ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 563 အံ့ဖွယ်ရတနာသေတ္တာ
ရှီဖုန်းက အလယ်အဆင့်မန္တာသံချပ်ကာကိရိယာများကို သွန်းလုပ်ပြီးနောက် သူက သူတာဝန်ပြီးမြောက်ရန်အတွက် ကြယ်ကြွေကုန်သွယ်ရေးခန်းမသို့ သွားဖို့ ပြင်ဆင်လိုက်ရာ လွမ်းဆွေးခြင်းအပြုံးက အခန်းထဲသို့ ကမန်းကတမ်း ရုတ်တရက်ဝင်လာတော့သည်။
” ဘာကြောင့် အလျင်လိုနေတာလဲ …။ ကိစ္စကြီးဖြစ်လို့လား …”
ရှီဖုန်းက မမေးပဲ မနေနိုင်တော့ပေ။
” နဂါးဖီးနစ်ပွဲကြည့်စင်က လူတွေ ဒီရောက်နေတယ် …”
လွမ်းဆွေးခြင်းအပြုံးက ကမန်းကတမ်းပြောလိုက်၏။
” သူတို့က ရှင်နဲ့တွေ့မှ ဖြစ်မယ်လို့ ပြောနေတယ် …။ ဒါ့အပြင် သူတို့က အိုင်တမ်တစ်ခုကို ကိုယ်တိုင်လွဲပေးဖို့ ဆန္ဒရှိနေတယ် …။ ဒီအိုင်တမ်က ရှင့်ကို အကူအညီကြီး ပေးနိုင်တယ်လို့ဆိုတယ် …။ ရှင် မကြည့်ရင် နောင်တရလိမ့်မယ်တဲ့ …”
” ဟမ် …။ နောင်တရမှာလား …”
ရှီဖုန်းက ရယ်မောလိုက်သည်။
” ဒီနဂါးဖီးနစ်ပွဲကြည့်စင်က အမှန်တကယ် စိတ်ဝင်စားစရာပဲ …။ ငါက သူတို့ကို အနိုင်ယူလိုက်ခါစကို သူတို့က လက်ဆောင်တွေတောင် ပို့ပေးနေပြီလား …။ သူတို့ ဘာသယ်လာလဲဆိုတာ သွားကြည့်ကြသေးတာပေါ့ …”
နဂါးဖီးနစ်ပွဲကြည့်စင်က စူပါပထမတန်းအစည်းအရုံးဖြစ်သည်။ ၄င်းက ဇီးရိုးဝင်းနှင့်စစ်ပွဲအတွင်း ဆုံးရှုံးမှုကြီး ခံစားခဲ့ရသော်လည်း အစည်းအရုံး၏နောက်ခံဖြင့် သူတို့က ဆုံးရှုံးမှုအများစုကို ပြန်လည်ဖာထေးနိုင်ခဲ့လောက်ပြီဖြစ်သည်။ ဇီးရိုးဝင်းနှင့် နောက်ထပ်စစ်ပွဲ ဖြစ်နိုင်ချေကမူ မဖြစ်နိုင်ပေ။ ထို့ကြောင့် ပွဲကြည့်စင်မှတစ်စုံတစ်ယောက်က သူ့ကိုလာရှာခြင်းအချက်က စိတ်ရှုပ်ထွေးသွားစေ၏။ ပွဲကြည့်စင် ဘာလုပ်နေမှန်း သူ မသိပေ။
ဧည့်ကြိုခန်းမထဲသို့ ဝင်လာပြီးနောက် ယခုအခေါက်တွင် ပွဲကြည့်စင်က သူနှင့်တွေ့ရန်အတွက် လူတစ်ယောက်သာလွတ်လိုက်တာကို သတိပြုမိလိုက်သည်။ သို့သော် ထိုလူကို မြင်သွားသည်နှင့် သူက ချက်ချင်းထိတ်လန့်သွား၏။ သူမ အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။
