ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 625 အဖွဲ့၏ ပထမဆုံးရှင်းလင်းမှု
ခုနှစ်စင်ကြယ်အကဲဖြတ်မှုက မီးတောက်ပြာကျီးဘုရင်ကို ဖိနှိပ်ထားပြီးနောက် မီးတောက်ပြာများက မည်သူကိုမှ မခြိမ်းခြောက်နိုင်တော့ပေ။ ထို့အပြင် ရှီဖုန်းက ဘော့စ် မီးတောက်များကို မထုတ်ခင် အချိန်ကိုက် သတိပေးထားပြီ ဖြစ်၏။ ယခုအချိန်ထိ ကျီးဘုရင်၏ မီးတောက်များက ကစားသမားတစ်ယောက်ကိုမှ မထိပေ။ သို့သော် မီးတောက်ပြာကျီးဘုရင်က တတိယမြောက်ဖြစ်စဉ်ထဲ ဝင်ရောက်သည့်အချိန်၌ တိုက်ပွဲက အမှန်တကယ် စတင်တာ ဖြစ်သည်။
သူတို့သည် မီးတောက်ပြာကျီးဘုရင်ကို ဆယ်ကြိမ်ကျော် တိုက်ခိုက်ခဲ့ပြီ ဖြစ်သည်။ သို့သော် သူတို့သည် ဘော့စ်၏ တတိယမြောက်ဖြစ်စဉ်၌ အမြဲတမ်း သုတ်သင်ရှင်းလင်းခံခဲ့ရ၏။ ထို့ကြောင့် ယခု မီးတောက်ပြာကျီးဘုရင်က ဤအခြေအနေသို့ ဝင်ရောက်သောအခါ သူတို့ စိတ်ပူပန်လာသည်။
သူတို့သည် ခက်ခဲသည့်အဆင့် မီးတောက်ပြာကျီးဘုရင်နှင့် ရင်ဆိုင်နေရလျှင် ထိုမျှ စိတ်ပူပန်မှာ မဟုတ်ပေ။ ဆိုရလျှင် သူတို့အဖွဲ့၏ လက်ရှိ တိုက်ပွဲဝင်စွမ်းအားက ပြီးခဲ့သည့်အခေါက်နှင့် ယှဉ်လျှင် အဆင့်သစ်တစ်ခုထိ ရောက်ရှိခဲ့ပြီ ဖြစ်၏။ ခက်ခဲသည့်အဆင့်ကို အောင်နိုင်ရန်က သူတို့အတွက် အသေးအမွှားသာ ဖြစ်သည်။ သို့သော် သူတို့က ယခု ကျီးနတ်ဘုရား၏ ငရဲခန်း အပျက်အဆီးသိုက်ထဲ ရောက်နေတာ ဖြစ်သည်။ မီးတောက်ပြာကျီးဘုရင်၏ စကေးများက ယခင်ကထက် ပိုအစွမ်းထက်လာပေသည်။
ကျီးဘုရင်က ဒေါသတကြီး အော်လိုက်ပြီးနောက် မီးတောက်ပြာကျီး ဆယ့်ရှစ်ကောင်က ကောင်းကင်ထက်မှ သက်ဆင်းလာသည်။ ငရဲခန်း မီးတောက်ပြာကျီးဘုရင်က (၇၀) ရာခိုင်နှုန်း HP တွင် တတိယအဆင့်ထဲ ဝင်ရောက်သွားရုံသာမက ၎င်းဆင့်ခေါ်သည့် မီးတောက်ပြာကျီးများကလည်း မျိုးနွယ်စုအကြီးအကဲအဆင့်တွင် ရှိကြသည်။
ခက်ခဲသည့်အဆင့်တွင် မီးတောက်ပြာကျီးများက အထူးလက်ရွေးစဉ်အဖြစ် ပေါ်ထွက်လာတာ ဖြစ်သည်။ ပင်မတပ်ဖွဲ့၏ အဖွဲ့ဝင်တိုင်းက သူတို့ဘာသာ ကိုယ်ပိုင် ဖြေရှင်းနိုင်စွမ်း ရှိကြသည်။ သို့သော် မျိုးနွယ်စုအကြီးအကဲများက မတူတော့ပေ။ မျိုးနွယ်စုအကြီးအကဲကို တစ်ကိုယ်ထဲ ဖြေရှင်းနိုင်သည့် ကစားသမားများက အဖွဲ့ထဲတွင် ဆယ်ယောက် မပြည့်ပေ။
