ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 638 ခရီးသွားအဖွဲ့တစ်ခု ဖွဲ့တည်ခြင်း
မိုင်တစ်ထောင်ဝက်ဝံ၏ သေဆုံးမှုက အသက်ဘေးအတွက် ထွက်ပြေးနေကြသည့် သန်းချီသရဲအဖွဲ့ဝင်များကို အံ့သြမှင်သက်သွားစေသည်။ ရှီဖုန်းက မြန်ဆန်လွန်း၏။ သူတို့က မိုင်တစ်ထောင်ဝက်ဝံနောက်ဆုံးစကားပြောတာကြားရပြီးနောက် သူ၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ လဲကျသွား၏။ ဘယ်သူမှ သတိမပြုမိသေးခင် ရှီဖုန်းက မိုင်တစ်ဝက်ဝံနား၌ သေခြင်းတရားနတ်ဘုရားကဲ့သို့ ရပ်နေတာဖြစ်သည်။
မွန်းစတား….
ထိုစကားသည် သရဲသန်းချီ၏ စိတ်ထဲ၌ ချက်ချင်းပိုင်ဆိုင်သွားသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ရှီဖုန်းသည် သရဲသန်းချီအဖွဲ့ကို အထင်သေးရသည့်အကြောင်း သူတို့နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ ထိုကဲ့သို့သော ခွန်အားဖြင့် သူတို့အစည်းအရုံးထဲတွင် လောင်စစ်တောင် သူ၏ ပြိုင်ဘက်မဟုတ်လောက်ပေ။
မိုးနီနှင့် မိုးခေါင်းလမ်းကြောင်း နှစ်ယောက်လုံးက ခပ်ဝေးဝေးတွင်ရပ်ပြီး ရှီဖုန်းကို အထိတ်အလန့်ကြည့်နေကြသည်။ သူတို့က မိုင်တစ်ထောင်ဝက်ဝံရဲ့ခွန်အားနှင့် ရင်းနှီးပေသည်။ သူတို့ ပူးပေါင်းတိုက်ခိုက်လျှင်တောင် မိုင်တစ်ထောင်ဝက်ဝံကို အနိုင်ယူရန်အတွက် အတော်လေးအားစိုက်ထုတ်ရအုံးမှာ ဖြစ်၏။ မိုင်တစ်ထောင်ဝက်ဝံက ထွက်ပြေးကောင်း ထွက်ပြေးသွားနိုင်သည်။ သို့သော် သူသည် ပုရွတ်ဆိတ်တစ်ကောင်ကို တက်နင်းမိသည့်အလား ရှီဖုန်းသည် ရှေးစစ်သည်တော်ကိုသတ်ဖြတ်ရန် တစ်ချက်ထဲသာလိုသည်။ သူတို့က ရှီဖုန်း မည်မျှသန်မာမှန်း သူတို့သိသွားပြီ ဖြစ်သည်။
ထို့အပြင် သူခေါ်လာသည့် အဖော်အပေါင်းများကလည်း လုံလောက်အောင်သန်မာသည်။ ထိုလူထက် ပိုသန်မာသည့်သူကို မတွေ့ခဲ့ဖူးပေ။ သူက ထိုလူ၏ တာဝန်ကို လက်ခံခဲ့မိတာ ကံကောင်းသည်။
မိုးနီသည် ရှီဖုန်းထံမှ ရွှေပြားတစ်ပြား ယူခဲ့သည့်အကြောင်းကို တွေးမိပြီး အတော်ထိတ်လန့်သွား၏။ ကံကောင်းသည်မှာ သူမက ရှီဖုန်းကို သူမ၏ စကား အပြုအမှုတို့ဖြင့် ရန်စမိခဲ့ခြင်းမရှိပေ။ မဟုတ်ပါက နောက်ဆက်တွဲက မမှန်းဆနိုင် ဖြစ်ပေလိမ့်မည်။
ဒီတော့ တကယ်ကျွမ်းကျင်သူတစ်ယောက်ဆိုတာ ဒီလိုမျိုးပေါ့။
