ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 657 စိတ်ပျက်အားငယ်မှုကြီး
သူအထက်တွင် မိုးကြိုးများ လိမ့်ဆင်းလာသည့်အသံကို ကြားသောအခါ ရှီဖုန်းက ခုခံခြင်းဓားသွားကို ထုတ်ဖော်လိုက်၏။ ပြီးနောက် လူအထူထပ်ဆုံးနေရာဆီသို့ ပြေးဝင်သွားတော့သည်။ အလွှာနှစ်ဂါထာ လျှပ်စီးမုန်တိုင်းက ဧရိယာကြီးမားသည့် အဖျက်အားဂါထာမဟုတ်သော်လည်း ဂါထာက ဧရိယာကျယ်ပြီး ကိုက်တစ်ရာဝန်းကျင်အထိ ရောက်ပေသည်။ အလွှာနှစ်ကျွမ်းကျင် မှော်ပညာရှင်တစ်ဦးက ဂါထာကိုအပြည့်အဝရွတ်ဆိုပြီးနောက် ရှီဖုန်းတောင် ခံနိုင်ရည်ရှိမှာ မဟုတ်။ တိုက်ကွက်ကို ရှောင်ရုံသာ တက်နိုင်မှာ ဖြစ်သည်။
” မြန်မြန် …။ ဘလက်ဖလိမ်းကို ဖယ်ရှားကြ …”
အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ အထက်အရာရှိများကလည်း ရှီဖုန်း၏ အကွက်ကို သိသည်။ သူက သူများဓားငှားပြီး သူတို့ကို သတ်ရန် ရည်ရွယ်နေတာ ဖြစ်ပေ၏။ ထို့ကြောင့် သူတို့က ရှီဖုန်းကို ဦးစွာသတ်ခဲ့လျှင် အန္တာယ်များ အေးသွားမှာ ဖြစ်သည်။
သို့သော် ရှီဖုန်း၏ အရည်အချင်းက လက်ရှိကစားသမား၏ စံသတ်မှတ်ချက်အထက်ကို ကျော်လွန်နေပေသည်။ အမျိုးမျိုးသောအစည်းအရုံးများ၏ အသန်မာဆုံး ကျွမ်းကျင်သူများကတောင် အခြေခံအရည်အချင်းအရာတွင် ရှီဖုန်းနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ ထို့အပြင် ရှီဖုန်းက လူအုပ်ကြီးထဲတွင် ပုန်းကွယ်နေပြီး မည်သူမှ သမန်ကာရှန်ကာ မတိုက်ခိုက်ရဲကြပေ။
အထူးသဖြင့် ဧရိယာကျယ် အမျိုးအစားများအတွက် ဖြစ်ပေသည်။ သူတို့၏ တိုက်ကွက်များက သူတို့၏ မဟာမိတ်များကို ထိသွားဖို့က လွယ်ကူလှ၏။ အနီးကပ်အမျိုးအစားသာလျှင် ရှီဖုန်းကို ဆွဲချနိုင်တာ ဖြစ်သည်။ သို့သော် လက်ရွေးစဉ်ကစားသမားများက ရှီဖုန်း၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ကြိုတွေးနိုင်မည်နည်း။ ထို့အပြင် ရှီဖုန်းက အင်မတန်ကောက်ကျစ်ကာ ကုသသူများဆီ ပြေးဝင်တာ ဖြစ်၏။
” မြန်မြန် ထိန်းချုပ်တဲ့စကေးကို အသုံးပြု …။ မီးတောက်အတွက် မစိုးရိမ်နဲ့ …”
အထက်အရာရှိများက ချက်ချင်း အမိန့်ပေးလိုက်သည်။
မှော်အမျိုးအစားများက သူတို့၏ ဂါထာများကို စတင်ရွတ်ဆိုပြီး ကောင်းကင်ထဲရှိ မိုးသက်တိမ်များက အထွဠ်အထိပ်ထိ ရောက်ခါနီးပြီ ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် အပြာရောင်လျှပ်စီးများက ကောင်းကင်ထက်မှ ကျဆင်းလာတော့၏။ ကမ္ဘာလောကကြီး၏ အဆုံးသတ်နယ် အရာအားလုံးက သူတို့ဆီ ကျရောက်လာကာ တောက်ပသည့်လျှပ်စီးနှင့် မိုကြိုး၏ တဖုန်းဖုန်းအသံများက ကွင်းပြင်ထဲ၌ ပြည့်သွားတော့၏။
