ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 540 ခမ်းနားသော စုဝေးမှု
ရှီဖုန်းက လွှမ်းမိုးခြင်းအဖွဲ့ဝင်များကို အမဲလိုက်ရိတ်သိမ်းနေစဉ် မြစ်ဖြူမြို့က ကြယ်လမြို့၏ အာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ပထမတန်းနှင့် ဒုတိယတန်းအစည်းအရုံးများမှ အထက်ပိုင်းမန်နေဂျာများက မြစ်ဖြူမြို့သို့ ရောက်လာကြသည်။
” ဘာတွေဖြစ်ကုန်တာလဲ …။ မြစ်ဖြူမြို့ထဲမှာ ဘာကြောင့် အစည်းအရုံးတွေ အများကြီးရောက်နေတာလဲ …။ သူတို့ကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး …”
” သူတို့က ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနဲ့ ပါတနာဖွဲဖို့ ရောက်လာတာလို့ ငါကြားတယ် …။ အနီးအနားတိုင်းပြည်က အစည်းအရုံးတွေတောင် ပါသေးတယ် …။ နဂါးနက်အင်ပါယာတောင်ပါတော့ ကြယ်လတိုင်းပြည်ရဲ့ အစည်းအရုံးတွေဆို ပိုတောင်ရောက်ပြီပေါ့ …”
” အင်ပါယာကစားသမားတွေက တိုက်ခိုက်ရေးသမားတွေထက် ပိုသန်မာတယ်လို့ ပြောကြတာ .. မဟုတ်ဘူး …။ ဒီလို မဟုတ်ဘူးနဲ့တူတယ် …။ အဆုံးသတ်မှာတော့ သူတို့က အကျိုးအမြတ်ရဖို့အတွက် ငါတို့ မြစ်ဖြူမြို့ကို လာနေရသေးတာပဲလေ …။ ဟုတ်တယ်မလား …”
” သူတို့က ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကြောင့်ပဲ ရောက်လာတာ …။ တခြားတိုင်းပြည်တွေကို ကြည့်ကြည့်လိုက် …။ အလယ်အဆင့် မန္တာသံချပ်ကာကိရိယာကို ရောင်းချနိုင်တဲ့ ဆိုင်တစ်ဆိုင်ကို ဘယ်သူကများ ပိုင်ဆိုင်ထားလို့လဲ …။ အခု အဆင့် ၂၅ မဟူရာရွှေချပ်ဝတ်တန်ဆာကို ဘယ်သူမှ မရောင်းကြဘူး …။ အလယ်အဆင့် မန္တာသံချပ်ကာကိရိယာတွေကတော့ အဆင့် ၂၅ မဟူရာရွှေ ချပ်ဝတ်တန်ဆာထက်တောင် ပိုအားကောင်းနေပြီ …။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးက အရေအတွက်အများကြီး ထုတ်လုပ်နိုင်တယ် …။ အဲဒါသာ ရှိထားခဲ့မယ်ဆိုရင် အဖွဲ့လိုက်မြေအောက်စခန်းတွေ စီးနင်းတိုက်ခိုက်တဲ့နေရာနဲ့ တစ်ကိုယ်တော်တိုက်ပွဲတွေမှာ ကွာဟချက်ကြီးကြီးမားမား ရှိသွားမှာပဲ …။ ဒီအစည်းအရုံးတွေက အဲဒီအိုင်တမ် ဘယ်လောက် အရေးကြီးလဲဆိုတာ သဘောပေါက်တာပေါ့ …”
