ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 588 စနစ် အဆင့်မြင့်တင်ခြင်း
” ငါရဲ့ အားစိုက်ထုတ်မှုက အချည်းအနှီး မဖြစ်ဘူးပဲ …”
ရှီဖုန်းက သက်ပြင်းချပြီးနောက် ပို့ဆောင်ရေးမှော်အစီအရင် ဒီဇိုင်းကို သိမ်းလိုက်သည်။ ထိုမှော်အစီအရင်ဒီဇိုင်းက သူကြိုးစားအားထုတ်မှုများအားလုံးနှင့် ထိုက်တန်ပေသည်။ ယခုအခေါက် အမှောင်သားရဲတွင်းသို့ လာရောက်ခြင်းက ဖြုန်းတီးရာမရောက်ခဲ့ပေ။ အံ့ဖွယ်ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခုက ကစားသမာတစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားကို တိုးတက်စေချိန်တွင် ပို့ဆောင်ရေးမှော်အစီအရင်ဒီဇိုင်းတစ်ခုက အစည်းအရုံးတစ်ခုလုံးကို တိုးတက်စေ၏။
ကစားသမားများသည် ပိုမြင့်သည့်အဆင့်သို့ ရောက်ချိန်တွင် သူတို့သည် မြို့များကနေ ဝေးလန်းသည့် မြေပုံများဆီသို့ သွားရသည်။ လက်ရှိတွင် ကစားသမားများက အဆင့် (၃၀) ဝန်းကျင်မြေပုံများကိုသာ သွားလာနိုင်ပြီး မြို့ထဲရှိ ပို့ဆောင်ရေးအစီအရင်များကို အသုံးပြုပြီးနောက် အချိန်ကုန်မှာကို လျော့ချကြ၏။ သို့သော် အဆင့် (၃၅) သို့ရောက်ပြီးချိန်၌ အစီအရင်များက မရှိပေ။ ကစားသမားများသည် သူတို့သွားလိုသည့်နေရာသို့ သွားရန်အတွက် အနည်းဆုံးမြေပုံတစ်ခုလုံးကို ဖြတ်ပြေးရန် လိုအပ်ပေသည်။
ကစားသမားများက မနားမနေ သူတို့လမ်းခရီးတွင် မည်သည့်မွန်းစတားမှ မတွေ့လျှင်တောင် ကစားသမားများ၏ လက်ရှိအဆင့်ဖြင့် သူတို့က မြေပုံတစ်ခုကို ဖြတ်ကျော်ရန် အနည်းဆုံး သုံးနာရီခန့် အချိန်ယူရမှာဖြစ်သည်။ ထို့အပြင် မြေပုံက အဆင့်ပိုမြင့်လေ ၄င်းက ပိုကြီးလေဖြစ်၏။ ခရီးသွားသည့် အချိန်ကလည်း ပိုကြာလာမှာ ဖြစ်သည်။
ထို့ကြောင့်ကစားသမားများသည့် အဆင့် (၃၅) သို့ရောက်ပြီးနောက် သူတို့မြို့များသို့ နှစ်ရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ်သာ ပြန်လေ့ရှိကြသည်။ သူတို့၏ အိုင်တမ်များ ကုန်ဆုံးပြီး မောပန်သွားချိန် သို့မဟုတ် ချပ်ဝတ်တန်ဆာများ ပြန်ပြင်ရန် လိုအပ်သည့်အချိန်မှသာလျှင် ပြန်လာလေ့ရှိကြသည်။
