ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 592 ကစားသမားများ၏ တစ်ပန်းသာမှု
ခေါင်းဆောင်ကို ဖျက်ဆီးလိုက်သည်နှင့် အဖွဲ့က ပြိုလဲသွားမှာဖြစ်သည်။ ၄င်းက စစ်ပွဲတစ်ပွဲ၏ ဥပဒေသတစ်ခုဖြစ်သည်။
လက်ရွေးစဉ်အဆင့် နတ်ဆိုးအလင်းခွေးအများက တိုက်ပွဲကွင်းပြင်ထဲရှိ စစ်သားများကဲ့သို့ပင် မျိုးနွယ်စုအကြီးအကဲအဆင့် နတ်ဆိုးခွေးအနက်များက သူတို့၏ အပြုအမူများကို အပြည့်အဝဖော်ဆောင်ကြသည်။ ရှီဖုန်းက နတ်ဆိုးခွေးအနက်များကို လျင်မြန်စွာအနိုင်ယူနိုင်သရွေ့ ထိုအဖွဲ့၏ ရက်စက်သော တိုက်ခိုက်မှုက ဟန်ချက်ပျက်သွားမှာဖြစ်သည်။ သို့သော် ကွင်းပြင်ထဲတွင် ရန်သူကွန်မန်တာကို ဖယ်ထုတ်ဖို့က အခက်ခဲဆုံးအရာဖြစ်သည်။
မျိုးနွယ်စုအကြီးအကဲအဆင့် မွန်းစတားတစ်ကောင်အနေဖြင့် ခွေးအအဖွဲ့ထဲတွင် အသန်မာဆုံးအကောင်ဖြစ်ကာ နတ်ဆိုးခွေးအနက်၏ အန္တာရာယ်ကို အာရုံခံနိုင်မှုကလည်း အမြင့်ဆုံးဖြစ်သည်။
ရှီဖုန်းက အဆင့် (၄၀) နတ်ဆိုးခွေးအနက် နှစ်ကောင်ထဲမှ တစ်ကောင်နောက်၌ ခပ်ဝေးဝေးတွင် ရှိနေသော်လည်း မျိုးနွယ်စုအကြီးအကဲက ရှီဖုန်း တည်နေရာကို သတိပြုမိပြီဖြစ်သည်။ ၄င်းက ခရိုင်တစ်၏ အဖွဲ့ဝင်များကို တိုက်ခိုက်တာရပ်ပြီး ရှီဖုန်းကို ချက်ချင်းရင်ဆိုင်လိုက်၏။ သူတို့ အစွယ်အဖွေးသားများဖြင့် နတ်ဆိုးခွေးအနက်များက အူပြီး အမိန့်ပေးနေပုံရသည်။
ထိုနတ်ဆိုးခွေးအနက် အူပြီးနောက် အနီးရှိ အထူးလက်ရွေးစဉ်အဆင့် နတ်ဆိုးလက်သည်းခွေးအများက မျိုးနွယ်စုအကြီးအကဲရှေ့သို့ ရောက်လာကြသည်။ ပြီးနောက် ခွေးအနှစ်ကောင်က ရှီဖုန်းဆီသို့ ခုန်အုပ်ကာ သူတို့၏ လက်သည်းများကို ဓားသမားဆီ ချိန်ရွယ်လိုက်၏။
မလှမ်းမကမ်းရှိ ကစားသမားများသည် တိုက်ခိုက်မှုကို မြင်တွေ့ရသောအခါ အံ့သြမှင်သက်နေ၏။ အတိတ်တုန်းက ထိုခွေးအများသည် သွေးဆာတတ်ပြီး ဆင်ခြင်မှုမရှိသည့် မွန်းစတားများဖြစ်ကြသည်။ ထိုစဉ်က မျိုးနွယ်စုအကြီးအကဲအဆင့် နတ်ဆိုးခွေးအနက်က တိုက်ပွဲကွင်းပြင်ထဲသို့ ပထမဆုံးခုန်ဝင်လာသူဖြစ်ကာ ၄င်း၏ ရန်သူများကို အပိုင်းပိုင်းစုတ်ဖြဲသည်။ ယခုမူ ထိုကောင်များက မျိုးနွယ်စုအကြီးအကဲနား အစောင့်အကြပ်အဖြစ် ဆောင်ရွက်နေပြီး သူကိုယ်တိုင်က အဖွဲ့၏ ကုသသူများကို ဆက်တိုက်သတ်ဖြတ်နေ၏။
