ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 639 ရှားပါးသော စီးတော်ယာဉ်
” အစည်းအရုံးခေါင်းဆောင် …။ ကျုပ်တို့တွေ အဲ့တာကို ဖမ်းမယ်လို့ မပြောနဲ့နော် …”
ဘလက်ကီက မေးမြန်းလိုက်၏။ ခပ်ဝေးဝေးရှိ ထုထည်ကြီးမားသည့် ပုံရိပ်ကို စိုက်ကြည့်နေပြီး သူက တံထွေးမျိုချလိုက်မိသည်။
ရွှေတောင်ပံခြင်္သေ့ဘုရင်က မဟာအရှင်တစ်ပါးစစ်စစ်ဖြစ်သည်။ ထို့အပြင် ၎င်းက သာမန်အရှင်မဟုတ်။ အဆင့် (၆၀) မဟာအရှင်ဖြစ်သည်။ ၎င်းက မွန်းစတားများကို စိုးမိုးသည့်အမျိုးအစား၏ အစိတ်အပိုင်းဖြစ်ပြီး သူတို့ကို နှာတစ်ချက်မှုတ်ရုံဖြင့် တစ်စစီ ဖြစ်သွားစေနိုင်၏။
ရွှေတောင်ပံခြင်္သေ့ဘုရင် နတ်ဆိုးသားရဲ မဟာအရှင်
အဆင့် (၆၀)
HP (သန်း ၃၀/သန်း ၃၀)
” ဖမ္းဖို့လား …”
ရှီဖုန်းက ဘလက်ကီကို ကြည့်လိုက်၏။
” မင်း ရူးနေတာပဲ ဖြစ်မယ် …”
ရွှေတောင်ပံခြင်္သေ့ဘုရင်ကို ဖမ်းနိုင်သော်လည်း ၎င်းက အဆင့် (၆၀) မဟာအရှင်တစ်ပါးဖြစ်သည်။ သူက ထိုမျှ မကောင်းပေ။ သူတို့၌ အဆင့် (၇၀) အလွှာနှစ်ကစားသမား အယောက်တစ်ရာအဖွဲ့ ရှိမနေခဲ့လျှင် မဟာအရှင်ကို ဖမ်းဖို့အခွင့်အရေး မရှိပေ။
ရှီဖုန်း၏ ပြန်ပြောမှုက ဘလက်ကီကို ဆွံ့အသွားစေ၏။ သို့သော် အဖွဲ့၏ ကျန်သည့်အဖွဲ့ဝင်များကလည်း စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ မွန်းစတားတစ်ကောင်ကို ဖမ်းခြင်းက သတ်ရခြင်းထက် အဆပေါင်းများစွာ ပိုခက်ခဲပေသည်။
” သူထွက်သွားတာနဲ့ ငါတို့ သွားကြတာပေါ့ …”
ရှီဖုန်းက အဖွဲ့လိုက် စကားပြောခန်းကနေ ပြောလိုက်၏။
ရွှေတောင်ပံခြင်္သေ့ဘုရင်က ဤဧရိယာ၏ အရှင်သခင်ဖြစ်သည်။ ထို့ကြောင့် မည်သည့်မွန်းစတားမှ ရေအိုင်တစ်ဝိုက်သို့ ချဉ်းကပ်ရဲခြင်းမရှိပေ။ သို့သော် ရွှေတောင်ပံခြင်္သေ့ဘုရင်က ကွင်းပြင်ဘော့စ်ဖြစ်ရုံသာမက အစောင့်အရှောက်ဘော့စ်ဖြစ်ကြောင်း မည်သူမှ တွေးမိခဲ့မှာ မဟုတ်ပေ။ ၎င်းက ရတနာတစ်ပါးကို စောင့်ကြပ်တဲ့တာဝန် ကျမှတ်ခံထားရသည့် ဘော့စ်လည်း ဖြစ်သည်။
