ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 586 ဒဏ္ဍာရီတစ်ပုဒ်ကို ဖန်တီးခြင်း
” ခေါင်းဆောင် …။ သူက ဘယ်သူလဲ …”
အဖွဲ့၏ ဒုခေါင်းဆောင် မိန်းမလှလေးတစ်ဦးဖြစ်သည့် အဆင့် (၂၉) ဘာသာရေးခေါင်းဆောင် ဆည်းဆာကြာက ရေခဲပြာမှော်ကို ကြည့်ပြီးမေးလိုက်၏။
ရေခဲပြာမှော်က ခရိုင်တစ်၏ နံပါတ်တစ် ကစားသမားဖြစ်သည်။ သူ၏ တိုက်ပွဲဝင်နည်းစနစ်က အံမခမ်းဖြစ်ရုံသာမက သူသည် အဆက်အသွယ်များစွာ ပိုင်ဆိုင်ထား၏။ သူသည် ကျွမ်းကျင်သူအများအပြားကို သိပြီး မြင်တွေ့ရခဲသည်။ မာဗာရစ်များကိုတောင် တွေ့ဖူးသည်။ ထို့အပြင် သူ၌ နတ်ဘုရားနယ်မြေ၏ ဗီတာစမ်းသပ်မှုတစ်ခုရှိသည်။
အမိုးအကာ အဆောက်အဦးရနိုင်သည့် ကစားသမားအားလုံးတွင် နတ်ဘုရားနယ်မြေကို ရေခဲပြာမှော်ထက် ပိုရင်းနှီးသူ မရှိပေ။
” ငါလည်း သိချင်နေတာ …”
ရေခဲပြာမှော်က ပြန်ပြောပြီး ခါးသက်စွာပြုံးကာ ခေါင်းခါလိုက်၏။
” ငါသိတဲ့ ကျွမ်းကျင်သူတွေထဲမှာ ဒီလို စံစနစ်ထိရောက်နေတဲ့သူ မရှိဘူး …”
ရှီဖုန်းမှ တိုက်ကွက်တစ်ကွက်ထဲဖြင့် နိုရာကို (-၃၀၀၀၀) ထိခိုက်မှု ဖြစ်စေ၏။ ရှီဖုန်း၏ ထိခိုက်မှုက သူတို့ အယောက်တစ်ရာတစ်ဖွဲ့လုံး၏ ထိခိုက်မှုကို ယှဉ်နိုင်ပေသည်။ ကွာဟချက်ကလည်း မယုံနိုင်စရာ ကောင်းလှ၏။
ရေခဲပြာမှော်က သူ့ကိုသူ နတ်ဘုရားနယ်မြေ၏ ထိပ်တန်းတွင် ရပ်တည်နေသည့် ကစားသမားများထဲမှ တစ်ယောက်ဟူ၍ အသိအမှတ်ပြုထားတာဖြစ်သည်။ သို့သော် ရှီဖုန်း၏ စွမ်းအားကို တွေ့ကြုံရပြီးနောက် နောက်ဆုံးတွင် သူက တိမ်များအထက်၌ ကောင်းကင်တစ်ခု အမြဲတမ်းရှိနေတာကို သဘောပေါက်သွားပြီဖြစ်သည်။
” သူနဲ့ မိတ်ဆွေဖွဲ့လို့ရရင် ကောင်းမှာပဲ …။ ဒီလို ကျွမ်းကျင်သူတစ်ယောက်က နောင်ကျ နတ်ဘုရားနယ်မြေရဲ့ ဦးဆောင်တဲ့ သူတွေထဲက တစ်ယောက်ဖြစ်လာမှာ သေချာတယ် …။ သူနဲ့ မိတ်ဆွေဖွဲ့ထားရင် ကျွန်မတို့ရဲ့ အဆောက်အဦးအတွက် အထောက်အကူကြီး ရနိုင်တယ် …”
ဆည်းဆာကြာက ပြော၏။
” ဟုတ်တယ် …။ ငါတို့သာ ဒီလို ကျွမ်းကျင်သူတစ်ယောက်ကို ငါတို့ဆီ ခေါ်နိုင်ခဲ့မယ်ဆိုရင် ဒီက အသန်မာဆုံး အမိုးအကာ အဆောက်အဦးတွေထဲက တစ်ခုဖြစ်လာမယ် …”
ရေခဲပြာမှော်က သဘောတူညီကြောင်း ခေါင်းညိတ်လိုက်၏။