ပို့ဆောင်ရေးအစီအရင်ဖြင့် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက သူတို့ဆန္ဒရှိသည့်အချိန်တိုင်း မြို့ပြင် သို့မဟုတ် ကွင်းပြင်ထဲသို့ သွားနိုင်ကာ အချိန်ကုန်သက်သာမည်ဖြစ်သည်။ တစ်ညလုံး စောင့်ကြပ်နေစရာလည်း မလိုပေ။ သူတို့က အစည်းအရုံးဂေဟာသို့ အလွယ်တကူပြန်နိုင်၏။ ထိုနည်းဖြင့် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များသည် ပိုအကျိုးရှိရှိ ရိတ်သိမ်းနိုင်မည်ဖြစ်ကာ သူတို့နှင့် ကျန်သည့်အစည်းအရုံးများကြားရှိ ကွာဟချက်က ပိုကြီးလာမှာဖြစ်၏။
ရှီဖုန်းက နိုရာကျခဲ့သည့် နောက်ဆုံးအိုင်တမ်ကို ယူကြည့်လိုက်သည်။ နောက်ဆုံးအိုင်တမ်က ၄င်း၏ သတ္ထုပေါ်၌ ရှုပ်ထွေးသည့် ရုမ်းများစွာ ထွင်းထုထားသည့် မဟူရာရွှေဝီစီတစ်ခုဖြစ်သည်။
” ခင်းကျင်းမှုတစ်ခု …”
ရှီဖုန်းသည် ထိုဝီစီကို မြင်သောအခါ ပိုတောင်ထိတ်လန့်သွားသည်။
ခင်းကျင်းမှုများသည် နတ်ဘုရားနယ်မြေထဲရှိ ပို့ဆောင်ရေးများထဲမှ တစ်ခုဖြစ်သည်။ ဆိုရလျှင် နတ်ဘုရားနယ်မြေက ကျယ်ပြောလွန်း၏။ တစ်နေရာမှ တစ်နေရာသွားလာရန်အတွက် ၄င်းက အချိန်ကုန်လူပင်ပန်းရုံသာမက ကစားသမားများသည်လည်း ခရီးစရိတ်ပေးရသေးသည်။ ထို့ကြောင့် ခင်းကျင်းမှုများ၏ အခန်းကဏ္ဍက ရောက်လာပေသည်။
ရှီဖုန်းက ခင်ကျင်းမှုများနှင့် မစိမ်းသက်ပေ။ အတိတ်တုန်းက ဒုတိယတန်းအစည်းအရုံးတစ်ခု၏ အစည်းအရုံးခေါင်းဆောင်အနေဖြင့် သူသည် ခင်းကျင်းမှုများစွာကို ရွေးချယ်ခဲ့ဖူးသည်။ သို့သော် သူ လက်ရှိတွင် ရထားသည့် ခင်းကျင်းမှုက အတိတ်တုန်းကနှင့် မတူပေ။ ၄င်းက မဟူရာရွှေခင်းကျင်းမှုတစ်ခုဖြစ်၏။
နတ်ဘုရားနယ်မြေထဲတွင် ချပ်ဝတ်တန်ဆာကဲ့သို့ပင် ခင်းကျင်းမှုများကို ကွဲပြားသည့်အဆင့် သတ်မှတ်နိုင်သည်။ ၄င်းတို့က သာမန်ကြေးနီ၊ ဆန်းကျယ်သံမဏိ၊ လျှို့ဝှက်ငွေ၊ ရွှေစင်၊ မဟူရာရွှေ၊ အံ့ဖွယ်နှင့် ဒဏ္ဍာရီလာအဆင့်တောင် ရှိပေသည်။
ခင်းကျင်းမှုများ၏ ကွဲပြားခြားနားသည့် အရည်အသွေးက အမျိုးမျိုးသော အရည်အချင်းကို ပိုင်ဆိုင်ကြသည်။ သာမန်ခင်းကျင်းမှုက ပို့ဆောင်ရေးအတွက်သာ အသုံးပြုနိုင်ပြီး သူတို့က ထပ်တိုးလှုပ်ရှားမှုအရှိန်ကို (၁၀၀) ရာခိုင်နှုန်း ထောက်ပံ့ပေးတာဖြစ်သည်။ တစ်နည်းဆိုရလျှင် နှစ်နာရီဖြင့် အချိန်ယူရမည့်ခရီးက တစ်နာရီသာ ကြာမှာဖြစ်ပြီး ကစားသမားများအချိန်ကုန်သက်သာမှာဖြစ်သည်။ ကစားသမားများသည် တိကျသည့်အဆင့်တစ်ခုသို့ ရောက်သည်နှင့် သူတို့က မြို့များသို့ သွားရောက်ပြီး သာမန်အခင်းအကျင်းအများစုကို ဝယ်နိုင်ကြသည်။