အတိတ်တုန်းက စိတ်ကူးယဉ်ကွယ်ပျောက်သူသည် ရွှေတောင်ပံခြင်္သေ့ကို စစ်ဆေးရန် ကစားသမားတစ်ဖွဲ့ကို လွတ်ခဲ့ပြီးနောက် လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့သည်။ ၎င်းလျှို့ဝှက်ချက် ပေါ်ထွက်သွားသည်နှင့် ၎င်းက နတ်ဘုရားနယ်မြေတစ်လျှောက် အမျိုးမျိုးသော အစည်းအရုံးကြီးများကို ထိတ်လန့်အံ့သြသွားစေခဲ့သည်။
ထိုစဉ်က သာမန်ကစားသမားများတောင် သူတို့၏ ကိုယ်ပိုင်စီးတော်ယာဉ်များ ရှိနေပြီဖြစ်၏။ အမျိုးမျိုးသောအစည်းအရုံးကြီးများကလည်း ရှားပါးသောစီးတော်ယာဉ်များ၏ အရေးပါမှုကို ချက်ချင်းသဘောပေါက်ပြီး သူတို့၏ ပြိုင်စံရှားမွန်းစတားများကို ချက်ချင်းရှာဖွေကြတော့သည်။ ရလဒ်အနေဖြင့် အစည်းအရုံးများက နတ်ဘုရားနယ်မြေ၏ ငြိမ်းချမ်းမှုကို ပျက်ပြားစေပြီး ဖရိုဖရဲဖြစ်စေခဲ့သည်။ သို့သော် စိတ်ကူးယဉ်ဗိမ္မာန်က ကြယ်ငါးပွင့်စီးတော်ယာဉ်တစ်ခု ရလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့မိပေ။
စီးတော်ယာဉ်တစ်ခု၏ ကြယ်ပွင့်က ၎င်း၏ ဖွံ့ဖြိုးမှုအလားအလာကို ကိုယ်စားပြုပေသည်။
အစည်းအရုံးစီးတော်ယာဉ်၏ အဆင့်ကို သင့်တော်စွာ ပြုစုပျိုးထောင်သည့်အချိန်၌ အဆင့်မြင့်တင်နိုင်ပေသည်။ ထို့အပြင် ကြယ်အဆင့်ပိုမြင့်ပြီး စီးတော်ယာဉ်က အောင်မြင်နှုန်း အလားအလာ ပိုမြင့်သည်။ နတ်ဘုရားနယ်မြေထဲရှိ အစည်းအရုံးစီးတော်ယာဉ်အများစုက ကြယ်တစ်ပွင့်စီးတော်ယာဉ်များ ဖြစ်ကြသည်။ ကြယ်တစ်ပွင့်စီးတော်ယာဉ်က သာမန်စီးတော်ယာဉ် ဖြစ်သည်။ ၎င်းက ယေဘုယျစီးတော်ယာဉ်ဖြစ်ပြီး အစည်းအရုံးအများစုက အစည်းအရုံးစီးတော်ယာဉ်အတွက် ကြယ်တစ်ပွင့်စီးတော်ယာဉ်ကို မဖမ်းကြဘဲ ကြေးနီစီးတော်ယာဉ် ဖြစ်လာရန်အတွက် (၁၀) ရာခိုင်နှုန်း အခွင့်အရေးသာ ရှိသည်။
ကြယ်နှစ်ပွင့်စီးတော်ယာဉ်က ကြယ်တစ်ပွင့်စီးတော်ယာဉ်ထက် အနည်းငယ်ပိုသန်မာပြီး ကြေးနီစီးတော်ယာဉ် ဖြစ်လာရန်အတွက် (၂၀) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ အစည်းအရုံးအဖွဲ့ဝင်များက အခကြေးငွေပေးရန်ဆန္ဒရှိသရွေ့ သူတို့က ကြယ်နှစ်ပွင့်စီးတော်ယာဉ်ကို ကြေးနီစီးတော်ယာဉ်အဖြစ် ပြုစုပျိုးထောင်နိုင်မှာ ဖြစ်၏။ ၎င်းက ကြေးနီစီးတော်ယာဉ် ဝယ်ယူရခြင်းထက် ပိုသက်သာပေသည်။