ရှီဖုန်းက သူ့နား တဖြေးဖြေးခြင်းချဉ်ကပ်လာသည့် မိန်းကလေးကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ယခင်ဘဝ၌ ကြုံတွေ့ခဲ့ရသည့် စစ်ပွဲပေါင်းများစွာ၏ မြင်ကွင်းက ပြန်ပေါ်လာသည်။ ထိုအမျိုးသမီးက ထိုဒဏ္ဍာရီလာစစ်ပွဲများ ဖြစ်ရခြင်း၏ဇာတ်လိုက် ဖီးနစ်မိုးပင်ဖြစ်သည်။
နဂါးဖီးနစ်ပွဲကြည့်စင်က ပွဲကြည့်စင်နှစ်ခုခွဲထားပြီး တစ်ခုက ကောင်းကင်ဘုံနဂါးပွဲကြည့်စင်ဖြစ်ကာ နောင်တစ်ခုက ဖီးနစ်ပွဲကြည့်စင်ဖြစ်သည်။ သူတို့နှစ်ခုထဲတွင် နဂါးကိုးကောင်ဧကရာဇ်က ကောင်းကင်ဘုံနဂါးပွဲကြည့်စင်ကို ထိန်းချုပ်ထားပြီး ဖီးနစ်မိုးကတော့ ဖီးနစ်ပွဲကြည့်စင်ကို ထိန်းချုပ်ထား၏။
နဂါးကိုးကောင်ဧကရာဇ်က အတော်လေးငယ်ရွယ်ပုံပေါ်သော်လည်း သူ့အသက်အရွယ်အရ ထိုခေတ်၏နည်းပညာနှင့် လုပ်ဆောင်ချက်များကို ထိန်းသိမ်းထားနိုင်စွမ်းရှိရုံမျှသာပင်။ အမှန်တကယ်တွင် နဂါးကိုးကောင်းဧကရာဇ်၏ အသက်အမှန်က (၃၅) နှစ်ကျော်ခဲ့ပြီဖြစ်၏။ ထို့သို့တိုင် နဂါးကိုးကောင်ဧကရာဇ်က သူသည် အသက် (၃၅) နှစ်တွင် စူပါပထမတန်းအစည်းအရုံး၏ ပွဲကြည့်စင်သခင်ဖြစ်လာခြင်းက သူ၏ ထူးချွန်ထက်မြတ်သောပါရမီကို ပြသရာရောက်ပေသည်။
သို့သော် ဖီးနစ်မိုးက ပိုတောင်အံ့သြဖွယ်ကောင်းသေးသည်။ သူမက အသက် (၂၀) ဝန်းကျင်သာရှိသေးသော်လည်း ဖီးနစ်ပွဲကြည့်စင်၏ ပွဲကြည့်စင်သခင်ဖြစ်နေပြီဖြစ်သည်။ အတိတ်ဘဝတုန်းက ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် သူမ၏ဂုဏ်သတင်းက ဒဏ္ဍာရီသဖွယ်ဖြစ်ခဲ့၏။ ရလဒ်အနေဖြင့် ဖီးနစ်မိုးက ဖီးနစ်ပွဲကြည့်စင်ကို အုပ်စိုးသည့်အချိန်တွင် ပွဲကြည့်စင်၏ ရွှေရောင်ခေတ်ဖြစ်လာခဲ့သည်။ ထိုအချိန်ကာလအတွင်း နဂါးဖီးနစ်ပွဲကြည့်စင်က လျင်မြန်စွာသန်မာလာခဲ့၏။
လက်ရှိတွင် နဂါးဖီးနစ်ပွဲကြည်စင်သည် စူပါအစည်းအရုံးတစ်ခုဖြစ်လာရန် နီးစပ်ဆုံးဖြစ်နေရသည့် အကြောင်းအရင်းက ဖီးနစ်မိုးဖြစ်သည်ဟု လူတိုင်းက သတ်မှတ်ထားကြသည်။
နဂါးဖီးနစ်ပွဲကြည့်စင်၏ ဆန်းကျယ်သောမဟာပွဲကြည့်စင်သခင်တောင် ဖီးနစ်မိုးကို သူ့အရိုက်အရာဆက်ခံရန် ခွင့်ပြုထားပြီး မဟာပွဲကြည့်စင်သခင်ဖြစ်လာစေရန် ခွင့်ပြုထား၏။
