ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 675 ရက်ရောစွာကျလာသည့် ဥစ္စာဓန
ရှီဖုန်းက အသူရာဓားသွားကို ဆင့်ကဲပြောင်းလဲရန် နှိပ်လိုက်ပြီးနောက် သူ၏ လက်ထဲရှိ ရွှေရောင်သလင်းက ရွှေရောင်မြူစီးကြောင်းအသွင် ပြောင်းလဲသွားပြီး အသူရာဓားသွားထဲ စီးဝင်သွား၏။ ရုတ်တရက်တွင် အသူရာဓားသွားက တုန်ရီလာပြီး ရွှေရောင်အလင်းတန်းတစ်စ ပေါ်ထွက်လာတော့သည်။ ခဏအကြာတွင် အသူရာဓားသွား၏ ပြင်ပက စတင်အသွင်ပြောင်းလာတော့၏။ ငွေရောင်ဓားက နက်မှောင်သွားသည်။ ယခုအခေါက်တွင် မျက်စိဖမ်းစားနိုင်စွမ်းရှိသည့် တောက်ပသည့် အနီရောင်ရုမ်းများက ဓား၏အသွားပေါ်၌ လွှမ်းမိုးထားတော့၏။
” ဒါက ဆင့်ကဲပြောင်းတာလား …”
ရှီဖုန်းက အံ့သြမှင်နေသည်။ အသူရာဓားသွား အတော်လေး ပြောင်းလဲတာကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ မှော်လက်နက်နှင့် သူ၏ သဟဇာတဖြစ်သည့်နှုန်းက သိသိသာသာတိုးတက်သွား၏။ လက်နက်က သူ့အတွက် ကွက်တိသွန်းလုပ်ပေးထားသလို ခံစားလာရသည်။ သို့သော် အသူရာဓားသွား၏ ပုံမှန်အဆင့်တက်သည့်အချိန်၌ ကြုံတွေ့ရသည့်ပုံစံနှင့်မတူဘဲ လက်နက်က ၎င်း၏ သွင်ပြင်ကိုကျော်ပြီး မပြောင်းလဲသွားပေ။ မယုံနိုင်စရာ ကောင်းရုံသာရှိ၏။
ရှီဖုန်းက အသူရာဓားသွား၏ အရည်အချင်းများကို ချက်ချင်းစစ်ဆေးလိုက်သည်။
အသူရာဓားသွား အသွားတစ်ဖက်ဓား မှော်လက်နက်
တိုက်ခိုက်ရေးစွမ်းအား = +၆၅၅
အရည်အချင်းအားလုံး = +၄၅
တိုက်ခိုက်မှုအရှိန် = +၁၅
လျစ်လျူရှူ့နိင်သည့်အဆင့် = +၁၅
တိုက်ခိုက်မှုတွင် (၂၀၀) ရာခိုင်နှုန်း ထိခိုက်မှုဖြစ်စေရန် (၅၀) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ (၃၀၀) ရာခိုင်နှုန်း ထိခိုက်မှုဖြစ်စေရန် (၂၅) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ တိုက်ခိုက်မှုတိုင်းက (၂) ရာခိုင်နှုန်းမှ အလွန်ဆုံး (၂၀) ရာခိုင်နှုန်းအထိ တိုးနိုင်၏။ ကိုင်ဆောင်သူသည် ဓားသမားနှင့် သတ်ဆိုင်သည့် အမျိုးအစားဖြစ်ခဲ့လျှင် စကေးအဆင့်အားလုံး = +၃
တိုးတက်မှုတိုင်းအတွက် အခမဲ့အရည်အချင်းအမှတ်များ တစ်ဆင့်ကို နှစ်မှတ် တိုးနိုင်သည်။
