ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 599 မဟာနတ်ဆိုး
ခရိုင်းငါးမှ ရှီဖုန်း ထွက်သွားတာခဲ့တာ တစ်ရက်ကြာခဲ့ပြီဖြစ်သည်။ သို့သော် ရှီဖုန်းက ခရိုင်ငါး၏ ခိုလုံရာဂေဟာသို့ ထက်ရောက်လာသည့်အချိန်၌ ပြောင်းလဲမှုကြီး ဖြစ်ပေါ်နေ၏။
” ခိုလုံရာဂေဟာ ဘာဖြစ်သွားတာလဲ …”
ရှီဖုန်းက သူရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ ထိပ်လန့်သွားခဲ့သည်။
မူလက ခရိုင်ငါး၏ ဖွံ့ဖြိုးတိုးတက်နေသော ခိုလုံရာဂေဟာသည် အပျက်အဆီးပုံ ဖြစ်သွားတော့၏။ ခိုလုံရာဂေဟာကို ဝန်းရံထားသည့် မြင့်မားသည့်နံရံများက မရှိတော့။ အိမ်များကလည်း ပြိုလဲပြီး နံရံများ အနည်းငယ်သာ ကျန်ရစ်တော့သည်။ ခိုလုံရာဂေဟာထဲတွင် လူရှိသည့် လက္ခဏာကိုတောင် မတွေ့ရပေ။
ကျယ်ပြောသည့် လမ်းမပေါ်၌ အမျိုးမျိုးသော မွန်းစတားများ၏ ပုတ်ဆော်နေသော အလောင်းများသာ ရှိနေသည်။ ထို့အပြင် ထိုမွန်းစတားများက အဆင့် (၄၀) နှင့်အထက် ရှိကြပြီး ဤဒေသ၏ အဆင့်ထက်ကို ကျော်လွန်သည်။ မွန်းစတားများထဲတွင် အများစုက လက်ရွေးစဉ်များဖြစ်၏။ အထူးလက်ရွေးစဉ်များနှင့် မျိုးနွယ်စုအကြီးအကဲများစွာလည်း ရှိပေသည်။
အရှင်..
ခရိုင်ငါး၏ ခိုလုံရာဂေဟာထဲသို့ ရောက်ရှိပြီးနောက် ရှီဖုန်းသည့် ဖြတ်လမ်းတစ်ခုကို ဖြတ်သွားမိသည်နှင့် သုံးထပ်တိုက်ခန့်မြင့်သည့် ဝက်ဝံကြီးတစ်ကောင်၏ အလောင်းကို တွေ့လိုက်ရသည်။
အိပ်မက်ဆိုးဝက်ဝံ နတ်ဆိုးသတ္တဝါ အရှင်အဆင့်
အဆင့် (၄၀)
HP (၀/၂၈ သိန်း)
မိစ္ဆာသရဲနယ်မြေထဲတွင်တောင် အရှင်အဆင့်မွန်းစတားများက အင်မတန်ရှားပါးသည်။ ရှီဖုန်း၏ နားလည်သဘောပေါက်မှုထားပုံကို အခြေခံကြည့်ပါက မွန်းစတာတပ်ဖွဲ့သည် ခိုလုံရာဂေဟာကို ညစဉ်ညတိုင်း တိုက်ခိုက်သည့်အခါတွင် အရှင်မပါခဲ့ဖူးပေ။ လုပ်ကြံသတ်ဖြတ်မှုထဲတွင် အသန်မာဆုံးက မွန်းစတားများက မျိုးနွယ်စုအကြီးအကဲများသာ များပေ၏။ ထိုသို့တိုင် ရှီဖုန်းက လမ်းပေါ်၌ အရှင်အဆင့် မွန်းစတားလေးကောင်၏ အလောင်းများကို တွေ့ခဲ့ရသည်။ ခရိုင်ငါးထဲတွင် ထိုမွန်းစတားများ သတ်ဖြတ်မှုမည်မျှပြင်းထန်ခဲ့မှန်း မှန်းဆနိုင်ပေ၏။
