တစ်ကိုယ်တော် ကစားသမားများအချို့က အလယ်အဆင့်သံချပ်ကာ ကိရိယာအစုံကို တက်နိုင်သော်လည်း ၄င်းက အစည်းအရုံးအတွက်မူ ကွဲပြားခြားနားသွားသည်။ အစည်းအရုံးက ဆိုင်တစ်ဆိုင်တွင် ရွှေထောင်ချီ ရင်းနှီမြုပ်နှံရန် ဆန္ဒရှိပြီးသား ဖြစ်သည်။ သူတို့၏ အဖွဲ့အတွက် ရွှေရာချီ သုံးဖြုန်းဖို့ဆိုလျှင် ပြောနေရန် မလိုတော့ချေ။ အစည်းအရုံးက သူ့၏ ပင်မအဖွဲ့ကို အလယ်အဆင့် သံချပ်ကာ ကိရိယာအပြည့်အဝ ဆင်ပေးနိုင်ပါက ထိုအဖွဲ့၏ တိုက်ပွဲဝင်စွမ်းအားက အဆင့်သစ်တစ်ခုကို မြင့်တက်သွားမှာ ဖြစ်သည်။ ၄င်းက ထိုက်တန်သည့် ရင်းနှီမြှုပ်နှံမှုဆိုတာ ပြောနေရန်တောင် မလိုပေ။
သတင်းရသည့် အစည်းအရုံးအားလုံးက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီ ချက်ချင်းပြေးလာကြသည်။ ထို့အပြင် ထိုအစည်းအရုံးများက အင်မတန် ရည်မှန်းချက်ကြီးကာ သူတို့က တုံ့ဆိုင်းမနေဘဲ ကိရိယာအစုံ ၁၀၀ သို့မဟုတ် ထို့ထက်ပိုများစွာ ဝယ်သွားကြသည်။
” မင်း ဘာပြောလိုက်တာ …။ ဘာကြောင့် ငါ့ကို မရောင်းတာလဲ …”
အစည်းအရုံးကိုယ်စားလှယ်က ဒေါသတကြီးအော်လိုက်သည်။
” ကောင်းကောင်းကြည့်ထား …။ ငါ ပိုက်ဆံမချို့တဲ့ဘူး …”
” ဆရာ …။ ကျွန်မ တောင်းပန်ပါတယ် …။ ဒါပေမယ့် အလယ်အဆင့် မန္တာသံချပ်ကာကိရိယာအစုံအတွက် ရနိုင်တဲ့ပစ္စည်းက အကန့်အသက်ရှိပါတယ် …။ ကျွန်မတို့က အရေအတွက် ကန့်သက်ပြီးပဲ ရောင်းပါတယ် …။ သာမန်ကစားသမားတွေကို တစ်ကြိမ်ကို အလွန်ဆုံးတစ်ခုသာ ဝယ်ခွင့်ပေးထားပါတယ် …။ ရှင်က အစည်းအရုံးကိုယ်စားလှယ်အနေနဲ့ အလွန်ဆုံး ၉ ခုပဲ ဝယ်ခွင့် ရှိပါတယ် …။ ရှင်တို့က ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနဲ့ ပါတနာဖြစ်တဲ့ အစည်းအရုံးတွေထဲက တစ်ခုဆိုရင်တော့ တစ်ကြိမ်ကို ၂၁ ခုဝယ်ယူခွင့် ရှိပါတယ် …”
NPC ဝန်ထမ်း မိန်းမလှလေးက ပြောပြီး သူမ ရှေ့ရှိ ဒေါသထွက်နေသည့် ကစားသမား၏ အမူအရာကို အမှုမထားပေ။
” သေစမ်း …။ ဒါဆို အခု ငါ့ကို ၉ ခုပေး …”