လျှပ်စီးထိုးနှက်ချက် ရပ်သွားသည့်အချိန်၌ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ အားလုံးက အံ့သြဆွံ့အသွား၏။
ဂါထာသက်ရောက်မှုအတွင်းရှိ ကစားသမားအားလုံးက လျှပ်စီးကျရောက်လာတိုင်း (-၅၀၀၀) ထိခိုက်မှု ရရှိသည်။ လျှပ်စီးရိုက်ချက်က ဆယ့်နှစ်ချက်ကျော်ရိုက်ပြီးနောက် ဒိုင်းနံရံကို အသက်သွင်းထားသည့် HP အမြင့်ဆုံး MT တောင် အလျော့ပေးလိုက်တော့၏။ သူ၏ အင်မတန်မြန်ဆန်သည့် အရှိန်ဖြင့် ရှီဖုန်းက ဆာရီယာ၏ လျှပ်စီးမုန်တိုင်းမှ လွတ်မြောက်နိုင်ခဲ့ကာ လျှပ်စီးရိုက်ချက်ကို ခံခဲ့ရသည်။
အာလုံးကမူ စိတ်ပျက်အားငယ်ဖွယ် အဆုံးသတ်ကိုသာ ကြုံတွေ့ခဲ့ရသည်။ ဇီးရိုးဝင်းနှင့် အုရိုဘိုရိုကို ဖြေရှင်းရန်အတွက် အမျိုးမျိုးသော အစည်းအရုံးကြီးများက စုဝေးရန်ပြင်ဆင်နေခဲ့တာ ဖြစ်သည်။ ရှီဖုန်းက ထိုလူအုပ်၏ အလယ်သို့ ရုတ်တရက်ကျရောက်လာခဲ့သည်။ လျှပ်စီးမုန်းတိုင်းအဆုံးသတ်သွားပြီးနောက် ဂါထာ၏ သက်ရောက်မှု ကိုက်တစ်ရာအတွင်းရှိ မည်သူမှ အသက်မရှင်တော့ပေ။ ထိုအစား ဧရိယာတစ်ဝိုက်တွင် လက်နက်များ ချပ်ဝတ်တန်ဆာများသာ ရှိတော့သည်။
ထိုမြင်ကွင်းက မျက်မြင်တွေ့ရသူများအဖို့ မှင်သက်ရှိုက်မိသွားကာ တုန်ရီသွားစေ၏။
” အဲ့ဒါက အလွှာနှစ် NPC မှော်ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားတဲ့လား …”
ဂျမ်းတဲလ်စနိုး၏ အမူအရာက တည်ကြည်သွားကာ အစက လူပင်လယ်ရှိရာမှ လောင်ကျွမ်းသွားသည့် ဧရိယာကိုကြည့်ပြီး ပြောလိုက်သည်။
ယခင်က ဂျမ်းတဲလ်စနိုးသည် ကျန်သည့်အစည်းအရုံးများ၏ နှောင့်ယှက်မှုကို စိတ်ပူစရာမလိုခဲ့လျှင် သူတို့၏လက်ရွေးစဉ်ကစားသမား အယောက်ငါးသောင်းဖြင့် ကျောက်တောမြို့ကို အပိုင်သိမ်းနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် သူတို့တပ်ဖွဲ့က အဆပေါင်းများစွာ ပိုကြီးမားခဲ့လျှင်တောင် မြို့ကိုသိမ်းပိုက်ဖို့က မဖြစ်နိုင်ပေ။
တစ်ချက်ထဲဖြင့် ဂါထာတစ်ခု၏ ထိခိုက်မှုမှ အယောက်ရှစ်ထောင်ကျော် သေဆုံးသွားတာ ဖြစ်သည်။
