ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 581 အံ့ဖွယ်လက်နက်
ရှီဖုန်း၏ လက်ချောက်များက စနစ်၏ ပြတင်းပေါက်ကို ထိသွားမိချိန် အနက်ရောင် အသူရာဓားသွားက နဂါးဟိန်းသံထုတ်လွင့်လာ၏။ ဟိန်းသံက ရှီဖုန်း၏ရှေ့၌ အစစ်အမှန်နဂါးတစ်ကောင် ရပ်နေသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းသံဖြင့် လေထဲရှိ ငှက်များတောင် ထိတ်လန့်သွားပြီး ကောင်းကင်ပေါ်မှ တစ်ယောက်ပြီးတစ်ကောင် ပြုတ်ကျလာတော့သည်။ နဂါးဟိန်းသံပေါ်ထွက်ပြီးနောက် အသူရာဓားသွားက ရှီဖုန်း၏ လက်ထဲမှ လွတ်မြောက်အောင် ရုန်းကန်ပြီးနောက် ကောင်းကင်ထဲသို့ ပျံတက်သွား၏။
မျက်တောက်တစ်ခက်အတွင်း နတ်မှောင်နေသော အသူရာဓားသွားက စတေးခံလက်နက် ဆယ့်နှစ်မျိုးကို ဝါးမျိုပြီးနောက် တိမ်မြူတစ်စအဖြစ် ပြောင်းလဲသွားသည်။ လက်နက်များကို စားသုံးသည်နှင့်အညီ ရှီဖုန်းက မြူနက်ထဲမှ ထွက်ပေါ်လာသည့် နှလုံးခုန်သံကို ကြားနေရ၏။ ၄င်းက ရှေးသတ္တဝါတစ်ဦး နိုးထလာသည့်အတိုင်းပင်။ ကြောက်မက်ဖွယ်ကောင်းသည့်ရောင်ဝါက ရှီဖုန်းနှင့် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး အနားပတ်ဝန်းကျင်ရှိ စိမ်းလန်းမှုများက ညိုးခြောက်ကုန်၏။
” ပြီးခဲ့တဲ့တစ်ခေါက် ဆင့်ကဲပြောင်းလဲမှုနဲ့ ကြီးမားတဲ့စွမ်းအားကွာခြားချက် ဘာကြောင့် ရှိနေရတာလဲ …”
ရှီဖုန်းက လေထဲတွင် မျောလွင့်နေသည့် အနက်ရောင်မြူငွေ့များကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
” ဒါက တုံ့ပြန်မှုအစလား …”
ရှီဖုန်းသည် မှော်လက်နက်တစ်ဦး၏ တုံ့ပြန်မှုအကြောင်း ယခင်က မြင်လည်းမမြင်ဖူး ကြားလည်းမကြားဖူးပေ။
အတိတ်တုန်းက မှော်လက်နက်ကို ရရှိခဲ့သည့် ကစားသမားများသည် တုံ့ပြန်မှုနှင့် ပတ်သတ်သည့် မည်သည့်အချက်အလက်များမှ မရခဲ့ပေ။ သူတို့က မှော်လက်နက်နှင့် ဝေးနိုင်သမျှဝေးရန်သာ အကြံပေးခဲ့သည်။
အသူရာဓားသွားမှ ဖိအားထုတ်လွင့်မှုသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ရှီဖုန်းသည် မှော်လက်နက်ကို အဆင့် (၂၅) အထိ မြင့်တင်ခဲ့စဉ်က သူသည် ဓားရောင်ဝါအောက်တွင် အလွယ်တကူ လှုပ်ရှားနိုင်သေးသည်။ သို့သော် ယခုမူ လှုပ်ရှားမှုတစ်ခုလေးကတောင် ခက်ခဲနေ၏။ သူက ဖြစ်ပျက်သမျှအားလုံးကို တိတ်တဆိတ် ရပ်ကြည့်ရုံသာ တတ်နိုင်သည်။
