ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 646 ခဲတစ်လုံးနှင့် ငှက်များစွာကို သတ်ဖြတ်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 646 ခဲတစ်လုံးနှင့် ငှက်များစွာကို သတ်ဖြတ်ခြင်း
ရှီဖုန်းက ပြန်ရောက်ခြင်းစာလိပ်ကို အသုံးပြုပြီး မြစ်ဖြူမြို့သို့ရောက်ပြီး မကြာမီ၌ ခရိုင်တစ်၏ ခိုလုံရာဂေဟာက လှုပ်ရှားတက်ကြွနေတော့သည်။ ယခုအချိန်၌ ခိုလုံရာဂေဟာ၏ လူဦးရေကလည်း သိသိသာသာတိုးတက်လာပြီး မိစ္ဆာသရဲနယ်မြေထဲရှိ ကစားသမားများစွာက ခိုလုံရာဂေဟာကြီး၏ အကျိုးအမြတ်များကို ခံစားစေဖို့ရာ ခရိုင်တစ်သို့ ပြောင်းရွေ့ရန် စီစဉ်နေကြ၏။ ထို့ကြောင့် ဖိတ်ကြားရန်တောင်းဆိုစာများကလည်း များနေပေသည်။
ထို့အပြင် ခိုလုံရာဂေဟာကြီးတစ်ခုအဖြစ် အဆင့်တိုးမြင့်သွားခြင်းက ကစားသမားများသည် စီးတော်ယာဉ်များကို ချက်ချင်းဝယ်နိုင်သည်ဟု မဆိုလိုပေ။ ထိန်းကျောင်းခြင်းအဆောက်အဦးကို ဦးစွာတည်ဆောက်ရန် လိုအပ်ပေသည်။ ထိန်းကျောင်းခြင်းအဆောက်အဦးတည်ဆောက်ရန် ဝိညာဉ်သလင်းများစွာ လိုအပ်သည်။
ခရိုင်တစ်၏ ခိုလုံရာဂေဟာက ခိုလုံရာဂေဟာကြီးတစ်ခု ဖြစ်သွားပြီးနောက် မိစ္ဆာသရဲနယ်မြေထဲရှိ အစည်းအရုံးတပ်ဖွဲ့များစွာက ၎င်းကို သူတို့၏ ပစ်မှတ်အဖြစ် စတင်တွေးတောနေပြီ ဖြစ်သည်။ သူတို့က ခိုလုံရာဂေဟာကြီးတစ်ခုကို သိမ်းပိုက်ရန်ဆန္ဒ ရှိကြ၏။
အတိတ်တုန်းက ခရိုင်တစ်သည် တန်ဖိုးရှိသည့်မြေကို ပိုင်ဆိုင်ခဲ့ပြီး ခိုလုံရာဂေဟာက အတော်လေးသန်မာသော်လည်း အစည်းအရုံးတပ်ဖွဲ့များအဖို့ ၎င်းက အသေးအမွှားပြိုင်ဘက်တစ်ခုသာ ဖြစ်ခဲ့၏။ ဆိုရလျှင် တစ်ကိုယ်တော်ကစားသမားများက ခရိုင်တစ်ကို ကြီးမှူးနေတာ ဖြစ်သည်။ အစည်းအရုံးတပ်ဖွဲ့များကို မခြိမ်းခြောက်နိုင်ပေ။ သို့သော် ယခုအချိန်တွင် အားလုံးက ပြောင်းလဲသွားပြီ ဖြစ်သည်။
ခရိုင်တစ်က မိစ္ဆာသရဲနယ်မြေထဲ၌ ခိုလုံရာဂေဟာကြီးတစ်ခုကို ပိုင်ဆိုင်သည့် ပထမဆုံးခရိုင်တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းက မိစ္ဆာသရဲနယ်မြေထဲရှိ အခြေအနေကို ကြီးကြီးမားမားသက်ရောက်မှု ဖြစ်စေ၏။ သူတို့၏ ထိန်းချုပ်မှုအောက်ရှိ အလယ်အဆင့်ခိုလုံရာဂေဟာများက ခိုလုံရာဂေဟာကြီးတစ်ခုကို ဆန့်ကျင်ရာတွင် အရေးမသာပေ။