အစည်းအရုံးကိုယ်စားလှယ်က အခြေအနေအတွက် ကူကယ်ရာမဲ့သွားသည်။ သူက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ပါတနာမဟုတ်ပေ။ သူက ရွေးချယ်စရာမရှိဘဲ ၉ ခုသာ ဝယ်သွားရသည်။ ပြီးနောက် ဝယ်ယူရန်အတွက် သူက နောက်ထပ်အဖွဲ့ဝင်များကို လွတ်မှာ ဖြစ်သည်။ ထိုနည်းသုံးလျှင် သူတို့က ပိုကုန်ပေလိမ့်မည်။ ကိရိယာဝယ်ယူရန် လာသည့် ကစားသမားက များပြားလွန်းပြီး တန်းစီရသည်က အချိန်ကုန်ပြီး လူပင်ပန်းသည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက မြို့အနည်းငယ်တွင်သာ ဆိုင်တည်ရသေးသော်လည်း ကျန်သည့်မြို့များရှိ အစည်းအရုံးများနှင့် ကစားသမားများက အလယ်အဆင့် မန္တာသံချပ်ကာကိရိယာအကြောင်း သတင်းကြားသောအခါ သူတို့က ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းရှိသည့် မြို့များဆီ ရောက်လာကြသည်။
သူတို့ကြားထဲတွင် မြစ်ဖြူမြို့ကို ရောက်လာသည့် ကစားသမားအရေအတွက်က အမြင့်ဆုံးဖြစ်သည်။
မြစ်ဖြူမြို့ထဲရှိ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက အလယ်အဆင့် မန္တာသံချပ်ကာကိရိယာအများဆုံးရှိသည်။ ထိုအရေအတွက် ဆိုင်ခွဲများအားလုံး၏ စုစုပေါင်းနှင့် ညီမျှပေသည်။ ထိုကြောင့် အမျိုးမျိုးသော မြို့ကြီးများမှ ကစားသမားအများစုနှင့် အစည်းအရုံးကိုယ်စားလှယ်များက မြစ်ဖြူမြို့ကိုသာ ရောက်လာကြသည်။
ထို့အပြင် ထိုခွဲဝေပေးမှုက ရှီဖုန်းသည် လွမ်းဆွေးခြင်းအပြုံးကို ညွှန်ကြားထားတာဖြစ်သည်။ သူက မြစ်ဖြူမြို့၏ ကျော်ကြားမှုကို တိုးမြင့်လိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့တာဖြစ်သည်။ မြစ်ဖြူမြို့၏ တစ်မူထူးခြားမှုကို လူတိုင်းသဘောပေါက်သွားချိန်၌ အချို့သော ကစားသမားများက ဤနေရာတွင် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားလာကြမှာ သေချာသည်။ ၄င်းက ဇီးရိုးဝင်း၏ ခွန်အားကို တိုက်ရိုက်တိုးတက်စေနိုင်၏။
ယခုအချိန်တွင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနှင့် ပါတနာဖြစ်ရန် ရွေးချယ်ခဲ့ကြသည့် အစည်းအရုံးများက အောင်ပွဲခံနေကြသည်။ ယခင်က အများစုသည် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးနှင့် ပါတနာဖွဲ့ရတာ ဆုံးရှုံးမှုကြီးရှိတယ်လို ခံစားမိခဲ့သည်။ သို့သော် ယခုမူ သူတို့က ကျန်သည့် အစည်းအရုံးများ အားကျရာ ဖြစ်လာခဲ့သည်။ တစ်ချိန်ထဲတွင် ကိရိယာ ၂၁ ခုကို ဝယ်နိုင်ခြင်းက သူတို့အတွက် အချိန် ချွေတာရာရောက်ပေသည်။