ကြယ်သုံးပွင့်စီးတော်ယာဉ်အတွက်မူ သူတို့က အင်မတန်ရှားပါးလွန်းသည်။ သူတို့က ထပ်တိုးလှုပ်ရှားမှုအရှိန် (၁၁၀) ရာခိုင်နှုန်းထိ ရောက်ရုံမက ကြေးနီစီးတော်ယာဉ်တစ်ခု ဖြစ်လာရန်အတွက် ပြုစုပျိုးထောင်ရန် အလားအလာ (၃၀) ရာခိုင်နှုန်း အခွင့်အရေးလည်းရှိသည်။ သို့သော် အစည်းအရုံးတစ်ချို့သာလျှင် ကြယ်သုံးပွင့်စီးတော်ယာဉ်များကို ရနိုင်စွမ်းရှိကြ၏။
ကြယ်လေးပွင့်စီးတော်ယာဉ်က ရှားပါးသည့် စီးတော်ယာဉ်တစ်မျိုး ဖြစ်သည်။ အစောပိုင်းလှုပ်ရှားမှုအရှိန်က (၁၁၅) ရာခိုင်နှုန်းသို့ ရောက်ရုံသာမက ကြေးနီစီးတော်ယာဉ်တစ်ခု ဖြစ်လာရန်အတွက် (၅၀) ရာခိုင်နှုန်း အခွင့်အရေးလည်း ရှိသည်။ အထင်ကြီးစရာ ကောင်းလောက်အောင်ပင်။ ၎င်းက ဆန်းကျယ်သံမဏိစီးတော်ယာဉ် ဖြစ်ရန်အတွက် (၁၅) ရာခိုင်နှုန်း အခွင့်အရေးရှိ၏။ ကြယ်တစ်ပွင့်မှ ကြယ်သုံးပွင့် စီးတော်ယာဉ်အထိ မပိုင်ဆိုင်ထားသည့် အလားအလာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ကြယ်လေးပွင့်စီးတော်ယာဉ်များနှင့်အထက်ကို ရှားပါးသောစီးတော်ယာဉ်ဟူ၍ သတ်မှတ်နိုင်ပေသည်။ အမျိုးမျိုးသော အစည်းကြီးများက သူတို့၏ ကိုယ်ပိုင်ကြယ်လေးပွင့်စီးတော်ယာဉ်အကြောင်းတွေးရင်း အမြဲတမ်းသရေကျလေ့ ရှိ၏။
ကြေးနီအဆင့်နှင့် ဆန်းကျယ်သံမဏိကြား တစ်ဆင့်သာ ကွာဟချက်ရှိသော်လည်း ဆန်းကျယ်သံမဏိအစီအရင်က သိုလှောင်ဝန် ပိုဆန့်သည်။ ထို့အပြင် ကြေးနီစီးတော်ယာဉ်နှင့်မတူဘဲ ဆန်းကျယ်သံမဏိစီးတော်ယာဉ်၏ တိုက်ပွဲဝင်စွမ်းအားက တိုက်ပွဲထဲတွင် ကွာဟချက်ကို ဖြစ်စေသည်။ ကြယ်ငါးပွင့်စီးတော်ယာဉ်များက ပိုတောင်အစွမ်းထက်သေးသည်။ သူတို့က ထပ်တိုးလှုပ်ရှားမှုအရှိန် (၂၂၀) ရာခိုင်နှုန်းအထိ ရောက်နိုင်၏။ ၎င်း၏ အရှိန်က သာမန်ကြေးနီစီးတော်ယာဉ်နှင့် ညီမျှသည်။ တိုက်ပွဲဝင်စွမ်းအား မပိုင်ဆိုင်ထားခြင်းသာ ဖြစ်၏။ သို့သော် ကြယ်ငါးပွင့်စီးတော်ယာဉ်က ကြေးနီစီးတော်ယာဉ်ဖြစ်ရန်အတွက် (၇၀) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ အချိန်တိုအတွင်း ၎င်းတို့ကို အဆင့်မြင့်တင်နိုင်ရုံသာမက ဆန်းကျယ်သံမဏိစီးတော်ယာဉ် ဖြစ်လာရန်အတွက် (၃၀) ရာခိုင်နှုန်း၊ လျှို့ဝျက်ငွေ ဖြစ်လာရန် (၃) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။