” ဒီမှာ ဘာတွေဖြစ်သွားတာလဲ …”
လမ်းများကို ပတ်လျှောက်ပြီးသည့်တိုင် ရှီဖုန်းက ကစားသမားတစ်ယောက်မှ မတွေ့ရသေးပေ။ ခရိုင်ငါးက ညတွင်းချင်း သရဲမြို့တော်တစ်ခု ဖြစ်သွားပုံရသည်။ ပုံမှန်ဆို ခိုလုံရာဂေဟာတစ်ခု ကျူးကျော်ခံရလျှင်တောင် ကစားသမားများက ထိုဒေသထဲမှ လျင်မြန်စွာ ဆုတ်သွားကြမှာ မဟုတ်ပေ။
ခရိုင်ငါး၏ ဗဟိုလမ်းမပေါ်သို့ ရှီဖုန်း ရောက်သည့်အခါ ကစားသမားများ၏ အော်သံက သူ့နားထဲရောက်လာသည်။
နာကျင်စွာ အော်ငြီးသည့်အသံမျိုးကို ကြားရတာပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် အတိတ်တုန်းကသာ ကြားခဲ့ဖူးတာဖြစ်သည်။ ဤဘဝတွင် စိတ်ပျက်အားငယ်ပြီး နာကျင်စွာ အော်ငြီးနေသည့်အသံကိုကြားရတာ ပထမဆုံးအကြိမ်ဖြစ်၏။
ပြီးနောက် ရှီဖုန်းက လေခြေလှမ်းကို ထုတ်ဖော်ကာ အသံလာရာဘက်သို့ သွားလိုက်သည်။
သို့သော် အသံလာရာဘက်နှင့် ကိုက်နှစ်ရာအကွာသို့ ရောက်သည့်အချိန်၌ သူ၏ ခန္ဓာကိုယ်က ရုတ်တရက်လေးလံသွားတော့သည်။ ရွံ့ဗွက်အိုင်တစ်ခုထဲ ခုန်ဆင်းလိုက်သလိုပင်။
ဒါက နယ်မြေတစ်ခုဘဲ။ ရှီဖုန်းက နယ်မြေ၏ အကွာအဝေးထဲမှ ပြန်ဆုတ်ကာ နောက်သို့ ချက်ချင်းခုန်လိုက်သည်။
နယ်မြေ
အလွှာမြင့်သတ္တဝါများသာလျှင် ခွင့်ပြုနိုင်စွမ်းရှိသည့်နေရာဖြစ်သည်။
မြစ်ဖြူမြို့၏ အထက်တရားသူကြီး ဝေ့စ်စမန်းနှင့် အလွှာလေးမဟာမှော်နက်ပညာရှင်များကို ဥပမာယူနိုင်ပေသည်။ သူသည် မှော်နယ်မြေတစ်ခုကို ဆင့်ခေါ်နိုင်သည်။ ၎င်းက သူ့ကို စွမ်းအားများပေးကာ ရန်သူများကို ဖိနှိပ်ပေးနိုင်၏။ နယ်မြေမရှိသည့်သူက နယ်မြေပိုင်ဆိုင်ထားသည့်သူကို ရင်ဆိုင်ရပါက သူတို့သည် ထိုလူထက် မသန်မာလျှင်တောင် လွတ်မြောက်မှုနှင့် သေခြင်းတရားသာ ရွေးချယ်စရာနှစ်ခုရှိသည်။
နယ်မြေကို အသုံးပြုရန်အတွက် အနည်းဆုံး အလွှာလေးဖြစ်ရမည်ပင်။ တစ်နည်းဆိုရလျှင် ထိုအော်ငြီးသံက အလွှာလေးမွန်းစတားဖြစ်လောက်သည်။
