ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 672 မဟာအရှင်တစ်ပါး၏ ကြောက်လန့်မှု
ရှီဖုန်းနှင့် ကျန်သည့်သူများက ငရဲအဆင့်ရေခဲအကျဉ်းထောင်ထဲ ဝင်ရောက်ပြီးသိပ်မကြာခင်၌ အမျိုးမျိုးသောအစည်းအရုံးများက သတင်းရသွားကြသည်။
” ဘလက်ဖလိမ်းက တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ …။ ငါတို့က ခက်ခဲအဆင့်ရဲ့ ပထမဆုံးသုတ်သင်ရှင်းလင်းမှုကို ရသွားပြီးတဲ့အချိန် သူက ဇီးရိုးဝင်းကို ငရဲအဆင့်ကို စီးနင်းတိုက်ခိုက်ဖို့ ချက်ချင်းဦးဆောင်သွားတယ် …”
မိုးသောက်မြူက ပြုံးပြီးနောက် သူမ မျက်လုံးထဲ၌ စိတ်ဝင်စားသည့်အရိပ်အယောင် ပေါ်လာသည်။ သူမက မဲ့ပြုံးပြုံးပြီး မေးလိုက်၏။
” သွေးမီးတောက် ရှင် ဘယ်လို ထင်လဲ …”
” သူတို့က ရေကို စမ်းသပ်နေရုံလောက်ပါပဲ …။ အခုချိန်မှာ ခက်ခဲတဲ့အဆင့် ရေခဲအကျဉ်းထောင်ကို စီးနင်းတိုက်ခိုက်ရုံအပြင် မရှိဘူး …။ ငရဲအဆင့်ကို စိန်ခေါ်တာအပြင် သူတို့ရွေးချယ်စရာက ကျန်တဲ့မြို့တွေက အယောက်တစ်ရာအအဖွဲ့လိုက် မြေအောက်စခန်းတွေကို စိန်ခေါ်ဖို့ပဲ …။ ဒါပေမယ့် အဖွဲ့က ကျန်တဲ့အယောက်တစ်ရာ အဖွဲ့လိုက်မြေအောက်စခန်းတွေကို အောင်အောင်မြင်မြင် စီးနင်းတိုက်ခိုက်နိုင်ဖို့ဆိုရင် သူတို့ အသားကျအောင် ပြင်ဆင်ဖို့လိုအပ်သေးတယ် …”
မီးတောက်သွေးက ပြောပြီးနောက် လက်အောက်ငယ်သားများထံမှ တင်ပြချက်ကို ဖတ်လိုက်၏။
” ကံဆိုးတာက ဇီးရိုးဝင်းရဲ့ လက်ရှိအဖွဲ့နဲ့ ငရဲအဆင့် ရေခဲအကျဉ်းထောင်ကို စီးနင်းတိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး …။ လုံလောက်အောင် သန်မာမှာ မဟုတ်ဘူး …”
” ဟုတ်တယ် …။ ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ …။ ပြောရရင် ဒါက အယောက်တစ်ရာ ငရဲအဆင့် မြေအောက်စခန်းပဲလေ …”
မိုးသောက်မြူက ရှီဖုန်းနှင့် ယခင်က တွေ့ခဲ့ဖူးသည်။ သူမက ထိုလူ၏ အရည်အချင်းအတိအကျကို မမြင်နိုင်သည့်တိုင် သူ၏ ယခင်လုပ်ဆောင်ချက်များနှင့် သူ့ဝန်းကျင်ရှိ ကျွမ်းကျင်သူများဆီမှ အကဲဖြတ်ကြည့်လျှင် သူသည် ရူးမိုက်သည့်ဆုံးဖြတ်ချက်များကို ချမည့်သူ မဟုတ်ပေ။