ဆာရီယာက ရှီဖုန်း အကောင်းပကတိအတိုင်း ရှိနေတာကို မြင်သောအခါ သူ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတန်း ဖြတ်သွား၏။ ပြီးနောက် သူက နောက်ထပ်အလွှာနှစ်ဂါထာကို စတင်ရွတ်ဆိုလိုက်သည်။ ကျောက်တောမြို့၏ ကျန်သည့်ခေါင်းဆောင်နှစ်ယောက်ကလည်း သူတို့ရှေ့ရှိ ကစားသမားများကို သတ်ဖြတ်ပြီး ရှီဖုန်းဆီ ပြေးလာကြ၏။ အဆင့် (၂၈) အဆင့် (၂၉) လက်ရွေးစဉ်ကစားသမားများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အဆင့် (၆၀) အလွှာနှစ် NPC များက သူတို့အသက်ကို အဆုံးသတ်ရန် တစ်ချက်သာ လိုအပ်ပေသည်။ ထို NPC နှစ်ယောက်က အသားကြိတ်စက်သဖွယ် အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ လက်ရွေးစဉ်များကို ဖြေရှင်းနေတော့သည်။
ရှီဖုန်းအဖို့မူ သူက ထို NPC များကို ဆန့်ကျင်တိုက်ခိုက်ရလောက်သည့်အထိ သူရဲကောင်းဆန်ဆန်နေမနေပေ။ ထိုအစား သူက လှည့်ပြေးပြီး ကစားသမားများ၏ အာရုံစိုက်မှု အမြင့်ဆုံးရှိသည့်နေရာသို့ ပြေးသွားတာ ဖြစ်သည်။
ထိုနည်းဖြင့် ရန်သူအရေအတွက်ကို လျော့ချနိုင်ရုံသာမက မဟာအရှင်သုံးဦးကို ဆွဲချရန်အတွက် လက်ရွေးစဉ်ကစားသမားများကို အသုံးပြုနိုင်မှာ ဖြစ်သည်။ ထိုနည်းဖြင့် သူအသက်ရှင်နိုင်မည် ဖြစ်ပေ၏။
အဆင့် (၆၀) အလွှာနှစ် NPC များ၏ မြင့်မားသော ဉာဏ်ရည်ဖြင့် သူတို့၏ ခွန်အားက ရယ်စရာ မဟုတ်ပေ။ အဆင့် (၃၅) မဟာအရှင်တောင် ထို NPC မျာအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပေ။ မဟုတ်လျှင် ထိုအမျိုးမျိုးသော အစည်းအရုံးကြီးများက မြို့ကိုသိမ်းပိုက်ရန်အတွက် တုံ့ဆိုင်းနေကြမှာ မဟုတ်ပေ။
” ဘလက်ဖလိမ်း .. မင်း ဒီက အစည်းအရုံးတိုင်းကို ရန်သူဖွဲ့ဖို့ ကြိုးစားနေတာလား …”
အစည်းအရုံးများထဲမှ တစ်ခု၏ အထက်အရာရှိတစ်ဦးက အော်ပြောလိုက်ရာ သူ၏ ဒေါသများလည်း ပေါက်ကွဲသွားပြီ ဖြစ်သည်။
လူတိုင်းက မဟာအရှင်သုံးဦး၏ ခွန်အားကို မျက်မြင်တွေ့ခဲ့ပြီ ဖြစ်သည်။ သူတို့က ရှီဖုန်းကို မတားမြစ်ခဲ့လျှင် သူတို့အစည်းအရုံးများ၏ ဆုံးရှုံးနစ်နာမှုကြီး ခံစားရမှာ ဖြစ်၏။ သူတို့ ခေါ်လာသည့်အစည်းအရုံးဝင်များက သာမန်အဖွဲ့ဝင်များ မဟုတ်ပေ။ ထိုအဖွဲ့ဝင်များက အစည်းအရုံး၏ အုတ်မြစ်ဖြစ်သည်။
ထိုကစားသမားများထဲမှ အနည်းငယ်သေသွားခဲ့လျှင်တောင် အစည်းအရုံးက အံ့သြထိတ်လန့်ကုန်ကြမှာ ဖြစ်သည်။ သူတို့ထဲမှ တစ်ဝက်ခန့်ဆုံးရှုံးသွားခဲ့လျှင် ပြောနေရန်တောင် မလိုတော့ချေ။ တစ်ဝက်ထက် ပိုဆုံးရှုံးရခြင်းက အဖြေမဆယ်နိုင်သည့် ရိုက်နှက်မှုမျိုး ဖြစ်ပေသည်။