ထို့အပြင် မျိုးနွယ်စုအကြီးအကဲအဆင့် မီးတောက်ပြာကျီးက ငရဲခန်းအဆင့်ထက်စာလျှင် HP နှစ်သိန်း ပိုများပြီး စုစုပေါင်း HP ကိုးသိန်းဆီ ရှိကြသည်။ အစစ်များကို ကျော်ဖြတ်တိုက်ခိုက်ရန်က အဖွဲ့၏ TBS ကို ဝန်ထုပ်ဝန်ပိုး မြင့်စေသည်။
မီးတောက်ပြာကျီးများက သူတို့၏ ကြီးထွားသည့်စကေးက နှစ်မိနစ်တစ်ကြိမ် အသက်သွင်းလေ့ ရှိသည်။ တစ်နည်းဆိုရလျှင် သူတို့က နှစ်မိနစ်အတွင်း မသေခဲ့လျှင် အရှင်များ ဖြစ်လာမှာ ဖြစ်၏။ ထိုအချိန်ကြလျှင် ဖြေရှင်းရ ပိုခက်ခဲသွားပေလိမ့်မည်။ သို့သော် မျိုးနွယ်စုအကြီးအကဲအဆင့် မီးတောက်ပြာကျီး ဆယ့်ရှစ်ကောင်က HP စုစုပေါင်း (၁၆၂ သိန်း) HP တည်ရှိနေတာ ဖြစ်သည်။
” ဒီဘော့စ်ကတော့ ဒုက္ခပဲ …”
ဘလက်ကီ၏ အမူအရာက သုန်မှုန်သွားသည်။
၎င်းသာ ခက်ခဲသည့်အဆင့်ဆိုပါက သူသည် ကြယ်အလင်းတန်းစကေးကို ထုတ်ဖော်ပြီး အထောက်အကူပေးနိုင်အုံးမှာ ဖြစ်သည်။ သို့သော် HP ကိုးသိန်းရှိသည့် မျိုးနွယ်စုအကြီးအကဲများကို ရင်ဆိုင်တိုက်ခိုက်ရာတွင် ကြယ်အလင်းတောင် သူတို့ကို ဘာမှ မလုပ်နိုင်ပေ။
” အားလုံးပဲ အမှောင်ထုစွမ်းအားကို အသက်သွင်းကြ …”
ရှီဖုန်း၏ အမိန့်ကိုကြားသောအခါ လူတိုင်းက သူပြောသည့်အတိုင်း လုပ်လိုက်ရာ သူတို့၏ အခြေခံအရည်အချင်းများ (၃၀) ရာခိုင်နှုန်း တိုးသွားတော့၏။
ခေါင်းဆောင် MT အနေဖြင့် ကိုလာ၏ HP က နှစ်သောင်းကျော်အထိ တက်သွား၏။ ဒိုင်းစစ်သည်တော် ယဲဝူမြန်၏ HP က သောင်းကိုးထောင်ကျော်အထိ တက်သွားသည်။ နှစ်ယောက်လုံး၏ ထိခိုက်မှုနှင့် တုံ့ပြန်သည့်အရှိန်ကလည်း တိုးတက်သွားကြသည်။
” ငြိမ်းချမ်းခြင်းလိပ် …။ မီးတောက်ပြာကျီးရဲ့ အာရုံစိုက်မှုကို ယူထား …။ မေ့စ်တွေအားလုံး မင်းတို့ရဲ့ AOE စကေးတွေကို ငါအမိန့်ပေးတဲ့အချိန် အသုံးပြုလို့ရအောင် အသင့်ပြင်ထား …”
ရှီဖုန်းက ဖြည်းဖြည်းခြင်း ပြောလိုက်၏။