” ထားလိုက်တော့ …။ ဇီးရိုးဝင်းက ငါတို့နဲ့ မသက်ဆိုင်တော့ဘူး …။ အခုလာတာက မြေအောက်စခန်းတိုက်ခိုက်ဖို့ ကူညီပေးရုံပဲ …။ အစည်းအရုံးခေါင်းဆောင်က ငါတို့ရဲ့ အစစ်အမှန်အာရုံစိုက်မှုက ကျောက်လက်သည်းတောင်တန်းဆိုတာ ကြေညာပြီးနေပြီ …။ မြစ်ဖြူမြို့ထဲက ကိစ္စတွေအတွက်တော့ ရတနာခုနှစ်ပါးအကြီးအကဲဆီ လွဲခဲ့မယ် …”
” ကျွန်တော်တို့တွေ အဲ့ဒီကို သွားဖို့အတွက် ဘယ်လို လိုအပ်ချက်တွေရှိလဲ …။ ကျောက်လက်သည်းတောင်တန်းက မှော်သလင်းတွေအတွက် စီးနင်းတိုက်ခိုက်တာ တစ်ခုဘဲ မဟုတ်ဘူးလား …”
သွေးမီးတောက်က ဇဝေဇဝါဖြစ်စွာ မေးလိုက်၏။
သူတို့နှစ်ယောက်က အစည်းအရုံးအတွင်း အသန်မာဆုံး တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ ကျောက်လက်သည်းတောင်တန်းထဲတွင် နှစ်ယောက်လုံးစခန်းချခြင်းက ဉာဏ်ရှိသည့်လုပ်ရပ် မဟုတ်ပေ။
” ကျောက်လက်သည်းတောင်တန်းရဲ့ လုပ်ဆောင်ချက်အကြောင်း ရှင် မကြားသေးဘူးလား …”
မိုးသောက်မြူက ရယ်မောလိုက်၏။
” ကျွန်တော် မသိပါဘူး …။ အစည်အရုံးခေါင်းဆောင် သိလား …”
မီးတောက်သွေးက ခေါင်းခါပြီး မေးလိုက်၏။
” သူက သိရုံတင်မကဘူး … အစည်းအရုံးခေါင်းဆောင်က ကျောက်လက်သည်းတောင်တန်းကို ထုတ်ဖော်ဖို့အတွက် တာဝန်ယူထားတာ …”
မိုးသောက်မြူက ကောင်းကင်ဘုံမြှုပ်နှံရာ၏ အစည်းအရုံးခေါင်းဆောင် တစ်ကိုယ်တော်မြှုပ်နှံရာအကြောင်း ပြောပြီး သူမ၏ လေသံထဲတွင် လွန်လွန်ကင်းကင်းမြှောက်စားမှုများ ပါဝင်နေ၏။ သူမသည် စူပါအစည်းအရုံးတစ်ခုမှ ထွက်လာခဲ့ကာ တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဘုံမြှုပ်နှံရာသို့ ဝင်ခဲ့ခြင်းမှာ ထိုလူကြောင့်ဖြစ်၏။ တစ်ကိုယ်တော်မြှုပ်နှံရာက ကျောက်လက်သည်းတောင်တန်းကို ကိုယ်တိုင်ဆွဲထုတ်သည့်သူဖြစ်ကာ ကြယ်လတိုင်းပြည်ထဲရှိ အစည်းအရုံးတိုင်းက ၎င်း၏ တည်ရှိမှုကို ရရန် ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။
မီးတောက်သွေးနှင့် ကျန်သည့်သူများက အံ့သြမှင်သက်သွား၏။ သူတို့က အချိန်အတိုင်းအတာတစ်ခုအထိ သတိမဝင်နိုင် ဖြစ်နေကြသည်။
ယခုအချိန်တွင် ကျောက်လက်သည်းတောင်တန်းက ကြယ်လတိုင်းပြည်တစ်လျှောက် ကစားသမားများအပေါ် သက်ရောက်မှု ရှိနေကာ နဂါးနက် အင်ပါယာနှင့် ကျန်သည့် အိမ်နီးချင်းတိုင်းပြည်များလည်း ပါဝင်၏။ ၎င်း၏ လွှမ်းမိုးမှုက နတ်ဘုရားနယ်မြေထဲတွင် ပေါ်ပေါက်ခဲ့ဖူးသော ပွဲစဉ်များထက် သာလွန်ပေ၏။