သူတို့၏ ခရိုင်တစ်က ဤဒေသအတွင်းရှိ ထိပ်တန်းခိုလုံရာ ဂေဟာဟူ၍ သတ်မှတ်နိုင်ပေသည်။ သို့သော် ကျန်သည့် ဒေသများ ပါတဲ့အချိန်တွင်တော့ မဟုတ်ပေ။ လက်ရှိတွင် ကစားသမားများက သူတို့၏ ခြေနှစ်ချောင်းကို သုံးပြီး သွားလိုသည့်နေရာကိုသာ သွားရုံရှိသည်။ သူတို့ လုပ်ဆောင်နိုင်သည့် အတိုင်းအတာက ဒေသတစ်ခုထက်ပိုပြီး မသွားနိုင်ပေ။
ထိုကြောင့် ယခုအချိန်တွင် ကွဲပြားသည့် ဒေသများရှိ ဖလှယ်မှုများက အလွန်အဆင်မပြေဖြစ်နေ၏။ သို့သော် ထိုဇာတ်ကြောင်းကပင် ကျန်သည့် ပို့ဆောင်ရေးပုံစံများ ပေါ်လာသည်နှင့် ပြောင်းလဲသွားမှာဖြစ်၏။ ဒေသများကြားရှိ သွားလာမှုက ပိုအဆင်ပြေလာချိန်၌ အဆင်ပြေမှုများက သူတို့ကို စောင့်ကြိုနေမှာဖြစ်သည်။ သူတို့၏ ခရိုင်တစ်က အသန်မာဆုံးခိုလုံရာဂေဟာ မဟုတ်တော့တာ သေချာသည်။
သူတို့တွင် ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက် ရှိနေပါက အချိန်ကြလာလျှင် သူတို့၏ ခိုလုံရာနေရာ ဂေဟာသည် သိသိသာသာတိုးတက်သွားမှာဖြစ်၏။
” ခေါင်းဆောင် …။ ကျွန်မတို့ အခု ဘာလုပ်မှာလဲ …။ ဒါမှမဟုတ် …”
ဆည်းဆာကြာက မေးလိုက်သည်။
လက်ရှိတွင် ရှီဖုန်းက နိုရာကို ဆန့်ကျင်တိုက်ခိုက်နေတာဖြစ်သည်။ သူတို့သာ တိုက်ပွဲကွင်းပြင်ထဲ ပူးပေါင်းလိုက်ပါက အခြေအနေ၏ အမြတ်ကို ထုတ်ရန်ကြိုးစားတာနဲ့ တူသွားပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်ခဲ့ပါက ရှီဖုန်း မိတ်ဆွေဖွဲ့မိမည့်အစား သူတို့က ရန်သူများ ဖြစ်သွားနိုင်သည်။
” သိသာနေတယ် မဟုတ်ဘူးလား …။ ငါတို့ စောင့်မယ် …”
ရေခဲပြာမှော်က အဓိပ္ပါယ်ပါပါပြောလိုက်၏။
” ဒီလို အထင်ကြီးဖို့ကောင်းတဲ့ ကျမ်းကျင်သူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေးဆုံးရှုံးသွားရင် နှမျောစရာမကောင်းဘူးလား …။ အခု ငါတို့မှာ ပြီးပြည့်စုံတဲ့ အခွင့်အရေးရှိနေတာ …။ သူက အလွန်အစွမ်းထက်ပေမယ့် ဒီလိုခွန်အားရဖို့အတွက် ရှေးစစ်သည်တော်စကေးအချို့ကို အသုံးပြုခဲ့တာပဲ ဖြစ်ရမယ် …။ ဒီလိုစကေးမျိုးက ကြာမှာ မဟုတ်ဘူး …။ အနှေးနဲ့ အမြန် သူထွက်ပြေးလာမှာပဲ …။ အဲဒီအခါကြရင် ငါတို့က သူကို ကူညီဖို့ လက်လှမ်းလိုက်တဲ့အခါ သူနဲ့ အသိအကျွမ်းဖြစ်ဖို့က ပိုမလွယ်သွားဘူးလား …”
