ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 651 အံ့သြတုန်လှုပ်စေခြင်း
စမ်းသပ်ခြင်းမျှော်စင်၏ အလွှာများကို သုံးဆင့်ပိုင်းခြားထားသည်။ စမ်းသပ်ခြင်းမျှော်စင်၏ ပထမဆုံးအလွှာက အဆင့်တစ်ခုချင်းဆီ၌ ကွာဟချက် နည်းပါးသည်။ သို့သော် ပဉ္စမအလွှာမှစကာ လိုအပ်သည့် တိုက်ပွဲဝင်စွမ်းအားကလည်း အဆင့်အလိုက် သိသိသာသာ တိုးလာပေသည်။ ထို့ကြောင့် ပဉ္စမအလွှာသို့ ရောက်ပြီးနောက် ကစားသမားများသည် အဆင့်တစ်ခုကို အချိန်တိုင်းဖြတ်ကျော်ရကာ သူတို့က ရှည်ကြာသည့် လေ့ကျင့်မှုကာလကို အောင်မြင်အောင် လုပ်ဆောင်ကြတာဖြစ်သည်။
အံ့ဖွယ်အားကစားရုံထဲတွင် အလွှာလေးကို ဖြတ်ကျော်ပြီးသည့် ကျွမ်းကျင်သူများသာလျှင် ပဉ္စမအလွှာမှ အဆင့်တိုင်းကို ဖြတ်ကျော်ရန် ခက်ခဲမှန်းသိကြပေသည်။ မီးလျှံကကြိုးနှင့် ခရမ်းတိမ်တို့က လက်တလောမှာ အလွှာခြောက်ကို ဖြတ်ကျော်ပြီး သတ္တမအလွှာသို့ရောက်ခဲ့ကြတာဖြစ်သည်။
သို့သော် အံ့ဖွယ်အားကစားရုံထဲရှိ အခြေအနေကို သရဲအရိပ်က အထိတ်လန့်ဆုံးဖြစ်နေသည်။
သူသည် သတ္တမအလွှာ၏ အလယ်အဆင့်တွင် စံချိန်ကို အတော်ကြာထိန်းထားခဲ့တာဖြစ်သည်။ တစ်နည်းဆိုရလျှင် ဇီးရိုးဝင်းမှ မိန်းကလေးနှစ်ဦးသည် အနည်းဆုံးသတ္တမအလွှာ၏ အလယ်အဆင့်သို့ ရောက်ခဲ့ပြီဖြစ်ကာ သူတို့ ဆောက်ရွက်ခဲ့တာထက် ပိုတော်နေသည်။
သတ္တမအလွှာပေါ်ရှိ တိုက်ပွဲများ မည်မျှခက်ခဲမှန်း သူအပြည့်အဝသိပေသည်။ သာမန်လူသားများ ဆင့်ခေါ်နိုင်သည့်သူများ မဟုတ်ပေ။ သတ္တမအလွှာက တစ်စုံတစ်ယောက်၏ စကေးပြီးမြောက်သည့်နှုန်း လိုအပ်ချက် အတော်လေးမြင့်မားရုံသာမက ပိုအရေးကြီးသည်က ၄င်းသည် ပြီးပြည့်စုံသည့် လုပ်ဆောင်ချက်လိုအပ်သည်။ သူတို့က သာမန်တိုက်ကွက်များကို ထုတ်ဖော်သည့်အလာ စကေးများကို ထုတ်ဖော်ရမှာဖြစ်သည်။
ဥပမာအနေဖြင့် သာမန်လူတစ်ယောက်နှင့် သိုင်းပညာရှင်တစ်ယောက်ကိုတစ်ထပ်ထဲတူသည့်ဓားများ ပေးထားလျှင် လက်နက်များက တူညီနေသော်လည်း တစ်ယောက်ချင်းဆီ၏ ဓားသွားနှင့် စွဲဆောင်နိုင်မှုက မိုင်ပေါင်းများစွာ ကွာနေပေသည်။ ထိုနည်းတူစွာ တစ်ယောက်ချင်းဆီပြသသည့်စွမ်းအားကလည်း တစ်ယောက်နှင့်တစ်ယောက် အင်မတန်ဝေးကွာနေပေ၏။