အဆင့်တူ၏ လက်ရွေးစဉ်အဖွဲ့တောင် နတ်ဆိုးလက်သည်းခွေးအ နှစ်ကောင်ကို ရင်ဆိုင်ရလျှင် ရုန်းကန်နေရမှာဖြစ်သည်။ လက်ရှိကစားသမားများက ထိုခွေးအများထက် အဆင့်ပိုနိမ့်နေ၏။ အဆင့်ကို လျစ်လျူရှူနိုင်တဲ့စွမ်းရည်ဖြင့် ချပ်ဝတ်တန်ဆာရှိသည့် ကစားသမားများသာလျှင် တိုက်ခိုက်ရန် အခွင့်အရေးရှိမှာဖြစ်သည်။
” ညီအစ်ကို ရီဖုန်း …။ ကူညီပေးမယ် …”
နတ်ဆိုးခွေအနက်များကို သတ်ဖြတ်ရန်အရေးပါမှုကို သတိပြုမိသောအခါ ရေခဲပြာမှုန်က အဖွဲ့နှစ်ဖွဲ့ကို ဦးဆောင်ပြီး ရှီဖုန်းကို ကူညီရန်ရောက်လာသည်။
” မဟုတ်ဘူး …။ မင်းတို့တွေ အဲ့ဒီ အထူးလက်ရွေးစဉ်နှစ်ကောင်ကို ဖြေရှင်းလိုက် …။ ငါက နတ်ဆိုးခွေးအနက် နှစ်ကောင်ကို ဖြေရှင်းမယ် …”
ရှီဖုန်းက ချက်ချင်းပြန်ပြောလိုက်၏။
သာမန်အခြေအနေတွင် ခရိုင်တစ်အဖွဲ့ဝင်၏ ခွန်အားဖြင့် အဖွဲ့တစ်ဖွဲ့က နတ်ဆိုးခွေးအနက် တစ်ကောင်ကို ဖြေရှင်းရန် လုံလောက်တာထက် ပိုနေပြီဖြစ်သည်။ သို့သော် မြေဆွဲငင်အားပြောင်းလဲမှုသည် သူတို့၏ တိုက်ပွဲဝင်စွမ်းအားကို သက်ရောက်မှုရှိစေသောကြောင့် သူတို့သည် နတ်ဆိုးခွေးအနက်တစ်ကောင်မျှကို အနိုင်ယူရန် အချိန်အတော်ကြာ လိုအပ်မှာဖြစ်သည်။ ထို့ကြောင့် ထိုအဖွဲ့ နှစ်ခုအတွက် နတ်ဆိုးလက်သည်းခွေးအများကို ဦးစွာဖြေရှင်းတာက ပိုသက်ရောက်မှုရှိမည်ဖြစ်သည်။
” ဒါပေမယ့် အဲဒီမှာက နတ်ဆိုးခွေးအနက် နှစ်ကောင်လေ …”
ရေခဲပြာမှုန်က ပြောပြီး အနည်းငယ် စိုးရိမ်ပူပန်သွား၏။ သို့သော် ရှီဖုန်းသည် သူကိုယ်တိုင် မဟာအရှင်တစ်ကောင်ကို သတ်ဖြတ်ခဲ့သည့်အချိန်ကို ပြန်တွေးမိသောအခါ မြေဆွဲငင်အားသက်ရောက်မှုက မာဗာရစ်တစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားကို သက်ရောက်မှုရှိနေလျှင်တောင် သူသည် နတ်ဆိုးခွေးအနက်နှစ်ကောင်ကို ဆွဲချဖို့က ပြဿနာမရှိလောက်ပေ။ ရေခဲပြာမှုန်က ကျေးဇူးတင်ကာ ပြောလိုက်၏။
” ဒါဆို အစ်ကိုရီဖုန်းကိုဘဲ ဒုက္ခပေးရတော့မှာပဲ …”
ပြီးနောက် ရေခဲပြာမှုန်က သူ၏ အဖွဲနှစ်ဖွဲ့ကို ဦးဆောင်ပြီး နတ်ဆိုးလက်သည်းခွေအနှစ်ကောင်ကို ဖြေရှင်းတော့သည်။
