ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 596 မမျှတသောတိုက်ပွဲ
နှစ်တစ်ရာဗး ဘယ်ရီဝိုင်၏ စစ်မှန်သော လုပ်ဆောင်ချက်ကို မြင်ပြီးနောက် ရေခဲပြာမှုန်နှင့် ကျန်သည့်သူများသည် ထိုမျှမြင့်မားသည့် ပြီးမြောက်သည့်နှုန်း ရရှိရသည့် အကြောင်းအရင်းကို ရှီဖုန်း နောက်ဆုံးတော့ သဘောပေါက်သွားပြီဖြစ်သည်။ ကံဆိုးသည်မှာ ဝိုင်၏ ရရှိနိုင်မှုက အင်မတန်နိမ့်ပါးကာ ၎င်းဖြင့် အလားအလာရှိသော ကျွမ်းကျင်သူအရေအတွက်ကို ထောက်ပံ့ပေးနိုင်မှုက အင်မတန်နည်းပါးလွန်းသည်။ အလွန်းဆုံးမှ ရှိနေသည့်သူများအတွက်သာ လုံလောက်ရုံရှိသည်။ လူပိုများလျှင် လုံလောက်မှာမဟုတ်။
နောက်ထပ် သုံးမိနစ်တာအတွက် လေဖမ်းသူက ရှီဖုန်းကို သူ၏ မဟာဓားဖြင့် ခုတ်ထစ်၊ ပိုင်းဖြတ်ကာ ဆက်လက်တိုက်ခိုက်နေ၏။ လေဖမ်းသူက ရှီဖုန်းကို တိုက်ခိုက်လေလေ သူ၏ ကြောက်လန့်မှုတို့ ကြီးထွားလာလေဖြစ်သည်။
သူ၏ ပထမဆုံး လေပွေပိုင်းဖြတ်မှုမှအပ ကျန်သည့်တိုက်ကွက်များက ရှီဖုန်းကို မထိပေ။ မဟာဓားက ရှီဖုန်း၏ ခန္ဓာကိုယ်ကို ထိတော့မည်ဟု ထင်လိုက်သည့်အချိန်၌ သူ၏ လက်နက်သည် အနည်းငယ်လွဲချော်သွားခဲ့သည်။ ဆယ့်နှစ်ကြိမ်ကျော်ခန့် ကြာပြီးနောက် သူသည် ၎င်းက တိုက်ဆိုင်မှုတစ်ခုဟူ၍ ဖြေသာနိုင်သေးသည်။ သို့သော် အကွက်တစ်ရာကျော်ပြီး ရလဒ်တူညီနေလျှင် ၎င်းက တိုက်ဆိုင်မှု မဟုတ်တော့တာ သေချာသည်။
” ဘာတွေဖြစ်ကုန်တာလဲ …။ ငါ သူ့ကို ဘာကြောင့် မတိုက်ခိုက်နိုင်တာလဲ …”
လေဖမ်းသူအဖို့ ထိုသို့သော အခြေအနေကို ကြုံတွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်က ကစားသမားချင်း ယှဉ်ပြိုင်တိုက်ခိုက်သည့် ပွဲများတွင် နှစ်ဖက်စလုံးသည် ထိခိုက်မှုကို အမြဲတမ်းခံစားရ၏။ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ နှစ်ဖက်လုံးကတော့ ထိခိုက်ကြသည်။
ပိုကောင်းသည့် နည်းစနစ်ရှိသည့်ဘက်ခြမ်းက ထိခိုက်မှု ပိုထုတ်ပေးနိုင်ပြီး တိုက်ပွဲကိုလည်း ဆွဲထားနိုင်ကာ အနိုင်ရသူ ဖြစ်လာခဲ့သည်။ သို့သော် ယခုပွဲတွင် သူ၏ ပြိုင်ဘက်ကို ထိတောင်မထိနိုင်။ ၎င်းက သူ့ကို ရူးသွပ်စေ၏။
