ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 649 နံပါတ်တစ်အစည်းအရုံး၏ နောက်ခံ
ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့က စမ်းသပ်ခြင်းမျှော်စင်ထဲသို့ ဝင်ပြီး သိပ်မကြာခင်၌ လွှမ်းမိုးခြင်းအပြုံးနှင့် ကောင်းကင်ဘုံမြှုပ်နှံရာတို့ နှစ်ခုစလုံးက စမ်းသပ်ခြင်းမျှော်စင်ကို စိန်ခေါ်ရန်အတွက် ကစားသမားများစွာ ခေါ်လာပြန်သည်။ ထိုအစည်းအရုံးသုံးခုကြားရှိ ယှဉ်ပြိုင်မှုကြောင့် မူလက တိတ်ဆိတ်နေသည့် အံ့ဖွယ်အားကစားရုံသည် ရုတ်တရက်သက်ဝင်လှုပ်ရှားလာတော့သည်။ အနားယူရန် မြို့သို့ပြန်လာကြသည့် ကစားသမားများစွာက အံ့ဖွယ်အားကစားရုံသို့ ရောက်လာကြပြီး ထိုယှဉ်ပြိုင်မှု၏ ရလဒ်ကို မျက်မြင်တွေ့ရန်နှင့် စိတ်လှုပ်ရှားဖွယ် တိုက်ပွဲဝင်ဗွီဒီယိုများကို ကြည့်ဖို့ရာ မျှော်လင့်တကြီး လာကြ၏။
သာမန်ကစားသမားအချင်းချင်း တိုက်ပွဲဗွီဒီယိုများနှင့် ယှဉ်လျှင် ထိုတိုက်ပွဲဝင်ဗွီဒီယိုများက ကိုးကားမှုကဲ့သို့ ပိုတန်ဖိုးရှိပေသည်။ ၎င်းက စတုတ္ထအလွှာသို့ရောက်သည့် တိုက်ပွဲဝင်ဗွီဒီယိုများထက် အထူးသဖြင့် မှန်ကန်ပေ၏။
စနစ်က အမျိုးမျိုးသော တိုက်ခိုက်မှုပုံသဏ္ဍာန်များကို ပြသပြီး တိုက်ပွဲဝင်ဗွီဒီယိုများကို ပိုမှတ်သားဖွယ်ဖြစ်အောင် ပြုလုပ်ပေးထားသောကြောင့် ဖြစ်သည်။ ပုံမှန်ဆို အစည်းအရုံးများက ထိုသို့သော မှတ်သားဖွယ်ဗွီဒီယိုများကို လူထုရှေ့ ပြလေ့မရှိဘဲ သူတို့၏ ကိုယ်ပိုင်အဖွဲ့ဝင်များအတွက် ထားပေးထားတာ ဖြစ်၏။
အချို့သော ကျွမ်းကျင်သူများက တိုက်ပွဲဝင်ဗွီဒီယိုများဖြင့်တောင် ပိုက်ဆံများ ရှာနိုင်ပေသည်။ ကျန်သည့်ကစားသမားများက ၎င်းတို့ကို ကြည့်ရှူ့ရန်အတွက် အခကြေးငွေ ပေးရ၏။ တိုးတက်လိုစိတ်ရှိသည့် ကစားသမားများစွာက ထိုရွေးချယ်မှုကို ရွေးချယ်လေ့ရှိကြသည်။ ပိုက်ဆံမသုံးချင်လိုသည့်သူများအတွက်မူ သူတို့က တိုက်ပွဲဝင်ဗွီဒီယိုများကို အခမဲ့လေ့လာနိုင်ရန်အတွက် အံ့ဖွယ်အားကစားရုံသို့ သွားကြမှာ ဖြစ်သည်။ သို့သော် ၎င်းက တန်ဖိုးရှိသလို အခမဲ့ရနိုင်သည့် အရာလည်း ဖြစ်သည်။ အခမဲ့တိုက်ပွဲဝင်ဗွီဒီယိုကနေ အမှန်တကယ်အစွမ်းထက်သည့် နည်းစနစ်ကို သင်ယူနိုင်မှာ မဟုတ်ပေ။ ရလဒ်အနေဖြင့် အခကြေးပေးထားခြင်းနှင့် မပေးထားခြင်း ကစားသမားများကြား ကွာဟချက်က နည်းနည်းဆီတော့ ရှိသေးသည်။