မိုးခေါင်လမ်းကြောင်းက ရှီဖုန်း၏ တိုက်ခိုက်မှုကို ပြန်တွေးမိသည့်အချိန်၌ မဖော်ပြတက်သည့်စိတ်လှုပ်ရှားမှုက ပေါ်လာသည်။ ရှီဖုန်း၏ တိုက်ကွက်က မြန်ဆန်လွန်းလှ၏။ ကြယ်ကြွေမြို့တွင် သူက မြို့၏ ထိပ်သီးကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်နေနိုင်ပြီ ဖြစ်သည်။ မြို့ထဲတွင် သူ့အတွက်ထိုက်တန်သည့် ပြိုင်ဘက်များများစားစားမရှိပေ။
သို့သော် ရှီဖုန်း၏ မှင်သက်ဖွယ်လုပ်ဆောင်ချက်ကိုမြင်ပြီးနောက် တကယ်ကျွမ်းကျင်သူဟူသည့် အဓိပ္ပာယ်ကို သူ နားလည်သဘောပေါက်သွားပြီဖြစ်၏။ အစစ်အမှန်ကျွမ်းကျင်သူတစ်ဦးသည် သူတို့၏ ခန္ဓာကိုယ်နှင့် နည်းစနစ်ကို အကန့်အသတ်ထိ ဖော်ထုတ်နိုင်တဲ့သူဖြစ်ပြီး သူတို့၏ ခွန်အားကို အမြင့်ဆုံးစွမ်းအားအထိ ထုတ်ဖော်နိုင်ကာ သာမန်ကစားသမားတစ်ဦးထက် အနည်းငယ်ပိုသန်မာသည့်သူ ဖြစ်သည်။
မိုင်တစ်ထောင်ဝက်ဝံသေဆုံးသွားပြီးနောက် မီးလျှံကကြိုးနှင့် ကျန်သည့်သူများကလည်း သရဲသန်းချီအဖွဲ့ဝင်များကို လျင်မြန်စွာအဆုံးသတ်ပြီးနောက် ချပ်ဝတ်တန်ဆာအချို့ကို စုဆောင်းလိုက်ကြသည်။
ထိုအဆင့် (၂၅) မဟူရာရွှေနှင့် ရွှေစင်အိုင်တမ်များက မီးလျှံကကြိုးနှင့် ကျန်သည့်သူများအတွက် အသုံးမဝင်သော်လည်း သူတို့အတွက် တိုက်ခိုက်ပေးခဲ့သည့် အစည်းအရုံးထဲတွင် လူများစွာရှိပေသည်။ ထို့ကြောင့် အဖွဲ့က ချပ်ဝတ်တန်ဆာများကို တိတ်တဆိတ်ထည့်ပြီး မိုးနီခရီးသွားအဖွဲ့အတွက် မချန်ခဲ့ပေ။
” ကျွမ်းကျင်သူ အစ်ကိုကြီးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် …။ အစ်ကိုကြီးသာ မလှုပ်ရှားရင် ကျွန်မတို့ မိုးနီခရီးသွားအဖွဲ့ကတော့ ဖျက်ဆီးခံရပြီပဲ …”
မိုးနီက ရှီဖုန်းဆီ သူမ၏ ကျေးဇူးတင်မှုကို ထပ်ခါထပ်ခါဖော်ပြနေ၏။ ရှီဖုန်းသည် သူ၏အမည်ကို ဖုံးကွယ်ထားသော်ငြား ခေါင်းစွပ်နောက်ကနေ မိုးနီသည် ဝေဝါးဝါးပုံရိပ်ကို မြင်ရပြီး ရှီဖုန်းက ကလေးတစ်ယောက်မဟုတ်မှန်း သူမပြောနိုင်ပေသည်။ ထို့ကြောင့် ရှီဖုန်းကို ကျွမ်းကျင်သူအစ်ကိုကြီးဟု ခေါ်ဆိုခဲ့တာ ဖြစ်၏။
” ကျုပ်ကို ကျေးဇူးတင်ဖို့မလိုဘူး …။ ကျုပ်က အစောင့်တစ်ယောက်အနေနဲ့ ကျုပ်တာဝန်ကို ကျုပ်လုပ်ခဲ့ရုံပဲ …”