မြစ်ဖြူမြို့၏ လမ်းများနှင့် လမ်းကြားများထဲ၌ ကစားသမားများ ပြည့်နေပြီး သူတို့က မြစ်ဖြူမြို့ထဲ စုဝေးနေသည့် အစည်းအရုံးများအကြောင်း ဆွေးနွေးနေကြရာ သူတို့ ရင်ထဲ၌ ဂုဏ်ယူဝင့်ကြွားမှုများ ခံစားလိုက်ရသည်။ ဘဝပုံစံအစည်းအရုံးတစ်ခုက ထိုမျှများပြားသည့် လွှမ်းမိုးမှု ပိုင်ဆိုင်မည်ဟု မည်သူကမှ တွေးမိမှာ မဟုတ်ပေ။
” သေစမ်း …။ ဒီကို လူတွေ ဘာကြောင့် အများကြီးရောက်နေတာလဲ …”
ထိုစဉ် ဖုန်းရွမ်ရန်က ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီသို့ ဝင်ရောက်သွားသည့် အစည်းအရုံးကိုယ်စားလှယ် အရေအတွက်တိုးလာတာကို ကြည့်ပြီး သူ့မျက်လုံးထဲ၌ ဒေါသမီးတောက်များ လောင်ကျွမ်းနေသည်။
ရွှေပြား ၁၅၀၀ ကို စုဆောင်းရန် လိုအပ်သောကြောင့် သူသည် အလင်းကျောက်တုံးများကို ရောင်းချရန် ပြဿ နာတော်တော်များများကို တွေးတောခဲ့ရတာ ဖြစ်ပြီး သူ၏ ကိုယ်ပိုင် ခရက်တစ်ပမာဏများကိုလည်း သုံးစွဲခဲ့ရသေးသည်။ ယခုအချိန်တွင် အစည်းအရုံးများစွာ ရောက်လာရသည့် အကြောင်းအရင်းက အလယ်မန္တာသံချပ်ကာကိရိယာကို ရောင်းချဖို့အပြင် မဖြစ်နိုင်ပေ။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက အလယ်အဆင့် မန္တာသံချပ်ကာကိရိယာ ပမာဏများစွာ ကမ်းလှမ်းမှာ မဟုတ်ပေ။ သူကိုယ်တိုင်အတွက် အခု ၃၀၀ ဝယ်ဖို့ကတောင် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။ ယခု ယှဉ်ပြိုင်သူများ ပိုပေါ်လာသောကြောင့် ထိုတာဝန်ကို ဖြည့်စီးနိုင်ရန် အခွင့်အရေးက ပိုပိုနည်းသွားသည်။
ရောက်လာသည့် အစည်းအရုံးများကြားထဲတွင် နဂါးနက်အင်ပါယာမှ နဂါးဖီးနစ်ပွဲကြည့်စင်က အစွမ်းအထက်ဆုံး ဖြစ်သည်။ ၄င်းက ပထမတန်းအစည်းအရုံးတစ်ခုဖြစ်ပြီး စူပါအစည်းအရုံးဖြစ်ရန်အတွက် အနီးစပ်ဆုံးဖြစ်သည်။ ကံဆိုးသည်မှာ ပွဲကြည့်စင်က ကျန်သည့် စစ်မှန်သည့် စူပါအစည်းအရုံးများထက် ပိုငယ်နေပြီး နောက်ပိုင်းမှ တည်ထောင်ခဲ့တာဖြစ်သည်။ မဟုတ်ခဲ့လျှင် သူက ယခုလောက်ဆို စူပါအစည်းအရုံးစာရင်းထဲ ဝင်လောက်ပြီဖြစ်သည်။
နဂါးဖီးနစ်ပွဲကြည့်စင် ဘဏ္ဍာရေးအရင်းအမြစ်က မြေအောက်လောက အဖွဲ့အစည်းထက် အားမနည်းပေ။ လက်ရှိတွင် ပွဲကြည့်စင်က နဂါးနက်အင်ပါယာ၏ နံပါတ် ၁ အစည်းအရုံးဖြစ်သည်။ ကျန်သည့် ပထမတန်းအစည်းအရုံးများက ၄င်းကို ယှဉ်ရပ်နိုင်ခြင်း မရှိပေ။