” ဒါ မဖြစ်နိုင်ဘူးမလား …”
” ကျုပ်တို့ အစည်းအရုံးခေါင်းဆောင်ကတော့ ထင်တဲ့အတိုင်းပဲ …။ သူက ဒါမျိုး တကယ်စီစဉ်နိုင်ခဲ့တာပဲ …”
လူတိုင်းက သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
” ကျောက်လက်သည်းတောင်တန်းကို အသက်သွင်းတာက တာဝန်ရဲ့ အစိတ်အပိုင်းတစ်ခုသာသာပဲ …။ ကျောက်လက်သည်းတောင်တန်းထဲက တာဝန်တွေအလိုက် ရှိသေးတယ် …။ ငါတို့သာ ဒီတာဝန်ကို ပြီးမြောက်ခဲ့ရင် ကြယ်လမြို့က ငါတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်ပြီပဲ …။ ဒါကြောင့် ဒီအရေးကိစ္စကို အားလုံးထက် ရှေ့တန်းတင်ရမယ် …”
မိုးသောက်မြူက တည်တင်းစွာပြောပြီးနောက် သူမ၏ လေသံထဲတွင် သူမက ငြင်းဆိုသည့်စကားကို မကြားလိုပုံရ၏။
” ဒီလိုဆိုမှတော့ အဲ့ဒီကို ချက်ချင်းသွားဖို့ ပြင်ဆင်ရအောင် …”
မီးတောက်သွေးက မိုးသောက်မြူ၏ စကားများကို ချက်ချင်းသဘောတူလိုက်သည်။ သူတို့သာ ကြယ်လတိုင်းပြည်ကို သူတို့အတွက် အပြည့်အဝရနိုင်ခဲ့လျှင် မြစ်ဖြူမြို့ကိုရရှိရန် ပိုလွယ်ကူသွားပေလိမ့်မည်။
ရေခဲအကျဉ်းထောင် …
” ခမ်းနားခြင်းအရှင်တစ်ပါးက မဟာအရှင်တစ်ပါးထက် ဘာကြောင့် ဒီလောက် ပိုသန်မာရတာလဲ …”
မီးလျှံကကြိုးက မျက်မှောင်ကြုတ်ပြီး ရေခဲဘီးလူးကို လေ့လာကြည့်လိုက်၏။ လက်ရှိတွင် သူမ၏ အာရုံက မည်သည့်အခြေအနေအောက်တွင်မဆို ရေခဲဘီးလူးကို ရန်မစသင့်ကြောင်း သတိပေးနေပေ၏။
ခမ်းနားသောအရှင်အဆင့် ရေခဲဘီလူးက မဟာအရှင်ထက် HP တစ်သိန်းခွဲကျော် ပိုရှိသည်။ သူတို့ကြားထဲရှိ ကွာဟချက်ကမှု ကောင်းကင်နှင့် မြေကြီးလောက် ဖြစ်နေ၏။ အဖွဲ့ဝင်များက မတုန်လှုပ်ပဲ မနေနိုင်ပေ။
ခမ်းနားသောအရှင်၏ ရောင်ဝါက သိပ်သည်းလွန်းရာ သူတို့သည် ရေထဲတွင် နစ်မြှုပ်နေသယောင် သူတို့၏ လှုပ်ရှားနိုင်စွမ်းက သိသိသာသာ လျော့ချခံထားရ၏။ ထိုကဲ့သို့ အခြေအနေတွင် သူတို့က မည်သို့ တိုက်ခိုက်နိုင်ခဲ့မည်နည်း။
” အခုတော့ အားလုံး အနားယူကြရအောင် …”
ရှီဖုန်းက အဖွဲ့လိုက်စကားပြောခန်းမှ ပြောလိုက်၏။ သူက တိုက်ပွဲစရန် အလျှင်မလိုပေ။