ချပ်ဝတ်တန်ဆာအဆင့် = ၃၀ (အဆင့်မြင့်တင်နိုင်)
အဆင့် (၃၅) သို့ မြင့်တင်ရန်အတွက် အဆင့် (၃၅) ရွှေစင်လက်နက်နှစ်ဆယ်နှင့် အဆင့် (၃၅) မဟူရာရွှေလက်နက်သုံးခုကို ဝါးမျိုရမည် ဖြစ်သည်။
ချပ်ဝတ်တန်ဆာအလွှာတစ် ဆင့်ကဲပြောင်းလဲခြင်း၌ အလွှာနှစ်သို့ ပြောင်းလဲနိုင်ရန် မန္တာသလင်းဆယ်ခုကို ဝါးမျိုရမည် ဖြစ်သည်။
ထပ်တိုးစကေးတစ် ပုံရိပ်ယောင်သတ်ဖြတ်ခြင်း အလွှာတစ်
ကိုင်ဆောင်သူ၏ ထိန်းချုပ်မှုအောက်တွင် ကိုယ်ခွဲတစ်ခု ချက်ချင်းဖန်တီးနိုင်သည်။ ကိုယ်ခွဲက ကိုင်ဆောင်သူ၏ အရည်အချင်းနှင့် စကေးများအားလုံး၏ (၈၀) ရာခိုင်နှုန်းရှိမည်။ လက်နက်ကိုင်ဆောင်သူက ကိုယ်ခွဲနှင့် အချိန်မရွေး နေရာချင်းလဲနိုင်၏။
ကြာချိန် = ၁ မိနစ် ၁၀ စက္ကန့်
ပြန်လည်အသုံးနိုင်ရန် ကြာချိန် = ၅ မိနစ်
ထပ်တိုးစကေး အသူရာနှောင်ကြိုး အလွှာတစ်
ရန်သူကို ချုပ်နှောင်ထားပြီး မလှုပ်ရှားနိုင်စေရန် ဟန့်တားထားကာ ခုခံမှုကို (၁၀၀) ရာခိုင်နှုန်း လျော့ချပေး၏။
သုံးနိုင်သည့်ကြာချိန် = ၄ စက္ကန့်
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၅၀ စက္ကန့်
ထပ်တိုးစကေး နဂါးကိုးကောင်းပိုင်းဖြတ်ခြင်း အလွှာတစ်
ကိုင်ဆောင်သူအတွက် အသူရာဓားသွား၏ ပုံရိပ်ယောင်ဆယ့်နှစ်ခုကို ချက်ချင်းဖန်တီးပေးသည်။ ပုံရိပ်ယောင်ဓားတစ်ခုဆီက (၆၀) ရာခိုင်နှုန်း ထိခိုက်မှု ဖြစ်စေ၏။
အသုံးပြုနိုင်သည့်ကြာချိန် = ၃၀ စက္ကန့်
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၅ မိနစ်
ထပ်တိုးစကေးလေး အသူရာကျိန်စာ အလွှာတစ်
ကိုက်သုံးဆယ်အတွင်းရှိ ပစ်မှတ်အားလုံးကို လှုပ်ရှားခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို ခြောက်စက္ကန့်တာ တားမြစ်ထားပြီး သူတို့၏ အရည်အချင်းများကို (၁၀) ရာခိုင်နှုန်း ဆယ့်မိနစ်စာ လျော့ချပေး၏။ သူ၏ ဧရိယာအတွင်း ပစ်မှတ်တစ်ခုသာရှိပါက အာနိသင်က နှစ်ဆဖြစ်သည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = မိနစ် ၃၀
ထပ်တိုးစကေး နက်နဲခြင်းအမွေအနှစ် မဟူရာဧကရာဇ် အလွှာတစ်
