ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 587 မဟာအရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသည့် ရိတ်သိမ်းမှု
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 587 မဟာအရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသည့် ရိတ်သိမ်းမှု
” သူ နိုင်သွားတာလား …”
ရှီဖုန်းကို ကယ်တင်ရန် အချိန်ကို စိတ်ရှည်လက်ရှည်စောင့်စားနေကြသည့် ရေခဲပြာမှော်နှင့် ကျန်သည့်သူများက အံ့သြကာ ဆွံ့အသွားကြသည်။ သူတို့ မြင်နေရသည့်အရာကိုတောင် မယုံနိုင်ဖြစ်နေကြ၏။ ကစားသမားတစ်ယောက်က အဆင့် (၄၀) မဟာအရှင်တစ်ဦးကို အမှန်တကယ်အနိုင်ယူနိုင်ခဲ့သည်။ သူတို့သည် မြေပုံအသစ်များကို စောင့်ကြပ်သူများ ဖြစ်သည်။ မွန်းစတားများကို ကျန်သည့်မာဗာရစ်များ အနိုင်ယူတာ မြင်ခဲ့ဖူးသော်လည်း ၄င်းက ယခင်တုန်းကသာ ဖြစ်၏။
မာဗာရစ်များ တိုက်ခိုက်ခဲ့သည့် မွန်းစတားများသည် အရှင်တစ်ဦးမျှသာဖြစ်သည်။ တစ်ဖက်တွင်မူ မဟာအရှင်က ကွဲပြားခြားနားသည့်အဆင့်တွင် ရှိပေသည်။
မဟာအရှင်နိုရာ၏ နောက်ဆုံးတိုက်ကွက် သေခြင်းတရားပျက်သွန်းခြင်းကို မြင်ပြီးနောက် ထိုအချက်ကို သူတို့ ပိုသေချာသွားသည်။ မဟာအရှင်၏ ကိုက်ငါးဆယ်အတွင်းရှိ အရာအားလုံးက သဲနှင့် အညစ်အကြေးများအဖြစ်ပြောင်းလဲသွားသည်။ ထိုနယ်မြေအတွင်း မည်သည့် သက်ရှိသတ္တဝါမှ မရှင်နိုင်ချေ။
” အဲဒီလူက သိပ်ကို အစွမ်းထက်လွန်းနေတာ မဟုတ်ဘူးလား …။ သူက မဟာအရှင်ရဲ့ နောက်ဆုံးတိုက်ကွက်ကိုတောင် ယှဉ်နိုင်သေးတယ် …။ သူ့ရဲ့ HP နဲ့ ခုခံမှု ဘယ်လောက်မြင့်လည်း ကြည့်အုံး …”
အဆင့် (၂၉) ဒိုင်စစ်သည်တော်တစ်ဦးက ထုတ်ဖော်ပြောလိုက်သည်။
ထိုစဉ်က ဒိုင်းစစ်သည်တော်သည် နိုရာ၏ သာမန်တိုက်ကွက်ကို ခံခဲ့ရစဉ်က ဒိုင်းနံရံဖော်ဆောင်ထားသော်လည်း သူသည် (-၄၀၀၀) ထိခိုက်မှု ရရှိခဲ့၏။ သူ့တွင် ဒိုင်းနံရံ၏ ထိခိုက်မှု လျော့ချသည့် အာနိသင် (၅၀) ရာခိုင်နှုန်းသာ မပိုင်ဆိုင်ခဲ့လျှင် သူတွင် နေရာတွင်ပင် သေလောက်ပြီဖြစ်၏။