လက်ရှိတွင် ဖီးနစ်မိုးက တောက်ပနေသည့်အနီရောင် မှော်ဝတ်ရုံကို ဝတ်ဆင်ထားကာ ဝတ်ရုံက သူမ၏ နှစ်လိုဖွယ်ခန္ဓာကိုယ်ကို ပေါ်နေစေသည်။ သူမ၏ အပြုအမူတိုင်းက လေကိုသယ်ဆောင်လာသည့်အလား ကျန်သည့်သူများကို စေတနာပေါ်ပေါက်လာစေသည်။
” ဟယ်လို …။ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ ဒီအမျိုးသမီးလေးကတော့ နဂါးဖီးနစ်ပွဲကြည့်စင်ရဲ့ ဖီးနစ်ပွဲကြည့်စင်သခင် ဖီးနစ်မိုးလို့ သိကြပါတယ် …”
ဖီးနစ်မိုးက ရှီဖုန်းကို တောက်ပနေသည့်အပြုံး ပြုံးပြလိုက်သည်။ ထိုအပြုံးတစ်ခုထဲက ရှီဖုန်းဘေးတွင်ရပ်နေသည့် လွမ်းဆွေးခြင်းအပြုံးကို ဖမ်းစားသွားနိုင်သည်။ ရှီဖုန်းကိုယ်တိုင်တောင် ဖီးနစ်မိုးကို မြင်တွေ့ချိန်၌ အစောပိုင်းအံ့သြနေသည့်အပြင် သူက ထိုအမျိုးသမီး၏ ညို့ယူဖမ်းစားနိုင်သည့်အပြုံးကို အနည်းငယ်လေးတောင် မတုံ့ပြန်နိုင်ဖြစ်သွားခဲ့သည်။
ရှီဖုန်း၏ အပြုအမူကိုမြင်သောအခါ ဖီးနစ်မိုး၏အပြုံးက ပ်ိုတောင်မြူးကြွလာပြီး ပြောလိုက်သည်။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း …။ ကျွန်မတို့ ထိုင်ပြီး စကားပြောသင့်တယ်မလား …”
ရှီဖုန်းက ခေါင်းညိတ်လိုက်၏။ သူ၏စိတ်ကလည်း တည်ငြိမ်နေသည်။ သူသည် မရောက်ရှိလာသည့် တည်ရှိမှုအလား ဖီးနစ်မိုးကို မဆက်ဆံပေ။
ရှီဖုန်း၏ ကြောင်အနေသည့်တုံ့ပြန်မှုက သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် မဟုတ်။ သူ၏စိတ်သည် သာမန်နှင့် ဝေးကွာနေသည်။ ၄င်းက အပြုံးတစ်ပွင့်မျှသာဖြစ်၏။ သူ့ကို ရှက်ရွံ့သွားစေရန် သို့မဟုတ် နှလုံးမြန်သွားစေရန်အထိ မလုံလောက်ပေ။
” ဖီးနစ်ပွဲကြည့်စင်သခင် …။ ကျုပ်အတွက် လက်ဆောင်တစ်ခုယူလာတယ် …။ ကျုပ်မကြည့်မိရင် နောင်တရမယ်လို့ ခင်ဗျားပြောခဲ့တယ် …။ ဖီးနစ်ပွဲကြည့်စင်သခင်က ကျုပ်ကို ဘယ်အိုင်တမ်မျိုး ပေးသလဲဆိုတာ သိခွင့်ရမလား …”
ရှီဖုန်းက တည်ငြိမ်စွာပြုံးလိုက်သည်။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက တကယ်စိတ်မရှည်တာပဲ …။ ကျွန်မတို့က တွေ့ခါစလေ …။ ဒါတောင် ရှင်က ပွင့်ပွင့်လင်းလင်းပြောနေတယ် …။ ဘယ်ကစပြောရမလဲဆိုတာတောင် ကျွန်မ မသိတော့ဘူး …”