ထိုနည်းဖြင့် စကေးပြီးမြောက်သည့်နှုန်းက လက်နက်ဖြစ်လာသည်။ စကေးပြီးမြောက်သည့်နှုန်း ပိုမြင့်လေလေ လက်နက်က စွမ်းအင်ပိုပြသနိုင်လေဖြစ်သည်။ သို့သော် စွမ်းအင်မည်မျှများများ ပြသနိုင်သည်ဆိုတာကတော့ ကစားသမား၏ လုပ်ဆောင်ချက်ပေါ်မူတည်သည်။ သရဲအရိပ်က သူ့ကိုသူ ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် ထိပ်တန်းကစားသမားထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်သည်။ သူက ပါရမီရှိသည့် တစ်ကိုယ်တော်လည်းဖြစ်သည်။ နတ်ဘုရားနယ်မြေနှင့် ဆက်သွယ်ပြီးနောက် သူသည် အခြေခံတိုက်ကွက်များအတွင်း သူ၏ စကေးများကို ပိုကောင်းမွန်ရန် အမြဲတမ်းသုသေသနရှာဖွေကာ နည်းလမ်းများကို ဖော်ထုတ်ပြီး စကေးများ၏ အမြင့်ဆုံးအာနိသင်များကို ပြသခဲ့ရာ တိုက်ပွဲတွင် မည်သည့်ဟန့်တားမှုကိုမဆို ဖယ်ရှားရှင်းလင်းခဲ့သည်။ ထိုသို့တိုင် ယခုမူ မိန်းကလေးနှစ်ယောက်က သူ့ကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲပြီဖြစ်သည်။ ၎င်းက လက်ခံနိုင်ရန် ခဲယဉ်းလှပေသည်။
သူတို့တွေက တစ်ချိန်လုံး ထိန်းထားတာများလား။ သရဲအရိပ်က အံ့သြနေ၏။ တကယ်တော့ သရဲအရိပ်တစ်ယောက်ထဲသာ ထိုကဲ့သို့ တွေးမိတာမဟုတ်ပေ။ လူတိုင်းက အံ့သြနေကြသည်။ နောက်ထပ် ရှင်းပြစရာမလိုပေ။ သေရေးရှင်ရေး အခြေအနေကို ရင်ဆိုင်ပြီး အဆင့်ကျော်ဖြတ်တက်ခြင်းက ဒဏ္ဍာရီလာသာဖြစ်ပေ၏။ လူတစ်ယောက်ဆိုလျှင် တိုက်ဆိုင်မှုဖြစ်နိုင်သေးသော်လည်း နှစ်ယောက်က တစ်ချိန်ထဲတွင် ထိုကဲ့သို့ တိုက်ဆိုင်မှု ကြုံတွေဖို့က မဖြစ်နိုင်ပေ။
နှစ်တစ်ရာဘယ်ရီဝိုင်၏ အာနိသင်က အမှန်တကယ် အထင်ကြီးစရာကောင်းသည်။ သူက ထိုမျှပုလင်းများကိုသာ ယူနိုင်တာ နှမျောစရာကောင်း၏။ အခန်းတစ်ခုထဲတွင် ထိုင်နေသည့် ရှီဖုန်းက ခေါင်းညိတ်ကာ စမ်းသပ်သည့်စာရင်းကို ကြည့်နေသည်။
ရှီဖုန်းက စတုတ္ထအလွှာကို အဖွဲ့ဝင်တိုင်း ကျော်ဖြတ်နိုင်တာကို မအံ့သြပေ။ ဆိုရလျှင် သာမန်ကစားသမားများအတွက် စနစ်က သတ်မှတ်ပေးထားသည့် စံတစ်ခုဖြစ်သည်။
နှစ်တစ်ရာဘယ်ရီဝိုင်ကို သောက်ပြီးနောက် ကစားသမားတစ်ဦး၏ ပြီးမြောက်သည့်နှုန်းက သိသိသာသာ တိုးတက်လာသည်။ ပုံမှန်ဆို ဝိုင်များက ကစားသမားတစ်ဦး၏ စကေးပြီးမြောက်သည့်နှုန်းကို (၁၀) ရာခိုင်နှုန်း တိုးပေးစေနိုင်ပြီး အာနိသင်က ထုတ်ပြသည့်အခါ အနည်းငယ် ပိုအားနည်းသည်။ သို့သော် စကေးပြီးမြောက်သည့်နှုန်း (၇၀) ရာခိုင်နှုန်း ဝန်းကျင်ရှိသည့် ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်မျာအဖို့ သူတို့၏ စကေးပြီးမြောက်သည့်နှုန်း (၈၀) ရာခိုင်နှုန်းအထိ တိုးသွားပြီး နှစ်တစ်ရာဘယ်ရီဝိုင် သောက်လိုက်သောအခါ ပိုတိုးသွားတာဖြစ်သည်။ ပုံမှန်ဆို တစ်စုံတစ်ယောက်က စတုတ္ထအလွှာကို ကျော်ဖြတ်နိုင်သရွေ့ သူတို့က စကေးပြီးမြောက်သည့်နှုန်း (၇၅) ရာခိုင်နှုန်း အောင်မြင်စွာထိန်းထားနိုင်မှာဖြစ်သည်။ ထို့ကြောင့် လူတိုင်းအဖို့ ပဉ္စမအလွှာရောက်တာ သဘာဝသာဖြစ်သည်။ မီးလျှံကကြိုးနှင့် ခရမ်းတိမ်က သူတို့၏ စကေးများဖြင့် စကေးပြီးမြောက်နှုန်း (၈၅) ရာခိုင်နှုန်းထိ ရောက်အောင်စွမ်းဆောင်နိုင်ကြသည်။ နှစ်တစ်ရာဘယ်ရီဝိုင် သောက်ပြီးနောက် သူတို့စကေးပြီးမြောက်သည့်နှုန်းက အကြမ်းမျဉ်း (၉၀) ရာခိုင်နှုန်းအထိ တက်သွားသည်။ ၎င်းက (၅) ရာခိုင်နှုန်းမျှသာ တိုးခြင်းဖြစ်သော်လည်း သူတို့စကေးဖြင့် ပြသသည့်စွမ်းအားက (၂၀) ရာခိုင်နှုန်း သို့မဟုတ် (၃၀) ရာခိုင်နှုန်းတိုးသွားပေလိမ့်မည်။
သတ္တမအလွှာသို့ ရောက်ရန်အတွက် အခြေခံလိုအပ်ချက်က စကေးအာနိသင် ၁၀၀ ရာခိုင်နှုန်း ပြသရာတွင် စကေးပြီးမြောက်သည့်နှုန်း ၈၅ ရာခိုင်နှုန်းဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က အခြေခံတိုက်ကွက်များတွင် သူတို့၏ စကေးများကို ကျွမ်းကျွမ်းကျင်ကျင် ထုတ်ဖော်ပြသနိုင်စွမ်းရှိခဲ့ပါက သူတို့က ပဉ္စမအလွှာရှိ အဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာဖြစ်သည်။
မီးလျှံကကြိုးနှင့် ခရမ်းတိမ်က အစစ်အမှန် တိုက်ပွဲအတွေ့အကြုံ ချို့တဲ့သော်လည်း စကေးပြီးမြောက်သည့်နှုန်း (၉၀) ရာခိုင်နှုန်းက အလယ်အဆင့်ကိုတောင် ကျော်ဖြတ်သွားရန် လုံလောက်ပြီဖြစ်ကာ သူတို့ကို သတ္တမအလွှာ၏ နောက်ဆုံးအဆင့်သို့ တွန်းပို့လိုက်တာဖြစ်သည်။ ထို့ကြောင့် မိန်းကလေးနှစ်ဦးသည် ဝါရင့်ထိပ်တန်းအလွှာ ကျွမ်းကျင်သူဖြစ်သည့် သရဲအရိပ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကို ရှီဖုန်း မအံ့သြပေ။
သရဲအရိပ်က ယခုအချိန်တွင် သူ၏ စကေးဖြင့် စကေးပြီးမြောက်သည့်နှုန်း ၉၀ ရာခိုင်နှုန်း ရနိုင်ခဲ့လျှင် သူက အဋ္ဌမအလွှာသို့ ခြေချနိုင်မှာဖြစ်သည်။
ဆိုးသည်မှာ နှစ်တစ်ရာဘယ်ရီဝိုင်က လူတစ်ယောက်၏ တိုက်ပွဲဝင်စွမ်းအားကို ယာယီသာ တိုးပေးသည်။ လူတစ်ယောက်၏ နားလည်သဘောပေါက်မှုက ထိုလူပေါ်သာ မူတည်နေသည်။ ရှီဖုန်းက သက်ပြင်းချပြီးနောက် သူ့အိတ်ထဲတွင် ကျန်သည့်နှစ်တစ်ရာဘယ်ရီဝိုင် တစ်ရာ့တစ်ဆယ်ကို တစ်ချက်ကြည့်လိုက်သည်။