နဂါးဖီးနစ်ပွဲကြည့်စင်က ၄င်း၏ ပွဲကြည့်စင် သခင် ၂ ဦးထဲ၌ ၁ ဦးဖြစ်သည့် နဂါးပွဲကြည့်စင်သခင်ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်သည်။ အစည်းအရုံးထဲတွင် နဂါးပွဲကြည့်စင်သခင်၏ အဆင့်အတန်းက မဟာပွဲကြည့်စင်သခင်အောက်သာ ရှိသည်။
နဂါးဖီးနစ်ပွဲကြည့်စင်သခင်၏ စီမံခန့်ခွဲမှုပုံစံက ကျန်သည့် အစည်းအရုံးများထက် မတူပေ။ ပုံမှန်ဆို အစည်းအရုံးတစ်ခု၏ စီမံခန့်ခွဲမှု၌ အစည်းအရုံးခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ အကြီးအကဲများ စသဖြင့်သွားတာ ဖြစ်သည်။ တစ်ဖက်တွင်မူ နဂါးဖီးနစ်ပွဲကြည့်စင်က ပွဲကြည့်စင် ၂ ခုပိုင်းခြားထားပြီး နဂါးပွဲကြည့်စင်နှင့် ဖီးနစ်ပွဲကြည့်စင်ဟူ၍ ဖြစ်သည်။ ပွဲကြည့်စင်တစ်ခုခြင်းဆီက အစည်းအရုံတစ်ခုချင်းဆီနှင့် ညီမျှပြီး ပွဲကြည့်စင် ၂ ခုလုံးသည် တစ်ယောက်နှင့်တစ်ယောက် သူတို့ဘာသာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြတာဖြစ်သည်။ ပွဲကြည့်စင်သခင်က ပွဲကြည့်စင်တစ်ခုခြင်းဆီကို အုပ်စိုးရသည်။ ပွဲကြည့်စင်သခင်များသည် အစည်းအရုံးခေါင်းဆောင်များနှင့် ညီမျှသည်ဟု ဆိုနိုင်ပေသည်။ ထို့အပြင် ပွဲကြည့်စင်တစ်ခုခြင်း၏ လွှမ်းမိုးမှုက ထိပ်တန်းအလွှာ ပထမတန်းအစည်းအရုံးနှင့် ညီမျှပေသည်။ ပွဲကြည့်စင် ၂ ခု ပေါင်းစပ်လိုက်ချိန်တွင် နဂါးဖီနစ်ပွဲကြည့်စင် မည်မျှအားကောင်းမည်မှန်း မှန်းဆနိုင်ပေသည်။
မဟာပွဲကြည့်စင်သခင်က ပွဲကြည့်စင် ၂ ခုကြား ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ခဲ့သည်။ ထိုမဟာပွဲကြည့်စင်သခက်သည် ဆန်းကျယ်ပြီးအင်မတန်လျှို့ဝှက်တက်သူဖြစ်သည်။ ယခုအချိန်ထိတိုင် မဟာပွဲကြည့်စင်သခင်၏ နောက်ခံအမှန်ကို မည်သူမှ သေချာမသိသေးပေ။ သို့သော် ပထမတန်းအစည်းအရုံး ၂ ခုကို တစ်ပြိုင်နက်ထဲ ကျွမ်းကျင်စွာ စီမံခန့်ခွဲသည်ကပင် သူတို့ မည်မျှအရည်အချင်းရှိကြောင်း ပြသနေတာဖြစ်သည်။
” သခင်လေးဖုန်း …။ ကျုပ်တို့တွေ အောင်ပွဲခံသင့်ပြီလား …”
ဖုန်းရွမ်းရန်ဘေးရှိ ခပ်ဖိုင်ဖိုင့်လူက ပြုံးပြီး ပြောလိုက်သည်။
” အောင်ပွဲခံတာလား …။ မင်း ဘာကို ပြောဖို့ ကြိုးစားနေတာလဲ …”
ဖုန်းရွမ်ရန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
” အခုဒီမှာ ယှဉ်ပြိုင်သူတွေ အဲ့လောက်များနေတာ ငါတို့က အလယ်အဆင့် မန္တာသံချပ်ကာကိရိယာ အစုံ ၃၀၀ ကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ …”