HP သောင်းခုနှစ်ထောင်ကျော်ရှိသည့် အစောင့်အရှောက်သူရဲကောင်း ငြိမ်းချမ်းခြင်းလိပ်က မီးတောက်ပြာကျီးသိုက်ထဲ ဝင်သွားပြီးနောက် သံမဏိစိတ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ မီးတောက်ပြာကျီး ဆယ့်ရှစ်ကောင်က စကေး၏ အာနိသင်အတွင်း မိသွားပြီးနောက် အားလုံးက ငြိမ်းချမ်းခြင်းလိပ်ကို အာရုံစိုက်လာကြသည်။ ပြီးနောက် ငြိမ်းချမ်းခြင်းလိပ်သည် ကာကွယ်ရေးကောင်းချီးကို အသက်သွင်းလိုက်၏။
အလွှာတစ် ကာကွယ်ခြင်းကောင်းချီးက ၎င်း၏ ပစ်မှတ် ထိခိုက်မှုကို (၇၀) ရာခိုင်နှုန်း လျော့ချပေးနိုင်ပြီး စကေး၏ အလွှာသုည ဗားရှင်းထက် (၂၀) ရာခိုင်နှုန်း ပိုပေ၏။ စကေးအသုံးပြုနိုင်သည့် အချိန်ကလည်း ကြာရှည်ကာ စက္ကန့်နှစ်ဆယ် ကြာမြင့်သည်။
သို့သော် မျိုးနွယ်စုအကြီးအကဲအဆင့် မီးတောက်ပြာကျီးများက ပေါပေါတန်တန် မဟုတ်ပေ။ သူတို့၏ တိုက်ခိုက်မှု တစ်ခုဆီက ငြိမ်းချမ်းခြင်းလိပ်ကို (-၅၀၀) ထိခိုက်မှု နီးပါးဖြစ်စေ၏။ ကံကောင်းသည်မှာ ငြိမ်းချမ်းခြင်းလိပ်က မျိုးနွယ်စုအကြီးအကဲ ဆယ့်ရှစ်ကောင်ကို မြှားခေါ်ထားသော်လည်း ခြောက်ကောင်သာ သူမကို တစ်ကြိမ်ထဲ ကြည့်လာတာ ဖြစ်သည်။ တစ်နည်းဆိုရလျှင် အစောင့်အရှောက်သူရဲကောင်းက တိုက်ခိုက်မှုတစ်ခုဆီကို (- ၃၀၀၀) ထိခိုက်မှု ခံရတာ ဖြစ်၏။ HP သောင်းခုနှစ်ထောင်ကျော်ရှိသည့် ငြိမ်းချမ်းခြင်းလိပ်အဖို့ ထိုထိခိုက်မှုက မခြိမ်းခြောက်နိုင်ပေ။
ပြီးနောက် ငြိမ်းချမ်းခြင်းလိပ်သည် ကုသမှုတစ်ခုပြီးတစ်ခု ရရှိကာ အစောင့်အရှောက် သူရဲကောင်းတစ်ဦးအတွက် ကုသမှု တစ်ခုချင်းဆီက HP တစ်ထောင်၊ နှစ်ထောင် ပြန်ကောင်းစေ၏။ ကုသသူများကလည်း ငြိမ်းချမ်းခြင်းလိပ်၏ HP ကို အလွယ်တကူ တည်ငြိမ်အောင် ထိန်းထားပေးနိုင်သည်။
သို့သော် ကာကွယ်ခြင်းကောင်းချီးက စက္ကန့်နှစ်ဆယ်သာ ကြာမှာ ဖြစ်သည်။ သုံးနိုင်သည့်အချိန် ကုန်သွားသည်နှင့် သူမသည် မီးတောက်ပြာကျီး ခြောက်ကောင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
” ကောင်းတယ် …”