ကြေးနီအခင်းအကျင်းများက အနည်းငယ်ပိုရှားပါးသည်။ ၄င်းတို့က ပို့ဆောင်ရေးအတွက် အသုံးပြုနိုင်ရုံသာမက တိုက်ခိုက်ရေးစွမ်းရည်တစ်ချို့လည်း ပိုင်ဆိုင်ထားသည်။ သူတို့က ထပ်တိုးလှုပ်ရှားမှုအရှိန် (၁၂၀) ရာခိုင်နှုန်း ထောက်ပံ့ပေး၏။ ကြေးနီအခင်းအကျင်းများက မြို့ထဲတွင် ဝယ်ယူ၍ မရနိုင်ဘဲ အဆင့်မြင့် ရှားပါးသည့်တာဝန်များ၊ ဧရိယာကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ခြင်း သို့မဟုတ် ကစားသမားတစ်ဦး၏ ဂုဏ်သတင်းမှတ်က တိကျသည့်စွမ်းအားဖြင့် ထူးခြားသည့်အဆင့်တစ်ခုသို့ ရောက်မှသာလျှင် ရနိုင်ပေ၏။ သာမန်ကစားသမားများအဖို့ ကြေးနီအခင်းအကျင်းများကိုရရန် အင်မတန်ခက်ခဲသည်။
ဆန်းကျယ်သံမဏိအခင်းအကျင်းများအတွက်မူ သူတို့၏ တိုက်ခိုက်မှုအရည်အချင်းက သိသိသာသာတိုးတက်လာပြီး ကစားသမားများအတွက် အိုင်တမ်များလည်း သယ်ဆောင်ပေးနိုင်ကာ ကစားသမားများ၏ ရွေ့လျားနိုင်သောအိတ်အဖြစ် တာဝန်ထမ်းဆောင်ပေးသည်။ အခင်းအကျင်းများကလည်း ကစားသမား၏ လှုပ်ရှားမှုအရှိန်ကို (၁၅၀) ရာခိုင်နှုန်း တိုးမြင့်ပေး၏။ ထိုကဲ့သို့ အခင်းအကျင်းများက စူပါရှားပါးသည့် တာဝန်များမှ သို့မဟုတ် ပစ္စည်းကျမှုနိမ့်သည့် ကြီးမားသည့်အဖွဲ့လိုက်မြေအောက်စခန်းများမှ ရနိုင်သည်။
လျှို့ဝှက်ငွေအခင်းအကျင်းများက အလွန်ရှားပါးသည်။ သူတို့က သန်မာသည့်တိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်ရုံသာမက ကစားသမားများကို ခုခံရာတွင် ထောက်ပံ့ပေးနိုင်သည်။ အထူးစကေးတစ်ချို့ကိုလည်း ပိုင်ဆိုင်ထားသည်။ သူတို့က ဆန်းကျယ်သံမဏိအခင်းအကျင်းများထက် အိုင်တမ်များပိုသယ်ပေးနိုင်ပြီး လှုပ်ရှားသည့်အရှိန်က (၁၈၀) ရာခိုင်နှုန်း ထောက်ပံ့ပေးသည်။ သူတို့က မဟူရာရွှေချပ်ဝတ်တန်ဆာ၏ အပိုင်းအစများစွာထက်တောင် ပိုရှားသေး၏။
ရွှေစင်အခင်းအကျင်းများက ဖီးနစ်ငှက်မွှေးကဲ့သို့ပင် ရှားပါးလွန်း၏။ အစည်းအရုံးကြီးများက အစည်းအရုံးခေါင်းဆောင်တွင်တောင် တစ်ခုမရှိနိုင်ပေ။ ရွှေစင်အခင်းအကျင်း၏ ခွန်အားက အထူးလက်ရွေးစဉ်နှင့် ညီမျှပြီး ၄င်းက လှုပ်ရှားမှုအရှိန် (၂၂၀) ရာခိုင်နှုန်း ထောက်ပံ့ပေးသည်။ ရွှေစင်အခင်းအကျင်းတစ်ခု၏ ရှားပါးမှုက အံ့ဖွယ်အိုင်တမ်နှစ်ခု၊ သုံးခုထက် မနည်းပေ။