ရှီဖုန်းက လက်ကာပြလိုက်၏။ ပြီးနောက် သူက သရဲသန်းချီ၏ အလောင်းများကို တစ်ချက်ကြည့်ပြီးနောက် မှတ်ချက်ချလိုက်သည်။
” အမှောင်အစည်းအရုံးတစ်ခုက ဒီကုန်သွယ်ရေးလမ်းကြောင်းကို ပစ်မှတ်ထားနေပြီး နောင်ကျ ဒီနေရာကို ဖြတ်သန်းတဲ့ ဘယ်ခရီးသွားလုပ်ငန်းမဆို လမ်းတံတားဖြတ်သန်းခ ပေးရတော့မယ် …။ မစ်မိုးနီ အနာဂတ်အတွက် ဘာတွေများ စီစဉ်ထားသလဲ …”
သာမန်အစည်းအရုံးများနှင့် ယှဉ်လျှင် အမှောင်အစည်းအရုံးများက ပိုလွှမ်းမိုးနိုင်စွမ်း ရှိသည်။ သူတို့သည် ကျရှုံးမှုတစ်ခုထဲကြောင့် အလားအလာရှိသည့် ဝင်ငွေအရင်းအမြစ်ကို လက်လျော့ကြမှာ မဟုတ်ပေ။ သူတို့၏အဖွဲ့ကို ပြုပြင်ပြီးနောက် ဆာလောင်နေသည့် ဝံပုလွေအုပ်စုကဲ့သို့ ထပ်ခါထပ်ခါတိုက်ခိုက်မှာ ဖြစ်သည်။ သူတို့၏ ပန်းတိုင်ကို မရောက်မခြင်း လက်လျော့မှာ မဟုတ်ပေ။ ဆိုရလျှင် အမှောင်အစည်းအရုံးများက သာမန်အစည်းအရုံးများထက် ဝင်ငွေအရင်းအမြစ် သိသိသာသာပိုနည်း၏။ သူတို့ကိုသူတို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိုကဲ့သို့ အပြုအမူများ ဆောင်ရွက်ရန် လိုအပ်ပေသည်။
ထို့အပြင် ကစားသမားများ၏ အဆင့်တိုးတက်လာသည်နှင့် ကုန်သွယ်ရေးလမ်းကြောင်းက ကြွယ်ဝလာပေလိမ့်မည်။ များစွာသော လမ်းတံတားဖြတ်သန်းခများ စုဆောင်းနိုင်မှာဖြစ်၏။ ထို့အပြင် ၎င်းက ကုန်ကျမှုမရှိသည့် စီးပွားရေးတစ်ခု ဖြစ်၏။ အမှောင်အစည်းအရုံးတစ်ခုက အရေးကြီးသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ခဲ့လျှင် ၎င်း၏ ဝင်ငွေက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ဝင်ငွေထက် ပိုပြီး တိုးလာမည်ဖြစ်သည်။ ထို့ကြောင့် သရဲသန်းချီအဖို့ ကုန်သွယ်ရေးလမ်းကြောင်းများကို အလျော့ပေးဖို့က မဖြစ်နိုင်ပေ။
မိုးနီခရီးသွားအဖွဲ့ကဲ့သို့ တစ်ကိုယ်တော်ခရီးသွားအဖွဲ့အတွက် လုံခြုံမှုဆိုတာ မရှိတော့ပေ။ မိုးခေါင်လမ်းကြောင်းကဲ့သို့ ကျွမ်းကျင်သူတောင် ရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ ဆိုရလျှင် တစ်ကိုယ်တော်ကစားသမားတစ်ဦး၏ ခွန်အားက အကန့်အသတ်ရှိပေ၏။ အတိတ်တုန်းက ခရမ်းတိမ် အုရိုဘိုရို၌ ထွက်သွားပြီးနောက် သူမသည် သူမ၏ကိုယ်ပိုင်အလုပ်ရုံကို တည်ထောင်ပြီး သူမ၏ အုတ်မြစ်ဖြစ်စေခဲ့သည်။
