ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 556 ဓားသခင်တစ်ဦး၏ စွမ်းဆောင်ရည်
” သူ ဒီလိုနဲ့ တကယ်ကြီးသေသွားပြီ …”
” ဒါက သိုင်းနဂါးလေ …။ တစ်ချက်ထဲနဲ့ သူ့ကို တစ်စုံတစ်ယောက်က ဘယ်လိုလုပ် သတ်နိုင်တာလဲ …။ ဒီကြောက်ဖို့ကောင်းတဲ့ NPC ဘယ်က ပေါ်လာတာလဲ …”
အချိန်အတိုင်းအတာတစ်ခုအထိ အစည်းအရုံးကြီးများ၏ အထက်ပိုင်းမန်နေဂျာများက ပွဲကိုအကဲဖြတ်ရင်း ကြောင်အနေကြသည်။
” ကွန်မန်တာ …”
သိုင်းနဂါး၏ သေဆုံးမှုက နဂါးဖီးနစ်ပွဲကြည့်စင်အဖွဲ့ဝင်များ၏ ထကြွနေသည့်အဟုန်ကို အေးစက်ရပ်တန့်သွားစေသည်။
စစ်နဂါးတပ်မဟာ၏ ကွန်မန်တာတစ်ဦးအနေဖြင့် သိုင်းနဂါးသည် တစ်ခါမှ မသေဆုံးခဲ့ဖူးပေ။ နတ်ဘုရားနယ်မြေထဲဝင်ချိန်မှစပြီး တစ်ခုလေးတောင်မသေခဲ့။ ငရဲခန်းအဖွဲ့လိုက် မြေအောက်စခန်းကတောင် သူ့အသက်ကို အဆုံးမသတ်နိုင်ခဲ့ပေ။
နဂါးဖီးနစ်ပွဲကြည့်စင်၏ လက်ရွေးစဉ်များနှင့် စစ်နဂါးတပ်မဟာ၏ အဖွဲ့ဝင်များအားလုံးက သိုင်းနဂါးကို ကြည်ညိုလေးစားကြပြီး သူတို့၏ စံပြမော်ဒယ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်သည်။
သိုင်းနဂါးက စစ်နဂါးတပ်မဟာ၏ သင်္ကေတဖြစ်ပြီး တပ်မဟာ၏ နောက်ခံလည်းဖြစ်သည်။
ယခု သူတို့၏နောက်ခံ ရုတ်တရက်ပျောက်ကွယ်သွားသောကြောင့် စစ်နဂါးတပ်မဟာ၏ အဖွဲ့ဝင်များတောင် အံ့သြမှင်သက်ဆွံ့အနေကြသည်။
သိုင်းနဂါးသေလိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးခဲ့မိပေ။ ဒဏ်ရာရလျှင်တောင် သူက အစည်းအရုံးလေးတစ်ခုကို သုတ်သင်ရှင်းလင်းနိုင်သည့် စွမ်းအားရှိသေးသည်။
” သေသင့်တဲ့ ဘလက်ဖလိမ်း …။ သူမှာ နောက်ထပ် လျှို့ဝှက်ကတ်တစ်ကတ်ရှိနေတာပဲ …”
နဂါးကိုးကောင်ဧကရာဇ်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်း ပေါ်လာပြီး သူက ရှီဖုန်းကို စိုက်ကြည့်လိုက်၏။
” ဒါပေမယ့် မင်းမှာ အဆင့် (၄၀) အလွှာနှစ် NPC ရဲ့ အကူအညီရှိနေခဲ့ရင်တောင် မင်း ဒီနေ့ချေမုန်းခံရအုံးမှာပဲ …။ ဦးလေးချန်း …။ သွေးနဂါးနဲ့အတူ တိုက်ပွဲကွင်းပြင်ထဲ သွားလိုက် …။ ဘလက်ဖလိမ်းကို ထွက်ပြေးခွင့် မပေးနဲ့ …။ အဲဒီ အလွှာနှစ် NPC အတွက်ရောပဲ …”