ထိုစကားများကို ကြားပြီးနောက် ဆည်းဆာကြာက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။ မာဗာရစ်များသည် မောက်မာထောင်လွှားသည်။ ပုံမှန်ဆိုဖြင့် လူအများ သူတို့ကို နှောင့်ယှက်တာကို သဘောမကျ။ ထို့ကြောင့် မာဗာရစ်တစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန် မလွယ်ကူပေ။ သို့သော် ရှီဖုန်းကို ကာကွယ်ရန် သူတို့ကို သူတို့ စတေးခံလိုက်ပါက သူ့ကဲ့သို့ အားကောင်းသည့် မာဗာရစ်တောင် သူတို့ကို အသိအမှတ်ပြုမှာဖြစ်သည်။
ရေခဲပြာမှော်၏ စကားကိုကြားသောအခါ အဖွဲ့ဝင်များကလည်း သဘောတူညီကြောင်းပြလာ၏။
မာဗာရစ်တစ်ဦး၏ မျက်နှာသာပေးမှုကို ရယူရန် မလွယ်ကူပေ။ အထူးသဖြင့် ရှီဖုန်းကဲ့သို့ မာဗာရစ်အတွက် မှန်ကန်ပေသည်။ ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ဦး၏ မျက်နှာပေးမှုကို ရခဲ့ပါက သူတို့သည် သေဆုံးမှုအချို့ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှုများ ခံစားရလည်း စိတ်ရှိမှာ မဟုတ်ပေ။
ထို့ကြောင့် လူတိုင်းက ခပ်မြန်မြန် စတင်ပြင်ဆင်ထားကြသည်။ ရှီဖုန်း ပြေးထွက်လာသည်နှင့် သူတို့က မဟာအရှင်ကို ဟန့်တားရန် လှုပ်ရှားကြမှာ ဖြစ်၏။
လက်ရှိတွင် ရှီဖုန်းက သူ့နားတွင် ဘာတွေဖြစ်နေမှန်းမသိပေ။ သူက ယခင်တိုက်ခိုက်မှုမှ ခံစားချက်နှင့် ရစ်မူးနေပြီဖြစ်သည်။
ပြီးမြောက်မှု (၁၀၀) ရာခိုင်နှုန်းက ဘယ်လိုမျိုးလဲ။ ရှီဖုန်းက သူ့လက်ထဲရှိ အသူရာဓားသွားကို မယုံနိုင်စွာ ကြည့်ပြီး သူ၏ စိတ်များက ယခင်တိုက်ကွက်ကို ပြန်အမှတ်ရနေသည်။
သူက နတ်ဘုရားနယ်မြေထဲတွင် စတင်ဆော့ကစားနေရာ စကေး (၁၀၀) ပြီးမြောက်သည်နှုန်းကို ရရှိတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ခံစားရတာ အံ့သြဖွယ်ကောင်းလွန်း၏။
မိုးကြိုးမီးတောက်ပေါက်ကွဲစေခြင်း ရလဒ် (၁၀၀) ရာခိုင်နှုန်းပြီးမြောက်သည့်နှုန်း ရခဲ့သည်။ ၄င်းက စကေးအာနိသင် (၂၂၀) ရာခိုင်နှုန်းထဲတွင် ရထားတာဖြစ်၏။
စကေး၏ မေးသည့်အာနိသင်က မဟာအရှင်ကို သက်ရောက်မှု မရှိသော်လည်း ဂါဂေါ်ရယ်က လှုပ်ရှားမှုအရှိန် လျော့ချခြင်းကို အပြည့်အဝ ရထားတာဖြစ်သည်။ ထို့အပြင် ရှီဖုန်းသည် စကေးပြီးမြောက်သည့်နှုန်း (၁၀၀) ရာခိုက်နှုန်းရထားသောကြောင့် နိုရာ၏ အရှိန်သည် ၄င်း၏ သာမန်အရှိန် ခြောက်ပုံတစ်ပုံထိ လျော့ချခံထားရပြီး ယခုဆို မူလအရှိန်၏ ဆယ့်သုံးပုံတစ်ပုံထိ လျော့ချခံထားရပြီဖြစ်သည်။ ကြာချိန်က ဆယ့်နှစ်စက္ကန့်ရှိ၏။