ဒိုင်းစစ်သည်တော်နှင့် စောက်ရှောက်သူ သူရဲကောင်းများက ဒိုင်းများ သုံးစွဲကြသည်။ တစ်စုံတစ်ယောက်၏ ဒိုင်းက ကစားသမားတစ်ဦး၏ ခုခံမှုကို တိုးစေရုံသာမက သူတို့သည် ပိတ်ဆို့သည့်နှုန်း တစ်ခုကိုလည်း ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အမျိုးအစားနှစ်ခုသည် အဖွဲ့၏ MT အဖြစ် ဆောင်ရွက်ကြတာဖြစ်သည်။ သို့သော် နိုရာ၏ သေခြင်းတရားပျက်သွန်းခြင်းက သာမန်တိုက်ကွက်မဟုတ်ပေ။ ၄င်းက စွမ်းအားပြင်းသည့် AOE စကေးတစ်ဦးဖြစ်၏။
ထိုသို့တိုင် ရှီဖုန်းက တိုက်ကွက်ကို ခုခံပြီးနောက် အသက်ရှင်နေနိုင်သေးသည်။ သူ၏ ခုခံမှုနှင့် HP ကလည်း မလျော့သွားပေ။ အမှန်တကယ်တွင် ရှီဖုန်းကလည်း မယုံနိုင်ဖြစ်နေ၏။
သူသည် နိုရာ၏ နောက်ဆုံးတိုက်ကွက်ကနေ ရှင်သန်နိုင်လိမ့်မည်ဟု မထင်ထားပေ။ အလွှာနှစ်တားမြစ်စကေး သေခြင်းတရားပျက်သွန်းခြင်း၏ စွမ်းအားက နောက်စရာ မဟုတ်ပေ။ အဆင့်တူ ကစားသမားတစ်ဦးကို ရင်ဆိုင်တိုက်ခိုက်လျှင်တောင် သူတို့ရှင်သန်နိုင်ချေက အလွန်နည်းပါးလွန်း၏။ အသက်ကယ်စကေးကို ထုတ်ဖော်ထားသည့် MT တစ်ဦးဖြစ်နေလျှင်တောင် ရလဒ်က တူညီမှာပဲဖြစ်သည်။
ကောင်းကင်ဘုံနဂါးစွမ်းအားသည် သူ၏ ခုခံမှုနှင့် HP ကို (၃၀၀) ရာခိုင်နှုန်း တိုးပေးသော်လည်း အလွှာနှစ်တားမြစ်စကေးတစ်ခု၏ ယှဉ်ပြိုင်နိုင်စွမ်းက အလွှာသုံးတားမြစ်စကေး၏ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ယှဉ်နိုင်ပေ၏။ သူ့ကဲ့သို့ အလွှာတစ်ကစားသမားတစ်ဦးကို အနိုင်ယူဖို့က နိုရာအတွက် အသေးအမွှားသာ ဖြစ်ပေသည်။ သူတို့ အသက်ရှင်နိုင်ခဲ့လျှင်တောင် အလွှာနှစ်ကစားသမားဆိုလျှင်တောင် ဒုက္ခိတတစ်ယောက် ဖြစ်သွားနိုင်သည်။
ထိုစဉ်က သူသည် HP သုံးသောင်း ကျန်ခဲ့ပြီး အသက်ရှင်ရန် အခွင့်အရေးမရှိတော့တာ ဖြစ်သင့်သည်။ ရှီဖုန်းက သူအခု ဆန်းကျယ်စွာ ရှင်သန်နေရသည်အတွက် အကြောင်းပြချက် တစ်ခုသာ စဉ်းစားမိ၏။
မှော်ခုခံမှု …
သေခြင်းတရားပျက်သွန်းခြင်းက ရုပ်ခန္ဓာနှင့် မှော်ထိခိုက်မှု နှစ်မျိုးလုံးကို ပေါင်းစပ်ထားသော တိုက်ကွက်တစ်ခုဖြစ်ပြီး အဓိကအားဖြင့် မှော်ထိခိုက်မှု ဖြစ်၏။ သူ၏ အဆင့်မြင့် မှော်ခံနိုင်ရည်က တားမြစ်စကေး၏ မှော်ထိခိုက်မှု ပမာဏများစွာကို ချေဖျက်ပေးကာ ရလဒ်အနေဖြင့် သူ ရှင်သန်နေနိုင်ခဲ့တာဖြစ်သည်။