အသက်သွင်းလိုက်သည့်အခါ သေစေနိုင်သည့် ထိခိုက်မှုအားလုံးသည် သေခြင်းတရားရောင်ဝါ၏ အစတစ်စကို စုဆောင်းနိုင်မှာ ဖြစ်သည်။ နှစ်စတိုင်းက အရည်အချင်းများအားလုံး တိုးတက်စေရန် (၂) ရာခိုင်နှုန်း အသုံးပြုနိုင်ပြီး တိုက်ခိုက်မှုအရှိန်နှင့် လှုပ်ရှားမှုအရှိန်ကို တစ်ရာခိုင်နှုန်း ဆယ်စက္ကန့်တာ အသုံးပြုနိုင်ကာ ပြန်လည်စကေးတစ်ခုကို ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် သုံးစက္ကန့်တာ လျော့ချပေးနိုင်၏။ သေခြင်းတရားရောင်ဝါ သုံးဆက အမြင့်ဆုံးဖြစ်သည်။
အသုံးပြုနိုင်ခြင်းကြာချိန် = ၁၀ မိနစ်
ပြန်လည်အသုံးပြုရန်ကြာချိန် = ၁၂ နာရီ
ပန်းပဲပညာရှင် အိုလစ်က အသူရာဓားသွားကို မဟူရာနဂါးဘုရင်၏ အစွယ်ကို ကုန်ကြမ်းအဖြစ်အသုံးပြုပြီး ဖန်တီးခဲ့တာ ဖြစ်သည်။ ၎င်းက ဂုဏ်သတင်းကျော်ကြားသည့် ဓားသုံးဆယ့်ခြောက်လက်ထဲတွင် အဆင့် (၃၁) ဖြစ်သည်။ သို့သော် မဟူရာနဂါးဘုရင်ကိုယ်တိုင်က ထိုဓားကို ကျိန်စာတိုက်ခဲ့၏။
ဓားသွားကို ကိုင်ဆောင်သူများ၏ ပြင်းထန်သည့်ခွန်အားအပြင် ကိုင်ဆောင်သူသည် အချိန်အတိုင်းအတာတစ်ခုချပြီးနောက် ပြန်ကန်ခြင်းကို ကြုံတွေ့ရမှာ ဖြစ်သည်။ သို့သော် ဂျက်က အသူရာဓားသွားကို ကြယ်သလင်းဖြင့် ပြန်ပြင်ခဲ့ရာ ပြန်ကန်ခြင်း၏ ခွန်အားက သိသိသာသာလျော့ကျသွား၏။ ကိုင်ဆောင်သူက ပြန်ကန်မှုကို ဖိနှိပ်နိုင်ခြင်း မရှိခဲ့လျှင် ထိုလူသည် မဟူရာနဂါးဘုရင်၏ကျိန်စာကို လက်ခံရရှိမှာဖြစ်ပြီး အရည်အချင်းများအာလုံး (၅၀) ရာခိုင်နှုန်း ထာဝရလျော့ချခံရမှာ ဖြစ်၏။
မပြုတ်ကျနိုင်။ လဲလှယ်၍ မရနိုင်။
ဒီတော့ ဆင့်ကဲပြောင်းလဲတာက ဒီလိုပုံကိုး.. ။
ရှီဖုန်းက နောက်ဆုံးတွင် နားလည်သဘောပေါက်သွား၏။
အသူရာဓားသွား၏ ဆင့်ကဲပြောင်းလဲမှုက အရည်အချင်းအရာတွင် အသေးစားတိုးတက်မှုသာ ရှိခဲ့သည်။ သို့သော် ၎င်းက မှော်လက်နက်၏ ထပ်တိုးစကေး၏ အလွှာများကို တိုးမြင့်ပေးကာ အလွှာသုညမှ အလွှာတစ်စကေးသို့ တိုးသွားတာ ဖြစ်၏။ ၎င်းက ကစားသမားများ သူတို့၏ စကေးကို အဆင့်မြင့်တင်တာနှင့် တူညီပေသည်။