နှစ်တစ်ရာဘယ်ရီဝိုင်က ကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရန်အတွက် ဗျူဟာကျသည့် ကိရိယာတစ်မျိုးဖြစ်သည်။ စိတ်ကူးယဉ်ဗိမ္မာန်က အတိတ်တုန်းက သူ၏ အင်အားစုကိုလျင်မြန်စွာ တိုးတက်အောင် စီစဉ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာမရှိပေ။ နှစ်တစ်ရာဘယ်ရီဝိုင်က ထိုအောင်မြင်မှုကို သေချာပေါက်ထောက်ပံ့ပေးနိုင်ပေသည်။
ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များက စမ်းသပ်ခြင်းမျှော်စင်၏ စတုတ္ထအလွှာကို ဖြတ်ကျော်ပြီးနောက် သတင်းက လျှပ်စီးကဲ့သို့ အလင်းအရှိန်ဖြင့် ပျံ့နှံသွားသည်။ ဇီးရိုးဝင်းမည်မျှအားကောင်းကြောင်းကို အားလုံးကို အသိပေးလိုက်ရာ ရောက်ပေသည်။
ထိုအချက်အလက်ကြောင့် အစည်းအရုံးများစွာက မြစ်ဖြူမြို့တွင် ဖွံ့ဖြိုးတိုးတက်ရန်ကို လက်လျော့လိုက်ကြပြီး အခြားသောမြို့များကိုသာ အာရုံစိုက်ကြတော့သည်။ ပဉ္စမအလွှာကို ရှင်းရှင်းလင်းလင်း နေရာယူထားနိုင်သည့် ကျွမ်းကျင်သူများကို ပိုင်ဆိုင်ထားသည့် ဇီးရိုးဝင်းကို ဆန့်ကျင်လျှင် အစည်းအရုံးများ ရပ်တည်နိုင်ရန် အခွင့်အရေးမရှိပေ။ သူတို့၏ အမြစ်ပြက်သုတ်သင်ရှင်းလင်းခြင်းအတွက် စောင့်စားနေမည့်အစား ကျန်သည့် နေရာ၌ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာက ပိုကောင်းပေလိမ့်မည်။ မည်သူက သိမည်နည်း အခြားသောနေရာများတွင် သူတို့က ပိုတောင်မြင့်မားသည့် အောင်မြင်မှုရနိုင်သေး၏။
ထိုစဉ် ကောင်းကင်ဘုံမြှုပ်နှံရာ အစည်းအရုံးဂေဟာထဲတွင်
” ဇီးရိုးဝင်းက ဒီလောက်များတဲ့ ကျွမ်းကျင်သူတွေကို ဘယ်လိုလုပ် စုဆောင်းနိုင်ခဲ့တာလဲ …”
မီးတောက်သွေးက အံ့ဖွယ်အားကစားရုံ၏ နောက်ဆုံးပွဲစဉ်သတင်းအကြောင်း ရသောအခါ မျက်မှောင်ကြုတ်သွားသည်။
” ဘာဖြစ်တာလဲ …”
အရပ်ပုပု ခပ်ဖိုင်ဖိုင် အမျိုးသားက မီးတောက်သွေးကို အသံတိုးတိုးဖြင့် မေးလိုက်၏။
” ဇီးရိုးဝင်းက သူ့ရဲ့ ပင်မတပ်ကို စမ်းသပ်ခြင်းမျှော်စင်ဆီ စိန်ခေါ်ဖို့ ပို့လိုက်တယ် …။ အဆုံးမှာ အဖွဲ့ဝင်တိုင်းက ပဉ္စမအလွှာဆီ ရောက်သွားပြီးပြီ …။ သူတို့ကြားထဲမှာ နှစ်ယောက်က သရဲအရိပ်ရဲ့ မှတ်တမ်းကိုတောင် ကျော်သွားပြီးပြီ …”