” ခေါင်းဆောင် …။ ကျွန်မတို့ သူ့ကို သွားတွေ့အုံးမှာလား …”
ဆည်းဆာကြာသည် အံ့သြမှင်သက်နေရာမှ သတိပြန်ဝင်လာပြီးနောက် မေးလိုက်၏။
” တွေ့မှာပေါ့ …။ သွားရမှာပေါ့ …။ သူ ဒီလို ဆောင်ရွက်ခဲ့တာကို ငါတို့က မျက်မြင်တွေ့ခဲ့တာပဲ …။ ငါတို့က သူ့ကို သွားပြီး ဂုဏ်မပြုရဘူးလား …”
ယခုအချိန်တွင် ရှီဖုန်းကို ကြည့်နေသည့် ရေခဲပြာမှော်၏ မျက်လုံးထဲ၌ ကြည်ညိုလေးစားမှုများ ပြည့်နေတော့သည်။
သူတို့အဖို့ မဟာအရှင်ဟူသည် ရွေ့လျားနိုင်သည့် တောင်တစ်တောင်ဖြစ်ပေသည်။ နတ်ဘုရားနယ်မြေတစ်လျှောက် ထိုတောင်ကို ကျော်လွှားနိုင်သည့်သူကို ရေခဲပြာမှော် ကြားတောင်မကြားခဲ့ဖူးပေ။ ထိုသို့တိုင် သူတို့ရှေ့ရှိလူက အလွယ်တကူ ချေဖျက်ကာ ယခုအချိန်ထိ မည်သူမှ မပြုလုပ်နိုင်ခဲ့သည့် ဆန်းကျယ်မှုတစ်ခုကို ရရှိခဲ့သည်။
တစ်ဖက်တွင်မူ ရှီဖုန်းက နှေးတိလေးကွေးမနေပေ။ နိုရာကို သတ်ပြီးနောက် ရှီဖုန်း၏ အဆင့် တဟုန်ထိုးတက်သွားကာ အဆင့် (၃၃) ဆီ ရောက်သွားစေပြီး သူ့ကို သိသိသာသာပြန်ကောင်းလာစေ၏။ ခဏအကြာတွင် ရှီဖုန်းက မီးခိုးရောင်အရံအတားကို ပိုင်းဖြတ်မှုအချို့ ပို့လွတ်လိုက်သည်။
ဓားသွားခွဲထွက်စေခြင်းက အာနိသင်ရှိနေဆဲဖြစ်၏။ ထို့ကြောင့် သူ့အဖို့ ဂိတ်နားတစ်ဝိုက် အရံအတားကို ဖျက်ဆီဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
ယခင်က ရှီဖုန်းသည် ရှေးစစ်သည်တော်စကေးများကို အသုံးမပြုခင်တွင် မီးခိုးရောင်အရံအတားများသည် ရှီဖုန်း၏ တိုက်ကွက်များကို ခုခံနိုင်ရုံမျှသာရှိသည်။ ယခုမူ အကြိမ်ရေအနည်းငယ် ဓားဖြင့် လွဲခုတ်ရုံဖြင့် မီးခိုးရောင်အရံအတားက ပြိုကွဲသွားသည်။ အပ်ဖြင့် အဖောက်ခံလိုက်ရသည့် ပူးဖောင်းကဲ့သို့ အရံအတားသည်လည်း ဖောက်ကနဲ့ မြည်သွားကာ တစ်စစီ ပြိုကွဲသွားတော့၏။
ပြီးနောက် ရှီဖုန်းက ခုန်ဝင်ကာ ကျောက်တံခါးမှ အနက်ရောင်သင်ပုန်းကျောက်ပြားနက်ကို ယူလိုက်၏။
” နောက်ဆုံးတော့ ငါ ရသွားပြီ .. ”
ရှီဖုန်းက နတ်ဆိုးရောင်ဝါအလွှာပါးပါး ဝန်းရံထားသည့် အမှောင်ကဏ္ဍ အပိုင်းအခြားကို ကြည့်လိုက်သည်။
အမှောင်ကဏ္ဍ အပိုင်းအခြား မဟူရာရွှေအဆင့်အိုင်တမ်…