” ဘလက်ဖလိမ်း ဇီးရိုးဝင်းက အစွမ်းထက်ရင်တောင် မင်းတို့ အစည်းအရုံးက ရှိနေတဲ့အစည်းအရုံးအားလုံးကို ရန်စခဲ့မိတဲ့အတွက် ပေးဆပ်ရမယ် …။ မင်းသာ အခုရပ်လိုက်မယ်ဆိုရင် ငါတို့ ညှိနှိုင်းလို့ ရသေးတယ် …။ ဒီနေရာမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်မချနဲ့ …”
သူတို့ အစည်းအရုံးများစွာ သတ်ဖြတ်နေတာကို ကြည့်ပြီး အမျိုးမျိုးသောအစည်းအရုံးကြီးများ၏ အထက်အရာရှိများက ရှီဖုန်းကို တားမြစ်ရန်အတွက် အကောင်းဆုံး ကြိုးစားနေကြသည်။ ကံဆိုးသည်မှာ သူတို့၏ ကြိုးစားအားထုတ်မှုများက အချည်းအနှီးသာ ဖြစ်၏။ ရှီဖုန်းက မြန်ဆန်လွန်းသည်။ သူတို့ အစည်းအရုံး၏ ကျွမ်းကျင်သူများက လက်ရှိတွင် ကျော်လက်သည်းတောင်တန်းထဲ၌ စီးနင်းတိုက်ခိုက်နေကြတာ ဖြစ်၏။ လက်ရွေးစဉ်အဖွဲ့ဝင်များရှိနေကာ သူတို့က ရှီဖုန်းကိုဆွဲမချနိုင်ကြပေ။
” မင်းကို အခွင့်အရေးတစ်ခါမှ မပေးဘူးလို့ မပြောနဲ့ …။ ကျောက်တောမြို့ကို ဝင်တိုက်ခိုက်တဲ့ ကိစ္စမှာ မင်းတို့အစည်းအရုံး ဝင်မရှုပ်ဘူးလို့ စာချုပ်ချုပ်ဖို့ မင်းတို့ အစည်းအရုံးခေါင်းဆောင်ကို ညွှန်ကြားလိုက် …”
ရှီဖုန်းက ပြန်ပြောသည်။
” ဘလက်ဖလိမ်း လွန်မလာနဲ့ …။ မင်း အခုမရပ်ရင် ငါတို့ ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်တွေအပေါ် လှုပ်ရှားတာ မပြစ်မတင်လေနဲ့ …”
” ကျောက်တောမြို့ကနေ ခပ်ဝေးဝေးသွားဖို့လား …”
ရှီဖုန်း၏ တောင်းဆိုချက်ကို သူတို့၏ အစည်းအရုံးခေါင်းဆောင်ဆီ ပို့လျှင်တောင် ၎င်းက မဖြစ်နိုင်မှန်း သူတို့သိပေသည်။ ဇီးရိုးဝင်းနှင့် အုရိုဘိုရိုက ကျောက်တောမြို့ကဲ့သို့ အချက်အချာကျသည့်နေရာကို သိမ်းပိုက်ချင်ခဲ့လျှင် ကျောက်လက်သည်းတောင်တန်းသည် သူတို့လက်ထဲ ကျရောက်သွားမှာက အချိန်အတိုင်းအတာတစ်ခုမျှသာ ကြာမှာ ဖြစ်သည်။ ထို့ကြောင့် သူတို့က ထိုတောင်းဆိုမှုကို သဘောမတူကြပေ။
ထိုစဉ် အစည်းအရုံးကြီးများက NPC များ၏ ကျူးကျော်ရန်စမှုကို ကြောက်ရသောကြောင့် မဟာခေါင်းဆောင်သုံးဦးကို မတိုက်ခိုက်ရဲကြပေ။ သူတို့အစည်းအရုံးအဖွဲ့ဝင်များ ထွက်ပြေးနေရခြင်းအတွက်မူ သူတို့က ဆုံးရှုံးမှုကို ထိုသို့ပြုလုပ်ခြင်းဖြင့် လျော့ချနိုင်မည်ဖြစ်သော်လည်း လူစုကွဲသွားသည်နှင့် အုရိုဘိုရိုနှင့် ဇီးရိုးဝင်းကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ပေ။
သို့သော် ဇီးရိုးဝင်း၏ အဖွဲ့ဝင် အယောက်လေးရာကို ဖြေရှင်းဖို့က သူတို့၏ တပ်ဖွဲ့များအတွက်အသေးအမွှားသာ ဖြစ်သည်။ ရှီဖုန်းတောင် သူ၏ မဟာမိတ်များကို ကယ်တင်နိုင်မှာ မဟုတ်ပေ။ ထိုအချိန်ကြလျှင် နှစ်ဖက်လုံးက ဆုံးရှုံးနစ်နာမှုကြီးဖြစ်ကာ မည်သည့်ဘက်ကမှ အခွင့်သာတော့မှာ မဟုတ်။