မဟုတ်ပါက သူမသည် အဆင့် (၆) ဘာသာရေးခေါင်းဆောင်နတ်ဘုရားတစ်ဦး ဖြစ်လာတော့မှာ မဟုတ်ပေ။ ရှီဖုန်း ထိုကဲ့သို့ အမေးထုတ်တာကို ခံရသောအခါ မိုးနီသည်အခြေအနေကို ချက်ချင်းတွေးဆမိသွား၏။ တစ်ကိုယ်တော်ခရီးသွားအဖွဲ့သည် အစွမ်းထက်သည့်တိုင် အစည်းအရုံးကြီးတစ်ခုကို မဆန့်ကျင်နိုင်ပေ။
” ဒီလမ်းကြောင်းက စွန့်စားမှုများနေရင် ကျွန်မတို့ မိုးနီခရီးသွားအဖွဲ့က ကျွန်မတို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြားမြို့တွေကို ပြောင်းရုံပဲရှိမယ် …”
မိုးနီက သက်ပြင်းချလိုက်၏။ မိုးနီခရီးသွားအဖွဲ့ ဖွံ့ဖြိုးတိုးတက်လာပြီး အကျိုးအမြတ်များသည့် လမ်းကြောင်းကိုရပြီး သိပ်မကြာခင် ထိုကဲ့သို့အဖြစ်အပျက် ဖြစ်လာလိမ့်မည်ဆိုတာ သူမ မမှန်းဆခဲ့မိပေ။
” တခြားမြို့တွေကို ပြောင်းမယ်ဟုတ်လား …”
မိုးခေါင်လမ်းကြောင်းက အဓိကအချက်ကို လျင်မြန်စွာသတိထားမိသည်။ သူက ခေါင်းခါပြီး ပြောလိုက်၏။
” ညီမ ကျန်တဲ့မြို့တွေလည်း ဒီတိုင်းတူနေမှာပဲ …။ လမ်းတံတားဖြတ်သန်းခ ဘယ်လောက်မြင့်လဲဆိုတာပဲ တွက်ရတော့မှာ …”
မိုးခေါင်လမ်းကြောင်း၏ သဘောတရားကိုကြားပြီးနောက် မိုးနီ၏ စိတ်အခြေအနေက ပြောင်းလဲသွားသည်။ ထိုအတိုင်းဆိုလျှင် တစ်ကိုယ်တော်ကစားသမားများ ဆက်လက်ရပ်တည်နေမှာ မဟုတ်ပေ။
” မစ်မိုး …။ မင်းသာ ကုန်ပစ္စည်းတွေ ဆက်သွယ်ချင်သေးတယ်ဆိုရင် ရွေးချယ်မှုတစ်ခု ရှိတယ် …။ ခင်ဗျား စိတ်ဝင်စားမလားဆိုတာ မသေချာဘူး …”
ရှီဖုန်းက ပြောပြီး ပြုံးလိုက်၏။
” ကျွမ်းကျင်သူအစ်ကိုကြီး ကျေးဇူးပြုပြီး ပြောပြပါ …”
မိုးနီက ရှီဖုန်းပြောမည့်အရာကို သေချာပေါက် စိတ်ဝင်စားသည်။
” ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက လက်တလောမှာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အခြားတိုင်းပြည် အင်ပါယာတွေဆီပို့ဖို့ ခရီးသွားအဖွဲ့ကို ငှားဖို့လုပ်နေတယ် …။ ကုန်သွယ်ရေးလုပ်ငန်းရဲ့ နောက်ခံနဲ့ဆိုရင် ကုန်ပစ္စည်းတွေ ပို့ဆောင်တဲ့အခါ အစည်းအရုံးကြီးတွေ လုယူမှာကို စိုးရိမ်စရာမလိုတော့ဘူး …”
ရှီဖုန်းက နောက်ဆုံးတွင် သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖော်ပြလိုက်၏။