” ငါတို့ ကြားထဲက ကွာဟချက်က ဒီလောက်တောင် ကြီးမားနေတာလား …”
လေဖမ်းသူသည် သူတက်နိုင်သမျှ စကေးအားလုံးကို အသုံးပြုခဲ့ပြီဖြစ်သည်။ ထိုသို့တိုင် မည်သို့ပင် သူကြိုးစားစေကာမူ ရှီဖုန်း၏ သံချပ်ကာအစွန်းကိုတောင် ခြစ်ရာမထင်နိုင်ခဲ့ပေ။ ထိုကျရှုံးမှုက သူ့ကို စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ကြီး ဖြစ်စေ၏။
” အစ်ကိုကြီးရီဖုန်းရဲ့ ရှောင်တိမ်းတဲ့ နည်းစနစ်က အံ့မခန်းပဲ …။ ဒီလို နည်းစနစ်မျိုး ကြုံတွေ့ရတာ ပထမဆုံးအကြိမ်ပဲ …”
ခရိုင်တစ်၏ တတိယအဖွဲ့ခေါင်းဆောင် စန္ဒာတိမ်က ရှီဖုန်းနှင့် လေဖမ်းသူ၏ တိုက်ပွဲကို ကြည့်နေစဉ် စိတ်အားထက်သန်မှုတို့ ကြီးထွားလာသည်။ သူမက ရှီဖုန်း၏ ရှောင်တိမ်းသည့် နည်းစနစ်များကို သေချာလေ့လာမှတ်သားပြီး အချက်အလက်များ ရယူနိုင်ရန် ကြိုးစားနေ၏။
စန္ဒာတိမ်တစ်ယောက်ထဲသာ ထိုသို့ တွေးမိတာမဟုတ်ပေ။ ကျန်သည့် ခေါင်းဆောင်များသည်လည်း တည်ကြည်လေးနက်ဖြင့် အမူအရာဖြင့် ရှီဖုန်း၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေကြသည်။ နောက်ပိုင်းတွင် အတုယူရန်အတွက် တိုက်ပွဲကိုတောင် မှတ်တမ်းတင်ထားကြသေးသည်။
” ငါသာ အစ်ကိုရီဖုန်းရဲ့ ရှောင်တိမ်းတဲ့ နည်းစနစ်တစ်ဝက်လောက် ဖမ်းဆုပ်မိမယ်ဆိုရင် နောင်ကျ အရှင်အဆင့် မွန်းစတားတွေကို အလွယ်တကူ သတ်ဖြတ်နိုင်မှာပဲ …”
ဘတ်စ်ရီအင်ကာနေးရှင်းက သက်ပြင်းချလိုက်၏။
” မင်းမပြောစမ်းပါနဲ့ …။ အရှင်တွေက မြင့်မားတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေပြီးပြီ …။ MT တစ်ယောက်က အရှင်တစ်ပါးရဲ့ တိုက်ခိုက်မှု (၅၀) ရာခိုင်နှုန်းကို ရှောင်တိမ်းနိုင်ခဲ့ရင် ကုသသူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို သိသိသာသာ လျော့ချပေးနိုင်မှာပဲ …။ ကံဆိုးတာက ငါတို့ ခရိုင်တစ်ထဲမှာ ဘယ်သူမှ ဒီသတ်မှတ်ချက်အထိ မရောက်နိုင်သေးဘူး …”