ခဏအကြာတွင် နှလုံးခုန်နှုန်းများက တိုးလာ၏။ ကောင်းကင်ထဲရှိ မြူနက်ကလည်း အနက်ရောင်နှလုံးပုံသဏ္ဍာန်ပေါ်လာ၏။ ထိုစဉ် ထိုအနက်ရောင်နှလုံးက အမြူတေဖြစ်သည်နှင့် အနက်ရောင်နဂါး၏ ပုံရိပ်ယောင်က ပေါ်လာတော့သည်။
အနက်ရောင်နဂါးက ရှီဖုန်းကို တိတ်ဆိတ်စွာ ငုတ်ကြည့်နေပြီးနောက် ၄င်း၏ သွေးကဲ့သို့ မျက်လုံးထဲတွင် လူကဲ့သို့ စနောက်သည့် အမူအရာမျိုး ရှိနေသည်။ တစ်စက္ကန့်တွင် ပုံရိပ်ယောင်က ဘာမှမရှိတော့တဲ့အထိ ပျောက်ကွယ်သွားကာ နောက်တစ်ခေါက်တွင် ရှီဖုန်း၏ ခြေရင်း၌ ငွေရောင်ဓားအဖြစ် အသွင်ပြောင်းသွားတော့၏။
အနက်ရောင်နဂါး၏ပုံရိပ်သည် ဆင့်ကဲဖြစ်စဉ် ပြောင်းလဲမှုတိုင်း၌ ပိုပိုပြီး အစစ်အမှန် ဆန်လာခဲ့၏။ ၄င်းက ထုတ်လွင့်သည့် ဖိအားတောင် ပိုသန်မာလာသည်။ ကစားသမားများစွာက မှော်လက်နက်များကို ရရှိထားသည့်တိုင် အသုံးမပြုရဲတာ အံ့သြစရာမရှိပေ။ ရှီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီးနောက် မြေပြင်ပေါ်၌ ထိုးစိုက်နေသည့် အသူရာဓားသွားကို ကြည့်လိုက်သည်။
မည်သည့်အချိန် မည်သည့်နေရာတွင် တုံ့ပြန်မှု ပေါ်လာမှန်း မည်သူမှ မသိချေ။
အသူရာဓားသွားက ဆက်လက်အားဖြည့်နေပြီး မှော်လက်နက်၏ တုံ့ပြန်မှုစွမ်းအားကို တိုးမြင့်ပေးတာနဲ့ ညီမျှသည်။ လက်ရှိ အသူရာဓားသွားက သူကို ကြောက်လန့်သည်ဟုသော ခံစားချက်မျိုးပေးစွမ်း၏။ သူသာ အသူရာဓားသွားကို ဆက်လက်အဆင့်မြင့်တင်ပါက တန်ပြန်မှုကို မနိုင်နင်းပဲ ဖြစ်နေလိမ့်မည်။ သူတို့က ပိုကြီးလေလေ ကျရှုံးနိုင်ရန် ပိုခက်ခဲလေဟု ဆိုပေ၏။
” ထားလိုက်တော့ …။ လာရတဲ့အရာက လာမှာပဲ …”
ရှီဖုန်းက ခေါင်းခါပြီးနောက် သူ၏ ခေါင်းထဲရှိ မကောင်းသည့်အတွေးများကို ဖယ်ရှားလိုက်သည်။ ပြီးနောက် အသူရာဓားသွားကို ဆွဲနုတ်ကာ ၄င်း၏ အရည်အချင်းများကို ကြည့်လိုက်သည်။
အသူရာဓားသွား တစ်လက်ကိုင် အသွားတစ်ဖက်ဓား မှော်လက်နက်
တိုက်ခိုက်ရေးစွမ်းအား = +၆၃၃
အရည်အချင်အား = +၄၂
တိုက်ခိုက်ရေးအရှိန် = +၁၅
လျစ်လျူရှူ့သည့်အဆင့် = +၁၅