မိုးနီနှင့် သူမအဖွဲ့က ကုန်ပစ္စည်းများပို့ဆောင်သည့် အတွေ့အကြုံရှိခဲ့ပြီဖြစ်၏။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ဆက်လက်ဖွံ့ဖြိုးတိုးတက်သည်နှင့်အညီ အနှေးနဲ့အမြန်ကိုယ်ပိုင်ခရီးသွားလုပ်ငန်းရှိရန်အတွက် လိုအပ်လာပေသည်။ မိုးနီခရီးသွားအဖွဲ့ကို ခေါ်ယူထားခြင်းဖြင့် ကုန်သွယ်ရေးလုပ်ငန်းအတွက် အုတ်မြစ်တစ်ခု တည်ဆောက်ပြီး ဖြစ်ရုံသာမက မိုးနီနှင့် မိုးခေါင်လမ်းကြောင်းတို့ဖြင့် သူ၏ ဆက်နွယ်မှုက ပိုနက်ရှိုင်းလာမှာ ဖြစ်သည်။
” ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ဇီးရိုးဝင်းက လက်တလောမှာ တည်ထောင်လိုက်တဲ့ နာမည်ကြီးကုန်သွယ်ရေးလုပ်ငန်းလား …”
မိုးနီက အသက်ရှူအနည်းငယ် မြန်လာသည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ပစ္စည်းများတင်ပို့ရန် ခရီးသွားလုပ်ငန်းများ အမှန်တကယ်ငှားရမ်းနေတာဆိုလျှင် ၎င်းက သူတို့အတွက် ကောင်းကင်ဘုံက ပို့လိုက်သည့်အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ထောက်ပံ့မှုဖြင့် သူတို့သည် ကာကွယ်မှုထပ်တိုး ရရှိမှာဖြစ်၏။ တစ်ခုတည်းသောပြဿနာက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ကုန်ပစ္စည်းများကိုသာ ဦးစားပေးပို့ရမှာ ဖြစ်သည်။ သို့သော် နောင်တွင် မိုးနီခရီးသွားလုပ်ငန်းက ဓားပြအတိုက်ခံရမှာကို စိုးရိမ်စရာ မလိုတော့ပေ။
ဇီးရိုးဝင်းက လက်ရှိတွင် ကြယ်လတိုင်းပြည်၌ မွန်တည့်နေကဲ့သို့ပင် ဖြစ်နေသည်။ စူပါပထမတန်းအစည်းအရုံးများကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ အစည်းအရုံးဖြစ်ပြီး ဖီးနစ်ပွဲကြည့်စင်တောင် ကူကယ်ရာမဲ့ခဲ့သည်။ ကြယ်လတိုင်းပြည်ထဲရှိ ကျန်သည့်အစည်းအရုံးများအကြောင်း ထည့်ပြောရန်တောင် မလိုချေ။
” အကြံအဉာဏ်အတွက် ကျေးဇူးတင်ပါတယ် …။ ကြယ်လတိုင်းပြည်ကို ရောက်တာနဲ့ ပြင်ဆင်လိုက်ပါမယ် …”
မိုးနီက ရှီဖုန်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်လိုက်၏။
ပြီးနောက် မိုးနီနှင့် ကျန်သည့်သူများက တိုက်ပွဲကွင်းပြင်ကို စတင်ရှင်းလင်းလိုက်ကြသည်။ ပို့ဆောင်ပြီးနောက် သူတို့သည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းနှင့် ကံစမ်းရန် ရည်ရွယ်လိုက်၏။