သူတို့သာ ခရိုင်တစ်ကို ထိန်းချုပ်နိုင်ခဲ့လျှင် ခြိမ်းခြောက်မှုများကို ဖယ်ရှားနိုင်ရုံသာမက ကိုယ်ပိုင်ခွန်အားကိုလည်း မြင့်တင်နိုင်မှာ ဖြစ်၏။ သူတို့က ခိုလုံရာဂေဟာကြီးတစ်ခုကို သူတို့ဘာသာရရန်အတွက် သူတို့အစည်းအရုံး၏ အရင်းအမြစ်များကို ရှာဖွေသုံးစွဲနေစရာ မလိုတော့ပေ။ ပိုအရေးကြီးသည်က ခရိုင်တစ်၏ ခိုလုံရာဂေဟာကြီးသည် အစည်းအရုံးတပ်ဖွဲ့က အဆင့်မြင့်တင်ပေးထားတာ မဟုတ်ပေ။ သူတို့စိုးရိမ်ပူပန်မိသလောက် ခရိုင်တစ်က တစ်စုထဲဖြစ်သော်လည်း ၎င်း၏ နေထိုင်သူများက တညီတညွတ်ထဲ မဟုတ်ကြပေ။ သူတို့က မိုးသက်မုန်တိုင်းထန်စေပြီးနောက် ခိုလုံရာဂေဟာကို အမြတ်ထုတ်ယူနိုင်ပေ၏။ ထို့ကြောင့် သူတို့သည် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်နိုင်မည်နည်း။ သူတို့ အဘယ်ကြောင့် မလုပ်ဘဲ နေရမည်နည်း။
အချိန်အတိုင်းအတာတစ်ခုအတွက် မိစ္ဆာသရဲနယ်မြေထဲရှိ အစည်းအရုံးတပ်ဖွဲ့များစွာက ခရိုင်တစ်၏ ခိုလုံရာဂေဟာထဲသို့ သူတို့၏ လူများ လျှို့ဝှက်သွင်းခဲ့သည်။ ရေခဲပြာမှုန်နှင့် ကျန်သည့်သူများက ထိုအစည်းအရုံးတပ်ဖွဲ့များ၏ ရည်ရွယ်ချက်ကို မှန်းဆမိသော်လည်း သူတို့က ထိုလူများကို တားရန်မကြိုးစားရုံသာမက တက်တက်ကြွကြွအားဖြည့်ပေးနေ၏။ ဆိုရလျှင် သူတို့ကို ကျန်သည့်သူများ အစားထိုးခြင်းကို ကြောက်မနေပေ။ အမျိုးမျိုးသော အစည်းအရုံးတပ်ဖွဲ့ကြီးများ သူတို့ဆီ အရင်းအမြစ်များ ပိုကမ်းလှမ်းရန်သာ စိတ်အားထက်သန်နေကြ၏။ ခရိုင်တစ်က ဇီးရိုးဝင်းသို့ ဝင်ထားသည့်ကိစ္စကို ခရိုင်တစ်၏ အထက်အရာရှိအချို့သာလျှင် သိပေသည်။ အပြင်လူများ၏ အမြင်တွင် ခရိုင်တစ်က ၎င်း၏ မန်နေဂျာများ ညီညွတ်မှု၊ အစွမ်းထက်မှု၊ ကံကောင်းမှုတို့ကြောင့် ခိုလုံရာဂေဟာကြီးတစ်ခုကိုရခဲ့ခြင်းသာ ဖြစ်သည်။
ထို့အပြင် မိစ္ဆာသရဲနယ်မြေထဲ၌ အစည်းအရုံးတပ်ဖွဲ့များစွာ ရှိသည်။ မည်သည့်ခိုလုံရာဂေဟာကို မည်သည့်အစည်းအရုံးတပ်ဖွဲ့ ပိုင်ဆိုင်ထားကြောင်း လူတိုင်းသိပေ၏။ ထို့ကြောင့် ခရိုင်တစ်၏ ခိုလုံရာဂေဟာက အစည်းအရုံးတစ်ခုနှင့် မဟာမိတ်မဖွဲ့ရသေးကြောင်း လူတိုင်းက ယုံကြည်နေကြသည်။
ပုံမှန်ဆို ကစားသမားများသည် ခိုလုံရာဂေဟာတစ်ခုကိုဝင်ချင်ပါက ခိုလုံရာဂေဟာ၏ မန်နေဂျာများသည် သူတို့ကို နွေးထွေးစွာ ကြိုဆိုကြမှာ ဖြစ်၏။ ဆိုရလျှင် ကစားသမားများက ခိုလုံရာဂေဟာကို အားဖြည့်လျှင် ခိုလုံရာဂေဟာက ရနိုင်သည့်ဝိညာဉ်သလင်းအရေအတွက်က ပိုတိုးလေဖြစ်၏။ ခရိုင်တစ်အတွက်မူ ခိုလုံရာဂေဟာ၏ အထက်အရာရှိများမှ ခေါ်ထားသည့်သူများမှအပ မည်သည့်ကစားသမားမဆို ခရိုင်တစ်ကို ဝင်ရောက်ချင်ပါက ဝိညာဉ်သလင်းတစ်တုံး အခကြေးငွေပေးရန် လိုအပ်သည်။