ဘာသာရေးခေါင်းဆောင် ဆည်းဆာကြာက ပြောလိုက်သည်။ သူမသည် ခရိုင်တစ်၏ ပထမအဖွဲ့ရှိ နံပါတ်တစ် ဘာသာရေးခေါင်းဆောင်သည် အဖွဲ့၏ MT က ဘော့စ်တစ်ကောင်ကို တိုက်ခိုက်တိုင်းတွင် MT ၏ HP က ရေစီးဆင်းသကဲ့သို့ လျင်မြန်စွာ ကျသွားသည်။ ရလဒ်အနေဖြင့် ဆည်းဆာကြာက သူတို့အဖွဲ့၏ MT ကို ချက်ချင်းအားတင်းကာ ကုသနေရတော့သည်။ သူမသာ ဂရုမစိုက်လျှင် သူမက အရှင်၏ ကျူးကျော်ရန်စမှုကို အလွယ်တကူ ရသွားနိုင်သေးသည်။
” အစ်ကိုရီဖုန်း ဒီလိုစကေးတွေ သင်ယူနိုင်ခဲ့တာက မင်းကို တကယ်အံ့သြသွားစေတာပဲ …။ ကျုပ်တို့အဖွဲ့ထဲက အနီးကပ်တိုက်ခိုက်ရေး ကစားသမားတွေသာ သူ့ဆီက သင်ယူနိုင်ခဲ့မယ်ဆိုရင် ခရိုင်တစ်ရဲ့ ပထမခိုလုံရာဂေဟာက နောက်တစ်ဆင့်ကို မြန်မြန်ဆန်ဆန် ပွင့်နိုင်မှာပဲ …”
သူတို့၏ အနီးကပ် တိုက်ခိုက်ရေးကစားသမားများသာ ထိုအံ့မခမ်း နည်းစနစ်ကို သင်ယူနိုင်ခဲ့လျှင် သူတို့သည် ကွင်းပြင်ထဲ၌ မျိုးနွယ်စုအကြီးအကဲများနှင့် အရှင်များကို အလွယ်တကူ အမဲလိုက်နိုင်မှာဖြစ်သည်။ သူ၏ ဝိညာဉ်သလင်းများ ရိတ်သိမ်းမှုကလည်း လျင်မြန်စွာ မြင့်တက်လာမှာဖြစ်သည်။ ထိုအချိန်ကြလျှင် သူတို့က ခိုလုံရာဂေဟာကို လျင်မြန်စွာ အဆင့်မြင့်တင်ပြီး ကျန်သည့် ဒေသများထဲရှိ ခိုလုံရာဂေဟာများကို အမှီလိုက်နိုင်မှာဖြစ်သည်။
ခရိုင်တစ်က မိစ္ဆာ၊ သရဲ ဒေသထဲရှိ ထိပ်တန်းခိုလုံရာဂေဟာတစ်ခုဖြစ်သော်လည်း ၎င်းက အလယ်အဆင့် ခိုလုံရာဂေဟာတစ်ခုသာဖြစ်သည်။ သူတို့၏ ခိုလုံရာဂေဟာက မိစ္ဆာသရဲနယ်မြေ၏ ခရိုင်များထဲတွင် အလယ်အဆင့်ခိုလုံရာဂေဟာသာဖြစ်သော်လည်း ကျန်သည့် နယ်မြေများက ကြီးမားသည့် ခိုလုံရာဂေဟာများကို ပိုင်ဆိုင်ပြီဖြစ်၏။ သူတို့၏ ခွန်အားက ခရိုင်တစ်၏ ခွန်အားထက် အဆပေါင်းများစွာ မြင့်တက်ပေသည်။ သူတို့ကြားရှိ ကွာဟချက်က အချိန်ကြာလာသည်နှင့်အမျှ ပိုကျယ်လာမှာပင်ဖြစ်သည်။
” ခေါင်းဆောင်ရေခဲ …။ အစ်ကိုရီဖုန်းကို ကျုပ်တို့ရဲ့ ခရိုင်တစ်ဆီဝင်ဖို့ ဖြောင်းဖြနိုင်တဲ့နည်းလမ်း မရှိဘူးလား …”