သိုင်းနဂါးသည် ပုံရိပ်ယောင်ဂိမ်းကမ္ဘာတစ်ခုလုံး၌ ထင်ရှားကျော်ကြားသည်။ သူသည် နဂါးဖီးနစ်ပွဲကြည့်စင်နှင့် ပူးတွဲပြီး ကောင်းကင်ဘုံနဂါးပွဲကြည့်စင်၏ ခွန်အားသက်သေပြရာလည်း ဖြစ်ခဲ့သည်။ ထိုသို့တိုင် သွေးနဂါးက ဇီးရိုးဝင်းကဲ့သို့ အစည်းအရုံးလေးနှင့် ဖြစ်ပွားသည့်စစ်ပွဲထဲတွင် အမှန်တကယ် အသတ်ခံခဲ့ရသည်။
ထိုအရေးကိစ္စသာ သတင်းပျံ့သွားခဲ့ပါက နဂါးဖီးနစ်ပွဲကြည့်စင်၏ ဂုဏ်သတင်းက ထိခိုက်သွားနိုင်၏။ ယခုအချိန်တွင် ဂုဏ်သတင်းကို ပြန်ဆယ်ရန် တစ်ခုတည်းသောနည်းလမ်းက ဇီးရိုးဝင်းကို ချေမုန်းပြီး နဂါးဖီးနစ်ပွဲကြည့်စင်၏ ဒေါသအတွက် ရှိနေသည့်သူများအားလုံးကို သိစေဖို့သာဖြစ်သည်။
လက်ရှိတွင် ဇီးရိုးဝင်းက အဖွဲ့ဝင်အနည်းငယ်သာ အသက်ရှင်လျက် ကျန်ရစ်သည်။ တစ်ဖက်တွင် နဂါးဖီးနစ်ပွဲကြည့်စင်က ၄င်း၏ ထိခိုက်ကျွမ်းကျင်သူများကြားထဲတွင် ဆုံးရှုံးမှုအနည်းအပါးသာ ရှိနေသည်။ အလွှာနှစ် NPC က စွမ်းဆောင်ရည်ရှိသော်လည်း ကံကောင်းသည်မှာ ၄င်းက အဆင့် (၄၀) NPC တစ်ဦးမျှသာဖြစ်ပြီး အဆင့် (၄၀) အရှင်နှင့် ညီမျှရုံသာရှိ၏။ စစ်နဂါးတပ်မဟာထဲရှိ ကျွမ်းကျင်သူအရေအတွက်ဖြင့် သူတို့က အဆင့် (၄၀) အရှင်ကို အလွယ်တကူအနိုင်ယူနိုင်ပေသည်။
” နားလည်ပါပြီ …”
ဦးလေးချန်းဟု အမည်ရသည့် အဘိုးအိုက ဦးညွတ်ပြီးနောက် ထုတ်ခွာသွားသည်။
အပြင်လူအမြင်ကနေကြည့်လျှင် ထိုဦးလေးချန်းက နဂါးကိုးကောင်ဧကရာဇ်၏ ဘဏ္ဍာစိုးတစ်ဦးသာဖြစ်သည်။ သို့သော် နဂါးဖီးနစ်ပွဲကြည့်စင်ထဲရှိ အထက်မန်နေဂျာတိုင်းက ထိုဆံပင်များတစ်ခေါင်းလုံး ဖြူဖွေးနေသည့် အဖိုးကြီးသည် နဂါးကိုးကောင်ဧကရာဇ်၏ ဘဏ္ဍာစိုးမျှသာ မဟုတ်မှန်း သိကြပေသည်။ သူက စစ်နဂါးတပ်မဟာထဲတွင် တတိယမြောက် အမိန့်ပေးခွင့်ရှိသည့် ဖုန်နဂါးဖြစ်သည်။ သို့သော် ထိုအချက်အလက်က သမိုင်းကြောင်း၏ နှစ်အလိုက်မှတ်တမ်းထဲတွင်သာ ရှိသည်။ လက်ရှိတွင် လူအများစုက ဦးလေးချန်းဟူ၍ အမည်ရသည့် အဖိုးအိုက အတိတ်တုန်းက ဖုန်နဂါးဖြစ်ခဲ့တာကို မေ့သွားကြပြီးဖြစ်သည်။
စစ်နဂါးတပ်မဟာက အမိန့်ရသောအခါ သူ့တို့က ချက်ချင်းတောင့်ခဲသွားကြသည်။ သူတို့က ဇီးရိုးဝင်း၏ လက်ရွေးစဉ်များကို ပစ်မှတ်မထားတော့ဘဲ ထိုအစား ရှီဖုန်းနှင့် ကိုက်တို့ကို သူတို့ အယောက်ရာချီဝိုင်းလာတော့၏။