မဟာအရှင်က အထွတ်အထိပ်တွင် ရောက်နေလျှင်တောင် အရှင်၏ မူလ ဆယ့်သုံးပုံတစ်ပုံ လျော့ချခံထားရသောကြောင့် လိပ်တစ်ကောင်၏ အရှိန်ကဲ့သို့ ဖြစ်နေသည်။ နိုရာ၏ တိုက်ခိုက်မှုနှင့် လှုပ်ရှားမှုအရှိန်များက သတိလစ်သည့်အနေအထားကဲ့သို့ ဖြစ်နေ၏။ ယခုအချိန်တွင် အဆင့်တစ်တောင် သေမသွားပဲ နိုရာကို သွားကန်လိုက်နိုင်သည်။ ရှီဖုန်းက ၄င်းကို အခွင့်အရေးကြီးမှန်း သိလိုက်၏။ ဒုတိယအကြိမ်မရနိုင်သည့် အခွင့်အရေးဖြစ်သည်။
လက်ရှိတွင် နိုရာက HP နှစ်သန်းသာ ကျန်သည်။ ၄င်းက အားနည်းမှုနှစ်ခုကို ခံစားနေရရုံသာမက မိုးကြိုးမီးတောက် ပေါက်ကွဲစေခြင်း (၁၀၀) ရာခိုင်နှုန်း ပြီးမြောက်သည့်နှုန်းကိုလည်း ရထားသည်။ ပိုအရေးကြီးဆုံးက ရှီဖုန်းက အထွတ်အထိပ်၌ ရှိနေတာဖြစ်သည်။
အပြီးသတ်လိုက်တော့။
ထိုအတွေးက ရှီဖုန်း၏ စိတ်ထဲရုတ်တရက် ပေါက်ဖွားလာ၏။ မူလက ရှီဖုန်းသည် နိုရာကို ယာယီမောင်းထုတ်ပြီးနောက် မီးခိုရောင်အရံအတားကို ချိုးဖြတ်ရန် အာရုံစိုက်မည်ဟုသာ တွေးခဲ့သည်။ သို့သော် သူ့ရှေ့ရှိ အခွင့်အရေးက ရှားပါးလွန်းသောကြောင့် ညို့ငင်နိုင်လွန်းသည်။ ၄င်းက ကွင်းပြင်မဟာအရှင်တစ်ဦး ဖြစ်၏။
သာမန်ကွင်းပြင် မဟာအရှင်၏ ပစ္စည်းကျသည့်နှုန်းကတောင် အံ့သြဖွယ်ကောင်းလှသည်။ အိုင်တမ်းကျလာသည့် ပစ္စည်းများထဲတွင် အများဆုံးက ရွှေစင်ချပ်ဝတ်တန်ဆာဖြစ်၏။ တစ်စုံတစ်ယောက်က ကံကောင်းပါက သူတို့သည့် မဟူရာရွှေချပ်ဝတ်တန်ဆာကိုတောင် ရနိုင်သည်။ အဆင့်မြင့်အရှင်များက မဟူရာရွှေချပ်ဝတ်တန်ဆာများ ကျနိုင်ချေ အလွန်မြင့်၏။ မဟာအရှင်များအတွက်မူ သူတို့က မဟူရာရွှေချပ်ဝတ်တန်ဆာ (၁၀၀) ရာခိုင်နှုန်း ကျမှာဖြစ်ပြီး အံ့ဖွယ်အိုင်တမ်ကျရန်အတွက် အခွင့်အရေးကောင်း တစ်ခုတောင်ရှိသည်။ အံ့ဖွယ်အိုင်တမ်မကျလျှင်တောင် ပန်းပဲဒီဇိုင်းများ၊ အညွှန်းများ၊ ကုန်ကြမ်းများ ရှိသေးသည်။
အတိတ်တုန်းက အဆင့်တူ မဟာအရှင်ကို သတ်ဖြတ်ရန်အတွက် အသက်ထောင်ပေါင်းများစွာ စတေးပြီးနောက် အစည်းအရုံးတစ်ခုသည် အကျိုးအမြတ်ဖြစ်ထွန်းသေး၏။ မဟာအရှင်တစ်ဦး၏ တန်ဖိုး မည်မျှကြောက်မက်ဖွယ်ကောင်းမှန်း မှန်းဆနိုင်ပေသည်။