တိုက်ခိုက်သူတွင် (၂၀၀) ရာခိုင်နှုန်း ထိခိုက်မှုကိုဖြစ်စေရန် (၅၀) ရာခိုင်နှုန်းအခွင့်အရေးရှိသည်။ (၃၀၀) ရာခိုင်နှုန်းထိခိုက်မှုဖြစ်စေရန် (၂၅) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ တိုက်ကွက်တိုင်းက တိုက်ခိုက်မှုအရှိန်ကို (၂) ရာခိုင်နှုန်းဆီ တိုးပေးပြီး အမြင့်ဆုံးက (၂၀) ရာခိုင်နှုန်းဖြစ်၏။ အသုံးပြုသူသည် မည်သည့်ဓားအမျိုးအစားနှင့် သက်ဆိုင်သည့်စကေးဖြစ်နေလျှင် စကေးအဆင့်အားလုံး (+၃)။
လွတ်လပ်သည့် စွမ်းရည်အမှတ်များ အဆင့်တိုးမြင့်မှုတိုင်း၌ နှစ်မှတ်ဆီ တိုးမည်။
ချပ်ဝတ်တန်ဆာအဆင့် = ၃၀
အဆင့်မြင့်တင်နိုင် = အဆင့် (၃၅) ရွှေစင်လက်နက်အခု နှစ်ဆယ်နှင့် အဆင့် (၃၅) မဟူရာရွှေလက်နက် သုံးမျိုးကို ဝါးမျိုပြီး အဆင့် (၃၅) သို့တက်နိုင်။
ဆင့်ကဲပြောင်းလဲနိုင် = အမည်မသိ
ထပ်တိုးစကေး = ၁
ပုံရိပ်ယောင်သတ်ဖြတ်ခြင်း = ကိုယ်ခွဲကို ချက်ချင်းဖန်တီးနိုင်သည်။ ထိုကိုယ်ခွဲကို ထိန်းချုပ်နိုင်၏။ ကိုယ်ခွဲက မူလခန္ဓာ၏ အရည်အချင်းနှင့် စကေးများအားလုံး၏ (၇၀) ရာခိုင်နှုန်းရှိမည်။ တစ်ချိန်ထဲတွင် ကိုယ်ခွဲနှင့် မူလခန္ဓာကိုယ်က နေရာချင်းလဲနိုင်သည်။
ကြာချိန် = တစ်မိနစ်
ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန် = ငါးမိနစ်
ထပ်တိုးစကေးနှင့် အသူရာနှောင်ကြိုး = ရန်သူများကို ချီနှောင်ပြီး မလှုပ်ရှားနိုင်အောင် ဟန့်တားထားကာ ခုခံမှုကို (၁၀၀) ရာခိုင်နှုန်း လျော့ချပေးသည်။
ကြာချိန် = လေးစက္ကန့်
ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန် = တစ်မီနစ်
ထိပ်တိုးစကေးသုံး
နဂါးကိုးကောင် ပိုင်းဖြတ်ခြင်း = အသုံးပြုသူအတွက် အသူရာဓားသွား၏ ပုံရိပ်ယောင်ဆယ့်နှစ်ခုကို ချက်ချင်းဖန်တီးပေး၏။ ဓားပုံရိပ်ယောင်တစ်ခုချင်းဆီက (၅၀) ရာခိုင်နှုန်း ထိခိုက်စေနိုင်သည်။
ကြာချိန် = စက္ကန့်သုံးဆယ်
ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန် = ငါးမိနစ်
ထပ်တိုးစကေးလေး
အသူရာကျိန်စာ = ကိုက်သုံးဆယ်အတွင်းရှိ ပစ်မှတ်အားလုံးကို လှုပ်ရှားမှု သို့မဟုတ် တိုက်ခိုက်မှု ငါးစက္ကန့်တာ တားမြစ်နိုင်ပြီး သူတို့၏ အရည်အချင်းများကို ဆယ်မိနစ်တာ (၂၀) ရာခိုင်နှုန်း လျော့ကျနိုင်၏။
ပြန်လည်အသုံးပြုနိုင်ချိန် = မိနစ်လေးဆယ်