ကစားသမားများက စကေးမြင့်တင်ရန်အတွက် စကေးကျွမ်းကျင်မှု လိုအပ်စဉ် အသူရာဓားသွားက မန္တာသလင်းများ လိုအပ်တာ ဖြစ်သည်။ ထပ်တိုးစကေးများက ဆင့်ကဲပြောင်းလဲပြီးနောက် များများစားစားမတိုးတက်သည့်တိုင် စကေးများက အလွှာမြင့်မွန်းစတားများပေါ် သက်ရောက်မှု ပိုရှိလာပြီဖြစ်သည်။
သို့သော် မန္တာသလင်းက ရရှိရန် မလွယ်ကူပေ။
၎င်းက အယောက်တစ်ရာငရဲအဆင့်မြေအောက်စခန်းများမှသာ ကျလေ့ရှိပြီး ကျသည့်နှုန်းကလည်း အင်မတန်နိမ့်သည်။ ရှီဖုန်းက ခါးသက်စွာပြုံးလိုက်၏။ အယောက်တစ်ရာ ငရဲအဆင့် အဖွဲ့လိုက်မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ရန် မလွယ်ကူပေ။ စီးနင်းတိုက်ခိုက်မှုတိုင်းတွင် မန္တာသလင်းတစ်ခုကျရန် အခွင့်အရေးက တစ်ခုသာ ရှိပေ၏။ အစွမ်းထက်သည့် အစည်းအရုံး၏ ထောက်ပံ့မှုမရှိနေလျှင် သူတို့၏ မှော်လက်နက်များကို ဆင့်ကဲပြောင်းလဲဖို့က မဖြစ်နိုင်ပေ။
အသူရာဓားသွား၏ ဆင့်ကဲပြောင်းလဲမှုက ရှီဖုန်းအတွက် မမျှော်လင့်ထားသည့်အရာ ဖြစ်သည့်တိုင် ရေခဲဘီလူး၏ ကျန်သည့် အိုင်တမ်များကလည်း မက်မောလောက်စရာပင်။
ရှီဖုန်းက အိုင်တမ်များကို ခွဲခြိမ်းစိတ်ဖြာရန် ဆယ့်နှစ်မိနစ်ခန့် အချိန်သုံးလိုက်ရသည်။ စုစုပေါင်းသူတို့က ဤစီးနင်းတိုက်ခိုက်မှုတွင် လက်နက်နှစ်ဆယ့်ခြောက်ခုနှင့် ချပ်ဝတ်တန်ဆာအပိုင်းအစများ ရခဲ့၏။ အံ့ဖွယ်လက်နက်တစ်ခု၊ အလွှာတစ်လက်နက်နှစ်ခု၊ မဟူရာရွှေအစုံ အပိုင်းအစရှစ်ခု၊ မဟူရာရွှေလက်နက်ခုနှစ်ခု ချပ်ဝတ်တန်ဆာများ ကျခဲ့သည်။ ကျန်ရှိသည့် ကုန်ကြမ်းမဟုတ်သည့် အိုင်တမ်များက ရွှေစင်အစုံ အပိုင်းအစများဖြစ်၏။
ယခုအခေါက် ရိတ်သိမ်းခဲ့သည့်မှာ အက်မတန်များပြားပေ၏။ အံ့ဖွယ်အိုင်တမ်တစ်ခု ကျခဲ့ရုံသာမက သူတို့သည့် အလွှာတစ်လက်နက်နှစ်မျိုးလည်း ရခဲ့သည်။ ရှီဖုန်းက အံ့ဖွယ်အိုင်တမ်နှင့် အလွှာတစ်လက်နက်များကို စစ်ဆေးကြည်လိုက်၏။ ကျခဲ့သည့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာအပိုင်းအစများကြာထဲတွင် အံ့ဖွယ်အိုင်တမ်က တန်ဖိုးအရ ပထမအဆင့်ဆိုတာ သေချာသည်။ အလွှာတစ်လက်နက်များက သူ့နောက်မှ ကပ်လိုက်၏။