လက်ရှိတွင် အတော်လေးအားနည်းနေသည့် အဆင့် (၄၀) မဟာအရှင်က သူ့ရှေ့၌ ရပ်နေသည်။ ထိုကဲ့သို့ ရွှေရောင်အခွင့်အရေးကို မည်ကဲ့သို့ လက်လွတ်နိုင်မည်နည်း။
ရှီဖုန်းက တုံ့ဆိုင်းမနေဘဲ နဂါးကိုးကောင်ပိုင်းဖြတ်ခြင်းနှင့် ပုံရိပ်ယောင် သတ်ဖြတ်ခြင်းကို ထုတ်ဖော်လိုက်၏။ ပြီးနောက် အနက်ရောင်ဧကရာဇ်ကိုလည်း အသက်သွင်း၏။ ၄င်းက သူတစ်ချိန်လုံး သိမ်းထားသည့် လျှို့ဝှက်ကဒ်ဖြစ်သည်။
ဓားသွားခွဲထွက်စေခြင်း၏ အာနိသင်က စက္ကန့်နှစ်ဆယ်စာ ကြာသည်။ ထိုစက္ကန့်နှစ်ဆယ်စာပြီးနောက် သူသည် နိုရာကို မသတ်နိုင်ဖြစ်နေသေးပါက ရွေးချယ်စရာမရှိတော့ဘဲ လှည့်ပြေးရမှာဖြစ်သည်။ ထို့ကြောင့် ရှီဖုန်းသည် သူ့စကေးအားလုံးကို အသုံးပြုရန် ဆုံးဖြတ်ချက်ချလိုက်၏။
ရှီဖုန်းကိုယ်ခွဲနှင့် အသူရာဓားသွား ပုံရိပ်ယောင်ဆယ့်နှစ်ခုက နိုရာကို ချက်ချင်းတိုက်ခိုက်လိုက်သည်။ ၄င်း၏ အရှိန်လျော့ချခံရမှုဖြင့် နိုရာက တိုက်ကွက်များကို မခုခံနိုင်ဖြစ်နေသည်။
သို့သော် ရှီဖုန်းက မကျေနပ်သေးပေ။ အသူရာဓားသွားကို ကောင်းကင်ထက် မြှောက်ပြီးနောက် မှော်လက်နက်၏ စကေးအသစ်ဖြစ်သော အသူရာကျိန်စာကို ထုတ်ဖော်လိုက်၏။ ကောင်းကင်ထဲ၌ အနက်ရောင်တိမ်များက ရုတ်တရက် အုပ်မိုးလာ၏။ ထိုတိမ်များက နိုရာ၏ ခန္ဓာကိုယ်ပေါ် ကျဆင်းလာသည်။
နိုရာက ဒေါသတကြီး အော်ငြီးလိုက်၏။
မဟာအရှင်သည် အလွန်မြင့်မားသည့် ခုခံမှုပိုင်ဆိုင်ထားသော်လည်း အသူရာကျိန်စာက နိုရာ၏ အရည်အချင်း (၁၀) ရာခိုင်နှုန်းကို လျော့ချပေးနိုင်သည်။ ရလဒ်အနေဖြင့် နိုရာ၏ HP က ဆယ့်ရှစ်သိန်းအထိ ကျသွားရုံသာမက ၄င်း၏ ခုခံမှုကလည်း သိသိသာသာလျော့သွားသည်။
တစ်ချိန်ထဲတွင် အသူရာဓားသွား ပုံရိပ်ယောင်ဆယ့်နှစ်ခုကလည်း မဟာအရှင်ကို ဆက်တိုက်တိုက်ခိုက်တော့၏။ ပုံရိပ်ယောင်များက (-၁၅၀၀) ထိခိုက်မှု၊ သေစေနိုင်သည့်နေရာဆိုလျှင် (-၃၀၀၀) ထိခိုက်မှုဖြစ်စေသည်။ ကံကောင်းသည်မှာ အသူရာဓားသွားက အရေးကြီးသည့်နေရာကို ထိခိုက်ရန် (၅၀) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ အသူရာဓားသွားသည် စုစုပေါင်းထိခိုက်မှု သုံးသောင်းပြုလုပ်နိုင်ခဲ့၏။
ဓားသွားခွဲထွက်စေခြင်းကို အသုံးပြုသည့် ရှီဖုန်း၏ ကိုယ်ခွဲက ပြောရန်တောင် မလိုချေ။ ကိုယ်ခွဲထံမှ တိုက်ကွက်တိုင်းက (-၃၀၀၀) ထိခိုက်မှု သို့မဟုတ် (-၆၀၀၀) ထိခိုက်မှုဖြစ်စေသည်။ စကေးမျိုးစုံမှ ထိခိုက်မှုအပါအဝင် ကိုယ်ခွဲ၏ ထိခိုက်မှုများက ဖြုန်လောက်၏။