အတိတ်တုန်းက ရှီဖုန်း မြင်ဖူးသည့် အစွမ်းအထက်ဆုံး စီးတော်ယာဉ်က ကြယ်ခြောက်ပွင့် စီးတော်ယာဉ်ဖြစ်သည်။ ၎င်း၏ ရှားပါးမှုက ဒဏ္ဍာရီလာအိုင်တမ်တစ်ခုနဲ့ ယှဉ်နိုင်ပေ၏။ ကြေးနီစီးတော်ယာဉ် ဖြစ်လာရန်အတွက် (၉၀) ရာခိုင်နှုန်း အခွင့်အရေး ဆန်းကျယ်သံမဏိ ဖြစ်လာရန်အတွက် (၅၀) ရာခိုင်နှုန်းအခွင့်အရေး လျှို့ဝှက်ငွေဖြစ်လာရန်အတွက် (၁၀) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။
လျှို့ဝှက်ငွေစီးတော်ယာဉ်များဖြင့် အစည်းအရုံးစီးတော်ယာဉ်များကို တွေးကြည့်ရုံဖြင့် ကြောက်စရာကောင်းလှသည်။ ဆိုရလျှင် ဆန်းကျယ်သံမဏိစီးတော်ယာဉ်နှင့်မတူ ထိုအောက်လည်း မလျော့။ လျှို့ဝှက်ငွေစီးတော်ယာဉ်များက ကစားသမားများကို တိုက်ပွဲထဲတွင် ထောက်ကူပေးနိုင်သည့်စကေး ပိုင်ဆိုင်ထားပြီး သူတို့၏ တိုက်ပွဲဝင်စွမ်းအားများကို သိသိသာသာ တိုးစေသည်။ ထို့ကြောင့် အစည်းအရုံးများစွာက အတိတ်တုန်းက ရှားပါးသောစီးတော်ယာဉ်များကို ကျားကုတ်ကျားခဲ စုဆောင်းခဲ့ကြတာ ဖြစ်သည်။
အတိတ်တုန်းက စိတ်ကူးယဉ်ကွယ်ပျောက်သူ၏ အဖွဲ့က ရွှေတောင်ပံခြင်္သေ့ဘုရင်ကို သတ်ခဲ့ပြီးနောက် ကြယ်ငါးပွင့်စီးတော်ယာဉ်တစ်ခုကို ရှာတွေ့ခဲ့ရာ နတ်ဘုရားနယ်မြေတစ်လျှောက် ၎င်းကို ပိုင်ဆိုင်သည့် အစည်းအရုံးကြီးများမှ တစ်ခုဖြစ်လာခဲ့၏။
တစ်နာရီခန့်ကြာပြီးနောက် ရွှေတောင်ပံခြင်္သေ့ဘုရင်က အမောပြေပြီးနောက် ကြည်လင်သည့်ရေအိုင်မှ ပြန်ထွက်သွားတော့သည်။
” ကဲ အားလုံးပဲ မင်းတို့ဆေးရည်တွေသောက်ပြီး ငါ့နောက်လိုက်ခဲ့ …”
ရှီဖုန်းက ရှင်းပြမနေတော့ပေ။ သူက အိတ်ထဲမှအပြာရင့်ရင့် အရည်များ ထုတ်ပေးပြီးနောက် ကုန်အောင်သောက်လိုက်သည်။ ရေအောက်တွင် အသက်ရှူသည့်ဆေးရည်က ကစားသမားများကို ရေအောက်တွင် နှစ်နာရီကြာ အသက်ရှူခွင့်ပေး၏။ ဆေးရည်ကိုသောက်ပြီးနောက် ရှီဖုန်းနှင့် အဖွဲ့သည် ရေထဲသို့ ဒိုင်ပင်ထိုးခုန်ဆင်းသွား၏။