ထပ်တိုးနက်နဲသောအမွေအနှစ်၊ အနက်ရောင်ဧကရာဇ် = ၄င်းကို အသက်သွင်းသောအခါ သေစေနိုင်သည့် ထိခိုက်မှုအားလုံးက သေခြင်းတရားရောင်ဝါ၏ ထိုးနှက်မှုထဲ စုဆောင်းမိမှာဖြစ်သည်။ သေခြင်းတရားရောင်ဝါ၏ ထိုးနှက်မှုတစ်ခုချင်းဆီကို အသုံးပြုသူ၏ အရည်အချင်းများအားလုံး တိုးတက်ရန်အတွက် (၂) ရာခိုင်နှုန်း အသုံးပြုနိုင်ပြီး တိုက်ခိုက်ရေးအရှိန်၊ လှုပ်ရှားမှုအရှိန်ကို ဆယ်စက္ကန့်တာ တစ်ရာခိုင်နှုန်း တိုးစေနိုင်၏။ သို့မဟုတ် ပြန်လည်အသုံးပြုနိုင်ချိန်ကို သုံးစက္ကန့်တာ လျော့ချနိုင်၏။ သေခြင်းတရားရောင်ဝါက အချက်သုံးဆယ်သာ အမြင့်ဆုံး အသုံးပြုနိုင်သည်။
ကြာချိန် = ဆယ်မိနစ်
ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန် = ၁၅ နာရီ
အသူရာဓားသွားကို ဆရာစမစ်အိုလက်စီက အနက်ရောင်နဂါးဘုရင်၏ လက်သည်းများကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ဖန်တီးခဲ့တာ ဖြစ်သည်။ ဓားသုံးဆယ့်ခြောက်လက်ထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အဆင့် (၃၁) တွင် ရှိ၏။ သို့သော် ထိုဓားက အနက်ရောင်နဂါးဘုရင်၏ ကျိန်စာတိုက်ခံထားရတာဖြစ်သည်။ အသုံးပြုသူသည် ခွန်အားတက်သည့်အပြင် တုံ့ပြန်မှုကလည်း အချိန်တိုင်း ပေါ်လာ၏။
သို့သော် ဂျက်က ကြယ်သလင်းကို အသုံးပြုပြီး ပြန်ပြင်ပြီးနောက် တုံ့ပြန်သည့်အရှိန်က သိသိသာသာလျော့ကျသွား၏။ အသုံးပြုသူက တုံ့ပြန်မှုကို မဖိနှိပ်နိုင်ခဲ့ပါက အသုံးပြုသူသည် အနက်ရောင်နဂါးဘုရင်၏ ကျိန်စာကို လက်ခံရရှိမှာဖြစ်သည်။ သူ၏ အရည်အချင်းများအားလုံး ထာဝရ (၅၀) ရာခိုင်နှုန်း လျော့ချခံရပေမည်။
အိုင်တမ်မကျနိုင်၊ အိုင်တမ်ကို လှဲလှယ်၍ မရ။
” မြင့်မားလိုက်တဲ့ တိုက်ခိုက်မှုပဲ …။ ဒါက အဆင့် (၃၀) အံ့ဖွယ်အဆင့် အသွားနှစ်လက်ဓားတိုက်ခိုက်မှုနဲ့ ညီမျှတယ်မလား …”
ရှီဖုန်းက တအံ့တသြ ထုတ်ဖော်ပြောလိုက်၏။
အသူရာဓားသွားသည် အဆင့် (၂၅) တွင် ရှိစဉ်က ၄င်း၏ တိုက်ခိုက်ရေးစွမ်းအားသည် လေးရာကျော်သာ ရှိခဲ့သည်။ ယခု မှော်လက်နက်ကို အဆင့် (၃၀) ထိ မြင့်တင်ပြီး ၄င်း၏ တိုက်ခိုက်ရေးစွမ်းအားက အမှတ်နှစ်ရာကျော်အထိ သိသိသာသာတိုးလာခဲ့သည်။ လက်နက်၏ စကေးများက ပြောင်းလဲမှုလည်း ဖြစ်ပေါ်ခဲ့ပြီး အသူရာကျိန်စာနေရာတွင် အမှောင်ထု ကြမ်းတမ်းခြင်းကကြိုးက အစားထိုးသွား၏။ ပစ်မှတ်တစ်ခု သို့မဟုတ် အဖွဲ့တစ်ခုကို ရင်ဆိုင်တိုက်ခိုက်ရန် အသုံးပြုရာတွင် ၄င်းက အားကောင်းသည့် ထိန်းချုပ်မှုနှင့် အားနည်းသည့်စကေးဖြစ်သည်။