ယခုဆို အလယ်အဆင့် မန္တာသံချပ်ကာကိရိယာများက အဖိုးဖြတ်မရပေ။ လက်ရှိတွင် လူများစွာက ကိရိယာများကို ရွှေပြား ၈ ပြားဖြင့် ဝယ်ယူရန် ကမ်းလှမ်းနေကြသည်။ ဈေးနှုန်းက မြင့်တက်နေဆဲ ဖြစ်သည်။ ထိုသို့တိုင် မည်သူမှ သူတို့၏ ပစ္စည်းများကို မရောင်းကြပေ။ ထို့အပြင် စနစ်၏အမည်အောက်၌ တစ်ကိုယ်တော် ကစားသမားများက အလယ်အဆင့် မန္တာသံချပ်ကာကိရိယာတစ်ခုကိုသာ ဝယ်ယူနိုင်သည်။ ထိုတန်ဖိုးကြီးသည့် အခွင့်အရေးကို မည်သူမှ မဖြုန်းတီးချင်ကြပေ။ ထို့ကြောင့် သူတို့က ပြန်မရောင်းကြပေ။
အစည်းအရုံးများက အလယ်အဆင့် မန္တာသံချပ်ကာကိရိယာများ ဝယ်ယူရန် တိုက်ခိုက်နေကြစဉ် လွှမ်းမိုးခြင်းအပြုံး၏ မြစ်ဖြူမြို့ထဲရှိ အစည်းအရုံးဂေဟာထဲတွင်တော့ တိတ်ဆိတ်မှုသာ ကြီးစိုးနေသည်။
အစည်းအရုံးဂေဟာ၏ အစည်းအဝေးခန်းထဲတွင် ဖုန်းရွမ်ရန်၏ နဖူးပေါ်၌ သွေးကြောများ ထောင်ထနေသည်။ သူက ပေါက်ကွဲလုနီးပါး ဖြစ်နေ၏။
ဖုန် … ဖုန် … ဖုန် …
ဖုန်းရွမ်ရန်က သစ်သားစားပွဲကို လက်သီးဖြင့် ပြင်းထန်စွာ ထုချလိုက်သည်။ ၃၊ ၄ ချက်ဆက်တိုက် ထုရိုက်ပြီးနောက် သစ်သားစားပွဲက ကွဲထွက်သွားတော့သည်။
” သခင်လေးဖုန်း …။ စိတ်အေးအေးထားမှ ဖြစ်မယ် …”
” စိတ်အေးအေးထားရမှာလား …။ မင်း ငါ့ကို ဘယ်လိုလုပ် စိတ်အေးအေးထားချင်နေတာလဲ …”
ဖုန်းရွမ်ရန်၏ မျက်လုံးများက ယခုဆို ရဲတွတ်နေပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် သူက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းတစ်ခုလုံးကို ချက်ချင်း ဝါးမျိုပစ်လိုက်ချင်သည်။
အလင်းကျောက်တုံး ပမာဏများစွာ ဝယ်ယူရန်အတွက် သူသည် သူ၏ ကိုယ်ပိုင်ပိုက်ဆံ သန်း ၁၀၀ ထပ်ပြီး ရင်းနှီးမြှုပ်နှံခဲ့ရသည်။ သူ ယခင် ဆုံးရှုံးသည့် သန်း ၅၀ ပြန်ရရန် ရည်ရွယ်ခဲ့တာ ဖြစ်သည်။ သူက လွှမ်းမိုးခြင်း ကုန်သွယ်ရေးလုပ်ငန်းက ရသည့်အမြတ်ကိုပါ အသုံးပြုခဲ့သေးသည်။
သို့သော် သူ ဝယ်ယူခဲ့သည့် ပစ္စည်းက ဆိုင်တွင် မပျက်သွားပေ။ ဒေသထွက်စရာ အကောင်းဆုံးက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းအကြောင်း သတင်းရလိုက်တာ ဖြစ်သည်။ သူ့အထက်အရာရှိများက သူ့ကို အလယ်အဆင့် မန္တာသံချပ်ကာကိရိယာ ၃၀၀ ဝယ်ရန် အမိန့်ပေးတာဖြစ်သည်။
သို့သော် သူက မည်သည့်နေရာကနေ ဂိမ်းငွေကြေးများ ရနိုင်မည်နည်း။
အခု ၃၀၀ က ရွှေပြား ၁၅၀၀ ကျသင့်သည်။ ယခင်က သူသည် ထိုပိုက်ဆံပမာဏ ပိုင်ဆိုင်သေးသည်။ ယခု ၄င်းက မရှိတော့ပေ။