ရှီဖုန်းက ပြုံးလိုက်၏။ နေရာကောင်းတစ်ခု ရှာပြီးနောက် သူက ကောင်းကင်ဗိန်ဓားကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်ထံမှ ရွှေရောင်မွန်မြတ်သောဓားများ ရွာသွန်းကျလာပြီး မီးတောက်ပြာကျီး ဆယ့်ရှစ်ကောင်က စကေးသက်ရောက်သည့် အာနိသင်အတွင်း ချက်ချင်း ပိတ်မိသွားကြသည်။
ချက်ချင်းပင် ကျီးကန်းများ၏ ခေါင်းအထက်တွင် (-၄၀၀၀) ထိခိုက်မှု ပေါ်လာသည်။ တိုက်ခိုက်မှု၏ အလယ်တွင် ရပ်နေသည့် ငြိမ်းချမ်းခြင်းလိပ်ကလည်း ကောင်းကင်ဗိန်ထံမှ ထိခိုက်မှု ရသွားသည်။ ထို့ကြောင့် မြေအောက်စခန်းများ စီးနင်းတိုက်ခိုက်ရန်အတွက် AOE စကေးများက မသင့်တော်တာ ဖြစ်သည်။ သို့သော် ကာကွယ်ခြင်းကောင်းချီးနှင့် သံမဏိစိတ်စွမ်းအားကြောင့် အစောင့်အရှောက်သူရဲကောင်းသည် ရှီဖုန်း၏ တိုက်ခိုက်မှုထံမှ (-၇၀၀) ကျော်သာ ရရှိသွားသည်။ သို့သော် ရှီဖုန်းက မကျေနပ်သေးပေ။
” ဘလက်ကီ …။ ငြိမ်းချမ်းခြင်းလိပ်ကို အစောင့်အရှောက်အလင်းရောင် ပေးလိုက် …”
ရှီဖုန်းက ပြော၏။
အစောင့်အရှောက်အလင်းရောင်ဟူသည် မာဗစ်၏အစောင့် ထပ်တိုးစကေးများထဲမှ တစ်ခု ဖြစ်သည်။ ရွတ်ဆိုလိုက်သည့်အခါ စကေး၏ ပစ်မှတ်က မှော်ထိခိုက်မှုအားလုံး လွင့်ပျယ်သွားမှာ ဖြစ်၏။ ရုပ်ပိုင်ဆိုင်ရာ ထိခိုက်မှုလည်း (၈၀) ရာခိုင်နှုန်း လျော့ချပေးခံရမှာ ဖြစ်ပြီး စက္ကန့်နှစ်ဆယ်စာ စက္ကန့်တိုင်းတွင် HP ပြန်ရရှိမှာ ဖြစ်၏။ ၎င်းက စူပါအသက်ကယ်သည့် စကေးတစ်ခု ဖြစ်ပေသည်။
ဘလက်ကီက သူ၏ တောင်ဝှေးကို ဝှေ့ရမ်းလိုက်သောအခါ ရွှေရောင်အလင်းတန်းက ငြိမ်းချမ်းခြင်းလိပ်၏ ခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်သွားသည်။
သူမက သင့်တော်သည့် မြင့်တင်မှုကို ရရှိသွားသည်နှင့် ရှီဖုန်းသည် ကောင်းကင်ဘုံနဂါးဝင်သက်ငွေ့ကို ထုတ်ဖော်ရန် စောင့်စားမနေတော့ပေ။ သူ၏ ခွန်အားကို (၁၀၀) ရာခိုင်နှုန်း တိုးမြင့်ပြီးနောက် မီး၏ ရောင်ဝါစကေးတစ်ခုဖြစ်သည့် မီးမုန်တိုင်းကို အသက်သွင်းလိုက်သည်။