မဟူရာရွှေအခင်းအကျင်းများက ပိုတောင်အထင်ကြီးဖွယ်ကောင်းပေသည်။ အခင်းအကျင်းကိုယ်တိုင်က အဆင့်တူ မျိုးနွယ်စုအကြီးအကဲနှင့် ညီမျှနေပြီဖြစ်သည်။ ထို့အပြင် ၄င်းက သာမန်မျိုးနွယ်စုအကြီးအကဲထက်တောင် ပိုသန်မာသည့် အထူးစကေးများရှိသည်။ လှုပ်ရှားမှုအရှိန်အတွက်မူ မဟူရာရွှေအခင်းအကျင်းက (၂၈၀) ရာခိုင်နှုန်း ထောက်ပံ့ပေးသည်။
အတိတ်တုန်းက ရှီဖုန်း ရရှိခဲ့သည့် အကောင်းဆုံးအခင်းအကျင်းက ရွှေစင်အခင်းအကျင်းသာဖြစ်သည်။ သူသည် မဟာအရှင်တစ်ဦးကို သတ်ဖြတ်ခြင်းမှ မဟူရာရွှေအခင်းအကျင်းတစ်ခုကို အမှန်ရလိမ့်မည်ဟု မထင်ထားပေ။ သူ၏ ကံက မယုံနိုင်စရာ ကောင်းလှသည်။
ဘိုးဘေးအရှင်များတောင် မဟူရာရွှေအခင်းအကျင်းကျရန် အခွင့်အရေးက အင်မတန်နိမ့်သည်။ မဟာအရှင်များမှ အိုင်တမ်ကျသည့်နှုန်းက သုညဖြစ်လောက်ပေ၏။ မဟာအရှင် တံခါးစောင့်ကို သတ်ဖြတ်ခြင်းအတွက် ၄င်းက စနစ်က ဆုပေးသည့်အိုင်တမ် ဖြစ်လောက်သည်။ ရှီဖုန်းက ပျော်ရွင်သွားပြီးနောက် သူ့လက်ရှိ မဟူရာရွှေဝီစီကို ကြည့်လိုက်၏။
နတ်ဘုရားနယ်မြေထဲတွင် ကစားသမားများက အဆင့် (၄၀) သို့ ရောက်သည်နှင့် မြို့များတွင် အခင်းအကျင်များကို ဝယ်နိုင်ပြီဖြစ်သည်။ ရှီဖုန်းသည့် အစက ရှားပါးသည့်တာဝန်တစ်ချို့ကို ပြီးမြောက်အောင် ပြုလုပ်ပြီး အဆင့် (၄၀) သို့ ရောက်သည်နှင့် ဆန်းကျယ်သံမဏိအခင်းအကျင်းတစ်ခုဝယ်ရန် စဉ်းစားထားတာဖြစ်သည်။ သို့သော် မလိုအပ်တော့ပုံပေ။
မဟူရာရွှေအခင်းအကျင်းဖြင့် သူသည် ယခုဆို လေစီးနင်းခြင်းကို အသက်သွင်းစဉ်ကထက်တောင် ပိုမြင့်လာမှာဖြစ်သည်။ ထို့အပြင် လေစီးနင်းခြင်းက အချိန်အကန့်အသတ်ရှိပြီး မဟူရာရွှေအခင်းအကျင်းက အချိန်အကန့်အသတ်မရှိပေ။ ထို့အပြင် မဟူရာရွှေအခင်းအကျင်းက သိသာသည့် တိုက်ပွဲဝင်စွမ်းအားနှင့် အထူးစကေးများ ပိုင်ဆိုင်ထားသည်။ ဆိုရလျှင် ကွင်းပြင်ထဲ၌ မဟူရာရွှေအခင်းအကျင်းက အံ့ဖွယ်အိုင်တမ်ထက် ပိုအသုံးဝင်ပေသည်။
ကံဆိုးတာက ငါ အဆင့် (၄၀) ရောက်ဖို့ အချိန်ယူရဦးမယ်။