” နှမျောစရာပဲ …။ ဒါဆို ရွေးချယ်စရာ မရှိတော့ဘူးပေါ့ …”
ရှီဖုန်းက နောက်ထပ်ကစားသမား လူအုပ်ကြီးထဲ ပြေးဝင်ပြန်၏။
” မင်း …။ မင်း နောင်တ ရလိမ့်မယ် …”
အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ အထက်အရာရှိများက ရှီဖုန်း ထိုမျှ ဆုံးဖြတ်ချက်ပြတ်သားပြီး သူတို့၏ ပျက်ဆီးမှုကို မကြောက်မလန့်ဖြစ်လိမ့်မည်ဟု မထင်ထားပေ။
ထိုစဉ် အမျိုးမျိုးသောအစည်းအရုံးကြီးများ၏ အစည်းအရုံးခေါင်းဆောင်များက ကျောက်လက်သည်းတောင်တန်းနှင့် အဝေးတွင် ရှိနေကြတာဖြစ်၏။ တိုက်ခိုက်သည့်သတင်းကို ကြားသော်လည်း ဘာမှ မလုပ်နိုင်ကြပေ။
” ဘလက်ဖလိမ်းက ဒီအခေါက်တော့ စိတ်လွတ်သွားပြီ …။ သူက ငါတို့အစည်းအရုံးတွေ အားလုံးကိုတောင် ဆန့်ကျင်တိုက်ခိုက်ပြီး စစ်ပွဲကြေညာရဲတယ် …။ သူက ကစားချင်တယ်ဆိုမှတော့ ဆော့ပေးရတာပေါ့ …။ ဘလက်ဖလိမ်းကို ဖြေရှင်းဖို့အတွက် တပ်သားတစ်ဖွဲ့ ပို့ပေးမယ်ပြောလိုက် …။ အားလုံးလူစုခွဲပြီး အုရိုဘိုရိုနဲ့ ဇီးရိုးဝင်းကို နှောင်နှေးအောင် လုပ်ရမယ် …။ ဘလက်ဖလိမ်းက သူ့ရဲ့ ကိုယ်ပိုင်အပေါင်းအဖော်တွေဆီ မဟာခေါင်းဆောင်သုံးဦး ခေါ်သွားမလားဆိုတာ သိချင်မိတယ် …”
ဂလက်ဆီပါ့စ်က ရယ်မောလိုက်သည်။ သူက ချက်ချင်းအမိန့်ပေးလိုက်သည်။
” ကျောက်လက်သည်းတောင်တန်းကနေ အားလုံးပြန်ဆုတ်ပြီး ကျောက်တောမြို့ကို သွားကြမယ် …။ ကျန်တဲ့ အစည်းအရုံးခေါင်းဆောင်တွေကိုလည်း ဆက်သွယ် …။ ဘလက်ဖလိမ်းနဲ့ ဂျမ်းတဲလ်စနိုး သူတို့ သေတွင်းတူးတာအပြင် ဘာမှ ထပ်မလုပ်နိုင်ဘူးဆိုတာ ငါမြင်ချင်တယ် …”
ထိုသို့ မဖြစ်လာခင်က ကြယ်တာရာမဟာမိတ်နှင့် အုရိုဘိုရိုက ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အစည်းအရုံးများ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အစည်းအရုံးများကမှ ပူးပေါင်းခြင်း မရှိပေ။ ယခုမူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်ကာ အုရိုဘိုရိုက ပြဿနာစရှာလိုက်ပြီ ဖြစ်သည်။
ယခုအချိန်က ရိုက်ချရတော့မည့်အချိန် ဖြစ်သည်။ ကြယ်တာရာမဟာမိတ်က အုရိုဘိုရိုကိုဖြေရှင်းရန် ကျန်သည့်အစည်းအရုံးများနှင့် ပူးပေါင်းနိုင်ခဲ့လျှင် သူတို့က အုရိုဘိုရိုကို ဖြေရှင်းရုံသာမက ကျောက်တောမြို့ကိုလည်း ရရန် အခွင့်အရေးကောင်း ရှိမှာ ဖြစ်၏။ ကြယ်လတိုင်းပြည်အတွင်း၌ မည်သည့်အစည်းအရုံးများကမှ ကြယ်တာရာမဟာမိတ်ကို ဆန့်ကျင်နိုင်တော့မှာ မဟုတ်ပေ။ အုရိုဘိုရို ရှင်းသွားသည်နှင့် ကြယ်တာရာမဟာမိတ်၏ စကားက ဥပဒေဖြစ်လာပေလိမ့်မည်။