မြစ်ဖြူမြို့၏ အစည်းအရုံးကြီးသုံးခုက သူတို့၏ ယှဉ်ပြိုင်မှုကို စတင်တော့သည်။ ထိုအစည်းအရုံးများက လူထုကိုပြသသည့် စတုတ္ထအလွှာရှိ တိုက်ပွဲဝင်ဗွီဒီယိုများကို ကန့်သတ်ထားသော်လည်း သူတို့က ကစားသမားများစွာကို စိတ်လှုပ်ရှားစေရန် လုံလောက်သည်။
” ဘယ်အစည်းအရုံးက ဒီတစ်ခေါက် ပထမနေရာရမလဲဆိုတာ သိချင်မိတယ် …”
” ငါတော့ ကောင်းကင်ဘုံမြှုပ်နှံရာဘက်က လောင်းတယ်ဟေ့ …။ ကောင်းကင်ဘုံမြှုပ်နှံရာရဲ့ အဖွဲ့ဝင်တွေ စမ်းသပ်ခြင်းမျှော်စင်ထဲ ခုနတုန်းက ဝင်သွားတာ ငါတွေ့လိုက်တယ် …။ သူတို့ထဲက တစ်ချို့က ကျန်တဲ့ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းလောကထဲက လူသိများတဲ့ ကျွမ်းကျင်သူတွေပဲ …”
” ကောင်းကင်ဘုံမြှုပ်နှံရာက တကယ်အံ့သြစရာပဲနော် …။ သူတိုမှာ ဒီလိုကျွမ်းကျင်သူတွေ အများကြီး စုဆောင်းထားနိုင်တယ် …။ မြစ်ဖြူမြို့အရှင်သခင်နေရာကို ရယူဖို့ သူတို့ သိပ်ကြာတော့မှာ မဟုတ်ဘူးနဲ့ တူတယ် …”
” အမှန်ပဲဟေ့ …။ သရဲအရိပ်အလုပ်ရုံက ကောင်းကင်ဘုံမြှုပ်နှံရာကို အခုဝင်သွားပြီးပြီ …။ အစည်းအရုံးရဲ့ခွန်အားကလည်း အဆပေါင်းများစွာ တက်သွားတာ …။ သရဲအရိပ်ကိုယ်တိုင်က စမ်းသပ်ခြင်းမျှော်စင်ထဲမှာ အမြင့်ဆုံးစံချိန်ကို ထိန်းထားနိုင်သေးတာပဲ …”
” သရဲအရိပ်က ပုံရိပ်ယောင်ဂိမ်းလောကရဲ့ ထိပ်တန်းအလွှာကျွမ်းကျင်သူတွေထဲက တစ်ယောက်လို့ ခေါ်ဖို့ထိုက်တန်ပါပေတယ် …။ အခုထက်ထိ ဘယ်သူမှ သတ္တမအလွှာကို မရောက်နိုင်သေးဘူး …။ ဒါ့အပြင် သူက သတ္တမအလွှာရဲ့ အလယ်အဆင့်ကိုတောင် ရောက်ခဲ့ပြီးပြီ …။ ကြယ်လမြို့ရဲ့ အကောင်းဆုံးစံချိန်က ဆဠမအလွှာရဲ့ အလယ်အဆင့်မှာလို့ ငါကြားထားတာနော် …”
” ရူးလောက်စရာပဲဟေ့ …။ ငါက လုပ်ကြံသတ်ဖြတ်ရေးမဟာမိတ်ရဲ့ လက်ရွေးစဉ်တစ်ယောက်ဆိုပေမယ့် အခုထက်ထိ တတိယအလွှာမှာ ငါပိတ်မိနေတုန်းပဲကွ …။ စတုတ္ထအလွှာက ငါရောက်နိုင်တာထက် ကျော်နေသေးတယ် …။ ဒီကျွမ်းကျင်သူတွေ ဘယ်လိုလုပ်ခဲ့လဲဆိုတာ အံ့သြမိပါရဲ့ …”
” ဒါပေမယ့် ဘလက်ဖလိမ်းက ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ်ကျွမ်းကျင်သူ မဟုတ်ဘူးလား …။ ဘလက်ဖလိမ်းက ဒဿမအလွှာကိုရောက်ဖို့ ကျရှုံးတယ်တဲ့လား …”
” မသေချာသေးဘူး …။ ဒါပေမယ့် ဘလက်ဖလိမ်းရဲ့ နာမည်က စမ်းသပ်ခြင်းစာရင်းထဲမှာ မရှိသေးဘူး …။ သူက စမ်းသပ်ခြင်းမျှော်စင်ကို စိန်မခေါ်ရသေးတာ ဖြစ်နိုင်တယ် …”
” စိန်မခေါ်ရသေးဘူးတဲ့လား …။ သူက အရှက်ကွဲမှာ ကြောက်နေတာပဲ ဖြစ်ရမယ် …။ သူသာ သရဲအရိပ်ကို ကျော်မတက်နိုင်ခဲ့ရင် ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ်ဆိုတဲ့ သူ့ဘွဲ့အမည်က ဆုံးရှုံးသွားမှာပေါ့ …”
လူတိုင်းက စမ်းသပ်ခြင်းမျှော်စင်၏ အဆင့်သတ်မှတ်ချက်ကို စစ်ဆေးအကဲဖြတ်ပြီး စိတ်လှုပ်ရှားနေကြသည်။
ပုံမှန်ဆို သရဲအရိပ်ကဲ့သို့ ကျွမ်းကျင်သူများကို တွေ့ဆုံရန် သာမန်ကစားသမားများအတွက် အလွန်ခက်ခဲသည်။ သူတို့က ကွဲပြားခြားနားသည့် ကမ္ဘာတွင် နေထိုင်တာ ဖြစ်၏။ ယခုဆို ထိုကျွမ်းကျင်သူများကို ကိုယ်တိုင်တွေ့ရန် အခွင့်အရေးရှိရုံသာမက မြစ်ဖြူမြို့၏ နံပါတ်တစ်အစည်းအရုံးဖြစ်သော ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ကို ထိုကျော်ကြားသောကျွမ်းကျင်သူများ ယှဉ်ပြိုင်တာကိုလည်း ကြည့်ရှူ့ခွင့်ရမှာ ဖြစ်သည်။ သူတို့က မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေမည်နည်း။
လူတိုင်းက မည်သည့်အစည်းအရုံး ပိုသန်မာကြောင်း မည်သည့်ကျွမ်းကျင်သူ ပိုအစွမ်းထက်ကြောင်း ပြောနေစဉ် စမ်းသပ်ခြင်းစာရင်းထဲ၌ ပြောင်းလဲမှုအချို့ ဖြစ်ပေါ်သွား၏။
” ကြည့်အုံး …။ ကြည့်အုံး …။ မြန်မြန် …။ တစ်ယောက်ယောက်က စတုတ္ထအလွှာကို ကျော်ဖြတ်သွားပြီး ပဉ္စမအလွှာကို ရောက်သွားပြီးပြီ …”
သိမြင်လွယ်သည့် ကစားသမားတစ်ဦးက ပြောင်းလဲမှုကို လျင်လျင်မြန်မြန် သတိပြုမိလိုက်သည်။
အံ့ဖွယ်အားကစားရုံတွင် အဆင့်သတ်မှတ်ချက်စာရင်း နှစ်ခုရှိသည်။ တစ်ခုက ယှဉ်ပြိုင်သည့်စာရင်းဖြစ်ပြီး ကစားသမားများကြားရှိ တိုက်ပွဲကို ပြသထားတာဖြစ်ကာ နောက်တစ်ခုက စစ်ဆေးခြင်းစာရင်း ဖြစ်သည်။ စစ်ဆေးစမ်းသပ်ခြင်းစာရင်းက အလွှာတစ်ခုချင်းဆီကို ဝင်ရောက်နိုင်ခဲ့သည့် ကစားသမား၏ အမည်ကို ပြသထားကာ သူတို့၏ အစည်းအရုံးအမည်များကိုလည်း ပြသထား၏။ သို့သော် တစ်လွှာဆီ၌ ထိပ်တန်းကစားသမားအယောက်သုံးရာစာရင်းကိုသာ ပြသလေ့ရှိသည်။ တူညီသည့်အလွှာကို ရောက်ခဲ့သည့်သူများအဖို့ သူတို့၏ ရှင်းလင်းခဲ့သည့်အချိန်ကို အခြေခံပြီး အဆင့်သတ်မှတ်ပေးမှာ ဖြစ်သည်။ သို့သော် ရှင်းလင်းသည့်အရှိန်က သိပ်အဓိပ္ပါယ်မရှိပေ။ အားလုံးက အမြင့်ဆုံးအလွှာရှိ ကစားသမားများကိုသာ အာရုံစိုက်လေ့ ရှိကြသည်။ ပထမဆုံးသုံးလွှာကို လူတစ်ယောက် မည်မျှမြန်မြန် ရှင်းလင်းကြောင်း ဘယ်သူမှ ဂရုမစိုက်ကြပေ။