မဟူရာရွှေအခင်းအကျင်းတစ်ခု မည်မျှအားကောင်းကြောင်း ရှီဖုန်းတွေးမိချိန်တွင် သူက သူ၏ ဤအခင်းအကျင်းကို ဝတ်ဆင်နိုင်မည့်နေ့တစ်နေ့ကို မျှော်တွေးလိုက်မိသည်။
နတ်ဘုရားနယ်မြေထဲရှိ အခင်းအကျင်းများက မပြောင်းလဲတတ်တာ မဟုတ်ပေ။ သူတို့ကို သေချာပြုစုပျိုးထောင်လျှင် ပိုသန်မာလာနိုင်သည်။ အစတွင် ကြေးနီနှင့် ဆန်းကျယ်သံမဏိအခင်းအကျင်းများက အဆင့်တူ သာမန်မွန်းစတားနှင့် ညီမျှသည့် တိုက်ပွဲဝင်စွမ်းအားသာ ပိုင်ဆိုင်ရုံရှိသည်။ သို့သော် ဂရုတစိုက်ပြုစုပျိုးထောင်ပြီးနောက် ၄င်းက သူတို့၏ တိုက်ပွဲဝင်စွမ်းအားကို လက်ရွေးစဉ် သို့မဟုတ် အထူးလက်ရွေးစဉ်အဆင့်ထိ မြင့်တင်ဖို့က မဖြစ်နိုင်တာ မဟုတ်ပေ။ ပုံမှန်ဆို မဟူရာရွှေအခင်းအကျင်းများက ပိုတောင် အလားအလာကောင်းသေး၏။ သူတို့မွေးဖွားချိန်မှစကာ သူတို့သည် အဆင့်တူ မျိုးနွယ်စုအကြီးအကဲများကဲ့သို့ သန်မာနေပြီဖြစ်၏။ သေချာပြုစုပျိုးထောင်ပြီးနောက် သူတို့က အရှင် သို့မဟုတ် အဆင့်မြင့်အရှင်တောင် အလွယ်တကူဖြစ်လာနိုင်သည်။
အတိတ်တုန်းက ရှီဖုန်းသည် ကြွယ်ဝချမ်းသာသည့် ကစားသမားများနှင့် ပထမတန်းအစည်းအရုံးများ၏ အထက်အရာရှိများ လမ်းပေါ်၌ သူတို့အရှင်အဆင့်အခင်းအကျင်းများကို သုံးတာကိုတွေ့ရသည်။ ၄င်းက ကစားသမားအများစုကို စွဲဆောင်နိုင်ပြီး ထိတ်လန့်စေ၏။ အပြင်ကမ္ဘာရှိ ဇိမ်ခံကားများနှင့် ယှဉ်လျှင် ထိုအခင်းအကျင်းများက အဆပေါင်းများစွာ ပိုအထင်ကြီးဖွယ်ကောင်းသည်။
အရှင်အဆင့်မွန်းစတားများက အယာက်နှစ်ဆယ်အဖွဲ့လိုက်မြေအောက်စခန်းထဲတွင် ဘော့စ်များဖြစ်ကြသည်။ တစ်စုံတစ်ယောက်က ထိုကဲ့သို့ မွန်းစတားတစ်ကောင်ကို စီးနိုင်ပါက ၄င်းသည် မည်ကဲ့သို့ ဟန့်တားသည့်အရာဖြစ်မှန်း မှန်းဆနိုင်ပေသည်။
ရှီဖုန်းက သူ၏ မဟူရာရွှေအခင်းအကျင်းကို အဆင့်မြင့်အရှင် လျင်မြန်စွာ ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ခဲ့လျှင် သူ၏ တိုက်ပွဲဝင်စွမ်းအားက သိသိသာသာတိုးတက်လာမှာဖြစ်သည်။
ရှီဖုန်းက မဟူရာရွှေဝီစီကို သိုလှောင်ပြီး လှည့်ထွက်သွားမည့်အချိန်၌ စနစ်မှအသိပေးသံက နားထဲရုတ်တရက်ဝင်လာသည်။
စနစ် : အသိပေးချက်
နတ်ဘုရားနယ်မြေသည် စနစ်အဆင့်မြင့်တင်မှု စတင်တော့မှာဖြစ်သည်။ စနစ်အဆင့် မြင့်တင်မှုသည် အပြင်ကမ္ဘာ၏အချိန် ဆယ်နာရီခန့် လိုအပ်သည်။ ကစားသမားများအားလုံးသည် ဆယ်မီနစ်အတွင်း ဂိမ်းထဲမှထွက်ရမှာဖြစ်သည်။
