ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 594 အားကောင်းသော လျှို့ဝှက်ချက်
ရှီဖုန်းက လေဖမ်းသူ၏ စိန်ခေါ်မှုကို လက်ခံတာကြားသောအခါ ရှီဖုန်း၌ မည်ကဲ့သို့သော စွမ်းအားများရှိကြောင်း သိသည့်သူများက ရှုတ်ချကြတော့သည်။ ကစားသမားချင်း တိုက်ခိုက်ယှဉ်ပြိုင်မှုက ခိုလုံရာဂေဟာထဲ၌ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ထိုတိုက်ခိုက်ရေးပွဲစဉ်များက တစ်ယောက်နှင့်တစ်ယောက် တိုးတက်အောင် ကူညီပေးတာဖြစ်သည်။
ဥပမာအနေဖြင့် ပထမအဖွဲ့၏ နွားရိုင်းပြာဖြစ်သည်။ သူသာ လေဖမ်းသူ၏ အလားအလာကို သတိမပြုမိလျှင် သူက တစ်ဖက်လူကို ရှေးစစ်သည်တော်တစ်ဦး၏ နည်းစနစ်များ တိုးတက်အောင် လမ်းညွှန်ပေးပြီး လူငယ်နှင့် အချိန်ဖြုန်းပေးနေမှာ မဟုတ်ပေ။ ရှီဖုန်းက သူတို့ ခရိုင်တစ်နှင့် ဆက်နွယ်မှုမရှိသည့် မာဗာရစ်တစ်ဦး ဖြစ်နေသေးသည်။
” အစ်ကို ရီဖုန်းက လေဖမ်းသူကို လမ်းညွှန်မှုတစ်ခု ပေးချင်တယ်ဆိုမှတော့ အပြင်မှာ လုပ်တာ ပိုမကောင်းဘူးလား …”
ရေခဲပြာမှုန်က ရှီဖုန်း၏ ကမ်းလှမ်းချက်ကို အတော်လေး ကျေနပ်နေသည်။ သူက သူ့အဖော်အပေါင်းများဘက် လှည့်ပြီး ချက်ချင်းညွှန်ကြားလိုက်၏။
” ကြာ …။ ခြင်္သေဘားကို သွားပြီး စီစဉ်စရာရှိတာတွေ စီစဉ်လိုက် …။ နှစ်တစ်ရာ ဘယ်ရီဝိုင်အတွက်ပေါ့ …။ ဒီနေ့ ငါတို့ စားသောက်ကြမယ် …”
” လုပ်ပြီးပြီလို့ မှတ်လိုက်ပါတော့ …”
ရေခဲပြာမှုန်၏ အမိန့်ကို ကြားသောအခါ ဆည်းဆာကြာက ခြင်္သေဘားဆီသို့ ပြေးထွက်သွား၏။ သို့သော် ထိုမြင်ကွင်းကရေခဲပြာမှုန်ကို ကြိုဆိုရန်လာကြသည့်သူများအဖို့ ဆွံ့အသွားစေသည်။
” ရီဖုန်းက ဘယ်သူလဲ …။ ခေါင်းဆောင် ရေခဲပြာမှုန်က သူ့ကို ရက်ရက်ရောရောနဲ့ ခြင်္သေဘားတစ်ခုလုံးကိုတောင် ငှားလိုက်တယ် …”
” ခြင်္သေဘား ငှားရမ်းခငွေက ရွှေပြားသုံးပြားလို့ ကြားတယ် …”
” ဂိမ်းငွေကြေးတစ်ခုထဲနဲ့ လုံလောက်မယ်ထင်လား …။ ခြင်္သေဘားကို ငှားရမ်းဖို့အတွက် ထောက်ပံ့ရေးရှယ်ယာတွေလည်း လိုအပ်သေးတယ် …။ ဒါ့အပြင် နှစ်တစ်ရာဘယ်ရီဝိုင်ရဲ့ ကုန်ကျစရိတ်က အသေးအမွှားမဟုတ်ဘူး …။ တစ်ပုလင်းကို ရွှေတစ်ပြား ကျသင့်ရုံတင် မကဘူး .. ထောက်ပံ့ကြေးအမှတ်နှစ်ရာ လိုအပ်တယ် …။ ရှယ်ယာနှစ်ရာကို စုဆောင်းနိုင်ဖို့အတွက် ထောက်ပံ့ကြေးတာဝန်ဆယ်ခုကို ပြီးမြောက်မှရမယ် …။ ပြီးတော့ နှစ်တစ်ရာဘယ်ရီဝိုင်က တစ်ရက်ကို ပုလင်းနှစ်ဆယ်ပဲ ရနိုင်တာ …။ ဒီတော့ စုစုပေါင်း ရွှေပြားနှစ်ဆယ် ထောက်ပံ့ကြေးရှယ်ယာလေးထောင် ဝိညာဉ်သလင်း တစ်တုံးထက်တောင် ပိုသန်သေးတယ် …”