ပဉ္စမအလွှာကို ရောက်နိုင်ခဲ့သည့် ကစားသမားအရေအတွက်က စုစုပေါင်းသုံးရာရှိခဲ့ရာ ပဉ္စမအလွှာရှိ ကစားသမားအရေအတွက် ပြောင်းလဲမှုကို သတိပြုမိဖို့က ကစားသမားများအတွက် အလွန်လွယ်သည်။ ပြောင်းလဲမှုကို ဖြစ်စေသည့်သူကိုလည်း သူတို့ သိနိုင်ပေ၏။
” စစ်ပွဲဝံပုလွေလား …။ အဲ့ဒါ ဘယ်သူလဲ …။ ငါ သူ့ကို အရင်က ဘာကြောင့် မကြားဖူးရတာလဲ …။ ဒါပေမယ့် သူ ရှင်းသွားတဲ့အချိန်က တိုတိုလေးပဲနော် …။ စတုတ္ထအလွှာကို သူ ရှင်းလင်းတဲ့အချိန်က သရဲအရိပ်ထက် နည်းနည်းလေးပဲ ပိုကြာတာ …”
” လွှမ်းမိုးခြင်းအပြုံးက ဒီလိုအစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ယောက် ရှိနေလိမ့်မည်ဟု ငါမထင်ထားဘူး …။ သူသာ စတုတ္ထအလွှာကို ဒီလောက်မြန်မြန်ရှင်းနိုင်ခဲ့မယ်ဆိုရင် သူ ဆဠမအလွှာကို ရောက်နိုင်မှာပဲ …”
ရုတ်တရက်တွင် လူအုပ်ကြီးက အပူတပြင်း ဆွေးနွေးနေကြတော့သည်။ မြစ်ဖြူမြို့ထဲတွင် သတ္တမအလွှာကို ရောက်နိုင်သည့်ကစားသမားများက ဖီးနစ်၏ ငှက်မွှေးများကဲ့သို့ ရှားပါးလွန်းသည်။ ယခုအချိန်တွင် အယောက်နှစ်ဆယ်တောင် မပြည့်ပေ။ ထို့အပြင် ထိုကျွမ်းကျင်သူများက မဟာအစည်းအရုံးကြီးသုံးခု၏ အဖွဲ့ဝင်များ ဖြစ်ကြ၏။ သူတို့ထဲတွင် သတ္တမအလွှာကို ရောက်သည့်သူက လူတစ်ယောက်သာရှိပြီး ၎င်းက နာမည်ကျော်ကြားသည့် သရဲအရိပ် ဖြစ်ပေသည်။
” ဆဠမအလွှာလား …”
ဖုန်းရွှမ်းရန်က ကစားသမားများ အောက်ထပ်တွင် ပြောနေတာကိုကြားပြီး အထင်သေးမှုများ ပြည့်သွား၏။
” ဆဠမအလွှာကို ဘာထည့်တွက်နေရမှာလဲ …။ စမ်းသပ်ခြင်းစာရင်းရဲ့ နံပါတ်တစ်နေရာက လွှမ်းမိုးခြင်းအပြုံးအပိုင်ပဲ ဖြစ်မှာ …”
ခဏအကြာတွင် စစ်ပွဲဝံပုလွေက ပဉ္စမအလွှာကို ရှင်းလင်းခဲ့ပြီဖြစ်ကာ သူ၏ အမည်က ဆဠမအလွှာစာရင်းထဲ ဝင်ရောက်သွားပြီ ဖြစ်သည်။