နွားရိုင်းပြာက မေးလိုက်သည်။ နွားရိုင်းပြာက ပထမအဖွဲ့၏ ရှေးစစ်သည်တော်တစ်ဦး ဖြစ်သော်လည်း ရှီဖုန်း၏ နည်းစနစ်များက နက်နဲစွာသက်ရောက်မှု ရှိပေသည်။ ထိုနည်းစနစ်များက ယခင် သူတို့၏ တိုက်ပွဲဝင်နည်းလမ်း သဘောတရားကို ကျော်ဖြတ်သွားသည်။ ရှီဖုန်းကိုသာ ခရိုင်တစ်သို့ ဝင်ရန် သွေးဆောင်နိုင်ပြီး ခိုလုံရာဂေဟာထဲတွင် နေထိုင်သူတစ်ဦး ဖြစ်လာစေပါက ခိုလုံရာဂေဟာကို နောက်ထပ်အဆင့်ကို မြင့်တင်နိုင်လောက်မှာဖြစ်သည်။
နွားရိုင်းပြာ၏ အကြံပြုချက်ကို ကြားသောအခါ ကျန်သည့်အဖွဲ့ခေါင်းဆောင်များကလည်း ရေခဲပြာမှုန်ကို ကြည့်လိုက်ကြသည်။
” မင်းတို့တွေ …”
ရေခဲပြာမှုန်က အတော်လေး ဆွံ့အသွားသည်။
” ငါဒီလို လုပ်ချင်ပေမယ့် အစ်ကိုရီဖုန်းက မာဗာရစ်တစ်ယောက်လေ …။ မာဗာရစ်တွေ ဘယ်လို ပြုမူလည်းဆိုတာ မင်းတို့ သိသားနဲ့ …”
” တကယ် နှမျောစရာပဲ …”
မာဗာရစ်များ၏ ကစားသည့်ပုံစံကို ပြန်တွေးမိသောအခါ ကျန်သည့်သူများက သက်ပြင်းချလိုက်သည်။ ခိုလုံရာဂေဟာသည် သူတို့၏ အိမ်ကဲ့သို့ဖြစ်သည်။ သူတို့၏ ခိုလုံရာဂေဟာ ပိုသန်မာလာတာကို မြင်ချင်ကြသည်။ ကံဆိုးသည်မှာ မာဗာရစ်များက ထိန်းချုပ်မှုကို မကြိုက်။
စကားဝိုင်းက အဆုံးသတ်သို့ ရောက်ခါနီးတွင် ရှီဖုန်းက လေဖမ်းသူ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းတာ ရပ်လိုက်၏။
” ငါလိုအပ်တဲ့ အချက်အလက်အများစု ရပြီးပြီ …။ ပွဲကို အဆုံးသတ်တာပေါ့ …”
ရှီဖုန်းက လေဖမ်းသူ၏ ခွန်အားနှင့် နှစ်တစ်ရာ ဘယ်ရီဝိုင်၏ သက်ရောက်မှုကို နားလည်သဘောပေါက်ခဲ့ပြီဖြစ်သည်။ တိုက်ပွဲကို အချိန်ဆွဲဖို့ အကြောင်းပြချက် မရှိတော့ပေ။ သူက လေဟာနယ်ခြေလှမ်းကို ချက်ချင်းအသုံးပြုပြီးနောက် သူတို့ရှေ့မှ ပျောက်ကွယ်သွားတော့သည်။
” သူပျောက်သွားတာလား …”
လေဖမ်းသူက သူ၏ ပတ်ဝန်းကျင်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ဘယ်၊ ညာ အထက်ကိုတောင် ကြည့်လိုက်ရာ ရှီဖုန်း၏ အရိပ်အယောက်ကို ရှာမတွေ့ပေ။
” သူဘယ်မှာလဲ ..”