ခဏအကြာ၌ အမျိုးမျိုးသော အစည်းအရုံးကြီးများ၏ အစည်းအရုံးခေါင်းဆောင်များက အုရိုဘိုရိုနှင့် ဇီးရိုးဝင်ကို ဖြေရှင်းရန်အတွက် ကြယ်တာရာမဟာမိတ်နှင့် မဟာမိတ်ဖွဲ့တည်လိုက်မည်။
ကျောက်တောမြို့ကို ဝိုင်းထားသည့် အစည်းအရုံးများက ပူးပေါင်းသွားပြီးနောက် ဂလက်ဆီပါ့စ်၏ အစီအရင်၌ သူတို့က အုရိုဘိုရိုနှင့် ဇီးရိုးဝင်းကို ဖိနှိပ်ရန်အတွက် ကစားသမားရှစ်သောင်း ပို့ခဲ့သည်။ ကျန်သည့် တပ်ဖွဲ့အတွက်မူ သူတို့က လူစုခွဲထားကာ အားလုံးမလွတ်မြောက်သွားရန်အတွက် ဝိုင်းကာထား၏။
” ဘလက်ဖလိမ်း သိပ်နောက်ကျသွားပြီ …။ ဒီနေ့ အားလုံးကို ဆန့်ကျင်တဲ့ နောက်ဆက်တွဲကို သင်ပေးမယ် …”
အစည်းအရုံးကြီးများ၏ အထက်အရာရှိများက အုရိုဘိုရိုနှင့် ဇီးရိုးဝင်းကို ဖိနှိပ့်ခိုင်းလိုက်သည်။ မဟာခေါင်းဆောင်သုံးဦးက အစွမ်းထက်လျှင်တောင် လူတိုင်း လူစုခွဲလိုက်လျှင် NPC အများစုက ဇတ်ကြိုးမရှိလျှင်တောင် သူတို့က အရေအတွက်အနည်းငယ်သာ တက်နိုင်မှာ ဖြစ်၏။ နှစ်သိန်းခွဲ တပ်ဖွဲ့အတွက်မူ ၎င်းက ရေပုံးထဲမှ ရေတစ်စက်မျှသာ ရှိပေ၏။ အစည်းအရုံးကြီးများက အုရိုဘိုရိုနှင့် ဇီးရိုးဝင်းကို ခေါင်းအထိရောက်အောင် ဖိအားပေးခံကြမှာ ဖြစ်သည်။
လက်ရွေးစဉ်ငါးသောင်းကို ဖိနှိပ်ဖို့ရာ လက်ရွေးစဉ် န်ှသိန်းခွဲတပ်ဖွဲ့အတွက် အင်မတန်လွယ်ကူပေ၏။ ထိုကျွမ်းကျင်သူများက အစည်းအရုံးအသီးသီး၏ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့၏ ပင်မတပ်ဖွဲ့ ရောက်လာသည့်အချိန်တွင် အုရိုဘိုရိုနှင့် ဇီးရိုးဝင်းက အဆုံးသတ်သွားမှာ ဖြစ်၏။
” ထင်တဲ့အတိုင်း သူတို့ ပူးပေါင်းသွားတာပဲ …”
ရှီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူက ခေါင်းခါပြီးနောက် ရယ်မောလိုက်၏။
” မင်းတို့က ဒီလို အစုလိုက်အပြုံလိုက် သေချင်တယ်ဆိုမှတော့ စိတ်ပျက်အားငယ်မှုကြီးဆိုတာကို ပြမယ် …”
ကျောက်တောမြို့ကို ကာကွယ်နေသည့် မဟာခေါင်းဆောင်သုံးဦးက သူတို့၏ ခွန်အားအကုန် ထုတ်မပြရသေးပေ။ ကျောက်တောမြို့က ကျောက်လက်သည်းတောင်တန်းနှင့် အလွန်နီးကပ်ပေ၏။ တောင်တန်းမှ များစွာသော ကောင်းကျိုးရနိုင်သောကြောင့် ကျောက်တောမြို့က သာမန်မြို့တစ်မြို့ ဖြစ်နိုင်မည်နည်း။