မီးတောက်များက ငြိမ်းချမ်းခြင်းလိပ်ကို မဝါးမျိုခင် ရှီဖုန်းက မီး၏ရောင်ဝါမှ ရေ၏ရောင်ဝါကို ပြောင်းပြီးနောက် သူမကို အသက်ဖူးပွင့်စေခြင်းဂါထာ ရွတ်ဆိုပေးလိုက်၏။ ရေရောင်ဝါ၏ ကုသမှုအာနိသင် (၁၀၀) ရာခိုင်နှုန်း တိုးမြင့်ပေးမှုကြောင့် ငြိမ်းချမ်းခြင်းလိပ်သည် လေးဆယ်စက္ကန့်စာ စက္ကန့်တိုင်း၌ သူမ၏ HP ခြောက်ဆယ်ရာခိုင်နှုန်း ပြန်ရရှိလာသည်။ ငြိမ်းချမ်းခြင်းလိပ်၏ HP ဖြင့် သူမသည် ယခုအချိန်၌ မသေနိုင်တော့ပေ။
မီးမုန်တိုင်း၏ ထိခိုက်မှုက မီးတောက်ပြာကျီးများကို တစ်စက္ကန့်လျှင် (-၄၀၀၀၀) ထိခိုက်မှု ဖြစ်စေသော်လည်း ဂါထာက ငြိမ်းချမ်းခြင်းလိပ်ကိုမူ သက်ရောက်မှု မရှိစေပေ။ သူမက မှော်ထိခိုက်မှုအားလုံး လွင့်ပျယ်စေထားသောကြောင့် ဖြစ်သည်။
ထို့အပြင် သူမ၌ အသက်ဖူးပွင့်ခြင်း ရှိနေကာ တစ်စက္ကန့်ကို HP တစ်သောင်း ပြန်ရရှိနေ၏။ ကုသသူများ၏ အာရုံစိုက်မှုကလည်း ဘာသာရေးခေါင်းဆောင် စစ်မှန်ဒိုင်းဆီသာ ရောက်နေသည်။ ရလဒ်အနေဖြင့် မီးတောက်ပြာကျီးများ ထုတ်ဖော်လိုက်သည့် ထိခိုက်မှုက သူမကို ခြစ်ရာတစ်ချက်တောင် မထင်ပေ။ သူမက ထိုနေရာတွင် ရပ်မြဲတိုင်း ရပ်နေပြီး ဘာမှမလုပ်ခဲ့လျှင်တောင် သူမ အသက်အန္တရာယ် မရှိပေ။
လူတိုင်းက အံ့သြမှင်သက်သွားကြ၏။
အမျိုးသမီးအစောင့်အရှောက်သူရဲကောင်း ငြိမ်းချမ်းခြင်းလိပ်သည် အကွာအဝေးကျယ်များ ကြားထဲတွင် မီးတောက်ပြာကျီးများစွာကို ရင်ဆိုင်တိုက်ခိုက်နေရသည်မှာ ဖျက်ဆီးနိုင်သည့် မီးတောက်များက လေပြေလေညှင်းများနှင့်မတူ သူမကို အန္တရာယ်မပေးနိုင် ဖြစ်နေသည်။ ငြိမ်းချမ်းခြင်းလိပ်က ပိုတိုက်ခိုက်လေ သူမက သတ္တိပိုရှိလာလေ ဖြစ်သည်။ ယခုအချိန်တွင် သူမက ကြည်ညိုလေးစားဖွယ်ကောင်းသည့် စစ်နတ်မီးနတ်ဘုရားမတစ်ဦးနဲ့ ဆင်တူနေတော့သည်။
” အားလုံးပဲ မင်းတို့ရဲ့ AOE စကေးတွေ သုံးလိုက် …”
ရှီဖုန်းက အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် အဖွဲ့၏ မှော်ပညာသုံးသူများက AOE စကေးများကို အသုံးပြုလိုက်၏။ သူတို့က ဧရိယာကြီးမားသည့် အဖျက်အားဂါထာလောက် အားမကောင်းသော်လည်း ထို AOE စကေးများက မီးတောက်ပြာကျီးများကို ထိခိုက်မှုတစ်ထောင်ကျော် ဖြစ်သွားစေ၏။