လေဟာနယ်ခြေလှမ်းကို အသုံးပြုပြီး ရှီဖုန်းက ချက်ချင်းပျောက်ကွယ်သွားသည်။ အထူးလက်ရွေးစဉ်အဆင့် ခွေးအများတောင် သူ ပျောက်ကွယ်သွားသောအခါ သူတို့ အမူအရာထဲတွင် အံ့သြသည့်အမူအရာများ ပေါ်လာပြီး ဓားသမားကို လိုက်ရှာကြတော့သည်။ သို့သော် သူတို့ မည်မျှခက်ခက်ခဲခဲ ကြိုးစားစေကာမူ ရှီဖုန်း၏ အရိပ်အယောင်ကို ရှာမတွေ့ကြပေ။
” ဒါဘယ်လို စကေးမျိုးလဲ …။ ဓားသမားအမျိုးအစားက အမှန်တကယ်ကြီး ကိုယ်ဖျောက်နိုင်တယ်ဆိုပြီး ငါကို မပြောနဲ့နော် …”
အမျိုးသမီး ဘာသာရေးခေါင်းဆောင် ဆည်းဆာကြာက တအံ့တသြ ထုတ်ကာပြောလိုက်၏။
” မဟုတ်ဘူး …။ အဲဒါစကေးတစ်ခု မဟုတ်ဘူး …။ ကိုယ်ဖျောက်စကေးက အသုံးပြုဖို့ နည်းနည်းနှောင့်နှေးတယ် …။ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်ရဲ့ ကွယ်ပျောက်ခြင်းစကေးတောင် ဒီစည်းမျဉ်းအတွက် ချွင်းချက် မဟုတ်ဘူး …။ သူက နည်းစနစ်တစ်ချို့ သုံးထားတာပဲဖြစ်မယ် …”
ရေခဲပြာမှုန်က အတော် ဗဟုသုတကြွယ်ဝသည်။ ထို့ကြောင့် သူသည် လေဟာနယ်ခြေသိုင်းက ဂိမ်းထဲတွင် ရနိုင်သည့် စကေးတစ်ခု မဟုတ်တာကို မြန်စွာသဘောပေါက်သွား၏။ ၄င်းက နည်းစနစ်တစ်ခုသာဖြစ်သည်။
” ဒါပေမယ့် ဒီနည်းစနစ်က တကယ်အံ့သြဖို့ ကောင်းတာပဲ …။ တွေ့ဖူးသမျှ မာဗာရစ်တွေသုံးတဲ့ နည်းစနစ်က သူတို့ရဲ့ တိုက်ခိုက်မှု သို့မဟုတ် ရှောင်တိန်မှုကို မြင့်တင်ပေးတာပဲ …။ အားလုံးရဲ့ အမြင်ရှေ့ကနေ အသုံးပြုသူကို ပျောက်ကွယ်သွားစေနိုင်တဲ့ မြင်တွေ့ရတာ ပထမဆုံးအကြိမ်ပဲ …”
ရှီဖုန်း၏ လေဟာနယ်ခြေလှမ်းကို မြင်သောအခါ ရေခဲပြာမှုန်က ထိတ်လန့်မှုရော ကြည်ညိုလေးစားမှုပါ ခံစားနေရ၏။ ထိုကဲ့သို့ အသက်ကယ်စကေးတစ်ခုကို လေ့ကျင့်ထားတာက ကောင်းပေသည်။ နည်းစနစ်များက ထွက်ပြေးလွတ်မြောက်ဖို့အတွက်ပဲဖြစ်စေ၊ လုပ်ကြံသတ်ဖြတ်ဖို့အတွက်ဖြစ်စေ ၄င်းတို့က ဆန်းကျယ်သည့် အာနိသင်ရှိသည်။
” ဒီခွန်အား ဒီစနစ်နဲ့ဆိုရင် သူက သေချာပေါက် ငါတို့ရန်စသင့်တဲ့သူ မဟုတ်သလို ရန်သူဖြစ်သင့်တဲ့သူ မဟုတ်ဘူး …”
ယခုအချိန်တွင် ရေခဲပြာမှုန်က ရှီဖုန်းနှင့် မိတ်ဆွေဖွဲ့ရန် ရွေးချယ်ပြီး ရန်သူမဖြစ်သွားသောကြောင့် ပျော်ရွင်နေမိ၏။ မဟုတ်ပါက နောက်ဆက်တွဲက မတွေးဝံ့စရာပေ။
ရှီဖုန်းပျောက်ကွယ်သွားပြီး ခဏအကြာတွင် အနီးရှိ နတ်ဆိုးခွေးအနက်က နာကျင်စွာ အော်လိုက်၏။
” အာဝူး …”
နတ်ဆိုးခွေးအနက်က သူ၏အဖော် နတ်ဆိုးခွေးအနက်တစ်ကောင်ကို အကူအညီတောင်းကာ သူ့ဘေး၌ ရုတ်တရက်ပေါ်လာသည့် ရှီဖုန်းကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ၏ မျက်လုံးထဲ၌ ကြောက်လန့်မှု တစ်စွန်းတစ်စ ရှိနေပြီဖြစ်သည်။
ရှီဖုန်းက သူဘေးတွင် ရုတ်တရက် ပေါ်လာကာ သူ၏ဓားကို သံမဏိကဲ့သို့ အရေပြားပေါ် အလွယ်တကူ ပိုင်းဖြတ်သွားကာ ဒဏ်ရာက နက်နက်နဲနဲ ကျန်ခဲ့၏။ ဒဏ်ရာသည် သွေးထွက်နေဆဲဖြစ်သည်။
၄င်း၏ ခုခံမှုက အနက်ရောင်မှော်မြွေနဂါးကဲ့သို့ မမြင့်မားသော်လည်း ၄င်း၏ တုံ့ပြန်သည့်အရှိန်က ကြောက်မက်ဖွယ်ကောင်းလောက်ပေသည်။ လေဟာနယ်ခြေလှမ်းအသုံးပြုကာ ရပ်တန့်သွားသည်နှင့် သူက ပြန်တုန့်ပြန်နိုင်၏။ ရှီဖုန်းသည် နတ်ဆိုးခွေးအနက်၏ ဒဏ်ရာကို လ့လာကြည့်မိသောအခါ အတော်လေးအံ့သြသွားသည်။
မျိုးနွယ်စုအကြီးအကဲ၏ ခန္ဓာကိုယ်ပေါ် ကန့်လန့်ဖြတ်ဒဏ်ရာတစ်ခု ရှိနေသော်လည်း ဒဏ်ရာက သိပ်မနက်ပေ။ မွန်းစတား၏ လှုပ်ရှားနိုင်စွမ်းကို သက်ရောက်မှု မရှိပေ။
နတ်ဘုရားနယ်မြေ၏ တတိယမြောက်ဆင့်ကဲဖြစ်စဉ်ပြီးနောက် မြေဆွဲငင်အားစနစ် ရုတ်တရက် ပေါ်လာရုံသာမက မွန်းစတားတိုက်ပွဲဝင်စနစ်ကလည်း ပြောင်းလဲသွားကာ မွန်းစတားများနှင့် တိုက်ပွဲဝင်သောအခါ ပိုပြီး လက်တွေ့ဆန်လာသည်။ ၄င်းက အားနည်းမှုအသစ်ကို ဖန်တီးလိုက်တာဖြစ်၏။
အတိတ်တုန်းက မွန်းစတားများသည် ဒဏ်ရာရပြီးနောက် HP တစ်ချို့သာ ဆုံးရှုံးသည်။ သူတို့၏ သေစေနိုင်သည့်နေရာများ ထိခိုက်သွားလျှင်တောင် တိုက်ခိုက်မှုက သာမန်ထက် ထိခိုက်မှု အနည်းငယ်သာ လျော့မှာဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများက မည်သို့ပင်ဆိုစေကာမူ သက်ရောက်မှုခံရမှု မရှိပေ။ သို့သော် တတိယမြောက်စနစ် အဆင့်မြင့်တင်ပြီးနောက် မွန်းစတားများ၏ ဒဏ်ရာက သူတို့၏ လှုပ်ရှားမှုနှင့် တိုက်ခိုက်ရေးကို သက်ရောက်မှု ရှိသွားသည်။ ၄င်းက ကစားသမားများအတွက်လည်း တူညီပေသည်။ သို့သော် မွန်းစတားများနှင့်မတူ ကစားသမားများသည် ဒဏ်ရာမှ လျင်မြန်စွာ ပြန်ကောင်းရန်အတွက် ကုသသူများ၏ အကူအညီကိုရပြီး HP အပြည့်အဝ ပြန်သိမ်းနိုင်သည်။ ၄င်းက ကြီးမားသည့် အားသာချက်ဖြစ်၏။