တန်ကြေးက မြင့်သော်လည်း လက်ရှိကစားသမားများသည် ယခင်ကထက် အဆင့်ပိုမြင့်ကြ၏။ ရလဒ်အနေဖြင့် ဝိညာဉ်သလင်းများ ရယူရန်ခက်ခဲမှုနှင့် ဝိညာဉ်သလင်းများ၏ ဈေးနှုန်းက လျော့ကျသွားပေသည်။ မဟူရာသားရဲတွင်းထဲသို့ ရှီဖုန်း ကနဦးရောက်ရှိလာသည့်အချိန်နှင့် ယှဉ်လျှင် ဝိညာဉ်သလင်းများ၏ ဈေးနှုန်းက နှစ်ဆ၊ သုံးဆခန့် ကျသွားသည်။ လက်ရှိတွင် လက်ရွေးစဉ်အဖွဲ့တိုင်း၌ အနည်းဆုံးဝိညာဉ်သလင်းတစ်တုံးဆီ ရှိကြ၏။ သူတို့သာ တစ်ပတ်ခန့်ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့လျှင် ဝိညာဉ်သလင်းခြောက်တုံးခန့် စုဆောင်းနိုင်မှာ ဖြစ်၏။ အစည်းအရုံးတပ်ဖွဲ့၏ လက်ရွေးစဉ်အဖွဲ့များက ဝိညာဉ်သလင်းစုဆောင်းရာတွင် ပိုလွယ်ကူလာတာ သိသာပေသည်။
ရေခဲပြာမှုန်နှင့် ကျန်သည့်သူများက ကစားသမားအချို့ကို စုဆောင်းပြီးသည့်တိုင် အယောက်ငါးသောင်း နေရာလွတ်နေသေးသည်။ လူတစ်ယောက်ကို ဝိညာဉ်သလင်းတစ်တုံးဆိုလျှင် သူတို့က အယောက်ငါးသောင်း ဖြည့်လိုက်ပါက သူတို့သည် ဝိညာဉ်သလင်းငါးသောင်း ထပ်တိုးရရှိမှာ ဖြစ်၏။ ကစားသမားတစ်ဦး၏ ဝိညာဉ်သလင်းငါးသောင်းပိုင်ဆိုင်မှုက ခိုလုံရာဂေဟာပိုင်ရှင်နှင့် မတူပေ။
ခြင်္သေ့ဘား၏ အဆင့်မြင့်တင်မှုကို ဥပမာယူနိုင်ပေသည်။ ရေခဲပြာမှုန်နှင့် ကျန်သည့်သူများက ကိုယ်ဘာသာအားစိုက်ထုတ်ပြီး အဆင့်မြင့်တင်ပါက ကြယ်သုံးပွင့်ဘားသို့ အဆင့်မြင့်တင်ရန် ဝိညာဉ်သလင်းငါးရာသာ သုံးစွဲရန် လိုအပ်၏။ သို့သော် သူတို့က ခိုလုံရာဂေဟာ၏ ရင်းမြစ်ကို အသုံးပြုခဲ့လျှင် သူတို့သည် ဝိညာဉ်သလင်းတစ်သောင်းကို အသုံးပြုရမှာ ဖြစ်သည်။
ဝိညာဉ်သလင်းငါးသောင်းဖြင့် သူတို့က ထိန်းကျောင်းခြင်းအဆောက်အဦးကို အလွယ်တကူဆောက်နိုင်ရုံသာမက အထူးထုတ်ကုန်များ ထုတ်ပေးနိုင်သည့် နောက်ထပ်အဆောက်အဦးများကို ကြယ်နှစ်ပွင့်အထိ မြင့်တင်နိုင်မှာ ဖြစ်သည်။ ထို့အပြင် သူတို့၌ ခြင်္သေ့ဘားကို ကြယ်သုံးပွင့်အထိ အဆင့်မြင့်တင်နိုင်ရန် ကျန်သေးသည်။ နှစ်တစ်ရာဘယ်ရီဝိုင်၏ ထုတ်လုပ်သည့်နှုန်းကလည်း ပိုတိုးလာမှာ ဖြစ်သည်။