” ဘာကြောင့် တတိယမြောက် ဆင့်ကဲပြောင်းလဲမှုက ဒီလောက်မြန်မြန်စရတာလဲ …”
ရှီဖုန်းက ဆွံ့သွားသည်။
” ကစားသမားတွေက ပထမဆုံး အယောက်တစ်ရာ အဖွဲ့လိုက်မြေအောက်စခန်းကို အောင်နိုင်ပြီးမှ စသင့်တာ မဟုတ်ဘူးလား …။ အဖွဲ့တစ်ဖွဲ့ကများ တစ်ခုကို အောင်မြင်သွားလို့လား …”
အတိတ်တုန်းက နတ်ဘုရားနယ်မြေ၏ တတိယမြောက်ဆင့်ကဲပြောင်းလဲမှုသည် ဂိမ်းကို သက်ရောက်မှုအများဆုံး ဖြစ်စေခဲ့သည်။
ထို့ကြောင့်ပင် ရှီဖုန်းက အယောက်တစ်ရာအဖွဲ့လိုက် မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ရန် တစ်ချိန်လုံးမလောတာ အကြောင်းပြချက်နှစ်ခုရှိသည်။ ပထမအချက်က သူသည် လုံလောက်သည့်ခွန်အား မရှိသေးသောကြောင့်ဖြစ်သည်။ ဒုတိယအချက်က တတိယမြောက်ဆင့်ကဲပြောင်းလဲမှု၏ သက်ရောက်မှုက ကြီးမားလွန်းသည်။ သူက အသာစီးရနိုင်သည့်အရာ မဟုတ်ပေ။
၄င်းက မမှန်သေးပေ။ အယောက်တစ်ရာအဖွဲ့လိုက် မြေအောက်စခန်းကို စီးနင်းတိုက်ခိုက်ဖို့က လူတိုင်းအတွက် ဖြစ်နိုင်သည့်အရာ မဟုတ်သေးပေ။ ထိုသို့ ပြုလုပ်ရန်အတွက် ကစားသမားများသည်အဆင့် (၃၀) ထိ ရောက်ရှိပြီး သူတို့၏ အလွှာတစ်အမျိုးအစားများကိုရရှိကာ အလွှာတစ်အမျိုးအစား၏ အထွဠ်အထိပ်တိုက်ပွဲဝင်စွမ်းအားကို ရရှိထားရမှာဖြစ်သည်။ သို့သော် ထိုသို့ အခြေအနေများနှင့် ပြည့်စုံလျှင်တောင် အောင်မြင်နိုင်ချေက (၂၀) ရာခိုင်နှုန်းထက် မပိုပေ။ အနည်းဆုံးတော့ အဖွဲ့တစ်ဖွဲ့သည် ဝတ်စုံပြည့် ဝတ်ဆင်ထားရန်လိုအပ်သည်။ သို့မှသာ (၃၀) ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်း အောင်မြင်နိုင်ချေရှိတာဖြစ်၏။
ရှီဖုန်းက ခေါင်းခါပြီးနောက် ထိုဖြစ်နိုင်ချေကို ချက်ချင်းဖယ်ရှားလိုက်သည်။
လက်ရှိမှာ အမျိုးမျိုးသော အစည်းအရုံးတွေအားလုံးက အယောက်ငါးဆယ် အဖွဲ့လိုက်မြေအောက်စခန်းကို အောင်နိုင်ဖို့ကြိုးစားနေသေးတုန်းပဲ။ သူတို့က အယောက်တစ်ရာအဖွဲ့လိုက် မြေအောက်စခန်းကို အောင်အောင်မြင်မြင် ဘယ်လိုလုပ်ရိတ်သိမ်းနိုင်မှာလဲ။
ယခုတစ်ခေါက် ဆင့်ကဲပြောင်းလဲမှုက သူ၏ အစီအစဉ်ကို ကြီးကြီးမားမားသိပ်မဖြစ်ကြောင်း ရှီဖုန်း ဝန်ခံရမည်ဖြစ်သည်။