လူတိုင်းက ရှီဖုန်းကို တအံ့တသြစူးစမ်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ခြင်္သေဘားသည် ခရိုင်တစ်၏ ခိုလုံရာဂေဟာထဲ၌ ရနိုင်သည့် အကောင်းဆုံး ဘားတစ်ခုဖြစ်သည်။ ရေခဲပြာမှုန်၏ ပထမအဖွဲ့တောင် သူတို့ ဘားကို သွားလည်သည့်အချိန်၌ ပိုက်ဆံအိတ်ထဲမှ ကုန်ကျမည်ကို နှမျောနေခဲ့သေးသည်။ နေရာတစ်ခုလုံးကို ငှားပြီး အားလုံးကို နှစ်တစ်ရာ ဘယ်ရီတိုက်ဖို့ဆိုလျှင် ပြောနေရန်မလိုချေ။ ကျန်သည့် ခိုလုံရာဂေဟာ၏ ပထမအဖွဲ့ခေါင်းဆောင်များတောင် ထိုကဲ့သို့ ခမ်းခမ်းနားနား ကြိုဆိုနိုင်ကြမှာ မဟုတ်ပေ။
ပြီးနောက် ရေခဲပြာမှုန်က ရှီဖုန်းကို ခြင်္သေဘားဆီ ခေါ်သွားပြီးနောက် ခရိုင်တစ်၏ အခြေအနေကို လမ်းတွင် ရှင်းပြလိုက်၏။ လေဖမ်းသူက စိတ်အားတက်ကြွနေသည်။ သူသည် ရေခဲပြာမှုန်ထံမှ ထိုမျှ မြင့်မားသည့် လေးစားမှုရနိုင်သောကြောင့် ရှီဖုန်းမည်မျှ အစွမ်းထက်ကြောင်း သူအမှန်တကယ်သိချင်နေသည်။ ရှီဖုန်း၏ အာရုံငါးပါးက သာမန်ကစားသမားများထက် သာလွန်ပေ၏။ သူက လေဖမ်းသူ၏ ပြင်းပြသည့် တိုက်ခိုက်လိုသည့်စိတ်ကို ခံစားမိသည်။ သူ၏ ကိုယ်ရည်ကိုယ်သွေးက ထိုစဉ်ကနှင့် တူနေဆဲဖြစ်သည်။ သူတွေ့သမျှ အားကောင်းသည့်သူများကို ချက်ချင်းစိန်ခေါ်ခဲ့သည်။ အတိတ်တုန်းက သူသည် အလွှာခြောက်အမျိုးအစားထက် အနည်းငယ်သာ နမ့်ကျသူဖြစ်လာခဲ့တာ အံ့သြစရာမရှိပေ။ ရှီဖုန်းက သက်ပြင်းချလိုက်၏။
အတိတ်တုန်းက ရေခဲပြာမှုန်နှင့် လေဖမ်းသူတို့ နှစ်ယောက်လုံးက နတ်ဘုရားနယ်မြေတစ်လျှောက် အလွန်ကျော်ကြားသည့် ကျွမ်းကျင်သူများ ဖြစ်ခဲ့ကြသည်။ စိတ်ကူးယဉ်ကွယ်ပျောက်သူ၏ ပထမတန်းအစည်းအရုံးက ထိုကျွမ်းကျင်သူများကြောင့် အုရိုဘိုရိုကဲ့သို့ အစွမ်းထက်သော အားကောင်းသော သူများကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်သည်။ ယခုဘဝတွင် စိတ်ကူးယဉ်ကွယ်ပျောက်သူက မဟူရာသက်ဆင်းခြင်း အံ့ဖွယ်တာဝန်ကိုရရန် အခွင့်အရေးမရှိတော့ပေ။ ထို့ကြောင့် သူက ဤနေရာရှိ လူများကို လူသစ်စုဆောင်းနိုင်မှာ မဟုတ်ပေ။ ထိုအစား အခွင့်အရေးက ယခုဘဝတွင် ရှီဖုန်း၏ လက်ထဲကျရောက်လာတာဖြစ်သည်။