သို့သော် ၄င်းက အသူရာဓားသွား၏ အသိသာဆုံး ပြောင်းလဲမှု မဟုတ်သေးပေ။
မှော်လက်နက်ကို ခပ်သာသာ လွဲရမ်းလိုက်ပြီးနောက် ရှီဖုန်းသည် အသူရာဓားသွားက သူ့လက်မောင်း၏ တွန်းချဲ့မှုထဲ ရောက်နေသည့်အလား သူသည် ဓား၏အစွန်လေကို ပိုင်းဖြတ်ကို ခံစားမိသည်။
” ဒီမှာ ဘာတွေဖြစ်နေတာလဲ …”
ရှီဖုန်းက အသူရာဓားသွားကို မယုံနိုင်စွာ ကြည်လိုက်၏။ ဆိုရိုးစကာတစ်ခုရှိသည်။ လက်နက်၏ ကျွမ်းကျင်မှုက တိကျသည့်အဆင့်သို့ ရောက်ပါက လက်နက်သည် ခန္ဓာကိုယ်နှင့် ဆက်ထားသကဲ့သို့ ခံစားရပေမည်။ သို့သော် ၄င်းက ဆိုရိုးစကားသာ ဖြစ်ခဲ့၏။ လက်နက်ကို တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်တိုက်ခိုက်မှု အကြည့်နှင့် ပုံစံထဲ ပေါင်းစပ်နိုင်သည်ကပင် အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ အစောပိုင်းအဆင့်အတွင်း လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ၏ အရည်အချင်းများက အလွန်အရေးကြီးသည်။ သို့သော် ကစားသမားတစ်ယောက်က ပိုကောင်းသည့်ချပ်ဝတ်တန်ဆာကို လိုသည်နှင့်အညီ သူတို့က သီးသန့်လက်နက်များ၊ ချပ်ဝတ်တန်ဆာများကို သူတို့ကိုယ်တိုင်အတွက် စတင်မှာကြသည်။ အိုင်တမ်နှစ်မျိုးက တစ်ထပ်ထဲတူသည့် အရည်အချင်းကို ပိုင်ဆိုင်ထားသည့်တိုင် ကစားသမားအများစုက သူတို့အတွက် ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာများကိုသာ ရွေးချယ်ကြသည်။
ဒါဆို ဒါဘာကြောင့် ဖြစ်တာလဲ။
အကြောင်းပြချက်က ရိုးရှင်းသည်။ သူတို့၏ အမူအကျင့် ပုံစံများနှင့် သဟဇာတပိုဖြစ်လာမျိုးဖြစ်၏။ ထိုအကြောင်းပြချက်တစ်ခုထဲကြောင့် ကစားသမားများသည် ပိုက်ဆံများလိုသလောက် အသုံးပြုရန်ဆန္ဒရှိကြ၏။