” သခင်လေးဖုန်း …။ ကျွန်တော်တို့ ကနဦးရည်မှန်းချက် ပန်းတိုင်က ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်းကို ထိုးနှက်ပြီး မြစ်ဖြူမြို့မှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ကုန်သွယ်ရေးအင်ပါယာ တည်ဆောက်ချင်တာ မဟုတ်ဘူးလား …”
ပွဲခံအရပ် ( ခပ်ဖိုင့်ဖိုင့် လူ ) က ဖြေးဖြေးခြင်း ရှင်းပြလိုက်သည်။
” ငါးနည်းနည်းလေး .. ပုစွန်နည်းနည်းလေးပဲ လုပ်ငန်းစုထဲ လာလည်ရင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းအတွက် ကောင်းမွန်တဲ့အရာပေါ့ …။ ဒါပေမယ့် ရောက်လာတဲ့ သူတွေက ကျားတွေ၊ ကျားသစ်တွေ ဖြစ်နေတဲ့အခါ ကုန်သွယ်ရေးလုပ်ငန်းအတွက် သတင်းကောင်း မဖြစ်နိုင်တော့ဘူး …”
” စဉ်းစားကြည့်လေ …။ ရောက်လာတဲ့သူတွေက ဒီကို ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို ဝယ်ဖို့ရောက်လာတာလား၊ ပါတနာဖွဲ့ဖို့ ရောက်လာတာလားဆိုတာ …။ ဒါပေမယ့် ဘယ်သူက အလယ်အဆင့်မန္တာသံချပ်ကာကိရိယာကို သူတို့အတွက် မထိန်းချုပ်ချင်ပဲ နေမှာလဲ …။ အထူးသဖြင့် နဂါးဖီးနစ်ပွဲကြည့်စင်က လူတွေအတွက်ပေါ့ …။ စစ်မှန်တဲ့ စူပါအစည်းအရုံးတစ်ခု ဖြစ်လာဖို့ဆို ပွဲကြည့်စင်က ကုန်ကျစရိတ်အားလုံးကို လျစ်လျူရှူပြီး ကျွမ်းကျင်သူ အရေအတွက်အများကြီးကို ပြုစုပျိုးထောင်ရမှာလေ …။ သူတို့က ပြီးခဲ့တဲ့နှစ်ရဲ့ ပုံရိပ်ယောင်ဂိမ်းလောကကို အသစ်ရောက်လာတဲ့ ထိပ်တန်း ၁၀ ယောက်ထဲက ၅ ယောက်ကို ပြုစုပျိုးထောင်ကြတာ နှစ်ပေါင်းများစွာ နာမည်ကြီးပြီးသားဖြစ်တဲ့ ကျွမ်းကျင်သူတွေဆိုရင် ပြောဖို့တောင် မလိုဘူး …။ အလယ်အဆင့် မန္တာသံချပ်ကာကိရိယာက နဂါးဖီးနစ်ပွဲကြည့်စင်အတွက် အာ့ဒီလို အဆင့်မြင့်တင်ဖို့အတွက် ပြီးပြည့်စုံတဲ့ အိုင်တမ်ပဲ …။ အစည်းအရုံးက သူကိုယ်တိုင်အတွက် ကိရိယာရယူဖို့ ဒီအခွင့်အရေးကို လက်လွှတ်မှာမဟုတ်ဘူး …။ ကျန်တဲ့အစည်းအရုံးတွေလည်း ထပ်တူညီမျှ ခံစားမိမှာပဲ …”
” ဒါပေမယ့် သခင်ဖုန်း …။ ဖယောင်းတိုင် အလင်းကုန်သွယ်ရေးလုပ်ငန်းမန်နေဂျာရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိတာနဲ့ မစ်ယို့လန်တောင် သူမနဲ့ ပြောဆိုတဲ့အခါ ကူကယ်ရာမဲ့ခဲ့တာလေ …။ အသစ်ရောက်လာတဲ့ အစည်းအရုံးတွေ ဘယ်လို တုံ့ပြန်မှုမျိုး ရမယ်ဆိုတာ မှန်းကြည့်လို့ရတယ် …။ တစ်ချိန်ထဲမှာပဲ ဒါတွေက အဆုံးသတ်သွားမှာလေ …။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက အစည်းအရုံးကြီးတွေအများကြီးရဲ့ ရန်သူဖြစ်သွားမယ် …။ အဲဒီအချိန် ကျွန်တော်တို့က အထက်အရာရှိတွေပေးတဲ့ တာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ အခွင့်အရေး ရရုံတင်မကဘူး ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို ဖြေရှင်းဖို့ အခွင့်အရေးလည်း ရပြီပဲ …”
ပွဲခံအရပ်က ပြောပြီးသည်နှင့် ဖုန်းရွမ်ရန်က နားလည်သဘောပေါက်သွားသည်။
” မင်းပြောတာ မှန်တယ် …။ ဒီတစ်ခေါက် ငါတို့ ရှိုးကောင်းကောင်းကြည့်ရမယ် …”
ဖုန်းရွမ်ရန်က ရူးသွတ်စွာ ရယ်မောလိုက်၏။
အပေါ်ယံတွင် ၄င်းက ခမ်းနားသည့် စုဝေးပွဲဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၄င်းက သတ်ဖြတ်သည့်ပွဲတော်သာဖြစ်သည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ရောက်လာသည့် အစည်းအရုံးများကို ရန်စမိပါက ထိုအစည်းအရုံးများက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို ဖိနှိပ်ကြတော့မှာ ဖြစ်သည်။ မြေအောက်လောကက လောင်စာ ထပ်ထည့်လိုက်လျှင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို မည်သူက ထောက်ပံ့ရဲတော့မည်နည်း။ သူတို့၏ ကုန်ကြမ်းများကို ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီ မည်သူက ရောင်းချရဲမည်နည်း။
မည်သည့်အစည်းအရုံးဖြစ်စေ နတ်ဘုရားနယ်မြေထဲတွင် အောင်မြင်ရန် မျှော်လင့်ချက် ဆုံးရှုံးသွားနိုင်လောက်သည်။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက လူနေမူပုံစံ အစည်းအရုံးတစ်ခုဖြစ်ပြီး တိုက်ပွဲဝင်အစည်းအရုံးကဲ့သို့ ဖြေရှင်း၍ မရနိုင်သည့်တိုင် ကုန်ကြမ်းများ၊ ပန်းပဲဒီဇိုင်းများ၊ ဆေးညွှန်းများ၊ ကျန်သည့်အိုင်တမ်များ မရှိဘဲ ရှင်သန်နေထိုင်နိုင်မှာ မဟုတ်ပေ။ အနှေးနှင့်အမြန် ထိုအိုင်တမ်များသည်လည်း ခေတ်ရှိတော့မှာ မဟုတ်ဘဲ ရောင်းထွက်တော့မှာ မဟုတ်ပေ။ ထိုအချိန်ကျလျှင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း အပြီးသက်သွားမှာဖြစ်သည်။