ဆဠမအလွှာစာရင်းက လူအင်မတန်နည်းသည်။ ထို့ကြောင့် နောက်ထပ်တိုးလာတာက အာရုံစိုက်မှုရရန် လွယ်ကူသည်။ တစ်ချိန်ထဲတွင် စတုတ္ထအလွှာသို့ ကစားသမားငါးယောက်ကျော် ဖြတ်ကျော်ခဲ့ပြီ ဖြစ်၏။ သူတို့ထဲမှ နှစ်ယောက်က ကောင်းကင်ဘုံမြှုပ်နှံရာမှဖြစ်ကာ နှစ်ယောက်ယောက်က လွှမ်းမိုးခြင်းအပြုံး အဖွဲ့ဝင်မှ ဖြစ်သည်။ နောက်ဆုံးလူက မြစ်ဖြူမြို့၏ အဆင့်သတ်မှတ်ချက်စာရင်းထဲ နံပါတ်တစ်ရခဲ့ဖူးသည့် ဇီးရိုးဝင်း၏ ဘလက်ကီဖြစ်သည်။
” ဇီးရိုးဝင်းကတော့ တကယ် ပေါက်တက်ကရ ဖြစ်နေပြီဟေ့ …။ လွှမ်းမိုးခြင်းအပြုံးက ကျွမ်းကျင်သူသုံးယောက်က ပဉ္စမအလွှာကို ရောက်ခဲ့ပြီးပြီ …။ တစ်ယောက်ကဆို ဆဠမအလွှာကိုရောက်ပြီ …။ ကောင်းကင်ဘုံမြှုပ်နှံရာက သူတို့ကစားသမားထဲမှ နှစ်ယောက်က စတုတ္ထအလွှာကို ကျော်ဖြတ်ပြီးပြီ …။ တစ်ဖက်မှာ ဒီလောက် လူတွေအများကြီး ဝင်သွားတာတောင် ဇီးရိုးဝင်းရဲ့ လူတစ်ယောက်ပဲ ပဉ္စမအလွှာကို ရောက်ခဲ့တယ် …။ ဇီးရိုးဝင်းက ကျွမ်းကျင်သူတွေ ပြုစုပျိုးထောင်တဲ့အချိန်မှာ ကျန်တဲ့အစည်းအရုံတွေကို မယှဉ်နိုင်တဲ့ ပုံပါပဲ …”
အစည်းအရုံးသုံးခုကြားရှိ သိသာသည့် ကွာဟချက်များကို မြင်သောအခါ လူတိုင်းက သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချမိကြသည်။
” ဟား … ဟား … ဟား … ဘလက်ဖလိမ်း …။ မင်း အခု တွေ့ပြီလားကွ …။ ဒါက ငါတို့အစည်းအရုံးကြားက ကွာဟချက်ပဲ …။ မင်း ဘယ်လောက်ပဲ အံ့သြဖွယ်ကောင်းနေပါစေ …။ လူတစ်ယောက်ထဲရဲ့ ထောက်ပံ့မှုရှိတဲ့ အစည်းအရုံးတစ်ခုက အမှန်တကယ်ကြီးမားတဲ့ အစည်းအရုံးကြီးကို ကျော်ဖြတ်နိုင်တယ်များ ထင်နေလား …”
ဖုန်းရွှမ်းရန်က ရှီဖုန်းရှိသည့် အခန်းဘက်ကိုကြည့်ပြီး အောင်ပွဲခံနေ၏။
အချိန်က တဖြေးဖြေးခြင်း ကုန်ဆုံးသွားသည်။ ရုတ်တရက်တွင် မယုံနိုင်စရာကောင်းသည့်အရာက ဖြစ်သွား၏။
သတ္တမအလွှာစာရင်း၌ မူလက တစ်ယောက်ရှိနေရာမှ နောက်ထပ်တစ်ယောက်တိုးလာပြီး ရုတ်တရက်နှစ်ယောက် ဖြစ်သွားတော့သည်။
” စစ်ပွဲဝံပုလွေက ဘယ်သူလဲ …။ သူက ဆဠမအလွှာကို အမှန်တကယ်ကျော်ဖြတ်ပြီး သတ္တမအလွှာကို ရောက်သွားတယ် …”
” ရူးလောက်စရာပဲ …။ သူ့ရဲ့ တိုက်ပွဲဝင်ဗွီဒီယိုကိုသာ ထုတ်လင့်ရင် တကယ်အံ့သြဖို့ကောင်းမှာနော် …”
ပင်မခန်းမတစ်ခုလုံးက စိတ်လှုပ်ရှားမှုကြောင့် တက်ကြွပေါက်ကွဲသွားတော့သည်။