ကျွမ်းကျင်သူများထဲတွင် တစ်ယောက်ခြင်းဆီက အဆင့် (၂၇) နှင့်အထက်ရှိကြပြီး သူတို့အားလုံးက ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြသည်။ ထို့အပြင် ထိုအဆင့်လိုက် ကစားသမားအများစုက အနည်းဆုံးတော့ အဆင့်အရည်အချင်းကို လျစ်လျူရှူ့နိုင်သည့် ချပ်ဝတ်တန်ဆာအချို့ ရှိကြပေသည်။ တစ်နည်းဆိုရလျှင် စစ်နဂါးတပ်မဟာ၏ အဖွဲ့ဝင်များက အဆင့် (၄၀) NPC ဖြစ်သည့် ကိုက်ကို ရင်ဆိုင်တိုက်ခိုက်ရာတွင် အဆင့်ဖိနှိပ်ခံရမှာကို စိုးရိမ်ဖို့ရာ မလိုပေ။
ပုံမှန်ဆို စစ်နဂါးတပ်မဟာအဖွဲ့ဝင်များက လူအယောက်နှစ်ဆယ်အဖွဲ့များဖြင့် အဆင့် (၄၀) ကွင်းပြင်အရှင်ကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ယခုအချိန်တွင် အယောက်တစ်ရာရှိနေတာဖြစ်၏။ နဂါးဖီးနစ်ပွဲကြည့်စင်၏ ဂိုဏ်ခွဲခေါင်းဆောင် သွေးနဂါးနှင့် ယခင်ကွန်မန်တာ ဖုန်နဂါးကလည်း တပ်သားများကို ကိုယ်တိုင်ဦးဆောင်နေတာ ဖြစ်သည်။ ရန်သူက အဆင့် (၄၀) အဆင့်မြင့်အရှင်ဖြစ်နေလျှင်တောင် သူတို့က အနိုင်ယူနိုင်သေးသည်။
” ဟား … ဟား … ဟား … ဘလက်ဖလိမ်းကတော့ ဒီတစ်ခေါက် ချုပ်မိပြီပဲ …။ နဂါးဖီးနစ်ပွဲကြည့်စင်ရဲ့ အဟုန်ကို တစ်ချက်ထဲနဲ့ ဖြေရှင်းဖို့ဆိုတာ ဝေးပါသေးတယ်ကွာ …။ သူက ပွဲကြည့်စင်ကို ပိုတောင်ဒါသထွက်သွားစေပြီ …”
ဖုန်းရွမ်ရန်က မြင်ကွင်းကို မြင်သောအခါ မပျော်ပဲမနေနိုင်တော့ပေ။
” သူက ထိပ်တန်းအလွှာ ကျွမ်းကျင်တွေအများကြီး ဝိုင်းတာခံထားရရုံတင် မကဘူး .. အခုသူ့ရဲ့စကေးတွေလည်း အသုံးမပြုနိုင်ဘူး …။ ကျုပ်တို့ တစ္ဆေခုနှစ်ကောင်က ဒီလိုအခြေအနေထဲရောက်နေရင် အတူတကွပူးပေါင်းတိုက်ခိုက်ရင်တောင် သုတ်သင်ရှင်းလင်းခံရဦးမှာပဲ …”
တစ္ဆေသုံးက မှတ်ချက်ကျလိုက်၏။ လူတိုင်းက ခုနတုန်းက သိုင်းနဂါး၏ ကြောက်လန့်ဖွယ်ကောင်းမှုကို မြင်တွေ့ပြီဖြစ်သည်။ ယခုသူတို့ ထိုမြင်ကွင်းကို မြင်သောအခါ နဂါးဖီးနစ်ပွဲကြည့်စင်မည်မျှ အားကောင်းကြောင်း နောက်ဆံုံးတွင် သဘောပေါက်သွားကြတော့သည်။
” နဂါးဖီးနစ်ပွဲကြည့်စင်ရဲ့ ခွန်အားအစစ်အမှန်က အင်မတန်အစွမ်းထက်တာပဲ …။ ငါတို့ ပထမတန်းအစည်းအရုံးတွေ ယှဉ်ပြိုင်နိုင်တဲ့အရာ မဟုတ်ဘူး …။ ကြည့်ရတာ ငါတို့ အနာဂတ်အစီအစဉ်အတွက် ပြောင်းလဲမှုတစ်ချို့ လုပ်ရမယ့်ပုံပဲ ..