သူသာ ရေခဲပြာမှုန်နှင့် သူအဖွဲ့ကို ခေါ်နိုင်ခဲ့လျှင် ဇီးရိုးဝင်းက သေချာပေါက် ပိုအစွမ်းထက်လာမှာဖြစ်သည်။
မကြာမီ၌ ရှီဖုန်းနှင့် ကျန်သည့်သူများက ခြင်္သေဘားသို့ ရောက်သွားကြ၏။
ခြင်္သေဘားက ခိုလုံရာဂေဟာထဲရှိ အခြားသောဘားများနှင့် မတူပေ။ ခိုလုံရာဂေဟာက တိကျသည့် အခြေအနေတစ်ခုထိ ကျရောက်သည့်အချိန်ကျမှသာ ဘားကို ထပ်ပြီး တည်ဆောက်နိုင်မှာဖြစ်သည်။ ဘားတွင် စောင့်ကြပ်နေသည့် NPC များက အလွန်အစွမ်းထက်ကာ အားအနည်းဆုံးက အဆင့် (၁၅၀) ဖြစ်ပြီး တံခါးစောင့်များက အဆင့် (၁၈၀) အလွှာနှစ် NPC များဖြစ်ကာ သူတို့၏ ပိုင်ရှင်က အဆင့် (၂၀၀) အလွှာသုံး NPC တစ်ဦးဖြစ်သည်။ ထို NPC က မြို့ငယ်လေးတစ်မြို့ကို စောင့်ကြပ်ရန်တောင် အရည်အချင်းရှိပေသည်။ မွန်းစတားများက ခိုလုံရာဂေဟာကို ကျူကျော်ခဲ့လျှင်တောင် ခြင်္သေဘားက ကျရှုံးသွားမှာ မဟုတ်ပေ။
ခြင်္သေဘား၌ အရက်သောက်နိုင်သည့်အပြင် ကစားသမားများက အထဲ၌ ကစားသမားချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်သေးသည်။ ဤနေရာရှိ ကစားသမားများ ယှဉ်ပြိုင်နိုင်မှုက အပြင်လောကတွင် တွေ့နိုင်သည့် မြေအောက်ပြိုင်ကွင်းများတွင် ကျင်းပသည့် တိုက်ပွဲများနှင့် ဆင်တူသည်။ သူတို့က တိုက်ခိုက်ရေးပွဲစဉ်၌ ကျန်သည့် ကစားသမားများကို လောင်းကြေးထပ်ခွင့် ပြုထား၏။ ထို့ကြောင့် ခရိုင်တစ်၏ ကစားသမားများက ခြင်္သေဘားကို မကြာခဏ လာလေ့ရှိသည်။
သို့သော် ယခုအချိန်၌ ရေခဲပြာမှုန်က အဆောက်အဦးတစ်ခုလုံးကို ငှားရမ်းထားပြီဖြစ်သောကြောင့် သုံးထပ်တိုက်ဘားက ကစားသမား များများစားစား မရှိပေ။
ခြင်္သေဘားသို့ ဝင်လာချိန် ရှီဖုန်းက ထိုနေရာကို အလွန်ကြီးမားသည့် ရှေ့ခေတ်ရောမနှင့် ဆင်တူတာကို တွေ့လိုက်ရသည်။ အဆောက်အဦးအလယ်တွင် တိုက်ခိုက်ရေးပြိုင်ကွင်းတစ်ခုရှိသည်။ ပြိုင်ကွင်း၏ ပတ်လည်တွင်ပွဲကြည့်များလည်း ရှိနေကာ ကစားသမားများသည် ပြိုင်ပွဲများကို ကြည့်ပြီး အရက်သောက်သုံးနိုင်၏။