ရှီဖုန်းဘေးတွင် ရပ်နေသည့် ရေနှင်းဆီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
” အစည်းအရုံးခေါင်းဆောင် …။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ဘယ်အချိန်ကစပြီး ကုန်သွယ်ရေးအဖွဲ့တွေ စခေါ်တာလဲ …။ ဒီအကြောင်းအရင်းက ဘာကြောင့် မပြောပြတာလဲ …”
ကုန်သွယ်ရေးလုပ်ငန်းတစ်ခုအတွက် ကုန်ပစ္စည်းများ ပို့ဆောင်တာက လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ယခင်တိုက်ပွဲက သက်သေဖြစ်နေသည်။ ထိုကဲ့သို့ စစ်ဆင်ရေး၌ ပြဿနာများစွာ ရှိနေသောကြောင့် ဖြေရှင်းရ ပြဿနာများပေ၏။
” ငါ အခုလေးတင် ဆုံးဖြတ်လိုက်တာ …”
ရှီဖုန်းက ရယ်မောလိုက်၏။
ရေနှင်းဆီက ဆွံ့အသွားသည်။ သူမက မိုးနီကို ကြည့်ပြီးနောက် ရှီဖုန်းကိုကြည့်ကာ မျက်နှာထက်၌ အဓိပ္ပါယ်ပါသည့် အပြုံးတစ်ခုပေါ်လာ၏။ သူမက ရှီဖုန်းကို ကြည်ရင်းပြောလိုက်၏။
” ကျွန်မ သဘောပေါက်ပြီ …”
နာရီဝက်ခန့်ကြာပြီးနောက် မိုးနီခရီးသွားအဖွဲ့က ဆိုရီယာမဟာတော၏ ထွက်ပေါက်သို့ ရောက်သွားသည်။ ထိုနေရာသို့ ရောက်သောအခါ ရှီဖုန်းနှင့် ကျန်သည့်သူများက သူတို့၏ သဘောတူညီချက်ဖြည့်ပြီးသွားပြီ ဖြစ်သည်။ မိုးနီနှင့် ကျန်သည့်သူများက လူခွဲပြီးနောက် သူတို့က မဟာသစ်တော၏ အတွင်းပိုင်းဒေသသို့ ဝင်သွားကြသည်။ လေးနာရီခန့်ကြာပြီးနောက် ရှီဖုန်း၏အဖွဲ့က သစ်တောထဲရှိ ရေအိုင်ငယ်လေးဆီသို့ ရောက်သွားသည်။
” အစည်းအရုံးခေါင်းဆောင် …။ ကျုပ်တို့က အစည်းအရုံးစီးတော်ယာဉ်တစ်ခုဖမ်းဖို့ ကြိုးစားမှာ မဟုတ်ဘူးလား …။ ဘာကြောင့် ဒီမှာ ဘာမွန်းစတားမှ မရှိတာလဲ …”
ဘလက်ကီက သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရေအိုင်တစ်ဝိုက်တွင် မွန်းစတားတစ်ကောင်တောင် ရှာမတွေ့ခဲ့ပေ။ သူ မည်သည့်နေရာကို ကြည့်ကြည့် စီးတော်ယာဉ်ဖမ်းရန် နေရာတစ်ခုမဟုတ်ပေ။
ဘလက်ကီပြောပြီးနောက် တောင်ပံခပ်သံက သူ့နားထဲ ရောက်လာသည်။
အသံလာရာဘက်ကို ကြည်လိုက်သောအခါ ကောင်းကင်ထက်မှ သက်ဆင်းလာသည့် မီတာနှစ်ဆယ်ခန့်ရှည်သော ရွှေတောင်ပံခြင်္သေကို သတိပြုမိလိုက်၏။
” မဟာအရှင် …”
ဘလက်ကီက ထိုမွန်းစတားကို မြင်သောအခါ မှင်သက်သွား၏။ အဖွဲ့၏ အဖွဲ့ဝင်တိုင်းလဲ ထိတ်လန့်သွားကြသည်။