နတ်ဆိုးခွေးအနက်နှစ်ကောင် အုပ်စုဖွဲ့သွားသောအခါ ရန်သူကို ခုန်အုပ်မည်ထက် သူတို့က ရှီဖုန်းကို ဝိုင်းထားကာ အားနည်းချက်ကိုရှာရန် ကြိုးစားနေကြသည်။
အဆင့်တူ MT တစ်ယောက်တောင် အဆင့် (၄၀) မျိုးနွယ်စုအကြီးအကဲ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အဆင့်မြင့် ထိခိုက်မှုစကေးတို့ ပေါင်းစည်းတိုက်ခိုက်မှုအောက်တွင် ချက်ချင်းသေလောက်သည်။ ယခုအချိန်တွင် အဆင့် (၃၃) သာရှိသေးသည့် ရှီဖုန်းဆိုလျှင် ထည့်ပြောရန်တောင် မလိုချေ။ နတ်ဆိုးခွေးအနက်က ထိုကဲ့သို့ စကေးများရှိသည့် မျိုးနွယ်စုအကြီးအကဲများဖြစ်သည်။ အမှောင်မှော်မြွေနဂါးနှင့်မတူ ၄င်း၏ ရန်သူကို သေသည်အထိ မောပန်းစွာ တိုက်ခိုက်စေသည်။ မြေနဂါးနှင့်မတူဘဲ နတ်ဆိုးခွေးအနက်များက သူတို့၏ ဦးခေါင်းထက်ရှိ ဦးချိုကို အသုံးပြုပြီးနောက် ရန်သူကို စုတ်ဖြဲကြသည်။
မျိုးနွယ်စုအကြီးအကဲ၏ ဦးချိုတိုက်ခိုက်မှုက မဟူရာငွေချပ်ဝတ်တန်ဆာကိုတောင် ဖောက်နိုင်၏။
ယခုအချိန်တွင် ခရိုင်တစ်၏ ကစားသမားများက သူတို့အာရုံစိုက်မှု အားလုံးသည် ရှီဖုန်းနှင့် နတ်ဆိုးခွေးအနက် နှစ်ကောင်၏ လှုပ်ရှားမှုတိုင်းပေါ်သာ ရောက်နေသည်။
တိုက်ပွဲက သေခြင်း၊ ရှင်ခြင်းဖြင့်သာ ဆုံးဖြတ်ပေးမှာဖြစ်သည်။
” အာဝူး …”
အူလိုက်ပြီးနောက် နတ်ဆိုးခွေးအနက်နှစ်ကောင်က တိုက်ကွက်များကို တစ်ဆက်ထဲ ထုတ်ဖော်လိုက်သည်။ များပြားလှသည့် လေမန္တန်များကလည်း သူတို့၏ နက်မှောင်နေသည့် ချိုတစ်ဝိုက်၌ စတင်စုဝေးလာသည်။ မျိုးနွယ်စုအကြီးအကဲနှစ်ကောင်၌ လေဆင်နှာမောင်းအဖြစ် အသွင်ပြောင်းလဲပြီးနောက် ရှီဖုန်းဆီ ပြေးဝင်သွားတော့၏။
” သေစမ်း …။ မြန်မြန်ရှောင် …”
ရေခဲပြာမှုန်က စိတ်ပူပန်စွာ အော်ပြောလိုက်၏။