မီးတောက်သွေးက ပြောလိုက်ပြီးနောက် သူက ကောင်းကင်ဘုံမြှုပ်နှံရာ ပင်မတပ်ဖွဲ့၏ ကွန်မန်တာဟူသည့် ထောင်လွှားမှု လက္ခဏာမပြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ခပ်ဖိုင်ဖိုင် လူရွယ်ကို စကားပြောရာတွင် အနည်းငယ်ရိုးကျိုးသည့်ပုံပေါ်၏။
မီးတောက်သွေးရှေ့ရှိ လူသည် ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းများနှင့် အကျွမ်းတဝင်မဖြစ်သော်လည်း အပြင်ကမ္ဘာတွင် ထိုလူ၏ ရာထူးက သူ့ကို ကောင်းကင်ဘုံမြှုပ်နှံရာမှ သူဆန္ဒရှိသလို အလွယ်တကူ ဖယ်ရှားနိုင်ပေသည်။ ကောင်းကင်ဘုံမြှုပ်နှံရာ၏ အစည်းအရုံးခေါင်းဆောင်ဖြစ်သည့် တစ်ကိုယ်တော်မြှုပ်နှံရာတောင် ထိုလူရွယ်ကို တလေးတစားဆက်ဆံရပေသည်။
” စိတ်ဝင်စားစရာပဲ …။ ငါတို့သာ အဲ့ဒီရတနာမြေကို ရယူချင်တယ်ဆိုရင် ဇီးရိုးဝင်းနဲ့ ထိပ်တိုက်တွေ့ဖို့ကို ရှောင်နိုင်တော့မှာ မဟုတ်ဘူး …”
ဖပ်ဖိုင်ဖိုင် လူရွယ်က မှုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး ခဏတိတ်ဆိတ်သွားပြီးနောက် သူက ဆက်ပြောလိုက်၏။
” ငါတို့က သူတို့ကို အရေအတွက်နဲ့ အနိုင်ယူလို့မရဘူးဆိုမှတော့ အစည်းအရုံးရဲ့ ခွန်အားကိုပဲ တိုမြင့်ကြတာပေါ့ …”
” မီးတောက်သွေး …။ သရဲအရိပ်ကို သတင်းပို့လိုက် …။ ယခုပဲ မိုးသောက်မြူကို ကူညီဖို့ လွတ်လိုက်မယ်လို့ ပြောလိုက် …။ ငါတို့တွေ အယောက်တစ်ရာမြေအောက်စခန်းကို ပထမဆုံးရှင်းလင်းဖို့ မြန်နိုင်သမျှမြန်မြန်လိုအပ်တယ် …”
” မိုးသောက်မြူလား …”
မီးတောက်သွေးက ထိုအမည်ကို ကြားသောအခါ မအံ့သြပဲ မနေနိုင်ပေ။
” ကျွန်တော်တို့က ကြယ်လမြို့ကို အလျော့ပေးတော့မှာလား …”
ကောင်းကင်ဘုံမြှုပ်နှံရာ၏ ရည်ရွယ်ချက်က ကြီးမားသည်။ အစည်းအရုံးက ကြယ်လတိုင်းပြည်ကို ထိန်းချုပ်ရန် ရည်ရွယ်နေတာဖြစ်သည်။ တိုင်းပြည်၏ သမိုင်းကြောင်းကို ရှေးဦးစွာ ထိန်းချုပ်ရန်အတွက် အကောင်းဆုံးနည်းလမ်းက ၎င်း၏ ကစားသမားများဖြစ်ပေသည်။
ကြယ်လတိုင်းပြည်ထဲတွင် လူဦးရေထူထပ်ဆုံး မြို့နှစ်မြို့က ကြယ်လမြို့နှင့် မြစ်ဖြူမြို့ဖြစ်သည်။ နှစ်ခုလုံးက လက်ရွေးစဉ်ကစားသမားများ အများဆုံးစုဝေးနေတာဖြစ်သည်။ ကောင်းကင်ဘုံမြှုပ်နှံရာက ထိုမြို့နှစ်မြို့ကို ထိန်းချုပ်နိုင်သရွေ့ တိုင်းပြည်၏ ကျန်သည့်နေရာများကို ထိန်းချုပ်ဖို့က အချိန်အတိုင်းအတားတစ်ခုမျှသာကြာမှာ ဖြစ်သည်။ ထိုမြို့နှစ်မြို့တွင် မီးတောက်သွေးက ရှေးဦးစွာ မြစ်ဖြူမြို့ကိုယူရန် ဆုံးဖြတ်ထား၏။ ကြယ်လမြို့ကိုမူ မိုးသောက်မြူက ဦးဆောင်ပြီးယူရန် ကြိုးစားနေတာ ဖြစ်သည်။