ဖီးနစ်မိုးက အတွန့်တက်ပြီး ရှီဖုန်းကို ဝမ်းနည်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက သက်ပြင်းချကာ ပြောလိုက်သည်။
” ဒါပေမယ့် ရှင်က မေးနေပြီဆိုမှတော့ ငြင်းဖို့မသင့်တော်ဘူး …”
ပြီးနောက် ဖီးနစ်မိုးက ခရမ်းရောင်အလင်းတန်းတောက်ပနေသည့် ရတနာသေတ္တာတစ်လုံးကို ထုတ်ယူပြီး စားပွဲပေါ်၌ ဂရုတစိုက်တင်လိုက်သည်။
” ကြည့်ပါ …”
ဖီးနစ်မိုးက ထိုသို့ပြောလိုက်သည်နှင့် ရှီဖုန်းဘေးတွင် ထိုင်နေသည့် လွမ်းဆွေးခြင်းအပြုံးက မှင်သက်သွားမိသည်။
” ဒါက အံ့ဖွယ်ရတနာသေတ္တာတစ်လုံးပဲ …”
လွမ်းဆွေးခြင်းအပြုံးက သူမ၏မျက်လုံးတောင် သူမမယုံရဲတော့ပေ။ နတ်ဘုရားနယ်မြေထဲတွင် ရတနာသေတ္တာမျိုးစုံ ရှိသည်။ သို့သော် အများစုက သာမန်ရတနာသေတ္တာများ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်က ကံကောင်းလျှင် ကြေးနီရတနာသေတ္တာကို ရနိုင်ပြီး ဆန်းကျယ်သံမဏိရတနာသေတ္တာတစ်လုံး ရခဲ့ပါက သူတို့ကို ကြွယ်ဝချမ်းသာသွားအောင် လုပ်ပေးနိုင်သည်။
တစ်စုံတစ်ယောက်သည် လျှို့ဝှက်ငွေရတနာသေတ္တာတစ်လုံးကို တွေ့လျှင် သူတို့သည် လူအများ၏အားကျမှုကို ခံရမှာဖြစ်သည်။ ရွှေစင်နှင့် မဟူရာရွှေရတနာသေတ္တာအတွက်မူ လွမ်းဆွေးခြင်းအပြုံးက မြင်တောင်မမြင်ခဲ့ဖူးသေးပေ။ ယခုအချိန်တွင် အံ့ဖွယ်ရတနာသေတ္တာတစ်လုံးက ဒဏ္ဍာရီသဖွယ်ဖြစ်၏။
ရတနာသေတ္တာ၏ ပတ်ဝန်းကျင်တွင် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေပြီး ထိုဖြာထွက်မှု အာနိသင်က အံ့ဖွယ်အဆင့်အိုင်တမ်ဆိုတာ ပြသနေ၏။ ထို့ကြောင့် လွမ်းဆွေးခြင်းအပြုံးသည် ၄င်းကို ချက်ချင်းမှတ်မိသွားသည်။
” ဟုတ်တယ် …။ ဒါက အံ့ဖွယ်ရတနာသေတ္တာတစ်လုံးပဲ …”
ဖီးနစ်မိုးက ပြောပြီးနောက် ညို့ငင်သည့်အပြုံးဖြင့် ပြောင်းလဲသွားကာ အလျင်မလိုပဲ ပြောလိုက်သည်။
” ကျွန်မတို့ နဂါးဖီးနစ်ပွဲကြည့်စင်က ထိုအိုင်တမ်ကို မတော်တဆရခဲ့တယ် …။ ဒီရတနာကိုရဖို့အတွက် အသက်သောင်းချီစတေးခဲ့ရတယ် …။ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက ထိုလက်ဆောင်ကို စိတ်ကျေနပ်ရဲ့လားလို့ သိချင်မိတယ် …”