အမှောင်ကဏ္ဍ အပိုင်းအခြားသည် ဝိညာဉ်စွမ်းအားဖြင့် တောက်ပသည်။ ခိုနားရာ ဂေဟာ၏ တံခါးစောင့်ဆီ ၄င်းကို ပေးခဲ့ပါက ဂေဟာ၏ စွမ်းရည်က တိုးတက်သွားမည်ဖြစ်ကာ အမှောင်ထုကဏ္ဍ အပိုင်းအခြား၏ စွမ်းရည်ကို အသက်သွင်းနိုင်မည်ဖြစ်သည်။
ပြီးနောက် ရှီဖုန်းက အမှောင်ထုကဏ္ဍ အပိုင်းအခြားကို စိတ်ကျေနပ်စွာ သိမ်းလိုက်၏။
ယခုအချိန်တွင် သူက အမှောင်ထုကဏ္ဍ အပိုင်းအခြားကို ရခဲ့ပြီဖြစ်၏။ ဤနေရာရှိ သူ့တာဝန်က ပြီးမြောက်သွားပြီဖြစ်သည်။ ကျန်ရှိသည်က မဟာအရှင်နိုရာထံမှ ကျလာသည့် ပစ္စည်းများကို သိမ်းရန်သာဖြစ်သည်။
ရှီဖုန်းသည် နိုရာ၏ ခန္ဓာကိုယ်အလောင်းရှေ့ရောက်သည့်အချိန်၌ ဓားသွားခွဲထွက်စေခြင်း၏ အာနိသင်က အဆုံးသတ်သွားပြီဖြစ်သည်။ ရုတ်တရက်တွင် သူ့တစ်ကိုယ်လုံးက ခွန်အားများဆုံးရှုံးသွားကာ ခြေထောက်များက လေးလံနေတော့၏။ သူ၏ အရည်အချင်းများသည်လည်း (၈၀) ရာခိုင်နှုန်း လျော့ချခံထားရသည်။ ယခုအချိန်တွင် သူက သာမန်ကစားသမားတစ်ယောက်လောက်တောင် အားမကောင်းတော့ပေ။
” ရှေးစစ်သည်တော် အာနိသင်နှစ်ဆကို အသုံးပြုပြီးတဲ့ တန်ပြန်အာနိသင်က ပြင်းထန်လိုက်တာ …။ ငါ့ရဲ့ စိတ်စွမ်းအားတောင် ကုန်လုနီးပါးပဲ …”
ရှီဖုန်းက ခေါင်းကိုက်လာတော့သည်။ သူက လဲချပြီး အိပ်ချင်သွားသည်။ မဟာအရှင်၏ ပစ္စည်းများသာ ရှိမနေလျှင် သူက ဂိမ်းထဲမှ ထွက်ပြီး ချက်ချင်းအနားယူမှာဖြစ်သည်။
နိုရာက သုံးထပ်တိုက် အဆောက်အဦးနီးပါး အရပ်မြင့်ပေသည်။ ရှီဖုန်းက ဂါဂေါ်ရယ်ကို မသတ်ဖြတ်ခင် နတ်ဘုရားစောက်ရှောက်မှုကို အသက်သွင်းခဲ့သော်ငြား ချက်ကောင်းကို မထိသေးပေ။ နိုရာ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပစ္စည်းများစွာ ရှိမနေဘဲ ဆန့်ကျင်ဘက်အနေဖြင့် ရှီဖုန်းက နိုရာနား၌ အိုင်တမ်ခြောက်မျိုးသာ မြင်ခဲ့သည်။
” မဟူရာသားရဲတွင်းထဲက မွန်းစတားတွေအားလုံးက ဒီလောက်ကပ်စေးနည်းတဲ့လား …”
ရှီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
သူသည် မဟူရာသာရဲတွင်း အပြင်ဘက်ရှိ မဟာအရှင်တစ်ဦးကို သတ်ဖြတ်ခဲ့ပါက မွန်းစတားတစ်ကောင်သည် အနည်းဆုံး အိုင်တမ်ဆယ်ခုကျော် ကျမှာဖြစ်သည်။