သူတို့နှစ်ယောက်၏ ဂုဏ်သတင်းချင်းကို ယှဉ်ကြည့်ပါက မိုးသောက်မြူက သာလွန်ပေသည်။ မီးတောက်သွေးက ပြီးခဲ့သည့်နှစ်၏ အသစ်ရောက်လာသည့် ထိပ်တန်းဆယ်ဦးထဲမှ တစ်ယောက်ဖြစ်သည်။ တစ်ဖက်တွင်မူ မိုးသောက်မြူက လွန်ခဲ့သည့် နှစ်နှစ်က ပုံရိပ်ယောင်ဂိမ်းလောကကို အသစ်ဝင်လာသည့် ထိပ်တန်းဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူမက ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် ကျွမ်းကျွမ်းကျင်ကျင် စီမံနိုင်ခဲ့သည်။ သူမ၏ ဂုဏ်သတင်းက နှင်းဧကရီ ဂျမ်းတဲလ်စနိုးထက် အနည်းငယ်မျှသာ နိမ့်ကျပြီး ဂျမ်းတဲလ်စနိုးထက် နှစ်နှစ်ခန့်နောက်ကျပြီးမှ ဝင်ရောက်လာတာဖြစ်သည်။
ခွန်အားအရာတွင် မိုးသောက်မြူက ကောင်းကင်ဘုံမြှုပ်နှံရာအတွင်း၌ တတိယအဆင့်ရှိပေ၏။
သူတို့သာ မိုးသောက်မြူကို မြစ်ဖြူမြို့ဆီ အကူအညီဖြင့် ပို့ပါက သူမ၏ခွန်အား သူမ၏ အဖွဲ့ဖြင့် ကောင်းကင်ဘုံမြှုပ်နှံရာက အဖွဲ့တစ်ရာမြေအောက်စခန်းကို ရှင်းလင်းနိုင်ရန် အခွင်းအရေးရှိပေလိမ့်မည်။ ဆိုရလျှင် ထိုကာလအတွင်း အယောက်တစ်ရာအဖွဲ့လိုက် မြေအောက်စခန်း၏ ခက်ခဲမှုကို အားလုံးက နားလည်သဘောပေါက်ပြီ ဖြစ်သည်။ အယောက်ငါးဆယ်အဖွဲ့လိုက်မြေအောက်စခန်းများကို သုတ်သင်ရှင်းလင်းသည့် အတွေ့အကြုံကနေ သူတို့က ဗျူဟာမျိုးစုံကို တွေ့ခဲ့ပြီဖြစ်၏။ ယခုအချိန်တွင် သူတို့လိုအပ်သည်က လှုပ်ရှားရန်တာ ဖြစ်သည်။
” မြစ်ဖြူမြို့က ကြယ်လတိုင်းပြည်ရဲ့ စီးပွားရေးစင်တာဖြစ်လာခဲ့တယ် …။ လက်ရွေးစဉ်အရေအတွက်တွေက မြို့တွေကိုတစ်နေ့ထက်တစ်နေ့ ရွေ့ပြောင်းလာတာ ကြယ်လမြို့က ဒီကဏ္ဍမှာ ပြိုင်ဘက်မရှိဘူး …။ ဒါ့ကြောင့် ဒီဘက်ကို ဦးစားပေးရမယ် …။ ဒါအပြင် အယောက်တစ်ရာအဖွဲ့လိုက် မြေအောက်စခန်းရဲ့ ခက်ခဲမှုနဲ့ယှဉ်ရင် မြစ်ဖြူမြို့က ပိုလွယ်တယ် …။ ဇီးရိုးဝင်းကိုသာ အဟန့်အတားမရှိ ဆက်လက်ကြီးထွားခွင့် ပြုထားမယ်ဆိုရင် မြစ်ဖြူမြို့ကို နောင်ကျထိန်းချုပ်ဖို့ မဖြစ်နိုင်တော့ဘူး …”
ရုတ်တရက်တွင် ရှီဖုန်းက မိတ်ဆွေတစ်ယောက်ထံမှ ဆက်သွယ်မှုစာ ရလိုက်သည်။
” ဂျမ်းတဲလ်စနိုးလား …”