” ဖီးနစ်ပွဲကြည့်စင်သခင်က စောင့်စားရတာနစ်ခြိုက်တဲ့ပုံပဲ …။ နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ အံ့ဖွယ်ရတနာသေတ္တာကို ဓာတ်မကျတဲ့သူ မရှိဘူးဆိုတာ သေချာတယ် …။ ကျုပ်လည်း ချွင်းချက်မဟုတ်ဘူးပေါ့ …”
ရှီဖုန်းသည် အလုံးစုံးသိမြင်မျက်လုံးကို အသုံးပြုပြီး ရတနာသေတ္တာကို အကဲဖြတ်ခဲ့ပြီဖြစ်သည်။ အတုဟူသည့် လက္ခာဏာမရှိပေ။ သူ့ရှေ့ရှိ ရတနာသေတ္တာက အံ့ဖွယ်ရတနာသေတ္တာအစစ်ဖြစ်ပေသည်။ ရှီဖုန်းသည် ကံကောင်းပြီး မဟူရာရွှေရတနာသေတ္တာများကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးသည်။ အံ့ဖွယ်ရတနာသေတ္တာအတွက်မူ ရှီဖုန်း ယခုဘဝတွင်ရော အတိတ်ဘဝတွင်ပါ ပထမဆုံးအကြိမ် တွေ့ရတာဖြစ်သည်။
အတိတ်တုန်းက အံ့ဖွယ်ရတနာသေတ္တာ၏ သတင်းအကြောင်း ရှီဖုန်း တစ်ခါမှ မကြားမိခဲ့ပေ။ မှန်ကန်ပေ၏။ သူသည် အံ့ဖွယ်ရတနာသေတ္တာနှင့် ပတ်သက်သည့် သတင်းအချက်အလက်အနည်းငယ်လေးတောင် မရခဲ့ပေ။ နတ်ဘုရားနယ်မြေထဲတွင် အံ့ဖွယ်ရတနာသေတ္တာ ရှိနေသလားဟုတောင် သံသယဖြစ်ခဲ့မိ၏။
ယခုမူ ဖီးနစ်မိုးက သူ့အတွက် လက်ဆောက်အဖြစ် အံ့ဖွယ်ရတနာသေတ္တာတစ်လုံးကို သယ်လာသောကြောင့် သူအိပ်မက်မက်သလားဟုတောင် သိချင်သွားသည်။
မဟူရာရွှေရတနာသေတ္တာက အံ့ဖွယ်အိုင်တမ်ပါဝင်ရန် အခွင့်အရေးရှိသည်။ ဒါဆို အံ့ဖွယ်ရတနာသေတ္တာကရော။
ရှီဖုန်းက တွေးတောင်မတွေးရဲပေ။ အနည်းဆုံးတော့ အံ့ဖွယ်အိုင်တမ်တစ်ခု ကျလာမှာပင်။ ပြီးပြည့်စုံသည့် ဒဏ္ဍာရီလာအိုင်တမ်တစ်ခုပါဝင်ရန် အခွင့်အရေးသေးသေးလေးတောင် ရှိနေသေး၏။
ဒဏ္ဍာရီလာအိုင်တမ် …
သူတို့က နတ်ဘုရားနယ်ထဲတွင် အကန့်အသက်ရှိသည်။ အတိတ်တုန်းက ဒဏ္ဍာရီလာအိုင်တမ်ကို ပိုင်ဆိုင်ကြသည့် ကစားသမားတိုင်းက ဂိမ်း၏ထိပ်သီးတွင် ရပ်တည်ကြသည့် တည်ရှိမှုမျိုးဖြစ်သည်။