လေဖမ်းသူက ရှီဖုန်း၏ တည်ရှိမှုကိုတောင် အာရုံမခံနိုင်တော့ပေ။
ပုံမှန်ဆို လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်က သူ့ကို ချောင်းနေပါက သူသည် လုပ်ကြံသတ်ဖြတ်ရေးသမားကို မမြင်နိုင်သော်လည်း အနည်းနှင့်အများ ထိုလူ အနီးအနားတွင် ရှိနေတာကို အာရုံခံမိပေသည်။ သို့သော် ယခုမူ ရှီဖုန်း၏ တည်ရှိမူ နည်းနည်းလေးကိုတောင် အာရုံမခံမိပေ။ ဓားသမား၏ နည်းစနစ်က လုပ်ကြံသတ်ဖြတ်ရေးသမား၏ လျှို့ဝျက်ခြင်းထက် ပိုတောင် အစွမ်းထက်နေသည်။
ပွဲကြည့်ပရိတ်သတ်ထဲရှိ လူတိုင်းကလည်း မှင်သက်သွားကြသည်။
သက်ရှိထင်ရှား လူတစ်ယောက်က လေထဲ၌ ပျောက်ကွယ်သွားသည်။
မည်သည့် ဓားသမားမှ လျှို့ဝှက်ခြင်းနှင့် သက်ဆိုင်သည့်စကေးကို ပိုင်ဆိုင်တာမျိုး မရှိပေ။
ပွဲစတင်သည်နှင့် ကစားသမားများသည် အနိုင်ရသူကို ဆုံးဖြတ်ပြီးမှသာလျှင် ပြိုင်ကွင်းထဲမှ ထွက်သွားနိုင်တာဖြစ်သည်။ အနိုင်ယူသူ၏ ပုံကိုလည်း ပွဲပြီးသွားပြီးနောက် ပြိုင်ကွင်းအထက်၌ ပြသမှာဖြစ်သည်။ ကစားသမားများထဲမှ တစ်ယောက်က ဂိမ်းထဲမှ ထွက်သွားပါက စနစ်သည် သူတို့ကို အရှုံးသမားအဖြစ် ကြေညာမှာဖြစ်၏။ ပွဲကိုလည်း အဆုံးသတ်လိုက်မှာပင်။ သို့သော် စနစ်က ပြိုင်ပွဲ၏ ရလဒ်ကို မကြေညာသေးပေ။ ထို့ကြောင့် ဖြစ်နိုင်ချေတစ်ခုက သူတို့သည် ရှီဖုန်းကို အမှန်တကယ် မတွေ့မြင်နိုင်တာဖြစ်သည်။
သို့သော် လူတိုင်းက ထိတ်လန့်မှုမှ ပြန်ကောင်းမလာသေးခင် ရှီဖုန်းက လေဖမ်းသူရှေ့၌ ပေါ်လာသည် ပြီးနောက် သူ၏ ဓားကို လွဲရမ်းကာ ရှေးစစ်သည်တော်၏ ခန္ဓာကိုယ်ဆီ ငွေလသုံးစင်းကို ပစ်ထုတ်လိုက်ကာ ပိုင်းဖြတ်လိုက်၏။
” မြန်ဆန်လိုက်တဲ့ တိုက်ခိုက်မှု …”
လေဖမ်းသူက မဟာဓားဖြင့် သူ့ကိုသူ ကာကွယ်လိုက်သော်လည်း ရှီဖုန်း၏ ဓားက မြန်ဆန်လွန်းနေသည်။ တိုက်ကွက်က သူတောင် မတုံ့ပြန်နိုင်သေးခင် ကျရောက်လာ၏။
ရှီဖုန်း၏ ခုတ်ထစ်ခြင်းဖိအားက လေဖမ်းသူကို နောက်သို့ လွင့်ထွက်သွားစေသည်။ သူတို့ နှစ်ယောက်လုံးက တူညီသည့် အရည်အချင်းပိုင်ဆိုင်သော်လည်း ရှီဖုန်း၏ ခုတ်ထစ်ခြင်းက (၉၅) ရာခိုင်နှုန်း ပြီးမြောက်သည့်နှုန်း ရရှိထားတာဖြစ်သည်။ သူပြသသည့် စကေးအာနိသက်က လူငယ်ရှေးစစ်သည်တော်၏ HP (၅၀) ရာခိုင်နှုန်းကို ပယ်ဖျက်သွား၏။