ထိုလေဆင်နှာမောင်းက အသေးအမွှား မဟုတ်ပေ။ သူတို့သာ ကစားသမားတစ်ယောက်ကို ထိမိလျှင် အသက်ရှင်နိုင်ချေက သုညသာဖြစ်သည်။ သို့သော် ရှီဖုန်းက ဝင်လာသည့်တိုက်ကွက်များကို မရှောင်ပေ။ နှုတ်ခမ်းအနည်းငယ်တွန့်လိုက်ပြီးနောက် ကောင်းကင်ဘုံနဂါး၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ဂိမ်းထဲမှ ဆယ်နာရီခန့်ထွက်ပြီးနောက် သူ၏ အားနည်းမှုက ပြေပျောက်သွားရုံသာမက စကေးအားလုံးကလည်း အပြည့်အဝပြန်လည် အသုံးပြုနိုင်ပြီဖစ်သည်။ မဟုတ်ပါက သူသည် တိုက်ကွက်ကို ရှောင်ရန်အတွက် လေဟာနယ်လှုပ်ရှားမှုကို အသက်သွင်းနိုင်သေးသည်။
ကောင်းကင်ဘုံနဂါး၏ စွမ်းအားကို အသက်သွင်းပြီးနောက် ရှီဖုန်း၏ ခွန်အားက နှစ်ဆဖြစ်သွားသည်။ ပြီးနောက် သူက မိုးကြိုးမီးတောက်ပေါက်ကွဲခြင်းဖြင့် နတ်ဆိုးခွေးအနက်၏ တိုက်ကွက်များဖြင့် ဆုံတွေ့သွားစေသည်။
စနစ် : နတ်ဆိုးမီးတောက် ပေါက်ကွဲစေခြင်း
စကေးအာနိသင်၏ (၁၂၀) ရာခိုင်နှုန်းတွင် စကေးပြီးမြောက်သည့်နှုန်း (၉၁) ရာခိုင်နှုန်း။ စကေးကျွမ်းကျင်မှု (+၄)။
သူ၏ ပြီးမြောက်သည့်နှုန်းက ယခင်ကထက် သိသိသာသာ လျော့ကျသွားသော်လည်း စကေးအာနိသင် (၁၂၀) ရာခိုင်နှုန်းက အထင်ကြီးဖွယ်ကောင်းသေးသည်။
အလွှာတစ် မိုးကြိုးမီးတောက်ပေါက်ကွဲစေခြင်း၏ ဆယ်ကိုက် ထိရောက်သည့် အကွာအဝေးက ဆယ့်နှစ်ကိုက်အထိ တိုးသွားသည်။ လျှပ်စီးနှင့် မီးများက နတ်ဆိုးခွေးအနက်နှစ်ကောင်နှင့် ထိမိသွားသည်နှင့် မျိုးနွယ်စုအကြီးအကဲနှစ်ကောင်၏ လှုပ်ရှားမှုအရှိန်က ချက်ချင်းပင် ယုတ်လျော့သွားကာ မူလအရည်အချင်း၏ ခုနှစ်ပုံတစ်ပုံသာ ရှိတော့သည်။ ရလဒ်အနေဖြင့် ရှီဖုန်းက ဝင်လာသည့် လေဆင်နှာမောင်နှစ်ခုကို တိမ်းရှောင်လိုက်သည်။
ရှစ်စက္ကန့်တာ အရှိန်ကို လျော့ချမှုနှင့် မျိုးနွယ်စုအကြီးအကဲနှစ်ဦးက ရှီဖုန်းထဲ တစ်ဖက်သတ်တိုက်ခိုက်မှုကို ရလိုက်သည်။ ထိုရှစ်စက္ကန့်တာအတွင်း နတ်ဆိုးခွေးအနက် တစ်ကောင်ချင်းဆီက သူတို့၏ HP ဆယ်ရာခိုင်နှုန်း အကြမ်းဖျဉ်းဆုံးရှုံးသွားခဲ့သည်။ လှုပ်ရှားမှုအရှိန် လျော့ချခံရမှုကလည်း ရှိနေသေး၏။
ရှီဖုန်းက အသူရာဓားသွားကို လွဲရမ်းကာ သူ၏ ကိုယ်ခွဲကို ဆင့်ခေါ်လိုက်သည်။ ပြီးနောက် ကိုယ်ခွဲကလည်း သူ့ကိုယ်ပိုင် မိုးကြိုးမီးတောက် ပေါက်ကွဲစေခြင်းကို ထုတ်ဖော်ပြီးနောက် မျိုးနွယ်စုအကြီးအကဲ နှစ်ကောင်စလုံးဆီမှ HP တစ်သောင်းကို ချက်ချင်းဝါးမျိုလိုက်ရာ သူတို့ လှုပ်ရှားမှုအရှိန်က ထပ်မံလျော့သွားပြန်သည်။