ရှီဖုန်းက သီသန့်ခန်းကြီးသို့ မရောက်ခင်တွင် ထိုအခန်းထဲ၌ ကစားသမားများစွာ ရှိနေပြီဖြစ်တာကို သိလိုက်ရ၏။ ကစားသမားတစ်ယောက်ချင်းဆီက ကြောက်မက်ဖွယ်ရောင်ဝါများ ပိုင်ဆိုင်ထားကာ သူတို့အားလုံးက ပျိုးပျိုးပျက်ပျက် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထား၏။ သူတို့ကြားထဲတွင် အဆင့်အနိမ့်ဆုံးကစားသမားက အဆင့် (၂၈) ဖြစ်ပြီး သာမန်ကစားသမားများ မဟုတ်တာကို ပြောနိုင်ပေ၏။
” အစ်ကိုရီဖုန်း …။ မိတ်ဆက်ပေးပါစေ …။ ဒီလူတွေက ကျွန်တော်တို့ ခရိုင်တစ်ရဲ့ ထိပ်တန်းအဖွဲ့ဆယ်ခုထဲက အဖွဲ့ခေါင်းဆောင်တွေနဲ့ ဒုခေါင်းဆောင်တွေပဲ …။ သူတို့က ခင်ဗျားရောက်လာမှာကို ကြားလို့ သူတို့က ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်နေကြတာ …”
ရေခဲပြာမှုန်က ခေါင်းဆောင်များ တစ်ယောက်ပြီးတစ်ယောက်ကို မိတ်ဆက်ပေးလိုက်၏။
” ဟယ်လို …။ ငါက ဒုတိယအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဘတ်စ်ရီအင်ကာနေးရှင်းပါ …”
” ဟယ်လို …။ အစ်ကိုကြီးရီဖုန်း ကျုပ်က တတိယအဖွဲ့ရဲ့ ခေါင်းဆောင်စန္ဒာတိမ်ပါ …”
ထိုကစားသမားများသည် ရှီဖုန်းနှင့် မိတ်ဆက်သောအခါ မောက်မာသည့်အရိပ်တစ်စွန်းတစ်စ မပြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှီဖုန်းကို မိတ်ဆွေဟောင်းကြီးသဖွယ် ဆက်ဆံကြသည်။ အမှန်တကယ်တွင် မိတ်မဆက်ပဲနှင့်တောင် ရှီဖုန်းက သူတို့အားလုံးကို သိပေသည်။
အတိတ်တုန်းက ထိုကစားသမားများက စိတ်ကူးယဉ်ဗိမ္မာန်၏ အထက်မန်နေဂျာများ ဖြစ်ကြသည်။ ရေခဲပြာမှုန်နှင် လေဖမ်းသူကို တွေ့ရတာကပင် ရှီဖုန်းကို အတော်လေး အံ့သြစေနေပြီးသားဖြစ်၏။
ယခုအချိန်တွင် စိတ်ကူးယဉ်ဗိမ္မာန်၏ အထက်မန်နေဂျာများ သူ့ရှေ့၌ ပေါ်လာသည်။ ရှီဖုန်းက ခရိုင်တစ်သည် စိတ်ကူးယဉ်ဗိမ္မာန်၏ အဓိကဌာနချုပ် ဟုတ်၊ မဟုတ်တောင် သံသယဝင်လာမိသည်။
ယဉ်ကျေးသမှုဖြင့် ပြန်လည်ပြောပြီးနောက် ရှီဖုန်းသည် ရေခဲပြာမှုန်က ထိုကစားသမားကို ဖိတ်ရသည့်အကြောင်းအရင်းကို နောက်ဆုံး၌ သဘောပေါက်သွား၏။ ကျန်သည့် ခိုလုံရာဂေဟာများနှင့် မတူဘဲ ခရိုင်တစ်၏ အဖွဲ့များက ရည်မှန်းချက်ကြီးပေသည်။ သူတို့က ဤဒေသထဲတွင် ခရိုင်တစ်ဟူသော ဘွဲ့အမည်ကို ဆုပ်ကိုင်ထားဖို့ ဂရုမစိုက်ပေ။ သူတို့က ဤဒေသ၏ အပြင်ဘက်သို့ ထွက်ကာ ဒေသအားလုံးထဲတွင် နံပါတ်တစ်ခရိုင်ဖြစ်လာစေရန် မျှော်လင့်နေတာဖြစ်၏။
ထို့ကြောင့် ခရိုင်တစ်ရှိအဖွဲ့များသည် စည်းလုံးညီညွတ်သည်။ ကျန်သည့် ခိုလုံရာဂေဟာရှိ အဖွဲ့များနှင့်မတူ။ ထိုခိုလုံရာဂေဟာများသည် တစ်ယောက်နှင့်တစ်ယောက် မဟာမိတ်ဆိုသည်ထက် ရန်သူသဖွယ် ပြုမှုနေကြတာဖြစ်သည်။