ကစားသမားတစ်ယောက်အော်နေသည် ဆိုမှတော့ အလွှာလေးသတ္တဝါက ရန်သူဟူ၍ အလွယ်တကူကောက်ချက်ချနိုင်ပေသည်။
” အလွှာလေးသတ္တဝါတစ်ကောင်က ဒီမှာဘာကြောင့် ရှိနေတာလဲ …”
ရှီဖုန်းက အတော်လေးအံ့သြသွားသည်။
ကစားသမားများ၏ လက်ရှိအဆင့်ကို အခြေခံကြည့်ပါက ထိုကဲ့သို့ သတ္တဝါတစ်ကောင်နှင့် တွေ့မိဖို့က မဖြစ်နိုင်ပေ။ ဤကဲ့သို့ အဆင့်နိမ့်သည့် ဒေသတွင်ဆိုလျှင် ပိုဆိုးသေး၏။
ရှီဖုန်းက ပြိုလဲနေသည့် ခေါင်မိုးပေါ်သို့ အမြန်ခုန်တက်ပြီးနောက် အော်သံလာရာဘက်သို့ ကြည့်လိုက်သည်။
ယခုအချိန် လမ်းလယ်ပေါ်၌ အသက်ရှင်နေသည့် ကစားသမားသုံးဦးရှိသည်။ တစ်ယောက်က ရှီဖုန်းနှင့် ရင်နှီးသည့် စည်းကမ်းသုခဘုံဖြစ်သည်။ ကျန်သည့်နှစ်ယောက်က အဆင့် (၂၈) လုပ်ကြံသတ်ဖြတ်သူနှင့် အဆင့် (၂၈) ရှေးစစ်သည်တော်တစ်ဦးဖြစ်သည်။ ယခုအချိန်တွင် သုံးယောက်လုံး၏ HP က အင်မတန်နိမ့်နေ၏။ သူတို့နားတွင် အဆင့် (၄၀) မွန်းစတားများလည်း ဝိုင်းနေကာ လွတ်မြောက်ဖို့က မဖြစ်နိုင်ပေ။ အဆိုးဆုံးက လင်းနို့တောင်ပံဖြင့် မျက်လုံးနီနီ အနက်ရောင်မိစ္ဆာက သူတို့ပေါ်၌ အုပ်မိုးထားတာဖြစ်သည်။
နဒ်ထလ် နတ်ဆိုးသတ္တဝါ မဟာနတ်ဆိုး
အဆင့် (၆၀)
HP (သိန်း ၅၀၀/ သိန်း ၅၀၀)
” အလွှာလေးမဟာနတ်ဆိုးက ဒီမှာ ဘာလုပ်နေတာလဲ …”
ရှီဖုန်းက နဒ်ထလ်ကို မြင်သောအခါ အံ့သြသွား၏။
နတ်ဆိုးများသည် လူသားမျိုးနွယ်စု၏ ရန်သူဖြစ်ပေသည်။ နတ်ဘုရားနယ်မြေထဲတွင် နတ်ဆိုးတစ်ကောင်ပေါ်လာပါက အမျိုးမျိုးသော တိုင်းပြည်များ၏ တပ်ဖွဲ့များက နတ်ဆိုးများကို သုတ်သင်ရှင်းလင်းပစ်ရန် ထွက်ပေါ်လာမှာဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးတစ်ကောင်ကို တွေ့ကြုံဖို့က ရှားပါးလွန်း၏။ မဟာနတ်ဆိုးဆိုလျှင် ပိုဆိုးသေးသည်။
နဒ်ထလ်က အဆင့် (၆၀) မဟာနတ်ဆိုးမျှသာရှိသော်လည်း လက်ရှိကစားသမားများအဖို့ သူက ပြိုင်ဘက်ကင်းနေသည်။ ကစားသမားများ ရန်မစနိုင်သည့် သူမျိုးဖြစ်၏။