ငရဲအဆင့် ရေခဲအကျဉ်းထောင်က အသေးအမွှားကိစ္စ မဟုတ်ပေ။ နှစ်တစ်ရာဘယ်ရီဝိုင်၏ ထောက်ပံ့မှုဖြင့်တောင် မြေအောက်စခန်းကို ရှင်းလင်းနိုင်မည်ဟု အာမခံချက် မရှိပေ။ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။ ခမ်းနားသောအရှင်နှင့် သာမန်အရှင်ကြားရှိ ကြီးသောကွာခြားချက်က အရည်အချင်း မဟုတ်။ စိတ်စွမ်းအားဖိနှိပ်ခြင်း ဖြစ်ပေသည်။ ၎င်းကလည်း ခမ်းနားသောအရှင်များကို ဆွဲချရန် ခက်ခဲသည့်အကြောင်းအရင်းများထဲမှ တစ်ရပ်ဖြစ်ပေ၏။
ရောင်ဝါက လက်ဆုပ်လက်ကိုင်ပြ၍ မရ။ ၎င်းက စိတ်စွမ်းအားဖိနှိပ်မှု ပုံသဏ္ဍာန်များနှင့် ပိုတူပေ၏။
လူအများစုက ပြင်းထန်သည့် ဖိအားအောက်ရောက်သောအခါ သူတို့သည် ပုံမှန်အတိုင်းဆောင်ရွက်နိုင်ချေ ရံဖန်ရံခါ ဆုံးရှုံးတတ်၏။ လူအချို့ဆို လှုပ်ရှားရန်တောင် ခက်ခဲနေတာ တွေ့ရပေမည်။ အသက်အန္တာရာယ် ခြိမ်းခြောက်ခံရသည့်အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ လူ မည်မျှများများက ထိုးဖောက်ခံရမည်နည်း။
ခမ်းနားသောအရှင်တစ်ပါးက ထိုကဲ့သို့ ရောင်ဝါပိုင်ဆိုင်ထားပေ၏။ ကျွမ်းကျင်ကစားသမားတစ်ဦးတောင် ထိုသို့သော အခြေအနေကို ဖြေရှင်းရန် ခက်ခဲနေခဲ့ပါက သာမန်ကစားသမားတစ်ဦးဆိုလျှင် ပိုဆိုးချေလိမ့်မည်။
ထို့ကြောင့် အမျိုးမျိုးသော ဒေသထဲရှိ အယောက်တစ်ရာငရဲအဆင့် မြေအောက်စခန်းများက ဖြေရှင်းရန်ခက်ခဲတာထက် ပိုပေ၏။ သူတို့က ခွန်အားမလုံလောက်သည့် ကိစ္စကြောင့်မဟုတ်။ ကစားသမားများက ၎င်းကို အပြည့်အဝ မပြနိုင်သောကြောင့် ဖြစ်၏။ တည်ကြည်သည့် နှလုံးသားရှိသည့် အစွမ်းထက်သော ကျွမ်းကျင်သူများသာ စိတ်စွမ်းအားဖိနှိပ်မှုကို ခံနိုင်ရည်ရှိပြီး ပုံမှန်တိုက်ခိုက်နိုင်မှာ ဖြစ်၏။ လက်ရှိကစားသမားများအဖို့ ၎င်းက များလွန်းသည့် တောင်းဆိုချက် ဖြစ်နေသည်။ ကံကောင်းသည်မှာ ရှီဖုန်းက ထိုပြဿနာကို ဖြေရှင်းရန် တိုက်ပွဲဝင်နည်းတစ်ခု ရှိပြီးသားဖြစ်၏။
” မီး …။ ဒီပုလင်းတွေကို ဖြန့်ဝေပေးလိုက် …”