နတ်ဘုရားစောက်ရှောက်မှုသည် မဟာအရှင်ထံမှ အချီကြီးပွစေရန် မမျှော်လင့်ထားသော်လည်း ထိုမျှ စုပ်ပြတ်နုံချာနေရန် လိုပါသည်လား။ သူသည် ပြဿနာအားလုံးကို ရင်ဆိုင်ဖြေရှင်းပြီးနောက် အိုင်တမ်ခြောက်ခုသာ ရခဲ့သည်။
ပြီးနောက် ရှီဖုန်းက အိုင်တမ်များ တစ်ခုပြီးတစ်ခု ကောက်ယူလိုက်၏။
အိုင်တမ်တစ်ခုခြင်းဆီကို ရှီဖုန်းက ကောက်ယူပြီးနောက် သူ့နှလုံးသားထဲ အေးစက်မှုက ပိုကြီးထွားလာတော့သည်။ သူသည် ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ကောင်းကင်ဘုံက ပေးသည့်အခွင့်အရေးတစ်ခုကို ကြုံတွေခဲ့တာဖြစ်သည်။ အဆုံးတွင် ဒါတွေအားလုံးက သူပြန်ရတာတဲ့လား။
သူကောက်ယူပြီးသည့် အိုင်တမ်သုံးခုက အဆင့် (၄၀) မဟူရာရွှေချပ်ဝတ်တန်ဆာအပိုင်းအစများဖြစ်သည်။ မည်သည့်အပိုင်းအစကမှ အစုံချပ်ဝတ်တန်ဆာမဟုတ်။ လက်နက်ဆိုလျှင် ထည့်ပြောရန်တောင် မလိုချေ။
ရှီဖုန်းက ပဉ္စမမြောက်အိုင်တမ်ကို စုဆောင်းသည့်အချိန်တွင် သူက ရုတ်တရက် အံ့သြမှင်သက်သွားသည်။
” ပို့ဆောင်ရေး မှော်အစီအရင်ဒီဇိုင်း …”
ထိုအိုင်တမ်ကို မြင်သောအခါ ရှီဖုန်းက ရွှေတောင်ကြီးမြင်သလို စတင်မြင်လာသည်။
မဟူရာသားရဲတွင်းထဲရှိ ကစားသမားများသည် ခြေလျင်ဖြင့်သာ သွားကြပြီး ပို့ဆောင်ရေးအစီအရင်များဖြင့် မရင်းနှီးကြပေ။ သို့သော် သားရဲတွင်း အပြင်ဘက်ရှိ ကစားသမားများကမူ ထိုသဘောတရားကို အတော်လေးရင်းနှီးကြသည်။
ဆိုရလျှင် မဟူရာသားရဲတွင်း အပြင်ဘက်ရှိ ကစားသမားများသည် မွန်းစတားများကို ချေမုန်းတိုက်ခိုက်ရန် ဝေးကွာသည့် မြေပုံများကို သွားသည့်အချိန်တွင် သူတို့က အချိန်ကုန်သက်သာစေရန် ပို့ဆောင်ရေးအစီအရင်းများကို အသုံးပြုကြသည်။
သို့သော် ပို့ဆောင်ရေး အစီအရင်များကကစားသမားတစ်ဦးကို နတ်ဘုရားနယ်မြေ၏ နေရာတိုင်း မပို့ပေးနိုင်ပေ။ နတ်ဘုရားနယ်မြေထဲရှိ နေရာအများစုက ပို့ဆောင်ရေးအစီအရင် မပိုင်ဆိုင်ထားပေ။ ထိုကဲ့သို့သော နေရာများအတွက် ကစားသမားများသည် အနီးဆုံးမြေပုံဆီသို့သာ သွားနိုင်ပြီး ကျန်သည့်နေရာကို ခြေလျင်ဆက်ရတော့၏။ ထိုသို့တိုင် သူတို့က အချိန်များစွာ ကုန်ဆုံးသေးသည်။