လက်ရှိကစားသမားများ အများစုအဖို့ သတ္တမအလွှာဟူသည် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သည်။ ၎င်းက သူတို့ ဘယ်တော့မှ မရောက်ရှိနိုင်သည့်အလွှာ ဖြစ်၏။ ယခုအချိန်တွင် ဒုတိယအလွာရှိ အခန်းတစ်ခန်းထဲတွင် ထိုင်နေသည့် သရဲအရိပ်က ထိုပြောင်းလဲမှုကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
” ဒီတော့ မြစ်ဖြူမြို့ထဲမှာ ဒီလို ကျွမ်းကျင်သူတစ်ယောက် ရှိသေးတယ်ပေါ့ …”
သရဲအရိပ်၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စ ပေါ်လာသည်။
ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရတာ အထီးကျန်ပေသည်။ ယှဉ်ပြိုင်နိုင်သည့်သူတစ်ယောက်ကို ရှာတွေ့ဖို့က အင်မတန်ခက်ခဲ၏။ မြစ်ဖြူမြို့တစ်လျှောက်တွင် သူစိတ်ဝင်စားသည့် ကျွမ်းကျင်သူက နှစ်ယောက်သာ ရှိသည်။ တစ်ယောက်က ဘလက်ဖလိမ်းဖြစ်ပြီး ဒုတိယက မီးတောက်သွေး ဖြစ်သည်။ ယခုမူ သူ စိတ်ဝင်စားမှုကို ရသည့်သူက တစ်ယောက် ထပ်ပိုလာပြန်သည်။
စစ်ပွဲဝံပုလွေ ဖြစ်၏။ သို့သော် စစ်ပွဲဝံပုလွေ၏ အမည်ကို လူတိုင်းက ပြန်တွေးတောနေစဉ် သတ္တမအလွှာစာရင်း၌ နောက်ထပ်အမည်တစ်ခုက ရုတ်တရက် ပေါ်လာ၏။
မီးလျှံကကြိုး..
လူတိုင်းက ထိုအမည်ကို သိပေသည်။ ဇီးရိုးဝင်းပင်မတပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ လွှမ်းမိုးခြင်းအပြုံး၏ ကျွမ်းကျင်သူများစွာက သူမ၏ လက်ထဲတွင် သေဆုံးခဲ့ကြ၏။ နဂါးဖီးနစ်ပွဲကြည့်စင်နဲ့ စစ်ပွဲကြီးတွင် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ကာ သူမ၏ အမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ မီးမောင်းထိုးပြခံရသည့် အချိန်ထပ်ရောက်လာမည်ဟု မည်သူမှ မထင်ထား။
” လုံလောက်သွားပြီ …။ ဇီးရိုးဝင်းက ဒီလောက် အလွယ်တကူ အစားထိုးခံရမှာ မဟုတ်ဘူး …”
ရှီဖုန်းက သတ္တမအလွှာသို့ရောက်သည့် နောက်ထပ်လူတစ်ယောက်ကို မြင်သောအခါ ပီတိမဖြစ်ပဲ မနေနိုင်ပေ။
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
ဖုန်းရွှမ်းရန်က သတ္တမအလွှာ၏ စာရင်းကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။
မီးလျှံကကြိုး .. လုပ်ကြံသတ်ဖြတ်သူ ..
ပိုင်ဆိုင်သည့်အစည်းအရုံး = ဇီးရိုးဝင်း
သူ မည်သို့ပင် ကြည့်စေကာမူ ထိုအမည်က ဇီးရိုးဝင်း၏ မီးလျှံကကြိုး ဖြစ်သည်။ သို့သော် ခဏအကြာ၌ သတ္တမအလွှာ၌ နောက်ထပ်အမည်သစ်ပေါ်လာသည်။
ခရမ်းတိမ် … ဘာသာရေးခေါင်းဆောင် ..