ကစားသမားတစ်ဦးက သူတို့အသုံးပြုသည့်လက်နက်တွင် အဆင့်မြင့်မားသည့် လိုက်ရောညီထွေမှု ပိုင်ဆိုင်ထားပါက သူတို့၏ တိုက်ကွက်များသည် ပိုချောမွေအဆင်ပြေနေလိမ့်မည်။ အရေးကြီးသည်က အံ့ဝင်ဂွင်ကျဖြစ်သည့် လက်နက်က ကစားသမားတစ်ဦး၏ စကေးပြီးမြောက်သည့်နှုန်းကို တိုးမြင့်ပေးနိုင်သည်။ ထို့ကြောင့် ဂိမ်း၏ နှောင်ပိုင်းအဆင့်များတွင် ကစားသမားအများစုက အသင့်ပြုလုပ်ထားသည့် အံ့ဖွယ်လက်နက်များကို ရွေးချယ်မည့်အစား သူတို့က ဆရာ သို့မဟုတ် ပန်းပဲပညာရှင်ကြီးများကို ငှားရမ်းပြီး သူတို့ကိုယ်တိုင်အတွက် အံ့ဖွယ်လက်နက်များ သီးသန့်သွန်းလုပ်ခိုင်းတာမျိုးဖြစ်သည်။
အကြောင်းမှာ ကိုယ်တိုင်သီးသန့်သွန်းလုပ်သည့်လက်နက်နှင့် ချပ်ဝတ်တန်ဆာများက လိုက်ရောညီထွေဖြစ်သည့်နှုန်း ပိုမြင့်သောကြောင့်ဖြစ်၏။ ထိုအချက်ကို တွေးမိသောအခါ ရှီဖုန်းက အသူရာဓားသွားကို အဆင့်မြင့်တင်လိုက်သည့်လက်နက်အဖြစ် စတင်မှတ်ယူလိုက်ပြီဖြစ်သည်။ ပြီးနောက် အဆင့် (၃၅) နတ်ဆိုးအမဲလိုက်ခွေးကို သူ၏ ဓားပေါ်တွင် စမ်းသပ်အသုံးပြုလိုက်၏။
ပိုင်းဖြတ်ခြင်း …
ရှီဖုန်းက ထိုစကေးကို အသုံးပြုသည့်အခါ ပြီးမြောက်သည့်နှုန်း (၈၀) ရာခိုင်နှုန်းအထက် ရရှိခဲ့ပြီး စကေး၏ (၁၀၀) ရာခိုင်နှုန်းကိုတောင် ပြသနိုင်လောက်သည်။ အတိတ်တုန်းက သူ၏ ပိုင်းဖြတ်ခြင်းအတွက် အကောင်းဆုံးမှတ်တမ်းက (၉၀) ရာခိုင်နှုန်းဖြစ်သည်။ ထိုစကေးက အလွန်ရိုးရှင်းသော်လည်း ထုတ်ဖော်ရန်အတွက် အင်မတန်ခက်ခဲသည်။
ဓားအလင်းသုံးခု၊ ငွေလခြမ်းသဏ္ဍာန်သုံးခုက နတ်ဆိုးအမဲလိုက်ခြင်းကို ထိသွားပြီးနောက် ထိုခိုက်မှုက အမြင့်ဆုံးထိရောက်သွားသည်။ ထိုစဉ်က ဓားအလင်းသုံးခုသည် သူတို့ဆုံတွေ့သွားသည့်အချိန်၌ လပြည့်အဖြစ် ပြောင်းလဲသွားသည်။ ၄င်းက ထိုးဖောက်ခံထားရသည့်အလားပင် တစ်စုံတစ်ယောက်က ထိုနေရာ၌ အက်ရာလေးတစ်မျှင်ကို မြင်နိုင်မှာဖြစ်၏။
စနစ် : ခုတ်ထစ်ခြင်းပြီးမြောက်သည့်နှုန်း (၉၂) ရာခိုင်နှုန်း။ စကေး၏ အာနိသင် (၁၂၅) ရာခိုင်နှုန်းတွင် ခုတ်ထစ်ခြင်းပြီးမြောက်သည့်နှုန်း (၉၂) ရာခိုင်နှုန်း။ စကေးကျွမ်းကျင်မှု (+၄) ။
ရှီဖုန်းက မိုးကြိုးမီးတောက်ပေါက်ကွဲခြင်းကိုလည်း အသုံးပြုလိုက်၏။ မူလက ထိုစကေးသည် လျှပ်စီးနှင့်မီး၏စွမ်းအားကို မီးဘောလုံးအဖြစ် ပြောင်းလဲသွားပြီး ရန်သူဆီ ပစ်ထုတ်တာဖြစ်၏။ သို့သော် ယခုမူ မီးဘောလုံးအစား