အရေးကြီးသည့် နေရာမျိုးစုံကို ရှီဖုန်း ထိသွားရာ သေခြင်းတရားရောင်ဝါ သုံးဆယ်မှတ်ကို လျင်မြန်စွာ စုဆောင်းလိုက်နိုင်၏။ သူသည် စကေး၏ ပြန်လည်အသုံးပြုနိုင်ချိန်ကို လျော့ချရန် သေခြင်းတရားရောင်ဝါကို ထုတ်ဖော်လိုက်သည်။
သေခြင်းတရားရောင်ဝါက သူ သင်ယူထားသည့် စကေးများ၏ ပြန်လည်အသုံးပြုနိုင်ချိန်ကို လျော့ချရာတွင် သုံးနိုင်သော်လည်း ၄င်းက အားကောင်းသည့် အာနိသင်ဖြစ်နေသည်။
အလွှာတစ် ခုတ်ထစ်ခြင်းကို ဥပမာယူနိုင်ပေသည်။ ရှီဖုန်းက သေခြင်းတရားရောင်ဝါတစ်စကို အသုံးပြုပြီး စကေးပြန်လည်အသုံးပြုနိုင်သည့် အချိန်ကို ဖယ်ရှားလိုက်တာဖြစ်သည်။ ထိုမိုးကြိုးမီးတောက်ပေါက်ကွဲစေခြင်းနှင့် မိုးကြိုးပိုင်းဖြတ်ခြင်းတို့ကဲ့သို့ စကေးများအတွက်မူ ရှီဖုန်းက သုံးစက္ကန့်၊ လေးစက္ကန့်အချိန်၌ ပြန်လည်အသုံးပြုနိုင်သည်။
ထိုစကေးများများထဲမှ တစ်ခုဆီက နိုရာ၏ HP နှစ်သောင်းကျော် သုံးသောင်းကို ဖျက်ဆီးနိုင်သည်။ ထို့အပြင် ရှီဖုန်းက အသူရာဓားသွားဖြင့် မဟာအရှင်ကို ပိုင်းဖြတ်နေရာ HP ဝါးမျိုပြီး မှော်လက်နက်၏ တိုက်ခိုက်မှု အရည်အချင်းကလည်း ထိခိုက်မှု (၂၀) ရာခိုင်နှုန်း၏ ဘော့နက်ကို စုဆောင်းနိုင်သည်။
ထိုတိုက်ကွက်များ ပေါ်ထွက်လာသည်နှင့် နိုရာ၏ ကျန်ရှိသည့် HP ဆယ့်ရှစ်သိန်းက တတိတိယုတ်လျော့လာ၏။ စုစုပေါင်း တစ်စက္ကန့်ကို HP ကိုးသောင်း ဆုံးရှုံးနေ၏။ ဆယ်စက္ကန့်အတွင်း နိုရာ၏ HP က ဆယ်သိန်းအောက်ရောက်သွားပြီဖြစ်သည်။
သို့သော် ဓားသွားခွဲထွက်စေခြင်း၏ ကြာချိန်က အဆုံးသတ်သို့ ရောက်နေပြီဖြစ်သည်။ ရှီဖုန်း၏ အစောပိုင်းတိုက်ခိုက်မှုအတောအတွင်း သူသည် တစ်စက္ကန့်နီးပါးအချိန်ဖြုန်းခဲ့မိသည်။ အားလုံးကို ပေါင်းစီးလိုက်လျှင် သူက နိုရာကို အစောသတ်ရန် ကိုးစက္ကန့်တောင် မရတော့ပေ။ ဓားသွားခွဲထွက်စေခြင်းက အလွန်အားကောင်းသည့် တုံ့ပြန်မှုရှိသည်။ စကေး၏ အသုံးပြုနိုင်ချိန် အဆုံးသတ်သွားသည်နှင့် ရှီဖုန်း၏ အရည်အချင်းအားလုံး (၈၀) ရာခိုင်နှုန်း ချက်ချင်းလျော့ချခံရမှာဖြစ်သည်။ ထိုအချိန်ကြလျှင် နိုရာက HP တစ်သောင်းသာကျန်သည့်တိုင် မဟာအရှင်သည် သူ့ကို အလွယ်တကူသတ်ဖြတ်နိုင်၏။