ထိုသို့ပြောပြီးနောက် ရှီဖုန်းက သူ့အိတ်ထဲမှ နှစ်တစ်ရာ ဘယ်ရီဝိုင်ပုလင်းတစ်ရာကို ထုတ်လိုက်သည်။ နှစ်တစ်ရာဘယ်ရီဝိုင်က ကစားသမားတစ်ဦး၏ သူတို့၏ လက်နက်များနှင့် သဟဇာတဖြစ်သည့်နှုန်းကို တိုးမြင့်ပေးနိုင်ရုံသာမက ကစားသမားတစ်ဦး၏ အာရုံငါးပါးကို လေးလံစေသည့် ဘေးထွက်ဆိုးကျိုးပါ ရှိသည်။ ပုံမှန်ဆို ၎င်းက ကစားသမားတစ်ဦး၏ တိုက်ပွဲထဲတွင် သိလွယ်သည့် အစိတ်အပိုင်းကို လျော့ချပေးကာ အန္တာရာယ်ကို သတိထားမိသည့်စိတ်ကို အားနည်းစေ၏။ သို့သော်ငြား ယခုအချိန်တွင် ရေခဲဘီလူး၏ စိတ်စွမ်းအားဖိနှိပ်မှုကို လျော့ချရန် အကောင်းဆုံးနည်းလမ်း ဖြစ်နေချေ၏။
” အရက်က လူတစ်ယောက်ကို ပိုသတိရှိစေတယ် …။ သို့သော်ငြား လူတစ်ယောက်၏ သတ္တိကို တိုးစေသည့်အစား အရက်က လူတစ်ယောက်၏ စိတ်ခံစားမှုကို ထုံကျင်သွားစေကာ ဘေးအန္တာရာယ်ကို ခံစားမိနေသည့် အာရုံများကို ဖယ်ရှားပစ်လိုက်သည်။
ပုံမှန်ဆို ဘေးအန္တာရာယ်ကိုသတိပြုမိခြင်းက သတ္တဝါများအားလုံးအတွက် ရှင်သန်နေထိုင်မှုအုတ်မြစ်တစ်ခု ဖြစ်ပေသည်။ အန္တရာယ်ကို အာရုံခံနိုင်မှသာ ခြိမ်းခြောက်မှုများကို ရှောင်ရှားပြီး အသက်ရှင်နိုင်ပါက ထိုအာရုံခံမှုက နတ်ဘုရားနယ်မြေ၏ ကစားသမားများအတွက် လိုအပ်ပေ၏။ ကစားသမားများက ပုံမှန်ဆို သူတို့၏ အန္တာရာယ်အာရုံခံမှုကို ထက်မျှအောင် သွေးထားရ၏။ ထိုနည်းဖြင့် သူတို့က တိုက်ကွက်များကို ရှောင်ရှားနိုင်ပြီး ပြန်တိုက်ခိုက်နိုင်မှာ ဖြစ်၏။
ထိုစဉ် ခမ်းနားသောအရှင်များကမူ ကြောက်မက်ဖွယ်ကောင်းလွန်း၏။ အကြောင်းမှာ ပင်မနတ်ဘုရားစနစ်က ထိုအာရုံကို စိန်ခေါ်ရန်အတွက် ဤမွန်းစတားများကို အထူးဒီဇိုင်း ရေးဆွဲထားသောကြောင့် ဖြစ်သည်။
နှစ်တစ်ရာဘယ်ရီဝိုင်ကို လက်ခံပြီးနောက် လူတိုင်းက သူတို့ ပုလင်းများကို ကုန်အောင်သောက်လိုက်သည်။ လူတိုင်း၏ ဖိနှပ်ခံထားရမှုက သိသိသာသာလျော့နည်းသွားကာ သူတို့၏ ခန္ဓာကိုယ်က လေးလံမနေတော့ပေ။ တစ်ချိန်ထဲတွင် ရှီဖုန်းကလည်း အမှောင်ထုကျမ်းစာကို အသုံးပြုပြီး အဆင့် (၃၆) အလွှာနှစ် မိစ္ဆာဝိညာဉ်တစ်ကောင်းကို ဆင့်ခေါ်လိုက်၏။ ၎င်းက နှလုံးသားဝါးမျိုသူကဲ့သို့ ထောက်ပံ့ရေးအမျိုးအစားမိစ္ဆာဝိညာဉ် မဟုတ်သော်ငြား မှော်တိုက်ခိုက်ရေးအမျိုးအစား မိစ္ဆာဝိညာဉ် ဖြစ်သည်။ ၎င်းက အဖွဲ့၏ DBS အမျိုးအစားကို သိသိသာသာတိုးပေ၏။
” အားလုံးပဲ ရှောင်တိမ်းဖို့နဲ့ နေရာယူဖို့ကို အာရုံစိုက်ထား …။ တိုက်ခိုက်နေတဲ့အချိန် အားလုံးရဲ့အထက် တည်ငြိမ်မှုကို အာရုံစိုက် …။ မင်းတို့ရဲ့ တိုက်ခိုက်မှုက လွဲချော်သွားရင် သက်လုံအားကို မဖြုန်းတီးပစ်နဲ့ …”