စနစ် : မိုးကြိုးမီးတောက်ပေါက်ကွဲစေခြင်းကို စကေးအာနိသင်၏ (၁၁၀) ရာခိုင်နှုန်းတွင် ပြီးမြောက်သည့်နှုန်း (၉၀) ရာခိုက်နှုန်းရှိသည်။ စကေးကျွမ်းကျင်မှု (+၃)။
” ဘာ …။ ဘာကြောင့် ရုတ်တရက်ကြီး စကေးပြီးမြောက်သည့်နှုန်းက ဒီလောက်တိုးလာတာလဲ …”
ရှီဖုန်းက စနစ်အသိပေးစာကို မယုံနိုင်စွာ ကြည့်နေ၏။
သူ ယခင်တုန်းကနဲ့ ယှဉ်ပါက လက်ရှိခွန်အားသည် ပိုသန်မာလာ၏။ အတိတ်တုန်းက ပိုင်းဖြတ်ခြင်း၏ အကောင်းဆုံးမှတ်တမ်းသည် (၉၀) ရာခိုင်နှုန်း ပြီးမြောက်သည့်နှုန်းဖြစ်သည်။ ၄င်းက (၂) ရာခိုင်နှုန်းမျှသာ တိုးလာခြင်းဖြစ်သော်လည်း ၄င်းတို့ကြားရှိ ကွာဟချက်က ကောင်းကင်နှင့် မြေကြီးကြားက ကွာဟချက်ကဲ့သို့ပင်။
စနစ်၏ အသိပေးစာကို အခြေခံပြီးနောက် ပြီးမြောက်သည့်နှုန်းက (၈၁) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းကို အုပ်စုတူအဖြစ် သတ်မှတ်နိုင်၏။ ထိုအကွာအဝေးအတွင် မည်သည့်ရာခိုင်နှုန်း ရစေကာမူ ကျွမ်းကျင်မှုအမှတ် သုံးမှတ်တိုးပေးမှာ ဖြစ်သည်။ ထိုအတူ (၉၀) ရာခိုင်နှုန်း၊ စကေး (၁၁၀) ရာခိုင်နှုန်းနှင့် (၉၀) ရာခိုင်နှုန်း ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ စကေးအာနိသင်၏ (၉၁) ရာခိုင်နှုန်းက (၁၂၀) ရာခိုင်နှုန်းအထိ တိုက်ရိုက်မြင့်တင်ခံလိုက်ရပြီး ကျွမ်းကျင်မှုအမှတ် လေးမှတ်တိုးလာခဲ့၏။
မိုးကြိုးမီးတောက် ပေါက်ကွဲစေခြင်းက ပိုတောင်သိသာသေးသည်။ ယခင်က သူသည် ထိုစကေးပေါ်တွင် (၈၅) ရာခိုင်နှုန်း ပြီးမြောက်သည့်နှုန်းတောင် မရခဲ့ပေ။ သို့သော် ယခုမူ သူက (၉၀) ရာခိုင်နှုန်း ရရှိခဲ့၏။
သူက အဆင့် (၃၅) နတ်ဆိုးအမဲလိုက်ခွေးကို နှစ်ချက်ထဲ ပိုင်းဖြတ်နိုင်ခဲ့သည်။
” မှော်လက်နက်တွေက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေ ပိုင်ဆိုင်တယ်လို့ တော်တော်များများကပြောတာ အံ့သြစရာမရှိပါဘူး …။ ကျွမ်းကျင်သူတွေက အတိတ်တုန်းက သူတို့ရဲ့ မှော်လက်နက်နဲ့ ကင်းမဲ့လိုစိတ်မရှိကြဘူး …။ ဒါက ဒီလိုကိုး …”
ရှီဖုန်းက သူသတ်ဖြတ်ခဲ့သည့် အဆင့် (၃၅) နတ်ဆိုးအမဲလိုက်ခွေးကိုကြည့်ပြီး နှလုံးခုန်နှုန်း မြင့်လာတော့သည်။ ယခုအချိန်တွင် အသူရာဓားသွားနှင့် သဟဇာတဖြစ်မှုက ပြီးပြည့်စုံသွားပြီဖြစ်သည်။ သူ ပြိုင်ဘက်ကင်းသလို ခံစားလာရပေသည်။