” ထုတ်လိုက်တော့ …”
ရှီဖုန်းက အံကြိတ်လိုက်သည်။ ထိုစဉ် သူက အချိန်လုနေရပြီဖြစ်သည်။
အဖြူရောင်အလင်းတန်းက မဟာအရှင်နိုရာဆီ ဖြတ်သွားပြီးနောက် အရေးပါသည့်နေရာကို ထိသွားကာ (-၅၀၀၀၀) ဖြစ်သွားစေ၏။
ရှီဖုန်းက မီးမုန်တိုင်းကိုလည်း ချက်ချင်းထုတ်ဖော်လိုက်သည်။
ကောင်းကင်ဘုံနဂါး၏ စွမ်းအားနှင့် ဓားသွားခွဲထွက်စေခြင်း နှစ်ခုစလုံးကို ထုတ်ဖော်မှုနှင့် မီးတောက်စွမ်းအားက ပိုတောင်ကြောက်မက်ဖွယ်ကောင်းသွားသည်။ နဂါးမီးတောက်များက ကောင်းကင်ထက်၌ ဆင်းသက်လာပြီး အဆင့် (၄၀) ဂါဂေါ်ရယ်ကို အပြည့်အဝ ဝါးမျိုကာ မဟာအရှင်၏ ပတ်ဝန်းကျင်ကို မီးတောက်ပင်လယ်အဖြစ်ပြောင်းလဲပေးလိုက်သည်။
ယခုအချိန်တွင် နိုရာ၏ ခေါင်းအထက်၌ (-၃၀၀၀၀) ထိခိုက်မှု (-၆၀၀၀၀) ထိခိုက်မှုများတောင် ပေါ်နေ၏။ မီးမုန်တိုင်းက ငါးစက္ကန့်အပြည့်အဝ ကြာခဲ့သည်။ ထိုကာလအတွင်း ရှီဖုန်းက မနားဘဲ မဟာအရှင်ကို တိုက်ခိုက်ခဲ့သည်။
ဓားသွားခွဲထွက်စေခြင်း လေးစက္ကန့်သာ ကျန်သည့်အချိန်၌ နိုရာက HP ငါးသိန်းရှိနေသေးသည်။
” ဒါနောက်ဆုံးတစ်ကွက်ပဲ …။ မီးတောက်ပေါက်ကွဲခြင်း …”
ရှီဖုန်းက အော်လိုက်ပြီး အသူရာဓားသွားက နေအသေးစားလေးအဖြစ် ပြောင်းလဲသွားသည်။ ထိုစဉ် ရှီဖုန်း၏ ကိုယ်ခွဲကလည်း မီးတောက်ပေါက်ကွဲခြင်းကို အသုံးပြုလိုက်၏။
ရှီဖုန်းက နတ်ဘုရားစောက်ရှောက်မှုကို အသက်သွင်းပြီးနောက် သူ့တစ်ကိုယ်လုံးတွင် ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းက လွှမ်းခြုံသွားတော့သည်။ သေခြင်းတရားက ကပ်နေပြီးမှန် သိလိုက်သောအခါ နိုရာ၏ မျက်လုံးများက သွေးကဲ့သို့ ရဲတောက်သွားသည်။ ၄င်းက လှုပ်ရှားမှုအရှိန် လျော့ခြင်းမှ လွတ်မြောက်တော့မည့် လက္ခဏာဖြစ်သည်။ သူက ရှီဖုန်းဆီ မြက်ရိတ်ဓားကို လွဲရမ်းလိုက်၏။ မြက်ရိတ်ဓားမှ တိုက်ကွက်တိုင်းက လေဟာနယ်ကို ပိုင်းဖြတ်နိုင်စွမ်း ရှိပုံရသည်။
၄င်းက နိုရာ၏ နောက်ဆုံးစကေးဖြစ်သည်။ အလွှာနှစ်တားမြစ်စကေး သေခြင်းတရားပျက်သွန်းခြင်းဖြစ်သည်။ ထိုအကွက်က အဓိကနယ်နမိတ်စကေးတစ်ခုဖြစ်ပြီး တိကျသည့်အကွာအဝေးရှိသည့်သူများကို ကြောက်မက်ဖွယ်ထိခိုက်မှု ဖြစ်စေ၏။