” အစ်မကြီး လွမ်းဆေးခြင်း …။ ဒီနေ့ ပထမအလွှာရဲ့ ခန်းမကို အစည်းအရုံးတွေ အများကြီးရောက်လာတာ ရေလို့တောင်မရတော့ဘူးပဲ …။ စီးပွားရေးဆွေးနွေးဖို့အတွက်ဆိုပြီး စာရင်းသွင်းချင်တဲ့ အစည်းအရုံးက ၁၀၀ ကျော်ရှိတယ် …။ သူတို့ကြားထဲမှာ ပထမတန်းအစည်းအရုံးက ၁၂ ခုကျော်ရှိတယ် …။ သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတဲ့ပုံပဲ …။ ဘာလုပ်သင့်လဲ …”
လွမ်းဆွေးခြင်းအပြုံး၏ အမျိုးသမီးလက်ထောက်များထဲမှ တစ်ယောက်က စိတ်ပူပန်စွာ မေးလိုက်သည်။
သာမန်ကစားသမားများက ထိုကဲ့သို့ မြင်ကွင်းကို အိပ်မက်တောင် မက်ခွင့်ရမှာ မဟုတ်ပေ။
ကြယ်လတိုင်းပြည်တွင် ပထမတန်းအစည်းအရုံးများစွာ ရှိသည်။ ယခုမူ ထိုပထမတန်းအစည်းအရုံးများထဲမှ တစ်ချို့က ရောက်လာရုံသာမက ကျန်သည့် တိုင်းပြည်နှင့် အင်ပါယာများမှ ပထမတန်းနှင့် ဒုတိယတန်းအစည်းအရုံးများလည်း ရောက်လာကြသည်။
” နားလည်ပြီ …။ အခုအတွက်တော့ သူတို့ကို ကြိုဆိုဖို့ NPC တွေရှိတယ် …။ အချိန်မီ ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခု စဉ်းစားလိုက်မယ် …”
လွမ်းဆွေးခြင်းအပြုံးက အခြေအနေကို ရုန်းကန်နေရသည်။ အလယ်အဆင့်မန္တာသံချပ်ကာကိရိယာက ထိုမျှကြီးမားသည့် လွှမ်းမိုးမှုကြီး ရှိနေလိမ့်မည်ဟု သူမ မထင်ထားပေ။ သူတို့က ဆာလောင်နေသည့် ဝံပုလွေများနှင့် သားရဲကို သူတို့ တံခါးဝဆီ ခေါ်မိခဲ့သည်။
ထိုကဲ့သို့ ဖြစ်မည်မှန်းသိပါက ရှီဖုန်းကို အလယ်အဆင့် မန္တာသံချပ်ကာကိရိယာရောင်းချရန် အကြံပေးခဲ့မှာ မဟုတ်ပေ။ သူတို့ ရောင်းချချင်လျှင်တောင် ဖယောင်းတိုင် အလင်းကုန်သွယ်ရေးလုပ်ငန်းက ကြယ်လမြို့တိုင်းပြည်တွင် သူ၏နေရာ လုံခြုံစိတ်ချရသည့်နေရာတွင်သာ ရောင်းချခဲ့သင့်ပေသည်။
ယခုမူ သူတို့က ရန်ဘက်လည်း ဝိုင်းနေပြီ ဖြစ်သည်။
လွမ်းဆွေးခြင်းအပြုံးက ပြဿ နာကို သူမဘာသာ ဖြေရှင်းချင်သည့်တိုင် ဘာအကြံမှ မထွက်ပေ။ အခြေအနေက ယခင် သူမ အစည်းအရုံးများနှင့် ဖြေရှင်းခဲ့သည်နှင့် ကွဲပြားခြားနားပေသည်။ သူမသာ ယခုအခေါက် မာမာထန်ထန် ချဉ်းကပ်ပါက တိုင်းပြည်နှင့် အင်ပါယာရှိ အင်အားကြီးများကို ရန်စမိမှာ ဖြစ်သည်။ ဆိုရလျှင် သူမ သေခြင်းတရားကို သူမ ရှာသလိုသာ ဖြစ်ပေလိမ့်မည်။
လွမ်းဆွေးခြင်းအပြုံးက ကူကယ်ရာမဲ့သွားသောကြောင့် မတတ်နိုင်ဘဲ ရှီဖုန်းကို ဆက်သွယ်ရတော့သည်။ ရှီဖုန်း၏ အင်္ကျီလက်ထဲတွင် နည်းတစ်ချို့ရှိရန်တော့ သူမ မျှော်လင့်နေမိသည်။
အတွဲ – ၂၇ ပြီး၏။