ရှီဖုန်းက အမိန့်ပေးလိုက်၏။
” ပြီးတော့ MT တွေ နားထောင်ကြ …။ မင်းတို့က တိုက်ပွဲအစမှာ တိုက်ကွက်အနည်းငယ် ထုတ်ဖော်ပြီးရင် ဘော့စ်ကို ဆက်တိုက်ခိုက်ဖို့ မလိုဘူး …။ မင်းတို့တွေ ဘော့စ်ရဲ့ ရှေ့မှာ မြဲမြဲရပ်နိုင်အောင်ပဲ ကြိုးစား …။ တိုက်ခိုက်မှု ဖြစ်စေတဲ့သူတွေအတွက်တော့ ဆန့်ကျင်ဘက်အတိုင်းပဲ …။ ဘော့စ်ရဲ့ ရှေ့တန်းမှာ မရပ်နဲ့ …။ နောက်ကွယ်ကနေ တိုက်ခိုက်ရင် အကောင်းဆုံးပဲ …”
ရှီဖုန်းသည် ငရဲအဆင့် ရေခဲအကျဉ်းထောင်ကို အတိတ်တုန်းက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်။ ရေခဲဘီလူးက ဉာဏ်ရည်အလွန် နိမ့်ပေ၏။ ခမ်းနားသောအရှင်တစ်ပါးဆိုလျှင်တောင် ထိုအချက်က မှန်နေသေးဆဲ ဖြစ်သည်။ ဓာတ်ကြီးလေးပါးသတ္တဝါအတွက် အခြေခံအချက်ဟု ဆိုနိုင်ပေသည်။ ရေခဲဘီးလူး၏ တိုက်ကွက်များကလည်း ရိုးရှင်းကာ သူ့ရှေ့ရှိ ပစ်မှတ်ကိုသာ တိုက်ခိုက်တာ ဖြစ်သည်။ ရေခဲဘီလူးက ပစ်မှတ်ကို ဖျက်ဆီးပြီးနောက် အခြားပစ်မှတ်ကို ပြောင်းတာ ဖြစ်သည်။
အဖွဲ့၏ MT က ထိခိုက်မှုများစွာ မလုပ်ဆောင်နိုင်ပေ။ သူတို့က တိုက်ခိုက်မှုကို အာရုံစိုက်ခဲ့လျှင် ရေခဲဘီလူး၏ တိုက်ကွက်များကို ရှောင်ကျဉ်ပိတ်ဆို့နေခဲ့ပါက လက်ရှိနည်းစနစ်နှင့် အရည်အချင်းများအရ ဆယ်မိနစ်မပြည့်မီ၌ သက်လုံအား ကုန်ဆုံးသွားနိုင်သည်။ ခမ်းနားသောအရှင်၏ HP သန်းခြောက်ဆယ်ကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ဆယ်မိနစ်က တိုက်ပွဲကို အဆုံးသတ်ဖို့ရာ သေချာပေါက် မလုံလောက်ပေ။
လူတိုင်းနေရာယူပြီးနောက် ကိုလာ၊ ယဲ့ဝူမြန်၊ ငြိမ်းချမ်းခြင်းလိပ်နှင့် ကျန်သည့်သူများကလည်း ရေခဲဘီလူးရှေ့၌ နေရာယူလိုက်ကြသည်။
အဖွဲ့၏ MT များက ရေခဲဘီလူးရှေ့သို့ မရောက်ခင် ခမ်းနားသောအရှင်က ၎င်း၏ ရေခဲနယ်မြေကို ထုတ်လွင့်လိုက်၏။ ရေခဲနယ်မြေ၏ ယခုအခေါက် အာနိသင်က မဟာအရှင်အဆင့် ရေခဲဘီလူးကို ဆန့်ကျင်စဉ်ကထက် အနည်းငယ် ပိုသန်မာပေ၏။ သက်လုံအားကုန်ဆုံးသည့်နှုန်းကလည်း တူညီသည့်တိုင် လူတိုင်း၏ လှုပ်ရှားမှုနှင့် တိုက်ခိုက်ရေးအရှိန်များက ယခုဆို (၅၀) ရာခိုင်နှုန်း လျော့ချခံလိုက်ရပြီ ဖြစ်သည်။