အံ့ဖွယ်လက်နက်အပြင် အလွှာတစ်လက်နက်က အလွှာတစ်အမျိုးအစားအတွက် အကောင်းဆုံးရနိုင်သည့် လက်နက်ဖြစ်ပေသည်။ အလွှာတစ်လက်နက်များက မဟူရာရွှေလက်နက်ထက် အရည်အချင်းအရာတွင် အနည်းငယ်သာ သာလွန်သည့်တိုင် သူတို့က အမျိုးအစားတစ်ခုအတွက် အထူးဖြစ်သည်။ ထို့ကြောင့် ထိုလက်နက်များက ကစားသမားများကို တိုက်ပွဲဝင်ခွန်အားပိုထုတ်ဖော်ခွင့်ပေ၏။
နတ်ရေခဲသံချပ်ကာ သတ္ထုသံချပ်ကာ အံ့ဖွယ်အဆင့်
အဆင့် (၃၀) အဆင့် (၉၀)
ချပ်ဝတ်တန်ဆာလိုအပ်ချက်
ခွန်အား = ၂၄၀
လျင်မြန်ဖျက်လက်မှု = ၅၀
အရည်အချင်းများသည် အသုံးပြုသူ၏အဆင့်အရ ထိန်းငြိနိုင်သည်။
HP တိုးတက်မှု (၂၀) ရာခိုင်နှုန်း၊ ခုခံမှု (၃၀) ရာခိုင်နှုန်း တိုးတက်သည်။
ရှောင်တိန်းခြင်း = +၂၀
ရေခဲခုခံမှု = +၁၀
ခုခံခြင်း = +၂ အဆင့်များ
လျစ်လျူရှူ့နိုင်သည့်အဆင့် = +၃၀
ထပ်တိုးအလုံအလျောက်စကေးတစ် ရေခဲနယ်မြေ
ကိုက်နှစ်ဆယ်အတွင့်ရှိ ရန်သူများအားလုံး၏ လှုပ်ရှားမှုအရှိန်နှင့် တိုက်ခိုက်ရေးအရှိန်ကို (၂၀) ရာခိုင်နှုန်း လျော့ချပေးသည်။
ထပ်တိုးအလိုအလျှောက်စကေးနှစ် ရေခဲဒိုင်း
တိုက်ခိုက်သည့်အခါ ထိခိုက်မှုကို (၅၀) ရာခိုင်နှုန်း လျော့ချပေးနိုင်စွမ်းရှိသည်။ ရေခဲဒိုင်းတစ်ခုကို ဖော်ဆောင်ရန်အခွင့်အရေးတစ်ခု ရှိ၏။
ထပ်တိုးတက်ခိုက်ခြင်းစကေး လေထုအေးခဲခြင်း
ခုခံမှုကို (၁၀၀) ရာခိုင်နှုန်း တိုးတက်စေကာ မှော်ထိခိုက်ရရှိခြင်းကို ဆယ့်ငါးစက္ကန့်တာ (၈၀) ရာခိုင်နှုန်း လျော့ချပေး၏။ ဆယ့်ငါးကိုက်အတွင်းရှိ ရန်သူများ၏ လှုပ်ရှားမှုအရှိန်ကို (၄၀) ရာခိုင်နှုန်းလျော့ချပေးသည်။ သုံးစက္ကန့်တာ နှေးသွားစေပြီးနောက် သူတို့ ခုနှစ်စက္ကန့်တာ ခဲသွားမှာ ဖြစ်သည်။
ပြန်လည်အသုံးပြုနိုင်ရန်ကြာချိန် = ၃ မိနစ်
အသွားနှစ်လက်ဆေဘာ အလွှာတစ်ဓား
အဆင့် (၃၀) အဆင့် (၅၀)
အမျိုးအစားလိုအပ်ချက် = ရှေးစစ်သည်တော်
တိုက်ခိုက်ရေးစွမ်းအား = +၇၄၈ (လက်ရှိအဆင့် ၃၀)
ခွန်အား = +၅၀
လျင်မြန်ဖျက်လက်မှု = +၄၅
ခံနိုင်ရည် = +၄၀
ပစ်မှတ်၏ ခုခံမှုကို (၂၀) ရာခိုင်နှုန်း လျစ်လျူရှူ့သည်။
လျစ်လျူရှူ့နိုင်သည့်အဆင့် = +၁၀
ရှေးစစ်သည်တော်၏ စကေးအားလုံး = +၁ အဆင့်
အသုံးပြုနိုင်သည့်ကြာချိန် = ( ၁၆၀ / ၁၆၀ )
ကြာရှည်ခံခြင်း = ( ၁၆၀ / ၁၆၀)