ထိုစဉ် ရှီဖုန်းက ကျောက်ရိုင်းတုံးများနှင့် နှစ်တစ်ရာဘယ်ရီဝိုင်များသယ်ပြီး မြစ်ဖြူမြို့သို့ ပြန်လာ၏။ ကျောက်ရိုင်းတုံးများက အလွန်ရှားပါးသည်။ သာမန်ကစားသမားများက ကျောက်ရိုင်းတုံးများကို သူတို့ ချပ်ဝတ်တန်ဆာထဲထည့်ရန် တွန့်ဆုတ်နေကြ၏။ အိုင်တမ်ပျက်ဆီးသွားလျှင် ကျောက်ရိုင်းတုံးများလည်း ဖျက်ဆီးခံရမှာ ဖြစ်၏။ ကစားသမားများသည် ကျောက်ရိုင်းတုံးများကို ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာများတွင်သာ မြှုပ်နှံလေ့ရှိကြ၏။ ၎င်းက ပိုလုံခြုံသည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။ လိုအပ်ချက်မြင့်မားလာသည့်အချိန်၌ သူတို့က ကျောက်ရိုင်းတုံးများကို ဖယ်ရှားပြီး သူတို့ကို အခြားထိပ်တန်းအလွှာချပ်ဝတ်တန်ဆာများနှင့် ပြန်အသုံးပြုနိုင်၏။
လက်ရှိတွင် အလွှာတစ်ကျောက်ရိုင်းတုံးများက မိစ္ဆာသရဲနယ်မြေထဲတွင် အလွန်ဈေးပေါသည်။ ကျောက်ရိုင်းတုံးတစ်ခုကို ငွေပြားသုံးပြားသာ ကျသင့်သည်။ ကြယ်လတိုင်းပြည်ထဲတွင်မူ ကျောက်ရိုင်းတုံးတစ်တုံးကို ငွေပြားကိုးပြားဖြင့် ရောင်းတာဖြစ်၏။ အလွှာနှစ်ကျောက်ရိုင်းတုံးများအတွက်မူ မိစ္ဆာသရဲနယ်မြေထဲတွင် ငွေပြားသုံးဆယ် ကြယ်လတိုင်းပြည်ထဲတွင် ရွှေပြားတစ်ပြားဝန်းကျင်ဖြင့် ရောင်းချတာ ဖြစ်သည်။ ကြယ်လတိုင်းပြည်၏ ဈေးနှုန်းများက အနည်းဆုံး သုံးဆခန့် ပိုမြင့်သည်။
ရှီဖုန်းသည် ရေခဲပြာမှုန်ထံမှ အလွှာတစ်ကျောက်ရိုင်းတုံးသုံးထောင်ကျော် ရခဲ့သည်။ ထိုကျောက်ရိုင်းတုံးများက မိစ္ဆာသရဲနယ်မြေထဲရှိ အမျိုးမျိုးသော ခိုလုံရာဂေဟာများမှ တိတ်တဆိတ်ဝယ်ယူတာ သို့မဟုတ် အလင်းကျောက်တုံးများနှင့် လှဲလှယ်ခဲ့တာ ဖြစ်သည်။ တစ်ထုပ်လျှင် ကျောက်ရိုင်းတုံးနှစ်ဆယ်ပါဝင်ကာ ရှီဖုန်း၌ ကျောက်ရိုင်းတုံးထောင့်ငါးရာအစု ရှိနေပြီဖြစ်သည်။ တန်ဖိုးအားဖြင့် စုစုပေါင်းရွှေပြာကိုးရာကျသင့်ကာ တစ်အိတ်လုံးပြည့်နေ၏။ အလွှာနှစ်ကျောက်ရိုင်းတုံးများအတွက်မူ သူက ပြဒါးရှင်လုံးရှိနေသောကြောင့် ထုတ်ယူရန် အနှောင့်အယှက်မဖြစ်ပေ။ အဂ္ဂိရတ်ပညာအရ သူသည် အလွှာတစ်ကျောက်ရိုင်းတုံးများမှ အလွှာနှစ်ကျောက်ရိုင်းတုံး ထုတ်လုပ်နိုင်ပေသည်။
ရှီဖုန်းက မြစ်ဖြူမြို့သို့ ပြန်ရောက်ပြီးနောက် ဖယောင်အလင်းကုန်သွယ်ရေးခန်းမသို့ တန်းသွားလိုက်၏။
ယခုအချိန်တွင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးခန်းမ၌ မြစ်ဖြူမြို့ထဲတွင် သက်ဝင်လှုပ်ရှားဆုံးနေရာ ဖြစ်နေသည်။ ကြယ်လတိုင်းပြည်၏ စီးပွားရေးဗဟိုချက်အဖြစ် သတ်မှတ်နိုင်ပေသည်။ ကုန်သွယ်ရေးလုပ်ငန်းက တိုင်းပြည်တစ်ခုလုံးထဲတွင် ပန်းပဲသမားများနှင့် ကျန်သည့်ဘဝပုံစံကစားသမားများစွာ အများဆုံးရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကစားသမားများ ပြုလုပ်ထားသည့်ထုတ်ကုန်များကလည်း ရောင်းချရန်အတွက် စင်များပေါ်တွင် ရှိနေသည်။ ၎င်းတို့ကို ကြယ်လတိုင်းပြည်တွင် ရနိုင်ခဲ့လျှင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းထဲတွင် အားလုံးနီးပါးရှိပေလိမ့်မည်။
လွှမ်းမိုးခြင်းအပြုံး ကုန်သွယ်ရေးလုပ်ငန်း၏ မီးနဂါးဆေးရည်ကဲ့သို့သော ထူးခြားသည့်အိုင်တမ်များသာ မရနိုင်တာ ဖြစ်သည်။ ထိုအိုင်တမ်များအတွက် ဇီးရိုးဝင်းတောင် ဒီဇိုင်းများနှင့် အညွှန်းများ မရနိုင်ပေ။ ထိုသို့တိုင် များပြားသည့် ထုတ်ကုန်များစွာရှိမှုက ကစားသမားများကို လွှမ်းမိုးထားနိုင်ရန် လုံလောက်၏။
ကြယ်လတိုင်းပြည်အပြင် ဖီးနစ်မိုး၏ အကူအညီကြောင့် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကလည်း တိုင်းပြည်များနှင့် အင်ပါယာဝန်းကျင်ရှိ အဓိကမြို့များတွင် ဆိုင်ခွဲများတည်ဆောက်ခဲ့ပြီ ဖြစ်၏။ ကုန်သွယ်ရေးလုပ်ငန်း၏ နေ့စဉ်အကျိုးအမြတ်က ရွှေထောင်ချီရှိပေသည်။ သို့သော် ၎င်းက လုပ်ငန်းစု၏ မန်နေဂျာလွမ်းဆွေးခြင်းအပြုံးအတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေ၏။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ပိုက်ဆံရှာနိုင်သည့် အရည်အချင်းက ပထမတန်းအစည်းအရုံးများကိုတောင် ကျော်လွန်သွားသည်။ စူပါပထမတန်းအစည်းအရုံးများနှင့် စူပါအစည်းအရုံးများသာလျှင် ယခင်အချိန်၌ ကုန်သွယ်ရေးလုပ်ငန်းကို ယှဉ်ပြိုင်နိုင်တော့မှာ ဖြစ်သည်။ သို့သော် အချိန်ကုန်လာသည်နှင့်အမျှ စူပါပထမတန်းအစည်းအရုံးများနှင့် စူပါအစည်းအရုံးများက နတ်ဘုရားနယ်မြေထဲတွင် သူတို့၏ လွှမ်းမိုးမှု ကျယ်ပြောခြင်းကြောင့် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို သေချာပေါက်ကျော်တက်သွားမှာပင်။ သူတို့ရရှိသည့် အရင်းအမြစ်နှင့် အဆက်အသွယ်များက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းထက် သာပေ၏။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ဆက်လက်ကျယ်ပြန့်နိုင်သော်လည်း ဇီးရိုးဝင်းက ၎င်းတို့ကို ထိန်းသိမ်းထားရန် ခွန်အားနှင့်စွမ်းအား မပိုင်ဆိုင်ထားပေ။ ကံကောင်းသည်မှာ ရှီဖုန်းသည် ထိုအခြေအနေအတွက် အစောထဲက ပြင်ဆင်ထားပြီးသား ဖြစ်၏။ သူသည် အတိတ်တုန်းက ဒုတိယတန်းအစည်းအရုံးတစ်ခု၏ အစည်းအရုံးခေါင်းဆောင် အကြောင်းမဲ့ဖြစ်ခဲ့ခြင်း မဟုတ်ပေ။ ဤဘဝတွင် နတ်ဘုရားနယ်မြေထဲ ပထမဆုံးဝင်ချိန်မှစကာ သူ့အစည်းအရုံး၏ နောက်ခံကို တိုးတက်အောင် လုပ်ရမည့်နည်းမျိုးစုံကို စဉ်းစားခဲ့ပြီး အစီအစဉ်များစွာ ချမှတ်ထားပြီ ဖြစ်၏။ ယခုအချိန်တွင် သူအစီအစဉ်များက နောက်ဆုံး၌ ရလဒ်တစ်ချို့ ပေါ်လာပြီ ဖြစ်သည်။