” ဆိုးယုတ်လိုက်တဲ့ လူသားတွေ မင်းတို့အသက်ရှင်ဖို့ နောက်ဆုံးအခွင့်အရေးပေးမယ် …။ မင်းတို့ ခိုးယူသွားတဲ့ မိုလော့ရဲ့လက်စွပ်ကို ပြန်ပေးပြီ အညံ့ခံလိုက် …”
နဒ်ထလ်က စည်းကမ်းသုခဘုံတို့ကြည့်ပြီး အေးတိအေးစက် ပြောလိုက်သည်။
” မဟုတ်ရင် မင်းတို့ကို ဝိညာဉ်မီးတောက်ရဲ့ အရသာမြည်းစမ်းခိုင်ပြီး မင်းတို့ရဲ့ ဝိညာဉ်ကို မင်းတို့အဖော်အပေါင်းလိုမျိုး ဖျက်ဆီးပစ်မယ် …”
နဒ်ထလ်၏ စကားကို ကြားသောအခါ ရှီဖုန်းက အေးစက်စက်လေများ ရှူရှိုက်မိသွားသည်။
ကစားသမားများအဖို့ သူတို့၏ ဝိညာဉ်က အလွန်အရေးကြီးပြီး ထိခိုက်မှုများသည် ပြင်းထန်သည့် နောက်ဆက်တွဲများကို သယ်ဆောင်လာ၏။ ရှီဖုန်းသည် သူသတ်ခဲ့သည့် ကစားသမားများထံမှ အင်မော်တယ်ဝိညာဉ်ကို စုဆောင်သကဲ့သို့ပင်ဖြစ်သည်။ ရလဒ်အနေဖြင့် ကစားသမားများသည် အချိန်တိုအတွင်း နတ်ဘုရားနယ်မြေထဲသို့ ပြန်မဝင်နိုင်တော့ပေ။ သို့သော် သူက ကစားသမားများ၏ အင်မော်တယ်ဝိညာဉ် အပိုင်းအစလေးကိုသာ စုဆောင်းခဲ့တာဖြစ်သည်။ ဝိညာဉ်မီးက ကစားသမား၏ ဝိညာဉ်ကို အပြည့်အဝလောင်ကျွမ်းသွားပါက နောက်ဆက်တွဲက မမှန်းဆနိုင်စရာပင်။
ထိုပြစ်ဒဏ်က ဂိမ်းထဲ ရက်အနည်းငယ်မဝင်နိုင်ရုံဖြင့် ကန့်သတ်ထားမှာမဟုတ်ပေ။ ကစားသမားတစ်ဦး၏ ဝိညာဉ်က ဝိညာဥိမီးဖြင့် လောင်ကျွမ်းခံလိုက်ရပါက သူတို့၏ အကောင့်များထိသွားမှာပင်။ ရွေးချယ်စရာမရှိဘဲ အကောင့်ကို အစကနေပြန်စကာ အင်မော်တယ်ဝိညာဉ်အသစ် ရယူရမှာဖြစ်၏။
” စည်းကမ်းသုခဘုံက ဘယ်လိုတာဝန်မျိုး လုပ်ခဲ့တာကြောင့် ကြောက်မက်ဖွယ်ကောင်းတဲ့ ပြစ်ဒဏ်မျိုးနဲ့ ကြုံတွေ့ရတာလဲ …”
မဟာနတ်ဆိုး၏ လက်ထဲရှိ အနက်ရောင်မီးတောက်ကို မြင်သောအခါ ရှီဖုန်းက နှလုံးတစ်ချက်ခုန်သွားသည်။
အလွှာလေးသတ္တဝါများ အထူးသဖြင့် အလွှာလေး မဟာနတ်ဆိုးဖြစ်သည့် နဒ်ထလ်သည် လာခြင်းကောင်းသည့်သူမျိုး မဟုတ်ပေ။ တာဝန်တစ်ခုကြောင့် ရောက်လာခြင်းသာဖြစ်မှန်း ရှီဖုန်း သိလိုက်သည်။ စည်းကမ်းသုခဘုံသည် ထိုတာဝန်ကို ပြီမြောက်ရန် အချိန်မီမပြီးမြောက်ခဲ့တာဖြစ်မည်။ ရလဒ်အနေဖြင့် ထိုကဲ့သို့ ပြစ်ဒဏ်နှင့် ကြုံတွေ့ရမှာဖြစ်သည်။ ထိုပြစ်ဒဏ်က ရှီဖုန်း၏ အံ့ဖွယ်တာဝန် မဟူရာသက်ဆင်းခြင်း၏ ပြစ်ဒဏ်နှင့် ဆင်တူပေသည်။