” သူက တကယ်ဓားသမားလား …”
လေဖမ်းသူက သူဆုံးရှုံးသွားသည့် HP ကို မြင်သောအခါ ထိတ်လန့်သွားသည်။
အတိတ်တုန်းက သူနှင့် အရည်အချင်းတူသည့် ကျန်သည့်ဓားသမားများကို တိုက်ခိုက်ခဲ့စဉ်က သူတို့၏ ခုတ်ထစ်မှုက သူ့ HP ၏ (၂၀) ရာခိုင်နှုန်းကိုသာ ဝါးမျိုနိုင်ခဲ့သည်။ သို့သော် ယခုမူ ရှီဖုန်း၏ ခုတ်ထစ်မှုက သူ့ HP တစ်ဝက်ကို လျော့ကျသွားစေ၏။ ကွာဟချက်က ရူးလောက်စရာပင်။ စနစ်က အမှားလုပ်မိလားဟုတောင် လေဖမ်းသူ သံသယဝင်သွားသည်။
လေဖမ်းသူ မသိသည်က ရှီဖုန်းကိုင်ဆောင်ထားသည့် အသူရာဓားသွားက ထိခိုက်မှု (၂၀၀) ရာခိုင်နှုန်းဖြစ်စေရန် (၅၀) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ သူ၏ စကေးပြီးမြောက်သည့်ရာခိုင်နှုန်း (၉၅) ရာခိုင်နှုန်း ပေါင်းစပ်ထားသောအခါ သူ၏ စုစုပေါင်း ထိခိုက်နိုင်မှုက အံ့သြဖွယ်ရာ ကောင်းလှသည်။
” ပြီးသွားပြီ …”
ရှီဖုန်းက နောက်သို့ လွင့်ထွက်သွားသည့် လေဖမ်းသူကို ကြည့်ပြီး နဂါးဝင်သက်ငွေ့ကို အသုံးပြုလိုက်၏။
နဂါးဝင်သက်ငွေ့သည့် အပိုင်းအစ ဒဏ္ဍာရီလာ အိုင်တမ်တစ်ခုမှ ရလာခဲ့သည့် စကေးတစ်ခုဖြစ်သည်။ ထိုစကေးက ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားရုံတင်မက ရွတ်ဆိုရန်အချိန်လည်း မလိုအပ်ပေ။ ထိုစကေး၏ တိုက်ခိုက်သည့်အရှိန်ကလည်း အင်မတန်မြင့်ပေသည်။ နောက်စက္ကန့်တွင် အစိမ်းရောင်အလင်းတန်းက လေဖမ်းသူကို ဝါးမျိုသွားတော့သည်။
ရှီဖုန်း ထိခိုက်မှု ခြောက်ကြိမ်တောင် သက်ရောက်ပြီးနောက် နဂါးဝင်သက်ငွေ့က လေဖမ်းသူ၏ HP ကို သုညဖြစ်သွားသေတော့သည်။
” ပြီးသွားပြီလား …”
ပွဲကြည့် ပရိတ်သတ်က အံ့သြကာ ဆွံ့အသွားတော့၏။
ရှီဖုန်းသည် လေဖမ်းသူကို အလွယ်တကူ အနိုင်ယူနိုင်မှန်း သူတို့ အစောထဲက သဘောပေါက်ပြီး ဖြစ်သော်လည်း လူငယ်ရှေးစစ်သည်တော်ကို ချက်ချင်းအဆုံးသတ်နိုင်သည့် စွမ်းရည်ရှိလိမ့်မည်ဟု သူတို့မထင်ထားပေ။ ဓားသမားတစ်ယောက်အဖို့ သံချပ်ကာအမျိုးအစားကို ချက်ချင်းသတ်ဖြတ်ဖို့က မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။