ရှီဖုန်းသည် ပြဒါးရှင်လုံးကို သူ၏ ကိုယ်ပိုင်သိုလှောင်ရုံထဲမှ ထုတ်ပြီးနောက် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းထဲရှိ အဆင့်မြင့်ပန်းပဲခန်းထဲသို့ သွားလိုက်သည်။ ပြီးနောက် အလွှာနှစ်ကျောက်ရိုင်းတုံးများ စတင်သွန်းလုပ်တော့၏။
သူက အဆင့်မြင့်ကျောက်ရိုင်းတုံးများ သွန်းလုပ်ရန် NPC ပန်းပဲသမား၏ အကူအညီကိုယူခဲ့လျှင် အခကြေးငွေက ဈေးကြီးရုံသာမက အောင်မြင်နိုင်ချေက သိပ်မမြင့်ပေ။ အလွှာတစ်ကျောက်ရိုင်းတုံးများက NPC များအတွက် (၃၀) ရာခိုင်နှုန်း အောင်မြင်နိုင်ချေသာ ရှိသည်။ အလွှာနှစ်ကျောက်ရိုင်းတုံးရရန်အတွက် အလွှာတစ်ကျောက်ရိုင်းတုံးလေးတုံး လိုအပ်၏။ ကံကောင်းခဲ့လျှင် အလွှာတစ်ကျောက်ရိုင်းတုံးဆယ့်နှစ်လုံးလျှင် အလွှာနှစ်ကျောက်ရိုင်းတုံးနှစ်တုံး ရနိုင်ပေသည်။ သို့သော် အလွှာနှစ်ကျောက်ရိုင်းတုံးများက အလွှာတစ်ကျောက်ရိုင်းတုံးများထက် ဆယ်ဆသာ ပိုတန်ဖိုးရှိသည်။ ထို့ကြောင့် အဆင့်မြင့်ကျောက်ရိုင်းတုံးများသွန်းလုပ်ရာတွင် အကျိုးသိပ်မရှိပေ။
တစ်ဖက်တွင် ရှီဖုန်း ပိုင်ဆိုင်ထားသည့် ပြဒါးရှင်လုံးက အလွှာနှစ်ကျောက်ရိုင်းတုံး သွန်းလုပ်ရန်အတွက် (၁၀၀) ရာခိုင်နှုန်း အောင်မြင်နှုန်း ရှိသည်။ သူသာ ပြဒါးရှင်လုံးကို အသုံးပြုပြီး အလွှာနှစ်ကျောက်ရိုင်းတုံး သွန်းလုပ်နိုင်ခဲ့လျှင် အကျိုးအမြတ်များကို အဆပေါင်းများစွာ အလွယ်လေးမြင့်တင်နိုင်မှာ ဖြစ်သည်။ ရှီဖုန်းက ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
ရှီဖုန်း၏ ပန်းတိုင်က ပိုက်ဆံရှာရန်သာ မဟုတ်။ အလွှာနှစ်ကျောက်ရိုင်းတုံးများက အစည်းအရုံးကြီးများကြားထဲ၌ ပင်မအိုင်တမ်တစ်ခု ဖြစ်နေပြီးသားပင်။ သူက ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ကို အယောက်တစ်ရာအဖွဲ့လိုက် မြေအောက်စခန်းထဲ တစ်ရက် ပိုရှင်လင်းနိုင်ရန်အတွက် အလွှာသုံးကျောက်ရိုင်းတုံးများကို ထည့်အသုံးပြုရမှာ ဖြစ်သည်။ ရှီဖုန်းက အလွှာတစ်ကျောက်ရိုင်းတုံးများထုတ်ပြီးနောက် စတင်သွန်းလုပ်တော့၏။