ကိုယ်ခွဲက သူတို့ကို ထိခိုက်မှု၊ ထောက်ပံ့ပေးနေမှုဖြင့် ရှီဖုန်း၏ စုစုပေါင်း ထိခိုက်မှုက နှစ်ဆနီးပါးဖြစ်သွားသည်။ ရှီဖုန်းနှင့် သူ၏ ကိုယ်ခွဲက မျိုးနွယ်စုအကြီးအကဲတစ်ကောင်ကို သတ်ပြီး တိုက်ခိုက်မှု၏ အခက်အခဲကို သိသိသာသာ လျော့ချနေ၏။
မိုးကြိုးလျှပ်တပြက်
မြေကမ္ဘာဖြိုခွင်းခြင်း
ကောင်းကင်ဗိန်ဓား
မီးမုန်တိုင်း
မီးတောက်ပေါက်ကွဲခြင်း
ရှီဖုန်းက မီးတောက်ပေါက်ကွဲခြင်းကို အသက်သွင်းသောအခါ သူ၏ တိုက်ခိုက်မှုတိုင်းက (-၂၀၀၀၀) ထိခိုက်မှု ဖြစ်စေသည်။ သူ၏ ကိုယ်ခွဲကလည်း ၄င်း၏ တိုက်ခိုက်မှုဖြင့် (-၁၀၀၀၀) ထိခိုက်မှုဖြစ်စေ၏။ သေစေနိုင်သည့်နေရာများကို ထပ်ခါထပ်ခါ ထိခိုက်စေသည့်အပြင် သူတို့က နတ်ဆိုးခွေးအနက်တစ်ကောင်၏ HP ကို တစ်ဝက်နည်းပါး ဖျက်ဆီးနိုင်ခဲ့သည်။
စက္ကန့်နှစ်ဆယ် မပြည့်မီ၌ မျိုးနွယ်စုအကြီးအကဲတစ်ကောင်က ကျသွား၏။ ကျန်သည့် နတ်ဆိုးခွေးအနက်တစ်ကောင်ကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရထားကာ အရိုးများကို မြင်ရသည်အထိ ဒဏ်ရာက ပြင်းထန်လှ၏။ ရလဒ်အနေဖြင့် မျိုးနွယ်စုအကြီးအကဲ၏ လှုပ်ရှားနိုင်မှုက ကန့်သတ်ခံလိုက်ရသည်။ ကိုယ်ခွဲ၏ ထောက်ပံ့မှုမရှိလျှင်တောင် ကောင်းကင်ဘုံနဂါး၏ စွမ်းအားကြာချိန်က နှစ်မိနစ်ဖြစ်သည်။ ရှီဖုန်းက နောက်ဆုံးသော နတ်ဆိုးခွေးအနက်တစ်ကောင်ကို အမြန်အပြီးသတ်လိုက်သည်။
” ဒီပေါက်ကွဲရေးစွမ်းအားက ပြိုင်ဘက်ကင်းတာပဲ …”
ဆည်းဆာကြာက သေသွားသည့် နတ်ဆိုးခွေးအနက်နှစ်ကောင်ကို မြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူမက အဖွဲ့၏ MT ကို ကုသပေးဖို့တာဝန်ကိုတောင် မေ့လုနီးပါးဖြစ်ပြီး ထိတ်လန့်သွားခဲ့တာဖြစ်၏။
လူတိုင်းက ရှီဖုန်းသည် မဟာအရှင်တစ်ဦးကို နိုင်ခဲ့တာ မျက်မြင်တွေ့ခဲပြီဖြစ်သော်လည်း ထိုမျှ အချိန်တိုတိုအတွင်း မျိုးနွယ်စုအကြီးအကဲနှစ်ကောင် သေသွားတာကို အနီးကပ်မြင်လိုက်ရသောကြောင့် သူတို့ အံ့သြနေသေး၏။ သူတို့က ရှီဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသည့် ထိခိုက်မှုနှင့် အသားမကျသေးပေ။