သူတို့ကြားထဲတွင် ဘလက်ကီ၏ ကြယ်အလင်းက မျိုးနွယ်စုအကြီးအကဲများကို များစွာ ထိခိုက်သွားစေ၏။ ပထမလိုင်းက (-၄၀၀၀) ထိခိုက်မှု ဖြစ်စေသည်။ ထိခိုက်မှုတိုင်းက (၁၀) ရာခိုင်နှုန်း တိုးသွားကာ ဆယ့်ငါးစက္ကန့်စာ အသုံးခံ၏။
ရှီဖုန်းကလည်း ကောင်းကင်ဘုံနဂါးဝင်သက်ငွေ့၊ မိုးကြိုးမီးတောက်၊ မီးတောက်နတ်ဘုရား၏အမြတ်၊ မြေကမ္ဘာခွင်းခြင်း၊ မိုးကြိုးမီးတောက်ပေါက်ကွဲခြင်း စသည့် ကျန်သည့် AOE စကေးများကို အသုံးပြုရန် အခွင့်အရေးကို ရှာနေ၏။
ဆယ့်ငါးစက္ကန့်ခန့် ကြာပြီးနောက် မီးတောက်ပြာကျီးများက တစ်ဝက်ခန့် ပြိုလဲသွားပြီဖြစ်ကာ သူတို့ စုစုပေါင်း HP ၏ (၅) ရာခိုင်နှုန်းတောင် မကျန်တော့ပေ။ ကံဆိုးသည့် မီးတောက်ပြာကျီးများကမူ တစ်ချက်ထိရုံဖြင့် ဆယ့်ငါးစက္ကန့်အတွင်း သေသွားကြသည်။
မီးတောက်ပြာကျီး ဆယ့်ရှစ်ကောင်တွင် ဆယ့်တစ်ကောင်သာ ကျန်ရစ်တော့သည်။
ရှီဖုန်း၏ ပုံရိပ်က လှစ်ကနဲ့ ပျောက်ကွယ်သွားပြီးနောက် သူသည် မီးတောက်ပြာကျီးများကို တိုက်ခိုက်လိုက်တော့၏။ အဖွဲ့၏ ထိခိုက်မှုပါ ပေါင်းလိုက်သောအခါ သူတို့သည် ဆယ်စက္ကန့်မပြည့်မီ၌ ကျန်ရှိသည့် မီးတောက်ပြာကျီးများကို ဖြေရှင်းခဲ့ကြသည်။
မီးတောက်ပြာကျီးများ သုတ်သင်ရှင်းလင်းခံရသည်နှင့် မီးတောက်ပြာကျီးဘုရင်ကို ဖြေရှင်းရတာ ပိုလွယ်ကူသွားသည်။ ထို့အပြင် ယခု ရှီဖုန်းက ကောင်းကင်ဘုံနဂါး၏ စွမ်အားကို ထုတ်ဖော်ထားသောကြောင့် သူ၏ ထိခိုက်မှုက မဟာအရှင်တစ်ပါးကို နှစ်ဆ ထိခိုက်စေ၏။
သုံးမိနစ်အတွင်း မီးတောက်ပြာကျီးဘုရင်က HP တစ်သိန်းကျော်ကျော်သာ ကျန်တော့သည်။
” နောက်ဆုံးတော့ ရောက်လာပြီ …”
ရှီဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။