” မင်းက ငါ့ကို အညံ့ခံစေချင်တာလား …။ နှစ်တစ်သန်းတောင် မရဘူး …။ မင်းတဲ့သေတဲ့အထိ တိုက်ခိုက်မယ် …”
စည်းကမ်းသုခဘုံက အော်ဟစ်လိုက်ပြီးနောက် သူ၏ ဒိုင်းကို မဟာနတ်ဆိုးဆီ ပစ်ထုတ်လိုက်သည်။
ရွှေရောင်ဓားက နဒ်ထလ်ကို မထိသေးခင် မဟာနတ်ဆိုးက အားစိုက်ထုတ်စရာမလိုဘဲ လွင့်ထွက်လာသည့်ဒိုင်းကို လက်တစ်ဖက်ထဲဖြင့် ဖမ်းလိုက်၏။ နဒ်ထလ်က လက်သီးဖြင့် ချေမွလိုက်သည်။
ဖန် …
တစ်ချက် ဖျစ်ညှစ်မှုဖြင့် အဆင့် (၂၅) ရွှေစင်ဒိုင်းက ယိုယွင်းသွားတော့သည်။
အလွှာလေးသတ္တဝါအဖို့ ရွှေစင်ချပ်ဝတ်တန်ဆာကို ဖျက်ဆီးဖို့က လွယ်ကူသည့် အလုပ်ဖြစ်သည်။ မဟူရာရွှေချပ်ဝတ်တန်ဆာသာလျှင် အချိန်အတိုင်းအတားတစ်ခုအထိ ၎င်း၏ စွမ်းအားကို ခံနိုင်ရည်ရှိတာဖြစ်သည်။
စည်းကမ်းသုခဘုံတို့ဘက်ရှိ ကစားသမားနှစ်ဦးကလည်း ကြောက်လန့်သွားတော့သည်။
” မင်းတို့က ငါ့အစေခံဖြစ်ဖို့ ဆန္ဒမရှိဘူးဆိုမှတော့ သေလို့ရပြီ …”
နဒ်ထလ်က နှာခေါင်းရှုံ့ပြီးနောက် သူ့လက်ထဲ၌ အလင်းလိုင်းတစ်ချက်ပေါ်လာရာ အနက်ရောင်မီးတောက်များက စည်းကမ်းသုခဘုံပေါ် ရွာသွန်းကျလာသည်။
စည်းကမ်းသုခဘုံတို့အဖွဲ့က ဝိညာဉ်မီးရွာသွန်းမှုကို ခုခံနိုင်ရန် မျှော်လင့်ချက်မရှိပေ။
သူတို့၏ HP များ လျင်မြန်စွာ ယုတ်လျော့နေရုံသာမက လောင်ကျွမ်းနေသည့် နာကျင်မှုများကြောင့် အော်ငြီးသံများသာ ထုတ်နေရသည်။ အနက်ရောင်မီးတောက်က စက္ကန့်ပိုင်းအတွင်း သူတို့သုံးယောက်ကို ဝါးမျိုသွားသည်။ သုံးယောက်လုံးက ပြာအဖြစ်ပြောင်းသွားသည့် အချိန်ကြမှသာ အနက်ရောင်မီးတောက်က ပျောက်ကွယ်သွားတော့၏။
” ဒါက ပြဿနာများတော့မှာပဲ …”
ရှီဖုန်းက ခေါင်းကိုက်သွားတော့သည်။
သူသည် အမှောင်ထုကဏ္ဍ အပိုင်းအခြားကို ရယူရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ သို့သော် ယခုအချိန်၌ စည်းကမ်းသုခဘုံသည် ကြောက်မက်ဖွယ်ကောင်းသည့်တာဝန်ကို လက်ခံခဲ့ပြီး မပြီးမြောက်နိုင်သောကြောင့် သူ၏ အကောင့်ကို ပြန်စတင်ရန် ဖိအားပေးခံရ၏။ သူက ယခုအချိန်တွင် မဟူရာသားရဲတွင်းသို့ မည်ကဲ့သို့ သွားရတော့မည်နည်း။