ယခုအချိန်တွင် ပို့ဆောင်ရေးမှော်အစီအရင်က ပြဿနာကို အလွယ်တကူ ရှင်းပေးနိုင်ပြီဖြစ်သည်။
တစ်စုံတစ်ယောက်က တိကျသည့် ပမာဏ ရရှိပြီး စီးနင်းတိုက်ခိုက်သည့်နေရာတွင် ပို့ဆောင်ရေးမှော်အစီအရင်တစ်ခုကို တည်ဆောက်ထားသည်နှင့် ကစားသမားများသည် ထိုနေရာသို့ အလွယ်တကူသွားနိုင်မှာဖြစ်သည်။
ပို့ဆောင်ရေးခန်းမထဲတွင် အလွယ်တကူရှာတွေ့နိုင်သည့် ပို့ဆောင်ရေးမှော်အစီအရင်များနှင့် မတူပေ။ ၄င်းတို့က မြို့ကြီးများအတွင်း သွားလာနိုင်သည့် ပို့ဆောင်ရေးအစီအရင်များဖြစ်ကာ အရိုးရှင်းဆုံးဗားရှင်းဖြစ်ကြသည်။ သူတို့က တစ်နေရာမှ တစ်နေရာသို့ သွားနိုင်သည့် ပို့ဆောင်ရေးအစီအရင်များသာဖြစ်၏။ ထိုပို့ဆောင်ရေးအစီအရင်များက နေရာနှစ်ခုကြားထဲသာ သွာလာခွင့်ရှိသည်။ ထိုသို့တိုင် အစည်းအရုံးများစွာက ၄င်းကို ရရှိရန် အိပ်မက်မက်နေကြဆဲဖြစ်၏။
ပို့ဆောင်ရေးမှော်အစီအရင်ဒီဇိုင်းများက ရရှိရန် မလွယ်ကူပေ။ ပုံမှန်ဆို မဟာအရှင် သို့မဟုတ် မဟာအရှင်အထက် မွန်းစတားများဆီမှသာ ကျကြသည်။ ထိုအပြင် သူတို့အိုင်တမ်ကျသည့်နှုန်းက အင်မတန်နိမ့်၏။ မဟာအရှင်အကောင်တစ်ရာကို သတ်ပြီးနောက် ဒီဇိုင်းတစ်ခု ရမည်ဆိုတာ မသေချာပေ။
ဈေးကွက်ထဲတွင် ပို့ဆောင်ရေးမှော်အစီအရင်ဒီဇိုင်းတစ်ခုက အံ့ဖွယ်အိုင်တမ် ဆယ်ခုကျော်တန်ပေသည်။ ၄င်း၏ တန်ဖိုးက ဒဏ္ဍာရီလာ အပိုင်းအစထက်မနည်းပေ။ သို့သော် ပို့ဆောင်ရေးမှော်အစီအရင်ကို ရသောအခါ မည်သူကမှ ရောင်းချလောက်သည်အထိ မရူးမိုက်ကြပေ။ ထိုသို့သော ဗျူဟာအဆင့် အိုင်တမ်အတွက် မည်သည့်ကစားသမားများကမှ အံ့ဖွယ်အိုင်တမ် နှစ်ဆယ်၊ သုံးဆယ်ရမည်ဆိုလျှင်တောင် လှဲလှယ်ရန် ဆန္ဒရှိမှာ မဟုတ်ပေ။
အံ့ဖွယ်အိုင်တမ်၏ အဆင့်အလိုက် သူတို့သည် အချိန်ကြာလာလျှင် ၄င်း၏ တန်ဖိုးဆုံးရှုံးသွားမှာဖြစ်သည်။ သို့သော် ပို့ဆောင်ရေးမှော်အစီအရင်ဒီဇိုင်းများကမူ ထိုကဲ့သို့သော ပြဿနာရှိလာမှာ မဟုတ်ပေ။ အတိတ်တုန်းက နတ်ဘုရားနယ်မြေက ဆယ်စုနှစ်တစ်ခုကြာပြီးသည့်တိုင် ထိုပဲပန်းဒီဇိုင်းများက မနှိုင်းယှဉ်သာသည့် တန်ဖိုးတွင် ရှိနေဆဲဖြစ်၏။ သူတို့သည် ဂိမ်းထဲရှိ အခြားအိုင်တမ်များထက် သူတို့၏ တန်ဖိုးကို ထိန်းသိမ်းရာတွင် ပိုတော်ပေ၏။