မီးတောက်ပြာကျီးဘုရင်၌ အဆင့် (၄) ဆင့် ရှိသည်။ လူတိုင်းက အခက်အခဲဆုံးအဆင့်သည် တတိယအဆင့်ဟု တွေးထားတာဖြစ်သည်။ သို့သော် မသိကြသည်က မီးတောက်ပြာကျီးဘုရင်သည် စတုတ္ထမြောက် အဆင့်တွင်၌ ၎င်း၏ စစ်မှန်သော လျှို့ဝှက်ကတ်ကို အသုံးပြုတာ ဖြစ်၏။ မီးတောက်ပြာကျီးဘုရင်သည် HP တစ်သိန်းအောက် ရောက်သည့်အချိန်၌ ၎င်း၏ စတုတ္ထမြောက်အဆင့်သို့ ဝင်ရောက်သည်။ ၎င်းက အဖွဲ့တစ်ဖွဲ့လုံး အပင်ပန်းဆုံးနှင့် အနားယူချင်ဆုံး အချိန်လည်း ဖြစ်နေသည်။
ထိုစဉ် မီးတောက်ပြာကျီးဘုရင်က အသက်ဝင်နေသည့် ထိခိုက်မှုအသွင်ပြောင်းပြီးနောက် မီးတောက်ကျီးကန်းတစ်ကောင် ဖြစ်လာခဲ့သည်။ ထိုအဆင့်တွင် ကိုက်ငါးဆယ်အတွင်းရှိ မည်သည့်ရန်သူမဆို တစ်စက္ကန့်ကို ထိခိုက်မှု (-၁၀၀၀) ရရှိမှာ ဖြစ်သည်။ သို့သော် ခက်ခဲသည့်အဆင့်တွင်သာ ဖြစ်သည်။
ငရဲခန်းတွင်မူ ကစားသမားများက တစ်စက္ကန့်ကို (-၁၆၀၀) ထိခိုက်မှု ရရှိပေလိမ့်မည်။ စီးနင်းတိုက်ခိုက်သည့်အဖွဲ့က မီးတောက်ပြာကျီးဘုရင်ဆီ (-၁၀၀၀၀၀) ထိခိုက်မှု မဖြစ်ပေါ်စေခဲ့လျှင် အဖွဲ့ဝင်အားလုံးသေပြီး တစ်ဖွဲ့လုံး ရှင်းလင်းပစ်ခံရမှာ ဖြစ်၏။
အတိတ်တုန်းက မရေမတွက်နိုင်သည့် အဖွဲ့ဝင်များစွာက စတုတ္ထအဆင့်တွင် သေခဲ့ကြပြီး မြေအောက်စခန်းကို မရှင်းလင်းနိုင်ခဲ့ခြင်းမှာ သူတို့က စစ်မှန်သည့် အထွဠ်အထိပ်စကေး မရှိသောကြောင့် ဖြစ်သည်။
မီးတောက်ပြာကျီးဘုရင်၏ HP က တစ်သိန်းအောက် ရောက်တော့မည့်အချိန်၌ ရှီဖုန်းက ဓားသွားခွဲထွက်စေခြင်းကို အသုံးပြုပြီး သူ၏ ခွန်အားနှင့် လျင်မြန်ဖျက်လက်မှုကို (၉၀) ရာခိုင်နှုန်း တိုးလိုက်သည်။ ပြီးနောက် သူက အသံတိတ်ခြေလှမ်းကို ထုတ်ဖော်ကာ မီးတောက်ပြာကျီးဘုရင်၏ နောက်၌ ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်နှင့် ဓားသွား နှစ်ခုလုံးက တောက်ပသည့် အလင်းတန်း ဖြာထွက်နေ၏။
နတ်ဘုရားစောင့်ရှောက်ခြင်း
မီးတောက်ပေါက်ကွဲခြင်း
ပိုင်းဖြတ်မှုတစ်ခုဆီက မီးတောက်ပြာကျီးဘုရင်၏ နောက်ကျောဆီ ရောက်သွားသည်။
(-၁၂၂)၊ (-၁၅၄)၊
ဆယ့်ငါးချက် ဆက်တိုက်တိုက်ခိုက်ပြီးနောက် မီးတောက်ပြာကျီးဘုရင်၏ HP များက အတော်လေး လျော့သွားပြီ ဖြစ်သည်။ ကျီးဘုရင်သည် အော်ငြီးလိုက်ပြီးနောက် မြေကြီးပေါ်သို့ ပြင်းထန်စွာ လှဲကျသွားတော့၏။