ထိုအကြောင်းကြောင့် ခရိုင်တစ်ထဲရှိ ခိုလုံရာဂေဟာသည် ခြင်္သေဘားကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့တာဖြစ်သည်။ တစ်ဖက်တွင် အခြားသော ခိုလုံရာဂေဟာများသည် ခြင်္သေဘားကဲ့သို့ အဆင့်မြင့် အဆောက်အဦးတစ်ခုကို တည်ဆောက်နိုင်ခြင်း မရှိသေးပေ။
စကားဝိုင်း စတင်သည်နှင့် ရေခဲပြာမှုန်က မဟာအရှင်နိုရာကို ရှီဖုန်းအောင်မြင်ခဲ့မှုနှင့် မျိုးနွယ်စုအကြီးအကဲများစွာကို သတ်ဖြတ်ခဲ့မှုအကြောင်း လမ်းတစ်လျှောက် တွေ့သမျှ သတ်ခဲ့ကြောင်း ပြောပြရာ အားလုံး ထိတ်လန့်သွားတော့သည်။
လက်ရှိအဖွဲ့များက နိုရာကို ဆန့်ကျင်ရာတွင် ကူကယ်ရာမဲ့နေသေးသည်။ ပထမအဖွဲ့သာလျှင် မဟာအရှင်ကို အနိုင်ယူနိုင်ရန် အခွင့်အရေးရှိသည်။ ရှီဖုန်းသည် နိုရာကို သူကိုယ်တိုင် အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ မထင်ခဲ့ပေ။ မဟာအရှင်က အားနည်းနေသည့်တိုင် ၄င်းက အံ့သြဖွယ်ကောင်းသည့် ကိစ္စဖြစ်၏။
” အစ်ကိုရေခဲ …။ ခင်ဗျားက တကယ်စိတ်ရင်း မကောင်းဘူးပဲ …။ ကျုပ်တို့ ကြည့်ရအောင်လို ဗွီဒီရိုလေး မှတ်တမ်းတင်ခဲ့တာ မဟုတ်ဘူး …”
” ဟုတ်သားပဲ …။ ဒါက နတ်ဘုရားနယ်မြေတစ်လျှောက် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သွားမှာ သေချာတယ် …”
လူတိုင်းက ငြီးတွားပြောဆိုကြသည်။ သူတို့က ရှီဖုန်း၏ လုပ်ဆောင်ချက်ကို မျက်မြင်မတွေ့ရတာ စိတ်ပျက်သွားသည်။ တစ်ချိန်ထဲတွင် ရှီဖုန်းအပေါ် ကြည်ညိုလေးစားမှုတို့က ပိုကြီးထွားလာခဲ့သည်။
” ဟား … ဟား … ဟား … ငါလည်း အစ်ကိုရီဖုန်းရဲ့ စွမ်းဆောင်ရည်အကြောင်း အံ့သြမှင်သက်နေတာလေ …။ အဲဒီတုန်းက ငါမှတ်တမ်းတင်ဖို့ စဉ်းစားတဲ့အချိန်မှာပဲ တိုက်ပွဲကပြီးသွားပြီးလေ …”
ရေခဲပြာမှုန်က ခပ်ရှက်ရှက်ဖြင့် ခေါင်းကုတ်လိုက်၏။
” ဒါပေမယ့် သူနဲ့ တိုက်ခိုက်တာကို ကြည့်ဖို့ အခွင့်အရေးမရတာ မဟုတ်ဘူး …။ ခဏနေကြရင် အစ်ကို ရီဖုန်းက လေဖမ်းသူကို လမ်းညွှန်မှုတစ်ချို့ ပေးလိမ့်မယ် …။ အဲဒီအခါ အစ်ကို ရီဖုန်း ဘယ်လောက် အစွမ်းထက်လည်းဆိုတာ မြင်ရလိမ့်မယ် …”
” ခေါင်းဆောင် …။ ပွဲမစခင် နှစ်တစ်ရာ ဘယ်ရီဝိုင်တစ်ပုလင်း သောက်လို့ရမလား …”