ရွှေတောင်ပံခြင်္သေ့ဘုရင်က အစောင့်အရှောက်မွန်းစတားတစ်ကောင်ဖြစ်သော်လည်း ထိုနေရာကို တစ်ချိန်လုံးစောင့်ကြပ်နေတာ မဟုတ်ပေ။ ထိုဧရိယာမှ တစ်နာရီဝန်းကျင်ခန့် ထွက်သွားလေ့ရှိသည်။ ထို့ကြောင့် ကစားသမားများအဖို့ ရှာဖွေတူးဖော်ရန်အတွက် ဟာကွက်တွေ့သွားတာ ဖြစ်သည်။ မဟုတ်ပါက ရှီဖုန်းသည် မဟာအရှင်နောက်ကွယ်ရှိ ပုန်းနေသည့် ကြယ်ငါးပွင့်စီးတော်ယာဉ်ကိုဖမ်းရန် ယုံကြည်ချက်ရှိမှာ မဟုတ်ပေ။
ဆယ့်နှစ်မိနစ်ခန့် ကူးခတ်ပြီးနောက် သူတို့အဖွဲ့သည် ဗိမ္မာန်အပျက်အဆီးတစ်ခုကို ရှာတွေ့သွား၏။ သို့သော် ဗိမ္မာန်၏ ထူထဲသောကျောက်တံခါးက လက်ရှိတွင် တင်းကြပ်စွာ ပိတ်နေ၏။ သူတို့၏ ခွန်အားများ ပေါင်းစည်းသည့်တိုင် မဖွင့်နိုင်ခဲ့ပေ။ လမ်းကြောင်းကိုဖြတ်ရန်အတွက် အိုင်တမ်တစ်ချို့လိုတာ သိသာ၏။
အားလုံးက မည်သို့လုပ်ရမည်ဆိုတာကို တွေးနေစဉ် ရှီဖုန်းက အကျော်ဇေယျခုနှစ်ပါးလက်စွပ်၏ လေဟာနယ်လှုပ်ရှားမှုကို အသက်သွင်းပြီး ကျောက်တံခါးနောက်ရှိ လေဟာနယ်သို့ ဝင်သွားလိုက်သည်။ နှစ်မိနစ်ခန့်ကြာပြီးနောက် ကျောက်တံခါးက ဖြည်းဖြည်းခြင်း ပွင့်လာတော့၏။
လူတိုင်းက ထိုမြင်ကွင်းကို အံ့သြမှင်သက်နေသည်။ တံခါးများကို ထိုသို့ဖွင့်နိုင်လိမ့်မည်ဆိုတာ သူတို့မသိခဲ့ပေ။
” ငါ့မှာ လေဟာနယ်လှုပ်ရှားမှုပြုလုပ်နိုင်တဲ့ အိုင်တမ်တစ်ခု ရှိချင်တယ် …။ ဒါဆိုရင် တံခါးဖွင့်ဖို့အတွက် နည်းလမ်းရှာဖို့ အားစိုက်ထုတ်စရာ မလိုတော့ဘဲ ဘယ်ဗိမ္မာန်ကိုမဆို အလွယ်တကူဝင်နိုင်ပြီ …”
ဘလက်ကီက အားကျစွာ ပြောလိုက်၏။
” ဒီနည်းလမ်းက မှော်ချိတ်ပိတ်ထားမှုမရှိတဲ့ ဗိမ္မာန်တွေအတွက်ပဲ သုံးလို့ရတာ …။ မှော်ချိတ်ပိတ်ထားမှု ဒါမှမဟုတ် ကိုယ်ပိုင်လေဟာနယ်ရှိတဲ့ဗိမ္မာန်ဆီ သွားလို့ရမှာ မဟုတ်ဘူး …”
ရှီဖုန်းကလည်း ဆန္ဒရှိသည်။ သို့သော် နတ်ဘုရားနယ်မြေတစ်လျှောက်တွင် မှော်ချိတ်ပိတ်မှုမရှိသည့် ဗိမ္မာန်က အရေမတွက်နည်းပါးလွန်း၏။ လေဟာနယ်လှုပ်ရှားမှုနှင့် စကေးတူညီသည့်အိုင်တမ်များကလည်း ပိုတောင်နည်းပါးသေးသည်။ ပုံမှန်ဆို ရေအိုင်အောက်ရှိ ဗိမ္မာန်သို့ ဝင်ရန်အတွက် ကစားသမားများသည် ရွှေတောင်ပံခြင်္သေ့ကိုသတ်ပြီး သော့ယူရတာဖြစ်သည်။