.”
ဂလက်ဆီပါ့စ်က စစ်နဂါးတပ်မဟာ၏ အဖွဲ့ဝင်များကို ကြည့်ပြီး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
ထိပ်တန်းအလွှာကျွမ်းကျင်သူများသည် အစည်းအရုံးကြီးများကို တစ်ကိုယ်တော်ရင်ဆိုင်တိုက်ခိုက်ခြင်းက အင်မတန်ရှားသည်။ ထိုသို့တိုင် နဂါးဖီးနစ်ပွဲကြည့်စင်က အယောက်တစ်ထောင် ထုတ်လာခဲ့သည်။ ထိုကဲ့သို့သောစွမ်းအားဖြင့် ပွဲကြည့်စင်ကို မည်သူက ဆန့်ကျင်နိုင်မည်နည်း။
ဂလက်ဆီပါ့စ်က ဇီးရိုးဝင်း၏နေရာတွင် ကြယ်တာရာမဟာမိတ်ကိုတောင် မြင်ယောင်ကြည့်မိလိုက်သည်။ အဆုံးတွင် ကြယ်တာရာမဟာမိတ်က ဇီးရိုးဝင်းထက် ဘာမှ ပိုမသာကြောင်း သိလိုက်ရ၏။ တစ်နည်းဆိုရလျှင် နဂါးဖီးနစ်ပွဲကြည့်စင်မဆိုထားနှင့် ကောင်ကင်ဘုံနဂါးပွဲကြည့်စင်တစ်ခုထဲဖြင့် ကြယ်တာရာမဟာမိတ်ကို သုတ်သင်ရှင်းလင်းပစ်ရန် လုံလောက်သည်။
ပထမတန်းအစည်းအရုံးနှင့် စူပါပထမတန်းအစည်းအရုံးကြား ကွာဟချက်က မျှော်လင့်ချက်မဲ့စရာပေ။
” အစည်းအရုံးခေါင်းဆောင် ကြည့်ပါအုံး …။ ဘလက်ဖလိမ်းက လှုပ်ရှားနေပြီ …”
ဂလက်ဆီပါ့စ်ဘေးတွင် ရပ်နေသည့် ခရမ်းမျက်ဝန်းက သူ့ကို ခေါ်လိုက်သည်။
ဇီးရိုးဝင်း၏ ပျက်ဆီးမှုက မလွဲမသွေပင်။ တစ်ခုတည်းသော ကြည့်ရှူ့ရန် ထိုက်တန်မှုက စစ်နဂါးတပ်မဟာ၏ ကျွမ်းကျင်သူ မည်မျှများများကို ဘလက်ဖလိမ်း သတ်သလဲဆိုတာသာ ဖြစ်သည်။
လွတ်မြောက်ရန်အတွက်လား။ ဒါက လုံးဝမဖြစ်နိုင်ပေ။ အစည်းအရုံးခေါင်းဆောင်တစ်ဦးအနေဖြင့် ဘလက်ဖလိမ်းက သူ၏ ကိုယ်ပိုင်အစည်းအရုံးဂေဟာကို စွန့်ပစ်ပြီးထွက်ပြေးသွားလျှင် သူက ပျက်ရယ်ပြုစရာသာ ဖြစ်ပေလိမ့်မည်။ တစ်ခုတည်းသော ရွေးချယ်မှုက အဆုံးအထိ ခါးသက်စွာ တိုက်ခိုက်ရန်ဖြစ်သည်။
သူ၏ရန်သူက နောက်ဆုတ်ရန် ဖိအားပေးခံရပြီး ရှင်သန်သည်ဖြစ်စေ၊ အစည်းအရုံးနှင့်အတူ သူ သုတ်သင်ရှင်းလင်းခံရတာမျိုးဖြစ်စေ နှစ်ခုသာဖြစ်သည်။ တတိယမြောက်ဖြစ်နိုင်ချေ မရှိပေ။
ရှီဖုန်းက တုံ့ဆိုင်းမနေဘဲ ကိုက်နှင့်အတူ ဝင်ရောက်လာပြီး ကျွမ်းကျင်သူတပ်ဖွဲ့ဆီ ပြေးဝင်သွား၏။ သူတို့က အဝိုင်းပတ်လမ်းကြောင်းတွင် ပြောက်ကျားစစ်ဆင်နွဲရန် စိတ်အနှောက်အယှက်မဖြစ်ကြပေ။
” ဒီဘလက်ဖလိမ်းက စိတ်လွတ်သွားတာလား …”