ဒဏ္ဍာရီလာအပိုင်းအစအဆင့် ကောင်းကင်ဘုံနဂါးဝင်သက်ငွေ့ ပိုင်ဆိုင်ခြင်းမျှဖြင့် ရှီးဖုန်းသည် ပင်ကိုယ်အရည်အချင်းအရာတွင် ပြိုင်ဘက်မရှိ အသာစီးရလာခဲ့သည်။ သိုင်းနဂါးကဲ့သို့ ဖြုန်လောက်သည့်တည်ရှိမှုမျိုးတောင် သူနှင့် တိုက်ခိုက်ရာတွင် နောက်ဆုတ်ရန်ဖိအားပေးခံရသည်။ ထို့အပြင် သူသည် တိုက်ပွဲအတွင်းမည်သည့် စကေးကိုမှ အသုံးမပြုနိုင်ခဲ့ပေ။ သူ၏ စကေးသာ ချိတ်ပိတ်မခံထားရလျှင် သူသည် နဂါး၏စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့ပါက သိုင်းနဂါး၏ တောက်ပနေသည့်အလင်းရောင်များကို သေချာပေါက်ရိုက်ချနိုင်မှာဖြစ်သည်။
တစ်ဖက်တွင်မူ သိုင်းနဂါးက ဒဏ္ဍာရီလာအိုင်တမ်တစ်ခုကို ပိုင်ဆိုင်ထားပြီး ဇီးရိုးဝင်းက ထိုစစ်ပွဲထဲတွင် သေချာပေါက် သေသွားမှာဖြစ်သည်။
” ရှင်ရဲ့ အာရုံစိုက်မှုကို ရတာကြောင့် ကျွန်တော်ဝမ်းသာပါတယ် …။ အစကတော့ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက ဒါကို စိတ်မကျေနပ်မှာ ကြိုစိုးရိမ်ခဲ့မိတာ …”
ဖီးနစ်မိုးက စိတ်သက်သာရာရသည့်ပုံပြပြီး သူမက ဒဏ္ဍာရီတစ်ပါးနှင့် မတူပေ။
” ဖီးနစ်ပွဲကြည့်စင်သခင် …။ ခင်ဗျားလိုချင်တာသာ ပြောပါ …။ အကြောင်းပြချက်ကောင်း မရှိဘဲနဲ့ အံ့ဖွယ်ရတနာသေတ္တာတစ်လုံး လက်ဆောင်လာပေးတာကို မယုံနိုင်ဘူး …”
ရှီဖုန်းက တည်ငြိမ်အောင်လုပ်ပြီးနောက် မေးလိုက်သည်။
” ဟား … ဟား … ဟား … အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက တကယ်ဥာဏ်ကောင်းတာပဲ …။ ကမ္ဘာပေါ်မှာ အလကားရတဲ့ နေ့လယ်စာ မရှိဘူးလေ …။ ကျွန်မက အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းရဲ့ အကူအညီကို လိုနေတာပါ …။ ရှင် စိတ်မကျေမနပ် ဖြစ်စေမယ့်အရာကို မတောင်းဆိုဘူး …။ ဒါ့အပြင် ဒီကိစ္စက ထိခိုက်နစ်နာမှုမရှိဘဲ အကျိုးအမြတ်ရဖို့ပဲရှိမယ် …”
ဖီးနစ်မိုးက ရယ်မောပြီး ပြောလိုက်၏။
” ဒါပေမယ့် ရှင့်ကို မပြောရသေးခင် စာချုပ်မှာ လက်မှတ်ထိုးဖို့ တောင်းဆိုချင်တယ် …။ မဟုတ်ရင် ကျွန်မတို့ ပူပေါင်းဖို့အတွက် မေ့လိုက်တော့ …။ ဒီအံ့ဖွယ်ရတနာသေတ္တာအတွက်ကတော့ နှမျောစရာကောင်းမှာပေါ့လေ …”
ရှီဖုန်းက တိတ်ဆိတ်သွားသည်။ ဖီးနစ်မိုး ဘာလုပ်ရန် ကြိုးစားနေမှန်း သူ နားမလည်နိုင်ပေ။