” ကောင်းပြီ …။ ငါတို့မှာ အချိန်သိပ်မကျန်ဘူး …။ ခြင်္သေ့ဘုရင်ပြန်ရောက်လာဖို့ မိနစ်လေးဆယ်ဝန်းကျင်လောက် လိုသေးတယ် …။ ငါတို့တွေ ဒီမိနစ်လေးဆယ်အတွင်း တာဝန်ကို အပြီးသတ်ဖို့လိုမယ် …”
ရှီဖုန်းက ရှင်းပြမနေတော့ဘဲ ဗိမ္မာန်ထဲသို့ ချက်ချင်းကူးခတ်သွားလိုက်သည်။
ဗိမ္မာန်က သိပ်မကြီးသော်လည်း သုံးလွှာမြင့်သည်။ ပထမအလွှာက ရေများပြည့်နေပြီး ထူးထူးခြားခြားမရှိ။ ဒုတိယအလွှာကတော့ လေဟာနယ်များ ပြန့်ကျဲနေသည့် နေရာတစ်ခုဖြစ်သည်။ သို့သော် ဗိမ္မာန်၏ တတိယအလွှာသို့ရောက်ပြီးနောက် သူတို့အဖွဲ့သည် ကွဲပြားသည့်နေရာတစ်ခုကို ရောက်သွားသလိုပင်။
တတိယအလွှာက သစ်တောတစ်ခုဖြစ်၏။ အမျိုးမျိုးသော တောရိုင်းသတ္တဝါများနှင့် နတ်ဆိုးသားရဲများက ဤနေရာတွင်နေထိုင်ပြီး မွန်းစတားများအားလုံးက အဆင့် (၅၀) ဖြစ်ကြသည်။ သို့သော် ဤနေရာတွင် နေထိုင်သည့်သားရဲများက ကစားသမားများကို မတိုက်ခိုက်ကြပေ။
သစ်တော၏ အတွင်းထဲတွင် အိပ်စက်နေသည့် ဝံပုလွေပြာက ထရပ်လိုက်သောအခါ သုံးမီတာခန့်မြင့်သည်။ အိပ်မောကျနေသော်ငြား ဝံပုလွေ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ လျှပ်စီးများက အခြားသူများ သူ့နားကပ်လာမှာကို ကာကွယ်ထား၏။
မိုးကြိုဝံပုလွေ နတ်ဆိုးသားရဲ အရှင်အဆင့်
အဆင့် (၅၀)
HP (၉ သန်း/ ၉ သန်း)
” ခန့်ငြားလိုက်တဲ့ ဝံပုလွေ …”
ကိုလာက မိုးကြိုးဝံပုလွေကို ချက်ချင်း အံ့သြမှင်သက်သွားမိသည်။ နှိုင်းယှဉ်ကြည့်လျှင် မိုးနီခရီးသွားလုပ်ငန်း၏ ကြေးနီမြင်းလှည်းရှိ မြင်းများက ရုပ်ဆိုးပြီး ဖားပြုပ်များနှင့် တူနေသည်။ မိုးကြိုးဝံပုလွေက မြင်းတစ်ကောင်အရွယ်အစားထက် နှစ်ဆခန့်ကြီး၏။ သူသာ ထိုသားရဲကို မြို့ထဲစီးနင်းနိုင်ခဲ့ပါက အားလုံးအားကျတာ ခံရမှာ ဖြစ်သည်။
” ငါတို့မှာ မိနစ်သုံးဆယ် ကျန်တယ် …။ မင်းတို့ကို သင်ပေးထားတဲ့အတိုင်း နေရာယူ …။ ကျရှုံးခဲ့ရင် ဒီနေရာကနေ ပြန်ပြေးဖို့အတွက် အချိန်အတော်ကြာ ကုန်ရလိမ့်မယ် …”
ရှီဖုန်းက အမြန်အမိန့်ပေးလိုက်၏။
အားလုံးက ချက်ချင်းပင် ရှီဖုန်း၏ အမိန့်အောက်၌ မိုးကြိုးဝံပုလွေနားသို့ ချဉ်းကပ်သွားသည်။