သေခြင်းတရားပျက်သွန်းခြင်း ထုတ်ဖော်သည်နှင့် နိုရာနှင့် ကိုက်ငါးဆယ်အတွင်း အရာအားလုံးက တိတ်ဆိတ်သွားသည်။ တစ္ဆေများနှင့် မိစ္ဆာဝိညာဉ်များက မြေကြီးထဲမှ စတင်ထွက်လာ၏။ အနက်ရောင်ဓားသွားများသည် ထိုဧရိယာကို ဖြတ်ကျော်ပြီး ရွေ့လျားနေရာ ထိုဓားသွားများနှင့် ထိမိသည့်အချိန်၌ သဲမှုန်များအဖြစ်ပြောင်းလဲသွားသည်။
” ဒါ ဘယ်လိုတိုက်ပွဲမျိုးလဲ …”
ဆည်းဆာကြာက ခပ်ဝေးဝေးကနေ တိုက်ပွဲကို ကြည့်နေစဉ် ထိတ်လန့်သွားသည်။ တစ်ဖက်တွင် နေရောင်၊ တစ်ဖက်တွင်မူ ကမ္ဘာကြီး၏ အဆုံးသတ် ရောက်လာပြီဖြစ်သည်။
တိုက်ပွဲထဲတွင် သူတို့ကဲ့သို့ ကစားသမားများသာပါလျှင် ခန္ဓာကိုယ်တောင် ပြာဖြစ်ရန် ကျန်မှာမဟုတ်ဘဲ ချက်ချင်းသေသွားမှာဖြစ်၏။
” သေစမ်း …”
ထိုစဉ် ရှီဖုန်းက မဟာအရှင်လုပ်ရန် ကြိုးစားနေသည့်အရာကို ဂရုမစိုက်နိုင်တော့ပေ။ သူက တုံ့ဆိုင်းမနေဘဲ သေခြင်းတရားပျက်သွန်းခြင်းနယ်မြေထဲသို့ ခုန်ဝင်လိုက်သည်။
သူသာ ယခုမတိုက်ခိုက်လျှင် ဓားသွားခွဲထွက်စေခြင်း၏ အချိန်စေ့သွားသည်နှင့် သူက မဟာအရှင်အတွက် ပြိုင်ဘက်မဟုတ်တော့ပေ။
နှစ်ဆယ့်လေးချက် တိုက်ခိုက်မှု …
တစ်ချက်ပြီးတစ်ချက် နေရောင်များက သေခြင်းတရားပျက်သွန်းခြင်း၏ အမှောက်ထုထဲ ပျော်ဝင်သွားသည်။ နောက်စက္ကန့်တွင် ရှီဖုန်းနှင့် သူ၏ ကိုယ်ခွဲက မဟာအရှင်နိုရာကို စုစုပေါင်း နှစ်ဆယ့်လေးကြိမ်တိုက်ခိုက်ခဲ့ရာ တိုက်ကွက်တိုင်းက နိုရာ၏ အားနည်းသည့်နေရာများကို ထိသွားသည်။ ရှီဖုန်း၏ တိုက်ကွက်တစ်ခုခြင်းဆီက အရေးကြီးသည့်နေရာ၌ (-၄၀၀၀၀) ထိခိုက်စေ၏။ ကိုယ်ခွဲအတွက်မှု သူ၏ တိုက်ခိုက်မှုတိုင်းက (-၁၀၀၀၀) ထိခိုက်စေပြီး သေစေနိုင်သည့်နေရာဆိုလျှင် (-၂၀၀၀၀)ထိခိုက်၏။
မျက်တောင်တစ်ခက်အတွင်း တောက်ပနေသည့် အလင်းဓားသွား နှစ်ဆယ့်လေးခုက သုန်မှုန်ခြင်းတောင်ကြားထဲ၌ ပေါ်နေ၏။
နိုရာ၏ ကျန်ရှိသည့် HP ငါးသိန်းက သုညဖြစ်သွားကာ ဂါဂေါ်ရယ်၏ မျက်လုံးထဲတွင် ဒေါသထွက်မှုများ ပြည့်နေပြီး သူ၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ လှဲကျသွားသည်။
ယခုအချိန်တွင် ရှီဖုန်းသည်လည်း ဒူးထောက်နေရပြီဖြစ်ကာ သူ့အသားအရေက သေလောက်အောင် ဖြူလျော့နေသည်။ သူသည် သွေးကန်ထဲ ဒိုင်ပင်ပစ်ထားသည့်အတိုင်းပင် တစ်ကိုယ်လုံးက လက်လက်ဆက်ဆက်သွေးများ လွှမ်းနေ၏။ သူ၏ ကျန်သည့် HP က ငါးရာတောင် မရှိတော့ပေ။