လေဖမ်းသူက ရှေ့သို့ အမြန်တိုးလာပြီး ရေခဲပြာမှုန်ကို ပြောလိုက်သည်။ အစမှာ သူသည် ရှီဖုန်းကို သာမန်မာဗာရစ်တစ်ဦးဟု ထင်ခဲ့သည်။ ရှီဖုန်းသည် မဟာအရှင်နိုရာကို ကိုယ်တိုင်အနိုင်ယူနိုင်သည်အထိ အစွမ်းထက်သည့်သူ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။ လေဖမ်းသူက ရှီဖုန်းကို သူကြုံတွေ့ဖူးသမျှ ဓားသမားထဲတွင် အသန်မာဆုံး ကျွမ်းကျင်သူဟူ၍ မှတ်ယူလိုက်ပြီဖြစ်သည်။
” ဒီနေ့ အားလုံးရဲ့ အချိန်ကိုဖြုန်းခဲ့မယ်ဆိုရင် မင်းကို တစ်ပုလင်းဖြုန်းခွင့်ပေးမှာ မဟုတ်ဘူး …။ ရော့ ဒီမှာယူလိုက် …”
ရေခဲပြာမှုန်က ပြုံးပြီး ခေါင်းခါလိုက်ပြီးနောက် သူက အပြာရောင်နုနု ဝိုင်ပုလင်းကို ထုတ်ယူပြီး လေဖမ်းသူအား ပေးလိုက်၏။
” ကျေးဇူးပါ ခေါင်းဆောင် …”
လေဖမ်းသူက နှစ်တစ်ရာ ဘယ်ရီဝိုင်ကို အမြန်လက်ခံလိုက်သည်။
လူငယ်ရှေးစစ်သည်တော်လေးသည် သူ့လက်ထဲရှိ ဘယ်ရီဝိုင်ပုလင်းကို မြင်သောအခါ လက်လက်ဆက်ဆက် အသားကို ကြည့်နေသည့် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ အလျင်စလို သောက်လိုက်ပြီးနောက် တစ်ပုလင်းလုံး ကုန်သွားတော့၏။ လေဖမ်းသူ၏ ပါးများက ရုတ်တရက် ရဲတောက်လာပြီး အရက်မူးနေတာကို ပြသ၏။
” ဟား … ဟား … ဟား … သူ့တပည့် နည်းနည်းပဲ သောက်ရသေးတယ် …။ လေဖမ်းသူက လေ့ကျင့်သေးဖို့ လိုနေသေးတဲ့သူပဲ …”
ကျန်သည့်သူများက မရယ်ပဲ မနေနိုင်တော့ပေ။
လေဖမ်းသူက အရက်မူးနေပြီဖြစ်သော်လည်း ရှေးစစ်သည်တော်၏ ခံစားချက်ပြောင်းလဲသွားတာကို ရှီဖုန်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။
သူက ဝိုင်မသောက်ရသေးခင်၌ ဓားအိမ်မချွတ်ရသေးသည့် ဓားသွားတစ်လက်နှင့် တူနေပြီး သူက ယခုဆို ဖုံးကွယ်ထားသည့် ဓားသွားတစ်လက်ဖြစ်နေသည်။ ဓားသွားက ဓားအိမ်ရှိနေသောအခါ ထိခိုက်မှု ကင်းမဲ့သည်ဟု ထင်ရသော်လည်း ဓားအိမ်ဖယ်ရှားလိုက်သည်နှင့် ၄င်းပစ်မှတ်၏ အသက်ကို သေချာပေါက်ယူမှာဖြစ်၏။
လူတိုင်းက လေဖမ်းသူ၏ ပြောင်းလဲမှုကို အနည်းငယ်ရိပ်မိသည်။ ၄င်းက သူတို့ကို မအံ့သြစေပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူတို့က သဘာဝကျသည်ဟုသာ တွေးမိသည်။
” ဒီမှာ ဘာတွေ ဖြစ်ကုန်တာလဲ …”
ရှီဖုန်းက သူ၏ အံ့သြမှုကို မထိန်းချုပ်နိုင်ပေ။ ဒါတွေအားလုံးက နှစ်တစ်ရာ ဘယ်ရီဝိုင်နဲ့ သက်ဆိုင်နေတာလား။