ရှီဖုန်း၏ လှုပ်ရှားမှု ပုံသဏ္ဍာန်ကို ဂလက်ဆီပါ့စ်က ကြည့်နေပြီး စိတ်ရှုပ်ထွေးလာ၏။
ရန်သူက အရေအတွက် အသာစီးရနေချိန်တွင် တစ်စုံတစ်ယောက်က သူ၏ရန်သူများကို ရှောင်ကွင်းပြီး အနားတွင်ဝိုင်းပတ်ပြေးနေသည်။ ထိုကဲ့သို့ ပြောက်ကျားဆင်နွဲမှုက တစ်စုံတစ်ယောက်က တိုက်ပွဲဝင်စွမ်းအားသည် ရန်သူထက် သိသိသာသာသာလွန်နေမှသာလျှင် ရလဒ်ထွက်ပေါ်လာမှာ ဖြစ်သည်။ သို့သော် ရှီဖုန်းက ရန်သူအဝိုင်းခံထားရသည့်အခြေအနေ၌ ဦးစွာတိုက်ခိုက်ခဲ့သည်။ သူက သူကိုသူ သက်သေနေခြင်းသာဖြစ်ပေ၏။
” မင်းသေချင်နေတယ်ဆိုမှတော့ ဆန္ဒဖြည့်စီးပေးရတာပေါ့ …”
သွေးနဂါးက ရက်စက်သည့် လှောင်ပြုံးပေါ်လာသည်။ ကျိန်စာမှော်စာလိပ် အသုံးပြုခဲ့စဉ်က သူသည် မဟူရာနတ်ဘုရားသက်ဆင်းခြင်း၏ သက်ရောက်သည့် အကွာအဝေး အပြင်ဘက်တွင် ရှိခဲ့၏။ ထို့ကြောင့် သွေးနဂါးက ရှီဖုန်းနှင့် ကိုက်သုံးဆယ်အကွာ၌ ရောက်သည့်အချိန်တွင် သူက တိုက်ခိုက်ခြင်းကို ချက်ချင်းအသက်သွင်းလိုက်၏။ သူ၏ ဓားကို မြောက်ပြီးနောက် လေးလံစွာပိုင်းဖြတ်ခြင်းကို အသက်သွင်းကာ ရှီဖုန်းဆီ သူ့လက်နက်ကို လွဲရမ်းလိုက်သည်။
ထိုစဉ် မလှမ်းမကမ်းတွင်ရှိသော ဖုန်နဂါးကလည်း တစ်ထပ်ထဲ တိုက်ခိုက်လိုက်သည်။ သူ၏ စကေးကို ပြီးပြည့်စုံစွာ ချိန်ကိုက်ထားပြီး သွေးနဂါးထက် အနည်းလေးနောက်ကျပြီးမှ ရောက်လာကာ သူတို့၏ တိုက်ကွက်နှစ်ကွက်လုံးကို ရှီဖုန်း မပိတ်ဆို့နိုင်အောင် လုပ်လိုက်၏။
နတ်ဘုရားနယ်မြေထဲတွင် လူတစ်ယောက်က အသက်ကြီးပုံပေါ်သော်လည်း ဂိမ်းထဲရှိ သူတို့၏ ခန္ဓာကိုယ်က သန်မာနေဆဲဖြစ်သည်။ ထို့ကြောင့် ဖုန်နဂါး၏ လက်ရှိတိုက်ပွဲဝင်စွမ်အားနှင့် သူ အထွတ်အထိပ်တွင် ရှိစဉ်က တိုက်ပွဲဝင်စွမ်းအားကြား ကွာဟချက် များများစားစား မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ တိုက်ပွဲဝင်အတွေ့အကြုံက သာမန်လူများ၏ တိုက်ပွဲဝင်အတွေ့အကြုံကို ကျော်လွန်ပေသည်။ သူက ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် နေထိုင်လာခဲ့တာ ကြာပြီဖြစ်သည်။ သူက ထိန်းချုပ်မှုတွင် ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိပြီး နည်းစနစ်များအသုံးပြုနိုင်ခဲ့တာ ကြာပြီဖြစ်၏။
” သေချင်နေလား …”