တိုက်ခိုက်သူတွင် လေပွေပိုင်းဖြတ်ခြင်းကို ဖော်ဆောင်ရန် (၁၅) ရာခိုင်နှုန်း အခွင့်အရေးရှိပြီး ပတ်ဝန်ကျင်ရှိရန်သူများကို ထိခိုက်စေရန် (၁၈၀) ရာခိုင်နှုန်းဖော်ဆောင်ပေး၏။
သေစေနိုင်သည့် ထိုနှက်ချက်ကို ဖော်ဆောင်ရန် (၂၀) ရာခိုင်နှုန်း အခွင့်အရေး ပစ်မှတ်ကိုထိစေရန် လက်နက်က (၂၂၀) ရာခိုင်နှုန်း ထိခိုက်မှုဖြစ်စေကာ ပစ်မှတ်၏ HP ကို ခြောက်စက္ကန့်တာ (၂၀) ရာခိုင်နှုန်း လျော့ချပေး၏။
လေလိုက်ဖမ်းသူ လင်းလေ အလွှာတစ်လက်နက်
အဆင့် (၃၀) အဆင့် (၅၀)
အမျိုးအစားလိုအပ်ချက် = ရိန်းဂျား
တိုက်ခိုက်ရေးစွမ်းအား = +၇၀၈ ( လက်ရှိအဆင့် ၃၀)
ခွန်အား = +၄၃
လျင်မြန်ဖျက်လက်မှု = +၅၅
ခံနိုင်ရည် = +၄၂
တိုက်ခိုက်မှုအရှိန် = +၃
တိကျမှု = +၁၀ ရာခိုင်နှုန်း
လျစ်လျူရှူ့နိုင်သည့်အဆင့် = +၁၀
ရိန်းဂျားစကေးအားလုံး = +၁ အဆင့်
ကြာရှည်ခံခြင်း = ( ၁၄၀ / ၁၄၀ )
တိုက်ခိုက်မှုတွင် လေကာကွယ်မှုကို ထုတ်ဖော်ရန် (၁၀)ရာခိုင်နှုန်း အခွင့်အရေးရှိကာ မြှား၏အရှိန်ကို (၆၀) ရာခိင်နှုန်းကို တိုးမြင့်ပေးပြီး လက်နက်ထိခိုက်မှုကို (၁၇၀) ရာခိုင်နှုန်း ဖြစ်စေ၏။
ဓာတ်လေးပါးကြယ်ကို ဖော်ဆောင်ရန် (၂၀) ရာခိုင်နှုန်း အခွင့်အရေးရှိသည်။ မြှားတစ်စင်းက လေးစင်းအဖြစ် ပြောင်းလဲသွားကာ လက်နက်ထိခိုက်မှုက (၄၀) ရာခိုင်နှုန်း ဖြစ်စေမည်။
ရှီဖုန်းက ထိုလက်နက်နှင့် ချပ်ဝတ်တန်ဆာအပိုင်းအစများ၏ လုပ်ဆောင်ချက်ကို မျှဝေပေးလိုက်သောအခါ အဖွဲ့က ငရဲအဆင့် ပထမဆုံးသုတ်သင်ရှင်းလင်းမှုကို ရနိုင်ခြင်းအပျော်ကို အပြည့်အဝ မေ့သွားတော့သည်။
” ဒီအံ့ဖွယ်သတ္ထုသံချပ်ကာက ရူးလောက်စရာပဲ …။ လျင်မြန်ဖျက်လက်မှုကို အာရုံစိုက်တဲ့ ဘော့စ်နဲ့ ကစားသမားတွေကို ဖြေရှင်းဖို့အတွက် ပြီးပြည့်စုံတယ် …”
ကိုလာက သံချပ်ကာကို စိုက်ကြည့်ပြီး ပြောလိုက်၏။ MT အမျိုးအစားများက မလျင်မြန်ပေ။ ရေခဲနယ်မြေဖြင့် MT များသည် ထိုအားနည်းချက်ကို ဖာထေးနိုင်မှာဖြစ်ကာ သူတို့၏ ခွန်အားက အဆင့်သစ်တစ်ခုသို့ ရောက်သွားမှာပင်။
” အခု အိုင်တမ်တွေကို မင်းတို့တွေ့ပြီးပြီဆိုတော့ အဖွဲ့လေလံ စလိုက်ကြရအောင် …”
ရှီဖုန်းက ကြေညာလိုက်၏။