” ဟမျ …။ ဒါဘာလဲ …”
သူ၏ အလွန်စူးရှသည့် အမြင်အာရံဖြင့် ရှီဖုန်းက စည်းကမ်းသုခဘုံပြာပုံများ ကြားထဲ၌ တစ်ဖျက်ဖျက်လက်နေသည့် အနက်ရောင်အလင်းတန်းကို သတိပြုမိသွား၏။
” လက်စွပ်တစ်ကွင်းလား …”
ရုတ်တရက်တွင် ရှီဖုန်းက မဟာနတ်ဆိုးနဒ်ထလ်ပြောခဲ့သည့် မိုလော့လက်စွပ်ဆိုသည်ကို သတိရသွားသည်။
ထိုလက်စွပ်က တာဝန်အတွက် သော့ချက်ဖြစ်သည့် အိုင်တမ်တစ်ခုဖြစ်လောက်ပေသည်။ ၎င်းက တာဝန်အတွက် အိုင်တမ်ဖြစ်သောကြောင့် စည်းကမ်းသုခဘုံနှင့် မပျောက်ကွယ်သွားတာ သဘာဝကျ၏။ နောက်ထပ် ကစားသမားတစ်ယောက်အတွက် စောင့်စားနေတာ ဖြစ်နိုင်သည်။
” အဲဒီလက်စွပ်က မဟူရာသားရဲတွင်းနဲ့ တစ်နည်းနည်းသက်ဆိုင်နေတာလား …”
ရှီဖုန်းက မအံ့သြပဲမနေ။
ထိုမတိုင်ခင်က သူသည် ရေခဲပြာမှုန်ကို မဟူရာသားရဲတွင်းအကြောင်း မေးခဲ့သည်။ သို့သော် ရေခဲပြာမှုန်က ဘာမှမသိပေ။ သူက မဟူရာသားရဲတွင်းကို ဝင်ရောက်နိုင်သည့် ဂိတ်တံခါးကို အမှောင်ထုကဏ္ဍ အပိုင်းအခြား ဖွင့်လှစ်နိုင်မှန်းတောင် မသိပေ။
မည်သို့ပင်ကြည့်ကြည့် ခရိုင်တစ်၏ ခေါင်းဆောင်က စည်းကမ်းသုခဘုံထက် အချက်အလက်ပိုနည်းဖို့က မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ဖြေရှင်းနည်းက စည်းကမ်းသုခဘုံသည် အချို့သော အထူးနည်းလမ်းများမှတစ်ဆင့် ထိုအချက်အလက်ကို ရထားတာဖြစ်နိုင်သည်။ ထို့အပြင် စည်းကမ်းသုခဘုံက အမှောင်ထုကဏ္ဍ အပိုင်းအခြားကို ရရန် အလွန်စိတ်အားထက်သန်နေ၏။
ယခုအချိန်တွင် မဟာနတ်ဆိုးက လက်စွပ်ကိုယူရန် ပေါ်လာသည်။ ထိုလက်စွပ်ကို ယူခြင်းနှင့် အမှောင်ထုကဏ္ဍ အပိုင်းအခြားက မသက်ဆိုင်ဘူးဆိုပါက ၄င်းကို မည်သူက ယုံကြည်မည်နည်း။
” ငါစမ်းကြည့်ရုံဘဲ ရှိမယ် …”
ရှီဖုန်းက အံ့ကြိတ်ပြီးနောက် သူက အလွန်မြန်ဆန်သည့် အရှိန်ဖြင့် လက်စွပ်နားသို့ ပြေးဝင်သွားလိုက်၏။