ရှီဖုန်းက သူ့နားချဉ်ကပ်လာသည့် လူနှစ်ယောက်ကို ကြည့်ပြီး မပြုံးပဲ မနေနိုင်တော့ပေ။
ကိုက်သည် သာမန် NPC မဟုတ်။ သူက မဟူရာရွှေအဆင့် သက်တော်စောင့်ဖြစ်ပြီး အဆင့်တူအလွှာတူ ကစားသမားတစ်ဦးကို အလွယ်တကူရိုက်ပစ်နိုင်သည်။
ကိုက်က အလွှာတစ်ဓားသမားဖြစ်စဉ်က သူသည် အဆင့်တူအဆင့်မြင့်အရှင်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ပိုအဆင့်မြင့်သည့်သူများကို ရင်ဆိုင်တိုက်ခိုက်ခြင်းက ကွဲပြားခြားနားသည့် ဇာတ်ကြောင်း ဖြစ်နိုင်သော်လည်း သူ၏ခွန်အားက အလွှာနှစ် ဓားသခင်အဆင့်သို့ ရောက်သောအခါ အဆင့် (၄၀) မဟာအရှင်ကိုတောင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေနိုင်ပြီဖြစ်သည်။
အဆင့် (၄၀) မဟာအရှင်က မည်သို့တိုက်ခိုက်သနည်း။
အဆင့် (၂၀) ၏ နောက်ဆုံးဘော့စ် အယောက်တစ်ရာငရဲခန်းအဖွဲ့လိုက် မြေအောက်စခန်းက အဆင့် (၂၀) မဟာအရှင်တစ်ဦးသာ ရရှိသည်။ သို့သော် ယခုအချိန်ထိ ထိုကဲ့သို့မွန်းစတားကို စိန်ခေါ်ရဲသည့်သူတစ်ယောင်တောင် မရှိပေ။ တိုက်ပွဲကွင်းပြင်အပြင်ဘက်၌ အဆင့် (၄၀) မဟာအရှင်တစ်ဦးက အဆင့် (၄၀) ကစားသမားအယောက်တစ်ထောင်ပါသည့်အဖွဲ့ကို သုတ်သင်ရှင်းလင်းပစ်နိုင်သည်။ အယောက်တစ်ရာအဖွဲ့ဆိုလျှင် ထည့်ပြောရန်တောင် မလိုချေ။
စစ်နဂါးတပ်မဟာတွင် ကစားသမားရာချီ ပါဝင်၏။ ထို့အပြင် မည်သူကမှ အဆင့် (၄၀)နားတောင် မကပ်သေးပေ။ သူတို့က အဆင့် (၄၀) ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာများလည်း မပိုင်ဆိုင်ထား။ ထိုသို့တိုင် သူတို့က တိုက်ခိုက်ရဲသေးသည်။
သူတို့၏ အဆင်အခြင်မဲ့မှုက ရှီဖုန်းကို ဆွံ့အသွားစေ၏။
သူသာ သူတို့ကို အမှန်တကယ်ဖော်ပြရလျှင် အံ့သြဖွယ်ရာ ရဲရင့်သူများဟုသာ ဆိုနိုင်ပေမည်။
သွေးနဂါးနှင့် ဖုန်နဂါးတို့ ရောက်လာသည့်အချိန်၌ ကိုက်က ရှီဖုန်းရှေ့၌ လှုပ်ရှားလိုက်သည်။ ဓားသခင်က သူ၏ဓားကို ကျူးကျော်တိုက်ခိုက်လာသူနှစ်ယောက်ဆီ ဝှေ့ရမ်းလိုက်၏။ ချက်ချင်းပင် လေဓားသွား (၁၂) ခုက သွေးနဂါးနှင့် ဖုန်နဂါးကို အဘက်ဘက်ကနေ ဝင်ရောက်သွား၏။
မျက်တောင်တခပ်အတွင်း ရှေးစစ်သည်တော်နှစ်ယောက်လုံးက မြေပြင်ပေါ်တွင် လှဲနေပြီဖြစ်ကာ သေဆုံးပြီဖြစ်နေတော့၏။